လိပ်ပြာကန် အထူးကုဆေးခန်း

  • Home
  • Myanmar
  • Bago
  • လိပ်ပြာကန် အထူးကုဆေးခန်း

လိပ်ပြာကန် အထူးကုဆေးခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from လိပ်ပြာကန် အထူးကုဆေးခန်း, Medical and health, အမှတ် (၂၅၂)၊ ၃၁လမ်း ၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့, Bago.

📢📢သင်္ကြန်ပိတ်ရက် ကြေညာခြင်း👏👏🙂မြန်မာ့ရိုးရာအတာ သင်္ကြန်အခါသမယတွင် ပဲခူးမြို့ လိပ်ပြာကန် ၃၁လမ်းရှိ လိပ်ပြာကန်အထူးကုဆေးခန...
09/04/2026

📢📢သင်္ကြန်ပိတ်ရက် ကြေညာခြင်း👏👏

🙂မြန်မာ့ရိုးရာအတာ သင်္ကြန်အခါသမယတွင် ပဲခူးမြို့ လိပ်ပြာကန် ၃၁လမ်းရှိ လိပ်ပြာကန်အထူးကုဆေးခန်းကို သင်္ကြန်အကြိုနေ့မှ စတင်၍ နှစ်ဆန်း(၁)ရက်နေ့ထိ (၅)ရက်တိတိဆေးခန်းပိတ််မည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်ရှင်။☺️

🗓️ဆေးခန်းပိတ်ရက်
ဧပြီလ (၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ
--------------------------------
🗓️၁၈.၄.၂၆ မှစ၍ပုံမှန်အတိုင်းဆေးခန်းပြန်
လည်ဖွင်လှစ်သွားမည်ဖြစ်ပါတယ်ရှင်။

💁မိဘပြည်သူများအားလုံး ဘေးရန်ကင်းကွာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း လိပ်ပြာကန်အထူးကုဆေးခန်းမိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။🙏🙏🤗


#လိပ်ပြာကန်အထူးကုဆေးခန်း
#သင်္ကြန်ပိတ်ရက်

📢📢📢🏥 လိပ်ပြာကန် အထူးကုဆေးခန်း နှင့် အထွေထွေရောဂါရှာဖွေရေးစင်တာ တွင်...⚡⚡⚡⚡⚡⚡⚡အောက်ပါဝန်ဆောင်မှုများကို သင့်တင့်သောဈေးနှု...
07/04/2026

📢📢📢
🏥 လိပ်ပြာကန် အထူးကုဆေးခန်း နှင့် အထွေထွေရောဂါရှာဖွေရေးစင်တာ တွင်...

⚡⚡⚡⚡⚡⚡⚡
အောက်ပါဝန်ဆောင်မှုများကို သင့်တင့်သောဈေးနှုန်း၊ကောင်းမွန်သောဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးနေပါသည်။

🔷 အထူးကုဆရာဝန်ကြီးများနှင့်ပြသခြင်း။

🔷 အထွေထွေရောဂါကုဆရာဝန်ကြီးများနှင့်ပြသခြင်း။

🔷 အမေရိကန်နိုင်ငံထုတ် ခေတ်မီတယ်လီဗွီးရှင်းဓါတ်မှန်စက်ကြီးဖြင့် ရောဂါရှာဖွေ‌ပေးခြင်း(Ultrasonography)၊နှလုံး (Echo) ရိုက်ခြင်း။

🔷 Digital (X-Ray) ခေတ်မီဓါတ်မှန်စက်ကြီးဖြင့် ရောဂါရှာဖွေပေးခြင်း(ဓါတ်မှန်)။

🔷 နှလုံး (ECG) ဆွဲခြင်း။

🔷 သွေး၊ ဝမ်း၊ ဆီး၊ သလိပ် ဓါတ်ခွဲစမ်းသပ်ပေးခြင်း။

🔷 ကာကွယ်ဆေးထိုးဝန်ဆောင်မှုပေးခြင်း။
(အသည်းရောင်ဘီပိုးရောဂါကာကွယ်ဆေး၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး၊ မေးခိုင်ကာကွယ်ဆေး၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေး)

🕖 ဆေးခန်းဖွင့်ချိန်
နေ့စဉ်-နံနက် (၇:၃၀)နာရီမှ ည (၇:၀၀)နာရီထိ။

✳️ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည် ✳️

🏥 ဆေးခန်းလိပ်စာ
အမှတ်(၂၅၂)၊(၃၁)လမ်း၊ရုံးကြီးရပ်ကွက်၊ပဲခူးမြို့။

☎️ ဆေးခန်းဖုန်း~
09-777908383
09-889006033,

🤔ဘာကြောင့် ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားရတာလဲ❓❓❓❗ရာသီလာတဲ့အခါ ဝမ်းဗိုက်ပိုင်းတဝိုက်၊ ခါးနဲ့ တင်ပါးဆုံပိုင်း၊ ...
05/04/2026

🤔ဘာကြောင့် ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားရတာလဲ❓❓❓

❗ရာသီလာတဲ့အခါ ဝမ်းဗိုက်ပိုင်းတဝိုက်၊ ခါးနဲ့ တင်ပါးဆုံပိုင်း၊ ပေါင်တို့မှာ ကိုက်ခဲတာ၊ တောင့်တင်းနာကျင်တာမျိုးကို အမျိုးသမီးတာ်တော် များများခံစားကြရပါတယ်ရှင်။ ရာသီလာစဉ်မှာ သားအိမ်အတွင်းနံရံတွေ ပြန်လည်ဖြစ်ပေါ်လာအောင် အထောက်အပံ့ပေးတဲ့အနေနဲ့ သားအိမ်ကြွက်သားတွေက ကျုံ့ဆန့်မှုကို လုပ်ဆောင်နေတာကြောင့် ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲတာဘဲဖြစ်ပါတယ်ရှင်။

✅အချို့တွေမှာဆိုရင်
🔹ကိုယ်လက်မအီမသာဖြစ်တာ၊
🔹အော့အန်တာ၊
🔹ခေါင်းကိုက်တာ နဲ့
🔹ဝမ်းသွားတာမျိုးတွေအထိ ခံစားကြရတာမျိုးတောင်ရှိပါတယ်ရှင်။ ဒီလိုမျိုး လစဉ်လတိုင်းကြုံတွေ့နေရတဲ့ ကိုက်ခဲနာကျင်မှုကို လျော့ပါးသက်သာအောင် ဆေးဝါးအကူအညီနဲ့ လုပ်ဆောင်နိုင်သလို နေ့စဉ်ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲပေးလို့လည်း ရပါတယ်ရှင်။

👇အောက်ပါအမျိုးသမီးတွေက ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ပိုခံစားရနိုင်ပါတယ်ရှင်။

🔸ရာသီသွေးအများကြီးဆင်းတတ်သူတွေ
🔸အသက် ၂၀အောက်အရွယ်တွေ
🔸ပထမဆုံးရာသီသွေးဆင်းတာ
🔸prostaglandin ဟော်မုန်းပမာဏများနေသူတွေမှာပိုခံစားရပါတယ်ရှင်။

❗သားအိမ်ထဲမှာ ပုံမှန်မဟုတ်ဘဲ တစ်ရှူးကြီးထွားနေတာ၊ သားအိမ်အလုံးတည်တာနဲ့ သန္ဓေတားနည်းလမ်းတွေကြောင့်လည်း ရာသီလာစဉ်မှာနာကျင်ကိုက်ခဲတာဖြစ်နိုင်ပါတယ်ရှင်။
Aye Thi Mon
💁‍♀️ အမျိုးသမီးရောဂါ‌ဝေဒနာများနဲ့ပတ်သက်ပြီး တိုင်ပင်‌ဆွေးနွေးပြသလိုပါက~~~~~

🏥လိပ်ပြာကန် အထူးကုဆေးခန်း နှင့် အထွေထွေရောဂါရှာဖွေရေး စင်တာ တွင်.....

👩‍⚕️သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများ

Dr.စန်းစန်းညွန့်
M.B.,B.S,Dip.Med.Sc(OG)
သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး
ပဲခူးပြည်သူ့ဆေးရုံကြီး

Dr;အောင်မြတ်မော်
M.B.,B.S(MDY)
M.Med.Sc (O&G)
သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး
ပဲခူးပြည်သူ့ဆေးရုံကြီး

Dr.လဲ့ယဉ်မင်း
M.B.,B.S(Ygn),M.Med.Sc(OG)
သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး
ပဲခူးပြည်သူ့ဆေးရုံကြီး

Dr.အေးစုအောင်
M.B.,B S,M.Med.Sc(OG)
သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး
ပဲခူးပြည်သူ့ဆေးရုံကြီး

Dr;အေးသီတာစိုး
M.B.,B S,M.Med.Sc(OG)
သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး
ပဲခူးပြည်သူ့ဆေးရုံကြီး

Dr;စုစန္ဒီလွင်
M.B.,B S,M.Med.Sc(OG)
သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး
ပဲခူးပြည်သူ့ဆေးရုံကြီး

တို့နှင့်

🗓️ နေ့စဉ် တိုင်ပင်ဆွေးနွေးပြသနိုင်ပါတယ်ရှင်💁

👉ဆေးခန်း ပြသရန်အတွက် ဘိုကင်ယူရန် နှင့် စုံစမ်းသိရှိလိုသည်များရှိပါက;

☎️ဆေးခန်းဖုန်း- ၀၉-၇၇၇၉၀၈၃၈၃၊ ၀၉-၈၈၉၀၀၆၀၃၃
တို့ကို (မနက် ၇:၃၀ မှ ည ၇:၀၀)အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်😊

🏥ဆေးခန်းလိပ်စာ-
အမှတ်(၂၅၂)၊ (၃၁)လမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။

#သားဖွားမီးယပ်အထူးကုဆရာဝန်

#လိပ်ပြာကန်အထူးကုဆေးခန်း

❗အစာအိမ်အနာ ဖြစ်စေသော          အဓိကအကြောင်းအရင်းများ🔹🔹🔹အကြောင်းအမျိုးမျိုးကြောင့် အစာအိမ်မှာ အနာဖြစ်လာတတ်ပါတယ်။ အဓိကအကြေ...
02/04/2026

❗အစာအိမ်အနာ ဖြစ်စေသော
အဓိကအကြောင်းအရင်းများ🔹🔹🔹
အကြောင်းအမျိုးမျိုးကြောင့် အစာအိမ်မှာ အနာဖြစ်လာတတ်ပါတယ်။ အဓိကအကြောင်းရင်း ကတော့ အစာအိမ်ကထုတ်သော အက်စစ်ဓာတ် (stomach acid) နှင့် အစာအိမ်နံရံကို အကာအကွယ် ပေးထားတဲ့ အကျိအချွဲလွှာ (protective mucosal coating) တို့ကြား မျှခြေမညီမျှမှုကြောင့် ဖြစ်ရတယ် လို့ ယူဆကြပါတယ်ရှင်။

✅(1)အစာအိမ် အက်ဆစ်ဓာတ် လွန်ကဲစွာ ထွက်ရှိမှုက အစာအိမ်အနာကို ဖြစ်စေပါတယ်။ တခြားသော အကြောင်းရင်းတွေကတော့ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ ကဖိန်းဓာတ်အများအပြား သောက်သုံးမှုနဲ့ အစားအသောက်ပုံစံ မမှန်တာတွေပဲ ဖြစ်ပါတယ်။
✅(2)အိတ်ချ်-ပိုင်လိုရီ (Helicobacter Pylori) လို့ခေါ်တဲ့ အစာအိမ်ဘက်တီးရီးယားပိုးက အစာအိမ်အနာ (peptic ulcer) ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ အဲဒီပိုးက လူတစ်ဦးကနေ နောက်တစ်ဦးကို တံတွေးကနေတစ်ဆင့် ကူးစက်ပါတယ်။ အစာအိမ်ရဲ့ အတွင်းဆုံးအလွှာကို ဖုံးအုပ်ကာကွယ်ထားတဲ့ အကျိအချွဲတွေထဲမှာ ရှင်သန်ပေါက်ဖွားပြီး အစာအိမ်ရောင်ရမ်းတာကို ဖြစ်စေကာ နောက်ဆုံးမှာတော့ အစာအိမ်အနာအဖြစ် ပြောင်းလဲသွားစေနိုင်ပါတယ်။
✅(3)အက်စပရင်ဆေး၊ အရိုးအဆစ်နာကျင်ကိုက်ခဲမှု သက်သာစေတဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ အပူအစပ်တွေ အများကြီးစားတာ၊ အရက် စတာတွေဟာ အစာအိမ်ရဲ့ အကျိအချွဲအလွှာကို ထိခိုက်ပျက်စီးစေ နိုင်ပါတယ်ရှင်။

❗အစာအိမ် အနာရဲ့ လက္ခဏာများ
1️⃣ဗိုက်အောင့်တာက အဖြစ်အများဆုံး လက္ခဏာဖြစ်ပါတယ်။ ရင်ညွန့်ရိုးအောက် ဒါမှမဟုတ် ဝမ်းဗိုက်အပေါ်ပိုင်းမှာ ဗိုက်ပွတာ၊ ဗိုက်အောင့်တာ၊ ရင်ပူတာကို ခံစားရတတ်ပါတယ်။ အဲဒီလို ခံစားရတာက ဗိုက်ဆာတဲ့အခါ ဒါမှမဟုတ် အစာအိမ်ထဲမှာ ဘာမှမရှိတဲ့အခါမျိုးမှာ အများဆုံး ဖြစ်တတ်ပါတယ်။ နာကျင်မှုက တစ်ချိန်လုံး ခံစားနေရတာမျိုးမဟုတ်ဘဲ တစ်ခါတစ်ရံ ဖြစ်လိုက်ပျောက်လိုက် ဖြစ်တတ်ပါတယ်။
2️⃣ဗိုက်တင်းနေတာ၊ လေပွတာ၊ ဗိုက်ထဲက အသံမြည်တာ၊ လေထတာ၊ ပျို့အန်တာတွေဟာ အစာအိမ်နာခြင်းရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
3️⃣အစာအိမ်နာရာကနေ နောက်တစ်ဆင့်တက်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့ သွေးအန်တာ၊ အစာအိမ်ထဲမှာ သွေးယိုပြီး ဝမ်းမည်းမည်းတွေသွားတာနဲ့ အစာအိမ် အနာကတစ်ဆင့် အစာအိမ်နံရံပေါက်သွားလို့ ဗိုက်အရမ်းအောင့်တာတို့ ဖြစ်ပါတယ်။
Healthlin

အထက်ပါ ရောဂါလက္ခဏာများနှင့် ပတ်သတ်ပြီး ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြသလိုပါက🔸🔸🔸🔸🔸

🏥လိပ်ပြာကန် အထူးကုဆေးခန်း နှင့် အထွေထွေရောဂါရှာဖွေရေးစင်တာ တွင်...

👨‍⚕️👨‍⚕️👩‍⚕️ခွဲစိတ် အထူးကုဆရာဝန်ကြီးများ ဖြစ်တဲ့

Dr.သိန်းလွင်
M.B.,B.S,M.Med.Sc(Surgery)
ခွဲစိတ်အထူးကုဆရာဝန်ကြီး
ပဲခူးပြည်သူ့ဆေးရုံကြီး

Dr.သော်ဟိန်းဦး
M.B.,B.S,M.Med.Sc(Surgery)
ခွဲစိတ်အထူးကုဆရာဝန်ကြီး
ပဲခူးပြည်သူ့ဆေးရုံကြီး

Dr.ဟေမာန်ဦး
M.B.,B.S,M.Med.Sc(Surgery)
ခွဲစိတ်အထူးကုဆရာဝန်ကြီး
ပဲခူးပြည်သူ့ဆေးရုံကြီး

Dr;ချစ်မြတ်နိုး
M.B.,B.S,M.Med.Sc(Surgery)
ခွဲစိတ်အထူးကုဆရာဝန်ကြီး
ပဲခူးပြည်သူ့ဆေးရုံကြီး

တို့နှင့်

🗓️ နေ့စဉ် တိုင်ပင်‌ေဆွး‌ေနွးကုသမှုခံယူနိုင်ပါတယ်ရှင်☺️

👉ဆေးခန်း ပြသရန်အတွက် ဘိုကင််ယူရန် နှင့် စုံစမ်းသိရှိလိုသည်များရှိပါက_______

☎️ဆေးခန်းဖုန်း- ၀၉-၇၇၇၉၀၈၃၈၃၊ ၀၉-၈၈၉၀၀၆၀၃၃
တို့ကို (မနက် ၇:၃၀ နာရီ မှ ည ၆:၃၀ နာရီ)အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်🥰

🏥ဆေးခန်းလိပ်စာ-
အမှတ်(၂၅၂)၊ (၃၁)လမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။



#အစာအိမ်အနာ
#ခွဲစိတ်အထူးကုဆရာဝန်
#လိပ်ပြာကန်အထူးကုဆေးခန်း

❗အသည်းခြောက်ခြင်း (Cirrhosis of Liver)✅အသည်းခြောက်ခြင်းဟာ ကျန်းမာတဲ့ အသည်းတစ်ရှူးတွေနေရာမှာ အမာရွတ်တစ်ရှူးတွေနဲ့ အစားထို...
29/03/2026

❗အသည်းခြောက်ခြင်း (Cirrhosis of Liver)

✅အသည်းခြောက်ခြင်းဟာ ကျန်းမာတဲ့ အသည်းတစ်ရှူးတွေနေရာမှာ အမာရွတ်တစ်ရှူးတွေနဲ့ အစားထိုးလိုက်တဲ့ ဖြည်းညင်းစွာ ဖြစ်ပေါ်လာတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်ရှင်။ အမာရွတ်တစ်ရှူးတွေဟာ အသည်းကို သွေးဖြတ်သန်းစီးဆင်းမှုကို တားမြစ်ပြီး အာဟာရဓါတ်တွေ၊ ဟော်မုန်းတွေ သန့်စင်တဲ့ ဖြစ်စဉ်ကို နှောင့်နှေးစေပြီး အဆိပ်အတောက်တွေ ဖြစ်ပေါ်စေပါတယ်။ သူတို့ဟာ အသည်းကနေ ထုတ်လိုက်တဲ့ ပရိုတင်းနဲ့ အခြားအရာဝတ္ထုတွေ ထုတ်လုပ်ခြင်းကိုလည်း နှောင့်နှေးစေပါတယ်ရှင်။

🤔ဘယ်အရာတွေက အသည်းခြောက်ခြင်းကို ဖြစ်ပေါ်စေသလဲ❓❓❓

❗အသည်းပျက်စီးခြင်းနဲ့ အသည်းခြောက်ရောဂါကို ဖြစ်စေနိုင်တဲ့ ရောဂါအခြေအနေ အများအပြား ရှိပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့▫️▫️▫️

▫️အရက်ကို အလွန်အကျွံရေရှည်သောက်ခြင်း

▫️နာတာရှည်ဗိုင်းရပ်စ်ပိုးကြောင့် အသည်းရောင်ခြင်း (အသည်းရောင် ဘီနှင့် စီပိုး)

▫️အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးခြင်း

❗အခြားဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကတော့🔹🔹

🔹မျိုးရိုးလိုက်သော သံဓါတ်များသောရောဂါ

🔹Cystic fibrosis (မျိုးရိုးလိုက်သော အရည်ထုတ်ဂလင်း ရောဂါတစ်ခုဖြစ်ပြီး အဆုတ်၊မုန့်ချိုအိတ်နှင့်အခြား ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေသည်)

🔹ကိုယ်ခန္ဓါအတွင်း ကော့ပါး စုပြုံခြင်း (Wilson’s disease)

🔹သည်းခြေပြွန် ကျဉ်းခြင်း

🔹သကြားဓါတ်ချေဖျက်ခြင်းနှင့် ပတ်သက်သော မွေးရာပါ ပုံမမှန်ခြင်းများ

🔹မွေးရာပါ အစာအိမ်လမ်းကြောင်း ဆိုင်ရာ ရောဂါများ (Alagille syndrome)

🔹ကိုယ်ခန္ဓါ ခုခံအားစနစ်ကြောင့် ဖြစ်သော အသည်းရောဂါ (autoimmune hepatitis)

🔹သည်းခြေပြွန် ပျက်စီးခြင်း (primary biliary cirrhosis)

🔹သည်းခြေပြွန် မာခြင်း၊ အမာရွတ်ဖြစ်ခြင်း

🔹Schistosomiasis လိုမျိုး ကူးစက်ရောဂါများ

🔹ဆေးများ (ဥပမာ – methotrexate)

✅အသည်းခြောက်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ❓❓

အသည်းပျက်စီးမှု မများမချင်း အသည်းခြောက်ခြင်းမှာ လက္ခဏာ မရှိတတ်ပါဘူး။ ရောဂါလက္ခဏာတွေ ရှိခဲ့မယ်ဆိုရင်တော့ အောက်ပါအချက်တွေ ပါဝင်နိုင်ပါတယ်ရှင်။

🔸ပင်ပန်းနွမ်းနယ်ခြင်း

🔸အလွယ်တကူ သွေးထွက်ခြင်း

🔸အညိုအမဲ စွဲလွယ်ခြင်း

🔸အရေပြား ယားယံခြင်း

🔸အသားဝါ၊ မျက်လုံး ဝါခြင်း

🔸ရေဖျဉ်းစွဲခြင်း

🔸ပျို့ခြင်း

🔸ခြေထောက်ဖောရောင်ခြင်း

🔸ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ခေါင်းမူးခြင်း၊ စကားမပီခြင်း (အသည်းကြောင့် ဦးနှောက်ထိခြင်း)

▪️အရေပြားပေါ်မှာ ပင့်ကူအိမ်ကဲ့သို့သော သွေးကြောများ ဖြစ်ပေါ်ခြင်း

🔸လက်ဖဝါး နီရဲခြင်း

🔸အမျိုးသားတွေမှာ ဝှေးစေ့ ကျုံ့ခြင်း

🔸အမျိုးသားတွေမှာ ရင်သားကြီးလာခြင်း

စသည်တို့ဘဲ ဖြစ်ပါတယ်ရှင်။

Dr;Phyu Mon Latt

✅အထက်ဖော်ပြပါအကြောင်းအရာများနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးပြသလိုပါက..

🏥 လိပ်ပြာကန် အထူးကုဆေးခန်း နှင့် အထွေထွေရောဂါရှာဖွေရေး စင်တာ တွင်•••••

👩‍⚕️အထွေထွေရောဂါ ဆိုင်ရာ အထူးကုသမား‌တော်ကြီးများ...

Dr,မြင့်မြင့်အေး

M.B.,B.S,M.Med.Sc(Int.Med)

M.R.C.P(UK),F.R.C.P(Edin)

အထွေထွေရောဂါကုသမားတော်

ပဲခူးပြည်သူ့ဆေးရုံကြီး

Dr.မေဝတ်ရည်ဦး

M.B.,B.S,M.Med.Sc(Int.Med)

MRCP (UK) FRCP (Edin)

အထူးကုဆရာဝန်(ဆေးပညာ)

Dr.ကေသီဝင့်အောင်

M.B.,B.S (Ygn)

M.Med.Sc(Int.Med)

အထွေထွေရောဂါကုသမားတော်

ပဲခူးပြည်သူ့ဆေးရုံကြီး

Dr;နွေးသိမ့်သိမ့်တင်

M.B.,B.S,M.Med.Sc(Int.Med)

MRCP (UK) FRCP (Edin)

အထွေထွေရောဂါကုသမားတော်

တို့နှင့်

🗓️ နေ့စဉ် တိုင်ပင်ဆွေးနွေးပြသ နိုင်ပါတယ်ရှင်💁

👉 ဆေးခန်း ပြသရန်အတွက် ဘိုကင်ယူရန် နှင့် _____

☎️ ဆေးခန်းဖုန်း-

၀၉-၇၇၇၉၀၈၃၈၃ ၀၉-၈၈၉၀၀၆၀၃၃

တို့ကို (မနက် ၇:၃၀ မှ ည ၆:၃၀)နာရီ အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်😊

🏥ဆေးခန်းလိပ်စာ-

အမှတ်(၂၅၂)၊ (၃၁)လမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။

#အသည်းခြောက်ခြင်း



#အထွေထွေရောဂါကုသမားတော်

#လိပ်ပြာကန်အထူးကုဆေးခန်း



💁အရေပြား ဓာတ်မတည့်မှု 🤔ဘယ်သူတွေမှာ ဖြစ်နိုင်လဲ❓❓❓✅အရေပြား ဓာတ်မတည့်မှုက ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ အမျိုးအမျ...
22/03/2026

💁အရေပြား ဓာတ်မတည့်မှု
🤔ဘယ်သူတွေမှာ ဖြစ်နိုင်လဲ❓❓❓

✅အရေပြား ဓာတ်မတည့်မှုက ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ အမျိုးအမျိုးသော အခြေအနေတွေနဲ့ ဖြစ်နိုင်ပါတယ်။ အရေပြား ဓာတ်မတည့်မှုကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အမျိုးမျိုးရှိပါတယ်ရှင်။
✅ကိုယ်ခံအားက အန္တရာယ်မဖြစ်စေနိုင်တဲ့ အရာတစ်ခုခုကို ပုံမှန်မဟုတ်တဲ့ တုံ့ပြန်မှု လုပ်ဆောင်ရာကနေ စတင်တာပါ။ ကိုယ်ခံအားရဲ့ အဓိက တာဝန်က ဗိုင်းရပ်စ်၊ ဘက်တီးရီးယားလိုမျိုး ပြင်ပကအရာ တစ်ခုခုကို ကိုယ်ခံအားဆဲလ်တွေက တွေ့ရှိတဲ့အခါ သုတ်သင်ဖယ်ရှားပေးတာပါ။ ပုံမှန်အားဖြင့်တော့ ကိုယ်ခံအားက တုံ့ပြန်မှုတွေ လုပ်ပြီး ခန္ဓာကိုယ်ကို အန္တရာယ်ရှိစေနိုင်တဲ့ အရာတွေကနေ ကာကွယ်ပေးခြင်းဖြစ်ပါတယ်ရှင်။
✅ဒါပေမယ့် အရေပြားဓာတ်မတည့်မှု ပြဿနာ ရှိသူတွေမှာတော့ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုက အလွန်အကျွံ ဖြစ်နေပါတယ်။ ဒီလို တုံ့ပြန်မှုကြောင့် အရေပြားမှာ အဖုအပိမ့်တွေဖြစ်ပြီး အရေပြားဓာတ်မတည့်မှု ဖြစ်လာရတာပါရှင်။

❗အရေပြား ဓာတ်မတည့်မှု ပြဿနာများ
အတွေ့ရများတဲ့ အရေပြားဓာတ်မတည့်မှုတွေကတော့
🔹နှင်းခူ (atopic dermatitis)
🔹ဓာတ်မတည့်မှုနဲ့ ထိတွေ့မှုကြောင့်ဖြစ်တဲ့ အရေပြားဓာတ်မတည့်မှု
🔹အင်ပြင်
🔹ရောင်ရမ်းခြင်း စတာတွေဖြစ်ပါတယ်ရှင်။
❗အရေပြား ဓာတ်မတည့်မှုလက္ခဏာများ
အရေပြားဓာတ်မတည့်မှု ဖြစ်တဲ့အခါ အခုလို
လက္ခဏတွေ တွေ့ရနိုင်ပါတယ်ရှင်။
▫️အနီရောင် အဖုအပိမ့်တွေ ဖြစ်မယ်
▫️ယားယံမယ်
▫️နီမြန်းမယ်
▫️ရောင်ရမ်းမယ်
▫️အရည်ကြည်ဖုတွေဖြစ်မယ်
▫️အရေပြား အဖက်တွေ လန်မယ်
▫️အရေပြားတွေ ကွဲအက်မယ် စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်ရှင်။

❗ဘာတွေက အရေပြားဓာတ်မတည့်မှုကို ဖြစ်စေနိုင်တာလဲ❓❓
အရေပြားဓာတ်မတည့်မှုကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေက တစ်ခုမကပါဘူးရှင်။

🔸သားရေ
🔸တိရစ္ဆာန် အမွေး၊ အညစ်အကြေး
🔸အဆိပ်ဆူး
🔸အေးလွန်းတဲ့ ရာသီဥတု အခြေအနေ
🔸ပူလွန်းတဲ့ ရာသီဥတု အခြေအနေ
🔸ဝတ်မှုန်
🔸နေရောင်
🔸ရေ
🔸အစားအစာ
🔸အင်းဆက်
🔸ဆေးဝါး
🔸သံသတ္တု
🔸အပင်တွေ စတာတွေပါ။ ဒါတွေအပြင် အလှကုန်တွေ၊ အမွှေးဆီတွေ၊ ဆပ်ပြာမှုန့်၊ သန့်ရှင်းရေးသုံး ပစ္စည်းတွေကြောင့်လည်း အရေပြားမှာ ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်ပါတယ်ရှင်။
Aye Thi Mon

🧏အလှအပနှင့်အရေပြားကျန်းမာ‌ရေး ဆိုင်ရာအ‌ေကြာင်းအရာများနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးပြသလိုပါက ^^^^^

🏥 လိပ်ပြာကန် အထူးကုဆေးခန်း နှင့် အထွေထွေရောဂါရှာဖွေရေး စင်တာ တွင်,

🧑‍⚕️ အလှအပနှင့်အရေပြားဆိုင်ရာအထူးကုဆရာဝန်ကြီး...

Dr.ဝင်းပပသန်း
M.B.,B.S,M.Med.Sc(Dermatology)
အရေပြားအထူးကုဆရာဝန်ကြီး
ပဲခူးပြည်သူ့ဆေးရုံကြီး
🗓️တနင်္လာ၊အင်္ဂါ ၊ဗုဒ္ဓဟူး မနက်(၈:၀၀)
ကြာသာပတေး နေ့လည် (၂:၀၀)

Dr;Thura Kyaw
M.B.,B.S,M.Med.Sc(Dermatology)
Consultant Dermatologist
အတိုင်ပင်ခံ အရေပြားအထူးကုဆရာဝန်ကြီး
🗓️တနင်္ဂနွေ တစ်ပတ်ခြား ညနေ(၅:၀၀)

တွင်

တိုင်ပင်ဆွေးနွေးပြသနိုင်ပါတယ်ရှင် 💁🕗

👉 ဆေးခန်း ပြသရန်အတွက် ဘိုကင်ယူရန် နှင့် စုံစမ်းသိရှိလိုသည်များရှိပါက~~~~~

☎️ ဆေးခန်းဖုန်း- ၀၉-၇၇၇၉၀၈၃၈၃၊ ၀၉-၈၈၉၀၀၆၀၃၃
တို့ကို (မနက် ၇:၃၀ မှ ည ၆:၃၀)နာရီ အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့် 🥰

🏥 ဆေးခန်းလိပ်စာ-
အမှတ်(၂၅၂)၊ (၃၁)လမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။

#အရေပြားဓာတ်မတည့်မှု

#အရေပြားအထူးကုဆရာဝန်
#လိပ်ပြာကန်အထူးကုဆေးခန်း

🤔ပုခုံးကြပ်ခဲ တယ်ဆိုတာ ဘာလဲ❓❓❗ပုခုံးကြပ်ခဲတယ်ဆိုတာ ပုခုံးက တဖြည်းဖြည်း နာလာတယ်။ လှုပ်လို့ မရတော့ဘူး။ ဒါက ဖြည်းဖြည်းချင်း...
19/03/2026

🤔ပုခုံးကြပ်ခဲ တယ်ဆိုတာ ဘာလဲ❓❓

❗ပုခုံးကြပ်ခဲတယ်ဆိုတာ ပုခုံးက တဖြည်းဖြည်း နာလာတယ်။ လှုပ်လို့ မရတော့ဘူး။ ဒါက ဖြည်းဖြည်းချင်း စဖြစ်ပြီး ပိုဆိုးလာမယ်။ ပြီးရင်တော့ ပြန်ပျောက်သွားပါတယ်။ ၁နှစ်ကနေ ၃နှစ်အထိ ကြာတတ်ပါတယ်ရှင်။ တချို့ဆို ၅နှစ်အထိ လည်းကြာတတ်ပါတယ်ရှင်။

💁ပုခုံးဆိုတာ အရိုး၃ခု ဆုံရာပါ။ လက်မောင်းရိုးရယ်၊ ညှပ်ရိုးရယ်၊ လက်ပြင်ရိုးရယ်ပါ။ ပြီးတော့ ဒီအရိုးသုံးခုကို ဆက်ထားပေးတဲ့ အဆစ်တွေ ရှိပါတယ်။ ကြွက်သားတွေ နဲ့တခြားတစ်ရှူးတွေ ရှိပါတယ်။ ဒါကိုမှ စုပေါင်းပြီး ပုခုံးရိုးလို့ ခေါ်ပါတယ်ရှင်။

❗ပုခုံးကြပ်ခဲ လာတယ် ဆိုတာ ပုခုံးဆစ်ထူလာပြီး အရွတ်တွေ တက်လာတာပါ။ ဒါ့ပြင် ရိုးတွင်းခြင်ဆီလည်း နည်းလာပါတယ်။ ဒါကြောင့် လှုပ်ရခက်လာခြင်းဖြစ်ပါတယ်ရှင်။

✅ဘာလက္ခဏာတွေ ပြမှာလဲ❓❓

ပုခုံးကြပ်ခဲတာက တဖြည်းဖြည်းချင်း ဖြစ်တာပါ။ အဆင့် ၃ဆင့် ရှိပါတယ်။ တစ်ဆင့်ကို လနဲ့ ချီပြီး ကြာပါတယ်ရှင်။

🔹ပုခုံးစကြပ်တဲ့ အဆင့် (Freezing stage)

– ပုခုံးက လှုပ်လိုက်တာနဲ့ နာပါတယ်။ လှုပ်ရ ရှားရတာလည်း ခက်လာပါတယ်။

🔹ပုခုံးကြပ်တဲ့ အဆင့် (Frozen stage)

– အနာတော့ သက်သာလာပါတယ်။ ဒါပေမယ့် ပုခုံးက ပိုတောင့်ပြီး လှုပ်ရ ပိုခက်လာပါတယ်။

🔹ပြေလျော့တဲ့ အဆင့် (Thawing stage)

– ဒီအဆင့်မှာတော့ လှုပ်ရှားရ ပိုအဆင်ပြေလာပါပြီ။တချို့ လူတွေမှာ ဆိုရင် ညဘက်မှာ နာလွန်းလို့ အိပ်မရတာတောင် ရှိပါတယ်ရှင်။

🤔ဘယ်သူတွေ ဖြစ်နိုင်လဲ✅

🔹အသက်၄၀နဲ့ အထက်တွေ ပိုဖြစ်နိုင်ပါတယ်။

🔹အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုဖြစ်နိုင်ပါတယ်။

🔹မလှုပ်တာ ဒါမှမဟုတ် လှုပ်ရှားမှု နည်းတာ

လက်မောင်း သိပ်မလှုပ်တဲ့ သူတွေ ဒါမှမဟုတ် အကြောင်း တစ်ခုခုကြောင့် အကြာကြီး မလှုပ်တဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။ ဥပမာ

▫️ လက်မောင်းဆစ် ထိခိုက်မိထားသူများ

▫️လက်မောင်းကျိုးထားသူများ

▫️လေဖြတ်ထားသူများ တွင်အများဆုံံးတွေ့ရတတ်ပါတယ်ရှင်။

Dr;Htet Htet Zaw Win

💁 အရိုး အကြော အဆစ်ဆိုင်ရာ ဝေဒနာများနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးပြသလိုပါက_______

🏨 လိပ်ပြာကန် အထူးကုဆေးခန်း နှင့် အထွေထွေရောဂါရှာဖွေရေးစင်တာတွင်..........

🩺 အရိုးအကြောဆိုင်ရာအထူးကုဆရာဝန်ကြီး

👨‍⚕️ Dr.အောင်လှိုင်ဖုန်း

M.B.,B.S(Ygn),M.Med.Sc (Ortho)

ထိခိုက်ဒဏ်ရာ၊ အရိုး၊ အကြော၊ အဆစ်

ခွဲစိတ်အထူးကုဆရာဝန်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့်အရိုးရောဂါအထူးကုဆေးရုံကြီး

🗓️တနင်္ဂနွေနေ့ (မနက် 9:00Am )

👨‍⚕️ Dr;Thet Zaw

M.B.,B.S,M.Med.Sc(Ortho)

အရိုးအကြောနှင့်ထိခိုက်ဒဏ်ရာအထူးကုဆရာဝန်

🗓️ နေ့စဉ်

တို့နှင့်

တိုင်ပင်ဆွေးနွေးပြသနိုင်ပါတယ်ရှင် 🍀

👉 ဆေးခန်း ပြသရန်အတွက် ဘိုကင််ယူရန် နှင့် စုံစမ်းသိရှိလိုသည်များရှိပါက-----

☎️ ဆေးခန်းဖုန်း-

၀၉-၇၇၇၉၀၈၃၈၃၊ ၀၉-၈၈၉၀၀၆၀၃၃

တို့ကို (မနက် ၇:၃၀ မှ ည ၆:၃၀)နာရီ အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်☺️

🏥ဆေးခန်းလိပ်စာ-

အမှတ်(၂၅၂)၊ (၃၁)လမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။

# အရိုးအကြောအဆစ်ခွဲစိတ်အထူးကု

#လိပ်ပြာကန်အထူးကုဆေးခန်း

#ပုခုံးဆစ်ခဲခြင်း







💁လိပ်ပြာကန် အထူးကုဆေးခန်းတွင် မှတ်ပုံတင်ကောက်ရထားပါသည်ရှင်။❗ပိုင်ရှင်မှ လာရောက်မေးမြန်းထုတ်ယူနိုင်ပါသည်ရှင်။
16/03/2026

💁လိပ်ပြာကန် အထူးကုဆေးခန်းတွင် မှတ်ပုံတင်ကောက်ရထားပါသည်ရှင်။
❗ပိုင်ရှင်မှ လာရောက်မေးမြန်းထုတ်ယူနိုင်ပါသည်ရှင်။

❗❗အစာနင်ခြင်း ဆိုတာဘာလဲ❓❓🔹အစာတွေအရည်တွေ အစာအိမ်ထဲရောက်သွားဖို့အတွက် ခက်ခဲခြင်းကိုဖြစ်စေတဲ့ တွေ့ရနည်းတဲ့ပြဿနာတစ်ခုဖြစ်ပါတ...
15/03/2026

❗❗အစာနင်ခြင်း ဆိုတာဘာလဲ❓❓

🔹အစာတွေအရည်တွေ အစာအိမ်ထဲရောက်သွားဖို့အတွက် ခက်ခဲခြင်းကိုဖြစ်စေတဲ့ တွေ့ရနည်းတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ အစာနင်ခြင်းက အစာရေမျိုပြွန်က အစာတွေကိုအောကိကိုညှစ်ချနိုင်စွမ်း မရှိတော့ခြင်းဖြစ်ပါတယ်။

အစာအိမ်နဲ့အစာရေမျိုပြွန်ကြား ကြွက်သားအဆက်က ပြည့်ပြည့်၀၀မလျော့နိုင်တော့တဲ့အခါမှာလည်း ဖြစ်ပါတယ်။ အစာနင်းခြင်းအကြောင်းရင်းကို မသိသေးပေမဲ့ အစာရေမျိုပြွန်ကြွက်သားတွေပျက်စီးသွားခြင်းနဲ့ ပိုအရေးကြီးတာက ကြွက်သားတွေကိုထိန်းချုပ်တဲ့အာရုံကြောတွေ ပျက်စီးသွားခြင်းဖြစ်ပါတယ်ရှင်။

🔹နောက်ဆက်တွဲတွေကတော့ အဆုတ်ပြဿနာတွေနဲ့ ကိုယ်အလေးချိန်ကျခြင်းဖြစ်ပါတယ်။ အစာနင်ခြင်းက အစာရေမျိုကင်ဆာဖြစ်နိုင်ချေကို များစေပါတယ်ရှင်။

လက္ခဏာများ

🤔Cardiospasm (အစာနင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ❓❓❓

အစာနင်တတ်တဲ့လူနာတွေမှာ မျိုချရခက်ခြင်းဒါမှမဟုတ်အစာရေမျိုအတွင်း အစာများကပ်ကျန်နေသလိုခံစားရခြင်းတွေ ဖြစ်ပါတယ်။ အစာမမျိုနိုင်ခြင်းလို့လည်း ခေါ်နိုင်ပါတယ်။ လက္ခဏာတွေကတော့ ချောင်းဆိုးခြင်းသီးခြင်း တွေဖြစ်နိုင်ပါတယ်။ အခြားလက္ခဏာတွေကတော့

· ရင်ဘတ်အောင့်ခြင်း၊ မအီမလည်ဖြစ်ခြင်း

· ကိုယ်အလေးချိန်ကျခြင်း

· အစားစားပြီး ပြင်းပြင်းထန်ထန်နာခြင်း မအီမလည်ဖြစ်ခြင်း

· အစာရောအရည်ရောမျိုချရခက်ခြင်း

· အစာေရေမျိုအတွင်း အစာရေများဖောင်းနေခြင်းကြောင့် မအီမသာဖြစ်ခြင်း

· အကြောင်းရင်းမသေချာဘဲ ရင်ဘတ်စူးအောင့်ခြင်း

· ရင်ပူခြင်းက ရင်ပူတဲ့လက္ခဏာတွေနဲ့မတူတာကြောင့် ရင်ပူတာကိုကုသလိုမကုနိုင်ပါဘူး။

· အစာကောင်းကောင်းမဝင်ခြင်းကြောင့်ကိုယ်အလေးချိန်ကျခြင်း

· အစာတွေအထက်ပြန်ဆန်တက်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ စားချဉ့်ပြန်ခြင်းကဲ့သို့သော အစာအိမ်အူလမ်းကြောင်းရောဂါတွေရဲ့လက္ခဏာလည်း ဖြစ်နိုင်ပါတယ်ရှင်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်ရှင်။

Thin Myat Sandi Cho

✅အထက်ဖော်ပြပါအကြောင်းအရာများနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးပြသလိုပါက..

🏥 လိပ်ပြာကန် အထူးကုဆေးခန်း နှင့် အထွေထွေရောဂါရှာဖွေရေး စင်တာ တွင်•••••

👩‍⚕️အထွေထွေရောဂါ ဆိုင်ရာ အထူးကုသမား‌တော်ကြီးများ...

Dr,မြင့်မြင့်အေး

M.B.,B.S,M.Med.Sc(Int.Med)

M.R.C.P(UK),F.R.C.P(Edin)

အထွေထွေရောဂါကုသမားတော်

ပဲခူးပြည်သူ့ဆေးရုံကြီး

Dr.မေဝတ်ရည်ဦး

M.B.,B.S,M.Med.Sc(Int.Med)

MRCP (UK) FRCP (Edin)

အထူးကုဆရာဝန်(ဆေးပညာ)

Dr.ကေသီဝင့်အောင်

M.B.,B.S (Ygn)

M.Med.Sc(Int.Med)

အထွေထွေရောဂါကုသမားတော်

ပဲခူးပြည်သူ့ဆေးရုံကြီး

Dr;နွေးသိမ့်သိမ့်တင်

M.B.,B.S,M.Med.Sc(Int.Med)

MRCP (UK) FRCP (Edin)

အထွေထွေရောဂါကုသမားတော်

တို့နှင့်

🗓️ နေ့စဉ် တိုင်ပင်ဆွေးနွေးပြသ နိုင်ပါတယ်ရှင်💁

👉 ဆေးခန်း ပြသရန်အတွက် ဘိုကင်ယူရန် နှင့် _____

☎️ ဆေးခန်းဖုန်း-

၀၉-၇၇၇၉၀၈၃၈၃ ၀၉-၈၈၉၀၀၆၀၃၃

တို့ကို (မနက် ၇:၃၀ မှ ည ၆:၃၀)နာရီ အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်😊

🏥ဆေးခန်းလိပ်စာ-

အမှတ်(၂၅၂)၊ (၃၁)လမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။



#အစာနင်ခြင်း

#အထွေထွေရောဂါကုသမားတော်

#လိပ်ပြာကန်အထူးကုဆေးခန်း



🤔😔ကလေးသွေးအားနည်းခြင်းအကြောင်း✅သင့်ကလေးမှာလည်း အောက်ပါအချက်တွေကြောင့် ပုံမှန်ကလေးတွေနဲ့ ယှဉ်ရင် သွေးနီဥ နည်းနိုင်ပါတယ်ရှ...
12/03/2026

🤔😔ကလေးသွေးအားနည်းခြင်းအကြောင်း

✅သင့်ကလေးမှာလည်း အောက်ပါအချက်တွေကြောင့် ပုံမှန်ကလေးတွေနဲ့ ယှဉ်ရင် သွေးနီဥ နည်းနိုင်ပါတယ်ရှင်။

1)ကိုယ်ခန္ဓါက လုံလောက်တဲ့ သွေးနီဥ ပမာဏ မထုတ်လုပ်နိုင်ခြင်း (သို့) နှေးကွေးစွာ ထုတ်လုပ်ခြင်း

2)သွေးနီဥ အမြောက်အမြားဟာ ဖျက်ဆီးခံရခြင်း

3)ကိုယ်ခန္ဓါက သွေးနီဥ အမြောက်အမြား ဆုံးရှုံးခြင်း

ဒါဟာ ကလေးငယ်တွေမှာ အာဟာရဓါတ် (သံဓါတ်) ဆုံးရှုံးတဲ့ အခါ၊ မွေးရာပါ ရောဂါတွေ၊ ရောဂါပိုးဝင်ခြင်းတွေ၊ အချို့ကင်ဆာတွေနဲ့ ရာသီလာတာများတဲ့အခါတွေမှာ ဖြစ်နိုင်ပါတယ်ရှင်။

🤔သွေးအားနည်းခြင်းရဲ့ အဖြစ်များတဲ့ လက္ခဏာတွေက ဘာတွေလဲ❓

တကယ်လို့ သင့်ကလေးမှာ သွေးအားနည်းခြင်းကို ခံစားရမယ်ဆိုရင် သင်ဟာ လက္ခဏာတစ်ခုမှ မတွေ့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သွေးအားအလွန်နည်းခြင်းရဲ့ လက္ခဏာတွေကတော့

🔹သင့်ကလေးစိတ်တိုလာခြင်း

🔹ပင်ပန်းလွယ်ခြင်း

🔹အစာစားတာ နည်းခြင်း

🔹လျှာနာခြင်း

🔹ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း

🔹ဖြူဖျော့ခြင်း တွေပဲ ဖြစ်ပါတယ်။

တကယ်လို့ ဒီလက္ခဏာတွေ တွေ့ပြီဆိုရင် သွေးအားနည်းခြင်း ရှိမရှိ သိစေဖို့ ကလေးကို ဆေးရုံကို ခေါ်သွားသင့်ပါတယ်ရှင်။

🤔သွေးအားနည်းခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ❓❓

❗သွေးအားနည်းရောဂါကို ကုသခြင်းမရှိရင် သင်ယူမှုပိုင်းဆိုင်ရာ ပြဿနာ၊ ဆက်ဆံရေးပိုင်းဆိုင်ရာ ပြဿနာ၊ အာရုံစူးစိုက်မှု ခက်ခဲခြင်း တွေ ဖြစ်နိုင်ပါတယ်။ တကယ်လို့ သွေးနီဥ ပမာဏဟာ အလွန်နည်းတယ်ဆိုရင် သင့်ကလေးဟာ ခဲဆိပ်သင့်တာလည်း ဖြစ်နိုင်ပါတယ်ရှင်။

🤔❗သွေးအားနည်းခြင်းကို ဘယ်လိုကာကွယ်မလဲ❓

သင့်ဟာ သွေးအားနည်းခြင်း အမျိုးအစားအကုန်လုံးကို ကာကွယ်ခြင်း မပြုနိုင်ပေမယ့် သင့်ကလေးကို သံဓါတ် (သို့) ဗီတာမင် ချို့တဲ့ခြင်းမရှိအောင်တော့ ကာကွယ်ပေးနိုင်ပြီး သူတို့ဟာ သွေးအားနည်းရောဂါရဲ့ အဖြစ်အများဆုံး အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်ရှင်။

Dr;Phyu Mon Latt

💁 ကလေးငယ်များ ကျန်းမာ‌ရေး နဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးပြသလိုပါက_____

🏥 လိပ်ပြာကန်အထူးကုဆေးခန်းနှင့် အထွေထွေရောဂါရှာဖွေရေးစင်တာတွင်~~~

👨‍⚕️👩‍⚕️ ကလေးအထူးကုဆရာဝန်ကြီးများ ဖြစ်တဲ့.....

Dr; အောင်သူဇင်

M.B.,B.S(Ygn),

M.Med.Sc(Paediatrics)

ကလေးအထူးကုဆရာဝန်ကြီး

ပဲခူးပြည်သူ့ဆေးရုံကြီး

Dr.တင်ဇာဖြိုး

M.B.,B.S;M.Med.Sc(Paediatrics)

ကလေးအထူးကုဆရာဝန်

ပဲခူးပြည်သူ့ဆေးရုံကြီး

Dr.နွယ်နွယ်လတ်

M.B.,B.S(Mgy)

M.Med.Sc(Paediatrics)

ကလေးအထူးကုဆရာဝန်

ပဲခူးပြည်သူ့ဆေးရုံကြီး

တို့နှင့်

🗓️ နေ့စဉ် တိုင်ပင်ဆွေးနွေးပြသနိုင်ပါတယ်ရှင်☘️☘️☘️

👉 ဆေးခန်း ပြသရန်အတွက် ဘိုကင်ယူရန် နှင့် စုံစမ်းသိရှိလိုသည်များရှိပါက√√√√√

☎️ဆေးခန်းဖုန်း- ၀၉-၇၇၇၉၀၈၃၈၃

၀၉-၈၈၉၀၀၆၀၃၃

တို့ကို (မနက် ၇:၃၀ မှ ည ၆:၃၀) နာရီအတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်😊

🏥ဆေးခန်းလိပ်စာ-

အမှတ်(၂၅၂)၊ (၃၁)လမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။

#ကလေးသွေးအားနည်းခြင်း

#ကလေးအထူးကုဆရာဝန်

#လိပ်ပြာကန်အထူးကုဆေးခန်း



Address

အမှတ် (၂၅၂)၊ ၃၁လမ်း ၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့
Bago
08011

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959889006033

Website

Alerts

Be the first to know and let us send you an email when လိပ်ပြာကန် အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to လိပ်ပြာကန် အထူးကုဆေးခန်း:

Share