Win - Physiotherapy Clinic, Aungpan

Win - Physiotherapy Clinic, Aungpan အရိုး၊ အကြောအဆစ်ဆိုင်ရာဝေဒနာများအတွက် ဝင်း ဆေးခန်းမှ ကူညီရန်အသင့်ရှိပါတယ်။

"အဖြစ်များသော ကလေးဦးနှောက်အာရုံကြောရောဂါများ"လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ကျွန်တော် ရေးခဲ့တဲ့ “ကလေးဦးနှောက်သိကောင်းစရာ” ဆေးပည...
27/01/2024

"အဖြစ်များသော ကလေးဦးနှောက်အာရုံကြောရောဂါများ"

လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ကျွန်တော် ရေးခဲ့တဲ့ “ကလေးဦးနှောက်သိကောင်းစရာ” ဆေးပညာပေးဆောင်းပါးတွေကို “အဖြစ်များသောကလေးဦးနှောက်အာရုံကြောရောဂါများ”နှင့် “ထူးခြားရှားပါးကလေးဦးနှောက်အာရုံကြောရောဂါများ” ဆိုတဲ့ ခေါင်းစဉ် ၂ ခု အောက်မှာ ပြန်လည်ပြင်ဆင် ဖြည့်စွက်ရေးသားမှာဖြစ်ပါတယ်။

အဖြစ်များသောကလေးဦးနှောက်အာရုံကြောရောဂါများ (၁)
ဦးနှောက်အမြှေးပါးရောင်ရောဂါနှင့် ဦးနှောက်ရောင်ရောဂါ (Meningitis and Encephalitis)
ဦးနှောက်အမြှေးပါးရောင်ရောဂါဆိုသည်မှာ ဦးနှောက်ကိုဖုံးအုပ်ထားသောအမြှေးပါးတွင် ရောဂါပိုးဝင်ရောက်၍ရောင်ရမ်းခြင်းဖြစ်ပြီး ဦးနှောက်ရောင်ရောဂါဆိုသည်မှာ ဦးနှောက်အတွင်းသား ရောင်ရမ်းခြင်း ဖြစ်ပါသည်။ လူတိုင်းတွင်ဖြစ်နိုင်သော်လည်း အသက်ငယ်သော ကလေးများတွင် ပိုမိုဖြစ်ပွားတတ်ပါသည်။ အချိန်မီကုသမှုမခံယူပါက အသက်ဆုံးရှုုံးနိုင်သလို နောက်ဆက်တွဲဆိုးကျိုးများလည်းခံစားရနိုင်ပါသည်။ မြန်မာကလေးငယ်များကို ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အသိဥာဏ်ပိုင်းဆိုင်ရာ မသန်စွမ်းဖြစ်စေသော အဓိက ရောဂါအုပ်စုကြီးလည်း ဖြစ်သလို ပုံမှန်ထိုးပေးနေသော ကာကွယ်ဆေးများဖြင့် ထိထိရောက်ရောက် ကာကွယ်နိုင်သည့် ရောဂါလည်း ဖြစ်သည်။

👉 ရောဂါလက္ခဏာများ
အဓိကလက္ခဏာများမှာ ဖျား၍တက်ခြင်း၊ သတိလစ်ခြင်း၊ မှိန်းခြင်း၊ ခြေလက်များအကြောဆွဲခြင်းစသည်တို့ဖြစ်ပါသည်။ အခြားလက္ခဏာများဖြစ်သော ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ ဇက်ခိုင်ခြင်း၊ အနီကွက်များပေါ်လာခြင်း၊ ငယ်ထိပ်ဖောင်းခြင်းစသည်တို့လည်း တွေ့ရှိနိုင်ပါသည်။
ကလေးကြီးများတွင် ဦးနှောက်အမြှေးပါးရောင်ခြင်းကြောင့်ဖြစ်သော လက္ခဏာများမှာ သိသာထင်ရှားသော်လည်း မွေးကင်းစနှင့် တစ်နှစ်အောက်ကလေးများတွင်မူ ဖြစ်ခါစတွင် သာမန်လက္ခဏာများဖြစ်သည့် နို့စို့သိသိသာသာလျော့ခြင်း၊ အရမ်းအန်ခြင်း၊ ကိုယ်ပူခြင်း (သို့) သာမန်ကိုယ်ပူချိန်ထက် လျော့ကျသွားခြင်း စသည်တို့သာတွေ့ရသဖြင့် တစ်ခါတစ်ရံ ဦးနှောက်အမြှေးပါးရောင်မှန်း မသိ ဖြစ်တတ်ပါသည်။
Encephalitis ဟုခေါ်သော ဦးနှောက်အတွင်းသားပါရောင်သည့် ရောဂါတွင်မူ ဦးနှောက်အမြှေးပါးရောင်ရောဂါထက် ပိုမိုပြင်းထန်ပြီး ရောင်သောဦးနှောက် အစိတ်အပိုင်းပေါ်မူတည်၍ ကြာရှည်စွာတက်ခြင်း၊ အကြောဆွဲခြင်း စသည်တို့ ဖြစ်တတ်ပါသည်။ ပို၍မြန်ဆန်စွာ သတိလစ်တတ်ပါသည်။

👉 ဖြစ်ပေါ်ရသောအကြောင်းရင်းများ
(၁) ဘက်တီးရီးယား၊ ဗိုင်းရပ်စ် အစရှိသောပိုးမွှားများ၊ တီဘီပိုး၊ မှိုပိုး စသည်တို့ ခန္ဓာကိုယ် တစ်နေရာရာမှ ဦးနှောက်ဆီသို့ သွေးမှတစ်ဆင့် ပျံ့နှံ့ သွားနိုင်ပါသည်။
(၂) ကိုယ်ခံအားစနစ် ပုံမှန်မဟုတ်မှုကြောင့်လည်း ဦးနှောက်ရောင်နိုင်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားကျလျှင် ရောဂါပိုးမျိုးစုံဝင်လာနိုင်သလို ကိုယ်ခံအားပုံမမှန် အလွန်အကျွံ တုံ့ပြန်မှု ကြောင့်လည်း Autoimmune encephalitis ဟုခေါ်သော ဦးနှောက်ရောင်ရောဂါတစ်မျိုး ဖြစ်နိုင်ပါသည်။
✅ ဘက်တီးရီးယားကြောင့်ဖြစ်သောဦးနှောက်အမြှေးပါးရောင်ခြင်း ( Bacterial meningitis) -
ဘက်တီးရီးယားကြောင့်ဖြစ်သောဦးနှောက်အမြှေးပါးရောင်ရောဂါသည် အချိန်မီမကုသပါကအသက်အန္တရာယ် ကြုံတွေ့နိုင်သည်။ နားပြည်ယိုခြင်း၊ ထိပ်ကပ်နာစသည့်ရောဂါများကြောင့်လည်း ဖြစ်ပေါ်တတ်သည်။
✅ တီဘီပိုးကြောင့်ဖြစ်သောဦးနှောက်အမြှေးပါးရောင်ခြင်း (TB Meningitis) -
မြန်မာနိုင်ငံမှာ အတွေ့ရများပါသည်။ အထူးသဖြင့် တီဘီကာကွယ်ဆေး (ဘီစီဂျီ) ထိုးမထားသောကလေးများ၊ မိသားစု/နီးနီးကပ်ကပ်နေသည့် လူကြီးတစ်ယောက်ယောက်မှာ တီဘီရောဂါရှိသော ကလေးများတွင် ပို၍ဖြစ်တတ်ပါသည်။
✅ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သောဦးနှောက်အမြှေးပါးရောင်ခြင်း (Viral meningitis) -
ဘက်တီးရီးယားကြောင့်ဖြစ်သောဦးနှောက်အမြှေးပါးရောင်ရောဂါကဲ့သို့ရောဂါလက္ခဏာ ပြင်းထန်မှု မရှိပါ။

👉 ဗိုင်းရပ်စ်ပိုးကြောင့်ဦးနှောက်ရောင်ခြင်း (Viral encephalitis) -
ဤဦးနှောက်ရောင်ခြင်းမှာအဆိုးရွားဆုံးရောဂါဖြစ်ပြီးသတိလစ်ခြင်း၊ တက်ခြင်း၊ ခြေလက်များအကြောဆွဲခြင်းစသည်တို့ အဖြစ်များပါသည်။ မြန်မာနိုင်ငံတွင် ဂျပန်ဦးနှောက်ရောင်ရောဂါမှာ အဖြစ်များပြီး ကာကွယ်ဆေးဖြင့်ကာကွယ်နိုင်သော ရောဂါတစ်ခုဖြစ်ပါသည်။
✅ ကိုယ်ခံအားစနစ်ကြောင့် ဦးနှောက်ရောင်ခြင်း (Autoimmune encephalitis) -
အတွေ့များသောလက္ခဏာများမှာတက်ခြင်း၊ ခြေလက်ပါးစပ် စသည်တို့အကြောဆွဲခြင်း၊ စိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်ခြင်း၊ အမူအကျင့်ပြောင်းလဲခြင်း၊ ပုံမှန်မအိပ်ခြင်းစသည်တို့ဖြစ်ပြီးပိုးမွှားကြောင့်ဖြစ်သောရောဂါများထက် ရောဂါလက္ခဏာပိုမိုကြာရှည်စွာတွေ့ရှိရတတ်ပါသည်။ ရောဂါအစပိုင်းတွင် ဤရောဂါမှန်းသိသာရန် ခက်တတ်သော်လည်း စတီးရွိုက်ဆေးများ၊ immunoglobulin ဆေးများ၊ သွေးလဲလှယ်ကုထုံးများဖြင့် ထိရောက်စွာကုသနိုင်ပါသည်။

👉 ရောဂါရှာဖွေခြင်း
အထက်ပါရောဂါလက္ခဏာများရှိပါကဆရာဝန်နှင့် ချက်ချင်းပြသ၍ကုသမှုခံယူသင့်သည်။ လိုအပ်သောစမ်းသပ်မှုများဥပမာ – သွေးစစ်ခြင်း၊ ဦးခေါင်းဓာတ်မှန်ရိုက်ခြင်းစသည်တို့ကိုကလေး၏ရောဂါလက္ခဏာပေါ်မူတည်ပြီး ပြုလုပ်ရပါသည်။ ရောဂါသေချာရန်နှင့် ဖြစ်ပွားစေသောပိုး (သို့မဟုတ်) အခြားအကြောင်းရင်းကိုသိရှိနိုင်ရန်အတွက် ခါးဆစ်ကြားမှအရည်ကိုယူ၍ဓါတ်ခွဲစမ်းသပ်ရပါသည်။ ခါးဆီဖေါက်သည်ဟု လူသိများသော (အမှန်မှာ ခါးရိုးအဆီ ဖေါက်ခြင်းမဟုတ်) အဆိုပါ စမ်းသပ်မှုသည် ဦးနှောက်အမြှေးပါးရောင်ခြင်းနှင့် ဦးနှောက်ရောင်ခြင်း တို့ကို သေချာအောင် ပြုလုပ်ပေးသည့် တစ်ခုတည်းသော စမ်းသပ်မှု ဖြစ်ပါသည်။

👉 ကုသခြင်း
အဓိကအားဖြင့်ကုသခြင်း သုံးမျိုးရှိပါသည်။
(၁) ဖြစ်ပွားစေသောပိုး (သို့မဟုတ်) အကြောင်းရင်းပေါ်မူတည်၍ကုသခြင်း – ဥပမာ – ပိုးသတ်ဆေး၊ တီဘီဆေး၊ စတီးရွိုက် အစရှိသောဆေးများပေးရပါသည်။ ဦးနှောက်အတွင်းပိုင်းထိရောက်နေသော ပိုးများ အမြစ်ပြတ်ရန် သတ်မှတ်ရက်ပြည့်သည်အထိ ဆေးကုသမှုခံရပါမည် - ဥပမာ - ဘက်တီးရီးယားများအတွက် ၁၀ ရက်မှ ၂ ပတ်ခန့်၊ တီဘီအတွက် တစ်နှစ် ခန့် လိုအပ်ပါသည်။ ကောင်းပြီထင်ပြီး သတ်မှတ်ရက်မပြည့်ခင်ဆေးရပ်မိလျှင် ရောဂါလက္ခဏာများပြန်ပေါ်လာခြင်း၊ ရောဂါနောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်လာခြင်းတို့ဖြစ်နိုင်ပါသည်။
ဗိုင်းရပ်(စ)ပိုးအများစုအတွက်ပိုးသတ်ဆေးပေးရန်မလိုသော်လည်း ရေယုန်ပိုး (Herpes simplex) နှင့် ရေကျောက်ပိုး (varicella zoster) များအတွက် Acyclovir ဟုခေါ်သော ဗိုင်းရပ်စ်သတ်ဆေးကို သွေးကြောမှတဆင့် ဆေးသွင်းကုသရပါသည်။
(၂) အခြားလက္ခဏာများပေါ်မူတည်၍ကုသခြင်း – ဥပမာ- အတက်ကျဆေး၊ အတောင့်လျော့ဆေးစသည်များ
(၃) သတိလစ်နေသောကလေးများအတွက် မိဘ သို့မဟုတ် သူနာပြုများ၏အနီးကပ်ပြုစုမှုသည်လည်းအရေးကြီးပါသည်။ဥပမာ - တစ်ကိုယ်ရေသန့်ရှင်းရေး၊ အစားအသောက်၊ လေ့ကျင့်ခန်းများစသည်ဖြင့်။

👉 နောက်ဆက်တွဲဆိုးကျိုးများ
အသက်ဆုံးရှုံးနိုင်ခြင်း၊
မသန်စွမ်းဖြစ်ခြင်း၊
ဉာဏ်ရည်ထိခိုက်ခြင်း၊
အမြင်အာရုံ၊ အကြားအာရုံထိခိုက်ခြင်း၊
အတက်ရောဂါ၊
ဦးနှောက်အတွင်းအရည်လမ်းကြောင်းပိတ်ဆို့ပြီးရေအိတ်တည်ခြင်း၊ ဦးနှောက်ပြည်တည်ခြင်း စသည်တို့ ဆက်လက်ဖြစ်ပွါးနိုင်ပါသည်။

👉 ရောဂါကာကွယ်ခြင်း
ရောဂါကြိုတင်ကာကွယ်ခြင်းသည် ရောဂါဖြစ်ပြီးမှ ကုသခြင်းထက်ပိုမိုကောင်းမွန်ပါသည်။ ၄ မျိုး/ ၅မျိုးစပ်ကာကွယ်ဆေးများ၊ အဆုတ်ရောင်ကာကွယ်ဆေး၊ ဘီစီဂျီ၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက် စသည်တို့အပါအဝင် ကလေးငယ်များကိုပုံမှန်ထိုးပေးနေသောကာကွယ်ဆေးများတွင် အထက်ပါရောဂါပိုးအချို့ကိုကာကွယ်သော ဆေးများပါ၀င်သောကြောင့် ပုံမှန်ကာကွယ်ဆေးများ မဖြစ်မနေထိုးရန် လိုအပ်ပါသည်။ ကာကွယ်ဆေးများသည်သာ ဦးနှောက်အမြှေးပါးရောင်ခြင်းနှင့် ဦးနှောက်ရောင်ခြင်းရောဂါများဖြစ်ပွားမှုကို သိသာစွာလျှော့ချနိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်ပါသည်။

ရေးသားသူ - ပါမောက္ခ ဦးကျော်လင်း
ကလေးဦးနှောက်နှင့် အာရုံကြောအထူးကု

"လည်ပင်းကျီးပေါင်း(Cervical Spondylosis) အကြောင်းသိကောင်းစရာ"ဖုန်း၊ ကွန်ပျူတာ အသုံးပြုပြီးအလုပ်လုပ်ရတဲ့ ခေတ်ကြီးမှာ လူတိ...
03/10/2023

"လည်ပင်းကျီးပေါင်း(Cervical Spondylosis) အကြောင်းသိကောင်းစရာ"

ဖုန်း၊ ကွန်ပျူတာ အသုံးပြုပြီးအလုပ်လုပ်ရတဲ့ ခေတ်ကြီးမှာ လူတိုင်းနီးပါး ဇက်ကြောတက်တယ်၊ ဇက်ညောင်းတယ်၊ ခေါင်းကိုက်တယ် ဆိုတဲ့လက္ခဏာတွေခံစားဖူးကြမှာပါ။

ဘာကြောင့်ဖြစ်တာလဲ?

လည်ပင်းကျီးပေါင်းတက်လို့ ဖြစ်တာပါ။
လည်ပင်းကျီးပေါင်းတက်တယ်ဆိုတာ အသက်ကြီးသူတွေမှာ အရိုးအဆစ်တွေပြောင်းလဲပျက်ယွင်းလာလို့ ဖြစ်ရတာပါ။ အရင်က အသက်ကြီးသူတွေမှာသာ အတွေ့များပေမယ့် အခုခေတ် ဖုန်း၊ကွန်ပျူတာ အသုံးများလာတာတော့ လူငယ်တွေမှာလည်း လည်ပင်းကျီးပေါင်း ဖြစ်လာကြပါတယ်။

ဘာကြောင့်ကျီးပေါင်းတက်တာလဲ?
ကျောရိုးဆစ်တစ်ခုနဲ့တစ်ခုကြားမှာ အရိုးအချင်းချင်းပွတ်တိုက်မှုမဖြစ်အောင်
ကူရှင်သဖွယ်ခံထားပေးတဲ့ အချပ်ပြားလေးရှိပါတယ်။ ကူရှင်အချပ်ပြားလေး ခြောက်သွေ့သွားတဲ့အခါဒါမှမဟုတ် ကျွံထွက်သွားတဲ့အခါမျိုးမှာ လည်ပင်းအရိုးဆစ်အချင်းချင်း ပွတ်တိုက်မှုတွေရှိလာပါတယ်။
အသက်အရွယ်အရဖြစ်တတ်သလို အနေအထိုင်မမှန်မှုကြောင့်လည်းဖြစ်တတ်ပါတယ်။
လည်ပင်းရိုးဆစ်တွေ ပွတ်တိုက်တာများလာရင် စုတ်ပြဲတတ်ပါတယ်။ အရိုးဆစ်စုတ်ပြဲတဲ့နေရာကထွက်လာတဲ့အစတွေနဲ့ ပုံမှန် မဟုတ်တဲ့ သတ္တု ဓါတ်တွေက လည်ပင်းရိုးဆစ်တွေကြားက
အရွတ်တွေထဲမှာစုပုံလာကြပြီး အရိုး အတက် ကလေးတွေလိုဖြစ်လာပါတယ်။ အရွတ်လေးတွေ
မာလာပါတယ်။ ဒီအရိုးအတက်လေးက ကူရှင်အချပ်ပြားကိုပျက်စီးစေပြီး ကျောရိုးဆစ်ကြားက
အာရုံကြောမျှင်တွေကိုလည်း တဖြည်းဖြည်း သွားဖိပါတယ် ။ အဖိခံရထားရတဲ့ အာရုံကြောနဲ့
ဆက်စပ်နေတဲ့ နေရာတွေမှာ ကိုက်ခဲတာ၊ ကျင်တာ၊ ထုံတာတွေခံစားရတတ်ပါတယ်။

ဘယ်လိုခံစားရလဲ?

အစပိုင်းမှာတော့ သိသိသာသာလက္ခဏာပြလေ့မရှိပါဘူး။ အချိန်ကြာလာရင်တော့ လည်ပင်းနဲ့
ဇက်နားတဝိုက်တောင့်တင်းနေမယ်၊ နာလာမယ်၊ မူးမယ်။ လည်ပင်းအဆစ်ရိုးတွေ ကြားထဲက
အာရုံကြောမကြီးကို သွားဖိမိရင်တော့ ခြေလက်တွေထုံကျဉ်တာ၊ အားမရှိသလို ခံစားရတာ၊
လမ်းလျှောက်ရခက်ခဲ လာတာ၊ ဆီး၀မ်းမထိန်းနိုင်တာတွေ ခံစားရနိုင်ပါတယ်။

ဘယ်လိုသူတွေမှာအဖြစ်များတာလဲ?

အသက်အရွယ်ကြီးသူ၊ ဦးခေါင်းနဲ့ လည်ပင်းအပေါ်ဖိအားသက်ရောက်မှုများစေတဲ့ အလုပ်လုပ်ရသူတွေ၊ လည်ပင်းထိခိုက်ဒဏ်ရာရဖူးသူ၊ လည်ပင်းကိုသက်တောင့်သက်သာမဖြစ်တဲ့အနေအထားမှာကြာရှည်နေသူ၊ ဆေးလိပ်သောက်သူ၊ အဝလွန်သူ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူ၊ ကျီးပေါင်းမျိုးရိုးရှိသူတွေမှာ အဖြစ်များပါတယ်။

ကျီးပေါင်းတက်နေပြီဘာလုပ်ရမလဲ?

ခံစားရတဲ့လက္ခဏာအပေါ်မူတည်ပြီး ရောဂါပိုဆိုးမလာအောင်နဲ့ ဝေဒနာကို ယာယီသက်သာစေဖို့
♦ဆေးသောက်ပါ။
ကျွမ်းကျင်ဆရာဝန်များနဲ့တိုင်ပင်ပြီးဆေးသောက်ပါ။

♦လေ့ကျင့်ခန်းလုပ်ပါ။
အိမ်မှာတင် အလွယ်တကူ လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။ နာနေတဲ့လည်ပင်းတဝိုက်ကို
ရေနွေးအိတ်ကပ်ပါ။ လည်ပင်းနဲ့ ပခုံးက ကြွက်သားတွေကို သန်မာစေဖို့
ဦးခေါင်းလည်ပင်းလေ့ကျင့်ခန်း လုပ်ပေးပါ။ လေ့ကျင့်ခန်းများ မှန်မှန်လုပ်ပေးပါက အရိုးဆစ်ကြားကအရွတ်တွေကို သန်မာစေသလို လည်ပင်းနှင့် ကျောပြင်ကြွက်သားတွေကိုလည်းပိုသန်မာလာစေပါတယ်။ လမ်းလျှောက်တာ၊ အေရိုးဗစ်ကစားတာ၊ ယောဂလေ့ကျင့်တာ၊
စက်ဘီးစီးတာ၊ ရေကူးတာ စတဲ့လေ့ကျင့်ခန်းတွေက နာကျင်မှုကိုသက်သာစေတဲ့ဟော်မုန်း
(Endorphin) တစ်မျိုးထွက်လို့ နာကျင်တာကိုသက်သာစေပါတယ်။
သွေးလည်ပတ်မှုကောင်းစေပါတယ်။ ဘောလုံး၊ ဘောလီဘော၊ ဘတ်စကတ်ဘော
ကစားခြင်းကဲ့သို့သော ပြင်းထန်သည့် လေ့ကျင့်ခန်းမျိုးတော့ မလုပ်သင့်ပါ။
ကြမ်းကြမ်းတမ်းတမ်းအနှိပ်ခံတာ၊ အကြောပြင်တာ၊ ဇက်ချိုးတာတွေမလုပ်သင့်ပါ။
♦လည်ပင်းထောက် (cervical collar) တပ်ပါ။ လည်ပင်းထောက်ကို ရေရှည်တပ်ထားရင်
လည်ပင်းကြွက်သားတွေ အားလျော့သွားနိုင်လို့ ရေတိုအတွက်ပဲ အသုံးပြုသင့်ပါတယ်။
♦Physiotherapist နဲ့ တိုင်ပင်ပြီး လိုအပ်ရင် လည်ပင်းအရိုးအဆစ်အတွက် ကုသမှုခံယူနိုင်ပါတယ်။ စိတ်ရှည်ရှည်နဲ့ ကုသမှုခံယူဖို့တော့
လိုအပ်ပါတယ်။
♦ခံစားရတာတွေက ကိုယ့်ရဲ့နေ့တဓူဝအလုပ်တွေပုံမှန်အတိုင်းမလုပ်နိုင်တော့တဲ့အထိ ဆိုးရွား
လာရင် ခွဲစိတ်ကုသဖို့ လိုအပ်လာနိုင်ပါတယ်။

ဒါဆို
ဖုန်း၊ ကွန်ပျူတာ မသုံးရတော့ဘူးလား?

ကျန်းမာရေးနဲ့အညီ အရိုးအဆစ်တွေ အထိအခိုက်နည်းအောင် သုံးတတ်ဖို့လိုပါမယ်။
♦ထိုင်နေစဉ်၊ လမ်းလျှောက်စဉ်မှာ ဦးခေါင်းကိုတည့်မတ်စွာထားပါ။
♦ဖုန်း၊ ကွန်ပျူတာကို ငုံ့မကြည့်ပဲ မျက်လုံးနဲ့တစ်တန်းတည်းထားပြီး ကြည့်ပါ။
♦ဦးခေါင်းလည်ပင်းလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပါ။
♦ဦးခေါင်းနှင့်ရွက်၍ အလေးအပင်မခြင်းမျိုးရှောင်ပါ။
♦ခေါင်းအုံးထူထူနဲ့အိပ်တာမျိုးရှောင်ပါ။ (လည်ပင်းကျီးပေါင်းအတွက်သီးသန့်ထုတ်ထားတဲ့
ခေါင်းအုံးမျိုးအသုံးပြုလို့ရပါတယ်။)
♦ကိုယ်အလေးချိန်များနေလျှင် လျှော့ပါ။
♦ဆေးလိပ်ဖြတ်ပါ။

အရိုး၊အကြောအဆစ်နှင့်ဆိုင်သော ဝေဒနာများခံစားနေရပါသလား?ဝင်း ဆေးခန်း နဲ့ တိုင်ပင်ပါ။
01/10/2023

အရိုး၊အကြောအဆစ်နှင့်ဆိုင်သော ဝေဒနာများခံစားနေရပါသလား?

ဝင်း ဆေးခန်း နဲ့ တိုင်ပင်ပါ။

Win-Physiotherapy Clinic Aungpan09-784486819
30/09/2023

Win-Physiotherapy Clinic
Aungpan
09-784486819

“ဘဝရဲ့အောင်မြင်မှုကိုဘာနဲ့တိုင်းတာမလဲ”     ကျမကတော့ ကျမဘဝရဲ့အောင်မြင်မှုကို “ကိုယ်ပျော်တဲ့အလုပ်ကိုလုပ်နေရပြီး၊ လုပ်တဲ့အလ...
19/07/2023

“ဘဝရဲ့အောင်မြင်မှုကိုဘာနဲ့တိုင်းတာမလဲ”
ကျမကတော့ ကျမဘဝရဲ့အောင်မြင်မှုကို “ကိုယ်ပျော်တဲ့အလုပ်ကိုလုပ်နေရပြီး၊ လုပ်တဲ့အလုပ်ကိုပျော်နေတာ”နဲ့တိုင်းတာပါမယ်။

ဒီရက်ပိုင်းမှာ ဒူးနှစ်ဖက်အစားထိုးခွဲစိတ်ကုသထားတဲ့လူနာနဲ့၊ ပေါင်ထိပ်အစားထိုးခွဲစိတ်ကုသမှုခံယူထားတဲ့လူနာ ၂ ယောက်ကိုတာဝန်ယူပြီး Rehab: လုပ်ပေးနေတယ်။
တကြိမ်ထက်တကြိမ် သိသိသာသာတိုးတက်လာကြတဲ့ လူနာနှစ်ယောက်ကိုကြည့်ပြီး ပျော်ရတဲ့အပျော်ဟာ ဘာနဲ့မှမလဲနိုင်…….
မောမှန်းမသိ၊ ပင်ပန်းမှန်းမသိနဲ့ပဲ လုပ်နေရတဲ့အလုပ်တွေ
ဒီအလုပ်တွေကနေရလာတဲ့ ရလဒ်တွေက ကိုယ်အတွက်တော့အောင်မြင်မှုတွေပါပဲ

Coccydynia (မြှီးညှောင့်ရိုးနာခြင်း)What is Coccydynia?မြှီးညှောင့်ရိုးနာတယ်ဆိုတာဘာလဲ။- ကျောရိုးမကြီးရဲ့အောက်ဆံုးပိုင်းမ...
10/06/2023

Coccydynia (မြှီးညှောင့်ရိုးနာခြင်း)

What is Coccydynia?
မြှီးညှောင့်ရိုးနာတယ်ဆိုတာဘာလဲ။

- ကျောရိုးမကြီးရဲ့အောက်ဆံုးပိုင်းမှာရှိတဲ့မြှီးညှောင့်ရိုးကဖြစ်စေ၊ အရိုးတဝိုက်မှာရှိတဲ့အရွတ်၊ ကြွက်သားစတဲ့soft tissuesတွေနာကျင်တာဖြစ်စေ ဖြစ်တဲ့နာကျင်မှုကိုအကြမ်းဖျင်းအားဖြင့် Coccydynia မြှီးညှောင့်ရိုးနာကျင်ခြင်းလို့ခေါ်ပါတယ်။
- ဒီလိုနာကျင်မှုမျိုးဟာ အမျိုးသမီးတွေမှာပိုအဖြစ်များပြီး၊ အထိုင်များတဲ့သူတွေ၊ အဝလွန်တဲ့သူတွေမှာသာမန်သူတွေထက် ပိုအဖြစ်များတာကိုတွေ့ရပါတယ်။
- မြှီးညှောင့်ရိုးနေရာမှာထိခိုက်ဒဏ်ရာရဖူးတာပဲဖြစ်ဖြစ်၊ ဖင်ထိုင်လျက်ချော်လဲဖူးတာပဲဖြစ်ဖြစ်ကြောင့်လဲ နာကျင်တတ်ပါတယ်။

မြှီးညှောင့်ရိုးထိခိုက်ဒဏ်ရာရထားရင်ဖြစ်တတ်တဲ့လက္ခဏာတွေက
- မြှီးညှောင့်တဝိုက်၊တင်ပါးတဝိုက်မှာ စူးနေ၊ကိုက်နေမယ်။ အထိုင်အထတွေမှာနာမယ်။ အိမ်သာသွားတဲ့အချိန်တွေမှာနာတာမျိုးတွေဖြစ်တတ်ပါတယ်။

ဘယ်လိုကုသမလဲ။
- မှန်ကန်သောကုသနည်းကတော့ သက်ဆိုင်ရာဆရာဝန်နဲ့သေချာပြသဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့မှန်ကန်ထိရောက်တဲ့ကုသမှုကိုခံယူတာပဲဖြစ်ပါတယ်။

မှန်ကန်ထိရောက်တဲ့ကုသမှုကိုခံယူချင်တယ်ဆိုပါက
Win-Physiotherapy Clinic နဲ့တိုင်ပင်ဆွေးနွေးပါ။

Facebook ကိုထဲထဲဝင်ဝင်သိပ်မသံုးဖြစ်တော့တာ တော်တော်ကြာဒါကြောင့် တချို့တွေကမေးကြတယ် သိပ်မတွေ့တော့ဘူး ဘယ်သွားနေလဲ။ ဘယ်ရောက်...
09/06/2023

Facebook ကိုထဲထဲဝင်ဝင်သိပ်မသံုးဖြစ်တော့တာ တော်တော်ကြာ
ဒါကြောင့် တချို့တွေကမေးကြတယ် သိပ်မတွေ့တော့ဘူး ဘယ်သွားနေလဲ။ ဘယ်ရောက်နေလဲပေါ့။

ဆေးခန်းတဖက် ကလေးတဖက်နဲ့ အာဂျီးမားဘဝက အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။

အဲဒီကြားထဲကပဲ အလုပ်အတွက်လိုအပ်တဲ့ Upgrade မျိုးစံုကိုလည်း တတ်နိုင်သလောက်လုပ်လိုက်ရမှစိတ်ထဲနေသာထိုင်သာရှိသူဖြစ်လို့……..

အရိုး၊ အကြောအဆစ်ဝေဒနာအမျိုးမျိုးနဲ့ပတ်သက်လို့ Win-Physiotherapy Clinic ကိုသတိရလိုက်ပါဦးလို့လည်း လက်တို့လိုက်ပါရစေ။

Acute pain or Chronic pain?ကာလတိုနာကျင်မှုလား။ ကာလရှည်နာကျင်မှုလား။- ထိခိုက်ဒဏ်ရာတခုခု၊ နာကျင်မှုတခုခုဖြစ်လာပြီဆိုရင် ကု...
30/05/2023

Acute pain or Chronic pain?
ကာလတိုနာကျင်မှုလား။ ကာလရှည်နာကျင်မှုလား။

- ထိခိုက်ဒဏ်ရာတခုခု၊ နာကျင်မှုတခုခုဖြစ်လာပြီဆိုရင် ကုသမှုခံယူလိုက်တဲ့အခါ ကာလတိုအတွင်း ပျောက်ကင်းနိုင်လား၊ ကာလကြာမှပျောက်မှာလား။ ဘယ်လိုကုသမှုမျိုးခံယူရမလဲဆိုတာသိဖို့အလွန်အရေးကြီးပါတယ်။

ကျမတို့ Win-Physiotherapy Clinic ရဲ့ရည်ရွယ်ချက်က လူကြီးမင်းတို့ခံစားနေရတဲ့နာကျင်မှုဝေဒနာသက်သာပျောက်ကင်းပြီး ပံုမှန်နေထိုင်မှုပံုစံပြန်ရဖို့ပါ။

ဒါကြောင့် အရိုး၊အကြောအဆစ်နဲ့ပတ်သက်လို့နာကျင်မှုဝေဒနာခံစားလာရပြီဆိုတာနဲ့ “ဝင်း-ဆေးခန်း” ကိုသတိရလိုက်ပါ။

Arthritis - အဆစ်ရောင်ရမ်းခြင်း။အဆစ်ရောင်ရမ်းခြင်းဆိုတာဘာလဲ။- အဆစ်ရောင်ရမ်းခြင်းဆိုတာ လက်ဆစ်လေးတွေလိုသေးငယ်တဲ့အဆစ်တွေမှာဖ...
28/05/2023

Arthritis - အဆစ်ရောင်ရမ်းခြင်း။

အဆစ်ရောင်ရမ်းခြင်းဆိုတာဘာလဲ။
- အဆစ်ရောင်ရမ်းခြင်းဆိုတာ လက်ဆစ်လေးတွေလိုသေးငယ်တဲ့အဆစ်တွေမှာဖြစ်စေ၊ ဒူးဆစ် ပေါင်ဆစ်စတာတွေလို ကြီးမားတဲ့အဆစ်တွေမှာဖြစ်စေ ရောင်ရမ်းနာကျင်လာတာကို Arthritis အဆစ်ရောင်ရမ်းခြင်းလို့ခေါ်ပါတယ်။

- ပိုဆိုးတဲ့အနေအထားရောက်လာရင်တော့ အဆစ်တွေတင်းလာတောင့်လာမယ်၊ ပံုသဏ္ဌာန်တွေပျက်လာပါမယ်။ လှုပ်ရှားရခက်လာမယ်။

- အဆစ်ရောင်ရမ်းခြင်းအပြင် တခါတရံအဆစ်(Joints) တဝိုက်မှာရောင်ရမ်းနာကျင်ခြင်းမျိုးစံုလည်းဖြစ်တတ်ပါသေးတယ်။ ကြွက်သားနာတာ၊ အရည်အိတ်ရောင်ရမ်းတာ၊ အရွတ်ရောင်တာ၊ အရိုးကျိုးတာစတဲ့ပြဿနာတွေလည်းဖြစ်တတ်ပါသေးတယ်။

အဓိကအဆစ်ရောင်ခြင်းကိုအမျိုးအစား (၂)မျိုးခွဲထားပါတယ်။
၁) Osteoarthritis (OA) or Degenerative joint disease- အသက်ကြီးလို့ဖြစ်တဲ့အဆစ်ရောင်ခြင်း
၂) Inflammatory arthropathies
Rheumatoid arthritis လို့ခေါ်တဲ့လေးဘက်နာအဆစ်ရောင်တာ၊ Gout လို့ခေါ်တဲ့ ယူရစ်အက်ဆစ်များတာကြောင့်အဆစ်ရောင်တာ၊ Spondyloarthropathies လို့ခေါ်တဲ့ကျီးပေါင်းကြောင့်အဆစ်ရောင်တာရယ်ဆိုပြီး အုပ်စု ၂ မျိုးခွဲထားပါတယ်။

ခံစားရတဲ့ဝေဒနာလက္ခဏာများ။
- ခံစားရတဲ့ဝေဒနာတွေကတော့ တယောက်နဲ့တယောက်ဖြစ်ပံုချင်းမတူညီနိုင်ပေမယ့် ယေဘုယျကတော့ ဖြစ်တဲ့နေရာမှာနီလာမယ်၊ နာလာမယ်၊ တင်းလာ ရောင်လာမယ်၊ လှုပ်ရှားရခက်လာမယ် စတာတွေဖြစ်တတ်ပါတယ်။

ဘယ်လိုပဲဖြစ်လာလာ မိမိမှာဒီလိုဝေဒနာတွေခံစားလာရပြီဆိုတာနဲ့ ကိုယ့်ဟာကိုဆေးဝယ်သောက်တာ ၊ ကိုယ့်ဟာကို ဆေးလိမ်းတာ ဆေးစည်းတာ၊ နှိပ်တာတွေမလုပ်ပဲ သက်ဆိုင်ရာ ဆေးပညာရှင်များ၊ သက်ဆိုင်ရာဆရာဝန်များနဲ့တိုင်ပင် ဆွေးနွေးကုသမှုခံယူသင့်ပါတယ်။
ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုမိုကောင်းမွန်တဲ့အတွက်
အရိုးအဆစ်ဝေဒနာများနဲ့ပတ်သက်လာရင် “Win-Physiotherapy Clinic” မှာ တိုင်ပင်ဆွေးနွေးပြသနိုင်ပါတယ်။

“All About Your Bones and Joints”သင့်ခန္ဓာကိုယ်ရှိအရိုးများနှင့် အဆစ်များအကြောင်း။-အရိုးနှင့်အဆစ်ပြဿနာများသည်လူအတော်များ...
26/05/2023

“All About Your Bones and Joints”
သင့်ခန္ဓာကိုယ်ရှိအရိုးများနှင့် အဆစ်များအကြောင်း။

-အရိုးနှင့်အဆစ်ပြဿနာများသည်လူအတော်များများတွင်ဖြစ်လေ့ရှိပြီး လှုပ်ရှားမှုနည်းပါးသူ၊ လှုပ်ရှားမှာမရှိသူ၊ အဆစ်လှုပ်ရှားမှုများကိုအလွန်အကျွံပြုလုပ်သောသူများတွင်အဖြစ်များသည်။
-အချို့သောသူများတွင်လည်း မွေးရာပါအရိုးနှင့်အဆစ်များတွင်ပြဿနာရှိခြင်း၊ အရိုးကျိုးဖူးခြင်း၊ အဆစ်နှင့်ပတ်သက်သောရောဂါရှိခြင်း၊ အသက်အရွယ်ကြောင့် အရိုးနှင့် အဆစ်တွင်ရှိသောအရိုးနုများပျက်စီးခြင်းကြောင့်ဖြစ်တတ်ပါသည်။
-ယေဘုယျအားဖြင့် ငယ်ရွယ်သူများတွင် အရိုးနှင့်အဆစ်ပြဿနာများသိပ်မတွေ့ရတတ်ပဲ အသက်အရွယ်ကြီးသူများ၊ အထူးသဖြင့်သွေးဆံုးပြီးအမျိုးသမီးများတွင်အရိုး၊အဆစ်ပြဿနာများပိုမိုဖြစ်ပွါးတာကိုတွေ့ရပါတယ်။
-သက်လတ်ပိုင်းအရွယ်တွေမှာတော့ အရိုးနုပါးလာတာ၊ ထိခိုက်ဒဏ်ရာတွေကြောင့် အရိုး၊ အရိုးနုနဲ့ အရွတ်ပျက်စီးတာစတဲ့လက္ခဏာတွေတွေ့ရတတ်ပြီး
ဆီးချိုရောဂါရဲ့နောက်ဆက်တွဲ၊ ဂေါက်ရောဂါ၊ လေးဘက်နာ၊ အမြင်အာရံုဝေဝါးခြင်းကြောင့်ချော်လဲတာ၊ ကြွက်သားတည်ဆောက်မှုတွေယိုယွင်းလာတာကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲ အရိုးအဆစ်ထိခိုက်ခြင်းပြဿနာတွေတွေ့ရတတ်ပါတယ်။
- ရှားပါးပြဿနာအနေနဲ့က အရိုးကင်ဆာဖြစ်တာတွေ၊ အရိုးမှာအကြိတ်ဖြစ်တာတွေ စတာလည်းရှိတတ်ပြီး ဖြစ်ပွါးမှုနည်းပါးတဲ့ရောဂါမျိုးလည်းဖြစ်ပါတယ်။

-နိဂံုးချုပ်အနေနဲ့ အရိုးနဲ့အဆစ်မှာပြဿနာတခုခုဖြစ်လာတိုင်း မိမိတို့ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုဖြစ်စဉ်တွေထိခိုက်လာမှာလည်းဖြစ်တဲ့အတွက် မြန်ဆန်စွာကုသမှုခံယူဖို့အရေးကြီးပါတယ်။ သက်ဆိုင်ရာ ဆေးပညာဆိုင်ရာပညာရှင်တွေ၊ သက်ဆိုင်ရာဆရာဝန်များနဲ့တိုင်ပင်ပြီး ကာကွယ်ရေး၊ ကုသရေးများမြန်ဆန်စွာပြုလုပ်သင့်ပြီး မိမိ၏အရိုးအဆစ်ကျန်းမာရေးကို ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

အရိုး၊အကြောအဆစ်နှင့်ပတ်သက်သည့်ဝေဒနာများ
Win-Physiotherapy Clinic နှင့်တိုင်ပင်ပါ။

Address

အမှတ် (၂၂) ၊ ဆရာစံလမ်း၊ မြို့ဟောင်းရပ်ကွက်၊ အောင်ပန်းမြို့။
Aungban

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959776727822

Website

Alerts

Be the first to know and let us send you an email when Win - Physiotherapy Clinic, Aungpan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Win - Physiotherapy Clinic, Aungpan:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram