The Stoic Pathway

The Stoic Pathway Reject Modernity Embrace Masculinity

“Begin each day by telling yourself: Today I shall be meeting with interference, ingratitude, insolence, disloyalty, ill...
11/04/2023

“Begin each day by telling yourself: Today I shall be meeting with interference, ingratitude, insolence, disloyalty, ill-will, and selfishness – all of them due to the offender’s ignorance of what is good or evil. But for my part I have long perceived the nature of good and its nobility, the nature of evil and its meanness, and also the nature of the culprit himself, who is my brother (not in the physical sense, but as a fellow creature similarly endowed with reason and a share of the divine); therefore none of those things can injure me, for nobody can implicate me in what is degrading. Neither can I be angry with my brother or fall foul of him; for he and I were born to work together, like a man’s two hands, feet, or eyelids, or the upper and lower rows of his teeth. To obstruct each other is against Nature’s law – and what is irritation or aversion but a form of obstruction.”

― Marcus Aurelius, Meditations Chapter 2

Mindfulness and Emotionally Well-Being (သတိပဋ္ဌာန်)-Mindfulness ဆိုတာက အာရုံ မပြန့်ဘဲ ပစ္စုပန်ကာလ နဲ့ ပတ်ဝန်းကျင်ကို အာရ...
04/04/2023

Mindfulness and Emotionally Well-Being (သတိပဋ္ဌာန်)

-Mindfulness ဆိုတာက အာရုံ မပြန့်ဘဲ ပစ္စုပန်ကာလ နဲ့ ပတ်ဝန်းကျင်ကို အာရုံစိုက်ပြီးကျင့်ရတဲ့ကျင့်စဉ်တစ်မျိူဖြစ်တယ်။ Mindfulness နဲ့ Meditationက အတိအကျတော့ မတူပေမဲ့ အဲ့၂ခုက Practice လုပ်တဲ့ပုံတွေခပ်ဆင်ဆင်ဖြစ်ပြီး တစ်ခုနဲ့တစ်ခုကမှီခိုနေရတဲ့ ကျင့်စဉ်ဖြစ်တယ်။ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတာတွေနဲ့ပက်သက်ပြီး အကုန်လုံးက စိတ်ညစ်စိတ်ရှုပ်နေကြဖို့များတယ်။ အဓိကကတော့ အခုလို ကာလမှာ လူကြီးလူငယ်မရွေး ကိုယ့်စိတ်ကျန်းမာရေးကို ဂရုစိုက်သင့်တယ်။Mindfulness ဆိုတာက တစ်ကိုယ်ရည် "စိတ်"သန့်ရှင်းရေးဆိုပြီး Ven Nandacara ရဲ့ "Mindfulness အကြောင်းတစ်စေ့တစ်စောင်း" စာအုပ်ထဲမှာကျနော်ဖတ်ဖူးတာကိုသွားသတိရမိတယ်။

-ကိုယ့်စိတ်ကျန်းမာရေး ကို ငွေကြေးတစ်ပြားတစ်ချပ်မှအကုန်မခံပဲဘလို ဂရုစိုက်ရမလည်း။

1. Practice Mindfulness Meditation : တနေ့ကို 5-10 မိနစ်လောက် တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ ထိုင်ပြီးကိုယ့်ဝင်သက်ထွက်သက် လေးကို မှတ်ပြီး တရားထိုင်ကြည့်ပါ။ တရားထိုင်နေရင်းနဲ့ အာရုံမစိုက်နိုင်ပဲ စိတ်ဂနာမငြိမ်ဖြစ်တာမျိုးက ပုံမှန်ပါပဲ။ "ငါဒီအတွေးတွေဝင်နေပါလား" ဆိုပြီး ဝင်သက်ထွက်သက်ပဲပြန်မှတ်ပါ။

2. Gratitude Journal : နေ့စဉ်နေ့တိုင်းစာအုပ် တစ်အုပ်ယူပြီး ဒီနေ့ကိုယ့်စိတ်ထဲမှာ ပျော်ရွှင်ရတဲ့ အချက်၃ချက်အနည်းဆုံး ချရေးကြည့်ပါ။ မိသားစုနဲ့ ထမင်းလက်စုံတူတူစားရတဲ့အကြောင်း ပြတင်းပေါက်ကနေ မြင်ရတဲ့ View ဘလောက်လှကြောင်း ရေးကြည့်ပါ။ ဘယ်အရာမဆို ချရေးလို့ရပါတယ်။ အဓိကက ကိုယ့်စိတ်ကို Positiveတွေပိုတွေးတတ်လာအောင်ကျင့်တဲ့သဘောမျိုးပေါ့။

3. Positive Relationships : ကိုယ်ချစ်ရခင်ရတဲ့ သူတွေအနားမှာနေပြီး ကိုယ်ဘလောက်သူတို့ကိုချစ်ကြောင်းခင်ကြောင်း စိတ်ထဲကနေစဉ်းစားပြီး တွေးပါ။ သူတို့ကိုထုတ်ပြောရင်တော့ ပိုကောင်းပါတယ်။ ယောကျာ်းလေးတွေဆိုရင် ကို့အဖေကိုယ် ဘလောက်ချစ်ကြောင်းပြောကြည့်ပါ။ အဖေကောင်းဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ သူ့ကောင်းကွက်လေးတွေမြင်ကြည့်ပါ။

4. Avoid Negative Self-Talk : လူတိုင်းမှာ ကိုယ့်ဘဝကို မကျေနပ်ရတဲ့အကြောင်းတွေ ရှိပါတယ်။ ဆင်းရဲတဲ့မိသားစုမှာမွေးလာတာ၊ ရုပ်ဆိုးတာ ၊ အရပ်ပုတာ စတဲ့ အရာတွေကိုမစဉ်းစားပဲ ကို့ရှိတာလေးကိုလောလောဆယ်ကျေနပ်ပြီးဘာမှမဖြစ်ဖူး ဆိုပြီးပြောင်းတွေးပါ။ ကို့ကို အရမ်းမဝေဖန်ပါနဲ့။ Self-Critical ဖြစ်လို့ ဘာအကျိုးမှမရပါဖူး။

တမလွန်ကလူတွေကို ပေးခဲ့တဲ့ကတိတွေ ပြန်အမှတ်ရပါ။

"ကိုယ့်မှာရှိပြီးသားအရာတွေကို တန်ဖိုးထားဖို့ ပျက်ကွက်သူတွေဟာ ပျော်ရွှင်မှုကို ဘယ်တော့မှခံစားရမှာမဟုတ်ပါဖူး"

-Gautama Buddha

Ven Nandacara - https://www.facebook.com/profile.php?id=100053342168810

Monk Mode-Monk Mode ဆိုတာဘာလည်း?Monk Mode ဆိုတဲ့ termက  စိတ်ကိုအာရုံစူးစိုက်မှူအပြည့်ရပြီး အလုပ်ပိုပြီးမြောက်ဖို့ အသုံးပ...
27/03/2023

Monk Mode
-Monk Mode ဆိုတာဘာလည်း?

Monk Mode ဆိုတဲ့ termက စိတ်ကိုအာရုံစူးစိုက်မှူအပြည့်ရပြီး အလုပ်ပိုပြီးမြောက်ဖို့ အသုံးပြုတဲ့ စိတ်ပိုင်းဆိုင်ရာနည်းတစ်မျိုးဖြစ်တယ်။ Monk Modeလုပ်မယ်ဆိုတဲ့ လူတစ်ယောက်ကအာရုံ ထွေပြားစေမဲ့ Distractions တွေ ကိုလုံးဝ မလုပ်ပဲ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ အလုပ်တစ်ခုတည်းကိုပြီးမြောက်အောင်လုပ်ရတာဖြစ်တယ်။

အခုခေတ်မှာကတော့ အာရုံထွေပြားပြီး စိတ်ကိုဂနာမငြိမ်အောင်လုပ်တဲ့အရာတွေ အများကြီးရှိပါတယ်။ Social Media တွေ Video Games တွေ Po*******hy တွေကတော့ သာမန်လူတစ်ယောက်မှာ အမြဲတမ်းမြင်ရတဲ့ Distractions တွေ လို့ပြောလို့ရတယ်။ အဲ့Distractions တွေက Monk Mode ရဲ့ရန်သူတွေပဲ။ သာမန် လူတစ်ယောက်ရဲ့အာရုံစူးစိုက်နိုင်စွမ်း (attention span) ကတစ်နှစ်ထက်တစ်နှစ်အရမ်းကိုအားနည်းလာတယ်။ ဒီလိုအာရုံစူးစိူက်မှုနည်းတဲ့အတွက်ကြောင့် လူတော်တော်များများအရာတစ်ခုခုကိုအချိန်ကြာကြာ အာရုံစိုက်ပြီးမလုပ်နိုင်ကြတော့ဖူး။ Monk Mode က attention spanကောင်းလာအောင်လုပ်ပြီး အရင်ကထက် အလုပ်ပိုပြီးမြောက်အောင်ကူညီပေးတဲ့လမ်းစဉ်တစ်ခုဖြစ်တယ်။

-Monk Mode ကိုဘလိုလူတွေသုံးလို့ရလည်း?

Monk Mode ကိုကျနော်တို့လို တက္ကသိုလ်ကျောင်းသားတွေ Physical အလုပ်မဟုတ်ပဲ ရုံးအလုပ်လုပ်တဲ့သူတွေ Freelancerတွေလုပ်လို့ရတဲ့အပြင်မှာမှ ဘာသာစကားအသစ် Skillအသစ်တစ်မျိုးသင်ချင်တဲ့ လူတွေပါလုပ်လို့ရတယ်။ အဓိကက Monk Mode ကို လုပ်မယ်ဆို ရက်သတ်မှတ်ပြီး လုပ်တာကပိုထိရောက်တယ် အလုပ်ခဏလေးလုပ်ဖို့ ဖုန်းကိုဘေးနားချပြီး အလုပ်ထိုင်လုပ်လိုက်တာက အကျိုးရှိပေမဲ့ အဲ့ဒါကMonk Mode မဟုတ်ပါဖူး။ ကို့အတွက်ဘယ်အချိန်မှာ အလုပ်လုပ်မယ် ဘယ်အချိန်မှာ ဘာသာစကားအသစ်သင်မယ်ဆိုပြီး schedule တရက်ကြိုပြီးဆွဲထားတာမျိုးကိုမှMonk Mode လို့ခေါ်လို့ရတာဖြစ်တယ်။

-Monk Mode ဆိုတာကြီးကို လုပ်ချင်တယ် ဘလိုစလုပ်ရမလည်း?

အဲ့တော့Monk mode မှာ အရင်ဆုံးစလုပ်ရတဲ့ အချက်က Goalသေးသေးလေးတွေထားပြီး scheduleဆွဲရတယ်။ မနက် ၁၀နာရီကနေ ၁၂ထိဘာလုပ်မယ်ဆိုပြီး တရက်မတိုင်ခင်ကတည်းကကြို scheduleဆွဲထားတာမျိုးပေါ့။ Scheduleဆွဲပြီးသွားပြီဆိုရင်တော့ မနက်ဖြန် အဲ့schedule အတိုင်းကိုလိုက်ပြီးလုပ်ရမှာပေါ့။ လုပ်တဲ့အချိန်ကျရင် စိတ်ကမလုပ်နိုင်တာ အာရုံမစိုက်နိုင်တာမျိုးတွေရှိတယ်။ အဲ့အတွက်ကြောင့် ဖုန်းကိုမလိုအပ်ဘဲသုံးတာမျိုး မလုပ်ဖူး Notifications offထားမယ် Computer မှာ မလိုအပ်တဲ့ Tabs တွေ Software တွေမဖွင့်ထားဖူး အေးအေးဆေးဆေးဖြစိတဲ့နေရာမှာ (or) နားကြပ်လေးတပ်ပြီးအလုပ်လုပ်မယ် ဆိုရင်တော့ အလုပ်လုပ်ရတာပိုလွယ်သွားမှာပါ။ Social Media သုံးပြီး Computer မှာ အလုပ်လုပ်ရတဲ့ သူတွေ အတွက်ကတော့ Facebook Feed Eradicator လို့ခေါ်တဲ့ Chrome Extensions သုံးရင်တော့ Facebook နဲ​့ Instagram မှာဘာpost မှမတက်ပဲ အာရုံပိုစိတ်လို့ရလိမ့်မယ်။

Monk Mode မှာ တရားထိုင်တာ၊ Exerciseလုပ်တာ၊ Distractionsမရှိပဲအလုပ်လုပ်တာ၊ အရက် မူးယစ်ဆေး တွေရှောင်တာက အဓိကအကျဆုံးအချက်တွေပဲ။ တရားဘာကြောင့် ထိုင်ရလည်းဆိုတော့ တရားထိုင်နေတုန်း ကျနော်တို့နှာဖျားထိပ်လေးကိုပဲအာရုံစိုက်ရတဲ့အတွက် ကျနော်တို့ focusပိုကောင်းလာပါတယ်။

P.S ကျနော်​့Monk Mode Scheduleပါ ပြထားပါတယ်။

Hello and welcome to my self improvement page!ဒီpageရဲ့ ရည်ရွယ်ချက်ကတော့ Self Improvement ပါ လူတစ်ယောက်ချင်းစီရဲ့ ဘဝမှာ ...
26/03/2023

Hello and welcome to my self improvement page!

ဒီpageရဲ့ ရည်ရွယ်ချက်ကတော့ Self Improvement ပါ လူတစ်ယောက်ချင်းစီရဲ့ ဘဝမှာ အကောင်းဆုံးသောအနေအထား(best-self)ကို ရောက်အောင် သိသမျှ အားလုံးsharingလုပ်ပေးသွားမှာပါ

ကိုယ်တိုင်ကလည်းself improvement journeyမှာဖြစ်တဲ့အတွက်ကြောင့် ကို့ရဲ့Personal Growthကို အားလုံးနဲ့အတူတူshareပေးသွားဖို့ပဲtargetထားပါတယ်

Pageရဲ့ Mission ကတော့

(1)Self Improvement

(2) Fitness (ကျန်းမာရေး)

(3) Spirituality (ဘာသာရေး)

(4) Mental Health (စိတ်ကျန်းမာရေး)

(5) Philosophy (ဒဿန) တွေပဲဖြစ်ပါတယ်

Address

Hatfield
AL109UW

Telephone

+447438782826

Website

Alerts

Be the first to know and let us send you an email when The Stoic Pathway posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram