MEGA Health Care Training Center

MEGA Health Care Training Center အကူသူနာပြု နှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်း
☎️ 09 - 77 88 444 81
☎️ 09 - 77 88 444 82
(3)

Mega သင်တန်းဆင်းပွဲနေ့လေး 👏👏👏Congratulations ပါ ချစ်သောလေးတွေရှေ့ဆက်ရမယ့်ခရီးလမ်းမှာ အောင်မြင်မှုများစွာရရှိပိုင်ဆိုင်နိ...
06/12/2025

Mega သင်တန်းဆင်းပွဲနေ့လေး 👏👏👏
Congratulations ပါ ချစ်သောလေးတွေ
ရှေ့ဆက်ရမယ့်ခရီးလမ်းမှာ အောင်မြင်မှုများစွာရရှိပိုင်ဆိုင်နိုင်ကြပါစေနော်🤗
က အမြဲသတိတရရှိနေမှာပါ🥰

MEGA Health Care Training Center
#အကူသူနာပြုသင်တန်း
#ဆေးဝါးကျွမ်းကျင်အကူသင်တန်း
#ပဲခူးမြို့
#သင်တန်းအပ်ရန်
☎️ 09 - 77 88 444 81
☎️ 09 - 77 88 444 82

❌ Myth (အယူအမှား): ရာသီလာနေတုန်း ခေါင်းမလျှော်ရဘူး၊ သွေးပုပ်တွေ ငုပ်တတ်တယ်✅ Fact (အမှန်တရား): ရာသီလာချိန်မှာ ရေချိုးခေါင...
01/12/2025

❌ Myth (အယူအမှား):
ရာသီလာနေတုန်း ခေါင်းမလျှော်ရဘူး၊ သွေးပုပ်တွေ ငုပ်တတ်တယ်

✅ Fact (အမှန်တရား):
ရာသီလာချိန်မှာ ရေချိုးခေါင်းလျှော်တာက သွေးဆင်းတာနဲ့ ဘာမှမဆိုင်ပါဘူး။ သန့်ရှင်းမှုရှိခြင်းက ပိုးဝင်ခြင်းကိုတောင် ကာကွယ်ပေးပါသေးတယ်။ (ရေနွေးနဲ့ လျှော်ရင် ပိုကောင်းပါတယ်)။

MEGA Health Care Training Center
#အကူသူနာပြုသင်တန်း
#ဆေးဝါးကျွမ်းကျင်အကူသင်တန်း
#ပဲခူးမြို့
#သင်တန်းအပ်လို့ရပါပြီ
☎️ 09 - 77 88 444 81
☎️ 09 - 77 88 444 82

30/11/2025

Mega သင်တန်းကိုသတိရပါ
MEGA Health Care Training Center
#အကူသူနာပြုသင်တန်း
#ဆေးဝါးကျွမ်းကျင်အကူသင်တန်း
#ပဲခူးမြို့
#သင်တန်းအပ်ရန်
☎️ 09 - 77 88 444 81
☎️ 09 - 77 88 444 82

30/11/2025

Mega
MEGA Health Care Training Center
#အကူသူနာပြုသင်တန်း
#ဆေးဝါးကျွမ်းကျင်အကူသင်တန်း
#ပဲခူးမြို့
☎️ 09 - 77 88 444 81
☎️ 09 - 77 88 444 82

24/11/2025

Mega
MEGA Health Care Training Center
#အကူသူနာပြုသင်တန်း
#ဆေးဝါးကျွမ်းကျင်အကူသင်တန်း
#ပဲခူးမြို့
☎️ 09 - 77 88 444 81
☎️ 09 - 77 88 444 82

17/11/2025

Mega
MEGA Health Care Training Center
#အကူသူနာပြုသင်တန်း
#ဆေးဝါးကျွမ်းကျင်အကူသင်တန်း
#ပဲခူးမြို့
#သင်တန်းအပ်ရန်
☎️ 09 - 77 88 444 81
☎️ 09 - 77 88 444 82

လုပ်ငန်းခွင်မှာ Skill ကောင်းတဲ့သူလေးတွေဖြစ်ဖို့Mega ကလေ့ကျင့်သင်ကြားပေးနေပါတယ်🤗 #သင်တန်းအပ်ရန်MEGA Health Care Training ...
15/11/2025

လုပ်ငန်းခွင်မှာ Skill ကောင်းတဲ့သူလေးတွေဖြစ်ဖို့
Mega ကလေ့ကျင့်သင်ကြားပေးနေပါတယ်🤗

#သင်တန်းအပ်ရန်
MEGA Health Care Training Center
#အကူသူနာပြုသင်တန်း
#ဆေးဝါးကျွမ်းကျင်အကူသင်တန်း
#ပဲခူးမြို့
☎️ 09 - 77 88 444 81
☎️ 09 - 77 88 444 82

15/11/2025

#လွဲမှားနေသောရှေးရိုးအယူအဆများ
မွေးကတည်းက သွားလေးချောင်းပါလာတဲ့
ကလေးကို ကျွန်မ မလိုချင်ဘူး - ဒီကလေးကို -
သွားမြှုပ်လိုက်ပါ နောက်ထပ် ထပ်မွေးပေးပါ့မယ် -
ဒီကလေးတော့ မယူပါရစေနဲ့ ...............
-
-
ဘီလူးနက္ခတ်
wwwwwwwwwwwwwwwwwwwwwwwwwww

