29/08/2022
Binaural Beats အသုံးပြု၍ဝိညာဉ်လွှင့်နည်း
Binaural Beatsဆိုတာ သင်လိုချင်တဲ့ဦးဏှောက်ကိုအခြေအနေတစ်ခုကို ရောက်အောင်လုပ်ပေးတဲ့ အထူးကြိမ်နှုန်းတွေပေါ့ အဲ့ဒီကြိမ်နှုန်းတွေက ဦးဏှောက်ကိုအတွေးတွေကောင်းအောင်လုပ်ပေးတယ်(ပိုပြီးတွေးလို့ကောင်းတာပြောတာပါ) အိပ်တာမြန်အောင်လုပ်ပေးတယ် Lucid Dreamingအပြင်Astral Projection ,Subliminalနဲ့reality shiftingတွေမှာပါသုံးပါတယ်
Binaural Beat ကသင့်ရဲ့အတွေးတွေကိုအမှန်တကယ်လို့ထင်လာအောင်လုပ်ပေးနိုင်စွမ်းရှိပါတယ် ဥပမာ ယခုသင်ဟာသင့်crushနဲ့ရည်းစားဖြစ်နေတယ်လို့စိတ်ကူးယဉ်လိုက်ပါတယ် အဲ့တာကတကယ်မဟုတ်ဘူးစိတ်ကူးသက်သက်ဆိုတာကိုသင်လဲသိပါတယ် ဒါပေမယ့်Binaural Beatတွေအသုံးပြုတဲ့အခါမှာကိုယ့်ရဲ့စိတ်ကူးတွေကတကယ့်အမှန်တကယ်လိုဖြစ်နေပါတယ် ဦးဏှောက်ကအမှား အမှန်ကိုမခွဲခြားနိုင်တော့ပါဘူး ဥပမာ သင်ကသင်အသားဖြူတယ်လို့တွေးနေရင် အရင်ကတည်းကဖြူဖူးသလိုမွေးလာကတည်းကဖြူနေသလိုခံစားရပါလိမ့်မယ်
မတူညီတဲ့ဦးဏှောက်အခြေအနေက မတူညီတဲ့အရာတွေလုပ်ဖို့အတွက်ကောင်းတာပေါ့ ဥပမာ ကျွန်တော်တို့နေ့စဉ်တွေးနေတဲ့အရာတွေက BETA ဦးဏှောက်လှိုင်းအခြေအနေမှာရှိပါတယ် Astral Projection လုပ်ဖို့ဆိုရင် THETAဦးဏှောက်အခြေအနေကိုလိုအပ်ပါတယ်
Binaural Beatsကသင့်ကိုအဲ့ဒီဦးဏှောက်အခြေအနေရောက်ဖို့ မိနစ်ပိုင်းအတွင်းလုပ်ဆောင်ပေးနိုင်ပါတယ် Binaural Beatsသံစဉ်တွေကိုနားထောင်ပြီးမိနစ်20လောက်အကြာထိဦးဏှောက်ကတဖြည်းဖြည်းပြောင်းလဲနေမှာပါ တရားထိုင်တာကလဲဦးဏှောက်အခြေအနေကိုပြောင်းလဲစေပါတယ် တရားထိုင်တာကြာလို့THETA BRAINSTATEကိုရောက်သွားရင်လဲဝိညာဉ်ထွက်သွားတတ်ပါတယ်
မနက်အချိန်တွေမှာလဲ ဦးဏှောက်ကသဘာဝအတိုင်းBinaural wavesတွေကိုထုတ်ပေးပါတယ် ဒါကြောင့်AP LDတွေလုပ်မယ်ဆို မနက်လင်းခါနီးအချိန်ကအကောင်းဆုံးဖြစ်နေတာပါ Youtubeမှာတော့ Binural Beatsလို့ရိုက်ရှာလိုက်တာနဲ့ Binaural Beatsတီးလုံးသံဗီဒီယိုတွေအများကြီးကျလာမှာပါ
တော်တော်များများကတော့အလုပ်မဖြစ်ပါဘူး ဘာလို့လဲဆိုတော့ Youtubeကဗီဒီယိုတွေကိုungradedလုပ်ထားလို့ပါ ကျွန်တော်လဲ အလုပ်ဖြစ်မယ့်ဟာတော့လိုက်ရှာကြည့်နေတုန်းပဲ ဘယ်ဟာကောင်းလဲလဲသေချာတော့မပြောနိုင်သေးဘူးဗျ အကောင်းဆုံးကတော့Monroe Institute ကBinaural Beatsတွေပါပဲ
တစ်လက်စထဲ Robert Monroeဆိုတဲ့လူအကြောင်းကိုပြောပါရစေ သူကအိပ်မပျော်တဲ့ရောဂါရှိတဲ့လူတစ်ယောက်ပေါ့ အိပ်ပျော်ဖို့အတွက်ညတိုင်း ရေစီးသံတွေသံစဉ်တွေနားထောင်ပြီးအိပ်ရတယ် တစ်ညမှာ သူခန္ဓာကိုယ်ကလေထဲကိုမြောက်တက်သွားပြီး ကုတင်ပေါ်မှာအိပ်နေတဲ့သူ့ကိုယ်သူပြန်မြင်ရတယ် Astral Projectionဖြစ်သွားတာပေါ့ နောက်မှသူသိရတာက သူနားထောင်နေတဲ့အသံတွေကြောင့်ဖြစ်တယ်ဆိုတာပါ Robert MonroeဆိုတာMonroe Institue(ဝိညာဉ်လွှင့်တာနဲ့ထူးခြားဖြစ်စဉ်တွေကိုသုတေသနပြုဌာန)ရဲ့ခေါင်းဆောင်ပါ အဲ့ဒီမှာဆရာမJade Shawရဲ့ဝိညာဉ်လွှင့်သင်တန်းလဲရှိပါတယ်
Binaural Beatsတွေကသုံးလို့လဲလွယ်ပါတယ် ညအိပ်ချိန် ဒါမှမဟုတ် lucid dream(WILD) or wake back to bed(WBTB) lucid dreaming technique တွေလုပ်နေတဲ့အချိန်မှာ နားထောင်ရုံပါပဲ Binaural Beatsတွေကိုအသုံးပြုပြီး Astral Projectionတွေလုပ်တဲ့အခါမှာလဲ Astral Projection ကိုပိုပြီးလွယ်လွယ်ကူကူလုပ်နိုင်မှာပါ
Binaural Beatsအကြောင်းတွေကိုStef from lucid dream နဲ့ Robert Monroeအကြောင်းကို Monroe Instituteကဆရာတစ်ယောက်ပြောပြတာကို ကျွန်တော်ကိုယ်တိုင်ပြန်ရေးထားတာပါ