Let The Cards Talk

Let The Cards Talk Let the cards guide you plan & Enrich your life
One to One ဆွေးနွေးခြင်း
တားရော့ကတ်များနဲ့ အကြံဉာဏ်ယူခြင်းတွေလုပ်နိုင်ပါတယ်

27/11/2025

Powerful Roses # self-love

I love my quarents (tarot မေးမြန်းသူ)Congratulations to you guys 🎉🎊🥳Thank you so much for sharing your Good news with me...
18/11/2025

I love my quarents (tarot မေးမြန်းသူ)
Congratulations to you guys 🎉🎊🥳
Thank you so much for sharing your Good news with me
I feel so encouraged to continue this blessings

with Love,
Let the Cards Talk

ကျေးဇူးပါ ဆရာမလေး 🙏🙏🙏
21/10/2025

ကျေးဇူးပါ ဆရာမလေး
🙏🙏🙏

🫧နားမလည်ခံရခြင်း ရဲ့ တန်ဖိုး 🫧

နားမလည်ခံရတာဟာ လူတစ်ဦးရဲ့ဘဝမှာ မလွဲမသွေ ကြုံတွေ့ရမယ့်အရာတစ်ခုပါ။ မျှော်လင့်ချက်တစ်သက်တာလုံးကို နားလည်မှုတောင်းရတာ မလွယ်ပါဘူး။ တစ်ခါတစ်လေ သင့်ရဲ့စကားလုံးတွေ၊ သင့်ရဲ့အိပ်မက်တွေ၊ သင့်ရဲ့အပြုအမူတွေကို တခြားလူတွေအနေနဲ့ မမြင်တာ၊ အမြင်မတူတာ ၊ မမှတ်ထားတာတွေဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ အဲဒါဟာ အရှုံးမဟုတ်ပါဘူး —

တချို့အရာတွေဟာ အပြန်အလှန်နားလည်ဖို့မလိုဘဲ မိမိအဖြစ်အပျက်နဲ့ ညီညွတ်စွာနေရာယူဖို့ အခွင့်အလမ်းတစ်ခုပဲဖြစ်ပါတယ်။ တစ်ခါတစ်လေ သင်တို့ဟာ တခြားလူတွေက ကိုယ့်ကို နားလည်စေချင်တာကြောင့် အမြဲပြောပြ၊ အမြဲဖြေရှင်း၊ အမြဲရှင်းပြ၊ အမြဲအတည်ပြုနေမိတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်ကတော့ တစ်ဦးချင်းစီဟာ မိမိတွေ့ကြုံမှုနဲ့ မျှော်လင့်ချက်အရ နားလည်တတ်တာမို့ လူတိုင်းက သင့်ကို တိတိကျကျနားလည်မပေးနိုင်ပါဘူး။ ဆိုတော့

သင့်အနေနဲ့ ထိန်းချုပ်နိုင်တာက သင့်တုံ့ပြန်ပုံပါပဲ။ အဲဒီနားမလည်မှုတွေကြောင့် သင်က မိမိကိုယ်ကို သံသယဝင်သွားမလား၊ ဒါမှမဟုတ် မိမိအဖြစ်အပျက်နဲ့ ဂုဏ်ယူနေမလား?

အခြားသူတွေရဲ့ သဘောတူညီမှုကိုလိုချင်တာကို သင်လျော့ချလိုက်တဲ့အခါ သင်စိတ်အေးအေးနဲ့ဘဝက ပိုမိုပေါ့ပါးလာပါတယ်။ ပျော်ရွှင်မှုဟာ တခြားသူတွေရဲ့ အမြင်ပေါ်မူတည်တာမဟုတ်ပါဘူး။ မိမိကိုယ်ကို လက်ခံနိုင်မှုပေါ်မှာ မူတည်တာပါ။ သင့်ကို စိတ်အေးအေးဖြစ်စေတဲ့အရာတွေ၊ သင့်နှလုံးသားထဲကတေးဂီတသံတွေနဲ့ညီညွတ်စေတဲ့အရာတွေကို အာရုံစိုက်တဲ့အခါမှာ သင့်အတွက် အပြင်ကသဘောတူညီမှုက မလိုတော့ပါဘူး။

မိမိဖြစ်တည်နေခြင်းကို တန်ဖိုးထားဖို့ စတင်လိုက်တဲ့ ခြေလှမ်းတခုပါပဲ။

သင်ဟာ သင့်ဘဝတစ်လျှောက်လုံး အတူနေရမယ့်သူတစ်ယောက်ပါ။ သင့်ရဲ့စိတ်၊ အိပ်မက်၊ ချို့တဲ့ချက်၊ တိုးတက်မှု — အားလုံးနဲ့အတူနေရမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်ကို ချစ်ပါ။ သင့်အပြစ်အနာအဆာများကို ချစ်ပါ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သင့်ကို အမှန်တကယ် တည်ဆောက်ခွင့်ပေးသောကြောင့်ဖြစ်သည်။ သင့်ရဲ့ခွန်အားကိုပုံဖော်ပေးတဲ့အတွက် သင့်ဘဝဇာတ်လမ်းကိုချစ်ပါ။ သင့်ရဲ့လူသားဆန်မှုနဲ့ ချိတ်ဆက်ပေးတဲ့အတွက် သင့်ရဲ့အားနည်းချက်ကို ချစ်ပါ။ သင့်ရဲ့ နာကျင်မှုတွေကိုပါ ချစ်ပါ — အဲ့ဒါက သင့်ရဲ့ခွန်အားကို သိတွေ့ခွင့်ရစေသောကြောင့်ပါ။

လူတွေက သင့်ကိုနားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ကမ္ဘာကြီးက ဆက်လက်လည်ပတ်နေပါလိမ့်မယ်။ အားလုံးက ဘယ်သူ့ခွင့်ပြုချက်မှ မလိုဘဲ ရာသီတွေပြောင်းမယ်၊ အခွင့်အလမ်းသစ်တွေ ပွင့်လာမယ် ။ ဒါကြောင့် နားလည်မှုလွဲတာတွေရဲ့ ချုပ််နှောင်ခံရခြင်းမှရပ်တန့်လိုက်ပါ။

အဆုံးတွင်၊ သင်သည် အံဝင်ခွင်ကျဖြစ်အောင် မကြိုးစားတော့ဘဲ ရိုးရိုးရှင်းရှင်း သင့်ဘဝကို စတင်လိုက်သောအခါတွင် ဘဝသည် ပိုမိုပြည့်စုံလာပါတယ်။ သင့်ဘဝဇာတ်လမ်းကို ထူးထူးခြားခြား ရေးဖို့အသက်ရှင်လေ—တစ်ကိုယ်ကောင်းမဆန်ဘဲ စိတ်ရင်းမှန်ဖြင့်—လွတ်လပ်လာလေဖြစ်သည်။ သင် လွတ်လွတ်လပ်လပ်နေတဲ့အခါ တခြားသူတွေကိုလည်း ဒီလိုလုပ်ဖို့ တွန်းအားပေးတဲ့လူ ဖြစ်လာပါတယ်။ ဆိုတော့

နားမလည်ခံရခြင်းက သင့်အတွက်အခက်အခဲမဟုတ်ပါ။ အဲ့ဒါက သင့်က်ုသင် နားလည်ဖို့ သက်သေပြတဲ့အရာပါ။ ဘဝဟာ တခြားသူတွေလိုဖြစ်ဖို့ မလိုအပ်ပါဘူး။

သင်မူပိုင်အဖြစ်အပျက်နဲ့ ငြိမ်းအေးစွာနေတဲ့အခါမှာ
သင့်ဘဝဟာ
အမှန်တကယ်အနုပညာဖြစ်လာပါတယ်။

Following the true essence of life 💫
Crd

ဒီနေ့မှာတော့ အနားယူ အိပ်ရေးဝပြီး လန်းဆန်းပျော်ရွှင်နေတဲ့ Energy အပြည့်နဲ့ နေထိုင်ရာ အိမ်ကလေးကို ကာကွယ်ခြင်း မကောင်းသော အ...
21/10/2025

ဒီနေ့မှာတော့
အနားယူ အိပ်ရေးဝပြီး လန်းဆန်းပျော်ရွှင်နေတဲ့ Energy အပြည့်နဲ့
နေထိုင်ရာ အိမ်ကလေးကို ကာကွယ်ခြင်း
မကောင်းသော အရာများကို သန့်ရှင်းစေဖို့
ဆားပုလင်းလေး လုပ်ဖြစ်ပါတယ်

လိုအပ်တဲ့ ပစ္စည်းလေးတွေကတော့

သန့်ရှင်းတဲ့ ခွက် သို့မဟုတ် ဖန်ပုလင်း/ခွက်
ဆား အနည်းငယ်
လေးညှင်းပွင့် (cloves)
ကရဝေးရွက်
သစ်ဂျပိုးခေါက်/အမှုန့်
(Rose mary ရှိရင်ထည့် မရှိလည်းရ)

တို့ဖြစ်ပါတယ်

ဒီလို​လေး အားလုံးကို စုထည့်ပီး
ဧည့်ခန်း
အိပ်ခန်း
မီးဖိုခန်းတို့မှာ ထားနိုင်ပါတယ်

Thank you
Have a good one 🍀

Sharing with Love
Let The Cards Talk 😇

Safe Zone သို့မဟုတ် ရင်ဖွင့်ရပ်ဝန်းကျွန်မတားရော့ဖတ်ပေးခဲ့တဲ့ တလျှောက်မှာကြုံဆုံခဲ့ရတဲ့ မိတ်​ဆွေ မောင်နှမ​လေး​တွေတွက် ပြေ...
19/05/2025

Safe Zone သို့မဟုတ် ရင်ဖွင့်ရပ်ဝန်း

ကျွန်မတားရော့ဖတ်ပေးခဲ့တဲ့ တလျှောက်မှာ
ကြုံဆုံခဲ့ရတဲ့ မိတ်​ဆွေ မောင်နှမ​လေး​တွေတွက် ပြောပြချင်တယ်

အချို့က guidance အ​နေနဲ့ တိုင်ပင်ကြတယ်
အချို့က emergencies
အချို့က lost ဖြစ်ကြတယ် စသဖြင့်​ပေါ့​နော်

တိုင်းပြည်အ​ခြေ​နေကလည်း မလွယ်​သေး​တော့
ချစ်တဲ့သူ​တွေ နဲ့ ဝေးရ ပူရ
အ​ဝေးက​နေ မကူနိုင် ကိုယ်တိုင် မမြုပ်သွားဖို့ ကူးလူး​နေကြရဆဲ ဘဝ​တွေမှာ
lost ဖြစ်ကြသူ​တွေ အရမ်းများပါတယ်

စိတ်ကျန်းမာ​ရေးမှာလည်း တခါ ထိခိုက်ကြရတယ်
ကိုယ့် အနီးနား အသိုင်းဝိုင်း ရှိတဲ့သူ​လေး​တွေကို ဂရုစိုက် တန်ဖိုးထား နား​ထောင်​ပေး အချင်းချင်း ရှိ​ပေးကြပါ

social media detox လိုအပ်ရင် ဖုန်း​တွေ ပိတ်ထားပလိုက်
ကိုယ်လို​နေတာ power nap ဆိုရင်
အိပ်ပစ်လိုက်ပါနော

ကိုယ်က တခုခုဆို ခံစားလွယ်ပြီး low vibration ကို အလွယ်တကူစုပ်ယူတတ်သူဆိုရင် ပိုပြီး ကိုယ့်ကိုယ်ကို ကာကွယ်ရပါတယ်

အချိန်ကြာကြီး ဝမ်းနည်းမှု ပူပန်မှုကို လွှတ်ချတတ်ဖို့နဲ့
လုံးဝ စိတ်အဆင်မပြေတဲ့ခါ
ပြည့်နေတဲ့ ခွက်လေးတွေတွက် ပြန်လည်ပြီး ကျေးဇူးတင်တာမျိုးက စိတ်သက်သာစေပါလိမ့်မယ်

with Love,
Let The Cards Talk 💖

10/03/2025
Mother Gaia အား ရည်မှန်း၍ လက်ဆောင်ပေးပါသည် ☘️🌿🌱🍀🪴💫⭐️🌟🌎🌍🌏✨✨💫Photo credit to Teacher Thazin 😇
30/12/2024

Mother Gaia အား ရည်မှန်း၍ လက်ဆောင်ပေးပါသည် ☘️🌿🌱🍀🪴💫⭐️🌟🌎🌍🌏✨✨💫

Photo credit to Teacher Thazin 😇

Time for Spring Cleaning to welcome Abundant New Year 2025 🌟✨💫
29/12/2024

Time for Spring Cleaning to welcome Abundant New Year 2025 🌟✨💫

ငွေရေးကြေးရေးအရ ပိတ်ဆို့နေတယ်လို့ ခံစားနေပါသလား။ ငွေဝင်တာ နှေးနေပါသလား။

ဒါဆိုရင်တော့ ရေချိုးခန်းကို နက်နက်ရှိုင်းရှိုင်း သန့်စင်ဖို့ အချိန်တန်ပါပြီ။ သင့်အိမ်၏ဝိညာဉ်ရေးသန့်ရှင်းရေးနှင့် ကျန်းမာရေးသည် သင်ထင်သည်ထက် များစွာသက်ရောက်မှုရှိသည်။
တစ်ခါတစ်ရံ ပိတ်ဆို့ခြင်းသည် သင်မဟုတ်သော်လည်း ၎င်းသည် သင့်ပတ်ဝန်းကျင်ရှိ စွမ်းအင်ဖြစ်သောကြောင့် သင့်အိမ်အတွင်းရှိ စွမ်းအင်ကို အာရုံစိုက်ဖို့လိုအပ်ပါသည်။ ၎င်းသည်သင်၊ သင့်စိတ်နေစိတ်ထားနှင့် သင့်ကံတရားကို သက်ရောက်မှုရှိကြောင်း သိထားပါ။ အိမ်အတွင်းတွင် အဓိက စွမ်းအင်စင်တာများ ရှိပါသည်။ မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်ရှေ့တံခါးနှင့် ပြတင်းပေါက်များ ( အိပ်ခန်းများ၏) သည် တစ်ခါတစ်ရံ သင့်ပတ်ဝန်းကျင်တွင် လှုပ်ရှားမှုနှင့် စွမ်းအင်စီးဆင်းမှုကို ထိခိုက်စေသော၊ ဤနေရာများသည် ပိတ်ဆို့သွားတတ်ပြီး ညစ်ပတ်နေသော စွမ်းအင်များကို ဖယ်ရှားရန်နှင့် ညစ်ပတ်နေသော ရေချိုးခန်းများ ဆိုးရွားစွာ စီးဆင်းနေသည်များကိုရှင်းလင်းရန် လွန်စွာအရေးပါ ပါသည်။
အပြုသဘောဆောင်သော စွမ်းအင်ကို ထိန်းသိမ်းထားရန် သန့်ရှင်းရန် လိုအပ်ကြောင်း သင်သိလာသောအခါတွင်၊ ကြွယ်ဝမှု၊ အထူးသဖြင့် သင့်ပတ်ဝန်းကျင်တွင် ရေနတ်များ (သို့မဟုတ် နတ်များ ) ရှိပါက၊ ဤဝိညာဉ်များသည် သင့်အိမ်တွင် စွမ်းအင်၊ ကံကောင်းမှု၊ စည်းစိမ်ချမ်းသာများ စီးဆင်းမှုကို ထိန်းညှိပေးသည်။ အိမ်တွင်း၌ အငြင်းပွားမှုများနှင့် သဘောထားကွဲလွဲမှုများ အများအပြားရှိနေသည်ကို သတိပြုမိပါကလည်း သင့်ရေချိုးခန်းများ ညစ်ပတ်နေပါကလည်း ၎င်းတို့သည် သင့်က်ု အဆင်ပြေစေမည် မဟုတ်သောကြောင့် သင့်မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီး ကြမ်းပြင်များကို သုတ်ရန် အချိန်တန်ပြီဖြစ်သည်။
မီးဖိုချောင်သည် အိမ်၏အချက်အချာဖြစ်သည်၊ ဂရုစိုက်ပါ၊ ပန်းပင်များကို အနီးအနားတွင် ထားခြင်းဖြင့် လန်းဆန်းနေစေပြီး လေဝင်လေထွက်ကောင်းအောင် ထိန်းထားနိုင်သည် (မရှိမဖြစ်လိုအပ်သော oil disffuser များ၊ အနီးနားရှိ ဖယောင်းတိုင်နံ့သာဆီများ စသည်တို့ကို သုံးနိုင်သည်)။
ထို့အပြင် သင့်အိမ်ရှေ့တံခါးသည်လည်း အရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ အိမ်၏ ပြတင်းပေါက်များသည်လည်း ပြင်ပစွမ်းအင်များကြောင့် အလွယ်တကူ ထိခိုက်နိုင်သော သေးငယ်သောနေရာများဖြစ်သည်။ သင့်အိမ်တံခါးဝနှင့် သင့်အိမ်သို့ဦးတည်သည့်နေရာကို သန့်ရှင်းအောင်ထားပါ၊ သင်၏တံခါးနှင့် ပြတင်းပေါက်များကို သံပုရာသီး သို့မဟုတ် ထင်းရှူးရနံ့တစ်ခုခုဖြင့် သုတ်ခြင်းက၊ သင့်အိမ်မှ မကောင်းသောအညစ်အကြေးများကို ဖယ်ရှားစေပါသည်။ တုန်ခါမှုနည်းသော စွမ်းအင်နှင့် အပျက်သဘောဆောင်သော အရာများကို ကာကွယ်ရန် သင့်အိမ်ရှေ့တံခါးတစ်ဝိုက်တွင် Rosemary၊ ပင်စိမ်း၊ သို့မဟုတ် ရှားစောင်းလက်ပတ်ကဲ့သို့သော အပင်များကိုလည်း ထားလို့ရပါသည်။
အထက်ပါ အကြောင်းအရာ များသည် လာမည့်နှစ်သစ်မှာ သင့်အတွက် အကျိုးအမြတ် တစုံတရာ ရရှိစေမယ်လို့ မျှော်လင့်ပါသည်ရှင်။

Following the true essence of life 💫
Crd

All about your 2025
02/12/2024

All about your 2025

15/10/2024

October Tarot Pass Winners Congratulations 🥳🎉🎊

1500 Ei Ei Lwin
151 Sein Myat Aung
28 Phyo Phyo
55 May Phyo Khaing

Congratulations Tarot pass Winner 🥳🎊🎉
မေးချင်တဲ့ တားရော့မေးခွန်း ၂ခုလာပို့နိုင်ပါပြီ

with Love,
Let The Cards Talk 🍀

Let’s try another chance for October 🍀အောက်တိုဘာတွက် နောက်တစ်ကြိမ်ကံစမ်းကြည့်ကြပါစို့ 🤗ဒီတစ်ခေါက်မှာတော့ စိတ်ထဲရှိတဲ့ နံ...
01/10/2024

Let’s try another chance for October 🍀

အောက်တိုဘာတွက် နောက်တစ်ကြိမ်ကံစမ်းကြည့်ကြပါစို့ 🤗

ဒီတစ်ခေါက်မှာတော့
စိတ်ထဲရှိတဲ့ နံပါတ်တစ်ခု ရေးထားခဲ့ပါ ✅

ကွန်မန့်ရေးသွားပြီး ပို့စ်ရှဲသွားနိုင်ပါတယ် ✅

၄ယောက်ကို မဲနှိုက်ရွေးချယ်ပေးသွားပါမယ်နော် ✅

အောက်တိုဘာ ၁၅ မှာ ကြေငြာပေးပါမယ်နော်✅

Good luck all 🍀
Let the cards ta

Address

Melbourne, VIC

Opening Hours

Monday 9am - 5pm
Tuesday 9am - 5pm
Wednesday 9am - 5pm
Thursday 9am - 5pm

Website

Alerts

Be the first to know and let us send you an email when Let The Cards Talk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram