Myat Special Clinic

Myat Special Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myat Special Clinic, Medical and health, Thitsar Street, Aunglan.

14/01/2025

အောင်လံမြို့တွင်
မြတ်ဆေးခန်း နာမည်ကို သုံး၍ စားသောက်ဆိုင်များတွင် အစားအသောက်များကို ဖုန်းဖြင့်အော်ဒါမှာယူပြီး လိုက်လိမ်နေသော လူလိမ်များ ရှိနေပါသည်။ မြတ်ဆေးခန်းအနေဖြင့် 09774779907 ဖုန်းတစ်ခုတည်းသာ အသုံးပြုပါသည်။ မြတ်ဆေးခန်းအနေဖြင့် မည်သည့်စားသောက်ဆိုင်ကမှ ဖုန်းဖြင့်အော်ဒါမှာယူခြင်း၊ ငွေကြေးအကူအညီတောင်းခြင်းမျိုး အခုလည်းမရှိသလို နောင်တွင်လည်း ရှိမည် မဟုတ်ပါ။ မြတ်ဆေးခန်းမှ တခြားသော မိတ်ဆွေများကို ထပ်မံ အလိမ်မခံရစေလို၍ ပြောပြခြင်းဖြစ်ပါသည်။

အောင်လံမြို့  စက်ရုံ ရပ်ကွက် သစ္စာလမ်းရှိ                               ''မြတ်''အထွေထွေရောဂါကုဆေးရုံတွင်မိတ္ထီလာမြို့  အ...
07/07/2023

အောင်လံမြို့ စက်ရုံ ရပ်ကွက် သစ္စာလမ်းရှိ ''မြတ်''အထွေထွေရောဂါကုဆေးရုံတွင်
မိတ္ထီလာမြို့ အထွေထွေရောဂါကု ဆေးရုံကြီးမှ မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးသိန်းဇော်M.B.B.S; M.Med.Sc(Ophth) ကိုယ်တိုင်
၁။ မျက်စိနှင့်ပတ်သက်၍ ဖြစ်ပေါ်တက်သော အနီးမှုံခြင်း၊ အတွင်းတိမ်၊ အပြင်တိမ်၊ ရေတိမ် စသည့် မျက်စိရောဂါအမျိုးမျိုးကို စမ်းသပ်ကုသခွဲစိတ်ပေးခြင်း။
၂။ အတွင်းတိမ် (Cataract) ရောဂါ ခွဲစိတ်ရန် လိုအပ်သူများကို မျက်လုံးအတွင်းထည့် မျက်ကြည်မှန် (Intraocular Lens) ထည့်၍ ခွဲစိတ်ကုသပေးခြင်း။
၃။ ပါဝါ၊ ဒီဂရီမျက်မှန်များကိုလည်း ဆရာဝန်ကြီးကိုယ်တိုင် ခေတ်မှီစက်ကိရိယာများဖြင့် စမ်းသပ်ပေးခြင်း။
၄။ မျက်စိနှင့်ပတ်သတ်၍ ခွဲစိတ်ရန် လိုအပ်သော လူနာများအား "မြတ်" ထွေထွေရောဂါကုဆေးရုံ တွင် ချက်ချင်း ခွဲစိတ်ကုသမှု့များ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ရက်စွဲ 🗓
14/7/2023 (သောကြာနေ့)

အချိန်⌚
နံနက် ၇း၀၀ မှ ညနေ ၄း၀၀ နာရီအထိ။

ကြိုတင်စာရင်းပေးရန်☎
-09774779907 သို့ဆက်သွယ်နိုင်ပါသည်။

29/01/2022

ယခုနောက်ဆုံး..
WHO
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီးရဲ့..
သတ်မှတ်ချက်အရ..
Blood Pressure..သွေးပေါင်ချိန်သည်..
120/80mmHg..ကိုသာအမှန်လို့..
သတ်မှတ်ထားပါတယ်..
140/90mmHg..ဆိုရင်တောင်..
သွေးတက်နေပြီလို့သတ်မှတ်နေရပါပြီ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©သွေးပေါင်တက်..
သွေးဖိအားတက်..
သွေးတိုးနေရင်..

သွေးကျဆေးကို..
အမြဲစွဲစွဲမြဲမြဲသောက်ရပါမယ်..

သွေးတက်နေမှ..
တက်နေတုန်း..
သောက်ရမှာမဟုတ်ပါ..

©သွေးကျဆေးသောက်ရင်..
ရှိနေတဲ့သွေးတွေနည်းမသွားပါ..

©သွေးကျဆေးသောက်တာကြာလာရင်..
ကျောက်ကပ်ပျက်တတ်တယ်ဆိုတာ..
လုံဝမှားယွင်းနေပါတယ်..

****************************

​Blood Pressure..
သွေးပေါင်ချိန်သွေးဖိအားအကြောင်းကို..
နားလည်အောင်ပြောပြပါမယ်..
သွေးပေါင်ချိန်အကြောင်းသိရှိသဘောပေါက်ပါမှ..
အမှန်မြင်နိုင်ကြမှာပါ..
**************************
အဆုပ်များမှသန့်စင်ပေးလိုက်သော..
အောက်စီဂျင်ဓာတ်ပြည့်ဝတဲ့..
သွေးအသစ်တွေကို..
နှလုံးရဲ့ဘယ်ဘက်သွေးဝင်ခန်းက..
လက်ခံရယူပြီး..

နှလုံးရဲ့ဘယ်ဘက်သွေးလွှတ်ခန်းကနေ..
သွေးလွှတ်ကြောမကြီးမှတဆင့်..

ခန္ဓာကိုယ်အနှံ့သွေးအသစ်များ..
ရောက်ရှိအောင်..
ညှစ်ထုတ်ပေးလိုက်ပါတယ်..

©နှလုံးညှစ်လိုက်တဲ့အချိန်..
ခန္ဓာကိုယ်တကိုယ်လုံးမှာရှိတဲ့..
သွေးကြောနံရံမှာ..
ဖြစ်ပေါ်လာတဲ့..
တင်းအားတွန်းအားကို..

Systolic Blood Pressure..
နှလုံးညှစ်ချိန်ဖြစ်လာတဲ့တွန်းအား..
လို့ခေါ်ပါတယ်..

သွေးပေါင်ချိန်တိုင်းရင်..
ကိန်းဂဏန်းကို..
အပေါ်မှာအမြဲရေးသားမှတ်သားရတဲ့အတွက်..

အပေါ်သွေးလို့..လွယ်လွယ်ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နှလုံး..တချက်ညှစ်ပြီးရင်..
နှလုံးနားနေပါတယ်..
Diastolic phase..လို့ခေါ်ပါတယ်..

နှလုံးနားနေချိန်မှာ..
ခန္ဓာကိုယ်တကိုယ်လုံးမှ..
အသုံးပြုပြီးသားသွေးအဟောင်း..
ကာဗွန်ဒိုင်အောက်ဆိုဒ်များစွာပါဝင်တဲ့..
သွေးအဟောင်းများသည်..

သွေးပြန်ကြော..သေး..လတ်..ကြီး..များမှတဆင့်..
နှလုံးရဲ့..ညာဘက်သွေးဝင်ခန်းသို့..
ပြန်လည်ဝင်ရောက်လာကြပါတယ်..

တနည်းအားဖြင့်..
နှလုံးနားနေချိန်မှာ..
ခန္ဓာကိုယ်အနှံ့က..
ပြန်ရောက်လာတဲ့..
သွေးအဟောင်းတွေကို..
နှလုံးမှ..ပြန်လည်လက်ခံနေပါတယ်..

အဲဒီအခိုက်အတန့်မှာ..

©သွေးကြောများအတွင်း..
ဖြစ်ပေါ်နေတဲ့..
တင်းအား..တွန်းအားကိုတော့..

Diastolic Blood Pressure..
နှလုံးနားနေချိန်ဖြစ်လာတဲ့တင်းအား..
လို့ခေါ်ပါတယ်..

သွေးပေါင်ချိန်တိုင်းရင်..
ကိန်းဂဏန်းကို..
အောက်မှာအမြဲရေးသားမှတ်သားရတဲ့အတွက်..
အောက်သွေးလို့..
လွယ်လွယ်ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အသက်အရွယ်ကြီးလာလေလေ..
သွေးကြောတွေ..မာကြောလာကြတယ်..

သွေးကြောနံရံများရဲ့..
Elasticity..ဆန့်ထွက်အား..
လျော့ကျသွားကြတယ်..
ထို့မှတဆင့်ကျဉ်းကျုံ့သွားကြတယ်..

ဒီအခါ..
နှလုံးညှစ်လိုက်တဲ့အခါတိုင်း..
သွေးကြောများအလိုက်အထိုက်..
ပျော့ပြောင်းကျယ်ပြန့်မလာနိုင်တဲ့အတွက်..
သွေးကြောနံရံရဲ့တင်းအား..
မြင့်တက်သွားပါတယ်..

သွေးပေါင်ချိန်တိုင်းကိရိယာနဲ့..
တိုင်းတာလိုက်တဲ့အခါ..
Systolic Blood Pressure..
နှလုံးညှစ်ချိန်..သွေးဖိအားတွန်းအား..
မြင့်တက်နေပါတယ်..

အပေါ်သွေးတက်နေတယ်လို့..
လွယ်လွယ်ခေါ်ကြပါတယ်..

******ခန္ဓာကိုယ်အပေါ်ပိုင်း..
သွေးတွေများနေတာမဟုတ်ပါ..
******သွေးကြောဖိအားတွန်းအား..
များနေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နှလုံးတချက်ညှစ်ပြီးချိန်..
အလိုက်သင့်လေး..
သွေးဟောင်းများကိုပြန်လက်ခံချိန်မှာ..

ခန္ဓာကိုယ်အနှံ့က..
သွေးကြောတွေမှာလည်း..
နှလုံးဆီကိုသွေးပြန်ပို့ပေးနိုင်ဖို့..
တွန်းအားတင်းအားရှိရပါတယ်..

အသက်အရွယ်ကြီးလာတာနဲ့အမျှ..
သွေးကြောနံရံတွေ..
ဆန့်ထွက်အားလျော့..
မာကြော..ကျဉ်းကျုံ့လာကြတဲ့အတွက်..
နှလုံးဆီကိုပြန်တွန်းပို့တဲ့အားလည်း..
လိုအပ်သည်ထက်..
မြင့်တက်နေပါတယ်..

သွေးပေါင်ချိန်တိုင်းကိရိယာနဲ့..
တိုင်းတာတဲ့အခါမှာ..
သွေးပေါင်သွေးဖိအားတက်နေပါတယ်..

ဒီသွေးပေါင်ချိန်ကတော့..
နှလုံးနားချိန်..တနည်းအားဖြင့်..
နှလုံးကသွေးဟောင်းလက်ခံချိန်..
သွေးကြောတွေမှာ..
ဖြစ်နေရှိနေတဲ့သွေးပေါင်ချိန်မို့လို့..
Diastolic Blood Pressure..
လို့ခေါ်ပါတယ်..

အောက်သွေးတက်နေတယ်..လို့လွယ်လွယ်ခေါ်ပါတယ်..

*****ခန္ဓာကိုယ်အောက်ပိုင်းကသွေးတွေများနေတယ်လို့အယူအဆမမှားလိုက်ပါနဲ့..
******သွေးများနေတာမဟုတ်..
သွေးဖိအားတင်းအားများနေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©သွေးကြောများအတွင်း..
သွေးအချိုဓာတ်များ..
လွန်ကဲများပြားလာရင်..
သွေးကြောနံရံများ..
တတိတိနဲ့ပျက်စီးတတ်ပါတယ်..
ထိုမှတဆင့်..
သွေးကြောများ..
ကျဉ်းကျုံ့ကုန်တဲ့အတွက်..

သွေးချိုဆီးချို ရောဂါကိုစံနစ်တကျ..
ကုသမှုမပြုရင်..
သွေးပေါင်သွေးဖိအားတက်နေတတ်ပါတယ်..

©သွေးအချိုဓါတ်..
လွန်ကဲများပြားနေတဲ့အခါ..
သွေးစီးလမ်းကြောင်းကို..
ပိတ်ဆို့ထားတဲ့အတွက်..
နှလုံးညှစ်လိုက်တိုင်း..
နှလုံးသွေးလက်ခံတိုင်း..
သွေးစီးလမ်းကြောင်းဟာ..
ချောမွေ့မှုမရှိ..ဆန့်ကျင်အားတွေ..
ဖြစ်ဖြစ်နေတာကြောင့်..
သွေးကြောနံရံရဲ့တင်းအားမြင့်ပြီး..
သွေးတက်တတ်ပါတယ်..

©သွေးအဆီဓာတ်များပြားလာရင်လည်း..
သွေးကြောနံရံများမှာ..
သွေးခဲစုစည်းမှု..
Platelet aggregation..​
တွေဖြစ်ပေါ်စေပါတယ်..
ထိုမှတဆင့်..
သွေးခဲပိတ်ဆို့မှု..
Clot..တွေဖြစ်စေပါတယ်..
သွေးလည်ပတ်မှုချောမွေ့မှုမရှိတဲ့အတွက်..
သွေးကြောဖိအားတင်းအား..
မြင့်နေပါမယ်..

ဒီလိုအခြေအနေမျိုးမှာလည်း..
သွေးပေါင်ချိန်တိုင်းလိုက်တိုင်း..
သွေးပေါင်တက်သွေးတိုးနေမှာပါ..

©နှလုံးရဲ့ဘယ်ဘက်ခန်းကနေ..
သွေးအသစ်တွေ..ခန္ဓာကိုယ်အနှံ့..
သွေးရောက်ရှိအောင်..
ညှစ်ထုတ်ပေးနေတဲ့အချိန်မှာ..

သွေးကြောတွေရဲ့..
တင်းအားဖိအားတွေ..
ရှိသင့်တာထက်များနေရင်..

နှလုံးဟာ..
ပိုပိုပြီး..အားစိုက်..
ပိုပိုပြီး..ညှစ်အားများများ
ထုတ်ထုတ်သုံးရပါတယ်..

ထုတ်သင့်တဲ့ညှစ်အားထက်..
ညှစ်ထုတ်အားစိုက်နေရတဲ့..
အချိန်ကာလကြာလာတာနဲ့အမျှ..

ဘယ်ဘက်နှလုံးရဲ့ကြွက်သားတွေ..
ထူထဲလာကြပါတယ်..
နှလုံးအရွယ်အစားကြီးမားလာပါတယ်..
Left Ventricular Hypertrophy..
ဘယ်ဘက်နှလုံးအရွယ်ကြီးခြင်း..
နှလုံးကြီးခြင်း..လို့ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

*****သွေးတက်လို့တက်မှန်းမသိသူ..

*****သွေးတက်နေမှန်းသိလျက်နဲ့..
ဆေးမှန်မှန်မသောက်သူ..

*****သွေးကျဆေးမှန်မှန်သောက်ရင်..
ရှိနေတဲ့သွေးကုန်သွားမှာစိုးရိမ်တဲ့..
အယူအဆမှားသူ..

*****သွေးကျဆေး..
ကြာကြာသောက်ရင်..
ကျောက်ကပ်ပျက်တတ်တယ်ဆိုတဲ့..
အယူအဆမှားကြောင့်..
ဆေးမှန်မှန်မသောက်သူ..

ထိုသူများအားလုံး..

©နှလုံးအရွယ်အစားကြီးမားလာကြပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©နှလုံးအရွယ်အစားကြီးမားတာ..
တာရှည်လာရင်..
မနိုင်ဝန်ထမ်းရတဲ့...နှလုံးညှစ်အား..
လျော့ကျသွားတဲ့အခါ..

©Heart Failure..
နှလုံးအားနည်းရောဂါဝင်ပြီး..

မျက်ခွံမို့..
ခြေထောက်ရောင်..
အဆုပ်ထဲရေဝင်..
မောပမ်းလွယ်..
လူဖြစ်ရှုံးတဲ့ဘဝရောက်ရပါတယ်..
°°°°°°°°°°°°°°°°°°°°°•°°°°°°°°°°

သွေးပေါင်ချိန်တိုင်းကိရိယာမှာ..
သတ်မှတ်ထားတဲ့..
Pressure..ဖိအားတင်းအားထက်များနေလို့..
သွေးတက်တယ်လို့..
လွယ်လွယ်ပြောကြရာကနေ..
သွေးများနေတယ်လို့..
သဘောပေါက်မှားယွင်းသွားကြပါတယ်..

သွေးကျဆေးသည်..

©တင်းမာနေသော..
သွေးကြောနံရံများကို..
အလိုက်သင့်ပျော့ပြောင်းနူးညံ့စေပါတယ်..

©ကျဉ်းကျုံ့နေသော..
သွေးကြောများကို..
အလိုက်သင့်..
ပွင့်ကျယ်လာစေပါတယ်..

သွေးကျဆေးသောက်လိုက်တဲ့အခါ..
သွေးကြောများပျော့ပြောင်းလာပြီး..
သွေးကြောများပွင့်ကျယ်လာတဲ့အတွက်..
သွေးဖိအားများပုံမှန်..
ရောက်ရှိသွားပါတယ်..

နှလုံးကလည်း..
တအားညှစ်ထုတ်စရာမလိုတော့ပဲ..
သက်သာရာရသွားပါတယ်..

သွေးစီးလမ်းကြောင်းလည်း..
ချောမွေ့သွားတဲ့အတွက်..
ခန္ဓာကိုယ်အစိပ်အပိုင်းများ..
လုံလောက်မျှတတဲ့သွေးများ..
ရရှိနေပါတယ်..
ကျန်းမာတဲ့ခန္ဓာကိုယ်ကို..
ဖြစ်ပေါ်စေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©ကျောက်ကပ်သည်..
သွေးကြောငယ်ကလေးများ..
မြောက်များစွာဖြင့်ဖွဲ့စည်းထားပါတယ်..

သွေးတိုးရောဂါရှိနေသူများ..

သွေးကျဆေးမသောက်ရင်..
ကျောက်ကပ်သွေးကြောငယ်များအတွင်း..
ဖိအားတင်းအားများနေတဲ့အတွက်..
သွေးကြောငယ်များပျက်စီးလွယ်ပါတယ်..
ထိုမှတဆင့်.
ကျောက်ကပ်ပျက်စီးသွားပါမယ်..

သွေးတိုးရောဂါရှိသူ..

သွေးကျဆေးမှန်မှန်သောက်နေရင်..
ကျောက်ကပ်သွေးကြောငယ်များအတွင်း..
ဖိအားတင်းအားလျော့ကျစေတဲ့အတွက်..
ကျောက်ကပ်ပျက်စီးခြင်းမှ..
ကာကွယ်ပြီးသားဖြစ်သွားပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အားဆေးဆိုတာ..

ဗီတာမင်ဓာတ်..
သတ္ထု ဓာတ်..
အသားဓာတ်..
ခန္ဓာကိုယ်တည်ဆောက်ပြုပြင်ဖို့..
လိုအပ်တဲ့ဓာတ်..
စတဲ့ဓာတ်အစုအပေါင်းသာဖြစ်ပါတယ်..

ထမင်းဟင်းစားသောက်တဲ့အခါမှာလည်း..
ပါဝင်ပြီးသားဖြစ်ပါတယ်..

အားဆေးဆိုတာ..
ခန္ဓာကိုယ်အတွက်..
လိုအပ်မည့်..
အာဟာရဓာတ်ကို..
ဖြည့်စွက်ပေးတာပါ..

သွေးတိုးသွေးတက်တာနဲ့..
လားလားမှမဆိုင်ပါ..

အားဆေးသောက်ခြင်းဖြင့်..
သွေးမတက်ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အားဆေးသောက်ခြင်းသည်..
သွေးမတက်စေပါ..
ဘာမှမဆိုင်ပါ..

သို့သော်..
အဆီများသောအစာ..
အငန်များသောအစာ..
စားရင်တော့..
သွေးတက်စေပါတယ်..

အဆီဓာတ်...အငန်ဓာတ်များသည်..
သွေးကြောများကို..
ကျဉ်းကျုံ့စေပြီး..
ဖိအားတင်းအားတက်လာစေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အမှားကင်းစင်၍..
အမှန်မြင်နိုင်ကြပါစေ..

, # # #
ဒေါက်တာဦးစိုင်းဟန်ကျော်စိန်

အောင်လံမြို့  စက်ရုံ ရပ်ကွက် သစ္စာလမ်းရှိ                               ''မြတ်''အထွေထွေရောဂါကုဆေးရုံတွင် ၁၅.၁.၂၀၂၂(စ​နေ​...
10/01/2022

အောင်လံမြို့ စက်ရုံ ရပ်ကွက် သစ္စာလမ်းရှိ ''မြတ်''အထွေထွေရောဂါကုဆေးရုံတွင် ၁၅.၁.၂၀၂၂(စ​နေ​နေ့) တွင်
မိတ္ထီလာမြို့ အ​ထွေ​ထွေရာဂါကု ​ဆေးရုံကြီးမှ မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးသိန်း​ဇော်M.B.B.S; M.Med.Sc(Ophth) ကိုယ်တိုင်
၁။ မျက်စိနှင့်ပတ်သက်၍ ဖြစ်​ပေါ်တက်​သော အနီးမှုံခြင်း၊ အတွင်းတိမ်၊ အပြင်တိမ်၊ ​ရေတိမ် စသည့် မျက်စိ​ရောဂါအမျိုးမျိုးကို စမ်းသပ်ကုသခွဲစိတ်​ပေးခြင်း။
၂။ အတွင်းတိမ် (Cataract) ​ရောဂါ ခွဲစိတ်ရန် လိုအပ်သူများကို မျက်လုံးအတွင်းထည့် မျက်ကြည်မှန် (Intraocular Lens) ထည့်၍ ခွဲစိတ်ကုသ​ပေးခြင်း။
၃။ ပါဝါ၊ ဒီဂရီမျက်မှန်များကိုလည်း ဆရာဝန်ကြီးကိုယ်တိုင် ​ခေတ်မှီစက်ကိရိယာများဖြင့် စမ်းသပ်​ပေးခြင်း။
၄။ မျက်စိနှင့်ပတ်သတ်၍ ခွဲစိတ်ရန် လိုအပ်​သော လူနာများအား "မြတ်" ​ထွေ​ထွေ​ရောဂါကု​ဆေးရုံ တွင် ချက်ချင်း ခွဲစိတ်ကုသမှု့များ ​ဆောင်ရွက် ​ပေးသွားမည် ဖြစ်ပါ​ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

🕰အချိန်
နံနက် ၈း၀၀ မှ ည​နေ ၄း၀၀ နာရီအထိ။
ကြိုတင်စာရင်းပေးရန်
☎️-09774779907 သို့ဆက်သွယ်နိုင်ပါသည်။

အောင်လံမြို့  စက်ရုံ ရပ်ကွက် သစ္စာလမ်းရှိ                               ''မြတ်''အထွေထွေရောဂါကုဆေးရုံတွင် ၉.၁.၂၀၂၂ မှစ၍ ပ...
07/01/2022

အောင်လံမြို့ စက်ရုံ ရပ်ကွက် သစ္စာလမ်းရှိ ''မြတ်''အထွေထွေရောဂါကုဆေးရုံတွင် ၉.၁.၂၀၂၂ မှစ၍ ပြည်မြို့ရှိ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာထွန်းထွန်းနိုင် ဖြင့် ကိုယ်ဝန်ဆောင်နှင့် အမျိုးသမီးရောဂါများအား လာရောက်ပြသနိုင်မည်ဖြစ်ကြောင်းသီတင်းကောင်းပါးအပ်ပါသည်။
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက် ၈း၀၀ မှ နေ့လည် ၁၂နာရီအထိ။ ဗုဒ္ဓဟူးနေ့ တိုင်း
နေ့လည် ၁း၀၀ မှ ၃နာရီ အထိ။
ကြိုတင်စာရင်းပေးရန်
ဖုန်းနံပါတ်-09774779907 သို့ဆက်သွယ်နိုင်ပါသည်။

12/11/2021

အားလုံးပဲ မင်္ဂလာပါရှင့်🙇‍♀️
သတင်းကောင်းလေးကြော်ငြာစရာရှိလို့ပါရှင့် ကျမတို့ရဲ့''မြတ်''မှာမနက်ဖြန် 13.11.21(စနေနေ့)တွင်မျက်စိအထူးကုဆရာဝန်ကြီးလာရောက်မှာဖြစ်လို့မျက်စိဝေဒနာရှင်များကိုသတင်းပါးလိုက်ပါတယ်နော် ပါဝါဒီဂရီမျက်မှန်လိုအပ်သူများကိုလည်းလူကြီးမင်းတို့စိတ်တိုင်းကျပြုလုပ်ပေးသွားမှာဖြစ်ပီး မျက်စိခွဲစိတ်ရန်လိုအပ်သူများကိုလည်းတခါတည်းခွဲစိတ်ကုသပေးသွားမှာဖြစ်ပါတယ် မနက်ဖြန်တရက်တည်းသာဖြစ်လို့တုံကင်မယူရသေးသူများကဆေးခန်းဖုန်း 09774779907ကိုဆက်သွယ်လိုက်ပါရှင့် အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေရှင့်❤

02/10/2021

အကုန်လုံးပဲနက်ဖြန်ကSuper Sunday တနင်္ဂနွေနေ့လေးဖြစ်တဲ့တွက် ''မြတ်''ဆေးခန်းမှာ အာထရာ​ဆောင်းဆရာဝန်ကတော့မနက်၇ခွဲကနေနေ့လယ်၁၂ထိရှိနေမှာဖြစ်ပီး သားဖွားမီးယပ်ဆရာဝန်ကတော့နေ့လယ်၁၂ကနေစထိုင်ပါမယ်နော်❤
တုံကင်ပေးလိုသူများက 09774779907ကိုဆက်သွယ်ပါနော်🙇‍♀️

29/09/2021

ချစ်ရပါသောလူကြီးမင်းများရှင့်🙇‍♀️ဗုဒ္ဓဟူးနေ့လေးကိုရောက်လာပြန်ပီနော် ဒါကြောင့်မို့အာထရာဆောင်းရိုက်ချင်သူများ နေ့လည်၁နာရီခွဲအရောက်လာခဲ့ကြနော်❤ တုံကင်မယူရသေးသူများကဆေးခန်းဖုန်း☎09774779907 ကိုဆက်သွယ်လိုက်တော့နော်!!!

၂၆.၉.၂၁ (မနက်ဖြန်)မနက်၇နာရီခွဲမှစတင်ကာနေ့လည်၁၂နာရီထိ''မြတ်''အထွေထွေရောဂါကုဆေးရုံကြီးတွင်အာထရာဆောင်းလာရောက်ရိုက်ယူနိုင်ပါ...
25/09/2021

၂၆.၉.၂၁ (မနက်ဖြန်)မနက်၇နာရီခွဲမှစတင်ကာနေ့လည်၁၂နာရီထိ
''မြတ်''အထွေထွေရောဂါကုဆေးရုံကြီးတွင်အာထရာဆောင်းလာရောက်ရိုက်ယူနိုင်ပါီပီရှင် တုံကင်မယူရသေးတဲ့လူများကတုံကင်ယူဖို့တွက်ဆေးခန်းဖုန်းနံပါတ် 09774779907 ကိုအမြန်ဆုံးဆက်သွယ်လိုက်တော့နော်🙏

Address

Thitsar Street
Aunglan

Opening Hours

Monday 20:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959774779907

Website

Alerts

Be the first to know and let us send you an email when Myat Special Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram