GYM-Guide

GYM-Guide Welcome To Gym-Guide

Gym ဆော့ခြင်း၏ အကျိုးကျေးဇူး (၉) မျိုး- - --  - - - -- - -  -- - - - - - - - - - - - - - - - - - -ကျွန်တော်တို့ဟာ ထမင်းန...
02/04/2019

Gym ဆော့ခြင်း၏ အကျိုးကျေးဇူး (၉) မျိုး
- - -- - - - -- - - -- - - - - - - - - - - - - - - - - - -
ကျွန်တော်တို့ဟာ ထမင်းနှင့်ဟင်းဆိုတာ အသက်ရှင်သန်နိုင်ဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်လျက်ရှိတယ် ဆိုတာ လူတိုင်းသိနေပေမယ့် ကျန်းမာပျော်ရွင်တဲ့ဘ၀ကို ပိုင်ဆိုင်ချင်ပါက "နေ့စဉ်လေ့ကျင့်ခန်းလုပ်ရမယ်" ဆိုတာ ငြင်းလို့မရပါဘူး။

ရောဂါဗေဒထိန်းချုပ်ရေးစင်တာက အရွယ်ရောက်ပြီးသူတိုင်း တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ ခန့် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။
စိတ်သွားတိုင်းကိုယ်ပါ ဖြစ်စေဖို့အတွက် Gym ဆော့သင့်တယ်ဆိုတာ အချက် (၉)ချက်ဖြင့် တင်ပြပါမယ်။

(၁) ကျန်းမာကြံ့ခိုင်ခြင်း

Gym ကစားရုံဟာ ကိုယ်လက်လှုပ်ရှားမှုရော၊ ခန္ဒာကိုယ်ကြံ့ခိုင်မှုကိုပါ စနစ်ကျကျ လေ့ကျင့်ပေးပါတယ်။ ထို့ကြောင့် ကိုယ်အလေးချိန်လျော့ကျခြင်း၊ နှလုံးအားကောင်းခြင်းတို့ကို ဖြစ်စေပြီး အရိုးအကြောရောဂါကို ကာကွယ်စေကာ ကြွက်သားသန်မာခြင်း၊ ခန္ဒာကိုယ်အချိုးအစားလှပခြင်းတို့ကို ဖြစ်စေပါတယ်။

(၂) Gym ကို ပုံမှန်ဆော့ပါ

တစ်ချို့လူတွေက ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ သဘောကျသလောက် တစ်ချို့ကတော့ ပျင်းစရာအလုပ်လို့ မြင်ပါတယ်။ သင်ဟာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားတဲ့ ဘ၀တူ Gym ဆော့တဲ့သူတွေနဲ့ အတူတူ Gym ဆော့တာ ကြာလာတာနှင့်အမျှ ပျော်မွေ့လာပါလိမ့်မယ်။ အစပိုင်းတော့ Gym ကို တစ်ပတ် ၂ ခါလောက် ကစားဖြစ်မယ်ဆိုရင် အသားကျလာတာနှင့်အမျှ Gym ဆော့ခြင်းဟာ သင့်ရဲ့ နေ့စဉ်လုပ်ငန်းတစ်ခုလို ဖြစ်လာပါလိမ့်မယ်။

(၃) စိတ်ဖိစီးမှုလျော့ပါးစေတယ်

“လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် စိတ်ဖိစီးမှုသက်သာစေပါတယ်” လို့ Mayo Clinic ၀က်ဘ်ဆိုဒ်မှ ပညာရှင်တွေက ဆိုပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် အန်ဒိုဖင်ဟော်မုန်း (Endorphins) ကိုထုတ်လွှတ်ပေးသောကြောင့် ခန္ဒာကိုယ်ပေါ့ပါးသွက်လက်စေကာ စိတ်ကြည်လင်လန်းဆန်း စေပါတယ်။ လေ့ကျင့်ခန်းသည် စိတ်ဖိအားကို လျော့ပါးစေသောကြောင့် လန်းဆန်းတက်ကြွစွာ အိပ်ပျော်စေပါတယ်။ Gym ကစားတာ ကြာလာသည်နှင့်အမျှ Gym သင်တန်းသည် ဘ၀အခက်အခဲအားလုံး မေ့လိုက်ကာ အပန်းဖြေနားနေဖို့ စံပျော်ရာနေရာတစ်ခု ဖြစ်လာမှာ သေချာပါတယ်။.

(၄) ပညာရှင်များထံမှ သင်ယူရခြင်း

Gym အားကစားရုံတိုင်းမှာ တက္ကသိုလ်များမှ အားကစားကို သင်ယူဖူးသော အတွေ့အကြုံရှိဆရာများက ထိန်းကြောင်းပေးတဲ့အတွက် လေ့ကျင့်ရမဲ့ နည်းစနစ်မျိုးစုံကို သိရှိနိုင်ပါတယ်။

(၅) အမျိုးမျိုးပြောင်းလဲ လေ့ကျင့်ပါ

Gym သင်တန်းမှာ အားသာချက်တစ်ခုကတော့ အားကစားပစ္စည်းအစုံအလင်ဖြင့် ပြောင်းလဲလေ့ကျင့်ရတာပါပဲ။ ကစားနည်းအမျိုးမျိုးပြောင်းလဲ လေ့ကျင့်ခြင်းက ကျန်းမာရေးအတွက် ပိုမိုထိရောက်ပါတယ်။ ကျွမ်ကျင်သူတွေက “ ကစားနည်းစနစ်ပြောင်းလဲ လေ့ကျင့်ခြင်းက ကျန်းမာရေးအတွက် ပိုမိုအထောက်အကူဖြစ်စေပါတယ်” လို့ ဆိုပါတယ်။

(၆) အချင်းချင်းဆီမှ သင်ယူပါ

Gym မှာ အတူတူလေ့ကျင့်နေတဲ့ ကစားဖော်များဆီမှ သူတို့ဘယ်လိုလေ့ကျင့်ကြတယ်ဆိုတာ သင်ယူပါ။ စူးစမ်းပါ။ အချင်းချင်း ပြောင်းလဲလေ့ကျင့်ခြင်းဖြင့် ခင်မင်မှုလည်း ရရှိစေပါတယ်။ ထို့အပြင် ပညာရရှိစေရုံသာမက ဘ၀မှာ အပေါင်းအသင်းပါ တိုးစေတဲ့အတွက် Gym ဆော့ခြင်းဟာ ကောင်းမွန်တယ်လို့ အကြံပြုချင်ပါတယ်။.

(၇) အာရုံစိုက် ဆော့ပါ

Gym အားကစားရုံမှာ လူသစ်ကို Trainer တွေက ဘယ်လိုလေ့ကျင့်ရတယ်ဆိုတာ သင်ပြပါလိမ့်မယ်။ ကိုယ့်အားကစားကို အာရုံစိုက်ပြီး ဆော့ပါ လို့ အကြံပြုချင်ပါတယ်။

(၈) အားလပ်ရက်ကို စစ်ဆေးပါ

အခုကာလတွေမှာ Gym ကစားရုံတွေက လျော့ဈေး (Discount) တွေ ချနေလို့ပါပဲ။ နိုင်ငံတကာကျန်းမာရေးနှင့် ရစ်ကက်အားကစားအဖွဲ့တို့ရဲ့ အဆိုအရ ၅၂.၉ သန်းသော အမေရိကန်လူမျိုးတွေဟာ Gym Club ပိုင်ဆိုင်ကြပါတယ်။ ဒါကတော့ မနှစ်ကထက် ၅ ရာခိုင်နှုန်းတိုးတက်လာတာပါပဲ။ နှစ်သစ်ကူးနောက်ပိုင်း၊ဇွန်လ၊ဇူလိုင်လတို့မှာ အထူးဈေးလျော့ပေးတာကြောင့် အခွင့်အရေးကို လက်လွတ်မခံသင့်ပါဘူး။

(၉) Gym ဆော့လိုက်ပါ

ကဲ. . မင်းဟာ ခန္ဒာကိုယ်လှပချင်တာပဲဖြစ်ဖြစ်၊ဆရာဝန်က ကျန်းမာရေးအရ ကိုယ်လက်လှုပ်ရှားဖို့လိုအပ်၍ အကြံပေးတာပဲဖြစ်ဖြစ် အခုပဲ Gym ဆော့လိုက်ပါနော်။ အစပိုင်းမှာ ကိုယ်လက်နာကျင်ခြင်း လျော့ပါးဖို့ရာအတွက် ဖြေးဖြေးချင်းဆော့ပါ။ Gym နေ့စဉ်ဆော့လေလေ ပိုကျန်းမာလေလေပါပဲ။

©redit … Online

Gym ကစားခြင်း အကျိုးကျေးဇူးတွေသိပီဆိုတော့
ဒီနေ့ပဲ စလိုက်ရအောင် ❤️❤️

😘😘😘😘😘😘😘😘😘😘😘😘😘😘

Address


Website

Alerts

Be the first to know and let us send you an email when GYM-Guide posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram