Aye Myit Tar Specialist Clinic

Aye Myit Tar Specialist Clinic Aye Myit Tar Specialist Clinic, founded by Dr. Aung Myint Swe & Daw Aye Aye, has been opening since 1988.

အထွေထွေရောဂါကုဆရာဝန်၊ အထွေထွေရောဂါကုသမားတော်၊ သားဖွား/မီးယပ်အထူးကုဆရာဝန်ကြီး၊ ဓါတ်မှန်အထူးကုဆရာဝန်ကြီးများနှင့် လက်​တွေ့တိုင်ပင်ဆွေးနွေး
ခြင်း၊ အကြံပေးခြင်း၊ ကုသခြင်းများ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာသုခရရှိစေနိုင်ရန် လူနာများ၏ လိုအပ်ချက်နှင့်တောင်းဆိုမှုများကို ဖြည့်ဆည်းပေးနိုင်ရန် အစဥ်တစိုက်အမြဲ ကြိုးစားလျက်ရှိပါသည်။

Mission Statement - Provide quality services to our community through a wide range of inpatient and outpatient programs. Vision - Our patients will receive great care and superior service at every opportunity. Values - Compassion, Accountability, Respect and Excellence.

✨🪔  ယနေ့ကျရောက်သော ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ဒီပါဝလီ (Diwali) နေ့လေးမှာ ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်ဆွေသင်္ဂဟ ...
20/10/2025

✨🪔 ယနေ့ကျရောက်သော ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ဒီပါဝလီ (Diwali) နေ့လေးမှာ ရပ်နီးရပ်ဝေးမှ ဆွေမျိုး
မိတ်ဆွေသင်္ဂဟ အပေါင်း ရောဂါဘယ
ကင်းကွာ ကျန်းမာ၊ ချမ်းသာကြပြီး၊ လုပ်ငန်းစီးပွားတိုးတက်ကြပါစေကြောင်း အေးမေတ္တာအထူးကုဆေးခန်းမိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်..🙏🙏

ဝါလကင်းလွတ်သီတင်းကျွတ် အချိန်အခါသမယလေးမှာ မော်ကျွန်းမြို့နှင့် အနီးအဝေးအရပ်ရပ်မှ ဆွေမျိုးမိသင်္ဂဟအပေါင်း ကိုယ်နှင့်စိတ်က...
06/10/2025

ဝါလကင်းလွတ်သီတင်းကျွတ် အချိန်အခါသမယလေးမှာ မော်ကျွန်းမြို့နှင့် အနီးအဝေးအရပ်ရပ်မှ ဆွေမျိုးမိသင်္ဂဟအပေါင်း ကိုယ်နှင့်စိတ်ကျန်းမာ၊ချမ်းသာ၊ အန္တရာယ်ကင်း အသက်ရှည်ကြပါစေကြောင်း အေးမေတ္တာအထူးကုဆေးခန်း မိသားစုမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

ယနေ့ကျရောက်သော အစ္စလာမ်ဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ် " ကုရ်ဘာနီအီးဒ် " နေ့မှာ အစ္စလာမ်မိတ်ဆွေသင်္ဂဟအပေါင်း စီးပွားလာဘ်လာဘ...
07/06/2025

ယနေ့ကျရောက်သော အစ္စလာမ်ဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ် " ကုရ်ဘာနီအီးဒ် " နေ့မှာ အစ္စလာမ်မိတ်ဆွေသင်္ဂဟအပေါင်း စီးပွားလာဘ်လာဘတိုးတက်ပြီး ကျန်းမာ ချမ်းမြေ့ ကြည့်ရွှင်ကြပါစေကြောင်း အေးမေတ္တာအထူးကုဆေးခန်း မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

အေးမေတ္တာအထူးကုဆေးခန်းတွင် အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေး ထိုးလို့ရနေပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။အသည်းရောင...
06/06/2025

အေးမေတ္တာအထူးကုဆေးခန်းတွင် အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေး ထိုးလို့ရနေပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

အသည်းရောင်အသားဝါကာကွယ်ဆေးထိုးခြင်းသည် မည်မျှအရေးကြီးကြောင်း အောက်ဖော်ပြပါ မေးခွန်းနဲ့အဖြေလေးတွေဖတ်ပြီး ထိုးသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

B ပိုးကာကွယ်ဆေး ထိုးတော့မယ်ဆိုရင် ဒါလေးတွေ သိထားဖို့လိုတယ်နော်။

အသည်းရောင် အသားဝါ ဘီပိုးဆိုတာ လူတွေနဲ့ မစိမ်းတဲ့ ရောဂါပိုးတစ်ခုပါ။ သွေးတွေ၊ ချွေးတွေနဲ့ ကိုယ်ခန္ဓာကထွက်တဲ့အရည်တွေကတဆင့် ကူးစက်တာဆိုတော့ ကူးစက်နိုင်ဖို့ အလားအလာလည်း အင်မတန်များတဲ့ ရောဂါတစ်ခုပါ။ လက္ခဏာတွေကလည်း သိပ်မသိသာဘဲ ရောဂါကျွမ်းမှ၊ မတော်တဆသွေးစစ်ရင်းနဲ့မှ တွေ့သွားတတ်တာဆိုတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘီပိုးရှိတဲ့သူတွေ များချင်များနေမှာနော်။
နောက်ပြီး ဘီပိုးက အသည်းရောင်စေတာအပြင် နောက်ဆုံး အသည်းခြောက်တာ၊ အသည်းကင်ဆာစတဲ့ ရောဂါဆိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ပိုဆိုးတာက သူ့ကို အပြတ်ကုသနိုင်တဲ့ ဆေးနည်းကလည်း မပေါ်သေးဘဲ ရောဂါဆက်မကြီးအောင် ထိန်းထားနိုင်တဲ့ ဆေးနည်းတွေပဲ ပေါ်သေးတာဆိုတော့ ကိုယ့်ဆီ ဘီပိုးရောက်မလာအောင် ကြိုတင်ကာကွယ်ထားဖို့က အရေးအကြီးဆုံး ဖြစ်လာပြီလေ။
ကံကောင်းတာတစ်ခုက ဘီပိုးကိုယ့်ဆီ မကူးစက်အောင်လို့ တားထားလို့ရတဲ့ B ပိုးကာကွယ်ဆေးတွေ ပေါ်နေပြီလေ။ ကာကွယ်ဆေးရှိနေပြီဆိုတော့ ကာကွယ်ဆေးအကြောင်း သေသေချာချာပြည့်ပြည့်စုံစုံ သိထားဖို့လည်း လိုပြန်ရော။ ဒါမှ ကိုယ်ကာကွယ်ဆေးထိုးရင် အထောက်အကူပြုမှာလေ။

ဘာကြောင့် ကာကွယ်ဆေးထိုးဖို့ လိုသလဲ ။
ဘီပိုးကူးစက်ခံရဖို့ အင်မတန်မှ လွယ်ကူပြီး ကူးစက်ခံထားရရင်လည်း ရောဂါလက္ခဏာ သေသေချာချာ မသိနိုင်ဘဲ ရောဂါ တော်တော်ကျွမ်းမှ သိသွားနိုင်တဲ့အပြင် ပိုးကို အသေသတ်နိုင်တဲ့ ဆေးနည်းတွေလည်း မပေါ်သေးတာကြောင့် ဘီပိုးကာကွယ်ဆေးက ထိုးကိုထိုးထားဖို့လိုအပ်တဲ့ ကာကွယ်ဆေးတစ်ခုပါ။

ဘယ်သူတွေက ကြိုထိုးထားသင့်လဲ။
လူတိုင်း ထိုးထားသင့်တဲ့ ကာကွယ်ဆေး တစ်ခု ဖြစ်ပေမယ့် ခုပြောပြမယ့်သူတွေက ပိုထိုးထားသင့်ပါတယ်။
• အိမ်သားထဲက တစ်ယောက်ယောက်မှာ ဘီပိုး ရှိတဲ့အခါ
• ဘီပိုးရောဂါသည်တွေများတဲ့ ဆေးရုံလိုနေရာမျိုးမှာ အလုပ်လုပ်နေရတဲ့သူတွေ
• ဘီပိုးရှိတဲ့ မိခင်ကနေ မွေးဖွားလာတဲ့ ရင်သွေးလေးတွေက ကာကွယ်ဆေး အထိုးသင့်ဆုံး သူတွေပါ။
• ခုနောက်ပိုင်း တိုးတက်လာတော့ မွေးကင်းစကလေးတွေထိုးရတဲ့ ငါးမျိုးစပ် ကာကွယ်ဆေးမှာ ဘီပိုးကာကွယ်ဆေးက ပါပြီးသားပါ။

ကာကွယ်ဆေးထိုးချင်တာနဲ့ တန်းထိုးလိုက်ရုံပဲလား။
ကာကွယ်ဆေးမထိုးခင် ကိုယ့်မှာ ဘီပိုးရှိနေလားဆိုတာ အရင်သွေးစစ်ဖို့လိုပါတယ်။ ဘီပိုးမရှိတော့မှ ကာကွယ်ဆေးထိုးတာက ပိုသင့်တော်ပါတယ်။

B ပိုး ကာကွယ်ဆေးက တစ်ကြိမ်တည်းထိုးရုံရလား။
ဘီပိုးကာကွယ်ဆေးက တစ်ကြိမ်တည်းထိုးရုံနဲ့ မပြီးပါဘူး။ သုံးကြိမ်ထိုးရမယ့် ကာကွယ်ဆေးတစ်မျိုးပါ။ အသုံးအများဆုံး အကြိမ်ကတော့ 0-1-6 ဖြစ်ပါတယ်။ သဘောက ပထမဆုံးအကြိမ်ထိုးပြီး နောက်တစ်လအကြာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပြီး ပထမအကြိမ်ပြီး ၆ လအကြာမှာ တတိယအကြိမ် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။ ကိုယ့်ထိုးရမယ့်ရက်ကို သေချာမှတ်ထားပြီး အကြိမ်ရေပြည့်အောင်ထိုးပါမှ ကာကွယ်ဆေးအောင်မှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးသုံးကြိမ်ထိုးပြီးရင်ဘာတွေလုပ်ရဦးမှာလဲ။
ကာကွယ်ဆေး သုံးကြိမ်ထိုးပြီပြီဆိုတာနဲ့ ဆေးအောင်မအောင် ပြန်စစ်ဖို့လိုပါတယ်။ ကာကွယ်ဆေးအောင်ပြီဆိုတော့မှ စိတ်ချရမှာဖြစ်ပြီး ဆေးမအောင်ရင်တော့ ပြန်ထိုးဖို့လိုပါတယ်။

တစ်ခါကာကွယ်ဆေးအောင်သွားပြီးရင် B ပိုးကာကွယ်ဆေး က တစ်သက်လုံးခံလား။
ဘီပိုးကာကွယ်ဆေးက တစ်ကြိမ်အောင်ပြီးရင် စိတ်ချရသွားပြီဆိုပေမယ့် ပိုပြီး စိတ်ချရအောင် ၅ နှစ်တစ်ကြိမ် ဒါမှမဟုတ် လိုအပ်ရင် ပဋိဇီဝပစ္စည်းကို ပြန်စစ်ပြီး ပြန်ထိုးပေးဖို့လည်း လိုအပ်ပါတယ်။

B ပိုးကာကွယ်ဆေး ကို ဘယ်မှာထိုးလို့ရသလဲ။
ဆေးရုံဆေးခန်းတွေမှာ ထိုးလို့ရပါတယ်။ အပြင်ဆေးရုံဆေးခန်းတွေမှာ ဝယ်ထိုးလို့ရသလို မွေးစကလေးတွေအတွက် ကာကွယ်ဆေးထိုးအစီအစဉ်မှာ ပါဝင်ပြီး ဖြစ်ပါတယ်။

ကိုယ်ခန္ဓာရဲ့ ဘယ်နေရာမှာ ကာကွယ်ဆေးထိုးတတ်ကြလဲ။
B ပိုးကာကွယ်ဆေး အထိုးအများဆုံးနေရာကတော့ လက်မောင်းမှာ ဖြစ်ပြီး ထိုးပြီးတာနဲ့ ဆေးထိုးထားတဲ့ နေရာကို မချေဖို့ လိုအပ်ပါတယ်။ တချို့လူတွေမှာ ကာကွယ်ဆေး ထိုးထားတဲ့နေရာ အောင့်ကျန်တာမျိုး တစ်ပတ်လောက် အထိ ခံစားရ တတ်ပါတယ်။မွေးကင်းစ ကလေးတွေ ဆိုရင်တော့ အသားများတဲ့ ပေါင်လိုနေရာမျိုး မှာ ကာကွယ်ဆေးထိုးပေးပါတယ်။
ဒါတွေကတော့ ဘီပိုးကာကွယ်ဆေး မထိုးခင်သိထားသင့်တဲ့ အကြောင်းအရာတွေပါ။ ဘီပိုးကာကွယ်ဆေးထိုးတဲ့ နေရာမှာ အရေးအကြီးဆုံးကတော့ ရက်ချိန်းမှန်အောင်၊ အကြိမ်ရေပြည့်အောင် ဆေးထိုးရမှာ ဖြစ်ပြီး ဆေးအောင်မအောင် ပြန်စစ်ဖို့လည်း မမေ့သင့်ပါ။ ဒါလေးတွေသိထားတော့ ကိုယ်ကာကွယ်ဆေးထိုးတဲ့အခါ အူတူတူ ဖြစ်မနေတော့ဘဲ ဆရာဝန်တွေနဲ့ သေချာ ဆွေးနွေးလို့ရသွားပြီပေါ့။

ကလေးတွေမှာ ဖြစ်တဲ့ အသည်းရောင် အသားဝါဘီပိုး
အသည်းတစ်ရှူးတွေမှာ အသည်းရောင် အသားဝါဘီပိုး ကူးစက်ပြီး အသည်းတစ်ခုလုံး ရောင်ရမ်းလာတာကို ကလေးတွေမှာ ဖြစ်တဲ့ အသည်းရောင် အသားဝါဘီရောဂါလို့ ခေါ်ပါတယ်။ တခြား ဖြစ်လေ့ရှိတဲ့ အသည်းရောင် အသားဝါရောဂါတွေက အေပိုး နဲ့ စီပိုးတို့ကြောင့် ဖြစ်ပါတယ်။

ကလေးတွေမှာ အသည်းရောင် အသားဝါဘီရောဂါ ဘာလို့ဖြစ်တာလဲ။
ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့သူရဲ့ သွေး ဒါမှမဟုတ် ခန္ဓာကိုယ်က ထွက်တဲ့ တခြားအရည်တွေကနေတဆင့် ကလေးတွေဆီကို ဘီပိုး ကူးစက်နိုင်ပါတယ်။ ကူးစက်လေ့ရှိတဲ့ပုံစံတွေက

• ဘီပိုးရှိတဲ့အမေဆီကနေ မွေးနေတဲ့အချိန်မှာကူးမယ်။
• ဘီပိုးရှိတဲ့သူက ကိုက်လိုက်လို့ အရေပြားလည်း စုတ်ပြဲသွားရင် ကူးနိုင်တယ်။
• ကိုယ့်အနာထဲကို (အနာကလည်း open wound လို့ခေါ်တဲ့ ဟောင်းလောင်းပွင့်နေတဲ့ အနာဆိုရင်) ဘီပိုးရှိသူရဲ့ ခန္ဓာကိုယ်က အရည် တစ်မျိုးမျိုးဝင်သွားရင်ကူးနိုင်တယ်။
• သွားပွတ်တံလိုမျိုး တစ်ကိုယ်ရေသုံးပစ္စည်းတွေကို ဘီပိုးရှိသူနဲ့ မျှဝေသုံးရင် ကူးနိုင်တယ်။
• ဘီပိုးရှိတဲ့သူ သုံးပြီးသားဆေးထိုးအပ်ကို ပြန်သုံးရင်လည်း ကူးနိုင်တယ်။
ပွေ့ဖက်တာ၊ နမ်းတာ၊ ချောင်းဆိုးတာ၊ နှာချေတာကနေတဆင့်တော့ ဘီပိုးမကူးနိုင်ပါဘူး။ မွေးပြီးခါစမှာ ကလေးကို မှန်ကန်ကောင်းမွန်တဲ့ ကုသမှုပေးထားပြီးပြီဆိုရင်တော့ ကလေးမှာ ကူးနိုင်ခြေ နည်းပါတယ်။ တကယ်လို့ ဆယ်ကျော်သက်လူငယ်လေးတွေ ဘီပိုး ကာကွယ်ဆေး မထိုးထားဘူးဆိုရင် မူးယစ်ဆေးသုံးတာ၊အကာအကွယ်မဲ့ လိင်ဆက်ဆံတာတို့ကတဆင့် ဘီပိုးကူးနိုင်ပါတယ်။
ကလေးတွေမှာ ဖြစ်တဲ့ အသည်းရောင် အသားဝါဘီပိုး ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

ယေဘုယျအနေနဲ့ ပြောရမယ်ဆိုရင် အသည်းရောင် အသားဝါဘီပိုးက ထူးထူးခြားခြားဆိုးရွားတဲ့ လက္ခဏာတွေ ပြလေ့မရှိပါဖူး။ အသက်ငါးနှစ်အောက် ကလေးတွေမှာ ရောဂါလက္ခဏာပြတာ အရမ်းရှားပါတယ်။ အသက်ကြီးတဲ့ ကလေးတွေမှာတော့ ဘီပိုး ကူးစက်ခံရပြီး သုံးလေးလအကြာမှာ ရောဂါလက္ခဏာလေးတွေ စပြီးပြလာလေ့ ရှိပါတယ်။ ရောဂါပိုး ကူးစက်ခါစမှာ ပြလေ့ရှိတဲ့ လက္ခဏာလေးတွေက
• အစားအသောက် ပျက်မယ်။
• နုံးချိပြီး မလုပ်ချင်မကိုင်ချင်ဖြစ်မယ်။
• ငွေ့ငွေ့ဖျားမယ်။
• ကြွက်သားတွေ၊ အဆစ်အမြစ်တွေနာမယ်။
• ပျို့အန်မယ်၊ မအီမသာဖြစ်မယ်။
• အသားဝါမယ်၊ မျက်လုံးတွေ ဝါမယ်။
• ဆီးမည်းမယ်။

တကယ်လို့ ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ဖို့ ခုခံအားကောင်းနေတယ်ဆိုရင် ဒီလက္ခဏာတွေက ရက်သတ္တပတ်အနည်းငယ်ကနေ ခြောက်လအတွင်းမှာ ပျောက်သွားတတ်ပါတယ်။ ဒီလိုအနေအထားမျိုးကို ခဏတာဖြစ်တဲ့ (acute) အခြေအနေလို့ခေါ်ပြီး တချို့တွေမှာ ကာလရှည်ပြဿနာတွေ ကျန်ခဲ့လေ့မရှိပါဘူး။ တချို့မှာတော့ ဘီပိုးက ဆက်လက်ပွားပြီး နာတာရှည် အသည်းရောဂါကို ဖြစ်စေပါတယ်။

သင့်ကလေးမှာ အသည်းရောင် အသားဝါဘီပိုး ရှိနေမှန်း ဘယ်လိုသိနိုင်မလဲ။
သွေးစစ်ခြင်းအားဖြင့် အသည်းရောင် အသားဝါ ဘီပိုး ရှိ၊ မရှိ သိနိုင်ပါတယ်။ ဒါ့အပြင် ဒီလို သွေးစစ်လိုက်မယ် ဆိုရင် ပိုး ရှိ၊မရှိသာမကဘဲ အခုမှ စကူးတာလား။ ဖြစ်နေတာကြာနေပြီလား ဒါမှမဟုတ် အရင်က ဖြစ်ထားဖူးတာလား ဆိုတာကိုပါ ရှာဖွေသိရှိနိုင်ပါတယ်။

ကလေးတွေမှာ အသည်းရောင် အသားဝါဘီပိုးကို ဘယ်လိုကုမလဲ။
ခဏတာဖြစ်တဲ့ အသည်းရောင် အသားဝါဘီပိုးကို ထူးထူးခြားခြား ကုသပေးစရာမလိုပါဘူး။ သင့်ကလေးရဲ့ ခုခံအားစနစ်က သူ့ဖာသာကြည့်ရှင်းသွားပါလိမ့်မယ်။ ခြောက်လကြာပြီးတဲ့အခါ အသည်းရောင် အသားဝါဘီပိုးရဲ့လက္ခဏာတွေ လုံးဝမရှိတော့ဘူးဆိုရင် သင့်ကလေးအပြည့်အဝ နေပြန်ကောင်းပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် သင့်ကလေးရဲ့ ကိုယ်ထဲမှာ ရောဂါပိုးကဆက်ရှိနေတဲ့အတွက် တခြားလူတွေကို ကူးစက်နိုင်တာကြောင့် သင်ကိုယ်တိုင်ကိုရော တခြားတခြားလူတွေကိုပါ ရောဂါမကူးစက်ရလေအောင် သတိထားဖို့ အရေးတကြီးလိုအပ်ပါတယ်။

နာတာရှည် အသည်းရောင်ရောဂါ ဖြစ်လာပြီဆိုရင်တော့ ကုသပေးဖို့လိုလာပါပြီ။ ကုသမှုရဲ့အဓိကရည်ရွယ်ချက်က ရောဂါလက္ခဏာတွေကို သက်သာစေဖို့၊တခြားသူတွေဆီ မကူးစက်စေဖို့နဲ့ နောက်ဆက်တွဲ အသည်းရောဂါတွေကို ကာကွယ်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီတော့ သင့်ကလေးအနေနဲ့ လူကြီးတွေလိုပဲ အသည်းရောင် အသားဝါ ဘီပိုးကုသဆေးတွေ သောက်ဖို့ လိုပါတယ်။ ဒါ့ပြင်
• ပြည့်ပြည့်ဝဝ အနားယူရပါမယ်။
• အရည်များများသောက်ရပါမယ်။
• ပြည့်စုံမှန်ကန်တဲ့ အစားအသောက်စားနည်းနဲ့ စားရပါမယ်။
ဒီနည်းလမ်းတွေနဲ့ ကလေးမှာ ဖြစ်တဲ့ အသည်းရောင်အသားဝါ ဘီရောဂါကို ကိုင်တွယ်ကုသနိုင်ပါတယ်။

Credit to original writer

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၃၀) ရက်နေ့ တွင်ကျရောက်သော  (ကရင်နှစ်သစ်ကူးနေ့ ) တွင် ကရင်တိုင်းရင်းသားများ သာမက မြန်မာပြည်သူပြည်သာ...
30/12/2024

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၃၀) ရက်နေ့ တွင်ကျရောက်သော (ကရင်နှစ်သစ်ကူးနေ့ ) တွင် ကရင်တိုင်းရင်းသားများ သာမက မြန်မာပြည်သူပြည်သားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် နှစ်သစ်မှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေကြောင်း၊

အေးမေတ္တာအထူးကုဆေးခန်းမိသားစု မှ

လှိုက်လှဲစွာဂုဏ်ပြုကြိုဆို ဆုတောင်း မေတ္တာပို့သအပ်ပါသည်။

ဖားစည်သံ တညံညံနဲ့ အားလုံးပဲ ကျန်းမာ ဘေးကင်း ပျော်ရွှင်ကြပြီး ၊ ကောက်ပဲသီးနှံများလည်းဆထက်ထမ်းပိုး တိုးပွားကြပါစေ၊

ပျော်ရွှင်ဖွယ်ရာ ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပါစေ...

🙏 တန်ဆောင်တိုင်ဆုတောင်း 🙏🎇 မြန်မာတို့ရဲ့ အထွဋ်အမြတ်ထားရာ တန်ဆောင်တိုင် အခါသမယမှာ .  .  .✨🌟 မော်ကျွန်းမြို့ နှင့်ရပ်နီးရပ...
14/11/2024

🙏 တန်ဆောင်တိုင်ဆုတောင်း 🙏

🎇 မြန်မာတို့ရဲ့ အထွဋ်အမြတ်ထားရာ တန်ဆောင်တိုင် အခါသမယမှာ . . .✨

🌟 မော်ကျွန်းမြို့ နှင့်ရပ်နီးရပ်ဝေးမှ မိတ်ဆွေသင်္ဂဟအပေါင်း အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး ချစ်သောမိသားစုနှင့်အတူပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း
အေးမေတ္တာအထူးကုဆေးခန်းမိသားစုမှ ဆုတောင်း‌မေတ္တာပို့သလိုက်ပါတယ်. . .🙏🏻🙏🏻🙏🏻 . . .

Address

No56, Mahar Bandula Street, Mawlamyinegyunn Township
Ayeyarwady Region
10221

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00

Telephone

+959988604770

Alerts

Be the first to know and let us send you an email when Aye Myit Tar Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aye Myit Tar Specialist Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category