30/11/2025
နဖူးက သင်္ကေတကို Runes ပညာတတ်ထားတဲ့သူတွေ ဖတ်တတ်မှာပါ။
စနစ်ထဲမှာနေပေမဲ့ စနစ်ထဲမှာ လွတ်မြောက်နေသလိုလို၊ စနစ်ရဲ့အသုံးချခံ ဖြစ်မနေသလိုလိုပါဘဲ။ စိတ်နဲ့ခံစားမှရတဲ့အရာဆိုတော့ ရင်ဘက်ထဲဝင်ကြည့်မှ နားလည်နိုင်မှာ။
စကားလုံး အသုံးအနှုန်းတွေဆိုတာ သူ့နေရာ၊သူ့ဘောင်နဲ့ သုံးရတယ်။ ပါဠိအသိုင်းအဝိုင်းထဲမှာဘဲ ပါဠိစကားသုံးလို့ရမယ်။
Spiritual အသိုင်းအဝိုင်းထဲမှာဆိုရင် Spiritual စကားသုံးရမယ်။ လူအသိုင်းအဝိုင်းထဲမှာနေရင် လူစကားပြောလို့ရတယ်။ ရှာမန်အသိုင်းအဝိုင်းထဲမှာနေရင် ရှာမန်စကားသုံးရမယ်။ သူ့နေရာနဲ့သူဘဲ။ ဇွတ်ကြီး တူပါတယ်ဆိုပြီး အတင်းသွပ်သွင်းလို့မရဘူး။ Spiritual အသိုင်းအဝိုင်းထဲလာပြီး ပါဠိစကားပြောလို့ အဆင်ပြေမလား? လူအသိုင်းအဝိုင်းထဲလာပြီး Spiritual စကားပြောလို့အဆင်ပြေမလား? ရှာမန်အသိုင်းအဝိုင်းထဲလာပြီး ပါဠိစကားသုံးလို့အဆင်ပြေမလား?
Shaman အသိုင်းအဝန်းကလဲ Spiritual အသိုင်းအဝိုင်းထဲပါတာမို့ Spiritual စကားလေးတွေတော့ သုံးလို့ရတယ်။အဆင်ပြေပါတယ်။ဗေဒင်အသိုင်းအဝိုင်းထဲမှာလဲ ဗေဒင်စကားဘဲပြောလို့ရတယ်။ Energy အသိုင်းအဝိုင်းလဲ Energy စကားဘဲပြောလို့ရတယ်။
အဖြေကရှင်းရှင်းလေး အကုန်လုံး သူ့စနစ်နဲ့သူအလုပ်လုပ်တယ်။ မရောထွေးဘူး။ စည်းပါးပါးလေးခြားတယ်။
OSIRIS