18/12/2025
#လေထုညစ်ညမ်းခြင်းကကျန်းမာရေးကိုဘယ်လိုထိခိုက်စေနိုင်သလဲ?
🏭💨လေထုညစ်ညမ်းခြင်းဟာ ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်စေနိုင်ပါတယ်။
🚙🚂🏭 💨မြို့ပြနေထိုင်မှုပုံစံစနစ်ကြောင့် မော်တော်ယာဉ်၊ အင်ဂျင်စက်ပစ္စည်းအမျိုးမျိုး၊ စက်ရုံ၊အလုပ်ရုံများ၊ အမှိုက်မီးရှို့ခြင်း စတာတွေကနေ မီးခိုးငွေ့တွေထွက်ရှိနိုင်ပြီး လေထုညစ်ညမ်းမှုပိုဖြစ်စေပါတယ်။
💨လေထုထဲရောက်လာတဲ့ အန္တရာယ်ရှိတဲ့ အမှုန်အမွှား နဲ့ မီးခိုးငွေ့တွေ ကို ရှူရှိုက်ရတာကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်စေပါတယ်။
#ညစ်ညမ်းတဲ့လေထုထဲမှာပါဝင်နေတာတွေကတော့
၁- လေထုအတွင်းရှိအမှုန်အမွှားများParticulate Matter (PM 2.5 & PM 10)
- PM 2.5 ဆိုတာကတော့ 2.5 micrometers ထက် သေးငယ်တဲ့ အမှုန်တွေဖြစ်ပြီး ဆံချည်မျှင်ထက် အဆ 30 သေးငယ်တာဖြစ်လို့ အသက်ရှူလမ်းကြောင်း မှ တစ်ဆင့် အဆုတ်နဲ့ သွေးကြောအတွင်းထိဝင်ရောက်နိုင်ပြီး PM 10 ထက်ပိုပြီး အန္တရာယ် ပေးနိုင်တဲ့ အမှုန်အမွှားအမျိုးအစားဖြစ်ပါတယ်။
- PM 10 ဆိုတာကတော့ 10 micrometers ထက်သေးငယ်တဲ့ အမှုန်တွေဖြစ်ပြီး နှာခေါင်း၊ လည်ချောင်း စတာတွေကိုယားယံခြင်း ဖြစ်စေနိုင်တဲ့ အမှုန်အမွှား အမျိုးအစား ဖြစ်ပါတယ်။
၂- နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် (Nitrogen Dioxide)
၃- ကာဗွန်မိုနောက်ဆိုဒ် (Carbon Monoxide)
၄-ဆာလဖာဒိုင်အောက်ဆိုဒ် (Sulfur Dioxide)
စတဲ့ အန္တရာယ်ရှိတဲ့ အငွေ့တွေ အမှုန်အမွှားတွေဟာ လေထုထဲမှာ ပျံ့လွင့်နေပြီး လေထုညစ်ညမ်းခြင်းကိုဖြစ်စေပါတယ်။
#လေထုညစ်ညမ်းမှုဒဏ်ကိုပိုခံရနိုင်ချေများတဲ့သူတွေကတော့
👧👦- ကလေးသူငယ်များ
👵👴- သက်ကြီးရွယ်အိုများ
🫁 - အဆုတ်ရောဂါအခံရှိသူများ
🫀 - နှလုံးရောဂါအခံရှိသူများ
🤰 - ကိုယ်ဝန်ဆောင်မိခင်များ
စတဲ့သူတွေမှာလလေထုညစ်ညမ်းမှုဒဏ်ကိုပိုခံရနိုင်ချေများပါတယ်။
#လေထုညစ်ညမ်းခြင်းကြောင့်ဘယ်လိုကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်သလဲ?
🔵- ချောင်းဆိုးခြင်း
🔵- လည်ချောင်းနာခြင်း
🔵- အသက်ရှူမဝခြင်း
🔵- မျက်စိ၊နှာခေါင်း နှင့် လည်ချောင်း စပ်ခြင်း
🔵- ရင်ကြပ်ရောဂါရှိသူများတွင် ရောဂါပြန်ကြွနိုင်ခြင်း
🔵- ဓါတ်မတည့်မှုဖြစ်ခြင်း
စတာတွေဖြစ်ပွားနိုင်ပါတယ်။
#ညစ်ညမ်းတဲ့လေထုကိုရေရှည်ရှူရှိုက်ရခြင်းကြောင့်ဖြစ်နိုင်တဲ့နောက်ဆက်တွဲရောဂါတွေကတော့
🔴- အဆုတ်လေပြွန်ကျဉ်း/အဆုတ်ပွရောဂါ
🔴- အဆုတ်ကင်ဆာ
🔴- နှလုံးရောဂါ
🔴- ကိုယ်ခံအားစနစ်အားနည်းခြင်း
စတာတွေဖြစ်စေနိုင်ပါတယ်။
#လေထုညစ်ညမ်းမှုကိုကာကွယ်နိုင်ဖို့အတွက်လိုက်နာသင့်တဲ့အချက်တွေကတော့
✅- လေထုညစ်ညမ်းမှုအခြေအနေ Air Quality Index (AQI) ပမာဏကို ဖုန်းapplication တွေကတစ်ဆင့် စစ်ဆေးသိရှိနိုင်ပါတယ်။
မိမိပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းမှုပမာဏ မြင့်တက်နေမယ်ဆိုရင်တော့ အပြင်မထွက်ဘဲ အိမ်ထဲမှာနေသင့်ပါတယ်။
✅- အပြင်သွားတဲ့အခါ မျက်နှာအကာ (mask) ဝတ်ဆင်ပါ။
✅- အိမ်တွင်းလေထုသန့်စင်စေနိုင်ဖို့ အတွက် လေသန့်စက်အသုံးပြုနိုင်ပါတယ်။
✅- အိမ်တွင်းဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ပါ။
✅- အမှိုက်များမီးရှို့ခြင်းကိုရှောင်ကြဉ်ပါ။
✅- လေထုညစ်ညမ်းခြင်းကိုလျော့ချနိုင်ဖို့ ကာဗွန်မိုနောက်
ဆိုဒ်ထုတ်လွှတ်မှုလျော့ချနိုင်ဖို့ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ အများသုံးဘတ်စ်ကား အသုံးပြုခြင်း၊ သစ်ပင်များများစိုက်ပျိုးခြင်း စသဖြင့် ပြုလုပ်နိုင်ပါတယ်။
✅- အဆုတ်ကျန်းမာရေးအတွက် လေကောင်းလေသန့်ရတဲ့နေရာတွေမှာ အဆုတ်လေ့ကျင့်ခန်း/အသက်ရှူလေ့ကျင့်ခန်းပြုလုပ်နိုင်ပါတယ်။
✅- အဆုတ်ကျန်းမာရေးအတွက်ရေများများသောက်ပါ/ ဟင်းသီးဟင်းရွက် အသီးအနှံများများစားသုံးပါ။
📢လေထုညစ်ညမ်းခြင်းဟာ ဆိုးကျိုးများစွာ ပေးနိုင်တာဖြစ်လို့ လေထုညစ်ညမ်းခြင်း ကို တစ်ဦးချင်းတတ်နိုင်သမျှ လျော့ချကြဖို့ နဲ့ လေထုညစ်ညမ်းနေချိန်မှာ လိုက်နာသင့်တဲ့အချက်တွေကို စနစ်တကျလိုက်နာကြဖို့ တိုက်တွန်းလိုပါတယ်။
⚠️စာများကိုပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
လွတ်လပ်စွာ share နိုင်ပါတယ်။
Dr.Phyu Phyu Moe
M.B.,B.S (YGN), MRCP (UK)
No.86, Ayarwaddy Street, Ahlone Tsp, Yangon