Health & Hopes Myanmar

Health & Hopes Myanmar Least cost,100% satisfaction,100 % accountability our service for medical treatment in India

25/08/2022
30/06/2022

"အသည်းကင်ဆာ အကြောင်း သိကောင်းစရာ" Facebook Live အစီအစဉ်

အသည်းအထူးကု ဆရာဝန် ကြီးများ ဖြစ်ကြတဲ့ ..
ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း
ဒေါက်တာ အောင်လှိုင်ဘွား တို့ မှ အသည်းကင်ဆာ နဲ့ ပတ်သတ်တဲ့ အကြောင်းအရာများ ကို ပြည့်ပြည့်စုံစုံ ဟောပြောဆွေးနွေးပေးမှာ ဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုကြဖို့ မမေ့ပါနဲ့နော်...

အချိန်ကတော့ လာမည့် စနေနေ့ ( မေလ ၂၈၊ ညနေ ၄နာရီ) မှာပါ..

(ကျန်းကျန်းမာမာ by Alinker နှင့် ကင်ဆာ လမ်းပြ Page များ တို့ မှ Facebook Live ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်)

21/03/2022
09/03/2022

အသည်းကင်ဆာ ကြောက်စရာ

ကင်ဆာဆိုတာဟာ သိပ်ကိုကြောက်စရာကောင်းပြီး ဒီဘက်ခေတ်တွေမှာ ပိုပြီးအဖြစ်များလာနေတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒီထဲကမှ ဖြစ်ပွားမှုနှုန်းမြင့်တက်လာနေတဲ့ အသည်းကင်ဆာအကြောင်းကို ပြောပြပေးချင်ပါတယ်။ အသည်းကင်ဆာဆိုတာ ဘယ်နှစ်မျိုးရှိလဲ?

အသည်းကင်ဆာဆိုတာမပြောခင်မှာ အသည်းမှာကင်ဆာဖြစ်ဖို့(၂)မျိုးရှိတယ်ဆိုတာ အရင်ပြောချင်ပါတယ်၊၊ အသည်းရဲ့ဆဲလ်တွေကိုယ်၌က စတဲ့ကင်ဆာနဲ့ အခြားကင်ဆာများမှကင်ဆာဆဲလ်များပြန့်နှံ့ပြီးအသည်းဆီကိုရောက်လာလို့ဖြစ်တဲ့ကင်ဆာဆိုပြီး ရှိပါတယ်။ ဒီမှာတော့ အသည်းကနေဖြစ်တဲ့ကင်ဆာ(HCC-hepatocellular carcinoma)အကြောင်းကိုပဲ ပြောမှာဖြစ်ပါတယ်။

👉ဘယ်အရာတွေက အသည်းကင်ဆာ(HCC)ကို ဖြစ်စေသလဲ ❓

အသည်းကင်ဆာဟာ နာတာရှည်အသည်းရောဂါတစ်ခုခုရှိနေသူတွေ(သို့)အသည်းခြောက်ပြီးသားလူတွေမှာပဲအတွေ့များပါတယ်။ဘယ်လိုရောဂါအခံရှိတဲ့လူတွေလဲဆိုရင်-

📌အသည်းရောင်အသားဝါ ဘီပိုး/စီပိုး ရှိသူတွေ။

📌အရက်အလွန်အကျွံသောက်သူတွေ။

📌အသည်းအဆီဖုံး/ရောင် ရောဂါရှိသူတွေ(Non alcoholic fatty liver disease/Non alcoholic steatohepatitis)

📌အဝလွန်တဲ့လူတွေနဲ့ ဆီးချိုသမားတွေပဲ ဖြစ်ပါတယ်။

👉 ဘယ်နေရာတွေမှာ အဖြစ်များလဲ ❓

ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့စာရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုပြီးအဖြစ် များလာပါတယ်။ ဒါ့အပြင် အာရှနဲ့အာဖရိကမှာ အသည်းကင်ဆာ ဖြစ်ပွားမှုနှုန်းဟာ တရိပ်ရိပ် တက်လာနေပါတယ်။ကျွန်တော်တို့ နိုင်ငံအတွက်လဲ စိုးရိမ်စရာပါ၊၊ အဓိကကတော့ ကူးစက်ရောဂါတွေဖြစ်တဲ့ အသည်းရောင်အသားဝါ ဘီပိုး/စီပိုးရယ်၊ အရက်သောက်သုံးမှု မြင့်မားတာရယ်၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံရယ် အဝလွန်တာတွေကြောင့်ရယ် ဖြစ်ပါတယ်။

👉ရောဂါလက္ခဏာတွေက ဘာတွေလဲ ❓

အဓိက အသည်းခြောက်ပြီးမှ ဖြစ်တာကြောင့် အသည်းခြောက်ခြင်းမှာ ဖြစ်တဲ့လက္ခဏာတွေအပြင် ညာဘက် ဗိုက်အပေါ်ဘက်ခြမ်းအောင့်ခြင်း၊ အကြောင်းရင်းတစ်စုံတစ်ရာမရှိပဲ ကိုယ်အလေးချိန်လျော့ကျခြင်း၊အသား/မျက်လုံးဝါခြင်း၊ ရေဖျဉ်းစွဲခြင်း၊ အလွယ်တကူသွေးခြေဥ/သွေးထွက်ခြင်းတို့ကိုလဲတွေ့ရတတ်ပါတယ်။

👉အသည်းကင်ဆာဖြစ်မဖြစ်ကို ဘယ်လိုသိရမလဲ ❓

အသည်းအထူးကုနှင့်ပြသပြီး စမ်းသပ်စစ်ဆေးမှုခံယူခြင်း၊သွေးစစ်ခြင်း(Alpha-fetoprotein) ၊Ultrasound ၊ MRI ၊ CT scan ရိုက်ခြင်းတို့ဖြင့် သိရှိနိုင်ပါတယ်။

👉အသည်းကင်ဆာကို ဘယ်လိုကုသမလဲ ❓

ကုသမှုနည်းလမ်းတွေ အများကြီးရှိပေမယ့် အဓိကက အသည်းအစားထိုးကုသမှုဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကုသဖို့ အရမ်းခက်ခဲတာကြောင့် မဖြစ်အောင်ကြိုတင်ကာကွယ်ခြင်းဟာ အသည်းကင်ဆာမှာ အရမ်းကိုအရေးပါတဲ့ကဏ္ဏဖြစ်ပါတယ်။

အသည်းကင်ဆာမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

🎗️ အသည်းရောင်အသားဝါ ဘီပိုး/စီပိုး ကူးစက်မခံရအောင် နေထိုင်ခြင်း၊ အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးထိုးခြင်း။

🎗️ အရက်ဖြတ်ခြင်း။

🎗️ အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကိုသာစားသုံးခြင်း။

🎗️ အသည်းကိုအဆိပ်အတောက်ဖြစ်စေနိုင်သော အရာများကိုရှောင်ခြင်း။

🎗️ အဝမလွန်အောင် ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း တို့ဖြင့် အသည်းကိုကာကွယ်နိုင်ပါကြောင်းပြောကြားရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။

"တိုင်ပင်ဆွေးနွေး ကျန်းမာရေး၊ myDoctor နှင့်ဆက်သွယ်ပေး"

 #အဆုတ်ကင်ဆာလက္ခဏာနှင့်ရောဂါအဆင့်များအဆုတ်ကင်ဆာသည် ချောင်းဆိုးခြင်း (သို့) မောခြင်း လက္ခဏာနှင့် စတင်လေ့ရှိသည်။ ထို့နောက် ရ...
01/02/2022

#အဆုတ်ကင်ဆာလက္ခဏာနှင့်ရောဂါအဆင့်များ

အဆုတ်ကင်ဆာသည် ချောင်းဆိုးခြင်း (သို့) မောခြင်း လက္ခဏာနှင့် စတင်လေ့ရှိသည်။ ထို့နောက် ရင်ဘတ်အောင့်ခြင်းကို ခံစားရသည်။ နောက်ပိုင်းတွင် ပိုမိုသော ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါသည်။ တစ်နှစ်လျှင် အဆုတ်ကင်ဆာနှင့် လူပေါင်း ၁.၃ သန်းခန့် သေဆုံးလျက်ရှိကာ ၎င်းသည် ကင်ဆာနှင့် သေဆုံးခြင်း၏ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုဖြစ်လာသည်။

#အဆုတ်ကင်ဆာ အဓိက အမျိုးအစားနှစ်ခုမှာ non-small cell နဲ့ small-cell carcinoma ဖြစ်ပါတယ်။ အခြားသော အမျိုးအစားများလည်းရှိပြီး ၎င်းတို့တစ်ခုချင်စီမှာ ကိုယ်ပိုင်ပုံစံထူးခြားချက်များ ရှိပါတယ်။

အစပျိုး သတိပေးအဆင့်မှစ၍ အဆင့်လေး အဆုတ်လေပြွန်နှင့်လေအိတ်ကင်ဆာ (bronchioalveolar carcinoma) အဆင့်အထိတွင် အောက်ပါ အကြောင်းရင်း၊ ရောဂါလက္ခဏာ၊ အမျိုးအစားနှင့် ရောဂါအဆင့်များရှိပါတယ်။

#အကြောင်းရင်းနှင့်ဖြစ်ပွားနိုင်ချေမြင့်မားစေသောအန္တရာယ်အချက်များ

အဆုတ်ကင်ဆာဖြစ်ဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ ဆေးရွက်ကြီးဆေးလိပ်သောက်ခြင်းပဲ ဖြစ်ပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှုရှိုက်မိခြင်းသည်ပင်လျှင် ဖြစ်ပွားနိုင်ချေ အန္တရာယ်မြင့်မားစေပါတယ်။ မျိုးရိုးလိုက်ခြင်းနှင့်အတူ အောက်ပါအချက်များသည် အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ချေကို မြင့်မားစေသော အချက်များတွင် ပါဝင်နေပါတယ်။

လေထုညစ်ညမ်းမှု မြင့်မားခြင်း
သောက်သုံးရေတွင် အာဆင်းနစ် ပါရှိခြင်း
ရေဒွန်ဓါတ်ငွေ့
ကျောက်ဂွမ်းမှုန့်
ယူရေနီယမ်၊ မီးသွေးထွက်ကုန်၊ ဓါတ်ဆီ၊ ဒီဇယ်ဓါတ်ငွေ့ကဲ့သို့သော ကင်ဆာဖြစ်စေနိုင်သော အရာများနှင့် ထိတွေ့ခြင်း

#ရောဂါလက္ခဏာများ
ဆေးလိပ်သောက်သူများတွင် ချောင်းဆိုးခြင်းကို သာမန်ချောင်းဆိုးခြင်းဟုသာ အထင်လွဲမှားတတ်မိကြသည်။ အကယ်၍ ချောင်းဆိုးခြင်းသည် မသက်သာလျှင် (သို့) ချောင်းဆိုးသွေးပါလျှင် ပြင်းထန်သော လက္ခဏာတစ်ရပ်ဖြစ်သည်။ အသက်ရှုမဝခြင်း၊ မောခြင်း၊ အသက်ရှုသံ တရွှီရွှီ ကြားနေရခြင်း၊ ရင်ဘတ်အောင့်ခြင်းတို့သည် လျစ်လျူရှုခံရတတ်သော အဆုတ်ကင်ဆာ၏ လက္ခဏာရပ်များ ဖြစ်ပါတယ်။

အခြားသော လက္ခဏာများမှာ အစာစားချင်စိတ် မရှိခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အစာမျိုချရခက်ခြင်း၊ အသံအက်ကွဲခြင်း၊ အဆစ်နာခြင်း၊ မျက်နှာလေဖြတ်ခြင်း၊ မျက်ခွံတွဲကျခြင်း၊ အရိုးနာခြင်းတို့ဖြစ်ပါတယ်။ အချို့လက္ခဏာများသည် သိပ်မပြင်းထန်သော အခြေအနေနဲ့ ဆက်နွယ်နေသည်။ မည်သို့ပင်ဆိုစေကာမူ သင်သည် လက္ခဏာတစ်စုံတစ်ရာကို ခံစားနေရပြီဆိုလျှင် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ အရေးကြီးပါတယ်။

Non-small cell carcinoma အဆုတ်ကင်ဆာ

ဤအမျိုးအစားသည် အဖြစ်အများဆုံး အဆုတ်ကင်ဆာ အမျိုးအစားဖြစ်သည်။ ၎င်းကို သုံးမျိုးထပ်မံ ခွဲခြားထားပါတယ်။

Squamous

ဤအမျိုးအစားသည် ပင်မ အဆုတ်လေပြွန်အနီးတွင် စတင်ဖြစ်ပွားလေ့ရှိသည်။ ဆဲလ်သေခြင်းသည် ကင်ဆာကျိတ်၏အလယ်တွင် ဖြစ်ပွားပါသည်။

Adenocarcinoma

ဤအမျိုးအစားသည် ဆေးလိပ်မသောက်သူများတွင် အဖြစ်အများဆုံး အဆုတ်ကင်ဆာ အမျိုးအစားဖြစ်သည်။ ၎င်းသည် အစွန်အဖျား အဆုတ်တစ်ရှုးများကို ထိခိုက်စေသည်။ အမျိုးအစားခွဲတစ်မျိုးဖြစ်သည့် အဆုတ်လေပြွန်နှင့် လေအိတ်များတွင် ဖြစ်သော ကင်ဆာ(bronchioalveloar carcinoma)သည် ဆေးလိပ်လုံးဝမသောက်ဖူးသော အမျိုးသမီးများတွင် အဖြစ်အများဆုံး ကင်ဆာဖြစ်သည်။

Large-cell lung carcinoma

ဤအမျိုးအစားသည် အဆုတ်၏ မည်သည့် အစိတ်အပိုင်းတွင် မဆို လျင်မြန်စွာ ကြီးထွား ပြန့်ပွားပြီး ကုသရ ခက်ခဲသည်။

Small–Cell Carcinoma

ဤအမျိုးအစားသည် ပို၍ ကြီးသော လေလမ်းကြောင်းတွင် ဖြစ်ပွားပြီး ဆေးလိပ်သောက်ခြင်းနှင့် အဓိက ဆက်နွယ်နေပါသည်။ အဖြစ်နည်းပြီး ရောဂါအလားအလာ ပိုဆိုးရွားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကို သိလိုက်ရချိန်တွင် အခြားကိုယ်အင်္ဂါအစိတ်အပိုင်းများကို ပျံ့နှံ့နေပြီး ဖြစ်နေသောကြောင့်ဖြစ်သည်။ ကင်ဆာပျံ့နှံ့မှုအကြောင်းကို အောက်တွင် ဆက်လက်ရှင်းပြထားပါတယ်။

#အဆုတ်ကင်ဆာပျံ့နှံ့မှု

ကင်ဆာပျံ့နှံ့မှု ဆိုသည်မှာ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုမှာ စတင်ဖြစ်ပွားပြီး အခြားသော နေရာများကို ကင်ဆာဆဲလ်များ ပွားများရောက်ရှိခြင်းကို ဆိုလိုသည်။ အဆုတ်ကင်ဆာသည် သေစေနိုင်ပြီး ကုသရခက်ခဲသော အကြောင်းရင်းတစ်ချက်မှာ ကင်ဆာဖြစ်သည်နှင့် စောစီးစွာ ကင်ဆာဆဲလ်များ ပျံ့နှံ့သောကြောင့်ဖြစ်သည်။

အဆုတ်ကင်ဆာ ပျံ့နှံ့လေ့ရှိသော နေရာများမှာ အသည်း၊ ဦးနှောက်၊ အရိုး နှင့် အက်ဒရီနယ်ဂလင်း တို့ပါဝင်ပါတယ်။ အဆုတ်ကိုယ်တိုင် သည်လည်း အခြားနေရာမှ ကင်ဆာဆဲလ်များ ပြန့်ပွားရောက်ရှိလေ့ရှိသော နေရာတစ်ခုဖြစ်ပါတယ်။

#အဆုတ်ကင်ဆာရောဂါအဆင့်များ

အဆုတ်ကင်ဆာကို TNM စကေးကို သုံးပြီး အဆင့်ခွဲခြားသတ်မှတ်ထားပါတယ်။ ဂဏန်းကြီးလာခြင်းသည် ကင်ဆာ အဆင့်ပိုမြင့်လာခြင်းကို ဆိုလိုပါတယ်။
အသုံးများသော အဆင့်သတ်မှတ်သည့် စကေးတွင် ရောမဂဏန်းများကို အသုံးပြုထားပါတယ်။

#အဆင့် 0 – ကင်ဆာသည် စတင်ဖြစ်ပွားသော ဆဲလ်တွင်သာ ရှိသည်။

#အဆင့် I – ကင်ဆာသည် ကြီးထွားလာပါသည်။ သို့သော် မပျံ့နှံ့သေးပါ။

#အဆင့် II, III – ကင်ဆာသည် မူလစတင်ဖြစ်ပွားရာနေရာတွင်ရှိနေသေးသော်လည်း စတင်ပြန့်ပွားပြီး အနီးအနားရှိ အင်္ဂါ အစိတ်အပိုင်းများဆီ ပြန့်ပွားမှုရှိနေနိုင်သည်။

#အဆင့် IV – ကင်ဆာသည် အပြည့်အ၀ ပျံ့နှံ့ပြီး ခန္ဓါကိုယ်တစ်လျှောက် အခြားအစိတ်အပိုင်းများသို့ ပြန့်ပွားလျက်ရှိသည်။

#အမြဲလေ့လာသတိပြုပါ။
အဆုတ်ကင်ဆာသည် သေစေနိုင်ပါသည်။ သို့သော် ၎င်းကို ကာကွယ်ဖို့ ကူညီနိုင်ပါသည်။ ဖြစ်ပွားနိုင်ချေ အန္တရာယ်ကို လျော့ချဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ ဆေးလိပ်ဖြတ်ဖို့ပဲဖြစ်သည်။ ဆေးလိပ်ဖြတ်လိုက်သည်နှင့် သင်သည် ကောင်းကျိုးများ စတင်ခံစားရမည်ဖြစ်သည်။ မိနစ်ပိုင်းအတွင်းမှာပင် သင့်ခန္ဓါကိုယ်က စတင်ကောင်းမွန်လာမှာဖြစ်သည်။

ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသုံးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အခြား ကျန်းမာစေသော ရွေးချယ်မှုများနှင့် အတူ အဆုတ်နှင့် အခြား ကင်ဆာ ဖြစ်ပွားနိုင်ချေမြင့်မားစေသည့် အန္တရာယ်အကြောင်းရင်းများအကြောင်း အမြဲ လေ့လာမှတ်သား သတိထားနေခြင်းသည် ကာကွယ်ခြင်း၏ သော့ချက်ပင်ဖြစ်သည်။

Credit to Refrence from Hello Health Group

အရမ်းအဖြစ်များပြီးကြောက်စရာကောင်းတဲ့  #ကင်ဆာဖြစ်စေတတ်သည့်_အကြောင်းရင်းများ=========================(မဖြစ်ခင် ရှောင်ရှားန...
09/01/2022

အရမ်းအဖြစ်များပြီးကြောက်စရာကောင်းတဲ့ #ကင်ဆာဖြစ်စေတတ်သည့်_အကြောင်းရင်းများ
=========================

(မဖြစ်ခင် ရှောင်ရှားနိုင်အောင်ပါ။)

“*မြန်မာနိုင်ငံသည် ကမ္ဘာ့ကင်ဆာရောဂါ အဖြစ်ပွားဆုံး (၁၀)နိုင်ငံတွင် ပါဝင်လျှက်ရှိသည်။ မိသားစုတစုထဲတွင် ကင်ဆာဝေဒနာရှင် (၃)ဦးထက်မနည်း တွေ့နေပြီ ဖြစ်ပါသည်။

“ #ကင်ဆာကြောက်ရင်_ပလတ်စတစ်နဲ့ဖော့ဗူးရှောင်”
•••••••••••••••••••••••••••••••••••••••••••

ပလပ်စတစ်တွင်ပါဝင်သော ကင်ဆာဖြစ်စေသည့် စတိုင်ရင်း(Styrene) ဓါတ်နှင့် ဒိုင်အောက်ဇင်းဓါတ်များသည် ပူသောအစားအစာ’ ဆီပါဝင်သောအစားအစာနှင့် ရေခဲသေတ္တာထဲတွင် အစားအစာကို ပလပ်စတစ်နှင့်ထည့်၍ သိုလှောင်ထားပါက အစားအသောက်ထဲသို့ ဓါတ်ပြုပျော်ဝင်၍ ရင်သားကင်ဆာနှင့် ကင်ဆာအမျိုးမျိုး’ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း’ နှင့် မျိုးပွားမှုကို ထိခိုက်ခြင်းတို့ကိုဖြစ်စေပါသည်။ (သားသမီးမရသောစုံတွဲများသတိချပ်ကြပါ။)

မွေးကာစကလေးများကို ပလတ်စတစ်နို့ဗူးဖြင့် နို့မှုန့်တိုက်ခြင်းကို လုံးဝရှောင်ကြဉ်သင့်သည်။ မိခင်နို့ကို တိုက်ကျွေးခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

စတီးချိုင့်’ ဖန်ဗူး’ အင်ဖက်’ စက္ကူတို့ဖြင့် ပြောင်းလဲထုတ်ပိုးကြပါစို့။

မယ်လမင်းပန်းကန်ပြားသည်လည်း အပူနှင့်ထိတွေ့လျှင် ကျောက်ကပ်ပျက်စီးစေ ခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်စေ၍ ကြွေပန်းကန်’ စတီးပန်းကန်များ ပြောင်းလဲအသုံးပြုပါ။

“ကလေးတွေရှောင်ရမည့်_လေဖောင်းမုန့်များ”
•••••••••••••••••••••••••••••••••••••••

*တံဆိပ်အမျိုးမျိုးဖြင့် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသည့် လေဖောင်းမုန့်များ (အာလူးကြော်/ချောင်း’ ဘယာကြော်/ချောင်း’ ကြက်သွန်ကြော်’ ငါးမုန့်ကြော်’ စနက်ခ် Snack များ) စသည်တို့သည် ကြော်ပြီးသားဆီများကို မစွန်းပစ်ပဲ အကြိမ် (၅၀)ထက်မနည်း ပြန်ကြော်နေသည်ကို တောင်ဒဂုံစက်မှုဇုံရှိ စက်ရုံတရုံတွင် စစ်ဆေးတွေ့ရှိရသည်။

*ထိုဆီများ၏ အရောင်သည် ကတ္တရာစေးလို မဲနက်နေသည်။ ထိုအကြော်များကို မအေးမီ ပလတ်စတစ်ပါကင်ထဲသို့ထည့်၍ ပလတ်စတစ်မှ ကင်ဆာဖြစ်စေတတ်သော ဓါတ်သတ္ထုများ ထိုအကြော်ထဲသို့ ဝင်ရောက်သည့်အပြင် ကြောက်စရာကောင်းလှသော ပြန်ကြော်ဆီ အနက်ရောင်များသည်လည်း အသည်းကင်ဆာနှင့် အခြားကင်ဆာအမျိုးမျိုး ဖြစ်စေ၍ ထိုလေဖောင်းမုန့်များကို လုံးဝမစားသင့်ပေ။ ပြည်ပနိုင်ငံမှလာသော ပီကေများတွင်လည်း သကြားတု’ တားမြစ်ဆိုးဆေး’ ပလတ်စတစ်’ ရာဘာများနှင့် ပြုလုပ်ပြီး ပီကေအချို့တွင် ကင်ဆာဖြစ်စေသော တိုက်တေနီယမ်ဓါတ် ပါဝင်ခြင်းကြောင့် လုံးဝမစားသင့်ပေ။

“ပြန်ကြော်ဆီနှင့်_ကင်ဆာအန္တရယ်”
••••••••••••••••••••••••••••••

*ရေမြောင်းဆီခေါ် ပြန်ကြော်ဆီများသည် တရုတ်နိုင်ငံမူဆယ် ၁၀၅မိုင် လမ်းကြောင်းမှ ဝင်ရောက်လာသလို ထိုင်းနိုင်ငံ ရနောင်းကော့သောင်း’ မြဝတီနယ်စပ်မှလည်း ဝင်ရောက်လာကာ ဓါတုဆေးများဖြင့် အရောင်ချွတ်’ ပဲဆီအနံ့ထည့်ကာ ဆီဈေးကွက်တွင် ပဲဆီသန့်ဟု တံဆိပ်ကပ်၍၎င်း’ တံဆိပ်မကပ်ပဲ အလွတ်ရောင်းချ၍၎င်း’ ကျပ် ၂၅၀၀’ ၃၀၀၀ ကျပ် ပတ်ဝန်းကျင်ဖြင့် ရောင်းချသည်။

လမ်းဘေးလက်ဖက်ရည်ဆိုင်များနှင့် စားဖွယ်စုံဆိုင်ကြီးများကို စစ်ဆေးရာ (၁၀) ဆိုင်ကို စစ်ဆေးရာတွင် (၁၀) လုံး အင်ဂျင်ဝိုင် အဟောင်းလို ညိုမဲနေသော ပြန်ကြော်ဆီများဖြင့် စမူဆာ’ အီကြာကွေး’ များကိုကြော်နေသဖြင့် ၎င်းတို့ကို စားသုံးမိပါက ပန်ကရိယကင်ဆာ’ အသံအိုးကင်ဆာ’ အစာအိမ်လမ်းကြောင်းကင်ဆာ’ အူမကြီးကင်ဆာ အမျိုးမျိုးကိုဖြစ်စေသည်။

“အချိုမှုန့်နှင့်ကြက်သားမှုန့်များ”
•••••••••••••••••••••••••••

*ကြက်သားမှုန့်’ အချိုမှုန့်တွင် ပါဝင်သော ဓာတုပစ္စည်းများသည် ဦးဏှောက်နှင့် အာရုံကြောထိခိုက်စေ၍ လေဖြတ်လေငန်းရောဂါ’ လေးဖက်နာရောဂါ’ နှလုံးရောဂါ’ ကျောက်ကပ်ချို့ယွင်းပျက်စီးစေသောရောဂါ’ အရိုးပွ’ အရိုးပါး’ အရိုးကျွတ်ဆတ်သောရောဂါ’ ဆီးချို’ သွေးချို’ သွေးတိုးရောဂါများကို ဖြစ်ပွားစေ၍ ရှောင်ကြဉ်သင့်ပါသည်။

၎င်းတို့အစား ငါးကို ကြက်သွန်အဖြူ အနီ ဂျင်း တို့ဖြင့် ငါးကို ပြုတ်ကာ ငါးရိုးထွင်၍ ဆီတစက်နှစ်စက်ထည့်ပြီး လှော်ပါ။ ထိုငါးအမှုန့်ကို ခြောက်နေအောင်လှော်ပြီး ဟင်းချက်သည့်အခါတိုင်းထည့်သုံးပါ။ ရေခဲသေတ္တာထဲထားလျှင် ၃-ရက် ခန့်ခံပါသည်။ ငါးတွင် Omega-3 ဓါတ်အများဆုံးပါသည်။

“ခြင်ဆေးခွေအန္တရယ်”
••••••••••••••••••

*နှာခေါင်းကင်ဆာ’ အဆုတ်ကင်ဆာ’ အသက်ရှူလမ်းကြောင်းကင်ဆာတို့ကို ဖြစ်ပွားစေသော ခြင်ဆေးခွေတွင် ဓာတုပိုးသတ်ဆေးများထဲ၌ အပြင်းထန်ဆုံးဟု သတ်မှတ်ထားသော (S.2) ပိုးသတ်ဆေး’ လွှစာမှုန့်’ ဗိုင်ဒါကော်’ ဆိုးဆေးနှင့် ကင်ဆာဖြစ်စေတတ်သော ဖော်မယ်ဒီဟိုက်’ မီဖာဖလူသရင်း နှင့် ဓာတုအမွှေးအကြိုင်တို့ပါဝင်သည်။ ၎င်းအပြင် အပြင်းထန်ဆုံး အဆိပ် တမျိုးဖြစ်သည့် Benzene(ဘန်ဇိုင်း) ကာစီနိုဂျင်တစ်မျိုးပါဝင်ပြီး အာရုံကြောမှစ၍ ရိုးတွင်းချဉ်ဆီ အထိ အဆိပ်ဖြစ်စေသည်။ ခြင်ဆေးခွေတခွေ၏ အဆိပ်ဓါတ်သည် စီးကရက်အလိပ်ပေါင်း (၁၃၇)လိပ် မှထွက်ရှိသော အဆိပ်မှုန့်ပမာဏနှင့် ညီမျှ၍ ဝေးဝေးကရှောင်ကြဖို့ သတိပေးလိုက်ရပါသည်။ အမွှေးတိုင်များသည်လည်း ခြင်ဆေးခွေကဲ့သို့ပင် အန္တရယ်ရှိလုံးဝမသုံးအပ်ပေ။ ခြင်ဆေးခွေအစား နနွှင်းမှုန့်နှင့် နနွှင်းတက်ကို အသုံးပြုပါ။

“အချိုရည်များနှင့်ဂျယ်လီများ”
•••••••••••••••••••••••••

အချိုရည်ဗူးများတွင် တားမြစ်ဆိုးဆေး’ တာရှည်ခံဆေး’ သကြားထက်အဆ(၂၀၀) ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ကဖိန်းဓါတ်များပါဝင်၍ ခံတွင်းကင်ဆာ’ ကျောက်ကပ်ကင်ဆာ’ ဆီးချိုရောဂါ’ အဝလွန်ရောဂါ’ အသည်းကင်ဆာရောဂါတို့ကို ဖြစ်ပွားစေသည်။ ထို့အတူ ဂျယ်လီဗူးများတွင်လည်း တရုတ်မှလာသော ဂျယ်လီပေါင်ဒါ’ တာရှည်ခံဆေးအမျိုးမျိုး’ ပါဝင်၍ ကလေးများကို လုံးဝမကျွေးသင့်ပါ။

“ #ကော်ဖီမစ်စ်များ_Coffee mix”
•••••••••••••••••••••••••••••

ကဖိန်း’ ကော်ဖီအနံ့’ အချို့ကော်ဖီမစ်စ်များတွင် ထန်းလျှက်ဂျိုးများပါဝင်ပါသည်။ ထန်းလျက်ဂျိုးမှာ ရံဖန်ရံခါ သောက်သုံးလျှင် ပြဿနာမရှိသော်လည်း ရေရှည်နေ့စဉ်သောက်သုံးလျှင် ကင်ဆာဖြစ်စေ၍ မသောက်သုံးသင့်ပါ။

ထို့ပြင် ကော်ဖီမစ်စ်တွင် ပါဝင်သော (Creamer) မှာ နို့ဆီအရသာ မျိုးခံစားနိုင်ရန် ရေမှာ (Milk Fat) က အလွယ်တကူမပျော်ဝင်နိုင်၍ ပျော်ဝင်နိုင်သောအဆီ (Hydro generated vegetable fat) နှင့် အစားထိုးထားခြင်းဖြစ် သည်။ ကော်ဖီမစ်စ်များကို ရေရှည်သောက်သုံးပါက ဆီးချိုရောဂါ’ သွေးတိုးရောဂါ’ ကျောက်ကပ်ပျက်စီးခြင်း’ နှလုံးသွေးတိုးရောဂါ’ စိတ်ကျရောဂါ’ ရင်သားကင်ဆာ’ ဆီးအိမ်ကင်ဆာ’ ဆီးကြိတ်ကင်ဆာ’ ပန်ကရိယကင်ဆာ’ အမျိုးသမီးများ ပဋိသန္ဓေမတည်နိုင်ခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းတို့ကို ဖြစ်စေ၍ လုံးဝမသောက်သုံးသင့်ပါ။

သဘာဝကော်ဖီစေ့ဖြင့် ပြုလုပ်ထားသော ကော်ဖီမှုံ့စစ်စစ်’ သကြား’ နို့ စသည်တို့ဖြင့် ကိုယ်တိုင်ပြုလုပ်သော ကော်ဖီကိုသာ သောက်သုံးသင့်ပါသည်။

“ #ရောင်စုံဆိုးဆေးများနှင့်_အစားအသောက်များ”
•••••••••••••••••••••••••••••••••••••••••••

*တားမြစ်အန္တရယ်ရှိ ဆိုးဆေးများအသုံးပြုထားသော မျှစ်နီမျှစ်ဝါ’ ပုဇွန်ချဉ်နီနီ’ အဝါရောင်ဆိုးထားသော ငါးပုဏ္ဏား’ ငါးမြွေထိုး’ ရွှေငါး’ ကြက်သား’ အရောင်ဆိုးထားသော ငရုတ်သီးမှုံ့’ အရောင်တင်မှုံ့’ နနွှင်းမှုံ့’ ပုဇွန်ခြောက်’ လက်ဖက်’ လက်ဖက်ခြောက်’ ငပိ’ ပဲနီလေး’ ပဲဝါလေး’ မက်မန်းသီး’ ဆီးထုတ်’ ဒံပေါက်ဆိုးဆေး စသည်တို့သည် အသည်းရောဂါများ’ အစာအိမ်ရောဂါများနှင့် အစာအိမ်ကင်ဆာ’ အခြားကင်ဆာရောဂါများလည်ုးဖြစ်စေတတ်သောကြောင့် လုံးဝရှောင်ကြဉ်သင့်ပါသည်။

“အကင်များနှင့်_ကင်ဆာရောဂါ”
•••••••••••••••••••••••••••

*ပြည်ပနိုင်ငံမှ တင်သွင်းလာတဲ့ တုတ်ထိုးအကင်တွေမှာ သုံးထားတဲ့ တာရှည်ခံဆေးကလည်း ကင်ဆာရောဂါဖြစ်စေနိုင်ပြီး ဒီအသားကင်တွေကို (Freezer) တွေ အအေးခန်းတွေမှာ သိုလှောင်ထားတဲ့ အတွက်လည်း အောက်စီဂျင်ဓါတ်တိုးမှု (Oxidation) ဖြစ်ပြီး ကင်ဆာရောဂါကို ဖြစ်စေတတ်ပါတယ်။ ဒါ့အပြင်မသန့်တဲ့ ပြန်ကြော်ဆီ တွေနဲ့ ကြော်တဲ့အတွက် ကင်ဆာဖြစ်စေနိုင်ပြန်ရော။ ဒါကြောင့် အကင်များကို လုံးဝ လုံးဝ ရှောင်သင့်ပါတယ်။

“သတိထားသင့်သော_အသီးအနှံများ”
••••••••••••••••••••••••••••••••

*ဓါတုဟော်မုန်းဆေးများအသုံးပြုထား၍ အဆမတန်ကြီးထွားနေသော မုံလာဥအဖြူများ အမြစ်တိုတို အလုံးတုတ်တုတ်နှင့် ပဲပင်ပေါက်များ’ ပိုးသတ်ဆေးအပြင်းစားသုံးထားသည့် ဂေါ်ဖီထုတ်’ ကိုက်လန်’ မုန်ညင်းရွက်’ ပန်းမုံလာထုပ်’ မုံညင်းထုတ်များ’ ဆေးစိမ်ဆေးဖျန်း၍ မှည့်နေသော သရက်သီး’ သင်္ဘောသီး’ လိမ္မော်သီး’ ပန်းသီး’ ငှက်ပျော်သီးစသည်တို့သည် ကင်ဆာဖြစ်စေနိုင်သဖြင့် ရှောင်ရှားသင့်သည်။

Organic ဟုခေါ်သော ပိုးသတ်ဆေးမသုံးပဲ သဘာဝအတိုင်းပေါက်သည့် သစ်ဥသစ်ဖု သစ်သီးဝလံများ မိမိခြံထွက်သရက်သီး ခရမ်းချဉ်သီး ရုံးပတီသီး ချဉ်ပေါင် ငရုတ်သီး စသည်များကိုသာ စားသုံးသင့်ပါသည်။

“ဖော်မလင်ခေါ်_ဖော်မယ်ဒီဟိုက်နှင့်ကင်ဆာအန္တရယ်”
••••••••••••••••••••••••••••••••••••••••••••••

*ယခုအခါ ပဲပြားများ’ ချက်နို့ဆီနှင့် မုန့်ဟင်းခါးဖတ်’ မုန့်တီ(နန်းကြီး)ဖတ်များကို တာရှည်ခံအောင် လူသေကောင်တံင် မပုတ်မသိုးအောင်အသုံးပြုသော ဖော်မလင်ကို အသုံးပြုနေကြပါသည်။ ၎င်းဖော်မလင်ခေါ် ဖော်မယ်ဒီဟိုက်အဆိပ်ဓါတ်သည် ကင်ဆာရောဂါအမျိုးမျိုးကို ဆိုးရွားစွာဖြစ်ပေါ်စေ၍ လတ်ဆတ်သော လက်ညှစ်မုန့်ဖတ်များကိုသာ ရွေးချယ်စားသုံးကြပါ။

“သတိထားရမည့်ရေချိုငါးပိ_ငါးခြောက်နှင့်ငံပြာရည်”
••••••••••••••••••••••••••••••••••••••••••••

*အချို့ရေချိုငါးပိများတွင် ယူရီးယား(ပုလဲ) ဓါတ်မြေသြဇာ ထည့်သွင်း ထားကြောင်း သိရသဖြင့် ယူရီးယား(၃)ဂရမ်နှင့်အထက် စားမိပါက အော့အန်ခြင်း ‘ သတိလစ်မေ့မျောခြင်း’ ကျောက်ကပ်ပျက်စီးခြင်းနှင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။ ထို့အပြင် ငါးခြောက်များလှန်းရာ တွင် ယင်မနား’ လောက်မတက်စေရန် တရုတ်နိုင်ငံမှလာသော (90%) ယင်ဆေးခဲခေါ် (Tri Chlorophon) ပိုးသတ်ဆေး အသုံးပြုကြောင်း သိရှိရ၍ စားသုံးမိပါက လေဖြတ်လေငန်းရောဂါ’ အာရုံကြော နှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေသည်။

“ကင်ဆာဖြစ်စေသော_ဝါးတူ”
•••••••••••••••••••••••••

တစ်ခါသုံးဝါးတူတွင် သာမန် မျက်စေ့ဖြင့်မမြင်ရသော အသည်းကင်ဆာ ဖြစ်စေသည့် မှိုများပေါက်ဖွားလေ့ရှိသဖြင့် လုံးဝမသုံးသင့်ပါ။ သန့်ရှင်းသောဇွန်း’ ခရင်းကို အသုံးပြုပါ။

တရုတ်နိုင်ငံယူနမ်နယ်မှ တင်သွင်းသော တစ်ခါသုံးဝါးတူများတွင်လည်း မှိုမတက်စေရန် ကန့်ငွေ့(Sulphur Dioxide) နှင့် (၄၈) နာရီ ပေါင်းခံပြီး ရေနံဖယောင်းနဲ့ အရောင်တင်တဲ့အခါ ကင်ဆာဖြစ်တဲ့ (Hydro Carbon) တစ်မျိုးပါလာပါတယ်။ ပြီးမှ ပိုဖြူသွားအောင် (Hydrogen Peroxide) ဆေးရည်နှင့်ပြုတ်ပါတယ်။ အဲဒီအထဲမှာ (Sodium Pyro Phosphate) တွေပါ ထည့်ပြုတ်တယ်။ ဒါကြောင့်ဝါးတူများကို လုံးဝ အသုံးမပြုကြပါနဲ့။”

မြန်မာနိုင်ငံသူနိုင်ငံသား အားလုံး ကမ္ဘာသူကမ္ဘာသား အားလုံး ကျန်းမာချမ်းသာ၍ ဘေးဘယာဝေးကွာကြပါ စေ။

ကင်ဆာရောဂါဝေဒနာဆိုးများမှ ၎င်း အခြားရောဂါဝေဒနာဆိုးများမှ၎င်း လုံးဝလုံးဝ ကင်းစင်ကြပါစေရှင်။

: မစန္ဒီသင်းမာဦး

💝အသည်းကင်ဆာ ကုသနည်းလမ်းများ💝အသည်းကင်ဆာမှာ ရောဂါအဆင့်အလိုက် ကုသမှုများကို ရွေးချယ်နိုင်ဖို့ နည်းလမ်းများစွာ ရှိပါတယ်။ (၁)...
07/01/2022

💝အသည်းကင်ဆာ ကုသနည်းလမ်းများ💝

အသည်းကင်ဆာမှာ ရောဂါအဆင့်အလိုက် ကုသမှုများကို ရွေးချယ်နိုင်ဖို့ နည်းလမ်းများစွာ ရှိပါတယ်။

(၁) ခွဲစိတ်ကုသနည်းများ
💉ကင်ဆာဖြစ်တဲ့အပိုင်းကို ခွဲစိတ်ဖယ်ရှားခြင်း
💡အသည်းကင်ဆာကို ကုသဖို့ အရင်ဦးဆုံး စဉ်းစားလေ့ရှိတဲ့နည်း ဖြစ်ပါတယ်။ မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (𝐋𝐚𝐩𝐚𝐫𝐨𝐬𝐜𝐨𝐩𝐢𝐜 𝐒𝐮𝐫𝐠𝐞𝐫𝐲)ကို သေးငယ်တဲ့ အကျိတ်များတွင် သုံးလေ့ရှိပြီး ဝမ်းဗိုက်အပေါက်ငယ် ဖောက်၍ ပြွန်အရှည်ဖြင့် ထည့်သွင်းကြည့်ရှုကာ ကင်ဆာဖြစ်တဲ့ အပိုင်းကို ဖြတ်ထုတ်ပါတယ်။ ခွဲစိတ်ဒဏ်ရာ သေးငယ်လို့ နာကျင်မှုနှင့် သွေးထွက်နည်းပြီး နာလန်ထ မြန်ပါတယ်။ ကင်ဆာအရွယ်က 𝟓𝐜𝐦ထက် သေးငယ်ကာ အသည်းပုံမှန် အလုပ်လုပ်နေပြီး အနီးရှိသွေးကြောများကို မထိခိုက်သေးတဲ့ အခြေအနေမှာ ပြုလုပ်နိုင်ရင် အကျိုးအရှိဆုံး ဖြစ်ပါတယ်။

💉အသည်းအစားထိုးခြင်း
😷ကြီးမားတဲ့ ခွဲစိတ်မှုမျိုးဖြစ်ပြီး လူနာနှင့် အလှူရှင်မှာ လိုအပ်ချက်တွေ ကိုက်ညီပြည့်စုံမှသာ လုပ်နိုင်မယ့်နည်း ဖြစ်ပါတယ်။ ကင်ဆာအရွယ် 𝟓𝐜𝐦ထက်သေးခြင်း၊ 𝟑𝐜𝐦အောက် အကျိတ်၃ခု(သို့) ၃ခုထက်နည်းသူ၊ အခြားကုထုံးများကို ကောင်းစွာ တုံ့ပြန်နေပြီး ၆လအတွင်း အကျိတ်ကြီးထွား မလာသူများမှာ သုံးနိုင်ပါတယ်။ အသည်းခြောက်နေခြင်း ရှိပါက ၎င်းကိုပါ တပြိုင်တည်း ကုသနိုင်မှာဖြစ်ပြီး ကင်ဆာကုထုံးများထဲမှာ အလားအလာ အကောင်းဆုံး ဖြစ်ပါတယ်။ သို့သော်လည်း အလှူရှင်ရှားပါးမှု၊ ကုန်ကျစရိတ် ကြီးမြင့်မှုများကြောင့် ရွေးချယ်ဖို့ရန် ကန့်သတ်ချက်များစွာ ရှိနေဆဲပါပဲ။ ခွဲစိတ်မှုက အသက်အန္တရာယ်နှင့်လည်း နီးစပ်နိုင်ပြီး လူနာ၃၀ဦးမှာ ၁ဦးဟာ ခွဲစိတ်နေစဉ် သေဆုံးနိုင်ပြီး လူနာ၁၀ဦးမှာ ၁ဦးဟာ ခွဲစိတ်အပြီးမှာ သေဆုံးနိုင်ချေများ ရှိပါတယ်။

(၂) ကင်ဆာနေရာကို တိုက်ရိုက်ကုသနည်းများ (𝐋𝐨𝐜𝐚𝐥𝐢𝐳𝐞𝐝 𝐭𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭𝐬)
💉အပူဖြင့် ဖျက်ဆီးခြင်း (𝐓𝐮𝐦𝐨𝐫 𝐚𝐛𝐥𝐚𝐭𝐢𝐨𝐧)၊
ကြိမ်နှုန်းမြင့် ရေဒီယို လှိုင်းများဖြင့် ကင်ဆာဆဲလ်များကို ဖျက်ဆီးတဲ့ ဒီနည်းလမ်းကို အရွယ်သေးငယ်ပြီး (𝟑𝐜𝐦 အောက်)နှင့် ပင်မသွးကြောများနှင့် လွတ်ကင်းတဲ့ အကျိတ်များကို ထိရောက်စွာ ကုသဖို့ ရွေးချယ်နိုင်ပါတယ်။

💉အေးခဲပျက်စီးစေခြင်း (𝐂𝐫𝐲𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲)၊
💧တီဗွီဓာတ်မှန် အကူအညီဖြင့် 𝐧𝐢𝐭𝐫𝐨𝐠𝐞𝐧 အရည်ကို 𝐜𝐫𝐲𝐨𝐩𝐫𝐨𝐛𝐞 ကိရိယာမှတဆင့် ကင်ဆာအကျိတ်ဆီသို့ ထည့်သွင်းလိုက်ပြီး ပြင်းအားမြင့် အအေးဓာတ်ဖြင့် ကင်ဆာဆဲလ်များကို ဖျက်စီးတဲ့နည်းလမ်း ဖြစ်ပါတယ်။

💉𝐚𝐥𝐜𝐨𝐡𝐨𝐥 ဖြင့် ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်း (𝐀𝐥𝐜𝐨𝐡𝐨𝐥 𝐢𝐧𝐣𝐞𝐜𝐭𝐢𝐨𝐧)၊
💥ကင်ဆာဆဲလ်များကို သေစေနိုင်စွမ်းရှိတဲ့ 𝐀𝐥𝐜𝐨𝐡𝐨𝐥ကို အရေပြားမှ တိုက်ရိုက်ထိုးသွင်းခြင်း(သို့) ဝမ်းဗိုက်ခွဲစိတ်စဉ်မှာ ကင်ဆာနေရာသို့ ထိုးသွင်းခြင်း ဖြစ်ပါတယ်။

💉ကင်ဆာနေရာမှ သွေးလွှတ်ကြောကို ပိတ်ဆို့ခြင်း - 𝐓𝐫𝐚𝐧𝐬 𝐀𝐫𝐭𝐞𝐫𝐢𝐚𝐥 𝐂𝐡𝐞𝐦𝐨 𝐄𝐦𝐛𝐨𝐥𝐢𝐳𝐚𝐭𝐢𝐨𝐧 (𝐓𝐀𝐂𝐄)
💦ခွဲစိတ်တာမဟုတ်ဘဲ ပြွန်ငယ်ကိုသုံး၍ သွေးကြောမှတဆင့် ကင်ဆာဆေးနှင့် သွေးကြောပိတ်စေတဲ့ ဆေးများကို ကင်ဆာဆဲလ်များဆီသို့ ရောက်ရှိစေပြီး ဆေးဖျန်းကုသခြင်းလို့လည်း ခေါ်ပါတယ်။ ကင်ဆာအကျိတ်က သူ့ဆီကို ထောက်ပံ့ထားတဲ့ သွေးကြောတွေကြောင့် ကြီးထွားလာတာ ဖြစ်ပါတယ်။ ဒီလိုသွေးကြောများကို သွေးခဲများဖြင့် ပိတ်စေပြီး ကင်ဆာဆဲလ်အတွက် အာဟာရများ နည်းသွားအောင် ပြုလုပ်ပါတယ်။
ကင်ဆာအရွယ်အစား ကြီးမားပြီး အရေးကြီး ကိုယ်တွင်းအင်္ဂါများနှင့် နီးနေတာ၊ ခွဲစိတ်မှု၊ ဓာတ်ရောင်ခြည်တို့နဲ့ ကုဖို့အဆင်မပြေသူတွေမှာ အသုံးပြုပါတယ်။ လူနာသက်တမ်းပိုရှည်စေဖို့ ကူညီပေးနိုင်ပါတယ်။ အားနည်းချက်က အသည်းရဲ့ သွေးလှည့်ပတ်မှု နည်းသွားတဲ့ နေရာတွေမှာ ပုံမှန်လုပ်ငန်းတွေကို ခေတ္တထိခိုက် သွားစေနိုင်ပါတယ်။

(၃) ဗိုင်းရပ်စ်များ အသုံးပြုသော ဇီဝကုထုံးများ၊
💥ကျောက်ကြီးရောဂါ ကာကွယ်ဆေးထုတ်ဖို့ အသုံးပြုခဲ့တဲ့ ဗိုင်းရပ်စ်တမျိုးကို ကင်ဆာဆဲလ်တွေကို တိုက်ခိုက်နိုင်ဖို့ ပြုပြင်ပြောင်းလဲပြီး ထုတ်လုပ်ထားတဲ့ ကုထုံးသစ် ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပါတဲ့ ဆေးရည်ကို ကင်ဆာအကျိတ်ဆီသို့ ထိုးသွင်းလိုက်တဲ့အခါ ဗိုင်းရပ်တွေကြောင့် ကင်ဆာဆဲလ်တွေ သေစေကာ ကိုယ်ခံအားစနစ်ကနေလည်း တိုက်ခိုက်ဖို့ လှုံ့ဆော်မှု ပြုလုပ်ပါတယ်။ အခြားသော ကင်ဆာကုထုံးတွေကို တုံ့ပြန်ပြီး အလားအလာကောင်းတဲ့ လူနာများမှာ စမ်းသပ်လေ့လာပြီး အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

(၄) ဓာတ်ရောင်ခြည် ကုသမှု (𝐑𝐚𝐝𝐢𝐚𝐭𝐢𝐨𝐧 𝐓𝐡𝐞𝐫𝐚𝐩𝐲)
💢𝐁𝐫𝐚𝐜𝐡𝐲𝐭𝐡𝐞𝐫𝐚𝐩𝐲 ဆိုတဲ့ ကုသနည်းမှာ ပြွန်ငယ်လေးများကို ကင်ဆာအကျိတ်အတွင်း ထည့်သွင်းပေးပြီး ပြွန်အတွင်းသို့ ဓာတ်ရောင်ခြည် ပေးနိုင်တဲ့ 𝐩𝐚𝐥𝐥𝐞𝐭𝐬 များကို ထည့်သွင်းမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သာမန်ဓာတ်ရောင်ခြည် ကုထုံးများထက် ပိုမိုကောင်းမွန်ပြီး ကျန်းမာတဲ့ အသည်းဆဲလ်များကို ဓာတ်ရောင်ခြည် ထိတွေ့မိခြင်းမှ ကာကွယ်ပေးနိုင်ပြီး ကင်ဆာဆဲလ်များကိုသာ အဓိက ကုသပေးတဲ့နည်း ဖြစ်ပါတယ်။

(၅) ကင်ဆာဆေးသွင်း ကုထုံးများ၊ (𝐂𝐡𝐞𝐦𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲)
😷ရောဂါသက်တမ်းရင့်တဲ့ လူနာမျိုးတွေမှာ အသုံးပြုလေ့ရှိပြီး အခြားသော ကုထုံးများနှင့် ပေါင်းစပ်ပြီး အသုံးများသော နည်းလမ်းဖြစ်ပါတယ်။

(၆) အထောက်အပံ့ကုထုံး (𝐏𝐚𝐥𝐥𝐢𝐚𝐭𝐢𝐯𝐞 𝐭𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭)
🌸အခြားနည်းလမ်းများဖြင့် ကုသနေစဉ် လူနာရဲ့ နာကျင်မှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ကျခြင်းများကို အတတ်နိုင်ဆုံး ဖြေလျှော့ပေးခြင်းများပဲ ဖြစ်ပါတယ်။ ဆရာဝန်၏ လမ်းညွှန်မှုဖြင့် နာကျင်မှု သက်သာစေမယ့် ဆေးများပေးခြင်း၊ အသက်ခပ်ပြင်းပြင်း ရှူသွင်းရှူထုတ်ခြင်း၊ နှိပ်နယ်ခြင်း၊ ဂီတသံများ နားထောင်ခြင်း၊ အပ်စိုက်ကုထုံးများ ပြုလုပ်ပေးပြီး ကုသမှု ပေးနိုင်ပါတယ်။

💌အသည်းကင်ဆာဟာ ရောဂါအစောပိုင်းမှာ ရှာဖွေတွေ့ရှိရင် လုံးဝပျောက်ကင်းတဲ့အထိ ကုသနိုင်ပါပြီ။ အဆင့်အလိုက် ကုသမှုအမျိုးမျိုးရှိလို့ အားသာချက်၊ အားနည်းချက်များကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး သေချာနားလည် ထားသင့်ပါတယ်။ မိသားစုဝင်များ၊ မိတ်ဆွေများမှလည်း လူနာကို နှစ်သိမ့်ခွန်အားပေးရင်း သင့်တော်တဲ့ ကုသမှုများ ရွေးချယ်ပြီး အကောင်းဆုံး ကျော်ဖြတ်သွားနိုင်ဖို့ မျှဝေဖော်ပြ ပေးအပ်ပါတယ်ရှင်။💐

‘အနာရောဂါများ ကင်းရှင်းပြီး ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ အာရှတော်ဝင်ဆေးရုံ မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။’
Credit.asia royal clinic
𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞:
𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐦𝐚𝐲𝐨𝐜𝐥𝐢𝐧𝐢𝐜.𝐨𝐫𝐠/𝐝𝐢𝐬𝐞𝐚𝐬𝐞𝐬-𝐜𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐬/𝐥𝐢𝐯𝐞𝐫-𝐜𝐚𝐧𝐜𝐞𝐫/𝐝𝐢𝐚𝐠𝐧𝐨𝐬𝐢𝐬-𝐭𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭/𝐝𝐫𝐜-𝟐𝟎𝟑𝟓𝟑𝟔𝟔𝟒

Address

Ranchi

Website

Alerts

Be the first to know and let us send you an email when Health & Hopes Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Health & Hopes Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram