Aung Yadanar Clinic

Aung Yadanar Clinic ပဲခူး အောင်ရတနာဆေးခန်း

🔥 #အရိုးပြုတ်ရည် ဘာလို့သောက်သင့်သလဲ #အစာလမ်းကြောင်းဟာ ကျန်းမာရေးအတွက် အဓိကအရေးကြီးသော အကြောင်းတစ်ခုဖြစ်တယ်ဆိုတာ သိလာကြပါ...
10/11/2025

🔥 #အရိုးပြုတ်ရည် ဘာလို့သောက်သင့်သလဲ

#အစာလမ်းကြောင်းဟာ ကျန်းမာရေးအတွက် အဓိကအရေးကြီးသော အကြောင်းတစ်ခုဖြစ်တယ်ဆိုတာ သိလာကြပါပြီ။

#ရောဂါအတော်များများ ဖြစ်ကြတာကလဲ အစာလမ်းကြောင်းမှာရှိနေသည့် ပိုးတွေမမျှတမှုကြောင့် ဖြစ်ပါတယ်။

#အစာလမ်းကြောင်း ပြဿ နာတွေ အဆစ်တွေနာနေသူတွေ ကျီးပေါင်း တက်နေသူတွေအားလုံးအတွက် အရိုးပြုတ်ရည်ဟာ အင်မတန်သင့်တော်ပါတယ်။

#ဘာရောဂါပဲဖြစ်ဖြစ် အရိုးပြုတ်ရည်ဟာ ရောဂါတွေသက်သာလာစေရန် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။

#ရောဂါ အတော်များများဟာ Leaky gut ခေါ် အူလမ်းကြောင်းမလုံခြင်းကြောင့် ဖြစ်လေ့ရှိကြပါတယ်။ အထူးသဖြင့် Allergies & Autoimmune Diseases တွေ အဖြစ်များပါတယ်။

#အရိုးပြုတ်ရည်မှာပါနေတဲ့ Collagen ခေါ်ပရိုတင်းဓာတ် တစ်မျိုးဟာ အူရဲ့ Lining ကို ပြန်ပြီး ပြုပြင်ပေးနိုင်စွမ်းရှိလို့ ဖြစ်ပါတယ်။

#အရိုးပြုတ်ရည်မှာပါသည့် အာဟာရ များဟာ ခန္ဓာကိုယ်ကနေ အလွယ်တကူ စုပ်ယူနိုင် ပြီး ခန္ဓာကိုယ်ကနေ ရောဂါများသက်သာစေနိုင်ရန် အသုံးချနိုင် ပါတယ်။

#အရိုးပြုတ်ရည်မှာ ပါနေတဲ့ အဓိက အာဟာရ များကတော့ --------

1. Calcium, Phosphorus and Other Minerals သတ္တုဓာတ်များ

2. Glucosamine and Chondroitin sulfate အရိုးအဆစ်တွေ အတွက် အဓိက သဘာဝဓာတ်များ

3. အရိုးတွင်ပါဝင်နေသော ပရိုတင်း Collagen

4. ရိုးတွင်းချဉ်ဆီ

5. ခန္ဓာကိုယ် လို အပ် သော Amino acids များ ဖြစ် ကြ သည့် Glutamine ( အူလမ်းကြောင်း ပြန် ပြင် ရာ မှာ အဓိက လို အပ် သော ဓာတ် ) ၊ Pro line and Glycine တို့ ဖြစ် ပါ တယ်။

#အရိုးပြုတ်ရည်၏ #အကျိုးအာနိသင်များ
===================
၁. အရိုး၊ အဆစ် နှင့် ခန္ဓာကိုယ် ယောင်ကိုင်းခြင်းတို့မှ သက်သာစေပါသည်။

၂. နှာစေး၊ ချောင်းဆိုးကို ဖြစ်စေတတ် သော virus ပိုးများကို တားမြစ်နိုင်ပြီး
ခန္ဓာကိုယ်ခုခံအား ကောင်းစေပါသည်။

၃. ဆံပင် နှင့် လက်သည်း ခြေသည်းကျန်းမာရေးအတွက်လည်း ကောင်းပါသည်။

၄. ဥဏှောက် နဲ့ အာရုံကြောအတွက် လည်း အလွန်ကောင်းမွန်ပါသည်။
{Autism ကလေးများကိုတိုက်ပါ}

အခုဆိုရင် အရိုးပြုတ်ရည်ဟာ ကျန်းမာရေးအတွက် ဆေးတစ်ခွက်အဖြစ်ဖြင့် အလွန်ပေါ်ပြူ လာ ဖြစ်လို့နေပါပြီ။

New York က အချို့ဆိုင်တွေမှာတောင် ရောင်းကုန်ကြပြီ ဖြစ်ပါတယ်။

#အရိုးပြုတ်ရေလုပ်နည်း
============
၁။ အမဲရိုး/ဆိတ်ရိုး/ကြက်ရိုး ကြိုက်နှစ်သက်ရာ၁ပိဿ ာ ရင်ရိုး အဆစ်ရိုး နှင့် ချဉ်ဆီရိုးများ အကုန်ရပါတယ်။

၂။ ပန်းသီးရှာလကာရေ ၃ခွက်ထည့်ဖို့ အရေးကြီးပါတယ်။ အရိုးမှာရှိတဲ့ အာနိသင်တွေကို ဟင်းချိုထဲရောက်အောင် ၎င်းကလုပ်ပေးမှာဖြစ်ပါတယ်

၃။ တရုပ်နံနံ / ဗမာနံနံ ၃ချောင်းစီထည့့်ပါ။ မုန်လာဥနီ ၃ခုနှင့် ကြက်သွန်နီ ၃ဥတို့ကိုလည်း လေးစိတ်စိတ်ပြီးထည့်ပါ။ ကြက်သွန်ဖြူ ဥ ၁လုံးနှင့် ဂျင်းအရွယ်တော်၁တက်လည်းထည့်ပါ။

*Rock salt or Sea salt ထည့်ပါ
*အချို မှုန့် လုံးဝ (လုံးဝ) မထည့်ရပါ

✅🤗ပြုတ်နည်း✅
=====
✅ရှေးဦးစွာ အရိုးတွေကို သန့်စင်သွားစေရန် ရေထဲမှာ ရှာလကာရေထည့်ပြီး ဆေးပြစ်ပါ။ ပြီးရင် ရေနဲ့တစ်ခါထပ်ဆေးပါ။

✅ပန်းသီးရှာလကာရေထည့်ပါ ။ အရိုးမြုပ်သည်အထိရေထည့်ပါ။ တစ်နာရီခန့်စိမ်ထားလိုက်ရင် အရိုးထဲမှကိုယ်လိုချင်တဲ့ အကျိုးပြုမယ့်ဓာတ်တွေ အားလုံးစိမ့်ထွက်လာပါလိမ့်မယ်။

✅အခြားအမည်များအားလုံးကိုထည့်ပြီး ရေဆူအောင်တည်ပါ။ အပေါ်ကိုဝေ့တက်လာသော အမြှုပ်မဲမဲတွေကို ဇွန်း နဲ့ဖယ်ပစ်ပါ။ မသန့်တဲ့အဆီနဲ့အညစ်ကြေးတွေတက်လာတာဖြစ်ပါတယ်။

✅ဆူလာတဲ့အခါ မီးကိုလျော့ချလိုက်ပြီး မီးအေးအေးနဲ့ ဆက်တည်ထားလိုက်ပါ။ ကြာကြာတည်လေ ကောင်းလေ ဖြစ်ပါတယ်။ ၂၄နာရီလုံးပစ်တည်ထားနိုင်ရင် အရိုးထဲက အာနိသင်တွေအကုန်နီးပါးရရှိနိုင်ပါတယ်။

✅ချခါနီး ၁၀ မိနစ်လောက်အလိုမှာ နံနံပင်ထည့်လို့ရပါပြီ။ မွှေးပြီးအရသာလည်းရှိ အာနိသင်တွေလည်း အပြည့်ဖြစ်ပါတယ်။ အအေးခံထားပါ။ အရိုးတွေနဲ့ ဟင်းရွက်တွေကို ဇကာနဲ့စစ်ချလိုက်ပါ။ထွက်လာတဲ့ ချဉ်ဆီတွေကို အရိုးပြုပ်ရေထဲ ပြန်ထည့်ပေးပါ။

✅Sea salt or Rock salt ကို မိမိ နှစ်သက် သလောက် မြည်းကြည့်ပြီး ထည့်နိုင်ပါတယ်။

✅အဖိုး+အဖွား အဖေ+အမေ နှင့် ကလေးများ အကုန်လုံးကိုတိုက်ပါ။

✅ကလေးတွေဆိုရင် အရိုးပြုတ်ရည်ကို တစ်နေ့ ၃-၄ခါ လောက်တိုက်သင့်ပါတယ်။

✅အရိုးပြုတ်ရည်ထဲမှာ အိမ်လုပ်သန့်ရှင်းလတ်ဆတ်သော ချဉ်ဖတ်အရည် လ္ဘက်ရည်ဇွန် ၁ဇွန်းစာလောက်ထည့်ပြီး တိုက်မယ်ဆိုရင် အကျိုးပြုပိုးတွေပါ အများကြီးပါသွားမှာ ဖြစ်ပါတယ်။

✅ပိုနေတာကို ရေခဲသေတ္တာထဲမှာထည့်ထားရင် ၅ - ၇ ရက်ခံပါတယ်။ Freezer ဆိုရင် ၆ လ ခံပါတယ်။

✅မိတ်ဆွေများအားလုံး အရိုးပြုတ်ရေများသောက်ကြပြီး ကျန်းမာလာကြပါစေ။

 #သွေးလွန်တုပ်ကွေး အသစ် အထူး ဂရုစိုက်ကြပါ ❗️ဖျားပီး ၃ ရက်မြောက်မှာ သွေးစစ်ကို စစ်ပါ #အခု ဖြစ်နေတဲ့ သွေးလွန်တုပ်ကွေးက အရင...
29/07/2025

#သွေးလွန်တုပ်ကွေး အသစ် အထူး ဂရုစိုက်ကြပါ ❗️

ဖျားပီး ၃ ရက်မြောက်မှာ သွေးစစ်ကို စစ်ပါ

#အခု ဖြစ်နေတဲ့ သွေးလွန်တုပ်ကွေးက
အရင်ဖြစ်နေတာနဲ့ မတူဘူးနော် ...

#အဖျားတောက်လျောက်တက်ပီး ၃ ရက်မြောက်မှာ
ကိုယ်ပူကျသလို ဖြစ်ပီး လန်းလာတယ် ...

ပီး တကိုယ်လုံးအေးစက်လာပီး ...
Pressure , Oxygen , Platelet Count တွေ ကျ
၅ ရက်မြောက်နဲ့ ၇ ရက်မြောက်အထိ အသက်လုရတယ်

အရည်တွေ ဝင်အောင် တိုက်ရတယ် ...

( ကြက်ကြမ်း စွပ်ပြုတ် ( အချိုမှုန့်မပါရ ရေဓာတ်ခမ်းတာဖြစ်လို့ အချိုမှုန့်က ရေဓာတ်ကို စုပ်ယူလို့ပါ ) / အုန်းစိမ်းရည် / အိုဗာဖြူ / ငုံးဥ / ကြက်ဥ / အမဲစွပ်ပြုတ် )

အစာမဝင်ရင် လက္ခဏာတွေ သတိမထားမိရင်
Expired ဖြစ်သွားကြပါတယ် ....

၈ ရက်နဲ့ ၉ ရက်တွေက Platelet count ပြန်တက်စေတဲ့ရက်တွေပါ ဒီအထိ တောင့်ခံထားနိုင်ရင် ဒီပိုးကို တိုက်ထုတ်နိုင်ပါပီ ...

အခု ကလေးတွေ အများကြီး ဖြစ်နေကြတယ် ....
မိနစ် ၂၀ တခါ Pressure ကျပါတယ် အမြဲတိုင်း နေရပါမယ် နော် ...

သွေးလွန်တုပ်ကွေးခြင် က ရောဂါရှိသူကို ကိုက်ပီး
ကူးစက်ခံရသူကို ကိုက်လိုက်တာနဲ့ ...၁၀ ရက်အတွင်း
Virus ပေါက်ဖွားတာ အဖျားတက်စေပါတယ် ...

103-104 မကျ ပါ ...ကယောင်ကတမ်းပြောပါတယ် ...
Hess test မှာ တချို့ မပေါ်ပါ သွေးစစ်မှ ပေါ်ပါတယ် ...

ကိုယ့်ရဲ့ မြို့ ပတ်ဝန်းကျင်မှာ ရောဂါကူးစက်ခံရသူ ရှိရင်
သင့်တို့လဲ ကူးစက်နိုင်ပါတယ် ...

🙏ဆေးခန်း အချိန်မှီ မရောက်နိုင်တဲ့ ကလေးတွေ Expired ဖြစ်တာ များနေပါတယ်။🙏

#ကျန်းမာရေး

ဦးနှောက်မြှေးရောင် (  Menigitis ) ရောဂါ အကြောင်း…ဖြစ်စေသည့် အခြေခံပေါ် မူတည်ပြီး ( ၅ ) မျိုး ခွဲခြားထာပါတယ် ။.၁ ။ ဘက်တီး...
28/03/2025

ဦးနှောက်မြှေးရောင် ( Menigitis ) ရောဂါ အကြောင်း



ဖြစ်စေသည့် အခြေခံပေါ် မူတည်ပြီး ( ၅ ) မျိုး ခွဲခြားထာပါတယ် ။
.

၁ ။ ဘက်တီးရီးယားပိုးကြောင့်ဖြစ်ခြင်း ( Bacterial Menigitis )

ဦးနှောက်မြှေးရောင် ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးများကတော့ .
Neisseria meningitidis
Streptococcus pneumoniae
တို့ ဖြစ်ပါတယ် ။
အလွန်ပြင်ထန်ပါတယ် ။
အသက် သေစေနိုင်ပါတယ် ။
ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အချို့ အမြှေးရောင် ရောဂါအတွက်
ကာကွယ်ဆေး ရှိပါတယ် ။
ဘက်တီးရီးယား အမြှေးရောင်ရောဂါက ကူးစက်ရောဂါဖြစ်ပါတယ် ။
အသက်ရှုခြင်းမှ တဆင့် ကူးစက်ပါတယ် ။
နှာခေါင်း ၊ လည်ချောင်း မှ ထွက်သော အရည် ၊ ချွဲသလိပ် များမှ ကူးစက်ပါတယ် ။
နမ်းခြင်း ( kissing) မှ ကူးစက်ပါတယ် ။
ခလေးငယ်များကို နမ်းရှုံ့ ခြင်းအလေ့အထကို သတိပြုရမှာဖြစ်ပါတယ် ။


၂ ။ ဗိုင်းရပ်ပိုးကြောင့်ဖြစ်ခြင်း ( Viral Meningitis )

ဦးနှောက်မြှေးရောင် ဖြစ်စေတဲ့ ဗိုင်းရပ်ပိုးများကတော့
Enterovirus
Arbovirus
Herpes simplex virus
တို့ ဖြစ်ပါတယ် ။
ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ဦးနှောက်မြှေးရောင်ရောဂါက ပြင်းထန်ပေမယ့် ၊
ဘက်တီးရီးယားကြောင့် ဖြစ်တာကြောင့်လောက် မပြင်းထန်ပါဘူး ။
ကိုယ်ခံစွမ်းအား (normal immune systems ) ကောင်းနေသူတွေမှာ
ဒီအတိုင်း ပြန်ကောင်း လာတတ်ပါတယ် ။
အချို့ ဗိုင်းရပ်အမြှေးရောင်ရောဂါအတွက် ကာကွယ်ဆေး ရှိပါတယ် ။
ဗိုးင်းရပ်ဦးနှောက်မြှေးရောင် ဝေဒနာရှင်ထံမှ တိုက်ရိုက်ကူးစက်နိုင်ပါတယ် ။
ဒါ့အပြင် ဖျားနာခြင်းနောက်ဆက်တွဲ ( complication ) ၀င်ပြီး ဦးနှောက်မြှေး
ရောင်တာလည်း ဖြစ်နိုင်ပါတယ် ။


၃ ။ ဖန်းဂပ်ပိုးကြောင့်ဖြစ်ခြင်း ( Fungal Menigitis )

ဖြစ်စေတဲ့ ဖန်းဂပ်များကတော့
Cryptococcus
Histoplasma
တို့ ဖြစ်ပါတယ် ။
ပတ်၀န်းကျင်လေထုထဲမှာ ရှိနေတဲ့ ဖန်းဂပ် မျိုးမှုန် ( Fungal Spores ) များ
ကို ရှုရှိုက်မိရာက ကူးစက်ခြင်း ဖြစ်ရပါတယ် ။
အထူးသဖြင့် ဆီးချို ၊ ကင်ဆာ ၊ HIV ရောဂါ ရှိနေသူများမှာ ပိုကူးစက်လွယ်ပါတယ် ။


၄ ။ ကပ်ပါးကောင်များကြောင့်ဖြစ်ခြင်း ( Parasitic Menigitis )

ဖြစ်စေတဲ့ ကပ်ပါးကတော့
Angiostrongylus cantonensis
ဖြစ်ပါတယ် ။
မဖွင့်ဖြိုးတဲ့ နိုင်ငံတွေမှာ ရေထု ညစ်ညမ်းမှု ၊ ပတ်၀န်းကျင် ညစ်ညမ်းမှုကြောင့်
ရောဂါပိုး ကူးစက်တတ်ပါတယ် ။


၅ ။ ကူးစက်ခြင်းမဟုတ်သော အမြှေးရောင် ( Non infectious Menigitis )

တယာက်ထံမှ တယောသို့ ကူးစက်ခြင်း မဟုတ်ပဲ ၊
ရှိရင်းစွဲ ရောဂါ များဖြစ်တဲ့ ကင်ဆာ ၊ လူးပတ် ရောဂါ
( systemic lupus erythematous တို့ကြောင့် ဖြစ်စေ ၊
ဆေးဝါးများကြောင့် ဖြစ်စေ ၊
ဦးခေါင်း ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ ၊
ဦးနှောက် ခွဲစိတ်ကုသမှုကြောင့်ဖြစ်စေ
ဦးနှောက်အမြှေးရောင် ဖြစ်စေတတ်ပါတယ် ။


ရောဂါလက္ခဏာများ ( Signs and symptoms )


လူကြီးများမှာ အထင်ရှားဆုံးက ခေါင်းကိုက်ခြင်း ( headache ) ပါပဲ ။
နောက်မှ ဇက်ခိုင်လာပါမယ် ( စမ်းသပ်သူက ခေါင်းကို မ ပြီး လည်ပင်းကွေး
ညွတ်ခိုင်းရင် မေးစေ့နဲ့ ရင်ဘတ် မထိနိုင်တော့ပါဘူး ) ။
လည်ပင်းကြွက်သားများ တောင့်တင်းလာလို့ ဖြစ်ပါတယ် ။
ဒါကြောင့် အခြေခံ သုံးပွင့်ဆိုင်လက္ခဏာ ( The classic triad of diagnostic signs ) က
ရုတ်တရက် အပြင်းဖျားခြင်း ( sudden high fever )
ဇက်ခိုင်ခြင်း ( nuchal rigidity )
စိတ်အနေအထားပြောင်းခြင်း ( altered mental status )
တို့ ဖြစ်ပါတယ် ။

ဘက်တီးရီးယားအမြှေးရောင်ရောဂါမှာ 44 - 46 % မှာ ဒီ လက္ခဏာ ၃ချက်
တွေ့ ရပါတယ် ။
နောက်ထပ် ထင်ရှားတဲ့ လက္ခဏာက အလင်းရောင်ကြောက်ခြင်း
( photophobia ) ဖြစ်ပါတယ် ။
အလင်းရောင် ထိန်ထိန်စူးစူး မခံနိုင်ပါဘူးး ။
ဆူညံသံကြောက်ခြင်း ( phonophobia ) လည်း ဖြစ်တတ်ပါတယ် ။
ကျယ်လောင်တဲ့ အသံတွေကို မခံနိုင်ပါဘူး ။


၆လအောက် လသားခလေးတွေမှာတော့ ငယ်ထိပ် ဖောင်းတင်းနေတတ်ပါတယ် ။
( fontanelle can bulge )
ခလေးက အလွန်အီ ( irritable ) လာပါမယ် ။
နည်းနည်းကြီးတဲ့ ခလေးတွေမှာ ခြေထောက်နာတယ် ပြောတတ်ပါတယ် ။
ခြေဖျားလက်ဖျား အေးစက်ပြီး ၊ အရေပြား အရောင် ပုံမှန်မဟုတ်တာ
တွေ့ ရတတ်ပါတယ် ။


လူကြီးအရွယ် ဘက်တီးရီးယားအမြှေးရောင် ဖြစ်ရင် ၇၀ % မှာ ဇက်ခိုင်တာ
တွေ့ ရပါတယ် ။
တခြားလက္ခဏာများ ( Other signs of meningism ) ကတော့ စမ်းသပ်သူ
ဆရာ၀န်များ လုပ်ကြည့်ကြတဲ့ positiveKernig's sign or Brudziński sign
ပဲ ဖြစ်ပါတယ် ။
Kernig's sign ဆိုတာက လူနာကို ပက်လက်အိပ်ခိုင်းထားပြီး
ပေါင်ကို တည့်တည့်ထောင် ၊ ဒူးကို ၉ ၀ ဒီဂရီ ကွေး ခိုင်းပါတယ် ။
အမြှေးရောင်ရောဂါ ရှိသူမှာ ဒူးကို အဲဒီထက် ထပ်ဆန့် ရင်နာလို့ ၊
ထပ်ဆွဲဆန့် ရင် မခံနိုင်ပါဘူး ။
Brudzinski's sign ကတော့ ပက်လက်အနေအထားမှာ လူန်ရဲ့ ခေါင်းကို
မြှောက်ပြီး လည်ပင်းကို ကွေးယူရင် ၊ ဒူး နဲ့ ပေါင်တို့ အလိုလို ကွေးလိုက်လာပါတယ် ။


"jolt accentuation maneuver" ဆိုတဲ့ နည်းနည်း ပိုတိကျတဲ့
စမ်းသပ်မှုလည်း ရှိပါတယ် .
လူနာခေါင်းကိုက်နေတယ် ဆိုရင် ၊ လူနာကို ရေပြင်ညီအတိုင်း မြန်မြန် လှည့်
ခိုင်းပါတယ် ။ ခေါင်းကိုက်တာ ပိုဆိုးမလာရင် အမြှေးရောင်တာ မဟုတ်ဖူးလို့
သတ်မှတ်ပါတယ် ။


ဘက်တီးရီးယား Neisseria meningitidis ကြောင့် ဖြစ်တဲ့ အမြှေးရောင်
ရောဂါကို "meningococcal meningitis" လို့ ခေါ်ပါတယ် ။
သူမှာ ထင်ရှားတဲ့ အချက်က လျင်မြန်စွာ ပြန့် ပွားလာတဲ့ အင်ပြင် petechial rash များ ဖြစ်ပါတယ် ။
အင်ပြင်များကို ကိုယ်ပေါ် ၊ ခြေထောက်များ ၊ ခံတွင်း ၊ မျက်လုံး ၊ လက်ဖဝါး ၊
ခြေဖဝါးတွေမှာ တွေ့ ရပါမယ် ။
အင်ပြင်တွေဟာ လက်ညိုးနဲ့ ဖိဆွဲ ကြည့်ရင် ဖြူမသွားပဲ ၊ နီမြဲ နီနေနေပါမယ် ။
meningococcal meningitis ဖြစ်တိုင်း ပေါ်ရမှာ မဟုတ်ပေမယ့် ၊ ပေါ်ရင်
တော့ meningococcal meningitis ဆိုတာ ပိုသေချာပါတယ် ။


viral meningitis မှာ ခြေလက် ပါးစပ် တို့ မှာ အင်ပြင်ထွက်တာ နဲ့ အတူ
မျိုးပွားအင်္ဂ ါမှာ ရေယုံ ( ge***al herpes ) ပါ ထွက်တတ်ပါတယ် ။


ဒါလောက်ဆိုဦးနှောက်မြှေးရောင်ရောဂါ ( Menigitis )အကြောင်း
အကြမ်းဖျင်းတော့ သိနိုင်ပြီထင်ပါတယ် ခင်ဗျား ။


Crd ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း

◽ရင်ညွန့်နေရာက အောင့်ရင် ဒီရောဂါတွေ ဖြစ်နိုင်ပါတယ်✓အစာမကြေခြင်း✓GERD စားချဉ့်ပြန် ရောဂါ ✓အစာအိမ်ကျွံသော ရောဂါ ✓သည်းခြေကျ...
16/03/2025

◽ရင်ညွန့်နေရာက အောင့်ရင် ဒီရောဂါတွေ ဖြစ်နိုင်ပါတယ်

✓အစာမကြေခြင်း

✓GERD စားချဉ့်ပြန် ရောဂါ

✓အစာအိမ်ကျွံသော ရောဂါ

✓သည်းခြေကျောက်တည်ခြင်း

✓အစာအိမ်ရောင်ခြင်း

✓အစာအိမ်ကင်ဆာ

✓အစာအိမ်အနာ

✓မုန့်ချိုအိတ်ရောင်ခြင်း

✓နှလုံးသွေးကြောပိတ်ခြင်း ( တစ်ချို့ လူတွေမှာ ရင်ဘတ်အောင့်တာမဟုတ်ဘဲ ရင်ညွန့်နေရာက အောင့်တတ်ပါတယ် )

16/03/2025
Nurse  တစ်ဦး အလိုရှိပါသည်။(Female)ဆေးခန်းအတွက်ပါ။Salary ( - 8 L )Off - 4 ရက်အဆောင်ပေးသည်။ Full time /part time  လိုအပ်သလ...
13/11/2024

Nurse တစ်ဦး အလိုရှိပါသည်။(Female)
ဆေးခန်းအတွက်ပါ။
Salary ( - 8 L )
Off - 4 ရက်
အဆောင်ပေးသည်။
Full time /part time လိုအပ်သလို လျှောက်ထားနိုင်ပါသည်။
CV form အပြည့်အစုံ
ပို့ပေးပါ။

13/11/2024

Nurse တစ်ဦး အလိုရှိပါသည်။(Female)
ဆေးခန်းအတွက်ပါ။
Salary ( 8 L )
Off - 4 ရက်
အဆောင်ပေးသည်။
Full time /part time လိုအပ်သလို လျှောက်ထားနိုင်ပါသည်။
CV form အပြည့်အစုံ
ပို့ပေးပါ။

 #သားဆက်ခြားသောက်ဆေးများအကြောင်းအမျိုးသမီးတို့အ​နေနဲ့ မလိုအပ်ဘဲ ကိုယ်ဝန်ရလာတာမျိုး​တွေ ဖြစ်မလာ​အောင် သားဆက်ခြားနည်းလမ်းအ...
13/11/2024

#သားဆက်ခြားသောက်ဆေးများအကြောင်း

အမျိုးသမီးတို့အ​နေနဲ့ မလိုအပ်ဘဲ ကိုယ်ဝန်ရလာတာမျိုး​တွေ ဖြစ်မလာ​အောင် သားဆက်ခြားနည်းလမ်းအမျိုးမျိုးထဲမှ ကိုယ်နှစ်သက်ရာနည်းလမ်းတစ်မျိုးကို အသုံးပြုကြရပါတယ်။ သားဆက်ခြားနည်းလမ်း​တွေထဲမှာ ​သောက်​​ဆေး၊ ၃လခံထိုး​ဆေး၊ လက်​မောင်းတွင်းထည့် သားဆက်ခြားပစ္စည်း၊ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်းစသဖြင့် သားဆက်ခြားနည်းအမျိုးမျိုးရှိပါတယ်။

ဒီ​နေ့​ပြောပြသွားမှာက​တော့ သားဆက်ခြား​သောက်​ဆေး​တွေအ​ကြောင်းဘဲဖြစ်ပါတယ်။

•သားဆက်ခြား​သောက်​ဆေး​တွေမှာ
(၁) oestrogen နဲ့ progestin ဆိုတဲ့ ​​ဟော်မုန်း ၂မျိုးလုံးပါဝင်တဲ့ ​သောက်​ဆေး၊
(၂) Progestin တစ်မျိုးသာပါဝင်တဲ့ ​သောက်​ဆေး၊
စသဖြင့် ၂မျိုးရှိပါတယ်။

•များ​သောအားဖြင့် ​ဟော်မုန်း ၂မျိုး​ရောပါဝင်​နေတဲ့ ​သောက်​ဆေးကို အသုံးပြု​လေ့ရှိပြီး သ​န္ဓေတားနိုင်စွမ်း ၉၉% ရှိပါတယ်။ ​၂၁လုံးကဒ်၊ ၂၈လုံးကဒ်စသဖြင့် အမျိုးမျိုးထွက်ရှိ​ပေမယ့် သားဆက်ခြား​ပေးမယ့် အာနိသင်က​တော့ အတူတူဘဲဖြစ်ပါတယ်။ ၂၈ လုံးကဒ်​တွေမှာဆိုရင်လည်း ပထမ ၂၁လုံးသာ ​ဟော်မုန်း​တွေပါဝင်ပြီး သားဆက်ခြားနိုင်စွမ်းရှိတာဖြစ်ပါတယ်။ ကျန် ၇လုံးက​တော့ သံဓါတ်အား​ဆေးသက်သက်သာဖြစ်တာ​​ကြောင့် ပထမ ၂၁လုံး​သောက်ပြီးတဲ့အခါ ရာသီပြန်လာ​စေမှာဖြစ်ပါတယ်။

•Progestin ​ဟော်မုန်းတစ်မျိုးတည်းသာ ပါဝင်တဲ့​ဆေးကို mini pill လိုလည်း​ခေါ်ကြပါတယ်။ ဒီ​ဆေးမျိုးကို​တော့ နို့တိုက်မိခင်​တွေ သောက်သုံး​ပေးရမှာဖြစ်ပါတယ်။ ဒီ​ဆေးက​တော့ သ​န္ဓေတားနိုင်စွမ်း ၉၅%ခန့်ရှိပါတယ်။
​​စျေးကွက်အတွင်း အတွေ့ရများတဲ့ ​ဆေးအမျိုးအစား​တွေက​​တော့ Lydia, Ok pills, Marvelon 28 စတာ​တွေဖြစ်ပါတယ်။ နို့တိုက်မိခင်​တွေက​တော့ progestin တစ်မျိုးသာပါဝင်တဲ့ Exluton လို​ဆေးမျိုးကို ​သောက်သုံးရမှာဖြစ်ပါတယ်။

•သားဆက်ခြား​သောက်​ဆေး​တွေက က​လေးမရ​စေဖို့ ဘယ်လိုအလုပ်လုပ်​ပေးလဲ။

သားဆက်ခြား​ဆေး​တွေမှာ ပါဝင်တဲ့ ​ဟော်မုန်း​တွေက မျိုးဥမ​ကြွေ​​​စေရန် တားဆီး​ပေးပါတယ်။ ဒါ့အပြင် သားအိမ်​ခေါင်းမှာရှိတဲ့ အချွဲ​တွေထူလာ​စေခြင်းဖြင့် သုတ်​ကောင်မ​ဖောက်နိုင်​​အောင်တားဆီး​ပေးခြင်း၊ သားအိမ်နံရံကို မမျိုးဥမကပ်တွယ်နိုင်​​အောင် တားဆီး​ပေးခြင်းဖြင့် က​လေးမရ​​အောင် ကာကွယ်​ပေးပါတယ်။

•သားဆက်ခြား​သောက်​ဆေး​တွေကို သားဆက်ခြားဖို့အပြင် ရာသီမမှန်ခြင်း၊ ရာသီလာစဥ်ကိုက်ခဲနာကျင်ခြင်း စတာ​တွေကို ကုသဖို့အတွက်လည်း အသုံးပြု​လေ့ရှိကြပါတယ်။

•သားဆက်ခြား​သောက်​ဆေး​တွေမှာ ဆိုးကျိုး​တွေ​ရောရှိတတ်လား။

ဖြစ်​တတ်တဲ့ ဆိုးကျိုးအများစုက​တော့ သားဆက်ခြား​ဆေး​တွေမှာပါဝင်တဲ့ oestrogen ​ဟော်မုန်း​ကြောင့်ဘဲဖြစ်ပါတယ်။ ​ခေါင်းကိုက်ခြင်း၊ ​မူး​ဝေခြင်း၊ ပျို့အန်ခြင်း၊ နို့မထွက်ခြင်း၊ ကိုယ်အ​လေးချိန်တက်ခြင်း၊ ​ဖော​ရောင်ခြင်း၊ ဝက်ခြံထွက်ခြင်း၊ ရင်သားနာကျင်ခြင်း စတဲ့ဆိုးကျိုး​တွေကို ခံစားရနိုင်ပါတယ်။ ​သွေးခဲခြင်း၊ ​သွေး​တိုးခြင်း နဲ့​ကျောက်တည်ခြင်း​တွေက​တော့ ပြင်းထန်တဲ့ဆိုးကျိုး​တွေဖြစ်ပြီး အဖြစ်လည်းနည်းတတ်ပါတယ်။

•သားဆက်ခြား​ဆေးကို မ​သောက်သင့်သူ​တွေရှိလား။
ကိုယ်ဝန်​ဆောင်မိခင်​တွေ၊ ရင်သားကင်ဆာရှိသူ​တွေ၊ အသည်း​ရောဂါရှိသူ​တွေနဲ့ ​သွေးခဲ​ရောဂါရှိသူ​တွေ က​တော့ သားဆက်ခြား​သောက်​ဆေး​တွေကို ​ရှောင်ကြဥ်သင့်ပါတယ်။

•သားဆက်ခြား​​နည်းလမ်းတစ်ခုစီမှာ အားသာချက်၊ အားနည်းချက်​တွေ ရှိ​နေတာ​ကြောင့် မိမိ​ရွေးချယ်လိုတဲ့ သားဆက်ခြားနည်းကို ​သေချာသိရှိထားပြီး ဆရာဝန်နဲ့တိုင်ပင်​ဆွေး​နွေးတာက အ​ကောင်းဆုံးဖြစ်ပါတယ်။ အ​ရေးကြီးဆုံးက​တော့ မလိုလားအပ်တဲ့ကိုယ်ဝန်ရလာတာမျိုးမဖြစ်​အောင် အမျိုးသမီးတိုင်း သားဆက်ခြားအသိပညာများကို ​လေ့လာသိရှိထားရမှာဖြစ်ပါတယ်။

 #အညော်မိရင်_အနာရင်းတတ်တယ်_ဆိုတာဟုတ်လား #ခွဲစိတ်ပြီးစလူနာ_အညော်မခံရဘူးဆို            မီးဖိုချောင်က ထွက်တဲ့အငွေ့တွေက အန္တ...
13/11/2024

#အညော်မိရင်_အနာရင်းတတ်တယ်_ဆိုတာဟုတ်လား
#ခွဲစိတ်ပြီးစလူနာ_အညော်မခံရဘူးဆို



မီးဖိုချောင်က ထွက်တဲ့အငွေ့တွေက အန္တရာယ်ရှိ မရှိ မသိရင်တောင် အနံ့က တော်တော်ဆိုးပါတယ်။
အစားဆိုတာက စားလို့သာကောင်းတာ #စားလို့ကောင်းတယ်လို့_ဖြစ်လာရအောင် ပြင်ဆင်ချက်ပြုတ်ရတဲ့ အိမ်ထောင်ရှင်မတွေ (အိမ်ထောင်ရှင်ထီးတွေ/စားဖိုမှူးတွေ) အတွက်က အပင်ပန်းခံရသလို ရေရှည်မှာ ကျန်းမာရေးဆိုင်ရာဆိုးကျိုး တွေ ရှိလာနိုင်ပါတယ်။

Cooking Fumes (ဟင်းချက်ရာကထွက်တဲ့ အငွေ့) ပဲခေါ်ခေါ်
Kitchen Fumes (မီးဖိုချောင်ကထွက်တဲ့ အငွေ့) ပဲခေါ်ခေါ်
ညော်နံ့ပါပဲ (မွှေးတာလည်း ရှိတာပေါ့လေ 😁)

#အဲ့ဒီအငွေ့တွေထဲဘာတွေပါတုန်း ❓

- nitrogen dioxide,
- carbon monoxide,
- carbon dioxide,
- volatile organic compounds,
- carcinogens and others

ပြောရရင် အပူရှိန်ပြင်းပြင်း နဲ့ အသားကင်ရာက ထွက်လာတဲ့ အငွေ့ထဲမှာ polycyclic aromatic hydrocarbons (PAHs) ဆိုတဲ့ ကင်ဆာဖြစ်စေ နိုင်တဲ့ အငွေ့ပါဝင်ပါတယ်။

ဆိုးလား ဆိုတော့ ဆိုးတာပေါ့

ဒါပေမယ့် အဲ့အငွေ့တွေရှူမိတိုင်း ကင်ဆာဖြစ်ရောလား ဆိုတော့ 🚨 မဟုတ်ပါဘူး 🚨

ကျွန်တော်တို့ စားသောက်တဲ့အစာ၊ သောက်သုံးတဲ့ရေ၊ ရှူသွင်းတဲ့လေ တွေထဲမှာ ခန္ဓာကိုယ်ကြီးကို အန္တရာယ်ဖြစ်စေနိုင်တဲ့
- ဓာတုပစ္စည်းတွေ
- ပိုးမွှားတွေ
- ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်

ကျွန်တော်တို့ ခန္ဓာကိုယ်ကြီး ရဲ့ချစ်ဖို့ကောင်းတဲ့အချက်က အဲ့ဒီဓာတ်ပစ္စည်းတွေကို အန္တရာယ်မပေးနိုင်တဲ့ ပစ္စည်းတွေ အဖြစ်ပြောင်းလဲပေးပြီး စွန့်ထုတ်ပစ်ပါတယ်။

အရာရာမှာ အတိုင်းအဆ ရှိတယ် ဆိုတဲ့အတိုင်းပေါ့
- အကင်တွေစားရင်
- ဆိုးဆေးတွေ တာရှည်ခံအောင်ထည့်တဲ့ ဓာတုပစ္စည်းတွေ
- ဓာတ်မြေဩဇာတွေ
- ပိုးသတ်ဆေး ပေါင်းသတ်ဆေးတွေ တရားလွန်များတဲ့ ကင်ဆာဖြစ်စေ အစားအသောက်တွေ တရားလွန်စားပြီး ခန္ဓာကိုယ်က ရှင်းပေးနိုင်တဲ့ ပမာဏထက် ပိုများလာတဲ့အခါ မှာတော့

👉 #ကင်ဆာ_ဖြစ်ကြပြီပေါ့

အဲ့လိုပါပဲ

နေ့စဉ်နေ့တိုင်း ဟင်းချက်နေရပြီး ညော်နံ့တွေ ရှူနေရတဲ့အခါ (ဆယ်စုနှစ်နဲ့ချီကြာလာတဲ့အခါ)

- အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကတော့ ကျိန်းသေဖြစ်ပါတယ်

* အဆုတ်ပွ အဆုတ်ရောင်
* ပန်းနာရင်ကြပ်
* ထိပ်ခပ်နာ
* အဆုတ်ကင်ဆာ ထိတောင်ဖြစ်နိုင်ပါတယ်။

မဖြစ်ရအောင် ဘယ်လိုလုပ်ကြမလဲ ❓

အဲ့လို မကောင်းတဲ့ အငွေ့တွေနဲ့ Exposure (ထိတွေ့မှု) နည်းနိုင်သမျှနည်းရအောင်လုပ်ကြရမှာပါ

👉 ငွေကြေးတတ်နိုင်ရင်တော့ မီးဖိုအပေါ်မှာ အငွေ့စုပ်တဲ့ ပန်ကာ နဲ့ ခေါင်းတိုင်တွေ တပ်ကြပေါ့
လူတိုင်းလုပ်နိုင်တာကတော့
👉 မီးဖိုခန်းကို လေဝင်လေထွက် ကောင်းအောင် တံခါးတွေ အကုန်ဖွင့်ထားရပါမယ်

(အိမ်က အမေကလေ ဆေးလိပ်လည်း မသောက်ပဲ အဆုတ်ကင်ဆာဖြစ်သွားတယ် ဆိုတာ အကြောင်းရင်းတွေ အများကြီးထဲက လေဝင်လေထွက်မကောင်း တဲ့ မီးဖိုခန်းထဲမှာ အနှစ် ၃-၄ ဆယ်လောက် ထမင်းဟင်း ချက်နေရတာလည်း အချက်တစ်ချက်ပါပဲ)

_________
လူပြောများတဲ့ *အနာရှိရင်_ညှော်မခံ နဲ့ #အနာရင်းတတ်တယ် ဆိုတာကို ရှင်းရရင်။

အနာရှိရက် နဲ့ မီးဖိုခန်းဝင်ပြီး ချက်ပြုတ်နေရရင်တော့

1. အငွေ့တွေရှူသွင်းနေရတဲ့ အတွက် သွေးတွင်း Oxygen ပမာဏ နည်းလာနိုင်တဲ့ အတွက် အနာကျက်နှေးပါတယ်
2. ကောင်းကောင်းအနားမယူပဲ လှုပ်ရှားနေတဲ့အတွက် အနာကျက်နှေးပါတယ်
3. အပူတွေ နဲ့ အလုပ်လုပ်ရတဲ့ အတွက် ခန္ဓာကိုယ်က ထွက်တဲ့ ချွေးတွေ နဲ့ မီးခိုးတွေ ဖုန်တွေ အမှုန်တွေ ရောပြီး ချေး(ဂျေး) တွေ ဖြစ်လာရာက အနာကို ပိုး ဝင်ပြီး အနာရင်း လာနိုင်ပါတယ်။
4. အလုပ်တွေလုပ် ပင်ပန်းပြီး အစာကျတော့ ကောင်းကောင်းမဝင်တဲ့အခါ အာဟာရချို့တဲ့ပြီး အနာကျက်နှေးပါတယ်

အဲ့ဒီအချက်တွေကြောင့် #အနာရင်းလာနိုင်သလို #အနာကျက်_နှေးရတာပါ။
_________
- အိမ်ဦးခန်းမှာ ငုတ်တုတ်ထိုင်ရင်း ညော်နံ့လေးခဏ ရှူမိရုံနဲ့ အနာကြီးရင်း မသွားပါဘူး။
- ဘေးအိမ်က ညှော် လုပ်တာကို ရှူမိရုံ နဲ့ အနာကြီးရင်း မသွားပါဘူး။
- လမ်းလျှောက်ထွက်ရင်း ညှော်နံ့ ရှူမိရုံ နဲ့ အနာကြီးရင်း မသွားပါဘူး။
________
" ရှေးထုံးလည်း မပယ်နဲ့" ဆိုတဲ့ စကားရှိတဲ့အတွက် အနာရှိတယ် ဆိုရင် ညှော်ကတော့ ရှောင်ရပါမယ်။

ရှောင်တယ် ဆိုတဲ့ နေရာမှာ ညှော်နံ့လေး ခဏလောက်ရလိုက်တာကို
- တအိမ်လုံးပတ်ရန်ရှာ နေဖို့ မလိုကြောင်း
- ဘေးအိမ်ကို ရန်သွားတွေ့ ရန်မလိုကြောင်း ရှင်းပြတာပါ

ယောက္ခမကြီး အနာရှိလို့ ညှော်နဲ့တိုက်သတ်မယ် ဆိုပြီး ငရုတ်သီးတွေ လှော်နေရင် ယောက္ခမကြီးကတော့ အနံ့ရှူရုံနဲ့က နှာချေရုံက လွဲပြီးတခြားမဖြစ်ပဲ အနီးကပ်ရှူရတဲ့ကိုယ်ပဲ အသက်ရှူလမ်းကြောင်း ပြဿနာတွေ ကြုံရနိုင်လို့ အချီးနှီးပါနော် 😬😬😬
__________
နိဂုံးချုပ်ရရင်

- မီးဖိုချောင်ကထွက်တဲ့ အငွေ့တွေက ရေရှည်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်
- အဲ့လို မဖြစ်ရအောင် မီးဖိုခန်းကို လေဝင်လေထွက်ကောင်းအောင် စီမံရပါမယ်
- ညှော်နံ့ရှူရုံ နဲ့ အနာမရင်းကြောင်း အကျိုးသင့်အကြောင်းသင့် သိကြမယ်ထင်ပါတယ်

ရှေးလူကြီးများက အနာရောဂါရှိလျှင် မြန်မြန်သက်သာရအောင် မီးဖိုခန်းမဝင်စေလိုလို့ "အနာရှိရင် ညှော်ရှောင်ရမယ်" လို့ ပြောကြားခဲ့ပုံရပါတယ်။

(Photo credit; Dreamstime )
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်
10:20 am/23.04.2022

29/05/2024

#လူရသွားပါပြီ
#‌ပဲခူးမြို့ #ဆေးခန်းအလုပ်ဝင်ရန်
#တိုက်ရိုက်
Nurse aid 2 ဦး
#အမြန်ခန့်ထားရန်
လစာ 250000
ကြိုးစားရင် မြန်မြန်တိုးမည်

CV form ကို
09 40 20 87 100သို့တင်ပေးပါ။
1 .6.2024ရက်နေ့ အလုပ်စဝင်ရမည်။

Nurse aid တစ်ဦး အလိုရှိသည်ပဲခူးမြို့ ဆေးခန်း အလုပ်ချက်ချင်းဝင်ရမည်။ ဆိုင်ကယ်စီး ကျွမ်းကျင်သူ၊အဆောင်နေနိုင်သူ ဦးစားပေးမည်...
22/02/2024

Nurse aid တစ်ဦး အလိုရှိသည်
ပဲခူးမြို့ ဆေးခန်း
အလုပ်ချက်ချင်းဝင်ရမည်။ ဆိုင်ကယ်စီး ကျွမ်းကျင်သူ၊အဆောင်နေနိုင်သူ ဦးစားပေးမည်။
လစာ( 2 သိန်း- 2သိန်းခွဲ )09 44 259 4002

Address

Bago

Website

Alerts

Be the first to know and let us send you an email when Aung Yadanar Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Yadanar Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category