02/02/2026
မမမြင့်မာရေ... ART ဆေးကို အချိန်မှန်သောက်နေပါရက်နဲ့ ဘာလို့ ပိုးကောင်ရေ ပြန်တက်လာတာလဲဟင်? ဆေးယဉ်ပါးနေတာလား? 😢
မင်္ဂလာပါ ညီမလေး မောင်လေးတို့ရေ... စိတ်မပူပါနဲ့ဦးနော်။ ဒါကို ဆေးပညာအရ "Viral Blip" ဖြစ်တယ်လို့ ခေါ်ပါတယ်။
ART ဆေးသောက်နေရင်းနဲ့ ပိုးကောင်ရေ (Viral Load) ခေတ္တခဏ ပြန်တက်လာတာမျိုးဟာ ဖြစ်တတ်တဲ့ သဘာဝတစ်ခုပါ။ ဆေးယဉ်ပါးတာ မဟုတ်သလို၊ ဆေးပြောင်းသောက်ဖို့ လိုပြီလို့လည်း မဆိုလိုပါဘူး။
ဘာကြောင့် Viral Blip ဖြစ်ရတာလဲ? 🤔
👉 တုပ်ကွေး၊ အအေးမိတာမျိုး နေမကောင်းဖြစ်တဲ့အခါ။
👉 COVID ကာကွယ်ဆေး ဒါမှမဟုတ် တခြားကာကွယ်ဆေးတွေ ထိုးထားတဲ့အချိန်။
👉 တစ်ခါတစ်ရံ ဆေးသောက်ဖို့ မေ့သွားတာ၊ အချိန်မမှန်တာ။
👉 ဒါမှမဟုတ် ဘာအကြောင်းရင်းမှ မရှိဘဲ သူ့အလိုလိုလည်း ဖြစ်တတ်ပါတယ်။
စိုးရိမ်ရလား? ❓
ပုံမှန်အားဖြင့် ပိုးကောင်ရေဟာ 50 ကနေ 1000 ဝန်းကျင်လောက်ပဲ တက်လေ့ရှိပါတယ်။ ဒီပမာဏဟာ စိုးရိမ်စရာမရှိသလို၊ ခေတ္တတက်လာပြီးရင် Undetectable အဆင့်ကို ပြန်ကျသွားမှာပါ။
မောင်လေးတို့၊ ညီမလေးတို့ အဓိက လုပ်ဆောင်ရမှာက "ART ဆေးကို အချိန်မှန်မှန် ဆက်သောက်ဖို့" ပါပဲ။ 🙌🏻
ဆေးမှန်မှန်သောက်ခြင်းက ပိုးကောင်ရေကို အမြဲထိန်းထားပေးနိုင်တဲ့ အကောင်းဆုံးသော့ချက်ပါပဲရှင်။ ♥️
📞 ဆေးဝါးထောက်ပံ့မှုနဲ့ ဆရာဝန်ဖြင့်ဆွေးနွေးမှုများ ရယူလိုပါက မမမြင့်မာထံ ဆက်သွယ်မေးမြန်းနိုင်ပါတယ် 💊
#မမမြင့်မာ ေး