ပွင့်သစ် ဆေးဆိုင်

ပွင့်သစ် ဆေးဆိုင် အာရောဂျံ ပရမံ လာဘံ Food Delivery

လူအများသိလိုသည့် ဆေးဝါးတို့အကြောင်း(၁) နှာမွှန်၊ ဓာတ်မတည့်ပျောက်ဆေး စီထရီဇင်း (Cetirizine)---၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသ...
06/02/2025

လူအများသိလိုသည့် ဆေးဝါးတို့အကြောင်း
(၁) နှာမွှန်၊ ဓာတ်မတည့်ပျောက်ဆေး စီထရီဇင်း (Cetirizine)
---၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)၊---

ကျွန်မက Healthy Lifeဂျာနယ်ရဲ့ အယ်ဒီတာချုပ်ဖြစ်ပြီး ဆေးဝါးတက္ကသိုလ်က ဘွဲ့ရထားသူပါ။ ကျွန်မတို့ မီဒီယာကို လာသမျှ မေးခွန်းတွေထဲမှာ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ သိလိုတာတွေအပြင် ဆေးဝါးတွေအကြောင်းကလည်း နေ့စဉ်လိုလို ပါဝင်နေပါတယ်။ ဒါကြောင့် ဆေးဝါးပညာရှင် (Pharmacist) တစ်ဦးဖြစ်တဲ့ ကျွန်မအနေနဲ့ လူအများသိလိုတဲ့ ဆေးဝါးတွေအကြောင်းကို ရေးသားဖော်ပြပေးသွားပါမယ်။
ပထမဆုံးအနေနဲ့ ကျွန်မကိုယ်တိုင် ဆောင်ထားရတဲ့ နှာချေ၊ နှာစေး၊ မျက်စိယား၊ ဓာတ်မတည့်မှု ပျောက်စေတဲ့ စီထရီဇင်းဆေး (Cetirizine)အကြောင်း ပြောပြပေးချင်ပါတယ်။

-------------------------------------------
ဆေးအကြောင်း၊ ဆေး၏ အသုံးဝင်ပုံ
--------------------------------------------
စီထရီဇင်းဆေး (Cetirizine)က မျက်ရည်ကျခြင်း၊ နှာရည်ကျခြင်း၊ မျက်စိ/နှာခေါင်းယားခြင်း၊ နှာချေခြင်း၊ အရေပြားယားယံခြင်း၊ အင်းဆက်ပိုးမွှား ကိုက်လို့ ယားယံခြင်းစတဲ့ ဓာတ်မတည့်မှုဝေဒနာ လက္ခဏာတွေ သက်သာစေဖို့ အသုံးပြုတဲ့ ဆေးပါ။ ဓာတ်မတည့်မှုတုံ့ပြန်ချိန်အတွင်း လူ့ခန္ဓာကိုယ်က ထုတ်တဲ့ သဘာဝဟစ္စတမင်းဓာတ်တွေကို ပိတ်ဆို့ပေးပါတယ်။ အင်တီဟစ္စတမင်းဆေးအုပ်စုထဲမှာ ဒုတိယမျိုးဆက်ဖြစ်ပါတယ်။

-----------------------
ဘေးထွက်ဆိုးကျိုး
-----------------------
ဘေးထွက်ဆိုးကျိုးအနေနဲ့ အသေးအမွှားပဲ ရှိပါတယ်။ အများအားဖြင့် အိပ်ငိုက်တယ်၊ အာခြောက်တယ်၊ နည်းနည်းလေး မောတယ် ဒီလောက်ပဲ ဖြစ်တတ်တယ်။ ဒါပေမဲ့ ကလေးတွေမှာတော့ မအီမသာဖြစ်တာနဲ့ ဗိုက်နာတာလေးတွေလည်း ဖြစ်တတ်ပါတယ်။

------------------------------------------
ဘယ်လောက်ပမာဏ မှီဝဲနိုင်သလဲ
-------------------------------------------
တခြားဆေးတွေလိုပဲ စီထရီဇင်းဆေး (Cetirizine) ကို အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ ပေါ် မူတည်ပြီး သောက်ရမှာဖြစ်ပါတယ်။
အသက် ၆လမှ ၅ နှစ်အရွယ်-၂ဒသမ၅ မီလီဂရမ် တစ်နေ့တစ်ကြိမ် (ဒါမှမဟုတ် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း)
အသက် ၆ နှစ်အထက်-၅-၁၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် (ဒါမှမဟုတ် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း)

---------------------------------------------
ဆေးကို ဘယ်မှာ သိမ်းထားသင့်သလဲ
----------------------------------------------
တခြားဆေးတွေလိုပါပဲ . .စိုစွတ်ပြီး နေရောင်ခြည်ကျရောက်တဲ့နေရာမှာ မထားရပါဘူး။ ကလေးငယ်လေးတွေ လက်လှမ်းမမှီတဲ့နေရာမှာ ထားရပါမယ်။ ပုံမှန်အခန်းအပူချိန်မှာပဲ သိမ်းထားပေးရင်ရပါတယ်။

----------------------------
ဘာတွေ သတိပြုရမလဲ
----------------------------
စီထရီဇင်းဆေးက အိပ်ငိုက်တဲ့ ဘေးထွက်ဆိုးကျိုးရှိတဲ့အတွက် ဆေးသောက်ပြီးရင် ကားမမောင်း သင့်ပါဘူး၊ စက်ပစ္စည်းတွေကိုင်ပြီး လုပ်ရတဲ့ အလုပ်တွေ မလုပ်သင့်ပါဘူး၊ အရက်မသောက်သင့်ပါဘူး။ ပိုကောင်းတာက ဆေးကို ညဘက်သောက်တာ ပိုကောင်းပါတယ်။
ဆေးကို ၃ရက်လောက် သောက်ပြီးတာတောင် ဓာတ်မတည့်တဲ့ ဝေဒနာလက္ခဏာတွေက သက်သာမလာဘူးဆိုရင်၊ ဓာတ်မတည့်တဲ့ ဝေဒနာလက္ခဏာတွေက ပိုဆိုးလာတယ်ဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။
နောက်ဆုံး သတိပေးချင်တာကတော့ ဓာတ်မတည့်မှုမကြာခဏ ဖြစ်တတ်သူတွေအနေနဲ့ ဓာတ်မတည့်မှုဖြစ်စေတဲ့အကြောင်းရင်းကို ရှာဖွေပြီး ရှောင်နိုင်မှ ပျောက်မှာပါ။ ဒီဆေးတွေက ဖြစ်တုန်းမှာသက်သာစေရုံပဲ ရှိပါတယ်။
စီထရီဇင်းဆေး (Cetirizine) နဲ့ ပတ်သက်ပြီး ထပ်မံသိလိုတာရှိရင် မေးခွန်းတွေ မေးလို့ရပါတယ်။ နောက်ပိုင်းမှာလည်း ဒီလိုဆေးဝါးအကြောင်းတွေကို အလျှင်းသင့်သလို မျှဝေပေးသွားမှာဖြစ်လို့ ကိုယ်သိချင်တဲ့ဆေးဝါး ရှိရင်လည်း မေးထားလို့ရပါတယ်။


#အမရပူရ
#ရတနာပုံတက္ကသိုလ်

ကုန်ခမ်းသွားတဲ့ အားအင်တွေ၊ ကိုယ်ခံအားလျော့ကျနေတာတွေ ကို Enervon-C  နဲ့ ပြန်လည်အားဖြည့်ဖို့ အချိန်ရောက်ပါပြီ။  နေ့စဉ်ဘဝမှ...
31/01/2025

ကုန်ခမ်းသွားတဲ့ အားအင်တွေ၊ ကိုယ်ခံအားလျော့ကျနေတာတွေ ကို Enervon-C နဲ့ ပြန်လည်အားဖြည့်ဖို့ အချိန်ရောက်ပါပြီ။ နေ့စဉ်ဘဝမှာ မရှိမဖြစ် အဖော်မွန်ဖြစ်တဲ့ Enervon -C က အကောင်းဆုံးနေ့ရက်များ အတွက် အမြဲကူညီဖေးမ ပေးမှာပါ။ 💪✨

✨ခွန်အားအပြည့်နဲ့ နေ့ရက်တိုင်းအတွက် ကျန်းမာခြင်းအဖော်မွန် အင်နာဗွန်စီ✨

#ရတနာပုံတက္ကသိုလ်
#အမရပူရ
#တောင်သမံအင်း
#ဦးပိန်

အဖျားပိုးတွေကတော့ ခန္ဓာကိုယ်ထဲဝင်ရောက်ဖို့ကို အချိန်တိုင်းချောင်းမြောင်းနေမှာပဲနော်။🧐🥶ပူလွန်းတဲ့နွေရာသီလား၊ စိုစွတ်တဲ့မိ...
04/12/2023

အဖျားပိုးတွေကတော့ ခန္ဓာကိုယ်ထဲဝင်ရောက်ဖို့ကို အချိန်တိုင်းချောင်းမြောင်းနေမှာပဲနော်။🧐🥶

ပူလွန်းတဲ့နွေရာသီလား၊ စိုစွတ်တဲ့မိုးရာသီလား၊ အေးမြတဲ့ဆောင်းရာသီလား အကြောင်းပြချက်မျိုးစုံနဲ့ဝင်ရောက်လာတဲ့ အဖျားတွေကို ဘယ်လိုပြန်လည်တွန်းလှန်နိုင်မလဲဆိုတာကတော့ စိန်ခေါ်မှုတစ်ခုပါ။💪

ရာသီမရွေး ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ဖျားနာမှုပေါင်းစုံကို အကောင်းဆုံးပြန်တိုက်ထုတ်နိုင်ဖို့ ကိုယ်ခံစွမ်းအားအကောင်းဆုံး မြှင့်တင်ပေးဖို့ Vitamin Cကိုသောက်သုံးပေးခြင်းပေါ့။✨

နွေ၊ မိုး၊ ဆောင်း သံသရာ ကိုကျော်ဖြတ်နိုင်ဖို့ အကောင်းဆုံးရွေးချယ်မှု 🌞⛈️❄️

အအေးမိတုပ်ကွေး ဂရုစိုက်ပါနော်....ရာသီဥတုကအရမ်းအေးနေပီ။အအေးမိ နှာစေး ကွေးချင်နေရင်ဒီဆေးလေးတွေဆောင်ထားပါ။ပွင့်သစ်ဆေးဆိုင်န...
04/12/2023

အအေးမိတုပ်ကွေး ဂရုစိုက်ပါနော်....

ရာသီဥတုကအရမ်းအေးနေပီ။

အအေးမိ နှာစေး ကွေးချင်နေရင်
ဒီဆေးလေးတွေဆောင်ထားပါ။

ပွင့်သစ်ဆေးဆိုင်နှင့်ဆေးခန်း
၂မိုင် လီဆူးဘုရားကျောင်း/ခေတ် လက်ဖက်ရည်ဆိုင် မျက်စောင်းထိုး

Address

2Mile Banmaw-Momoke Street
Banmaw

Opening Hours

Monday 06:00 - 23:30
Tuesday 06:00 - 23:30
Wednesday 06:00 - 23:30
Thursday 06:00 - 23:30
Friday 06:00 - 23:30
Saturday 06:00 - 23:30
Sunday 06:00 - 23:30

Telephone

+959422306699

Website

Alerts

Be the first to know and let us send you an email when ပွင့်သစ် ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram