11/03/2026
Onitment (မြူပီ )လိမ်းဆေးအကြောင်း
Onitment ထဲမှာဆို ( မြူပီရိုစင်) ပိုးသတ်ဆေးပါဝင်ပါတယ်
(မြူပီရိုစင်)
Mupirocin က ဘက်တီးရီးယားပိုးတွေကို သတ်နိုင်တဲ့ ( ) ပဋိဇီဝပိုးသတ်ဆေးအမျိုးအစားတွေထဲက ဆေး၁မျိုးဖြစ်ပါတယ်
ပိုးသတ်ဆေးကို အဓိကအားဖြင့် အရေပြားပေါ်တွင်လိမ်းတဲ့ လိမ်းဆေးအဆီ (Onitment) အနေနဲ့ သုံးတာ များပါတယ်
ရဲ့ သဘော သဘာဝကတော့
လိမ်းဆေးမှာ ပါဝင်တဲ့ ဆေးအဆီက ရေထက် အဆီ( oil )က ပါဝင်တဲ့ပမာဏပိုများတဲ့အတွက်ကြောင့် ဆေးလေးက ပျစ်ပျစ်ဖြစ်နေပါတယ်
အရေပြားပေါ်လိမ်းလိုက်ရင်လည်း ကြာကြာတင်ကျန်နေတာကြောင့် အရေပြားထဲကို စိမ့်ဝင်သွားအောင် ကူညီပေးပါတယ်
Onitment ကတော့
👉အရေပြားပေါ်တွင် ဘက်တီးရီးယားပိုးကြောင့် ဖြစ်သော အနာစက်များ
👉ထိခိုက်ရှနာများ
👉ပွန်းပဲ့ အနာများ
👉ပြည်တည်နာ
👉မွေးကျွတ်နာများနှင့်
👉အင်းဆက်အကိုက်ခံရတဲ့ ဒဏ်ရာတွေမှာ ဘက်တီးရီးယားပိုးဝင်ပြီး နီမြန်းရောင်ရမ်းတာမျိုးစတဲ့ အခြေအနေတွေမှာ အဓိက သုံးပါတယ်
👉ဒါအပြင်။ 👶ကလေးများ သေးခံ ( Diper )ကြောင့် အပူလောင်ပြီး အရေပြားလေးပေါ်မှာ အနာဖြစ်ရင်လည်း အသုံးပြုနိုင်ပါတယ်
🚨သတိပြုရမည့်အချက်
မွေးကင်းစကလေးများနှင့် လသား ကလေးတွေရဲ့ အရေပြားဟာ အလွန်နုနယ်တဲ့အတွက် ဘယ်လိမ်းဆေးမဆို ဆရာဝန် (သို့) နားလည်သိကျွမ်းသူနဲ့ သေချာပြသပြီးမှ သုံးစွဲတာ အကောင်းဆုံးပါရှင့်
Onitment ကို
🕐 တစ်နေ့ ➡️ ( ၃ကြိမ်) ( သို့ ) ဆရာဝန်ညွှန်ကြားချက်အတိုင်း လိမ်းနိုင်ပါတယ်
💊ပိုးသတ်လိမ်းဆေးဖြစ်တာကြောင့် ဆေးလိမ်းပြီး ၅ရက်အတွင်း သိသာတိုးတက်မှု မရှိပါက ဆရာဝန်နှင့် ပြန်လည်တိုင်ပင်ပါရှင့်
🚨🚨MUPI Onitment နဲ့ ဓာတ်မတည့်ရင် ဆေးလိမ်းတဲ့နေရာမှာ
▪️အရမ်း ယားယံလာတာ
▪️ ပူစပ်ပူလောင် ဖြစ်တာ
▪️နီရဲ ရောင်ရမ်းတာမျိုး ဖြစ်လာနိုင်ပါတယ်
အဲ့ဒါမျိုးတွေ ဖြစ်ရင် အသုံးပြုတာကို ချက်ချင်း ရပ်လိုက်ရပါမယ်
✍️စာလေးကို အဆုံးထိ ဖတ်ပေးကြပါအုံးရှင့်🩵