12/04/2026
အိပ်မောတွေကျလို့
Edited- သူတို့ကျောင်းက School nurse က နားထဲက wax ကို ဆရာဝန်ပြပြီး သန့်ရှင်းပါဆိုတာ မီယာက မပြချင်ဘး မေမေလုပ်ပေးပါဆိုလို့ အိပ်ခါနီး အမေက နားထဲ ကြည့်ပေးပြီး သန့်ရှင်းရေးလုပ်ပေးမယ်ကြံတာ
ဘာမှ မလုပ်ရသေးဘူး အော်ငိုနေလို့ ဆေးခနါးပဲ သွားလိုက်ဆိုတာကို ငိုကြောရှည်တာနဲ့ ဆူထည့်လိုက်တာ
အမေ စိတ်ဆိုးနေမှန်းသိတော့
သူ့ဘာသာသူ သနပ်ခါး သွားလိမ်းပြီး မျက်နှာချို လာသွေးတာ
လိမ်းတတ်နေပြီ မျက်နှာကို cotton Pad နဲ့ပါ အုပ်လာပြီး စတိုင်က ထုတ်သေးတာ 😅😂