Alive Buddhism - ရှင်သန်နေသော ဗုဒ္ဓဘာသာ

Alive Buddhism - ရှင်သန်နေသော ဗုဒ္ဓဘာသာ This is a community for improve knowledge of Buddhism and for the Buddhists who wish to share and mention Dhamma.*(No Discouraging of Other Religion)

This is a community for improve knowledge of Buddhism and for the Buddhists who wish to share and mention Dhamma.*(No Discouraging of Other Religion) Thank You. :)
- Sai AikTun
- Shin Kusala
- Yan Naing Oo
- Chit Su

ဒီပေ့လေးဟာ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ အကြောင်းအရာများ၊ ဗဟုသုတများ၊ တရားဒေသနာများ၊ အဆုံးအမများ၊ အခြားအခြားသောအကြောင်းအရာများ စသည်တို့ကို သိရှိစေရန် ဝေမျှလို

ခြင်း၊ ဆွေးနွေးလိုခြင်း၊ ညွန်ပြလိုခြင်းကြောင့် ပြုလုပ်ထားခြင်းဖြစ်ပါသည်။ မိမိတင်လိုသော အကြောင်းအရာများကို တင်ခွင့်ရှိပါသည်။ သို့သော် ဗုဒ္ဓနှင့်ပတ်သက်သော အကြောင်းအရာများမဟုတ်သော အကြောင်းအရာ၊ စာသား၊ ကဗျာ၊ ပုံ စသည်တို့တင်ခြင်းသည်းခံပါ။ အခြားသော ဘာသာများကို ပုတ်ခတ်ခြင်း၊ ကဲ့ရဲ့ရှုံ့ချသောစာများ ပုံများကို မည်သည့်အကြောင်းအရာနှင့်မျှ တင်ခွင့်ပြုမည်မဟုတ်ပါ။ ကျေးဇူးတင်ပါတယ်။
- Sai Wana Tun
- Shin Kusala
- Yan Naing Oo

22/11/2020

ဖြစ်ပျက်တစ်ခါမြင်လျှင် တစ်သံသရာလုံးအတွက် စိတ်ချရပြီလား...?

မဟာစည်ဆရာတော်ကြီး၏ ဝိပဿနာရှုနည်းကျမ်း ဒုတွဲမှ ပစ္စယပရိဂ္ဂဟညာဏ်နှင့် ကင်္ခါဝိတရဏဝိသုဒ္ဓိအဖွင့်ဖြင့် ရှင်းလင်းအံ့။

#စူဠသောတာပန်
ဣမိနာ ပန ဉာဏေန သမန္နာဂတော ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌော နိယတဂတိကော စူဠသောတာပန္နော နာမ ဟောတိ။
(ဝိသုဒ္ဓိမဂ် ၂-၂၄၀)

ပန၊ ကင်္ခါဝိတရဏ ဝိသုဒ္ဓိ၏အကျိုးကား။ ဣမိနာ ဉာဏေန၊ ကင်္ခါဝိတရဏ ဝိသုဒ္ဓိမည်သော ဤဉာဏ်နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ ဝိပဿကော၊ ဝိပဿနာ ရှုသောသူသည်။ ဗုဒ္ဓ သာသနေ၊ မြတ်စွာဘုရား၏ အဆုံးအမ = သာသနာတော်၌။ လဒ္ဓဿာသော၊ ရအပ်ပြီးသော သက်သာရာ ရှိသည်ဖြစ်၍။ လဒ္ဓပတိဋ္ဌော၊ ရအပ်ပြီးသော ထောက်တည်ရာ ရှိသည်ဖြစ်၍။ နိယတဂတိကော၊ ကိန်းသေမြဲသော သုဂတိရှိသော။ စူဠသောတာပန္နော နာမ၊ စူဠသောတာပန် = သောတာပန်ငယ် မည်သည်။ ဟောတိ၊ ဖြစ်၏။

အရိယာဖိုလ်သည် သာသနာတော်၌ သက်သာရာ အစစ်ပေတည်း။ အရိယာမဂ်သည် ထောက်တည်ရာ အစစ်ပေတည်း။ ဤယောဂီသည်ကား ထိုအရိယာ မဂ် ဖိုလ်တို့ကို မရသေးပေ။ သို့သော်လည်း ထိုမဂ်ဖိုလ်ကို ဧကန်ရစေနိုင်သော ရှုမှတ်မှုအကျင့်၌ တည်သောကြောင့် “သက်သာရာ ထောက်တည်ရာတို့ကို ရသော သူ” ဟူ၍ ဆိုအပ်ပေသည်။

တနည်းကား= နာမရူပ ပရိစ္ဆေဒဉာဏ်ဖြင့် နာမ်ရုပ်တို့ကို အမှန်အတိုင်း သိရ၍ သာသနာ၌ တရားနှင့်ဆိုင်သော ပါမုဇ္ဇ=အနည်းငယ်နှစ်သိမ့် အားရမှုကို ရပေ၏။ ထို့ကြောင့် “သက်သာရာကို ရသည်” ဟု ဆိုပေသည်။ ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် “အကြောင်းကြောင့် ဖြစ်သော နာမ်ရုပ်မျှသာ ရှိသည်”ဟု သိပြီး ဖြစ်သောကြောင့် “ငါကောင်ရှိသည် ဟူ၍၎င်း၊ သတ္တဝါတွေကို ဘုရားသခင်က ဖန်ဆင်းသည်ဟူ၍၎င်း၊ အကြောင်းမဲ့ အလိုလိုပင် ငါကောင် ဖြစ်ပေါ်လာသည် ဟူ၍၎င်း” ဤသို့ စသည်ဖြင့် ထင်မှား ယူမှားသော ဒိဋ္ဌိ မဖြစ်နိုင်ပြီ၊ ထိုဒိဋ္ဌိများကြောင့် ယုံကြည်မှု သဒ္ဓါတရား မပျက်နိုင်ပြီ၊ သာသနာ၌ မပျက်နိုင် မလှုပ်နိုင်အောင် မြဲခိုင်တည်တံ့သော ဤသဒ္ဓါနှင့် ပြည့်စုံသောကြောင့် “ထောက်တည်ရာကို ရသည်”ဟု ဆိုပေသည်။

#ဂတိမွဲပုံ
စူဠသောတာပန် မည်ပုံကို အောက်ပါ မဟာဋီကာဖြင့် သိအပ်၏။

အ-ပရိဟီနကင်္ခါဝိတရဏဝိသုဒ္ဓိကော ဝိပဿကော လောကိယာဟိ သီလသမာဓိပညာသမ္ပဒါဟိ သမန္နာဂတတ္တာ ဥတ္တရိ အပ္ပဋိဝိဇ္ဈန္တော သုဂတိပရာယဏော ဟောတီတိ ဝုတ္တံ “နိယတဂတိကော”တိ။ တတော ဧဝ စူဠသောတာပန္နော နာမ ဟောတိ ။ (၂-၃၈၅)

အ-ပရိဟီနကင်္ခါဝိတရဏဝိသုဒ္ဓိ၊ မဆုတ်ယုတ် မပျက်စီးသော ကင်္ခါဝိတရဏဝိသုဒ္ဓိ ရှိသော။ ဝိပဿကော၊ ဝိပဿနာယောဂီသည်။ လောကိယာဟိ သီလသမာဓိပညာသမ္ပဒါဟိ၊ ပြည့်စုံ=စင်ကြယ်သော လောကီ သီလ သမာဓိ ပညာတို့နှင့်။ သမန္နာဂတတ္တာ၊ ပြည့်စုံခြင်းကြောင့်။ ဥတ္တရိ အပ္ပဋိဝိဇ္ဈန္တော၊ အထက် ဉာဏ်ထူး တရားထူးကို မသိလတ်သော်(လည်း)။ သုဂတိပရာယဏာ၊ သုဂတိလျှင် လားရာရှိသည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ထို့ကြောင့်။ နိယတဂတိကော၊ မြဲသောဂတိ ရှိသည်ဟူ၍။ ဝုတ္တံ၊ မိန့်ဆိုအပ်၏။ တတော ဧဝ၊ ထိုဂတိ မြဲခြင်းကြောင့်ပင်လျှင်။ စူဠသောတာပန္နော နာမ၊ ဂတိမြဲပုံ အနည်းငယ်တူမျှ၍ စူဠသောတာပန် မည်သည်။ ဟောတိ၊ ဖြစ်ပေ၏။

ဤဋီကာတွင် အ-ပရိဟီန ကင်္ခါဝိတရဏဝိသုဒ္ဓိကော ဟူသော ပုဒ်ဖြင့် ဤသို့သော အနက်ကို ပြ၏။ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ ကင်းမြဲပင် ကင်းကွာဆဲဖြစ်၍ ဤကင်္ခါဝိတရဏဝိသုဒ္ဓိ မဆုတ်ယုတ် မပျက်စီး သောသူသာလျှင် “ဂတိမြဲသည်”ဟု တိုက်ရိုက်ပြ၏။ ထို့ပြင် ဤဝိသုဒ္ဓိသည် လောကုတ္တရာ မဟုတ်သေး၊ လောကီမျှသာတည်း။ ထို့ကြောင့် ဆုတ်ယုတ်ပျက်စီးနိုင်သေး၏။ မိမိအလိုလို မသင့်စွာ နှလုံးသွင်းမိခြင်းကြောင့် ဖြစ်စေ, မစ္ဆာတရားကို နာကြားမိခြင်းကြောင့် ဖြစ်စေ ယုံမှားမှု=ဝိစိကိစ္ဆာလည်း ဖြစ်နိုင်သေး၏။ ထင်မှားမှု ယူမှားမှု = ဒိဋ္ဌိလည်း ဖြစ်နိုင်သေး၏။ ထို ဒိဋ္ဌိ ဝိစိကိစ္ဆာတို့ မြဲမြံစွာ ဖြစ်သောအခါ၌ ဤဝိသုဒ္ဓိသည် ဆုတ်ယုတ် ပျက်စီးလေ၏။ ထို အခါ၌ကား “ဂတိမြသည်”ဟု မဆိုအပ်ကြောင်းကိုလည်း ဗျတိရေက= ပြောင်းပြန်နည်းဖြင့် ပြ၏။

သီလသမာဓိပညာသမ္ပဒါဟိ သမန္နာဂတတ္တာ ဟူသော အပိုဒ်ဖြင့်လည်း ဤသို့ ပြ၏။ အားထုတ်ဆဲ၌ စင်ကြယ်သော သီလ, သမာဓိ, ပညာ ဤသုံးပါးလုံးနှင့် ပြည့်စုံသောကြောင့် “ဂတိမြဲသည် ”ဟု တိုက်ရိုက် ပြ၏။ ထို့ပြင် “ဝိပဿနာအလုပ်ကို စွန့်လွှတ်လျက် သီလ သမာဓိ ပညာတို့ ပျက်စီးနေခိုက်၌ကား “ဂတိမြဲသည်”ဟု မဆိုအပ်ကြောင်းကိုလည်း ပြောင်းပြန်နည်းဖြင့် ပြ၏။ သို့ဖြစ်၍ ဝိသုဒ္ဓိနှင့်ပြည့်စုံသောသူသည် ဝိပဿနာ ရှုဆဲသော်လည်း ဖြစ်ရမည်၊ ဝိပဿနာရှုဆဲ မဟုတ်ပါက ဒိဋ္ဌိ ဝိစိကိစ္ဆာတို့ ကင်းမြဲပင် ကင်းကွာဆဲဖြစ်၍ အယုတ်ဆုံးအားဖြင့် သီလ စင်ကြယ်အောင်သော်လည်း ဖြစ်ရမည်။ သို့ဖြစ်မှသာလျှင် “ဂတိ မြဲသည်” ဟု ယုံကြည် စိတ်ချသင့်ပေသည်။ “စူဠသောတာပန် ဖြစ်ပြီ၊ ဂတိ မြဲပြီ”ဟု ထိုဉာဏ်ဖြင့် အားရကျေနပ်ပြီးလျှင် ဝိပဿနာ အလုပ်ကို စွန့်လွှတ်၍ သီလ သိက္ခာကိုပင် စင်ကြယ်စွာ မစောင့်ရှောက်ဘဲ ပေါ့လျော့စွာနေခြင်းကား မသင့်သည်သာတည်း။

#ဂတိမြဲရာ_ဘဝ_အပိုင်းအခြား
ဤစူဠသောတာပန်၏ ဂတိသည် အစဉ် ထာဝရ ဘဝတိုင်း၌ မြဲသလော? သို့မဟုတ် ဒုတိယဘဝ၌သာ မြဲသလော? ဟူငြားအံ့။ ဒုတိယဘဝ၌သာ “ဧကန် မြဲသည်”ဟု စိတ်ချရ၏။ တတိယဘဝ စသည်၌ကား “ဧကန် မြဲသည်”ဟု စိတ်မချရသေးပေ။ အကြောင်းမူကား- ပြခဲ့သော ဋီကာ၌ “ကင်္ခါဝိတရဏဝိသုဒ္ဓိ မဆုတ်ယုတ်ပါမှ ဂတိ မြဲသည်ဟူ၍၎င်း၊ လောကီ သီလ သမာဓိ ပညာတို့နှင့် ပြည့်စုံသောကြောင့် ဂတိ မြဲသည် ဟူ၍၎င်း” မိန့်ဆိုသော စကားတို့ဖြင့် “ယခုဘဝ၌သော်လည်း သီလ သမာဓိနှင့် ကင်္ခါဝိတရဏဉာဏ်ပညာကို ပျက်စီး ချွတ်ယွင်း နိုင်သေးသည်ကို၎င်း၊ ထိုအခါမှာ ဒုတိယဘဝ၌ သော်လည်း ဂတိ မြဲရန် အကြောင်းမရှိသည်ကို၎င်း” ထင်ရှား ဖော်ပြ၏။ ဒုတိယဘဝ စသည်၌ ထိုသီလ, သမာဓိ, ပညာတို့ ပျက်စီးနိုင်၍ တတိယဘဝ စသည်၌ ဧကန် ဂတိ မြဲရန် အကြောင်းမရှိသည်မှာ ဆိုဘွယ်ပင် မရှိတော့ပြီ။ ဤမျှသာ မကသေး၊ ထောက်ထားဘွယ် အကြောင်း တပါးလည်း ရှိသေး၏။ ငါတို့၏ ဘုရားအလောင်းတော်သည် လွန်ခဲ့သော ကမ္ဘာပေါင်း ၃-အသင်္ချေ ထက်က ပွင့်တော်မူသော ကောဏ္ဍည မြတ်စွာဘုရားမှ စ၍ ၉-ဆူသော ဘုရားရှင်တို၏ထံတော်၌ ၉-ဘဝတိုင်တိုင် ရဟန်း ပြုခဲ့ဖူးသည်-ဟု ဗုဒ္ဓဝင် ပါဠိ၌ လာ၏။ မြတ်စွာဘုရားထံ၌ ရဟန်းပြုသော ဘုရားအလောင်းတော် ဟူသမျှသည် "ဂတပစ္စာဂတ" ဝတ်ကို ဖြည့်ကျင့်လျက် ဝိပဿနာကို ပွားစေ၍ အနုလောမဉာဏ်တိုင်အောင် ဆိုက်ရောက်၍ တည်သည်ဟု မဇ္ဈိမပဏ္ဏာသ ဃဋိကာရသုတ်အဖွင့် အဋ္ဌကထာ စသည်တို့၌ မိန့်ဆို၏။ “သုမန မြတ်စွာဘုရား, ဝိပဿီ မြတ်စွာဘုရားတို့၏ လက်ထက်မှာ ငါတို့၏ ဘုရားအလောင်းတော်သည် နဂါးမင်းဖြစ်လျက် ဗျာဒိတ်ခံခဲ့သည်။ ပဒုမ မြတ်စွာဘုရား၏ လက်ထက်မှာ ခြင်္သေ့မင်းဖြစ်လျက် ဗျာဒိတ်ခံခဲ့သည်”ဟု ဗုဒ္ဓဝင် ပါဠိ၌ လာ၏။ ဤကမ္ဘာ၌ ဖြစ်သော ဇာတ်နိပါတ်, ဝတ္ထုများစွာတို့၌ ဘုရားအလောင်းတော်သည် တိရစ္ဆာန် အဖြစ်သို့ ရောက်လျက် ရှိသည်ကို တွေ့ရ၏။ တေမိယဇာတ်တွင် ငရဲ၌ ဖြစ်ခဲ့သည်ကိုလည်း တွေ့ရ၏။ ထို့ကြောင့် ဤပါဠိအဋ္ဌကထာ စကားအလုံးစုံကို စပ်၍ ကြည့်လျှင် ကင်္ခါဝိတရဏဝိသုဒ္ဓိထက် လွန်ကဲမြင့်မြတ်လှစွာသော သင်္ခါရုပေက္ခာဉာဏ် ရောက်ပြီးသော ဘုရားအလောင်းတော်မြတ်သော်မှ သုဂတိ၌ ထာဝရ မမြဲကြောင်း, အပါယဂတိမှ မလွတ်သေးကြောင်းကို ထင်ရှားသိရ၏။ ဘုရားအလောင်းတော်ကဲ့သို့ သဒ္ဓါ, ဝီရိယ စသည်လည်း မထက်သန် သင်္ခါရုပေက္ခာအောက်လည်း များစွာ အောက်တန်းကျလျက် ကင်္ခါဝိတရဏ ဉာဏ်မျှနှင့် ပြည့်စုံသော သာမန်ပုဂ္ဂိုလ်အား အစဉ်ထာဝရ ဂတိမြဲခြင်းသည် အဘယ်မှာ ဖြစ်နိုင်ပါတော့အံ့နည်း။ သို့ဖြစ်၍ အပါယ်ဘုံမှ အစဉ်ထာဝရ လွတ်ကင်း၍ ဂတိမြဲခြင်းကို လိုလားသော သူသည် သောတာပတ္တိမဂ်ဖြင့် သက္ကာယဒိဋ္ဌိကို အကြွင်းမဲ့ ပယ်နိုင်ရန် ထက်သန်သော စိတ်ထားဖြင့် မနားမဆုတ် ဆက်လက်၍သာ အားထုတ်ရာ၏။ ကင်္ခါဝိတရဏဝိသုဒ္ဓိမျှဖြင့် စိတ်ချလက်ချ အားရ၍ နေခြင်းကား မသင့်သည်သာတည်း။

#သံယုတ်ပါဠိ_ဩဝါဒမိန့်ခွန်းတော်
သတ္တိယာ ဝိယ ဩမဋ္ဌော၊ ဒယှမာနောဝ မတ္တကေ။ သက္ကာယဒိဋ္ဌိပဟာနာယ၊ သတော ဘိက္ခု ပရိဗ္ဗစေ။
(သဂါထာဝဂ္ဂသံယုတ် ၁၂)

သတ္တိယာ၊ လှံဖြင့်။ ဩမဋ္ဌော ဝိယ၊ ရင်ဝ လယ်နှိုက် ထိုးစိုက်ခံရ နာကျင်လှသော သူသည်၊ ထိုလှံကိုသာ, လျင်စွာ နှုတ်ရန် ကြံဖန် မနှေး စိတ်မအေးဘဲ အရေးတကြီး, သုတ်သီးသုတ်ပျာ, အားထုတ်ရာ သကဲ့သို၎င်း။ မတ္ထကေ၊ ဦးခေါင်း၌။ ဒယှမာနော ဣဝ၊ ရဲရဲပြောင်ပြောင် မီးလောင်ခံရ ပူလောင်လှသော သူသည် ထိုမီးကိုသာ လျင်စွာငြိမ်းရန် ကြံဖန်မနှေး စိတ်မအေးဘဲ အရေးတကြီး သုတ်သီးသုတ်ပျာ အားထုတ်ရာ သကဲ့သို့၎င်း။ ဘိက္ခု၊ သံသရာဘေး, နောင်အရေးကို ကြံတွေးမြော်ထောက် ရွံ့ကြောက်လေ့ရှိသော သူသည်၊ သက္ကာယဒိဋ္ဌိ ပဟာနာယ၊ ထင်ရှားရှိသော နာမ် ရုပ်အပေါင်း အစဉ်၌ အတ္တအယောင် ငါကောင် အနေအားဖြင့် ထင်မှားသော သက္ကာယဒိဋ္ဌိကို အရိယာမဂ်ဉာဏ်အလင်းဖြင့် အကြွင်းမဲ့ ပယ်ခြင်းငှာ။ သတော၊ အမှတ်ရမှု-မမေ့မှု -ဟူသော သတိနှင့် ပြည့်စုံသည်ဖြစ်၍ ။ ပရိဗ္ဗဇေ၊ မရပ်မနား လွတ်မြောက်အောင် ထွက်သွားရာ၏။ ဝါ၊ ခေါင်းက မီးလျှံ၊ ရင်ကလှံကို ပယ်ရန်မအား, လျစ်လျူထား၍သော်လည်း, မနားမဆုတ် အားပါးထုတ်၍, သုတ်သုတ်လျင်စွာ ရှုမှတ်ရာတော့သတည်း။

Yarzar

ဧဟိဘိက်ခူပသမ်ပဒါ....ဘုရားရှင်က ရဟန်း လာလှည့်ဟု ခေါ်ဆဲ၌ အလိုလျောက်ပြီးသော ရဟန်းမျိုး။(ပရိက္ခရာရှစ်ပါးနှင့်တကွ ရဟန်းအသွင်ပ...
22/11/2020

ဧဟိဘိက်ခူပသမ်ပဒါ....
ဘုရားရှင်က ရဟန်း လာလှည့်ဟု ခေါ်ဆဲ၌ အလိုလျောက်ပြီးသော ရဟန်းမျိုး။(ပရိက္ခရာရှစ်ပါးနှင့်တကွ ရဟန်းအသွင်ပြီး၏ ဟူလို)

ဧဟိဘိက္ခုရဟန်းတော်ပေါင်း ၂၈၆၄၇- ပါး။ ။

မြတ်စွာဘုရားလက်ထက်တော်၌ ဧဟိဘိက္ခုရဟန်းအဖြစ် ရယူသွားကြသော ရဟန်းတော်များ အရေအတွက် သရုပ်ကား-
ဝိနည်းပိဋကတော်၌ ပဉ္စဝဂ္ဂီငါးပါး၊
ယသသတို့သားနှင့် အပေါင်းအဖေါ်များ၊ ပေါင်း ၅၅-ပါး၊
ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်၊
ရသေ့ (ရှင်) ၁၀၀၀၊
အဂ္ဂသာဝက ၂-ပါးနှင့် ပရိဗိုဇ်များ၊ ပေါင်း ၂၅၀။
အင်္ဂုလိမာလ ၁-ပါး၊ ပေါင်း ၁၃၄၄-ပါး၊

သုတ္တန်ပိဋကထိုထိုနိကာယ်တို့၌ကား-
သေလပုဏ္ဏားနှင့် အဖော် ၃၀၀၊
မဟာကပ္ပိနမင်းကြီးနှင့် အမတ် ၁၀၀၀၊
ကပိလဝတ်ပြည်သား ၁၀၀၀၀၊
ပါရာယနိက ပုဏ္ဏားနှင့် အဖော် ၁၆၀၀၀၊ ပေါင်း ၂၇၃၀၃ဖြစ်၍၊ ၂-ရပ်ပေါင်းသော် ၂၈၆၄၇-ပါးဖြစ်၏။

မှတ်ချက်။ ။ ဤကား ဝိနည်းနှင့် သုတ္တန် ပိဋကတော်လာ ထင်ရှားသောနေရာများမှ ယူပြခြင်းသာဖြစ်၍ ထို့ထက်အလွန်လည်း များစွာပင် ရှိတန်ရာသေးသည်ဟု မှတ်ယူရမည်။
(ဖျာပုံတိုက်သစ် သုတေသနသရုပ်ပြအဘိဓာန်မှ)

သိမ်ဝင် ကံဆောင်၍ ဥပသမ္ပန္န မဟုတ်သေးသော လူရဟန္တာကို ဘိက္ခု(ရဟန်း)ဟု ခေါ်ရမည်လော။

ကိံ နု ခေါ ဧတံ ‘သမဏော’တိ ဝတ္တုံ ဝဋ္ဋတိ ဥဒါဟု ဗြာဟ္မဏော’’တိ။

ကိံ နု ခေါ > အသို့နည်း။
ဧတံ > ထိုသန္တတိအမတ်ကြီးကို။
သမဏောတိပိ > ရဟန်းဟူ၍လည်း။
ဝတ္တုံ > ဆိုခြင်းသည်။
ဝဋ္ဋတိ > သင့်မည်လော။
ဥဒါဟု > ထိုသို့မဟုတ်မူကား။
ဗြာဟ္မဏောတိပိ > ဗြဟ္မဏဟူလည်း။
ဝတ္ထုံ > ဆိုခြင်းသည်။
ဝဋ္ဋတိ > သင့်မည်လော။

‘‘ဘိက်ခဝေ, မမ ပုတ်တံ ‘သမဏော’တိပိ ဝတ်တုံ ဝဋ်ဋတိ, ‘ဗွာဟ်မဏော’တိပိ ဝတ်တုံ ဝဋ်ဋတိယဝေါ’’တိ။

ဘိက္ခဝေ > ရဟန်းတို့။
မမ ပုတတြံ > ငါ၏သားကို။
သမဏောတိပိ > ရဟန်းဟူ၍လည်း။
ဝတ္တုံ > ဆိုခြင်းငှာ။
ဝဋ္ဋတိ > သင့်၏။
ဗြာဟ္မဏောတိပိ > ​ဗြဟ္မဏဟူ၍လည်း။
ဝတ္တုံ > ဆိုခြင်းငှာ။
ဝဋ္ဋတိယေဝါ > သင့်သည်သာလျှင်တည်း။

[ဗြဟ္မဏောတိ ဟူသောပါဌ်ကား အဋ္ဌကထာ၌ မပါ။ ပါသင့်မည်ထင်၍ ထည့်၍အနက်ပေးလိုက်သည်။ စာကျဟန်ထင်သည်။]
(ဓမ်မ။ဋ်ဌ။၂။၅၂) သန်တိမဟာမတ်တဝတ်ထု။

ဗာဟိရဒါရုစီရိယတ္ထေရ အဋ္ဌကထာအဖွင့်တွေထဲတော့ အဖြေကို ဒီလိုပုံစံ ဖွင့်ပြတာမတွေ့ရဘူး။ ။ အထက်ပါအတိုင်း ရဟန်းတွေရဲ့စိတ်မှာ ဗာဟိယဒါရုစီရိယဟာ သာမဏလော ရဟန်းလော ဆိုပြီးတော့ ဖြစ်တယ်။ အဲ့ဒီအခါ မြတ်စွာဘုရားကြွလာပြီး ဗာဟိယဒါရုစီရိယဟာ ပညာကြီးသူဖြစ်ပြီး ဂါထာအတိုတစ်ပုဒ်အဆုံးမှာ ရဟန္တာဖြစ်သွားကြောင်း ရဟန်းဝတ်ခွင့်မရမီ ပရိနိဗ္ဗာန်ပြုခဲ့ရကြောင်း ခိပ္ပါဘိညာနံ လျင်စွာသောအဘိညာဥ် ရဟန်းအားလုံးထဲမှာ ​ဗာဟိယဒါရုစီရိယသည် အမြတ်ဆုံးလို့ ရဟန်းအရာသွတ်သွင်းပြီး ဟောသွားတယ်။

စဥ်းစားကြည့်မိတယ်
လူရဟန္တာကို ဘိက္ခုအဖြစ်ယူတယ်လို့ ဆိုရင် သိမ်မဝင် ရဟန်းခံစရာမလိုဘဲ သင်္ကန်းတန်းဝတ်ရုံပဲလားပေါ့။ ဒါလည်းမသင့်သေးဘူး။ ဧဟိဘိက္ခုလည်းမဟုတ် ဥပသမ္ပဒါလည်းမဆောင်ဘဲ အရှင်ဘုရားလို့ခေါ်ရမှာ ဂွတော့ခပ်ကျကျပဲ။ အရဟတ္တဂုဏ်ကြောင့်သာ ပရမတ္ထသံဃာစာရင်းဝင်တာ၊ လမ်းစဥ်အရတော့ သံဃာတွေနဲ့အတူ သိမ်ဝင် ကံဆောင်ခွင့်ရမယ်မထင်မိဘူး။ မိမိအထင်။

ဧဟိဘိက္ခုနီ ရှိမရှိ ကိုကား ဤပို့စ်ဖြင့် သိရာ၏...
https://m.facebook.com/story.php?story_fbid=2572250499688970&id=1727010754212953

Yarzar

"ကာလာမသုတ်" ရှင်းတမ်း(မြတ်စွာဘုရားတောင်မှ "ပိဋကတော်နဲ့ညီတယ် ဆိုတိုင်းလည်း မယုံနဲ့"လို့ ပြောထားသေးတာပဲ ဆိုသည့် ဓမ္မမိတ်ဆွ...
02/09/2020

"ကာလာမသုတ်" ရှင်းတမ်း

(မြတ်စွာဘုရားတောင်မှ "ပိဋကတော်နဲ့ညီတယ်
ဆိုတိုင်းလည်း မယုံနဲ့"လို့ ပြောထားသေးတာပဲ
ဆိုသည့် ဓမ္မမိတ်ဆွေသို့ ဤရှင်းတမ်းဖြင့်
ပြန်ကြားလိုက်ပါသည်။)

အခုခေတ်မှာ
ဗုဒ္ဓဘာသာကို လေ့လာနေကြတဲ့ အချို့သော
ပုဂ္ဂိုလ်တွေ အနေနဲ့ ဒီ"ကာလာမသုတ်"ကို
အကိုးအကား အထောက်အထား ပြုပြီးတော့
ဗုဒ္ဓမြတ်စွာဘုရားက
မိမိဟောကြားထားခဲ့တဲ့ သုတ် ဝိနည်း အဘိဓမ္မာ
ဆိုတဲ့ ပိဋကသုံးပုံကိုပင်လျှင် "ယုံသင့်မှ ယုံကြ"
"စဉ်းစားပြီးမှ ဝေဖန်ပြီးမှ ယုံကြ"လို့
ဟောတော်မူလေဟန် ယူဆပြီးတော့ ပြောဆို
နေကြတာတွေကို ကြားသိရပါလိမ့်မယ်။

အဲဒီလို ကာလာမသုတ်ကို ကိုးကားပြီးတော့
မြတ်စွာဘုရားအနေနဲ့
မိမိရဲ့စကားတော်တွေကိုပင်လျှင်
မိမိရဲ့တရားတော်တွေကိုပင်လျှင် ယုံသင့်မှ ယုံကြ
လို့ ဟောတော်မူလေဟန် ယူဆပြီးတော့
ပြောဆိုရေးသားနေကြတာတွေဟာ အမှန်စင်စစ်
တော့ မြတ်စွာဘုရားရဲ့ အလိုကျ မဟုတ်ဘူး။
ပါဠိတော် အဋ္ဌကထာ ဋီကာတို့ရဲ့ အဖွင့်နဲ့
မညီညွတ်ဘူး။ သာသနာတော်စောင့် ဆရာတော်
အဆက်ဆက် သံဃာတော်အဆက်ဆက်ရဲ့
အလိုဆန္ဒနဲ့ မကိုက်ညီဘူးလို့ တင်ပြချင်ပါတယ်။

မြတ်စွာဘုရားမပွင့်ခင်
ဒီကမ္ဘာပေါ်မှာ မြတ်စွာဘုရားပွင့်မယ့် အိန္ဒိယ
ဒေသ နယ်မြေပေါ်မှာ ဘာဝါဒတွေ ရှိနေသလဲ
ဆိုတော့ အတ်တ အတ်တဝါဒ အတ်တနဲ့ ထာဝရနဲ့
အတ္တဝါဒနဲ့ အတ္တမ အတ္တဝါဒနဲ့ အနန္တတန်ခိုးရှင်
ကြီးကို လက်ခံတဲ့ဝါဒ ရှိနေတယ်။ ထာဝရ
တန်ခိုးတော်ရှင်ကြီးကို လက်ခံတဲ့ဝါဒ ရှိနေတယ်။

နောက်တစ်ခါ
"ဘာမှ မလိုပါဘူး ပြီးလည်းပြီးရော တစ်ဘဝပဲ"
ဆိုပြီးတော့ ခြာပကဝါဒ တို့လို။ ကံမရှိဘူး -
ကုသိုလ် မရှိဘူးဆိုတဲ့ ဝါဒတွေလည်း ရှိနေတယ်။
ဒါက မြတ်စွာဘုရား မပွင့်သေးခင် အခြေအနေ။

နောက် အာဠာရ ရသေ့တို့ ဥဒကရသေ့ကြီးတို့
ဆိုတာ စျာန်ရနေတဲ့ ပုဂ္ဂိုလ်တွေ။ ပုရာဏဗြဟ္မဏ
ဘာသာလို့ ခေါ်တယ်။ သူတို့က ကံကံ၏အကျိုး
ကို ယုံကြည်တယ်။ အတ္တကိုလည်း လက်ခံတယ်။
နှစ်မျိုးနော်။ အတ္တကို လက်ခံပြီးတော့ ထာဝရ
ဘုရား၏ အနန္တတန်ခိုးတော်ကို ယုံကြည်တာရှိ
တယ်။ရုပ်ဆန်ဆန်ဝါဒတွေလည်းပဲ မြတ်စွာဘုရား
မပွင့်ခင်က ရှိခဲ့တယ်။

နောက် မြတ်စွာဘုရားနဲ့ ခေတ်ပြိုင်
တိတ္ထိကြီးခြောက်ယောက်တို့ ဝစ်လစ်စားလစ်
ပူရဏတို့ ကိုယ်တုံးလုံးမက္ခလိတို့ နိဂဏ္ဌနှင့်
ဂျိမ်းဘာသာတို့ ပါထိကဘုရားတုတို့
လေးဖက်သွားခတ္တိယနဲ့ပုဏ္ဏတို့ ဝါဒတစ်ထောင်
သစ္စကတို့ မာဂဏ္ဍိပရိဗိုဇ်တို့ စသဖြင့်ပေါ့လေ
မြတ်စွာဘုရားပွင့်တော်မူတဲ့
သက်တော်ထင်ရှား ရှိတဲ့အချိန်- မြတ်စွာဘုရား
သာသနာပြုတဲ့နယ်မြေမှာ အဲဒီလောက် ဝါဒရှင်
တွေ များပြီး ဝါဒတွေ ရှုတ်ထွေးနေတယ်။

ကာလာမဆိုတာက နာမည်ပဲ။
မင်းမျိုးနွယ်တွေ။ သူတို့နေတဲ့ ရွာကြီးကို နိဂုံးလို့
ခေါ်တယ်။ ကေသမုတ္တနိဂုံး။ ဒါကြောင့်မို့လို့
ကေသမုတ္တနိဂုံးရွာမှာ နေကြတဲ့ ကာလာမတွေ။
သူတို့က ခေတော့ မခေဘူးနော်။ ကြားဖူးပါတယ်။
မြတ်စွာဘုရား အလောင်းတော်ဘဝက
ဆရာတင်ပြီး တပည့်ခံတဲ့ အာဠာရနဲ့ ဥဒက ဆိုတဲ့
ရသေ့ကြီးနှစ်ဦး။ သူတို့က အဲဒီ ကာလာမရွာသား။
နာမည်အပြည့်အစုံက အာဠာရကာလာမ။ သူက
ဘုရားအလောင်းကိုတောင် ဆရာလုပ်လိုက်သေး
တယ်။ လောကီစျာန် သုံးဆင့်တောင်ရတယ်။
ဒီလို လူတော်တွေထွက်တဲ့ ကာလာမရွာသားတွေ
ဘာ ဘာသာဝင်လည်းမေးကြည့်။ ဘာ ဘာသာ
ဝင်မှကို မဟုတ်သေးဘူး။

သူတို့ရွာ နိဂုံးကြီးကို လာပြီးတော့
အထက်ကဖော်ပြခဲ့တဲ့ ဂိုဏ်းခေါင်းဆောင်ကြီး
တွေက တစ်ဦးကဝင်လိုက် တစ်ဦးကထွက်လိုက်
တစ်ဦးဝင်လိုက် တစ်ဦးထွက်လိုက် ဆိုသလို
အလျဉ်းသင့်တိုင်းဝင်ဝင်ပြီး တရားဟောကြတယ်။
အဲဒီလိုဟောတော့
တော်တော်လေးလည်း လူစုံတက်စုံ နာမိရော
ကာလာမရွာသားတွေ ဘာဖြစ်ကုန်သလဲဆိုတော့
ရှုပ်ကုန်တယ်တဲ့။

ဘယ်လို ရှုပ်ကုန်သလဲဆိုတော့
ဒီတစ်ဦး ဝင်ဟောလည်း သူ့ဝါဒက ကောင်းတယ်
ဒိပြင်ဝါဒက မကောင်းဘူး။ နောက်တစ်ဦး ဝင်
ဟောတော့လည်း သူ့ဝါဒကမှ မှန်တယ်။ ဟိုဝါဒ
မမှန်ဘူး။ တစ်ခါ နောက်တစ်ဦး ဝင်ဟောပြန်
တော့လည်း သူ့ဟောတာက မှန်တယ်။ ဒိပြင်က
မှားတယ်။ အဲဒီလို ဝင်ဝင်ဟောတော့ သူတို့
ဘာဖြစ်ကုန်သလဲဆိုတော့ နောက်ဆုံး ဘယ်သူ့
ဝါဒက မှန်သလဲ- ဘယ်သူ့ဝါဒက မှားသလဲဆိုတာ
ဒီ ကာလာမရွာသားတွေ မဝေခွဲနိုင်တော့ဘဲနဲ့
ရှုပ်ကုန်ရော။

အဲဒီလို ကာလာမရွာသားတွေ အယူဝါဒအမျိုးမျိုး
နဲ့ ရှုပ်ထွေးနေတဲ့အချိန့့့့်
မြတ်စွာဘုရားကလည်း ဒေသစာရီကြွချီပြီးတော့
အစဉ်အတိုင်း လှည့်လည်လာရင်းနဲ့ ကာလာမရွာ
ကို ရောက်လာတယ်။ အဲဒီအချိန်မှာ ဒီရွာသား
တွေဟာ ဘာသာရေးပိုင်းမှာ ဘယ်ဘာသာကိုမှ
ကိုးကွယ်တာ မရှိသေးဘူး။ ဂိုဏ်းဆရာကြီးတွေရဲ့
ဝါဒတွေနဲ့ ရှုပ်ထွေးနေတဲ့အချိန် မြတ်စွာဘုရားက
ရောက်လာတယ်။

အဲဒီလို ပရိတ်သတ်လည်း စုံရော
သူ့တို့ထဲက လူကြီးတစ်ယောက်က မြတ်စွာဘုရား
ကို လျှောက်တယ်။
"အရှင်ဘုရား- တပည့်တော်တို့ရွာ လာပြီးတော့
ဘာသာရေးဆရာတွေက အမျိုးမျိုး ဟောလိုက်
ကြတာ။ သူဟာကသာ မှန်တယ် ဒိပြင်ဟာက
မှားတယ်လို့ ပြောသွားကြတာချည်းပဲ။
တပည့်တော်တို့လည်း ဘယ်ဟာက အမှန်- ဘယ်
ဟာက မှားတယ်လို့ မဆုံးဖြတ်နိုင်ကြပဲ ရှုပ်ထွေး
နေပါတယ်"တဲ့။ ဒါ သူတို့ လျှောက်တဲ့စကား။

တကယ်တော့ သူတို့က
မြတ်စွာဘုရားက "ဘယ်ဟာက မှန်တယ်ဟေ့
ဘယ်ဟာက မှားတယ်ဟေ့"လို့များ ပြောမလားလို့
လျှောက်တာ။
ကြည့်စမ်း - မြတ်စွာဘုရားက ဘယ်လောက် ပါး
နပ်သလဲ။ ဘယ်လောက် လျင်သလဲ ဆိုတော့
ခေတ်စကားနဲ့ပဲ ပြောပါရစေနော်။
"အေး- ဒီလိုဆိုရင် မင်းတို့ တွေဝေထိုက်ပေတယ်။
သူကမှန်တယ်- ဟိုကမှားတယ်။ တစ်ခါ သူက
အကောင်း- ဟိုက မကောင်းနဲ့ ဒီလိုတွေလုပ်နေ
ရင် ဘယ်ဟာက မှန်မှန်းမသိ မှားမှန်းမသိ ဖြစ်နေ
တယ်ဆိုတာ ဖြစ်ထိုက်ပါပေတယ်"တဲ့။
ဟော... မြတ်စွာဘုရားက သူတို့အလိုကို လိုက်ပြီ။
သူတို့ရဲ့စိတ်ဓာတ်ကို ယူလိုက်တယ်။

နောက်ပြီးတော့မှ မြတ်စွာဘုရားက-
"ဧထ တုမှေ ကာလာမာ" လို့ ဆိုပြီးတော့
ဟောဒီ "ကာလာမသုတ်"ကို စဟောတော့တာပဲ။
ဒီသုတ်မှာ မြတ်စွာဘုရားက ဘာပြောသလဲ
ဆိုတော့ -
"ဧထ တုမှေ ကာလာမာ"
"ဟုတ်ပြီဟေ့ - ကာလာမတို့ နားထောင်ကြဟ"
ဆိုပြီး မာ(၁၀)ချက်ကို ချပြတယ်။

၁။ မာ အနုဿဝနေန- တစ်ဆင့်စကား တစ်ဆင့်
နားနဲ့လည်းပဲ အမှန်အမှား မဆုံးဖြတ်နဲ့ဦး။
၂။ မာ ပရမ္ပရာယ- ဘိုးဘေးဘီဘင် အဆက်
ဆက်က ဆင်းသက်လာတယ်ဆိုရုံနဲ့လည်း
မဆုံးဖြတ်နဲ့ဦး။ မယူနဲ့ဦး။
၃။ မာ ဣတိကိရာယ- ဒီလိုတော့ ဖြစ်သတဲ့
ဖြစ်တတ်သတဲ့ "သတဲ့"ဆိုတာမျိုးနဲ့လည်း
မယူနဲ့ဦး။
၄။ မာ ပိဋကသမ္ပဒါနေန- ပိဋကနဲ့ ညီညွတ်
တယ် ဆိုရုံနဲ့လည်း မယူနဲ့ဦး။
၅။ မာ တက္ကဟေတု- ကိုယ့်ဟာကိုယ် အတွေး
အခေါ် ကိုယ်ပိုင်အတွေးအခေါ်ဆိုပြီးတော့
လည်း ဟုတ်တယ် မထင်နဲ့ဦး။
၆။ မာ နယဟေတု- သူတစ်ပါးထံမှ နည်းယူရုံ
နည်းရရုံမျှနှင့်လည်း ဟုတ်ပြီလို့ မဆုံးဖြတ်
ပါနဲ့ဦး။
၇။ မာ အာကာရပရိဝိတက္ကေန- ဤသို့ ဖြစ်
လောက်၏။ ဤသို့ မဖြစ်လောက်ဟု အခြင်း
အရာကို ကြံဆရုံမျှနဲ့လည်း မယူနဲ့ဦး။
၈။ မာ ဒိဋ္ဌိနိဇ္ဈာနခန္တီ- ကိုယ်ကြိုက်ထားတဲ့ ကိုယ်
နှစ်သက်ထားတဲ့အခံနဲ့ ကိုယ်လိုလည်းပဲ
ဟုတ်ပြီ မှန်ပြီလို့ မဆုံးဖြတ်နဲ့ဦး။
၉။ မာ ဘဗ္ဗရူပတာယ- ဖြစ်ထိုက်တယ်။ ဒါ ဖြစ်
ထိုက်ပြီလို့ သုံးသပ်ချက်နဲ့လည်း မှန်တယ်လို့
မယူနဲ့ဦး။
၁၀။ မာ သမဏော နောဂရု- ငါတို့ရဲ့ဆရာက
ပြောတာဆိုပြီးတော့ လေးစားလောက်တဲ့လူ
ရဲ့စကားပဲ ဆိုပြီးတော့လည်းပဲ မယူနဲ့ဦး။

ဟော... (၁၀)ချက်ကို သူတို့ ပေးလိုက်တယ်။
သူတို့ မျှော်လင့်တာက မြတ်စွာဘုရားက
ဘယ်သူမှန်တယ်- ဘယ်သူမှားတယ်များ
ဆုံးဖြတ်ပေးမလား။ ဒါမှမဟုတ် ဂေါတမဘုရားက
သူ့ဝါဒပြောပြီးတော့ "ငါ့ဝါဒက မှန်တယ်ကွ။ ဒိပြင်
ဝါဒတွေက မမှန်ဘူး"လို့ ပြောမလား။
သူတို့ မျှော်လင့်တာတွေ တစ်ခုမှ မဟုတ်ဘူး။
မြတ်စွာဘုရားဆီက
အရေးကြီးတဲ့ မာ(၁၀)ချက် ထွက်လာတယ်။

အဲဒီလို မာ(၁၀)ချက်ကို ချပြပြီးတော့မှ
မြတ်စွာဘုရားက ဘာဆက်ပြောလဲဆိုတော့-
"အတ္တနာဝ ဇာနေယျာထ"တဲ့။
ကိုယ် ကိုယ်တိုင်သိအောင်လုပ်လို့ ပြောတာ။
အဲဒီနောက် မြတ်စွာဘုရားက
ကုသိုလ်နဲ့ အကုသိုလ်တရားတွေကို ဟောပြပြီး
လက်တွေ့ စဉ်းစားခိုင်းတယ်။
သက်သာရာရစေနိုင်တဲ့ အချက်ကြီးတွေကို
ထောက်ပြ ရှင်းပြပြီး ဟောပေးလိုက်တယ်။

မြတ်စွာဘုရား ဟောပုံဟာ
အရင့်အရင် ဂိုဏ်းဆရာကြီးတွေ ဟောပုံမျိုးလို
ငါ့ဝါဒ ကောင်းတယ်- သူ့ဝါဒ မကောင်းဘူးလို့
မဟောဘူး။ အဲဒီမှာ ကာလာမ ရွာသားတွေ
သဘောကျပြီးတော့ အားလုံး ထပြီးတော့ အဲဒီကျ
တော့မှ ဗုဒ္ဓဘာသာထဲကို ဝင်တာဗျ။
အဲဒီတရား နာပြီးမှ ဗုဒ္ဓဘာသာဖြစ်ကြတာ။
"ဗုဒ္ဓံ ဓမ္မံ သံဃံ သရဏံ ဂစ္ဆာမိ အဇ္ဇတဂ္ဂေ
ပါဏုပတေံ သရဏံဂတံ"
ဒီနေ့ကစပြီး သေဆုံးတဲ့အထိ တပည့်တော်တို့
သည် ဘုရား တရား သံဃာကို ဆည်းကပ်ပါ၏။
အဲဒီတော့မှ ဗုဒ္ဓဘာသာဝင် ဖြစ်ကြတာ။

အဲဒါ အရေးကြီးတယ်။
ကာလာမသုတ်ကို ပထမ စဟောစဉ်က သူတို့
ဗုဒ္ဓဘာသာ မဟုတ်ကြသေးဘူး။ တရားဟောပြီးမှ
ဗုဒ္ဓဘာသာဖြစ်တာ။အဲဒီမှာ မြတ်စွာဘုရားက
ကာလာမတွေကို ဟောတာက ဗုဒ္ဓဘာသာ မဖြစ်
သေးတဲ့ ကာလာမတွေကို ဟောတာ။

အဲဒီတော့
"ဒီမှာ နည်းနည်း စဉ်းစားရအောင်"

"တစ်ဆင့်ကြားနဲ့လည်း မယုံပါနဲ့"လို့ ပြောတာ
ဘယ်သူ့ကို ပြောတာလည်း။ ဗုဒ္ဓဘာသာ မဟုတ်
သေးတဲ့ ကာလာမတွေကို ပြောတာ။
"ဘိုးဘေးဘီဘင် အဆက်ဆက်ကလာတဲ့ ပရံပရ
ဝါဒနဲ့လည်း လက်မခံပါနဲ့"ဆိုတာလည်းပဲ
သူတို့ကို ပြောတာ။
"ပိဋကနဲ့ ညီညွတ်တယ် ဆိုရုံနဲ့လည်း လက်မခံ
နဲ့ဦး"ဆိုတာလည်းပဲ သူတို့ကို ပြောတာ။
ဒီ မာ(၁၀)ချက်က အကုန်လုံး သူတို့ကို ပြောနေတာ။ ဘာသာဝါဒအားဖြင့် ရှုပ်ထွေးနေတဲ့
ဗုဒ္ဓဘာသာလည်း မဟုတ်သေးတဲ့ အသိဉာဏ်
ရှုပ်ထွေးနေတဲ့ ကာလာမတွေကို ပြောတာ။

မြတ်စွာဘုရားက
အဲဒီ ဗုဒ္ဓဘာသာ မဖြစ်သေးတဲ့သူတွေကို
သဗ္ဗညုတဉာဏ်တော်ရဲ့ အစွမ်းသုံးပါးနဲ့
"ဒီနေရာမှာ ဒီလူတွေကို ဒီစကားပြောမှ ဖြစ်မယ်"
ဆိုပြီး ဟောနေတာ။ ပြောနေတာ။

အဲဒီမှာ
"မာ အနုဿဝနေန- တစ်ဆင့်ကြား"
"မာ ပရမ္ပရာယ- အဆက်ဆက်" ဆိုတာတွေက
တော့ ပြဿနာ မပေါ်လှသေးဘူး။ အဲ့့့
"မာ ပိဋကသမ္ပဒါနေန" ပိဋကကျတော့ အကြီး
အကျယ် ပြဿနာ ပေါ်ရော။ ပေါ်လာတာက
အခု ဒီဘက်နောက်ပိုင်းမှာမှ ပေါ်တာပါ။ ရှေးက
မပေါ်ခဲ့ပါဘူး။

အဋ္ဌကထာဆရာက
အဲဒီ"မာ ပိဋကသမ္ပဒါနေန"ကို ဘယ်လိုပြောပြ
သလဲဆိုတော့-
"မာပိဋကသမ္ပဒါနေနာတိ အမှာကံ ပိဋကတန္တိယာ
သဒ်ဓိံ သမတေီတိ မာဂဏှိတ်ထ"တဲ့။
တစ်တစ်ခွခွကြီး ပြောထားတယ်။
"အမှာကံ"လို့ ထည့်ထားတယ်။ ငါတို့ရဲ့ ပိဋက
အစဉ်နဲ့ ညီတယ်ဆိုပြီး မယူနဲ့ဦးဆိုတော့
"ငါတို့ရဲ့"ဆိုတာ ဘယ်သူ့ကို ပြောနေတာလဲ။
အဲဒီ ကာလာမတွေကို ပြောနေတာ။ မြတ်စွာ
ဘုရားက ဒီ ကာလာမတွေကို ဟောနေတာ။
သူတို့ဘက်ကို ကြည့်ရင် "မင်းတို့ရဲ့" "မင်းတို့ရဲ့"
ရှေ့မှာ လာပါလိမ့်မယ်။

အဋ္ဌကထာဆရာက
"အမှာကံ ပိဋကတန္တိယာ သဒ္ဓိံ သမေတီတိ
မာဂဏှိတ္ထိ"ဆိုတော့ သူတို့မှာ
ကာလာမတွေမှာ ပိဋကတွေ ရှိနှင့်နေတယ်။
သူတို့လည်း ခေတဲ့သူတွေမှ မဟုတ်ဘဲ။ အဲဒီ
"မင်းတို့မှာ ရှိနှင့်နေတဲ့ ပိဋကတွေ ကျမ်းတွေနဲ့
ညီညွတ်ပြီ ဆိုလို့လည်း မင်းတို့ မယူနဲ့ဦး"
ဘုရားရှင်က အဲဒီလို ဟောတာ။

ဋီကာဆရာက ဘာဖြည့်ပေးလည်းဆိုတော့
"အတ်တနော ဥဂ်ဂဟ ဂန်ထသမ်ပတ်တိယာ မာဂဏှိတ်ထာတိ
ဝုတ္တံ ဟောတိ" ဒီလိုဆိုပါတယ်တဲ့။
သူက ချဲ့ပေးတယ်။ မိမိသင်ယူတဲ့ "ဂန္ထ"တဲ့။
ဟော့့့ခုနတုန်းက "ပိဋက"ကို ဋီကာဆရာက
"ဂန္ထ"လို့ ပြောသွားတယ်။ ဂန္ထ ဆိုတာ ကျမ်းဂန်။
"စာအုပ်"ပဲ။ ကျမ်းစာအုပ်ကို ပြောတာ။
"ပိဋက"ဆိုတာ "ဂန္ထ"ကို ပြောတာ။

နောက်မှ ဘာတွေက ပြဿနာရှုပ်ကုန်သလဲ
ဆိုတော့ ဘာသာပြန်တွေက ရှုပ်ကုန်တယ်။
သူတို့လုပ်လိုက်တဲ့အတွက်
ဘုရားဟောထားတဲ့ ပိဋကတ်သုံးပုံဖြစ်သွားတယ်။
"မာ ပိဋကသမ္ပဒါနေန"
အဲဒါကို ကြည့်ပြီးတော့ "ပိဋကသုံးပုံနဲ့ ညီညွတ်
လို့လည်း မယူနဲ့ဦး"တွေ ဖြစ်ကုန်တယ်။
ဘာသာပြန်တာ ဘယ်လောက်ကြောက်စရာ
ကောင်းသလဲဆိုရင် တစ်ချို့မြန်မာစာအုပ်တွေမှာ
"မာ ပိဋကသမ္ပဒါနေန"ကို "ပိဋကတ်စာပေနဲ့
ညီညွတ်ပေသည်ဟူ၍လည်း မယူကုန်လင့်ဦး"လို့
ဘာသာပြန်ထားတယ်။ "ပိဋကတ်"စာပေလို့
သွားပြန်ထားတယ်။

"ပိဋကတ်"နဲ့ "ပိဋက"ဟာ မတူဘူး။
"တဝမ်းပူသတ်"ပါတဲ့
"ပိဋကတ်"ဆိုတာက "ပိဋကတ္တယ"
"ပိဋကတ္တယ"ကို "ပိဋကတ်"လို့ လုပ်တယ်။
ဒေဝဒတ္ထ ကို ဒေဝဒတ် လုပ်သလိုလုပ်ထားတယ်။
အဲဒီတော့ ပိဋကတ် ဆိုတဲ့ စကားသည်
ပိဋကတ်သုံးပုံလို့ အဓိပ္ပာယ် ရှိတယ်။ ဒီမှာ
ဘုရားဟောထားတဲ့ ပိဋကတ္တယလို့ ပါမှမပါတာ။
ဟိုက "မာ ပိဋကသမ္ပဒါနေန" ပိဋက လို့ပဲ
သုံးထားတာပဲ။ ဘာသာပြန်တာ ကြောက်စရာ
ကောင်းလိုက်တာ။ ဝေါဟာရ မနိုင်တဲ့ အပြစ်။
"တဝမ်းပူသတ်"လေးတစ်လုံး ထည့်လိုက်တာကို။

အဲဒီလို လုပ်ကြတော့ကား
ဘာသာပြန် ပြဿနာကြောင့် အယူအဆတွေ
မှားပြီး ဘာတွေဖြစ်လာသလဲဆိုတော့
"မာ ပိဋကသမ္ပဒါနေန"ကို "ပိဋကသုံးပုံနဲ့ ညီညွတ်
တာနဲ့လည်းပဲ မယူနဲ့ဦး" ဖြစ်ကုန်ရော။ ဘယ်နှယ့်
ဘုရားဟောနေတာက ကာလာမတွေကို ဟောနေ
တာပဲ။ အဲဒီချိန်တုန်းက ပိဋကတ်သုံးပုံရယ်လို့
ဖွဲ့စည်းမှု မလုပ်ရသေးဘူး။

ဗုဒ္ဓမြတ်စွာရဲ့ ပိဋကတ်သုံးပုံဆိုတဲ့အသုံးအနှုန်းက
ဘုရားသက်တော်ထင်ရှား ရှိစဉ်မှာမပေါ်သေးဘူး။
ပရိနိဗ္ဗာန်စံတော်ပြီးတဲ့နောက်တော့မှ
ပထမသံဃာယနာ တင်တော့မှ သတ်မှတ်တာ။
ကာလာမတွေ ဟောတုန်းက
ပိဋကတ်သုံးပုံဆိုတာ ပေါ်ကို မပေါ်သေးဘူး။

ဒီနေရာမှာ တစ်ခုတော့ မေးစရာရှိတယ်။
အဲဒီခေတ်က စာပေတွေ ပေါ်ပြီလား ကျမ်းဂန်
တွေ ပေါ်ပြီလားလို့ မေးစရာရှိတယ်။ သိပ်ပေါ်
သိပ်ရှိတာပေါ့။ ဝေဒကျမ်းတွေ အများကြီးရှိတယ်။

ဒါကြောင့်မို့လို့ အဆိုပြုခြင်တာက
"မာ ပိဋက သမ္ပဒါနေန" ဆိုတာ မြတ်စွာဘုရားက
ဗုဒ္ဓဘာသာ မဖြစ်သေးတဲ့
ဘာသာရေးလက်ကိုင် ဘာမှမရှိသေးတဲ့
ဗုဒ္ဓသာသနာမှ ပြင်ပဖြစ်နေသေးတဲ့ ပုဂ္ဂိုလ်တွေ
အတွက်သာ ဟောတာ။

တကယ်လို့ တစ်စုံတစ်ဦးသောသူကနေ
"ဟာ မဟုတ်ဘူး။ မြတ်စွာဘုရားကလည်းပဲ
သူဟာသူပဲ သူ့ပိဋကကိုလည်း မယုံပါနဲ့ဦးလို့
ပြောတာပါပဲ"ဆိုရင်
ကျနော်တို့ ဗုဒ္ဓဘာသာဖြစ်ပြီးသား
သရဏဂုံတည်ပြီးသား လူတွေဟာ ဘယ်ဘက်
သွားပြောင်းထိုင်ရမလဲ။ ကာလာမတွေဘက်
သွားပြောင်း မထိုင်ရဘူးလား။

ကျနော်တို့သည်လည်း ဗုဒ္ဓအပေါ် ယုံကြည်ချက်
မရှိသေးဘူး။ ဓမ္မအပေါ် ယုံကြည်ချက် မရှိသေး
ဘူး။ သံဃာအပေါ် ယုံကြည်ချက် မရှိသေးဘူး
ဆိုပြီးတော့ ဟိုဘာသာမဲ့အဆင့် ကျနော်တို့
ပြန်ဆင်းနေရတော့မှာပေါ့။
မြတ်စွာဘုရားက "ငါ့ ပိဋကတ်ကိုလည်း မယုံနဲ့ဦး"
လို့ ဟောတယ်ဆိုပြီး ကျနော်တို့ကလည်းပဲ
ဒါ ဘုရားဟောဆိုပြီး ယုံရဦးမလား။ ယုံသင့်မှ
ယုံမယ်။ သုတေသန လုပ်ဦးမယ်ဆိုရင် ကျနော်တို့
"ဓမ်မံ သရဏံ ဂစ်ဆာမိ"လုပျထားတာ ဘာအဓိပျပါယြ
ရှိသလဲ။ ဓမ္မံ သရဏံ ဂစ္ဆာမိ ဆိုတာ ခုနတုန်းက
ပြောတဲ့အတိုင်း ဗုဒ္ဓ ဓမ္မ သံဃာ့ကို သဘာဝကျပြီ
ယုံကြည်ပြီဆိုတော့မှ ဆည်းကပ်တာမဟုတ်လား။

အခု ကျနော်တို့က ဗုဒ္ဓဘာသာ ဖြစ်ပြီးပါပြီ။
ဓမ္မံ သရဏံ လုပ်ပြီးပါပြီဆိုတဲ့ လူတွေကျတော့မှ
"ဟာ ပိဋကတ်ကိုလည်း စဉ်းစားပြီးမှ လက်ခံရ
မယ်" ဆိုတော့ သရဏဂုံဟာ ဘာဖြစ်သွားလဲ။
ပျက်သွားပြီ။ သရဏဂုံ ပျက်သွားပြီ။
ဘာသာမဲ့အဆင့် ပြန်ဆင်းရမယ်။ အဲဒီတော့
ကိုယ့်ဟာကိုယ် သရဏဂုံ ပျက်မှန်းမသိ ပျက်နေ
ကြတယ်။

အဲဒီတော့
မိမိသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ပြီး
ဆိုတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဘုရားဟောတဲ့အတိုင်း
လက်တွေ့ကျင့်ဖို့ပဲ လိုပါတယ်။
ကာလာမသုတ်သည် ဗုဒ္ဓဘာသာ မဖြစ်သေးတဲ့
လူတွေကိုသာ ကျယ်ကျယ်ပြန့်ပြန့်ဟောထား
ခြင်း ဖြစ်ပါတယ်။
မြတ်စွာဘုရားက ဗုဒ္ဓဘာသာဖြစ်ပြီးသားတွေ
အပေါ် "ငါ့တရားကို ငါ့ ပိဋကတ်ကိုလည်းပဲ
မင်းတို့ မယုံနဲ့ဦး။ ယုံသင့်မှ ယုံလို့"လို့ ဟောတော်
မူခြင်း မဟုတ်။ လေ့လာကြပါ။ သုံးသပ်ကြပါလို့
ရှင်းလင်းတင်ပြရင်း နိဂုံးချုပ်ပါတယ်။

ဤ post သည်
ဓမ္မဆရာကြီး နှစ်ဖက်လှ ဦးကျော်လွင် ဟောပြော
ခဲ့သော ဟောစဉ်ဆောင်းပါးမှ ကောက်နှုတ်ရေး
သားထားခြင်း ဖြစ်ပါသည်။ ဟောပြောချက်
အပြည့်အစုံမှာ များလွန်းအားကြီးသဖြင့် လိုရင်း
သိသင့်သိထိုက်သော အချက်များကိုသာ ထုတ်
နှုတ်ရေးသားရခြင်း ဖြစ်ပါသဖြင့် လိုအပ်ချက်များ
ရှိခဲ့ပါမူ ကြှနျုပျ၏တာဝနျသာ ဖြစ်ပါသည်။

မိမိအနေဖြင့် ဤအကြောင်းအရာကို တင်ပြပေး
ချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း စာရိုက်ရ
မည့်ဝန် ပိနေသဖြင့် အထမမြောက်ခဲ့ပါ။
ဒီကြားထဲ မိတ်ဆွေတစ်ဦးမှ "ဘုရားတောင် သူ
ပြောတိုင်း မယုံနဲ့လို့ ပြောသေးတာပဲ"ဆိုသည့်
စကားဖြင့် မိမိအား ထိုးနှက်လာသဖြင့်
ဒီ "ကာလာမသုတ်"ကိုတော့ ငါ ဖြစ်အောင်တင်
မယ်ဆိုပြီး အလုပ်နားချိန်ထဲမှ တစ်နေ့ တစ်နေ့
နဲနဲခြင်း ရိုက်လာခဲ့တာ အထမြောက်ခဲ့ပြီဖြစ်၍
ဓမ္မမိတ်ဆွေများထံ တင်ပြခွင့် ရခဲ့ပါပေပြီ။

မိမိသည် ဤမည်သော ဒေသနာကို တင်ပြခြင်း
သည် အယူအဆမှားတစ်ခုကို ပယ်ဖျောက်စေလို
သော ဆန္ဒဖြင့်သာ တင်ပြခြင်းဖြစ်ပြီး ငြင်းခုံမှု
တစ်စုံတစ်ရာကိုမူ ပြုလုပ်မည် မဟုတ်ပါ။
နောင် အခွင့်သင့်လျှင်လည်း ဤအကြောင်းအရာ
နှင့်ပတ်သက်၍ ဆက်လက်တင်ပြပေးပါဦးမည်။
မိတ်ဆွေများအားလုံး ကျန်းမာ ချမ်းသာကြပါစေ။

ဦးဓမ္မသာရ(ဆေးသဲ့တောင်)

住所

Takadanobaba 3 Chome 12-24/203
Shinjuku-ku, Tokyo
1690075

電話番号

+817036201967

ウェブサイト

アラート

Alive Buddhism - ရှင်သန်နေသော ဗုဒ္ဓဘာသာがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その診療所に問い合わせをする

Alive Buddhism - ရှင်သန်နေသော ဗုဒ္ဓဘာသာにメッセージを送信:

共有する