Healthy & Happy

Healthy & Happy Fitness | Nutrition | wellness

Empowering women to a healthier version of them with every bite and rep.

My goal is to promote healthy eating habits, weight lifting and help to achieve their fitness goal. I would like to share how to cook fat loss healthy meal.

Client transformation -2ဒီ Client လေးက UK မှာ Head Chef အလုပ်လုပ်နေသူပါ။တနေ့လုံး မတ်တပ်ရပ်ပြီး မီးဖိုချောင်ထဲမှာ အလုပ်လု...
07/02/2026

Client transformation -2

ဒီ Client လေးက UK မှာ Head Chef အလုပ်လုပ်နေသူပါ။တနေ့လုံး မတ်တပ်ရပ်ပြီး မီးဖိုချောင်ထဲမှာ အလုပ်လုပ်ရသူ၊ ညမိုးချုပ်မှ အိမ်ပြန်ရောက်၊
စားချိန်မမှန်၊ အိပ်ချိန်မမှန်…မီးဖိုချောင်ထဲမှာ လက်လှမ်းမှီရာ ကောက်စားတတ်တဲ့ lifestyle ပေါ့။

Gym ကိုတော့ ကြည်နဲ့ မတွေ့ခင်ထဲက သွားနေပြီးသားပါ။ ဒါပေမဲ့
❌ structure workout မရှိ
❌ motivation ရှိတဲ့နေ့မှပဲ gym သွား
❌ busy schedule ကြောင့် consistency မရှိ
ဒီအချက်ကြောင့်လိုချင်တဲ့ dream body ကို မရောက်နိုင်သေးတဲ့လူပေါ့လေ။

ကြည်Consultation ယူပြီးတဲ့နောက် ကြည်က သူ့ရဲ့ busy chef schedule ကို အဓိကထားပြီး
🍀realistic
🍀sustainable
🍀long-term follow လုပ်လို့ရတဲ့
12 weeks personalised training program ကို ဆွဲပေးခဲ့ပါတယ်။ စစချင်း တပတ် ၃ရက်ကနေ တဖြေးဖြေးတိုးဆော့လာတာ ခုဆို တပတ် ၅ရက်ဆော့နေပါပြီ။

🥗Nutrition ပိုင်းမှာလည်း Chef ဖြစ်တဲ့အတွက် အစားအသောက်စီစဉ်ရတာ မခက်ပေမဲ့မြင်သမျှ ကောက်စားတာမျိုး မဖြစ်အောင်သူကြိုက်တတ်တဲ့ အစားအစာလေးတွေကိုပဲ
✅calorie control လုပ်ပြီး၊ စိတ်ကျေနပ်မှုရအောင် meal plan ကို tailor-made ဆွဲပေးခဲ့ပါတယ်။

အပတ်စဉ် check-in ဝင်တိုင်း အခက်အခဲတွေကို နားထောင်ပြီး
👉 mindset
👉 routine
👉 recovery ပိုင်းတွေမှာ အကြံလေးတွေ ပေးဖြစ်ပါတယ်။

ဒီ body transformation journey က “ငါမအားလို့ မလုပ်နိုင်ဘူး” ဆိုတဲ့ excuse ကို “တကယ်လုပ်ချင်စိတ်ရှိရင် ငါလုပ်နိုင်တယ်၊ ဖြစ်နိုင်တယ်” ဆိုတဲ့ result နဲ့ သက်သေပြထားတာပါ။

သူကတော့ 12 weeks ပြီးသွားတဲ့အချိန် သူ့ result ကို သဘောကျလို့ နောက်ထပ် 12 weeks plan ထပ်ဆော့နေတဲ့လူပေါ့။

မိတ်ဆွေတို့လဲ မှန်ကန်တဲ့ plan + support ရရင် သင်ကိုယ်တိုင်လဲပြောင်းလဲနိုင်ပါတယ် 🤍

You can do it too 💪



စားဖြစ်သမျှလေးတွေ လာသိမ်းတာRice paper chicken mince steamed - https://www.facebook.com/share/r/18LigrVq6d/Shrimp rice pa...
07/02/2026

စားဖြစ်သမျှလေးတွေ လာသိမ်းတာ

Rice paper chicken mince steamed - https://www.facebook.com/share/r/18LigrVq6d/

Shrimp rice paper roll - https://www.facebook.com/share/r/1TTdqTprZP/

ရခိုင်မုန့်တီ healthy version - https://www.facebook.com/share/v/1BoVMjnMDe/

Dumpling lasagna- https://www.facebook.com/share/r/1QGw8oCuY4/

Rice paper ရေမုန့် - https://www.facebook.com/share/r/1LT7kqjVXC/

ဒါလေးက လုပ်စားဖို့သိမ်းထားတာလေးတွေ ပြန် share ပေးလိုက်ပါတယ်။

Client ရဲ့ successful transformation အကြောင်းလေးပြောပြချင်လို့.. 1:1 coaching တပတ် ၂ရက်ယူတဲ့ client ပါ။ တပတ်၂ရက် တူတူဆော...
05/02/2026

Client ရဲ့ successful transformation အကြောင်းလေးပြောပြချင်လို့..

1:1 coaching တပတ် ၂ရက်ယူတဲ့ client ပါ။
တပတ်၂ရက် တူတူဆော့ကြတယ်။ ပထမ ၃လကို အစားလေးနဲနဲထိမ်းတာကလွဲရင် အရမ်း strict diet မလုပ်ထားဘူး။ ကလေးအမေမို့ အိမ်အလုပ်၊ ကလေးအလုပ်နဲ့အမြဲ မအားပေမဲ့ 1:1 coaching ချိန်ကို body weight နဲ့ ထိထိမိမိဆော့ဖြစ်တယ်။
၄လလောက်မှာ body weight မပြောင်းပေမဲ့ အဝတ်တွေချောင်ကုန်တယ်။ အတိုင်းတွေကျတယ်။ အဲ့တော့ Motivation ရပြီး အစားလေးပါ သေချာလိုက်စားရင် ပိုပြောင်းလဲမှာပဲဆိုပီး diet ကို သေချာလိုက်လုပ်တယ်။
အဲ့ကနေ ၆လကျော်မှာ အရမ်းတိုးတက်လာတယ်။ home workout ကနေ gym workout ပြောင်းဆော့နိုင်ခဲ့တယ်။ ၁၀လကျော်မှာ 1:1 coaching trainer မလိုတော့ပဲ ကိုယ့်ဟာကိုယ် gym သွားဆော့နိုင်တဲ့အထိ ပြောင်းလဲနိုင်ခဲ့တဲ့ client လေးပါ။

ပြောချင်တာက..
🍀 တကယ်ဖြစ်ချင်တဲ့စိတ်ရှိရင် တကယ်ဖြစ်ပါတယ်။ အလုပ်များလို့ မအားလို့ဆိုတာက excuse တွေပါ။

🍀 Nutrition အရေးကြီးပါတယ်။ ဆော့တော့ဆော့တယ် အစားမဆင်ခြင်ရင် ကျန်းမာသော ဘော်ဒီရပေမဲ့ body goal တော့ ရဖို့ခက်မယ်။

🍀 coaching ယူထားတယ်ဆိုရင် သိချင်တာရှိရင် မေးပါ။ ကိုယ်တိုင်လဲ စာတွေဖတ်ပါ။ ပြီးရင် မရှင်းတာ နားမလည်တာ မေးပါ။ မေးပါများမှ အမှားတွေသိ အမှန်ပြင်လို့ရမှာ။

Detail review ဖတ်ချင်ရင်တော့ client ကိုယ်တိုင်ရေးထားတဲ့ review link လေးချပေးထားပါတယ်။





https://www.facebook.com/share/p/16uivKiUBj/?mibextid=wwXIfr

✅Body transformation ဖြစ်စေဖို့ အဓိကကျတဲ့အချက်က စိတ်ပိုင်းဆိုင်ရာပါပဲ။1️⃣ဖြစ်ချင်စိတ် (Why) – ကိုယ်ဘာကြောင့် ပြောင်းလဲချ...
31/01/2026

✅Body transformation ဖြစ်စေဖို့ အဓိကကျတဲ့အချက်က စိတ်ပိုင်းဆိုင်ရာပါပဲ။

1️⃣ဖြစ်ချင်စိတ် (Why) – ကိုယ်ဘာကြောင့် ပြောင်းလဲချင်တာလဲဆိုတဲ့ အကြောင်းရင်းက ခိုင်မာရပါမယ်။ Why ဆိုတဲ့ ground reason မရှိရင် လွယ်လွယ်နဲ့ လက်လျှော့သွားတတ်ပါတယ်။

2️⃣မှန်ကန်တဲ့စိတ်ဓာတ် (Right Mindset) – အချိန်တိုအတွင်းမှာ မပြောင်းလဲဘူးဆိုတာကို လက်ခံနိုင်ဖို့လိုပါတယ်။စစချင်းမပြောင်းလဲ၊ မတိုးတက်တဲ့အချိန်တွေမှာလဲ အားမလျှော့ပဲ ဆက်လုပ်နိုင်ဖို့လိုပါတယ်။

3️⃣သည်းခံနိုင်စွမ်း (Consistency & Patience) – Workout တစ်ပတ်၊ Diet တစ်ပတ်နဲ့ မရပါဘူး။ လအနည်းငယ်၊ ၆လကနေ နှစ်ဝက်လောက် အစဉ်မပြတ် လုပ်နိုင်မှ တကယ့် result ထွက်ပါတယ်။

ဒါ့အပြင် အထောက်အကူဖြစ်တဲ့ အချက်တွေကတော့ —

✅အစားအစာ (Nutrition) ကို စနစ်တကျ စားဖို့
✅ကိုယ်နဲ့ကိုက်ညီတဲ့ လေ့ကျင့်ခန်း (Training plan) ရှိဖို့
✅အိပ်ရေးဝအောင် အိပ်ဖို့

ဒါပေမယ့် အဲဒီအရာအားလုံးကို ဆက်တိုက်လုပ်နိုင်အောင် (consistency) ရှိအောင်ထိန်းထားပေးတာက စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ “consistency is key”

အပြင်က ပြောင်းလဲမှုက အတွင်းစိတ်က စတယ်လို့ ပြောရင် မမှားပါဘူး 💪
မိတ်ဆွေတို့ရဲ့ “ Why I start this journey “ ဆိုတာလေး comment မှာဖြေခဲ့ပေးပါဦး



ဒီနေ့ခေတ်မှာ Fitfluencer (fitness influencer) တွေ များလာတာနဲ့အမျှ Fitness နဲ့ပက်သက်တဲ့ information တွေလည်း ဖောင်းပွလာပါတ...
30/01/2026

ဒီနေ့ခေတ်မှာ Fitfluencer (fitness influencer) တွေ များလာတာနဲ့အမျှ Fitness နဲ့ပက်သက်တဲ့ information တွေလည်း ဖောင်းပွလာပါတယ်။

တချို့က
“အစားမရှောင်ပဲ ဝိတ်ကျနိုင်တယ်”
“၃ လနဲ့ ဝိတ်ကျမယ်၊ ၃လနဲ့ body transformation ဖြစ်နိုင်တယ်” ဆိုပြီး Marketing ဆင်းကြပါတယ်။

တချို့ကတော့
“အသက် ၃၀ ကျော်ရင် metabolism မတူတော့လို့ အစားအရမ်းမရှောင်သင့်ဘူး”
လို့ ပြောကြပါတယ်။

👉 အမှန်တရားက ဘာလဲဆိုရင်…

📌 ဝိတ်ကျဖို့ဆို Calories Deficit ဖြစ်ကိုဖြစ်ရပါတယ်
ဘယ်အသက်အရွယ်မဆိုပါ။တနေ့တာလိုအပ်တဲ့ calories ထက် (၂၀၀–၃၀၀ kcal ) လောက်လျှော့ထားတဲ့ Slight Deficit ထဲ ဝင်ရင် ဝိတ်ကျကိုကျပါတယ်။

အသက် ၄၀ နောက်ပိုင်းမှာ ဝိတ်ကျနှေးတာက အမှန်ပါ
ဒါပေမဲ့
❌ ဝိတ်မကျနိုင်တော့ဘူး မဟုတ်ပါဘူး။
❌ လှမနိုင်တော့ဘူး မဟုတ်ပါဘူး။

အသက် ၄၀ နောက်ပိုင်းမှာ
❌ငယ်ငယ်ကလို အလွန်အမင်း အစားရှောင်ခြင်း၊
🏃🏼‍♀️ Cardio အရမ်းလုပ်ခြင်း
ဒီလိုနည်းတွေ သုံးရင်
ငယ်ငယ်ကလို ချက်ချင်းမကျတော့တာကတော့ အမှန်ပါ။

ဒါပေမဲ့မှန်ကန်တဲ့ နည်းလမ်း သုံးရင် ကိုယ်လိုချင်တဲ့ Body Goal ကို သေချာရနိုင်ပါတယ်



🔑 အသက် ၄၀ ကျော်တွေ ဝိတ်ချရာမှာ သုံးသင့်တဲ့ နည်းလမ်းများ

✅ 1️⃣ Extreme Diet မလုပ်ပါနဲ့။
အစာမစား၊ အရမ်းလျော့စားတာက Hormone imbalance၊ Muscle loss ဖြစ်စေပါတယ်။ သင့်တင့်မျှတတဲ့ Balance meal ( carbs, protein, fat and fibre) စားရပါမယ်။ Volume eating လို့ခေါ်တဲ့ ကယ်လိုရီ နည်းပေမဲ့ ပမာဏ အများကြီးစားပြီး ဝိတ်ချတဲ့နည်း သုံးနိုင်ပါတယ်။
❌အပြင်စာ၊ ဆီကြော်စာ၊ အချို၊ ငန်လွန်းတဲ့အစားအစာနဲ့ ready made တွေတော့ တတ်နိုင်သမျှရှောင်ပါ။

✅ 2️⃣ Protein ကို အဓိက ထားစားပါ။
အသက်ကြီးလာရင် Muscle mass လျော့တတ်လို့
Protein မလုံလောက်ရင် muscle မတည်ဆောက်နိုင်ပါဘူး။ အဲ့အခါ အသားအရေ ပျော့တွဲလာတတ်ပါတယ်။

✅ 3️⃣ Strength Training ကို မဖြစ်မနေ ထည့်ပါ။
အလေးမ လေ့ကျင့်ခန်းတွေက Metabolism ကို မြှင့်တင်ပေးတဲ့အတွက် တပတ်ကို ၂-၃ကြိမ်ထည့်ဆော့သင့်ပါတယ်။ဒီနေရာမှာ ဝိတ်ကျချင်တယ် body shape လှချင်တယ်ဆိုရင် ရောင်စုံ dumbbell တွေက အလုပ်မဖြစ်ပါဘူး။ ကိုယ့် ဘော်ဒီက ၈-၁၀ကြိမ်ထိကို တောင့်ခံနိုင်မဲ့၊ နောက်ထပ် ၂ကြိမ်ကို အားကုန်စိုက်တွန်းတင်ရမဲ့ အလေးမျ်ုး (challenging ဖြစ်မဲ့ အလေးမျိုးသုံးသင့်ပါတယ်)။

✅ 4️⃣ Cardio ကို အရမ်းမလုပ်ပါနဲ့။
❌HIIT training တွေ၊ ပြေးတာတွေက ဒီအရွယ်မှာ အဆင်မပြေပါဘူး။
✅Walking, Low-impact cardio တွေက ပိုသင့်တော်ပါတယ်။

✅ 5️⃣ အိပ်ရေး & Stress ကိုဂရုစိုက်ပါ။
အိပ်ရေးမလုံလောက်ရင် Calories deficit ထဲ ဝင်နေပေမဲ့ ဝိတ်မကျနိုင်ပါဘူး။ အိပ်ရေးမဝရင် stress ရရင် cortisol hormone တွေ မြင့်လာပီး အဆီစုစေပါတယ်။ အဲ့တော့ အသက်ကြီးလာရင် အိပ်ရေးကို ဂရုစိုက်ပီး တညကို ၇-၈နာရီ အိပ်စေချင်ပါတယ်။


အသက်ဘယ်လောက်ပဲ ရှိပါစေ
မှန်ကန်တဲ့ နည်းလမ်း + စနစ်တကျလုပ်ရင်
ဝိတ်လည်းကျမယ်၊ လှလည်းလှနိုင်ပါတယ်

အရေးကြီးတာက လူတိုင်းလုပ်နေတဲ့လေ့ကျင့်ခန်းတွေလိုက်လုပ်စရာမလိုဘူး။
ကိုယ့်အသက်၊ ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ နည်းလမ်းကို ရွေးဖို့ပါပဲ.. အဲ့လိုရွေးချယ်ဖို့ အခက်အခဲရှိရင် အောက်က လင့်ခ်ကိုနှိပ်ပြီး survey form လေးဖြည့်လိုက်ပါ။
I can help you.





✨ Thanks for Taking This Survey! ✨ Thank you for taking the time to fill this out. Your answers will help me better understand the goals, challenges, and everyday experiences of women like you. There’s nothing to prepare, just answer honestly and openly.

ကျမရဲ့ client တွေ “ငါ gym ပျက်လို့မဖြစ်ဖူးဆိုပြီး” မိုတီလေးရစေဖို့ 😆😆
24/01/2026

ကျမရဲ့ client တွေ
“ငါ gym ပျက်လို့မဖြစ်ဖူးဆိုပြီး” မိုတီလေးရစေဖို့ 😆😆

2026 is the year of racing horse တဲ့.. သူများတွေအတွက်တော့ တာလွှတ်တာနဲ့ ပြိုင်မြင်းလိုအပြိုင်အဆိုင်ပြေးကြပေမဲ့ ကိုယ့်အတွက...
24/01/2026

2026 is the year of racing horse တဲ့..

သူများတွေအတွက်တော့ တာလွှတ်တာနဲ့ ပြိုင်မြင်းလိုအပြိုင်အဆိုင်ပြေးကြပေမဲ့ ကိုယ့်အတွက်ကတော့ January လကြီးက ဆေးခန်းတလှည့်၊ ဆေးပေါင်းစုံတလှည့်နဲ့ အတော်ကျားကန်ထားရတယ်။ 😁

အာရောဂျံ ပရမံလာဘံ (ကျန်းမာခြင်းသည် လာဘ်တပါး) ဆိုတာကို နေမကောင်းတဲ့အခါမှ တကယ်သိရတာ..

အိမ်ကလူတွေက “ဒီလောက် healthy meal တွေစား၊ gym တွေသွားနေရဲ့နဲ့ ဖြစ်ရလား”ဆိုပီး ပြောကြတယ်။

ကိုယ်ကတော့ ဒီလို ကျန်းမာအောင်နေလို့ ဒီလောက်ပဲ ဖြစ်တာ။ ကျန်းမာအောင်သာမနေခဲ့ရင် ဒီထက်ပိုဆိုးမှာလို့တွေးတယ်။
အဆိုးတွေ ကုန်ပြီး ကောင်းခြင်းအဖြာဖြာရောက်လာပါစေတော့လို့ပဲ ဆုတောင်းရမှာပဲ။

မိတ်ဆွေတို့လဲ ကျန်းမာရေး ဂရုစိုက်ကြပါနော် 🙏🙏

Life update ဒီရက်ပိုင်း ပျောက်နေတယ်။ ဘာပို့စ်မှ လာမတင်ဖြစ်ဘူး။ဒီဘက်မှာ ရာသီဥတုအေးလာတော့ ရောဂါဟောင်းလေးတွေ ပြန်ဖြစ်လာလို့...
10/01/2026

Life update

ဒီရက်ပိုင်း ပျောက်နေတယ်။ ဘာပို့စ်မှ လာမတင်ဖြစ်ဘူး။
ဒီဘက်မှာ ရာသီဥတုအေးလာတော့ ရောဂါဟောင်းလေးတွေ ပြန်ဖြစ်လာလို့ 😬😩

ယူကေမှာနေတာ ၁၅နှစ်ရှိပြီ။ Covid အပြီးမှ ဆောင်းတွင်းရောက်လို့ရာသီဥတုဆိုးတိုင်း.. temperature (minus) ရောက်သွားရင် လက်ချောင်းလေးတွေ အဲ့လိုယောင်ပြီး အဆစ်တွေနာလာတယ်။ ဂေါက်ရောဂါလားဆိုပြီးသွေးစစ်တော့လဲ မဟုတ်ဘူး။ သူတို့ကတော့ နှင်းကိုက်တယ်လို့ပြောတာပဲ။ အေးရင်ဖြစ်တာမို့ နွေးနွေးထွေးထွေးနေပါတဲ့..

အဲ့တော့ ဒီရက်ပိုင်း အလေးအများကြီး မကိုင်နိုင်တော့ leg workout ရယ်၊ cardio workout ရယ်ပဲ လှည့်ဆော့နေရတယ်။ upper day ဆို အလေးတွေလျှော့ရပြီ။
ဆော့နေကျ အလေးတွေ မဆော့နိုင်တော့ စိတ်ဓာတ်တွေလဲကျတယ်။ အသက်ကလဲ တနှစ်ပိုကြီးလာတော့ အရင်လို အမောမခံနိုင်၊ ခန္ဓာကိုယ်က အကြမ်းမခံနိုင်တော့ဘူး။

လမ်းလျှောက်ရင်း ကြည့်မိတဲ့ကိုရီးယားကားက စကားလေးသဘောကျလို့.
( Life မှာ hardship and joy ရှိတယ်တဲ့… life က အမြဲပျော်စရာကြီးပဲ ပြည့်နေတာမဟုတ်ဘူး။ Hardship and joy လေး mixed ရှိမှလဲ တကယ့်ဘဝရဲ့ အနှစ်သာရဆိုပဲ) 😁😁 စိတ်ဓာတ်ကျနေချိန်လေးတွေ့တော့ အားလေးတခုပေါ့။

2026 မှာတော့ တနေ့ တလှမ်းချင်း၊ ဖြေးဖြေးချင်းပဲ သွားပါမယ်။ 2025 လို strong girl era လို့ မအော်နိုင်တော့ဘူး။ 2026 ကတော့ ကိုယ့်အတွက် slow living era ဖြစ်သွားပါပီ။ 😁😁



Remember why you started!!
06/01/2026

Remember why you started!!

New Year, New Me မဟုတ်ပါဘူး။New Year, same Old Me ပါပဲ။2026 မှာ New Year, better Me လုပ်မှာပါ။ Aim to 1% better everyday...
05/01/2026

New Year, New Me မဟုတ်ပါဘူး။
New Year, same Old Me ပါပဲ။
2026 မှာ New Year, better Me လုပ်မှာပါ။
Aim to 1% better everyday..



နှစ်သစ်ကူးပြောင်း ဆုမွန်ကောင်း 🙏🙏🙏
01/01/2026

နှစ်သစ်ကူးပြောင်း ဆုမွန်ကောင်း 🙏🙏🙏

Happy New Year everyone မိတ်ဆွေတို့အားလုံး လိုအင်ဆန္ဒတွေ 2026 မှာ အကုန်ပြည့်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
31/12/2025

Happy New Year everyone

မိတ်ဆွေတို့အားလုံး လိုအင်ဆန္ဒတွေ 2026 မှာ အကုန်ပြည့်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

Address

London

Website

Alerts

Be the first to know and let us send you an email when Healthy & Happy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Healthy & Happy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram