ConvaTec Myanmar

ConvaTec Myanmar Ostomy Appliances and Advance Wound Care

လူတိုင်းနီးပါးက အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာတွေ ရဖူးကြမှာပါ။ အရေပြားထိခိုက်ဒဏ်ရာတွေဆိုတာ သေးသေး၊ ကြီးကြီး သေခ...
09/03/2024

လူတိုင်းနီးပါးက အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာတွေ ရဖူးကြမှာပါ။

အရေပြားထိခိုက်ဒဏ်ရာတွေဆိုတာ သေးသေး၊ ကြီးကြီး သေချာဂရုမစိုက်ရင် အနာကျက်ဖို့ကြာပြီး ပိုးဝင်ဖျားနာနိုင်ခြေများလို့ မပေါ့ဆသင့်ပါဘူး။ 💁
---

ထိခိုက်ဒဏ်ရာတွေကို အမြန်သက်သာ ပျောက်ကင်းစေဖို့အတွက်ဆိုရင် Duoderm Hydroactive Gel ကို အားကိုးလိုက်ပါ။ 🤗

Duoderm Hydroactive Gel က —

🔹အနာကျက်ဖို့လိုအပ်တဲ့ အစိုဓာတ်အပြည့်အဝ ရစေတယ်။
🔹ပိုးဝင်နိုင်ခြေ လျော့နည်းစေတယ်။
🔹အနာကျက် မြန်စေတယ်။
🔹အသားတက် မြန်စေတယ်။
🔹နာကျင်မှုကို သက်သာစေတယ်။
🔹ရောင်ရမ်းမှု လျော့ကျစေတယ်။
🔹လိမ်းရလွယ်ကူပြီး ဖယ်ရှားရလွယ်ကူတယ်။
🔹ဆဲလ်သေတွေနဲ့ ပြည်တွေကို စုပ်ယူဖယ်ရှားပေးတယ်။

အဲ့လိုအာနိသင်တွေရှိတဲ့ Duoderm Hydroactive Gel ကို —

🔹ထိခိုက် ပွန်းပဲ့ဒဏ်ရာ
🔹အိပ်ရာနာ
🔹ဆီးချိုအနာ
🔹ပြည်တည်နာတွေမှာ အသုံးပြုနိုင်ပါတယ်။

✅ ထိခိုက်ဒဏ်ရာတွေကြောင့် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေမဖြစ်ဘဲ အမြန်ဆုံး သက်သာပျောက်ကင်းဖို့ဆို Duoderm Hydroactive Gel ကို သတိရလိုက်ပါ။


#အနာ

အနာကျက်မြန်စေမယ့် လျှို့ဝှက်ချက်တွေကို သိကြလား...❓အနာတွေမြန်မြန်ကျက်ဖို့ဆို သွေးထောက်ပံ့မှုကောင်းကောင်းနဲ့ အာဟာရပြည့်စုံ...
03/03/2024

အနာကျက်မြန်စေမယ့် လျှို့ဝှက်ချက်တွေကို သိကြလား...❓

အနာတွေမြန်မြန်ကျက်ဖို့ဆို သွေးထောက်ပံ့မှုကောင်းကောင်းနဲ့ အာဟာရပြည့်စုံစွာရရှိဖို့အပြင် အစိုဓာတ်ပြည့်ဝနေဖို့လည်း လိုအပ်ပါတယ်။ 🩸💧

အဲ့တာကြောင့် ခြောက်သွေ့တဲ့အနာတွေဆို အနာကျက်ဖို့ ပိုအခက်တွေ့နိုင်ပါတယ်။

အဲ့လိုပြဿနာတွေကို ဖြေရှင်းဖို့အတွက်ဆို Duoderm Hydroactive Gel ရှိပါတယ်။ 🤗

Duoderm Hydroactive Gel က အနာကျက်ဖို့လိုအပ်တဲ့ အစိုဓာတ်ကို ကောင်း ကောင်းထောက်ပံ့ပေးနိုင်လို့ ခြောက်သွေ့တဲ့အနာတွေအတွက် အသင့်တော်ဆုံးပါပဲ။

ဒါ့အပြင် အနာအတွင်းက ဆဲလ်သေတွေနဲ့ ပြည်တွေကို စုပ်ယူဖယ်ရှားပေးဖို့ကူညီပေးလို့ အနာကျက်မြန်စေပါတယ်။

✅ အနာတွေဘယ်လောက်ခြောက်ခြောက် အစိုဓာတ်အပြည့်နဲ့ အနာကျက်အားကောင်းစေဖို့ဆို Duoderm Hydroactive Gel ကို သတိရလိုက်ပါ။ 🥰

# ConvaTecMyanmar

# အနာ

Duoderm Hydroactive Gel-------------------------------* ခြောက်သွေ့သောအနာအတွင်းရှိ ဆဲလ်သေများနှင့် ပိုးမွှား၊ ပြည်ဖတ်များ...
09/02/2024

Duoderm Hydroactive Gel
-------------------------------
* ခြောက်သွေ့သောအနာအတွင်းရှိ ဆဲလ်သေများနှင့် ပိုးမွှား၊ ပြည်ဖတ်များကို စုပ်ယူဖယ်ရှားပေးရန် ကူညီပေးခြင်း (Autolytic Debridement) နှင့် ခြောက်သွေ့သောအနာများကို အသားတက်မြန်စေသော Gel

* ခြောက်သွေ့နေသောအနာများ (Dry Wound)၊ အရေပြားဆဲလ်သေများရှိသောအနာ (Necrotic)၊ ပြည်ဖတ်များ အမြစ်များဖြင့် ခဲနေသောအနာများ (sloughy)၊ အသားတတ်နှေးသောအနာများ (Granulating) တွင် သုံးနိုင်သည်။

* ⛔️အရည်ထွက်များသောအနာများတွင် သုံးရန်မသင့်တော်ပါ။⛔️



“ အူဆက်၀မ်းအိတ် ( Two Piece System) ကို တပ်ဆင်အသုံးပြုပုံ အဆင့်ဆင့် ”အူဆက်၀မ်းအိတ်  ( Two Piece System) ကို အသုံးပြုတော့...
18/01/2024

“ အူဆက်၀မ်းအိတ် ( Two Piece System) ကို တပ်ဆင်အသုံးပြုပုံ အဆင့်ဆင့် ”

အူဆက်၀မ်းအိတ် ( Two Piece System) ကို အသုံးပြုတော့မယ်...အသစ်လဲတော့မယ်ဆို အောက်ပါအချက်တွေအတိုင်း ပြုလုပ်သင့်ပါသည်။

အားလုံးပဲ ယုံကြည်မှုနှင့်အတူ ရှင်သန်နိုင်ကြပါစေ...

ဝမ်းအိတ်ဝတ်ဆင်ထားရလို့ လှုပ်ရှားရမလွတ်လပ်တာ၊ အဝတ်အစားတွေအောက်မှာ ဖောင်းနေတာမျိုးဖြစ်မှာ စိတ်ပူနေပါသလား...❓-----ရိုးရိုးရ...
01/01/2024

ဝမ်းအိတ်ဝတ်ဆင်ထားရလို့ လှုပ်ရှားရမလွတ်လပ်တာ၊ အဝတ်အစားတွေအောက်မှာ ဖောင်းနေတာမျိုးဖြစ်မှာ စိတ်ပူနေပါသလား...❓

-----
ရိုးရိုးရှင်းရှင်းနဲ့ ပုံမှန်လူနေမှုဘဝအတိုင်းပဲရှိစေမယ့် ဝမ်းအိတ်ဆိုရင်တော့ Active life One Piece ဝမ်းအိတ်ရှိပါတယ်။

One Piece ဝမ်းအိတ်က ရိုးရိုးရှင်းရှင်းနဲ့ ဝတ်ဆင်ရလွယ်ပြီး လိုက်လျောညီထွေမှုရှိလို့ အဝတ်အစားတွေအောက်မှာ နေရာသိပ်မယူဘဲ ခန္ဓာကိုယ်နဲ့တစ်သားတည်းဖြစ်နေမှာပါ။

အောက်ခံအပြားနဲ့ ဝမ်းအိတ်တစ်ဆက်တည်းဖြစ်လို့ လှုပ်လှုပ်ရှားရှားလုပ်ရင်တောင် ဝမ်းအိတ် ကျွတ်ထွက်သွားမှာ ပူစရာမလိုပါဘူး။

ဝမ်းပေါက်နဲ့ကွက်တိဖြစ်အောင် အောက်ခံပြားကိုလိုသလို ဖြတ်တောက်အသုံးပြုလို့ရလို့ အံဝင်ခွင်ကျဖြစ်နေတဲ့ဝမ်းအိတ်နဲ့အတူ သက်တောင့်သက်သာရှိမှုနဲ့ စိတ်လုံခြုံမှုအပြည့် ခံစားရမှာပါ။

✅ ရိုးရိုးရှင်းရှင်း One Piece ဝမ်းအိတ်နဲ့အတူ စိတ်လုံခြုံမှုအပြည့်နဲ့ ပုံမှန်လူနေမှု ဘဝကိုရယူလိုက်ပါ။


#ဝမ်းအိတ်

ရောဂါဖြစ်နေလို့ အိပ်ရာထဲမှာ အချိန်အများစုနားနေရတဲ့ လူနာတွေသတိထားရမယ့် အချက်တစ်ခုကတော့ အိပ်ရာနာပါပဲ။🧑‍⚕️------အိပ်ရာနာဆို...
24/12/2023

ရောဂါဖြစ်နေလို့ အိပ်ရာထဲမှာ အချိန်အများစုနားနေရတဲ့ လူနာတွေသတိထားရမယ့် အချက်တစ်ခုကတော့ အိပ်ရာနာပါပဲ။🧑‍⚕️

------
အိပ်ရာနာဆိုတာ အရေပြားနဲ့တစ်ရှူးတွေပေါ်ကို အချိန်ကြာရှည်စွာ ဖိအားသက်ရောက်မှုကြောင့် အနာဖြစ်လာခြင်းပါ။

အိပ်ရာခင်း (သို့) အဝတ်အစားတွေနဲ့ အရေပြားပွတ်တိုက်မှု၊ ဆီးဝမ်းမထိန်းနိုင်လို့ အရေပြားနဲ့ ဆီးဝမ်းထိတွေ့မှုတွေကလည်း အိပ်ရာနာဖြစ်စေပါတယ်။

နေမကောင်းလို့ သိပ်မလှုပ်ရှားနိုင်ဘဲ အိပ်ရာပေါ်မှာပဲလှဲနေရတဲ့ လူနာတွေ၊ လေဖြတ်လူနာတွေ၊ ဆီးချိုလူနာတွေနဲ့ အဝလွန်သူတွေမှာ အိပ်ရာနာပိုဖြစ်နိုင်ပါတယ်။

အိပ်ရာနာဖြစ်နေတဲ့ လူနာကိုသက်သာအောင် ပြုလုပ်ပေးနိုင်တဲ့အချက်တွေကတော့—

၁။ နူးညံ့ပြီး အရေပြားထိခိုက်မှုမရှိတဲ့ အိပ်ရာခင်းနဲ့ အဝတ်အစားတွေ အသုံးပြုပါ။ လေမွေ့ရာ၊ ရေမွေ့ရာတွေကိုသုံးပေးပါ။

၂။ အနာကို သန့်ရှင်း‌ခြောက်သွေ့အောင် ထားပါ။ နေ့စဉ်ပုံမှန်ဆေးထည့်ပါ။

၃။ အနာပိုမဆိုးအောင်နှင့် နောက်ထပ်အနာများထပ်မဖြစ်လာစေရန် နှစ်နာရီခြားတစ်ခါ ကိုယ်အနေအထားပြောင်းပေးပါ။

၄။ ဆီး၊ ဝမ်းသွားပြီးလျှင် သန့်ရှင်းရေးသေချာပြုလုပ်ပေးပါ။

၅။ အနာကျက်မြန်စေရန် အာဟာရပြည့်ဝစွာစားသောက်ပါ။

၆။ ဆီးချိုရှိလျှင် ဆီးချိုဓာတ်သေချာထိန်းပါ။

၇။ ဆရာဝန်နဲ့သေချာပြသပြီး သောက်ဆေး၊ လိမ်းဆေးများနှင့် ကုသမှုသေချာခံယူပါ။

ဒီအချက်တွေကို ဂရုစိုက်ပြီး အိပ်ရာနာ‌တွေက အမြန်ဆုံး သက်သာပျောက်ကင်းနိုင်ကြပါစေနော်။



#အိပ်ရာနာ

လှုပ်ရှားမှုများတဲ့ နေရာတွေမှာဒဏ်ရာရလို့ ဒဏ်ရာမြန်မြန်ပြန်မကောင်းမှာ စိတ်ပူနေရပြီလား...❓-----------ဒဏ်ရာကို ဖုန်မှုန့်အည...
16/12/2023

လှုပ်ရှားမှုများတဲ့ နေရာတွေမှာဒဏ်ရာရလို့ ဒဏ်ရာမြန်မြန်ပြန်မကောင်းမှာ စိတ်ပူနေရပြီလား...❓
-----------

ဒဏ်ရာကို ဖုန်မှုန့်အညစ်အကြေးတွေနဲ့ ရောဂါပိုးမွှားတွေမဝင်အောင် သေချာဖုံးအုပ်ထားပြီး လုံလောက်တဲ့အစိုဓာတ်ရှိမှ အနာကျက်မြန်တာပါ။

အလှုပ်အရှားများတဲ့ ‌လက်တွေ၊ ခြေထောက်တွေနဲ့ အဆစ်နေရာတွေမှာ ဒဏ်ရာရရင် အချို့ အနာကပ်ပလာစတာတွေက အကြာကြီးကပ်မနေနိုင်တာ၊ အနည်းငယ်ကွာပြီး သေချာမဖုံးအုပ်နိုင် တာကြောင့် ဒဏ်ရာကျက်နှေးနိုင်ပါတယ်။ 🧑‍⚕️

အဲ့လိုပြဿနာတွေမဖြစ်ဖို့အတွက်ဆို Duoderm CGF အနာကပ်ပလာစတာရှိပါတယ်။

👉 အရည်အထွက်များတဲ့ အနာတွေကို‌တောင် ခိုင်မြဲစွာဖုံးအုပ်နိုင်အောင် ထုတ်လုပ်ထားလို့ ဘယ်လိုဒဏ်ရာမျိုးမဆို သေချာကပ်ထားနိုင်ပါတယ်။

👉 လှုပ်ရှားမှုများတဲ့နေရာနဲ့ အဆစ်တွေနားမှာကပ်ရင်လည်း မြဲမြံတာမို့ အလှုပ်အရှား၊ အကွေးအဆန့်တိုင်းကို ယုံကြည်မှုရှိစွာနဲ့ သက်တောင့်သက်သာ ပြုလုပ်လို့ရစေပါတယ်။

👉 ဒဏ်ရာကျက်ဖို့ လိုအပ်တဲ့အစိုဓာတ်ကိုလည်း ထိန်းပေးလို့ ဒဏ်ရာအမြန်ဆုံး သက်သာစေပါတယ်။

✅ ဒဏ်ရာတွေအမြန်ဆုံးသက်သာဖို့နဲ့ အကွေးအဆန့်တိုင်းမှာ သက်တောင့်သက်သာဖြစ်ဖို့ဆို Duoderm CGF ကိုသတိရလိုက်ပါ။


မီးလောင်ဒဏ်ရာတွေဆိုတာ ပုံမှန်ထက်ပိုဂရုစိုက်ဖို့လိုအပ်တဲ့ ဒဏ်ရာတွေပါ။ 🧑‍⚕️------မီးလောင်သွားတဲ့အရေပြားကနေ ရောဂါပိုးဝင်ရော...
10/12/2023

မီးလောင်ဒဏ်ရာတွေဆိုတာ ပုံမှန်ထက်ပိုဂရုစိုက်ဖို့လိုအပ်တဲ့ ဒဏ်ရာတွေပါ။ 🧑‍⚕️
------

မီးလောင်သွားတဲ့အရေပြားကနေ ရောဂါပိုးဝင်ရောက်ကူးစက်ဖို့ အလွန်လွယ်ကူတာကြောင့် မီးလောင်ဒဏ်ရာကို သေချာဂရုစိုက်သန့်ရှင်းရမယ့်အပြင် လိုအပ်ရင် ပိုးသတ်ဆေးတွေပါ တွဲသောက်ရလေ့ရှိပါတယ်။

အပေါ်ယံအရေပြားမီးလောင်သွားတဲ့အခါ ဒဏ်ရာကနေ ရေငွေ့ပြန်ရေဓာတ်ဆုံးရှုံးမှုများပြီး ပြည်တွေ၊ အနာရည်တွေ ပိုဖြစ်လွယ်ကာ အနာကျက်နှေးတတ်ပါတယ်။
မီးလောင်ဒဏ်ရာတွေကို ရောဂါပိုးမဝင်အောင် သေချာဂရုစိုက်နိုင်ဖို့အတွက်ဆို Aquacel Ag+ Extra ရှိပါတယ်။

Aquacel Ag+ Extra မှာဆိုရင် ရောဂါပိုးမွှားတွေကို နှိမ်နင်းနိုင်တဲ့ Silver (Ag) ပါဝင်တာကြောင့် မီးလောင်ဒဏ်ရာတွေကို ရောဂါပိုးကင်းစေပြီး အနာကျက်မြန်စေပါတယ်။

Hydrofiber နှစ်လွှာပေါင်းဖြစ်လို့ ဒဏ်ရာကိုခိုင်မြဲစွာဖုံးအုပ်နိုင်ပြီး ပြည်တွေ၊ အနာရည်တွေကို ကောင်းစွာစုပ်ယူနိုင်ပါတယ်။ 🤗

ပျက်စီးသွားတဲ့အရေပြားနဲ့ တစ်ရှုးစတွေကို ဖယ်ရှားပေးပြီး အနာကျက်ဖို့လိုအပ်တဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးလို့ အနာကျက်မြန်၊ အသားတက်မြန်စေပါတယ်။

✅ Silver ပါတဲ့ Aquacel Ag+ Extra နဲ့ဆို မီးလောင်ဒဏ်ရာတွေ ရောဂါပိုးဝင်ရောက်ကူးစက်မှာ စိတ်ပူစရာမလိုဘဲ အမြန်ဆုံးပြန်ကောင်းနိုင်မှာပါ။


+_Extra

အူမကြီးကင်ဆာကို ခွဲစိတ်ကုသပြီးလို့ ပျောက်ကင်းသွားပြီထင်ပြီး ပေါ့ပေါ့ဆဆနေမိနေပြီလား...❓-------အူမကြီးကင်ဆာဖြစ်လို့ Colost...
28/11/2023

အူမကြီးကင်ဆာကို ခွဲစိတ်ကုသပြီးလို့ ပျောက်ကင်းသွားပြီထင်ပြီး ပေါ့ပေါ့ဆဆနေမိနေပြီလား...❓

-------

အူမကြီးကင်ဆာဖြစ်လို့ Colostomy လုပ်ထားတဲ့လူတွေအနေနဲ့ဆို ကျန်းမာရေးစစ်ဆေးမှုပုံမှန် ခံယူဖို့အရေးကြီးပါတယ်။ 🧑‍⚕️

ကင်ဆာဖြစ်နေတဲ့ အူမကြီးအစိတ်အပိုင်းကို အောင်မြင်စွာ ခွဲစိတ်ဖြတ်တောက်လိုက်ရင်တောင် ကင်ဆာပြန်ဖြစ်နိုင်ခြေရှိသေးလို့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ အရေးကြီးတာပါ။

ဖြစ်ပွားခဲ့တဲ့ကင်ဆာအဆင့်၊ ကင်ဆာအကျိတ်ရဲ့အရွယ်အစား၊ အခြားရောဂါအခံများ၊ အသက်အရွယ်နဲ့ ကိုယ်အလေးချိန်များခြင်းတို့က အူမကြီးကင်ဆာပြန်ဖြစ်နိုင်စွမ်းကို သက်ရောက်မှုရှိပါတယ်။

အူမကြီးကင်ဆာပြန်ဖြစ်နှုန်းက (၃၀)ကနေ (၄၀)ရာခိုင်နှုန်းကျော်ထိရှိလို့ မပေါ့ဆဘဲ ဆရာဝန်ညွှန်ကြားချက်နဲ့အညီ ရက်ချိန်းသေချာ ပုံမှန်ပြသစစ်ဆေးရပါမယ်။

ခွဲစိတ်ပြီးစ (၂)နှစ်၊ (၃)နှစ်အတွင်းမှာ အူမကြီးကင်ဆာပြန်ဖြစ်နှုန်း ပိုမြင့်လို့ အစပိုင်းမှာတော့ (၃)လတစ်ခါ၊ (၆)လတစ်ခါစသည်ဖြင့် မကြာခဏရက်ချိန်း ပြန်ပြရပါလိမ့်မယ်။

(၅)နှစ်ကျော်တဲ့ထိ ကင်ဆာပြန်မဖြစ်ဘူးဆိုရင်တော့ ပြန်ဖြစ်နိုင်ခြေအတော်နည်းသွားပါပြီ။ ဒါပေမယ့် ဆရာဝန်ညွှန်ကြားချက်အတိုင်း ကျန်းမာရေးစစ်ဆေးမှုပုံမှန်ခံယူဖို့တော့ မမေ့ပါနဲ့။

အူမကြီးကင်ဆာ ပြန်ဖြစ်တယ်ဆိုရင်တောင် စောစီးစွာသိရှိရင် ကုသမှုသေချာပြန်လုပ်နိုင်တဲ့အတွက် ပျောက်ကင်းနိုင်ခြေပိုများပါတယ်။

ဆေးပညာတွေတိုးတက်လာတာနဲ့အမျှ အူမကြီးကင်ဆာကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်ပြီး ပုံမှန်အတိုင်း ရှင်သန်နေထိုင်နေကြတဲ့ လူနာတွေအများကြီးရှိပါတယ်။

အရေးကြီးတာက ရောဂါကိုစောစီးစွာသိရှိပြီး စောစီးစွာ ကုသမှုခံယူနိုင်ဖို့ပါပဲ။ 🧑‍⚕️

အနှစ်ချုပ်ပြောရရင်တော့ အူမကြီးကင်ဆာကပြန်ဖြစ်နိုင်လို့ ခွဲစိတ်မှုခံယူပြီးရင်တောင် မပေါ့ဆဘဲ ဆရာဝန်ညွှန်ကြားချက်အတိုင်း ကျန်းမာရေးစစ်ဆေးမှုပုံမှန်ခံယူဖို့ မမေ့ကြပါနဲ့နော်။



#အူမကြီးကင်ဆာ

အနာကပ်ပလာစတာတစ်ခုရဲ့ အဓိကရည်ရွယ်ချက်က အနာပိုမဆိုးဝါးစေဖို့နဲ့ အနာမြန်မြန်ပြန်ကောင်းလာစေဖို့ပါ။ -----အချို့အနာကပ်ပလာစတာတွ...
23/11/2023

အနာကပ်ပလာစတာတစ်ခုရဲ့ အဓိကရည်ရွယ်ချက်က အနာပိုမဆိုးဝါးစေဖို့နဲ့ အနာမြန်မြန်ပြန်ကောင်းလာစေဖို့ပါ။
-----

အချို့အနာကပ်ပလာစတာတွေက ထူလွန်းတာကြောင့် အဝတ်အစားနဲ့ ပွတ်တိုက်မှုဖြစ်ပြီး ဒဏ်ရာကိုပိုဆိုးသွားစေပါတယ်။

ဒဏ်ရာကိုကပ်ထားတဲ့ အနာကပ်ပလာစတာအထူပေါ်ကနေ အဝတ်အစားဝတ်ရတာလည်း သက်သောင့်သက်သာမဖြစ်စေပါဘူး။

ဒဏ်ရာပြန်ကောင်းဖို့ အနာကပ်ပလာစတာလည်းကပ်ချင်တယ်၊ အဝတ်အစားတွေနဲ့ အဆင်ပြေချင်တယ်ဆိုရင် Duoderm Extra Thin အနာကပ်ပလာစတာရှိပါတယ်။ 🤗

Duoderm Extra Thin ကအဝတ်အစားနဲ့ အနာကပ်ပလာစတာပွတ်တိုက်မှုမဖြစ်အောင် အထူးပါးလွှာအောင်ထုတ်လုပ်ထားတာဖြစ်လို့ ကပ်လိုက်တာနဲ့ ခန္ဓာကိုယ်နဲ့ တစ်သားတည်းဖြစ်နေမှာပါ။

လိုတဲ့ပုံစံအတိုင်း ဖြတ်တောက်အသုံးပြုလို့ရပြီး ရေစိုခံတာကြောင့် ဘယ်နေရာကပ်ကပ် အဆင်ပြေပါတယ်။

ရောဂါပိုးကူးစက်မှုက ကာကွယ်ပေးပြီး အနာကျက်ဖို့လိုအပ်တဲ့ အစိုဓာတ်ထိန်းပေးလို့ အနာကိုအမြန်ဆုံးပြန်ကောင်းလာစေပါတယ်။

✅ အဝတ်အစားအောက်ကဒဏ်ရာတွေ အမြန်ဆုံးပြန်ကောင်းဖို့အတွက်ဆို ပြားချပ်ချပ်နဲ့ ပေါ့ပါးတဲ့ Duoderm Extra Thin ကိုသတိရလိုက်ပါ။


ဆီးအိတ်စဝတ်ဆင်ရတဲ့လူတွေအနေနဲ့ဆို ဝတ်နေကျမဟုတ်တာကြောင့် အခက်အခဲတွေကြုံရတတ်ပါတယ်။ 💁------လူနာအများစုက ဆီးအိတ်နဲ့ လှုပ်ရှား...
18/11/2023

ဆီးအိတ်စဝတ်ဆင်ရတဲ့လူတွေအနေနဲ့ဆို ဝတ်နေကျမဟုတ်တာကြောင့် အခက်အခဲတွေကြုံရတတ်ပါတယ်။ 💁
------

လူနာအများစုက ဆီးအိတ်နဲ့ လှုပ်ရှားရခက်မှာ၊ အနံ့အသက်ထွက်မှာ၊ ယိုစိမ့်မှုဖြစ်မှာကို စိတ်ပူတတ်ကြပါတယ်။

အနံ့အသက်ကင်းပြီး ယုံကြည်မှုအပြည့်နဲ့လှုပ်ရှားနိုင်စေမယ့် ဆီးအိတ်ဆိုရင်တော့ ConvaTec ရဲ့ Urostomy Bag ဆီးအိတ်ရှိပါတယ်။ 🤗

ConvaTec ဆီးအိတ်က အရည်အသွေးမြင့်ပစ္စည်းတွေကိုပဲ သုံးထားတာဖြစ်လို့ အရေပြားထိခိုက်မှုမရှိဘဲ အနံ့အသက်ကင်းလို့ ယုံကြည်စိတ်ချရမှုအပြည့်ရစေပါတယ်။

ပေါ့ပါးပြီး တပ်ဆင်အသုံးပြုရလွယ်ကူတဲ့အပြင် ပုံမှန်အဝတ်အစားတွေအောက်မှာ သိသာမှုမရှိအောင်ဝတ်လို့ရပြီး လှုပ်ရှားမှုတွေကိုလည်း အနှောင့်အယှက်မပေးပါဘူး။

ဆီးတွေအပေါ်ဆန်တက်မလာအောင် တားဆီးပေးတဲ့ Anti-Reflux အဆို့ပါလို့ ဝမ်းပေါက်ကနေ ဆီးယိုစိမ့်မှုမဖြစ်အောင်ကာကွယ်ပေးပါတယ်။

ဆီးအိတ်အောက်က အဖွင့်အပိတ်လုပ်နိုင်တဲ့ အပေါက်ကနေ အလွယ်တကူဆီးတွေ စွန့်ပစ်လို့ရလို့ ဆီးအိတ်ကြောင့်ဝန်ပိတာမျိုးမရှိဘဲ အနံ့အသက်စွဲနေတာမျိုးလည်း ကင်းစေပါတယ်။

✅ ဆီးအိတ်ဝတ်ဆင်သူတိုင်း အဆင်ပြေချောမွေ့ပြီး အနံ့အသက်ကင်းကင်းနဲ့ ယုံကြည်မှုအပြည့်ရှိစေဖို့ဆို ConvaTec ရဲ့ Urostomy Bag ဆီးအိတ်ကိုသတိရလိုက်ပါ။



#ဆီးအိတ်

ဆီးအိမ်ကင်ဆာဆိုတာ ဆီးအိမ်မှာရှိတဲ့ ဆဲလ်တွေကသန္ဓေပြောင်းပြီး အဆမတန်ပွားများလာလို့ဖြစ်ရတဲ့ ကင်ဆာပါ။ 🧑‍⚕️------ဆီးအိမ်ကင်ဆာ...
12/11/2023

ဆီးအိမ်ကင်ဆာဆိုတာ ဆီးအိမ်မှာရှိတဲ့ ဆဲလ်တွေကသန္ဓေပြောင်းပြီး အဆမတန်ပွားများလာလို့ဖြစ်ရတဲ့ ကင်ဆာပါ။ 🧑‍⚕️

------
ဆီးအိမ်ကင်ဆာကို အစောပိုင်းအဆင့်မှာတင် ခံစားရတဲ့လက္ခဏာတွေကြောင့် စောစောသိရှိလေ့ရှိပြီး စောစောကုသရင် ပျောက်ကင်းနိုင်ခြေများပါတယ်။

ဒါပေမယ့် ဆီးအိမ်ကင်ဆာက နောက်ထပ်ပြန်ဖြစ်တတ်တဲ့အတွက်ကြောင့် ဆီးအိမ်ကင်ဆာမဖြစ်အောင် ကြိုတင်ဂရုစိုက်ကာကွယ်တာ အကောင်းဆုံးပါပဲ။

ဆီးအိမ်ကင်ဆာဖြစ်ရင် ခံစားရတဲ့လက္ခဏာတွေကတော့ —
🔹ဆီးထဲတွင် သွေးစပါခြင်း
🔹ဆီးသွားစဉ်နာကျင်ခြင်း
🔹မကြာခဏဆီးသွားခြင်း
🔹ခါးနှင့် နောက်ကျောနာကျင်ခြင်း စတာတွေပဲဖြစ်ပါတယ်။

‼️ဆီးအိတ်ကင်ဆာဖြစ်စေသော အကြောင်းရင်းများ

ဆီးအိမ်ဆဲလ်တွေကိုသန္ဓေပြောင်းစေတဲ့ အကြောင်းရင်းအတိအကျမသိရပေမယ့် ရောဂါဖြစ်နိုင်ခြေပိုများစေတဲ့ အကြောင်းရင်းတွေကတော့ —

🔹ဆေးလိပ်သောက်ခြင်း
🔹အသက်ကြီးလာခြင်း
🔹အမျိုးသားဖြစ်ခြင်း
🔹အချို့သောဓာတုပစ္စည်းများနှင့် ထိတွေ့မှုများခြင်း
🔹နာတာရှည် ဆီးအိမ်ရောင်ရမ်းခြင်း
🔹မျိုးရိုးထဲတွင် ဆီးအိမ်ကင်ဆာဖြစ်သူရှိခြင်း
🔹ကင်ဆာကုသမှုခံယူဖူးခြင်းတို့ပဲ ဖြစ်ပါတယ်။

‼️စစ်ဆေးကုသခြင်း
ဆီးအိမ်ကင်ဆာစစ်ဆေးရန်အတွက်

🔹ဆီးစစ်ခြင်း
🔹ဆီးလမ်းကြောင်းမှတစ်ဆင့် မှန်ပြောင်းကြည့်ခြင်း
🔹ဆီးလမ်းကြောင်းတွင် အသားပိုတွေ့လျှင် အသားစစစ်ဆေးခြင်းတို့ဖြင့် ရောဂါစစ်ဆေးနိုင်ပါတယ်။

ဆီးအိမ်ကင်ဆာကုသဖို့အတွက် ကင်ဆာ‌အခြေအနေအလိုက် ကင်ဆာကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံးနဲ့ ခွဲစိတ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

ဆီးအိမ်ကင်ဆာကို ကုသပြီးရင်တောင် နောက်ထပ်ပြန်ဖြစ်နိုင်သေးလို့ ဆရာဝန်ညွှန်ကြားချက်အတိုင်း ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ခံယူဖို့အရေးကြီးပါတယ်။ 🧑‍⚕️

‼️ကြိုတင်ကာကွယ်ခြင်း
ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေရန်အတွက်
🔹ဆေးလိပ်ဖြတ်ပါ။
🔹အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ခြင်းရှောင်ပါ။
🔹အာဟာရပြည့်ဝအောင် စားသောက်ပါ။
🔹ရေများများသောက်ပါ။
🔹ကျန်းမာရေးစစ်ဆေးမှုပုံမှန်ခံယူပါ။
🔹ဆီးအိမ်ကင်ဆာဖြစ်ရင်လည်း ဆရာဝန်နဲ့သေချာပြသပြီး စောစီးစွာကုသမှုခံယူပါ။

အခုလောက်ဆို ဆီးအိမ်ကင်ဆာအကြောင်းပိုသိသွားလောက်မယ် ထင်ပါတယ်နော်။🤗




#ဆီးအိမ်ကင်ဆာ

Address

DKSH (Myanmar)
Ranchi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959967842489

Alerts

Be the first to know and let us send you an email when ConvaTec Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share