Gangnam Grand Eyeclinic

Gangnam Grand Eyeclinic ကိုရီးယားရောက် မြန်မာမိတ်ဆွေများအတွက် မျက်စိဆေးခန်း Official Page

ဆေးခန်းက ဆရာဝန်တွေကို Christmas vibeလေး ပြောင်းထားပေးတယ်🤩❄️🎅🎄🌲
05/12/2025

ဆေးခန်းက ဆရာဝန်တွေကို Christmas vibeလေး ပြောင်းထားပေးတယ်🤩❄️🎅🎄🌲

01/12/2025

ပါဝါဘယ်လောက်ထိလေဆာပစ်လို့ရတာလဲ?
လေဆာပစ်လို့မရဘူးဆို ဘယ်လိုနည်းနဲ့ပါဝါဖျောက်လို့ရသေးလဲဆိုတာ ရှင်းပြပေးထားတာမို့ အဆုံးထိ ကြည့်သွားနော်~

#မျက်စိဆေးခန်း

28/11/2025

ဒီတခါတော့ မျက်စိလေဆာခန်းထဲကို ခေါ်သွားမယ်နော်~🤓
လေဆာပစ်တာ ဘယ်လိုမျိုးလဲဆို သိရအောင်🤩
လေဆာပစ်တဲ့ချိန် မျက်စိမှိတ်သွားရင် ဘယ်လိုလုပ်မှာလဲဆိုပြီး မေးကြတာ ရှိတာ မျက်စိမမှိတ်အောင် Eyelid Speculumလေးနဲ့ မျက်လုံးကို ဖွင့်ထားပေးတာမို့ ကိုယ်မှိတ်တောင် မျက်လုံးက မမှိတ်တော့ပါဘူးနော်။
နာလားဆို မျက်စဉ်းထုံဆေးနဲ့ ကုသတာမို့ သိနေတာကလွှဲလို့ နာကျင်မှုက လုံးဝ မရှိပါဘူး။
တကယ်အားတင်းပြီး လာကုတဲ့ လူနာလေးတွေရှိကြတယ်။
ကုပြီး ဘာပြောလဲဆို “အလကားသပ်သပ် ကြောက်နေရတာ ကုလိုက်တော့ ဘာမှ မဟုတ်သလိုပဲတဲ့”
ကဲ~ဒါဆို မိတ်ဆွေတို့လဲ စဉ်းစားနေမယ့်အစား အခုပဲ လာရောက်စစ်ဆေးကုသလိုက်တော့နော်~

မြန်မာတာဝန်ခံ 010-6856-6311

20/11/2025

#မျက်စိပါဝါလေဆာ

ညီမလေးက ဆေးခန်း မျက်စိ လာစစ်ကတည်းက တဖက်က ပါဝါ နည်းနည်းပဲ ရှိပြီး တဖက်က ပါဝါက ၂၀၀ကျော် ဆလင်ဒါ ၃၀၀ ကျော်မို့ မျက်မှန်တပ်ရတာပါ။

ဒါကြောင့် လေဆာ ပစ်လို့ရနိုင်လားဆိုတာ သိချင်လို့ အရင်ဆေးခန်းမှာ လာစစ်ပြီး နောက်ရက်ပျမှ လေဆာပစ်သွားတာပါ။

လေဆာပစ်ရမှာ ကြောက်ပေမယ့် တကယ်ကြိုးစားပြီး ပစ်သွားတဲ့ ညီမလေးပါ။

ပစ်ပြီးမှပဲ သူ စိတ်ချသွားတာပါ။

အခုဆို ပစ်ပြီး ၁လပြည့် ပြောင်းလဲသွားတဲ့အခြေအနေလေးကို အားလုံးလဲ အားယူရအောင် တင်ပေးလိုက်ပါတယ်ရှင့်~

လူကြီးမင်းတို့၏ မျက်လုံးနှင့် ပတ်သက်သည့် ရောဂါများကို အသေးစိတ် ဆွေးနွေးကုသနိုင်ပါပြီရှင့်�
�မြန်မာတာဝန်ခံ 010-6856-6311

�ဆေးခန်းလိပ်စာ - 강남역 5번출구
�ဆေးခန်းဖွင့်ရက် - တနင်္လာ~စနေ့ထိ
�ဆေးခန်းပိတ်ရက် - ဗုဒ္ဓဟူး၊တနင်္ဂနွေ
�ဆေးခန်းချိန် - 9:30am ~ 6:30pm
(စနေနေ့ - 9:30am ~3:30pm)

#안과 #강남안과 #မျက်လုံးပါဝါဖျောက်ကုသနည်း ​ #မျက်စိဆေးခန်း #စမိုင်းလ်ဆေးခန်း #မျက်စိနာ #မျက်စိိစွံ #မျက်စိအတွင်းနံရံရောင်ခြင်း

လေဆာမဖျောက်ခင် မေးကြတဲ့ "ဆလင်ဒါရော ရှိတာမို့ အဲ့တာရော ဖျောက်လို့ရလား?"အဖြေကတော့ လေဆာဖျောက်တဲ့အခါ အဝေးမှုန်ပါဝါ၊ဆလင်ဒါ ဖျ...
13/11/2025

လေဆာမဖျောက်ခင် မေးကြတဲ့ "ဆလင်ဒါရော ရှိတာမို့ အဲ့တာရော ဖျောက်လို့ရလား?"
အဖြေကတော့ လေဆာဖျောက်တဲ့အခါ အဝေးမှုန်ပါဝါ၊ဆလင်ဒါ ဖျောက်လို့်ရပါတယ်ရှင့်။

ဆလင်ဒါကတော့ Astigmatism လို့လည်းခေါ်ကြပြီး မျက်ကြည်လွှာရဲ့ပုံသဏ္ဌာန်ဟာ ပုံမှန်အတိုင်းလုံးဝန်းမနေဘဲ ဘဲဥပုံ သဏ္ဌာန်ဖြစ်နေတာပါ။ ဒါကြောင့် မျက်လုံးထဲဝင်လာတဲ့အလင်းရောင်ဟာ တစ်နေရာတည်းမှာစုစည်းမသွားဘဲ နေရာအမျိုးမျိုးမှာ ပြန့်ကျဲသွားပြီး အဲဒီအခါမှာ ဘယ်အကွာအဝေးကိုကြည့်ကြည့် အရာဝတ္ထုရဲ့ပုံရိပ်ဟာ လွဲနေတာ၊ နှစ်ထပ်ဖြစ်နေတာမျိုးတွေကို ခံစားရနိုင်ပါတယ်။
ဒါတွေကို အဝေးမှုန် လေဆာပစ်တဲ့အခါ တခါတည်း ညှိပေးတာကြောင့် ဆလင်ဒါပျောက်တာပါရှင့်။
မျက်စိရောဂါအတွက်ဆို လာရောက်ကုသနိုင်ပါတယ်ရှင့်။
ကျွန်မတို့ဆေးခန်းကိုလာရောက်တဲ့ မြန်မာမိတ်ဆွေတို့အတွက် စကားပြောရအဆင်ပြေအောင် မြန်မာတာဝန်ခံ၊ မြန်မာစကားပြန်တွေကိုလည်း ထားရှိပေးထားပါသေးတယ်
🏥 ဆေးခန်းက ဘူတာနဲ့လည်းနီးတာမို့ သွားရေး၊ လာရေး လွယ်ကူအဆင်ပြေပါတယ်နော်

🇰🇷 အိုသမားများလည်း လာရောက်ကုသနိုင်ပါတယ်

————————————————————————————————————————————
💬⌨️အသေးစိတ်သိရှိလိုပါက chat box မှ တဆင့်(သို့) 010-6856-6311သို့ ဖုန်းဆက်ပြီး လာရောက် ဆက်သွယ်နိုင်မေးမြန်နိုင်ပါတယ်ရှင့်။
ဆေးခန်းလိပ်စာ - 강남역 5번출구
ဆေးခန်းဖွင့်ရက် - တနင်္လာနေ့ ~ စနေထိ ( ဗုဒ္ဓဟူး၊တနင်္ဂနွေ ပိတ်ပါတယ်)
ဆေးခန်းလာပြမယ်ဆို ဘိုကင် ကြိုယူပေးပါရန် မေတ္တာ ရပ်ခံအပ်ပါတယ်ရှင့်။

#안과 #강남안과 #မျက်လုံးပါဝါဖျောက်ကုသနည်း ​ #မျက်စိဆေးခန်း #မျက်စိနာ #မျက်စိိစွံ #မျက်စိအတွင်းနံရံရောင်ခြင်း #လေဆာ #မျက်စိလေဆာ #ရေတိမ် #အတွင်းတိမ် #တနင်္ဂနွေမျက်စိဆေးခန်း #ဂန်းနမ်းမျက်စိဆေးခန်း #မျက်ကြည်လွှာရောင် #မျက််ကြည်လွှာဒဏ်ရာရ #မျက်ကြည်လွှာ

ဒီနေ့ မျက်စိဆေးခန်းကို မျက်လုံးတဖက်နာပြီး ခေါင်းကိုက်လို့ဆိုတဲ့ လက္ခဏာကြောင့် လူနာတယောက် ရောက်လာပါတယ်။အရင်နှစ်ကလဲ တခါ လာ...
06/11/2025

ဒီနေ့ မျက်စိဆေးခန်းကို မျက်လုံးတဖက်နာပြီး ခေါင်းကိုက်လို့ဆိုတဲ့ လက္ခဏာကြောင့် လူနာတယောက် ရောက်လာပါတယ်။

အရင်နှစ်ကလဲ တခါ လာစစ်ဖူးတဲ့ လူနာပါ။
မစစ်တာ ၁နှစ်ကြာပြီမို့ အစ အဆုံး ပြန်စစ်ပါတယ်။

ကျန်တာ ဘာမှ ပြဿနာမရှိပေမယ့် ခန္ဓာကိုယ်မှာ သွေးပေါင်ချိန် ရှိသလို မျက်လုံးမှာ ရေဖိအားဆိုတာ ရှိပါတယ်။

ရေဖိအားများရင် အဆိုးဆုံး ရေတိမ်ထိ ဖြစ်တတ်ပါတယ်။

လူတယောက်မှာ မျက်လုံးရေဖိအားက ၁၀-၂၁ကြားမှာ ရှိတာကို လူနာ ဘယ်ဘက် ၅၀ကျော်နေပါပြီ။

ရေဖိအားကျအောင် အရင်ဆုံး မျက်လုံးကို လေဆာနဲ့ အပေါက်ဖောက်ပြီး ရေပြန်ကျအောင် လုပ်ပေးရပါတယ်။

ရေဖိအားမြင့်တာ ချက်ချင်း လက္ခဏာ မပြတတ်တာမို့ ဒီလို လက္ခဏာတွေ ရှိရင် အမြန်ဆုံး စစ်ဆေးသင့်ပါတယ်။

-မျက်လုံးကို တခုခုက ဖိထားသလို ခံစားရတဲ့အခါ
-မျက်လုံးတဝိုက် နာကျင်ပြီး နားထင်တွေ ကိုက်တဲ့အခါ
-အမြင် မရှင်းဘဲ ကြည့်ရတာ ဝါးတားတား ဖြစ်နေတဲ့အခါ
-မျက်စိသွေးကြောများ ရဲလာတဲ့အခါ
-ရုတ်တရပ် ရေဖိအား မြင့်ရင် အန်ချင်သလိုလဲ ဖြစ်တတ်ပါတယ်။
ဒီလိုလက္ခဏာတွေ ပြတတ်ပါတယ်။
အစပိုင်းဆို လက္ခဏာ တန်းမပြတတ်တာမို့ အနည်းဆုံး ၁နှစ် ၁ကြိမ်စစ်ပေးတာတော့ အကောင်းဆုံးပါပဲရှင့်။

————————————————————————————————————————————
💬⌨️အသေးစိတ်သိရှိလိုပါက chat box မှ တဆင့်(သို့) 010-6856-6311သို့ ဖုန်းဆက်ပြီး လာရောက် ဆက်သွယ်နိုင်မေးမြန်နိုင်ပါတယ်ရှင့်။
ဆေးခန်းလိပ်စာ - 강남역 5번출구
ဆေးခန်းဖွင့်ရက် - တနင်္လာနေ့ ~ စနေထိ ( ဗုဒ္ဓဟူး၊တနင်္ဂနွေ ပိတ်ပါတယ်)
ဆေးခန်းလာပြမယ်ဆို ဘိုကင် ကြိုယူပေးပါရန် မေတ္တာ ရပ်ခံအပ်ပါတယ်ရှင့်။

YouTube Channel >> https://youtube.com/?si=rC9pKTo-sLnWjgqj
Instagram >> https://www.instagram.com/grandeye_official?igsh=MWRmeWl5eW00bWZ0bw==

#안과 #강남안과 #မျက်လုံးပါဝါဖျောက်ကုသနည်း ​ #မျက်စိဆေးခန်း #စမိုင်းလ်ဆေးခန်း #မျက်စိနာ #မျက်စိိစွံ

ခန္ဓာကိုယ်ကိုပဲ medical check-upလုပ်ရတာ မဟုတ်ဘဲ မျက်လုံးလဲ medical check-up ၁နှစ် ၁ကြိမ် လုပ်ပေးပါမျက်လုံးဆိုတာလဲ အစားထိ...
31/10/2025

ခန္ဓာကိုယ်ကိုပဲ medical check-upလုပ်ရတာ မဟုတ်ဘဲ မျက်လုံးလဲ medical check-up ၁နှစ် ၁ကြိမ် လုပ်ပေးပါ
မျက်လုံးဆိုတာလဲ အစားထိုးလို့ မရတဲ့ အနူးညံ့ဆုံး အစိတ်အပိုင်းတခုမို့ပါ။
နေ့တဒူဝ အိပ်ယာနိုးပီ ဆိုကတည်းက သုံးနေရပြီး အခုခေတ်ဆို နည်းပညာတွေကြောင့် ၂၄နီးပါးလောက်က screen နဲ့ ပြတ်မနေကြတော့ဘူး။
ဒါကြောင့် မျက်လုံးကိုလဲ ဂရုစိုက် ကာကွယ်သင့်ပါတယ်။
မျက်လုံးသာ နေလို့ မကောင်းရင် ဘာလုပ်လုပ် အဆင်မပြေ။ စိတ်တိုင်းမကျတွေ ဖြစ်တတ်ကြမှာပါ။
တချို့ဆို မျက်လုံးကိုက်လို့၊မျက်လုံးနာလို့၊မျက်တောင်ခတ်ရတာ လေးလို့ စတဲ့ အသေးအမွှားလို့ ထင်ရတတ် ရောဂါလေးတွေရှိတာတောင် အလုပ်လုပ်တဲ့အခါမှာ အဆင်ပြေမနေတော့ပါဘူး။
ဒါကြောင့် ဒီလို့ ဝေဒနာတွေ မခံစားရသေးရင် ကြိုတင်ကာကွယ်ဖို့ မျက်လုံး medical check-up လုပ်သင့်ပါတယ်။
မျက်လုံးစစ်တဲ့အခါ
-မျက်လုံးပါဝါ(အဝေး၊အနီး၊ဆလင်ဒါ)
-မျက်လုံးရေဖိအား
-အတွင်းတိမ်/အပြင်တိမ်
-မျက်ရည် အဆီဓါတ်/ရေဓါတ်
-မျက်လုံးအာရုံကြော၊အမြင်အာရုံ
-မျက်ကြည်လွှာ အထူးအပါး
-မျက်ကြည်လွှာ ဆဲလ်အနေအထား
စတဲ့ မျက်လုံး အစိတ်အပိုင်း အတွင်းထဲထိ စစ်ဆေးပေးပါတယ်။
စစ်ဆေးချိန်အနေနဲ့ ၁နာရီ ဝန်းကျင် ကြာတတ်ပြီး စစ်ဆေးခ အနေဖြင့် ဝမ် ၁သိန်း ကုန်ကျပါတယ်ရှင့်။
ကျွန်မတို့ဆေးခန်းကိုလာရောက်တဲ့ မြန်မာမိတ်ဆွေတို့အတွက် စကားပြောရအဆင်ပြေအောင် မြန်မာတာဝန်ခံ၊ မြန်မာစကားပြန်တွေကိုလည်း ထားရှိပေးထားပါသေးတယ်
🏥 ဆေးခန်းက ဘူတာနဲ့လည်းနီးတာမို့ သွားရေး၊ လာရေး လွယ်ကူအဆင်ပြေပါတယ်နော်

🇰🇷 အိုသမားများလည်း လာရောက်ကုသနိုင်ပါတယ်

————————————————————————————————————————————
💬⌨️အသေးစိတ်သိရှိလိုပါက chat box မှ တဆင့်(သို့) 010-6856-6311သို့ ဖုန်းဆက်ပြီး လာရောက် ဆက်သွယ်နိုင်မေးမြန်နိုင်ပါတယ်ရှင့်။
ဆေးခန်းလိပ်စာ - 강남역 5번출구
ဆေးခန်းဖွင့်ရက် - တနင်္လာနေ့ ~ စနေထိ ( ဗုဒ္ဓဟူး၊တနင်္ဂနွေ ပိတ်ပါတယ်)
ဆေးခန်းလာပြမယ်ဆို ဘိုကင် ကြိုယူပေးပါရန် မေတ္တာ ရပ်ခံအပ်ပါတယ်ရှင့်။

#안과 #강남안과 #မျက်လုံးပါဝါဖျောက်ကုသနည်း ​ #မျက်စိဆေးခန်း #မျက်စိနာ #မျက်စိိစွံ #မျက်စိအတွင်းနံရံရောင်ခြင်း #လေဆာ #မျက်စိလေဆာ #ရေတိမ် #အတွင်းတိမ် #တနင်္ဂနွေမျက်စိဆေးခန်း #ဂန်းနမ်းမျက်စိဆေးခန်း #မျက်ကြည်လွှာရောင် #မျက််ကြည်လွှာဒဏ်ရာရ #မျက်ကြည်လွှာ

2025.10.18ရက်နေ့လေဆာပစ်ဖို့ ၂နှစ်လောက် စဉ်းစားပြီး နောက်ဆုံး ကုဖြစ်သွားတဲ့ လူနာလေးပါ။အဓိကကတော့ လေဆာပစ်ရမှာ ကြောက်ကြတာကြေ...
18/10/2025

2025.10.18ရက်နေ့
လေဆာပစ်ဖို့ ၂နှစ်လောက် စဉ်းစားပြီး နောက်ဆုံး ကုဖြစ်သွားတဲ့ လူနာလေးပါ။
အဓိကကတော့ လေဆာပစ်ရမှာ ကြောက်ကြတာကြောင့်ပါ။

ကြောက်တယ်ဆို ဆေးခန်းကိုသာ လာခဲ့ မကြောက်အောင် တာဝန်ယူပေးမှာ ဒီက မင်မင်က😃😃

17/10/2025

မျက်သားခြောက်တာအတွက်ဆို ဆေးခန်းမှာ လာရောက်ကုသနိုင်ပါပြီနော်

17/10/2025

ဖုန်းကြည့်တဲ့အခါ မျက်စိနာလို့ လာစစ်တာပါ။

ချူဆော့ပိတ်ရက်မှာ လူနာတွေနဲ့ အတူတူရိုက်ထားတဲ့အမှတ်တရ ပုံလေးတွေ ခုမှ တင်ဖြစ်တယ်😍😍😍ယုံယုံကြည်ကြည်နဲ့ လာရောက်ကုသပေးတဲ့ တယော...
13/10/2025

ချူဆော့ပိတ်ရက်မှာ လူနာတွေနဲ့ အတူတူရိုက်ထားတဲ့အမှတ်တရ ပုံလေးတွေ ခုမှ တင်ဖြစ်တယ်😍😍😍

ယုံယုံကြည်ကြည်နဲ့ လာရောက်ကုသပေးတဲ့ တယောက်ချင်းစီတိုင်းကို ကျွန်မတို့ Grand Eye Clinicမှ အထူး ကျေးဇူးတင်ရှိပါတယ်ရှင့်😍🙏

ပွဲတော်ရက် လူနာများတာကြောင့် လိုအပ်ချက်လေးတွေ ရှိခဲ့ရင်လဲ နားလည်ခွင့်လွှတ်ပေးဖို့ တောင်းဆိုအပ်ပါတယ်ရှင့်။🙏

추석연휴 잘 보내세요.🎊🎉အားလုံးပဲ ပျော်ရွှင်စရာကောင်းတဲ့  ပိတ်ရက်ရှည်လေး ဖြစ်ပါစေ။မင်မင်တို့ ဆေးခန်းကတော့ ၁၀ရက်နေ့ ပြန်ဖွင့်မှာပါ။...
04/10/2025

추석연휴 잘 보내세요.🎊🎉

အားလုံးပဲ ပျော်ရွှင်စရာကောင်းတဲ့ ပိတ်ရက်ရှည်လေး ဖြစ်ပါစေ။
မင်မင်တို့ ဆေးခန်းကတော့ ၁၀ရက်နေ့ ပြန်ဖွင့်မှာပါ။
ဒီကြားထဲ ဆေးခန်းနဲ့ ပတ်သက်လို့ သိချင်တာ၊ဘိုကင်တင်တာ၊ပြောင်းချင်တာရှိရင် ဖုန်းနဲ့ မဟုတ်ဘဲ စာလေးပို့ထားဖို့ မေတ္တာ ရပ်ခံပါတယ်ရှင့်။
ဆေးခန်းမှာ မြန်မာတာဝန်ခံတော့ ရှိနေမှာပါနော်။

အားလုံးပဲ ပျော်ရွှင်စရာ နားရက်လေး ဖြစ်ကြပါစေရှင့်။

Address

서울 서초구 강남대로 363 강남타워
Seoul
06621

Alerts

Be the first to know and let us send you an email when Gangnam Grand Eyeclinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Gangnam Grand Eyeclinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram