23/11/2025
(ဖလူကိုနာဇော) မှိုပိုးသတ်ဆေးအကြောင်း
က မှိုပိုးကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေကို ကုသရာမှာ အသုံးပြုတဲ့ မှိုပိုးသတ်ဆေး( ၁)မျိုးဖြစ်ပါတယ်
🦠မှိုပိုးသတ်ဆေးတွေကတော့
➡️ Clotrimazol
➡️ Miconazole
➡️
➡️ Fluconazole
➡️ Itraconazole
➡️ Griseofulvin
➡️ Nystatin စတာတွေ ဖြစ်ပါတယ်
( ဖလူကိုနာဇော ) က
သောက်ဆေး / လိမ်းဆေး ဆိုပြီး ၂မျိုးလာတယ်
အခု ရိုက်ပြထားတဲ့
150mg ကတော့
၁ဘူးကို ဆေး ၁လုံးတည်းပါတဲ့ သောက်ဆေးဖြစ်ပါတယ်
👉အမျိုးသမီးများ အဖြူဆင်းများပြီး ယားယံခြင်း
👉အရေပြားမှိုရောဂါများဖြစ်တဲ့ ဗောက်ထ၊ ပွေးရောဂါ၊ ဝဲ၊ ဒက်၊ယားနာ စတဲ့ မှိုရောဂါဖြစ်ရင် သောက်ရတဲ့ ဆေးဖြစ်ပါတယ်ရှင့်
🚨ဆရာဝန်ညွှန်ကြားချက်နဲ့မှ အသုံးပြုရတဲ့ ဆေးလည်း ဖြစ်ပါတယ်
🚨 🤱 များနဲ့ 🫄ကိုယ်ဝန်ဆောင်မေမေများကတော့ အသုံးမပြုသင့်ပါဘူးရှင့်
💊ဘေးထွက်ဆိုးကျိုးတွေကတော့
▪️ပျို့တာ
▪️အန်တာ
▪️ဝမ်းဗိုက်မအီမသာဖြစ်တာ
▪️ခေါင်းနောက်တာ
▪️ဆေးနဲ့ဓာတ်မတည့်ရင် ယားယံတာမျိုး ဖြစ်နိုင်ပါတယ်