၁၉၈၀ ဝန်းကျင်ခန့်က ဖြစ်သည်။ တောင်ပေါ်ဒေသ၏
အေးချမ်းသော ရာသီဥတုအရှိန်က အရိုးကွဲမတတ်
အေးလှသည်။
-
မီးလင်းဖိုလေးနဘေးတွင် မွေးကင်းစကလေးငယ်ကို ရင်ခွင်ပိုက်ပြီး မီးနေသည် ဇနီး၏ အရှေ့၌ ဒူးထောက်ငိုကြွေးနေသော ယောက်ျားတစ်ယောက်။
-
ဝမ်းထဲက ကျွတ်ကျွတ်ခြင်းပင် နို့ဆာ၍ ငိုနေသော ကလေးငယ်ကို ပိုက်ထားသော လင်ယောက်ျားဖြစ်သူ ကိုထွန်းဝေက ငိုကြွေးရင်း ဇနီးဖြစ်သူကို တောင်းပန်တိုးလျှိုးနေသည်။
-
x" ခင်မေ ကိုယ်တောင်းပန်ပါတယ် သမီးလေးကို နို့တိုက်ပေးပါကွာ။ သမီးလေးက မင်းရဲ့သမီးလေးပါကွာ "
-
လက်သည်မိန်းမကြီးနှင့် အနီးအနားက မိန်းမကြီး၃ယောက်က ကျွန်ုပ်၏ အဖြစ်အပျက်ကိုကြည့်၍ စိတ်မကောင်းဖြစ်ရုံလွဲ၍ ဘာမှဝင်မပြောနိုင်ချေ။
-
x" မွေးကတည်းက သွားလေးချောင်းပါလာတဲ့ ကလေးကို ကျွန်မဘယ်လိုနို့တိုက်ရမလဲ။ ကျွန်မဒီကလေးကို မလိုချင်ဘူး ကိုထွန်းဝေ x
-
ဒီကလေးသွားမြှုပ်လိုက်ပါနော်။ ခင်မေနောက်ထပ် ထပ်မွေးပေးပါ့မယ် ကိုထွန်းဝေရယ်။ ဒီကလေးတော့ မယူပါရစေနဲ့ "
-
ဇနီးဖြစ်သူက ခါးခါးသီးသီးဖြစ်နေသည်။ ကျွန်တော်ကတော့ သမီးလေးကို အဆုံးရှုံးမခံနိုင်ပါ။ ဇနီးသည်ကိုယ်ဝန်ရှိစဉ်ကတည်းက - - -
-
အထီးမှန်း အမမှန်းမသိသေးသော ကလေးငယ်၏ အနာဂတ်ကို ကြိုတင်ရင်ခုန်ရသူဖြစ်သည်။ သမီးလေးမွေးလာတော့ သွားလေးချောင်းပါလာသည်။
-
အရပ်လက်သည်က ဘီလူးနက္ခတ်ပါသည့်ကလေးဖြစ်၍ မမွေးကောင်းဟု ပြောသောကြောင့် ဇနီးဖြစ်သူမှာ သမီးလေးကိုပင် မချီရဲတော့ပေ။ နို့တိုက်ဖို့ ဆိုတာ ဝေးစွ။
-
ငိုကြွေးနေသော သမီးလေးကို နို့မတိုက်ပဲ မြေမြှုပ်ခိုင်းနေသော ဇနီးဖြစ်သူကို ကြည့်ရင် ကိုထွန်းဝေတစ်ယောက် ဒေါသအရှိန်မြင့်တတ်လာသည်။
-
x" ဒီမှာ ခင်မေ မင်းလည်းကျောင်းဆရာမ။ ငါလည်း ကျောင်းဆရာ။ ၂ယောက်စလုံးက ခေတ်ပညာတတ်တွေဖြစ်ပြီး အယူမသီးပါနဲ့။ ကိုယ်တောင်းပန်ပါတယ်။ သမီးလေးကို နို့တိုက်လိုက်ပါနော် "
-
မျက်ရည်တွေကြားက သမီးလေးကိုပွေ့ပြီး ဇနီးထံကမ်းပေးလေသည်။ ဇနီးဖြစ်သူက ကလေးကိုဆောင့်တွန်း၍
-
x" ရှင်ဒီကလေးကို သွားစွန့်ပစ်မလား ကျုပ်ကို စွန့်ပစ်မလား တစ်ခုခုရွေး " ဒေါသတကြီး တုံ့ပြန်လိုက်သော ဇနီးသည်ကို ကိုထွန်းဝေကြည့်ရင်း ခေါင်းငိုက်ကျခဲ့ရသည်။
-
x" ခင်မေ
ဒီကလေးမှာ အသိဥာဏ်မရှိသေးဘူး။ အခုမှလူ့လောကထဲကို ရောက်လာတာ နာရီပိုင်းပဲရှိသေးတဲ့ ကလေးငယ်တစ်ယောက်ကို ငါဘယ်လိုနှလုံးသားနဲ့ စွန့်ပစ်ရမလဲ ခင်မေ။
-
သူဟာမင်းရဲ့ရင်သွေးပါ။ ရင်ကဖြစ်ပေါ်တဲ့သွေးပါ။ ငါဒီကလေးကို မစွန့်ပစ်နိုင်ဘူး။
မင်းအသက်ငယ်သေးတာပဲ။ နောက်အိမ်ထောင်ထပ်ကျရင် နောက်ထပ်ကလေးတွေ ထပ်မွေးလို့ရပါသေးတယ်။
-
ဒါပေမဲ့ ဒီသမီးလေးကို ငါရအောင်မွေးမယ် x" ဟု ကိုထွန်းဝေပြတ်သားသော စကားကိုပြောပြီး သူ၏အဝတ်အစားများကို အိတ်ထဲသို့ ထည့်လေသည်။ သမီးလေးကို နွေးထွေးအောင် ဂုံနီစောင်နှင့် ပတ်၍ထွက်လာခဲ့လေတော့သည်။
-
ထိုနေ့မှစ၍ ထိုရွာကကျောင်းလေးတွင် ဆရာမတစ်ယောက်က ဘီလူးနက္ခတ်ပါသော ကလေးကိုမွေး၍ ယောက်ျားဖြစ်သူ ကျောင်းဆရာက ထိုကလေးကိုခေါ်၍ ပျောက်ကွယ်သွားသည်ဆိုသည့်သတင်း ပြောစမှတ်တွင်ခဲ့လေတော့သည်။..........................................................................................................................
x
ဒေါက်တာသွန်းဆုစံ ချွေးစီးများကျနေလေသည်။ တိုက်နယ်ဆေးရုံလေးဖြစ်သည့်အလျှောက် ပစ္စည်းများမစုံလင်သော်လည်း လူနာကို အားချင်းမြို့ဆေးရုံကို ပို့လျှင်လည်း လမ်းတွင်တစ်ခုခု ဖြစ်သွားနိုင်သည်။
-
x" ဒေါက်တာရယ် သမီးလေးနဲ့ မြေးလေးအသက်ကို ရအောင်ကယ်ပေးပါ။ ကျွန်မအသက်နဲ့ လဲပေးဆိုလည်း လဲပေးပါ့မယ် " မျက်ရည်များကျ၍ မိမိအား အားကိုးတကြီးတောင်းပန်နေသော အဒေါ်ကြီးကို ကြည့်၍ စိတ်မကောင်းဖြစ်မိလေသည်။
-
x" စိတ်ချပါအဒေါ် လူနာတွေကို ကယ်ဖို့ဆိုတာ ကျွန်မတို့တာဝန်ပါ အဒေါ့်သမီး ရှောရှောရှူရှုမွေးနိုင်မှာပါ။ စိတ်မပူပါနဲ့ အဒေါ် "
-
ဒေါက်တာသွန်းဆုစံ လိုအပ်သောဆေးဝါးများ ယူငင်၍ မွေးခန်းထဲဝင်သွားလေသည်။ ကလေးက တော်တော်နှင့် မမွေးနိုင်ပါ။ ပထမဆုံး ကိုယ်ဝန်ဆောင်သော ဗိုက်ဖြစ်၍ အခက်အခဲများရှိနေလေသည်။ မိခင်လုပ်သူကလည်း အားနည်းနေ၍ ကောင်းစွာညှစ်အားမရှိပေ။
-
Syndoper တစ်လုံးထား၍ အခြေအနေစောင့်နေလေသည်။ အခန်းဝတွင် လူနာရှင်များ ယောက်ယက်ခပ်နေလေသည်။ သားအိမ်က သာမန်ထက်ညှစ်အားနည်းနေသောကြောင့် အခက်အခဲရှိနေလေသည်။ မိမိဘေးမှ နပ်စ်မလေး၂ယောက်ကလည်း ချွေးပြန်နေလေသည်။
-
x" မိနှစ်၂၀လောက်ဆိုရင် ဆေးအလုပ်လုပ်ပြီ အခုမိခင်သက်သာအောင် အောက်ဆီဂျင်ပေးထားပါ "
-
ဒေါက်တာသွန်းဆုစံ ဆေးထပ်ယူရန် ထွက်အလာ
-
x" ဒေါက်တာ ဒီလောက်ကြာနေတာကို မမွေးနိုင်သေးရင် ကျွန်မတို့ ချက်ချင်းမြို့ဆေးရုံကို ကားနဲ့သွားမယ်။ ကျွန်မသမီးကို ပြန်ထုတ်ပေးပါ "
-
ဒေါသတကြီးနဲ့ အော်ဟစ်လိုက်သော အဒေါ်ကြီးစကားကြောင့် ဒေါက်တာ သွန်းဆုစံ ပင်ပန်းနေသည့်ကြားက ပြုံးပြလေသည်။
-
x" အဆင်ပြေပါလိမ့်မယ် အဒေါ်။ မိခင်ရောကလေးပါ အန္တရာယ်မဖြစ်ဖို့ ကျွန်မအသက်နဲ့ အာမခံပေးရဲပါတယ် "
-
ကျန်တဲ့သူတွေက ထိုအဒေါ်ကြီးကို ဝင်တားလေသည်။
-
x" အမေရယ်တော်ပါတော့ ဒေါက်တာလည်း ကြိုးစားပေးနေတာပဲ "
-
ဒေါက်တာသွန်းဆုစံ လူနာရှင်များကို ပြုံးပြ၍ မွေးခန်းထဲသို့ ဝင်သွားလေသည်။
-
တစ်နာရီခန့် အကြာ -
-
x" အူဝဲ့့့ အူဝဲ "
-
ဒေါက်တာသွန်းဆုစံ မွေးခန်းထဲ ထွက်လာပြီး လူနာရှင်များကို ပြုံးပြ၍ -
-
x" အခုမိခင်နဲ့ ကလေးကို သန့်ရှင်းရေးလုပ်နေလို့ ခဏနေရင် ဝင်ကြည့်လို့ရပါပြီ ရှင် "
-
စောစောက မိမိကိုရန်တွေ့သော အဒေါ်ကြီးလည်း ပျော်နေလေသည်။ မိမိလည်း နားနေခန်းသို့ ထွက်လာခဲ့တော့သည်။ ဂျူတီကုပ်ကိုချိတ်၍ ခြေလက်သန့်ရှင်းရေး လုပ်နေသည်။ မိမိ၏ အသုံးအဆောင်ပစ္စည်းများကို အိတ်ထဲသို့ထည့်၍ ပြန်ခါနီးအချိန်တွင် စောစောက လူနာရှင်များ ဝင်လာလေသည်။ လူနာရှင်အဒေါ်ကြီးက -
-
x" ဒေါက်တာ ကျွန်မမြေးလေးက သွားလေးတစ်ချောင်း ပါလာတာ ကျွန်မတို့ကိုဘာလို့ မပြောတာလဲ "
-
ဒေါက်တာသွန်းဆုစံလည်း အဒေါ်ကြီးနှင့် လူနာရှင်များကို ပြုံးပြ၍ -
-
x" ခဏထိုင်ပါအုံးရှင့်။ ကျွန်မလက်ကလေး ဆေးချင်လို့ "
-
လူနာရှင်အဒေါ်ကြီးက အေးတိအေးစက်လုပ်နေသော ဒေါက်တာသွန်းစုစံကို သိပ်မကျေနပ်ပေ။ လက်ဆေးပြီးသည်နှင့် လူနာရှင်များအရှေ့တွင် ထိုင်၍ ဒေါက်တာသွန်းဆုစံ စကားပြောလေသည်။
-
x" ကျွန်မ အတွေ့အကြုံတစ်ခုပြောပြမယ်။ လွန်ခဲ့တဲ့ အနှစ်၃၀ကျော်က တောင်ပေါ်ဒေသတစ်ခုမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာလင်မယားကနေ ကလေးတစ်ယောက် မွေးခဲ့တယ်။
-
ကလေးက မွေးမွေးပြီးချင်း သွား၄ချောင်းပါလာလို့ ဘီလူးနက္ခတ်နဲ့ မွေးတဲ့ကလေးဆိုပြီး မိခင်လုပ်သူက မလိုချင်ဘူး။ ကလေးကိုသွားမြှုပ်ခိုင်းတယ် "
-
လူနာရှင်အဒေါ်ကြီး ဒေါက်တာသွန်းဆုစံကို စိုက်ကြည့်နေလေသည်။ ဒေါက်တာက ဆက်ပြောနေသည်။
-
x" ဒါပေမဲ့ လူမှန်းမသိသေးတဲ့ ကလေးတစ်ယောက်ကို မစွန့်ပစ်ရက်တဲ့ ယောက်ျားလုပ်သူဟာ ကလေးကိုခေါ်ပြီး အဲ့ဒီအရပ်ကို စွန့်ခွာခဲ့တယ်။ ကံကောင်းချင်တော့ လက်ထဲမှာ ဘာမှမရှိတဲ့ ကျောင်းဆရာဟာ အဲ့ဒီခေတ်မှာ ထီပေါက်သွားခဲ့တယ်။
-
နောက်တော့ သူတို့သားအဖ ရန်ကုန်ကိုပြောင်းရင်း သူ့သမီးလေး ၅တန်းနှစ်မှာ ချဲ၁၂၀၀၀၀ဖိုးထပ်ပေါက်တယ်။ အမျှော်အမြင်ရှိတဲ့ သူ့အဖေက သမီးလေးရှေ့ရေးအတွက် စားသောက်ဆိုင် ဖွင့်ခဲ့တယ်။
-
စားသောက်ဆိုင်ကလည်း အောင်မြင်ခဲ့တာပေါ့။ နောက်တော့ သူ့သမီးလေး ဘွဲ့ယူပြီး နောက်တစ်နှစ်မှာ သူ့ဖေက ဆုံးပါးခဲ့တယ်။ ကျွန်မပြောချင်တာ တချို့ကိစ္စတွေမှာ အယူမသည်းကြပါနဲ့။ မွေးကင်းစကလေး သွားပါတာ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု့နဲ့ ဆိုင်ပါတယ်။
-
အယောက်၁၀၀မှာ ၁ယောက်ပေါ့နော်။ ဒါကိုအယူသည်းလိုက်ရင် ဒီကလေးဟာ စွန့်ပစ်ခံဘဝနဲ့ အသက်ဆုံးရှုံးသွားလိမ့်မယ် "
-
ထိုအချိန်အဒေါ်ကြီးက ထ မေးသည်။
-
x" ဒေါက်တာပြောပြတဲ့ ကျောင်းဆရာသမီးက အခုဘယ်ရောက်နေလဲ "
-
ဒေါက်တာသွန်းဆုစံ ပြုံးပြ၍
-
x" ကျွန်မမိခင်က ကျွန်မကိုမလိုချင်လို့ အဖေကိုမြေသွားမြှုပ်ခိုင်းပေမဲ့ အဖေ့ရဲ့မေတ္တာတရားကြောင့် ကျွန်မဆရာဝန်ဖြစ်ခဲ့တယ်။ အဲ့ဒီကျောင်းဆရာရဲ့သမီးက ကျွန်မပါပဲ အဒေါ်။
ဘီလူးနက္ခတ်ပါတဲ့ကလေးဆိုပြီး အစွန့်ပစ်ခံဘဝကနေ ဒီဘဝကို ရောက်ခဲ့တာပါ။
-
ကဲ အားလုံးပဲ ကျွန်မသွားလိုက်ပါအုံးမယ်။ ဒါနဲ့ အယူမသီးကြပါနဲ့။ အကယ်၍ ဒီကလေးကို မလိုချင်ရင် တခြားနည်းလမ်းတွေ မသုံးပါနဲ့ ကျွန်မမွေးစားပါ့မယ် "
-
x" ကျွန်တော့်ကလေးကို ကျွန်တော်ယူမယ်ဒေါက်တာ။ သူဟာသူဘာပဲဖြစ်ဖြစ် ကျွန်တော်ရအောင်မွေးမယ်။ ဒေါက်တာလိုဖြစ်အောင် ပျိုးထောင်ပေးမယ် "
-
လူနာ၏ ယောက်ျားဖြစ်သူပြောသောစကားကြောင့် မိမိပျော်ရလေသည်။ မိမိလည်း အိတ်ဆွဲ၍ ထအပြန် -
-
x" ဒေါက်တာ့အဖေ ကျောင်းဆရာနာမည်က ဘယ်သူလဲ ဒေါက်တာ "
-
ဒေါက်တာသွန်းဆုစံ အဒေါ်ကြီးကို ပြုံးပြ၍
-
x" ဦးထွန်းဝေပါ အဒေါ် " ဟုပြောပြီး ထွက်သွားလေသည်။
-
ဝေဒနာနှင့်ကျန်ခဲ့တာက " ဒေါ်ခင်မေ " ဖြစ်သည်။
-
အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေ ငိုလေသည်။ မိမိစွန့်ပစ်ခဲ့တဲ့သမီးက မအေတူ ဖအေကွဲညီမကို ကလေးမွေးပေးပြီး အသက်ကယ်ခဲ့လေပြီ။
-
တချိန်က ဘီလူးနက္ခတ်နဲ့ မွေးတယ်ဆိုပြီး မိမိမြေမြှုပ်ခိုင်းခဲ့တဲ့ သမီးလေးဟာ သူ့အဖေကောင်းမှုနဲ့ လောကအတွက် အသုံးဝင်တဲ့ လူတစ်ယောက် ဖြစ်နေခဲ့ပြီ။
-
ကိုထွန်းဝေသမီးလေးကို ခေါ်ပြီးထွက်သွားပြီးနောက်ပိုင်း ၂နှစ်ကြာတော့ နောက်အိမ်ထောင်ထပ်ပြုလေသည်။ ယခုမွေးခန်းထဲက လူနာဟာ မိမိသမီးဖြစ်နေပြီး မိမိစွန့်ပစ်ခဲ့တဲ့သမီးက မိမိ၏ အချစ်ဆုံးသမီးလေးနှင့် မြေးလေးအသက်ကို ကယ်ခဲ့သည့်အတွက် ဒေါ်ခင်မေတစ်ယောက် ထိတ်လန့်အံသြရပါသည်။
-
ဒေါက်တာ သမီးဟာ အမေ့သမီးပါ။ သမီးလေးဟာ အမေ့သမီးပါလို့ ဒေါ်ခင်မေ အော်ပြီးပြေးဖက်ချင်သည်။ အော်၍ ပြေးဖက်ချင်မိသည်။
-
သို့သော်လည်း အမေဟာ မွေးကင်းစကလေးကို မြေမြှုပ်ခိုင်းခဲ့တဲ့ မိခင်စိတ်မရှိတဲ့ မိခင်တစ်ယောက်ဆိုတာ သမီးလေးသိသွားမှာလည်း အမေကြောက်တယ်။
-
သမီးရယ် အမေ့ကို ခွင့်လွှတ်ပါ။ အမေ့ကို ခွင့်လွှတ်ပါလို့ စိတ်ထဲက အော်ရင်း မျက်ရည်များစွာ ကျဆင်းနေမိလေသည်။ တရွေ့ရွေ့နှင့် ထွက်ခွာသွားသော ဒေါက်တာသွန်းဆုစံ၏ ကျောပြင်ကိုကြည့်၍ အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေတစ်ယောက် မျက်ရည်များနှင့် နောင်တတရား ကြီးစွာရမိလေတော့သည်။

 #လုပ်သက် ကြာပြီး  #လက်သုတ်​ မဖြစ်စေဖို့အလုပ်​ထဲမှာ​ လုပ်သက်ကြာလာတာက ကျွမ်းကျင်မှုပိုရှိလာတယ်လို့ သေချာပေါက်သတ်မှတ်လို့မ...
14/11/2025

#လုပ်သက် ကြာပြီး #လက်သုတ်​ မဖြစ်စေဖို့

အလုပ်​ထဲမှာ​ လုပ်သက်ကြာလာတာက ကျွမ်းကျင်မှုပိုရှိလာတယ်လို့ သေချာပေါက်သတ်မှတ်လို့မရနိုင်ဘူး။ တချို့ လူတွေ​ လု​ပ်သက်သာများလာတာ​ အရည်အချင်းက​ ထူးပြီးတက်မလာကြဘူး။
တချို့ကျ​ပြန်တော့​ အလုပ်ဝင်တာမကြာသေးပေမယ့် အားကိုးရတဲ့အရည်အချင်းရှိနေတာမျိုး။
ပြောရရင်​ service year များခြင်း နည်း​ခြင်းသည်​ ဖြစ်​ခြင်း​ မဖြစ်ခြင်းနဲ့ ထပ်တူမကျဘူးဆိုတာပဲ။

တခု​ရှိတာ​က​ service year များလာလေ အတွေ့အကြုံ​ များလာလေလို့ ပြောလို့ရနိုင်တယ်။
ဒီ​မှာလည်း​ ပြောစရာရှိတာက များလာတဲ့ experience တွေက​ bad habits တွေ၊ ပုဒ်မလေးအကွက်တွေ၊ ညစ်ချင်တဲ့ဉာဉ်တွေ၊ နှမ်းဖြူးတာတွေ၊ free rider လုပ်​တာတွေ​ဖြစ်နေရင်လည်း မနိပ်သေးဘူး။

ဒီလိုမျိုး လုပ်သက်ကြာပြီး competence မဖြစ်၊ good experience မရှိလာတဲ့သူတွေက​ အလုပ်ထဲမှာ ကြာလာရင် လက်တိုလက်တောင်းခိုင်းတာ၊ #ကျဘမ်း​ အလုပ်လုပ်ခိုင်းတာမျိုးနဲ့ပဲ ပြီးသွားတတ်တယ်။
ဟိုလူက ဟိုဟာလေးခိုင်းလိုက် ဒီလူကဒီဟာလေးခိုင်းလိုက်နဲ့​ တွေ့ကရာလူ ဝင်သုတ်တဲ့ လက်သုတ်လိုဖြစ်နေလိမ့်မယ်ကွယ်တို့။

Crd
Mega
MEGA Health Care Training Center

သင်ယူပါ ✅ လေ့ကျင့်ပါ ✅တကယ်တတ်ချင်ရင် Mega ဆီလာပါတယောက်ချင်းစီလက်တွေ့သင်ကြားပေးတဲ့MEGA Health Care Training Center  #အကူသ...
12/11/2025

သင်ယူပါ ✅ လေ့ကျင့်ပါ ✅
တကယ်တတ်ချင်ရင် Mega ဆီလာပါ
တယောက်ချင်းစီလက်တွေ့သင်ကြားပေးတဲ့
MEGA Health Care Training Center
#အကူသူနာပြုသင်တန်း
#ဆေးဝါးကျွမ်းကျင်အကူသင်တန်း
#ပဲခူးမြို့
☎️ 09 - 77 88 444 81
☎️ 09 - 77 88 444 82
#ပဲခူး

ဖယောင်းတိုင်ကို အပေါ်မှာထည့်ရမှာလားအောက်မှာထည့်ရမှာလား ပြောပေးဦး🤣  ပါနော်Motion Sickness နဲ့ပတ်သက်ပြီးနားလည်ချင်ရင်Vomit...
10/11/2025

ဖယောင်းတိုင်ကို အပေါ်မှာထည့်ရမှာလား
အောက်မှာထည့်ရမှာလား ပြောပေးဦး🤣

ပါနော်

Motion Sickness နဲ့ပတ်သက်ပြီးနားလည်ချင်ရင်
Vomiting (အန်ခြင်း)ရဲ့ Cause တွေကိုနားလည်ချင်ရင်
Mega သင်တန်းမှာ
#ဆေးဝါးကျွမ်းကျင်အကူလာတက်ပါ👍😁

MEGA Health Care Training Center
#အကူသူနာပြုသင်တန်း
#ဆေးဝါးကျွမ်းကျင်အကူသင်တန်း
#ပဲခူးမြို့
☎️ 09 - 77 88 444 81
☎️ 09 - 77 88 444 82

သူ၏စိတ်၀င်စားမှု🤣
10/11/2025

သူ၏စိတ်၀င်စားမှု🤣

Address

ပဲခူးရုံးခွဲ/အမှတ် (502)၊ ဦးဘိုနီလမ်း၊ရှင်စောပုရပ်ကွက်၊ပဲခူးမြို့။
Bago

Telephone

+959778844481

Website

Alerts

Be the first to know and let us send you an email when MEGA Health Care Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MEGA Health Care Training Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram