Chan Myae Specialist Clinic

Chan Myae Specialist Clinic ရင်သွေးငယ် မှ လူ တိုင်း ကျန်းမာပျော်ရွှင် ချမ်းမြေ့ဖို့

ကလေးနှင့် အားဆေး
12/09/2025

ကလေးနှင့် အားဆေး

ကလေးနှင့်အား​ဆေး

▪️ကလေးကိုအားဆေးတိုက်ချင်တယ် ဘယ်ဟာဝယ်တိုက်ရမလဲ?

▪️အားဆေးက ကလေးကိုမဖြစ်မနေတိုက်ရမှာလား?

ဒီမေးခွန်းက မိဘတွေအလွန်မေးကြတဲ့မေးခွန်းဖြစ်ပါတယ်။ ဆရာဝန်တွေအနေနဲ့လည်း စာတစ်ကြောင်းတည်းနဲ့ပြန်ပြီးဖြေဖို့မလုံလောက်တဲ့မေးခွန်းလည်းဖြစ်ပါတယ်။ ခုဆောင်းပါးမှာတော့ သေချာလေးရှင်းပြထားပါမယ်ရှင်။

အရင်ဦးဆုံး ကလေးတွေမှာလိုအပ်တဲ့ အာဟာရဓာတ်တွေအကြောင်းပြောပြချင်ပါတယ်။

ကလေးငယ်တစ်ဦး ဖွံ့ဖြိုးကြီးထွားဖို့လိုအပ်တဲ့အာဟာရဓာတ်တွေကတော့

Protein -အသားဓာတ်
Carbohydrate -ကစီဓာတ်
Fat -အဆီဓာတ်
Vitamin - သက်စောင့်ဓာတ်
mineral - သတ္တုဓာတ်
Water -ရေဓာတ် စသည်တို့ပဲဖြစ်ပါတယ်။

ဒီအာဟာရဓာတ်တွေကို ကျွန်မတို့နေ့စဉ်စားနေတဲ့ အသား၊ငါး၊ပဲအမျိုးမျိုး၊ နို့၊ နို့ထွက်ပစ္စည်းများ၊ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆံများ၊ ဆန်၊ဂျုံ၊ပြောင်း၊အုတ်ဂျုံ၊ အာလူး၊ ဟင်းရွက်ဆီ၊ အဆီအမျိုးမျိုး၊ ရေ စတဲ့အစားအစာတွေကနေ ရရှိနိုင်ပါတယ်။

🔺ကလေးတစ်ဦးရဲ့အာဟာရအနေနဲ့ မွေးစကနေ အသက် ၆လအထိဟာ မိခင်နို့တစ်မျိုးတည်းနဲ့လုံလောက်ပါတယ်။ ၆လမပြည့်ခင်မှာ ကလေးကိုထမင်းကျွေးစရာ၊ရေတိုက်စရာမလိုပါဘူး။

🔺ကလေး အသက်၆လပြည့်ပြီးနောက်ပိုင်းမှာတော့ ဖြည့်စွက်စာစကျွေးရပါပြီ။ ကလေးအတွက် လိုအပ်တဲ့အာဟာရဟာ မိခင်နို့တစ်မျိုးတည်းနဲ့မလုံလောက်တော့တဲ့အတွက်ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းဖြစ်တဲ့ WHO က မိခင်နို့ကို ကလေးအသက် ၂နှစ်အထိတိုက်သင့်တယ်လို့ညွှန်ကြားထားပါတယ်။

ကလေးအားဆေးတွေမှာ များသောအားဖြင့် Vitamin A, C ,D, E, B complex အုပ်စု, Folic acid နဲ့ Niacin အဓိကပါတတ်ပါတယ်။ ထပ်မံပါဝင်နိုင်တဲ့ အာဟာရဓာတ်တွေလည်းရှိပါတယ်။ Brand ပေါ်လိုက်ပြီး ကွဲပြားနိုင်ပါတယ်။

✔️Vitamin A က ကလေးအတွက် အမြင်အာရုံကိုကောင်းမွန်စေပါတယ်။ ခုခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပါတယ်။
Vitamin A ကြွယ်ဝတဲ့အစားအစာတွေကတော့
အသည်း၊လိမ္မော်ရောင်နဲ့အနီရောင်ရှိတဲ့သစ်သီးဝလံများ၊အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များပဲဖြစ်ပါတယ်။

✔️Vitamin B အုပ်စု(B1,B2,B6,B12,Niacin,Folic acid,Biotin, Pantothenic acid) ကတော့ ကလေးရဲ့ဇီဝရုပ်ဖြစ်ပျက်မှုတွေကိုအားကောင်းစေတယ်။ သွေးနီဥတွေထုတ်လုပ်တဲ့နေရာမှာကူညီပေးပါတယ်။

Vitamin B ကြွယ်ဝတဲ့အစားအစာတွေကတော့
အုတ်ဂျုံ၊ ပင်လယ်စာ၊ ငါး၊အသား၊ကလီစာ၊ဥအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်းများ၊ ဒိန်ချဉ်၊ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များနဲ့ Cereal စတာတွေပဲဖြစ်ပါတယ်။

✔️Vitamin C ကတော့ ကလေးရဲ့ခုခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ အနာကျက်လွယ်စေတယ်။ ကလေးရဲသွားဖုံး၊ အရိုးနဲ့ သွေးကြောတွေကို ကောင်းမွန်အောင်ထိန်းထားပေးတယ်။ သံဓာတ်စုပ်ယူမှုကိုအားကောင်းစေပါတယ်။

Vitamin C ကြွယ်ဝတဲ့အစားအစာတွေကတော့
အရည်ရွှမ်းပြီးချဉ်တဲ့အသီးအနှံတွေနဲ့ ခရမ်းချဉ်သီး၊ ပန်းစိမ်း၊ဂေါ်ဖီထုပ်၊ကီဝီသီးစတာတွေပဲဖြစ်ပါတယ်။

✔️Vitamin D ကတော့ ကလေးငယ်ရဲ့အရိုးနဲ့သွားကိုကျန်းမာစေပါတယ်။ ကယ်လ်စီယမ်ဓာတ်စုပ်ယူဖို့ အတွက် အားဖြည့်ကူညီပေးပါတယ်။

Vitamin D ကြွယ်ဝတဲ့အစားအစာတွေကတော့
နို့နဲ့နို့ထွက်ပစ္စည်းများ၊ ငါး / အရိုးပါဝါးစားနိုင်တဲ့ငါးလေးများ၊ ကြက်ဥအနှစ်၊ အသည်း၊ အုတ် စတာတွေပဲဖြစ်ပါတယ်။

✔️Vitamin E ကတော့ ကလေးရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဆဲလ်တွေနဲ့အာရုံကြောတွေကို မပျက်စီးအောင်ကာကွယ်ပေးပါတယ်။ သွေးနီဥတွေရဲ့ကျန်းမာရေးအတွက်လည်းအရေးကြီးပါတယ်။ လမစေ့ ပေါင်မပြည့်ဘဲမွေးလာတဲ့ကလေးတွေမှာ Vitamin E ဟာ အလွန်အရေးပါပါတယ်။

Vitamin E ကြွယ်ဝတဲ့အစားအစာတွေကတော့
အစေ့အဆံများ၊ အုတ်ဂျုံ ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ နေကြာဆီ ၊သံလွင်ဆီ နဲ့ကြက်ဥအနှစ်တို့ပဲဖြစ်ပါတယ်။

ခုနောက်ပိုင်းမှာ DHA , Fibers စတဲ့ အာဟာရဓာတ်တွေပါလာတဲ့အားဆေးတွေကိုလည်းတိုက်လာကြပါတယ်။ Omega 3 Fatty Acid များဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အလွန်အရေးပါပါတယ်။ နှလုံးကျန်းမာရေး၊ ဦးနှောက်လုပ်ဆောင်မှု နဲ့ ကိုယ်ခံစွမ်းအားတို့အပေါ်မှာ ကောင်းမွန်စွာသက်ရောက်ပါတယ်။ ငါး၊ ရေညှိစတဲ့အစားအစာတွေကနေ အလွယ်တကူရရှိပါတယ်။ Fibers အမျှင်ဓာတ်ကတော့ ဝမ်းချုပ်တတ်တဲ့ကလေးငယ်တွေအတွက် သင့်တော်ပါတယ်။ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကနေလည်း သဘာဝအတိုင်းရရှိနိုင်ပါတယ်။

ဒီတော့ ကလေးတိုင်းဟာ အထက်ပါအစာအာဟာရတွေကိုပြည့်စုံအောင်စားသောက်နေမယ်ဆိုရင် အားဆေးဆိုတာ မဖြစ်မနေမလိုအပ်ပါဘူး။

💠ကလေးတွေမှာ အားဆေးကို လိုအပ်တဲ့အခြေအနေတွေလည်း ရှိတတ်ပါတယ်။

အဲဒါတွေကတော့

▪️အသားလုံးဝမစားတဲ့ သက်သက်လွတ်ပဲကျွေးလို့ရတဲ့ကလေးများ
▪️အစားအင်မတန်ကြေးများတဲ့ကလေးများ
▪️ကျန်းမာရေးပြဿနာ/အခြေအနေတစ်ခုခုရှိနေတဲ့ကလေးများ (ဥပမာ ပေါင်မပြည့်သော/လမစေ့သောကလေးများ၊ မွေးရာပါရောဂါအခံပါသောကလေးများ၊ပုံမှန်သောက်ရမယ့်နို့ပမာဏထက်နည်းနေသော ကလေးများ၊ ပေါင်ချိန်မတက်သဖြင့် ကလေးအထူးကုဆရာဝန်နဲ့ပြသနေရသောကလေးများ)

စတဲ့အခြေအနေတွေရှိရင်တော့ကလေးကိုအားဆေးတိုက်လို့ရပါတယ်။

💠 တိုက်လိုပါက အပေါ်မှာပြောထားတဲ့ အာဟာရဓာတ်တွေပါဝင်တဲ့အားဆေးကို အဆင်ပြေရာ၊ စိတ်ချရတဲ့ဟာရွေးချယ်ပြီးတိုက်ပါ။ မနက်အစားစားပြီးချိန်တိုက်နိုင်ပါတယ်ရှင်။

💠အားဆေးတိုက်တဲ့အခါမှာလည်း ဆေးညွှန်းအတိုင်းသာတိုက်ကျွေးဖို့လိုအပ်ပါတယ်။ ဆေး၂မျိုး/၃မျိုးရောတိုက်စရာမလိုပါဘူး။

💠အားဆေးတမျိုးတည်းကိုပဲ အားကိုးလို့မရဘဲ ကလေးကို အာဟာရပြည့်အောင် ကျွေးမွေးပြုစုဖို့ကလည်း အရေးကြီးပါတယ်။

💠ကလေးငယ်ကို

✔️Protein (အသားဓာတ်)ကြွယ်ဝတဲ့အစားအသောက်တွေ

ဥပမာ- နို့၊ အနီရောင်ရှိသောအသား​အမျိုးမျိုး၊ ကြက်သား၊ ပဲအမျိုးမျိုး၊ကြက်ဥ၊ဘဲဥ

✔️ဗီတာမင်နဲ့သတ္တုဓာတ်ကြွယ်ဝသောအစားအစာတွေ

ဥပမာ- အသီးအနှံအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုးပါဝင်ပါတယ်။

✔️ကာဗိုဟိုက်ဒရိတ်(ကစီဓာတ်)နဲ့ အဆီဓာတ်ပေးသောအစားအစာတွေ

ဥပမာ- ဆန်၊ဂျုံ၊ပြောင်း၊အာလူး၊သကြားနဲ့ထောပတ်၊ဆီစတာတွေ

မျှတအောင်ကျွေးရမှာဖြစ်ပါတယ်။

ခုဆိုရင် မိဘတွေအမေးများကြတဲ့ ကလေးကိုအားဆေးတိုက်ရမလား....မဖြစ်မနေတိုက်ရမှာလားဆိုတဲ့မေးခွန်းရဲ့အဖြေကို သိရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

24/07/2025

🏥 ချမ်းမြေ့အထူးကုဆေးခန်း

🏥 အမှတ်-၁၀၇၊ သံလွင်လမ်း၊ ညောင်ပင်ထောင်ရပ်ကွက်၊ အောင်ပန်းမြို့။

📞 09400448449
📞 09962027271

ဆေးခန်းပိတ်ရက် ကြေညာခြင်းချမ်းမြေ့အထူးကုဆေးခန်း(အောင်ပန်း+ကလော) အား8.7.2025 မှ 9.7.2025 ထိ ခေတ္တခဏပိတ်ထားပါကြောင်း လေးစာ...
07/07/2025

ဆေးခန်းပိတ်ရက် ကြေညာခြင်း

ချမ်းမြေ့အထူးကုဆေးခန်း
(အောင်ပန်း+ကလော) အား

8.7.2025 မှ 9.7.2025 ထိ ခေတ္တခဏပိတ်ထားပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါတယ် ခင်ဗျာ။

10.7.2025 တွင် ပုံမှန်ဖွင့်လှစ်ပါမည် ဖြစ်ပါတယ် ခင်ဗျာ။

မင်္ဂလာရှိသော နှစ်သစ်အခါသမယပါခင်ဗျာ …18.4.2025 ယနေ့မှ စ၍ ချမ်းမြေ့အထူးကုဆေးခန်း (အောင်ပန်း+ကလော) အားပုံမှန်ဝန်ဆောင်မှုမျ...
18/04/2025

မင်္ဂလာရှိသော နှစ်သစ်အခါသမယပါခင်ဗျာ …

18.4.2025
ယနေ့မှ စ၍ ချမ်းမြေ့အထူးကုဆေးခန်း (အောင်ပန်း+ကလော) အား

ပုံမှန်ဝန်ဆောင်မှုများနှင့် ဖွင့်လှစ်ထားပါတယ် ခင်ဗျာ….

ကျောင်းဖွင့်ချိန်အမီ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးရန်အတွက် စာရင်းပေးထားသော သားသား မီးမီးများလည်း ကာကွယ်ဆေးများ လာရောက်ထိုးနှံနိုင်ပါပြီ ခင်ဗျာ….

နှစ်သစ်မှာ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ ခင်ဗျာ….

🏥 ချမ်းမြေ့အထူးကုဆေးခန်း

🏥 အမှတ်-၁၀၇၊ သံလွင်လမ်း၊ ညောင်ပင်ထောင်ရပ်ကွက်၊အောင်ပန်းမြို့။

📞 09400448449, 09962027271

ရာသီတုပ်ကွေး ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ပါပြီ ။🏥 ချမ်းမြေ့အထူးကုဆေးခန်း🏥အမှတ်-၁၀၇၊သံလွင်လမ်း၊ ညောင်ပင်ထောင်ရပ်ကွက်၊အော...
10/04/2025

ရာသီတုပ်ကွေး ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ပါပြီ ။

🏥 ချမ်းမြေ့အထူးကုဆေးခန်း

🏥အမှတ်-၁၀၇၊သံလွင်လမ်း၊ ညောင်ပင်ထောင်ရပ်ကွက်၊အောင်ပန်းမြို့။

🏥09 400448449,
09962027271

📌📌📌 4 မျိုးစပ် ရာသီတုပ်ကွေး ကာကွယ်ဆေး📌📌📌 Hepatitis A (အသည်းရောင် အသားဝါ အေ) ကာကွယ်ဆေး📌📌📌 Hepatitis B ကာကွယ်ဆေး များကို ထ...
23/03/2025

📌📌📌 4 မျိုးစပ် ရာသီတုပ်ကွေး ကာကွယ်ဆေး

📌📌📌 Hepatitis A (အသည်းရောင် အသားဝါ အေ) ကာကွယ်ဆေး

📌📌📌 Hepatitis B ကာကွယ်ဆေး

များကို ထိုးနှံနိုင်ရန်အတွက် ကြိုတင်စာရင်းပေးနိုင်ပါပြီ။

ကြိုတင်စာရင်းပေးရန်- 09 962027271, 09 400448449

🏥🏥🏥 ချမ်းမြေ့ အထူးကုဆေးခန်း

အမှတ်-၁၀၇၊ သံလွင်လမ်း၊ ညောင်ပင်ထောင်ရပ်ကွက်၊အောင်ပန်းမြို့။

21/03/2025
 Kiddies’ doctor ကလေးများနှင့် ပါးချိတ်ရောင်ရောဂါ
09/03/2025


Kiddies’ doctor
ကလေးများနှင့် ပါးချိတ်ရောင်ရောဂါ

မိခင်အစားရှောင်ခြင်းနှင့် ကလေး ဘယ်ရီဘယ်ရီ
22/01/2025

မိခင်အစားရှောင်ခြင်းနှင့် ကလေး ဘယ်ရီဘယ်ရီ







Address

အမှတ်(၁၀၇) သံလွင်လမ်း ညောင်ပင်ထောင်ရပ်ကွက်၊အောင်ပန်းမြို့။
Aungban

Website

Alerts

Be the first to know and let us send you an email when Chan Myae Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category