04/11/2025
``အမျှဝေပြသနာ´´
မေး။တမလွန်ဘဝသို့ပြောင်းသွားကြသောသူတို့အားရည်စူး၍လှူတန်းသေးအကုသိုလ်အဖို့ကိုဆွေမျိုးသားချင်းတို့ကအမျှပေးဝေလျှင်နောက်ဘဝသတ္တဝါတို့ရမည်အမရမည်ကိုသိချင်ပါသည်ဘုရား။
ဖြေ။အမျှဝေလျှင်ကုသိုလ်အဖို့ကိုရနိုင်သောအရပ််ရနိုင်သာအရပ်ဟူ၍ရှိသည်။
လူ့ပြည်နတ်ပြည်ငရဲပြည်၊တိရိစ္ဆာန်ဘုံတို့၌ရအပ်သောအဝတ်အစားချမ်းသာဆင်းရဲတို့ကိုသာံစားကြရလေသည်။ရည်မှတ်၍ပေးလှူသောကုသိုလ်အကျိုးကိုမခံစားကြရပေ။
ပြိတ္တာဘုံ၌ဖြစ်သောသူတို့သာအလှူကောင်းကျိုးကုခံစားရသည်၊သို့သော်အကြောင်း၃ပါးလည်းညီညွတ်ရသေးသည်။
အကြောင်း၃ပါးဟူသည်
၁။ရည်မှတ်၍ပေးလှူသောအခါ
၂။အမျှဝေသောအခါ
၃။ထိုပြိတ္တာလာခိုက်လာခိုက်ကြုံ၍သာဓုခေါ်သောအခါတို့ဖြစ်သည်။
ထိုပြဿနာနှင်ပတ်သတ်၍မြတ်စွာဘုရားသခင်သည်သာဝတ္တိပြည်ဇာဏုသောဏီပုဏ္ဍားမေးလျှောက်သဖြင့်ဟောတော်မူဖူး၏၊``မြင့်ရာကစီးသောရေသည်နိမ့်ရာအရပ်သို့စီးသကဲ့သို့´´ကုသိုလ်အဖို့အမျှဝေရာလျှင်ရသည်ဟုဟောတော်မူသောတရားတော်မှာလည်းထိုပြိတ္တာကိုရည်မှတ်၍ဟောတော်မူခြင်းဖြစ်သည်။
#ဆရာတော်ခင်ကြီးဖျော်