Nightingale Laboratory

Nightingale Laboratory Our Primary service is to obtain information about the health of a patient as pertaining to the diag

22/09/2025

မွေးကင်းစကလေးငယ်တွေရဲ့ ခြေဖနောင့်ကနေ သွေးဖောက်ပြီး စစ်ဆေးတဲ့ ရောဂါရှာဖွေမှုဟာ အဓိကအားဖြင့် ဆီရမ် ဘီလီရူဘင် (Serum Bilirubin - SB) နဲ့ Packed Cell Volume (PCV) လို့ခေါ်တဲ့ သွေးနီဥပမာဏကို စစ်ဆေးတာများပါတယ်။ ဒီစစ်ဆေးမှုတွေကနေ ရလာတဲ့ အဖြေတွေရဲ့ ဘယ်လိုအခြေအနေက ကောင်းတယ်ဆိုတာကို အောက်မှာ ရှင်းပြပေးထားပါတယ်။

SB (Serum Bilirubin)
SB (Total Serum Bilirubin) ကတော့ ကလေးမှာ အသားဝါဖြစ်နေလား၊ ဘယ်လောက်အဆင့်ရောက်နေပြီလဲဆိုတာကို သိရှိနိုင်ဖို့ စစ်တာပါ။

• ကောင်းတဲ့အဖြေ (Normal Result): ကလေးရဲ့ အသက်နဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး ဘီလီရူဘင်ပမာဏက သတ်မှတ်ထားတဲ့ ပုံမှန်အဆင့် (Normal Range) အတွင်း ရှိနေရင် ကောင်းပါတယ်။ ပုံမှန်အားဖြင့် မွေးပြီး ၃ ရက်ကနေ ၅ ရက်အတွင်းမှာ ဘီလီရူဘင်ပမာဏဟာ အမြင့်ဆုံးဖြစ်ပြီး ပြန်ကျသွားတတ်ပါတယ်။ ကျန်းမာတဲ့ကလေးငယ်တွေမှာတော့ 12 mg/dL ထက်မပိုတာဟာ ပုံမှန်လို့ သတ်မှတ်ပါတယ်။

• မကောင်းတဲ့အဖြေ (Abnormal Result): ဘီလီရူဘင်ပမာဏဟာ သတ်မှတ်ထားတဲ့ အဆင့်ထက် ကျော်လွန်နေမယ်ဆိုရင် ဒါဟာ Hyperbilirubinemia လို့ခေါ်တဲ့ အခြေအနေဖြစ်ပြီး ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ အသားဝါကို အချိန်မီ မကုသရင် ဦးနှောက်ကို ထိခိုက်နိုင်တဲ့ Kernicterus လိုမျိုး နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် ဆေးရုံက သတ်မှတ်ထားတဲ့ အဆင့်ထက် ကျော်လွန်နေရင် (Phototherapy) ဒါမှမဟုတ် လိုအပ်ရင် သွေးလဲလှယ်ကုသခြင်း (Exchange Transfusion) တွေ လုပ်ဖို့ လိုအပ်နိုင်ပါတယ်။

PCV (Packed Cell Volume)
PCV ကတော့ ကလေးသွေးထဲမှာ သွေးနီဥပမာဏ ဘယ်လောက်ပါဝင်လဲဆိုတာကို ရာခိုင်နှုန်းနဲ့ ဖော်ပြပေးတာဖြစ်ပါတယ်။

• ကောင်းတဲ့အဖြေ (Normal Result): မွေးကင်းစကလေးတွေအတွက် PCV ပုံမှန်အဆင့်က လူကြီးတွေထက်ပိုမြင့်ပါတယ်။ 42% ကနေ 65% လောက်အထိ ရှိနေရင် ကောင်းပါတယ်။ ကလေးငယ်တွေဟာ သားအိမ်ထဲမှာ အောက်ဆီဂျင်လိုအပ်ချက်ပိုများတာကြောင့် သွေးနီဥပမာဏ ပိုများနေတာဖြစ်ပါတယ်။

• မကောင်းတဲ့အဖြေ (Abnormal Result):
• PCV ပမာဏ မြင့်နေခြင်း (> 65%): ဒါကို Polycythemia လို့ခေါ်ပါတယ်။ သွေးထဲမှာ သွေးနီဥတွေ အရမ်းများပြီး သွေးရည်ကြည်နဲ့ သွေးနီဥအချိုး မမျှတတာကြောင့် သွေးတွေ ပိုပျစ်လာပြီး ခန္ဓာကိုယ်ထဲမှာ သွေးစီးဆင်းမှု နှေးကွေးစေနိုင်ပါတယ်။ လိုအပ်ရင် ဆေးရုံမှာ ဆေးသွင်းကုသမှု (Partial Exchange Transfusion) ပြုလုပ်ပေးနိုင်ပါတယ်။
• PCV ပမာဏ နိမ့်နေခြင်း (< 42%): ဒါကိုတော့ Anemia (သွေးအားနည်းရောဂါ) လို့ခေါ်ပါတယ်။ ကလေးသွေးအားနည်းနေတဲ့အခါ ဖြူဖျော့ဖျော့ဖြစ်နေတာ၊ နုံးတာ စတဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရသော်...
ဒီစစ်ဆေးမှုနှစ်ခုစလုံးဟာ ကလေးရဲ့ကျန်းမာရေးကို အချိန်မီ သိရှိနိုင်ပြီး လိုအပ်တဲ့ကုသမှုတွေ ပေးနိုင်ဖို့အတွက် အရေးကြီးပါတယ်။ ဘီလီရူဘင်နဲ့ PCV ပမာဏဟာ သတ်မှတ်ထားတဲ့ ပုံမှန်အဆင့်အတွင်း ရှိနေမယ်ဆိုရင် ကောင်းပါတယ်။ တကယ်လို့ ပုံမှန်အဆင့်ထက် များနေတာ ဒါမှမဟုတ် နည်းနေတာမျိုး ဖြစ်နေရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့ စောင့်ကြည့်ကုသမှုတွေ ပြုလုပ်ဖို့ အရေးကြီးပါတယ်။

⚠️ ဤစာစုသည် သင့်ရဲ့ဆရာဝန်ညွှန်ကြားချက်များကို အစားထိုးရန်မဟုတ်ပါ။ ကျန်းမာရေးဗဟုသုတမျှဝေခြင်းသာ ဖြစ်ပါသည်။
အားလုံးပဲကျန်းမာချမ်းသာကြပါစေ🙏



01/08/2025
28/11/2024

Human Heart လူ့နှလုံး

1. Right Coronary ညာ (ကိုရိုနရီ)
2. Left Anterior Descending ဘယ် ရှေ့-အဆင်း
3. Left Circumflex ဘယ် ပတ်လည်
4. Superior Vena Cava (ဆူပီးရီးယား-ဗီနာကေဗာ)
5. Inferior Vena Cava (အင်ဖီးရီးယား-ဗီနာကေဗာ)
6. Aorta (အေရိုတာ)
7. Pulmonary Artery (ပါလ်မိုနရီ-အာထရီ)
8. Pulmonary Vein (ပါလ်မိုနရီ-ဗိန်း)
9. Right Atrium ညာ (အေထရီယမ်)
10. Right Ventricle ညာ (ဗင်ထရီကယ်လ်)
11. Left Atrium ဘယ် (အေထရီယမ်)
12. Left Ventricle ညယ် (ဗင်ထရီကယ်လ်)
13. Papillary Muscles (ပက်ပလရီ) ကြွက်သား
14. Chordae Tendineae (ခေါ်ဒေး-တင်ဒီနေး)
15. Tricuspid Valve (ထရိုင်ကပ်စ်ပစ်-ဗာ့လ်ဖ်)
16. Mitral Valve (မိုင်ထရယ်-ဗာ့လ်ဖ်)
17. Pulmonary Valve (ပါလ်မိုနရီ-ဗာ့လ်ဖ်)

လူ့ Heart နှလုံးဟာ အခေါင်းပါ-အခန်းပါ-ကြွက်သားနဲ့လုပ်တဲ့အင်္ဂါ ဖြစ်တယ်။ အဖျားရှူးလို့ Cone-shaped ခေါ်တယ်။ ရှေ့မှာ Sternum ရင်ညွန့်ရိုးနောက်မှာ Thoracic vertebral column ရင်ခေါင်းပိုင်းကျောရိုး ရှိတယ်။ ရှေကကြည့်ရင် နှလုံးရဲ့ ၃ ပုံ ၂ ပုံ က ဘယ်ဘက်ခြမ်းမှာ ရှိတယ်။ နှလုံးထိပ်ချွန်တဲ့နေရာကို Apex (အေးပက်စ်) ခေါ်တယ်။ နှလုံးဟာ Pump (ပန့်မ်) စုတ်ထုတ်စက်သဘောဖြစ်တယ်။ အမှန်က စုတ်ထုတ်စက် နှစ်ခုတွဲထားသလို ဖြစ်ပါတယ်။

ယောက်ျားလူကြီးလက်သီးဆုပ် အရွယ်ရှိတယ်။ ၅ x ၃့၅ x ၂့၅ လက္မ။ အမျိုးသမီး နှလုံးက ၉ အောင်စ (၂၅ဝ ဂရမ်)၊ အမျိုးသားတွေမှာ ၁ဝ့၅ အောင်စ (၃၅ဝ ဂရမ်) လေးပါတယ်။ အလွှာ ၃ ထပ်ရှိတယ်။ အတွင်းဆုံး ထပ်ကို Endocardium (အင်ဒိုကားဒီးယမ်)၊ အလယ်ထပ်ကို Myocardium (မိုင်ယိုကားဒီယမ်) နဲ့ အပြင်ဆုံးက အဖုံးကို Pericardium (ပယ်ရီကားဒီယမ်) ခေါ်တယ်။ အဖုံးက နှစ်လွှာပါအိတ်လိုရှိလို့ Pericardial sac (ပယ်ဒီကာဒီရယ်-ဆက်) ခေါ်တယ်။ အိတ်ထဲမှာ အရည်နည်းနည်းရှိနေတယ်။

Chambers of the Heart အခမ်း ၄ ခန်းရှိတယ်။
1. Right atrium (RA) ညာ အထက်ခန်း၊ (ရိုက်-အေထရီယမ်)၊
2. Right ventricle (RV) ညာ အောက်ခန်း၊ (ရိုက်-ဗင်ထရီကယ်လ်)၊
3. Left atrium (LA) ဘယ် အပေါ်ခန်း၊ (လက်ဖ်-အေထရီယမ်)၊
4. Left ventricle (LV) ဘယ် အောက်ခန်း၊ (လက်ဖ်-ဗင်ထရီကယ်လ်)၊

Valves of the Heart အဆို့ရှင် ၄ ခုရှိတယ်။
နှလုံးရဲ့ အခန်းတိုင်းမှာ One-way valve တဖက်သွား အဆို့ရှင်တွေ ရှိတယ်။ သွေးတွေကို သွားစေချင်တဲ့ ဘက်ကိုသာ သွားစေဘို့ ဖြစ်တယ်။ နှလုံးကြွက်သားတွေကို Contract ညှစ်လိုက်ရင် အဆို့ရှင်တွေ ပွင့်လာတယ်။ ပြီးရင် ပြန်ပိတ်တယ်။
1. ညာ-အထက်ခန်းမှာ ရှိတာက Tricuspid valve (ထရွိုင်ကပ်စ်ပစ်-ဗာ့လ်ဖ်)၊ Three-flapped, Three cusps အဖက် ၃ ခု ပါတယ်။
2. ညာ-အောက်ခန်းမှာ ရှိတာက Pulmonary valve (ပါလ်မိုနရီ-ဗာ့လ်ဖ်)၊ Crescent-shaped cusps လခြမ်းပုံ ၃ ခုစီ ပါကြတယ်။ Semilunar valves လို့လဲ ခေါ်တယ်။
3. ဘယ်-အပေါ်ခန်းမှာ ရှိတာက Mitral valve (မိုင်ထရွယ်-ဗာ့လ်ဖ်)၊ Mitral valve မှာ Flaps အဖတ် နှစ်ဖတ် ပါလို့ Bicuspid valve လို့လဲခေါ်တယ်။
4. ဘယ်-အောက်ခန်းမှာ ရှိတာက Aortic valve (အေယိုးတစ်-ဗာ့လ်ဖ်) ခေါ်တယ်။ Flaps အဖတ် နှစ်ဖတ် ပါလို့ Bicuspid valve လို့လဲ ခေါ်တယ်။

Mitral valve (မိုင်ထရယ်-ဗာ့လ်ဖ်) ဆိုတာ ခရစ်ယာန် (ဘစ်ရှော့) ဆောင်းရတဲ့ ဦးထုပ်တမျိုးကို Bishop's mitre ကနေလာတဲ့ အသုံးအနှုံးဖြစ်တယ်။ လေးဘက်နာခေါ်တဲ့ Rheumatic fever (ရူမက်တစ်) အဖျားကနေ ဆက်ဖြစ်တတ်တဲ့ Rheumatic heart disease (ရူမက်စတစ်) နှလုံးရောဂါ ဖြစ်ရင် Mitral stenosis (မိုက်ထရယ်-စတီနိုးဆစ်) အဆို့ရှင်-ကျဉ်းတာ ဖြစ်တယ်။ တချို့ မွေးရာပါလဲ ဖြစ်တယ်။ Mitral regurgitation (မိုင်ထရယ်-ရီဂါဂျီတေးရှုင်း) အဆို့ရှင် ကျယ်-မလုံတာက အမျိုးသမီး အသက်ကြီးသူတွေမှာ ပိုများတယ်။ နှလုံးသွေးလာနည်းလို့ ဖြစ်တဲ့ Ischemic heart disease နှလုံးရောဂါကနေလဲ ဆက်ဖြစ်တတ်တယ်။ Left ventricle ဘယ် အောက်ခန်း ကြီးသူတွေမှာလဲ နောက်ဆက်တွဲ ဖြစ်တတ်တယ်။ Rheumatic fever ကနေလဲ ဖြစ်သေးတယ်။

Blood Flow သွေးလှည့်ပတ်ပုံ
• တကိုယ်လုံးက သွေးအဟောင်းတွေဟာ ကိုယ်အထက်ပိုင်းက Superior vena cava (SVC) (ဆူပီးရီးယား-ဗီနာကေဗာ) သွေးပြန်ကြောကြီးနဲ့ အောက်ပိုင်းကဆိုရင် Inferior vena cava (IVC) (အင်ဖီးရီးယား-ဗီနာကေဗာ) သွေးပြန်ကြောကြီးကနေ နှလုံးဆီကို ဝင်လာကြတယ်။ ညာဘက် (အေထွီယမ်) က လက်ခံတယ်။
• ပြီးတော့ (ထွိုင်ကပ်စပစ်-ဘာ့လ်ဖ်) ကို ဖြတ်လို့၊ အောက်ဖက်က ညာဘက် (ဗင်ထွီကယ်လ်) ကို သွေးတွေ ရောက်လာတယ်။
• ညာဘက် (ဗင်ထွီကယ်လ်) ညှစ်ထုတ်ရင် သွေးတွေဟာ Pulmonary artery (ပါလ်မိုနရီ-အာထွီ) အဆုပ်- သွေးလွှတ်ကြောကတဆင့် အဆုပ်တွေထဲ ရောက်သွားတယ်။ အသက်ရှူတဲ့ လေထဲက အောက်စီဂျင်ကို သုံးပြီး၊ သွေးအသန့် ဖြစ်လာတယ်။
• အောက်စီဂျင်ပါတဲ့ သွေးက Pulmonary veins (ပါလ်မိုနရီ-ဗိန်း) အဆုပ်-သွေးပြန်ကြောကတဆင့် ဘယ်ဘက် (အေထွီယမ်) ကို ရောက်လာတယ်။
• ဘယ်ဘက် (အေထွီယမ်) က Mitral valve (မိုင်ထရွယ်-ဗာ့လ်ဖ်) ကို ဖြတ်ပြီး အောက်က ဘယ်ဘက် (ဗင်ထွီကယ်လ်) ထဲရောက်တယ်။
• ဘယ်ဘက် (ဗင်ထွီကယ်လ်) က ညှစ်ထုတ်ရင် (အေယိုးတစ်-ဗာ့လ်ဖ်) ကိုဖြတ်ပြီး Aorta (အေအိုတာ) သွေးလွှတ်ကြောကြီးထဲ ရောက်တယ်။ သူကနေထွက်တဲ့ သွေးလွှတ်ကြောတွေကတဆင့် တကိုယ်လုံးကို သွေးအနှံ့ ရောက်သွားတော့တယ်။

အထက်ခန်းတွေနဲ့ အောက်ခန်းတွေက သွေးကို တပြိုင်နက်တည်း ညှစ်ထုတ်ကြတယ်။ နှလုံး ညှစ်တာနဲ့ လျှော့တာ အလုပ် နှစ်မျိုးပါတဲ့ ဖြစ်စဉ်တခုကို Cardiac Cycle နှလုံး-သံသရာစက်ဝိုင်း ခေါ်တယ်။ ဖြစ်စဉ် တပါတ်က (ဝ့ဂ) စက္ကန့်သာ ကြာတယ်။ ညှစ်ထုတ်တဲ့ အဆင့်ကို Systolic phase နဲ့ ပြန်လျှော့ပေးတဲ့ အဆင့်ကို Diastolic phase လို့ ခေါ်တယ်။ ဒါ့ကြောင့် Blood pressure သွေးဖိအား တိုင်းတဲ့အခါ အထက်သွေးချိန်ကို Systolic Pressure (ဆစ်စတိုးလစ်-ပရှက်ရှာ) နဲ့ အောက်သွေးချိန်ကို Diastolic pressure (ဒိုင်ယာစတိုးလစ်-ပဂက်ရှာ) လို့ ခေါ်တယ်။ နှလုံးတခါညှစ်ရင် သွေး 70 ml ရှိလို့ တမိနစ်မှာ 5 Liters ရှိတယ်။ လူတယောက်မှာရှိတဲ့ သွေးထုထည် ၅ လီတာနဲ့ အတူတူဘဲ။

Heart sound နှလုံးခုန်သံ
ဆရာဝန်တွေက Stethoscope (စတက်သိုစကုပ်) နားကြပ်နဲ့ နားထောင်ကြတယ်။ ကျွန်တော်တို့က နားက ကြားတာကို ပါးစပ်ကနေ ပြန်ပြောရင် ဒုတ်-ဒုတ်ဆိုပြီး ခပ်လွယ်လွယ် အရင်သံရော နောက်သံကို တမျိုးထဲ ပြောလေ့ ရှိကြတယ်။ အင်္ဂလိပ်တွေကတော့ Lub-Dub လပ်ဖ်-ဒပ်ဖ်လို့ အသံ ၂ မျိုး ခွဲထွက်ကြတယ်။ အသံတွေ ပြန်ပြောကြတာ သူတို့နဲ့ ကျွန်တော်တို့ ကွာတာ ဒီနေရာမှာသာ မဟုတ်ပါ။ ကြက်တွန်တာကို အောက်-အိ-အီ-အွတ်လို့ ပြောတာကို သူတို့က C**k a doodle doo လို့ ရေးကြတယ် မဟုတ်ပါလား။ အသံကို ဖေါ်ပြတာ မတူတာတော့ ထားပါ။ ပဌမသံနဲ့ ဒုတိယသံ ခွဲပြောတာက စနစ်ကျတယ်။

1. First Heart Sound ပဌမသံဟာ (ထရွိုင်-ကပ်စ်ပစ်-ဗာ့လ်ဖ်) နဲ့ (မိုင်ထရွယ်-ဗာ့လ်ဖ်) တွေ ပိတ်တဲ့ အသံနဲ့ အဲဒီအချိန်မှာ ဖြစ်လာနတဲ့ သွေးလှိုင်းတွေကြောင့် ဖြစ်တယ်။
2. Second Heart Sound ဒုတိယသံဟာ (ပါလ်မိုနရီ-ဗာ့လ်ဖ်) နဲ့ (အေယိုးတစ်-ဗာ့လ်ဖ်) တွေ ပိတ်တဲ့ အသံနဲ့ အဲဒီအချိန်မှာ ဖြစ်လာနတဲ့ သွေးလှိုင်းတွေကြောင့် ဖြစ်တယ်။

Pulse ဆိုတာ ရူပဗေဒ နဲ့ ရုက္ခဗေဒမှာတော့ တမျိုးစီ ခေါ်ကြတယ်။ ဆေးပညာမှာ Pulse Rates (ပါ့လ်စ်-ရိတ်) ဆိုတာ လက်ကောက်ဝတ်မှာ စမ်းတဲ့ သွေးခုန်နှုန်းကို ခေါ်တယ်။ အမှန်က နှလုံးခုန်တာကို အလွယ်စမ်းတာ ဖြစ်တယ်။ တခြား နေရာတွေမှာလဲ စမ်းလို့ရပါတယ်။ ဟောလိဝုဒ်-ရုပ်ရှင်တွေမှာတော့ လည်ပင်းစမ်းပြတတ်တယ်။

Heartbeat (ဟာ့တ်-ဘိ-တ်) တမိနစ်မှာ ၇၂ ခါခုန်တယ်။ တနေ့မှာ အခါ ၁ သိန်။ ၁ နှစ် ၃၈ သန်း။ နှလုံးခုန် မြန်တာကို Tachycardia ခေါ်တယ်။ နှလုံးခုန် နှေးတာကို Bradycardia ခေါ်ပြီး နှလုံးခုန်မမှန်ရင် Arrhythmias လို့ ခေါ်တယ်။ Heart rate (Pulse Rate) က အသက် မတူရင် မတူဘူး။ ကိုယ်ဝန် ၅ ပါတ်ရှိရင် အထဲကကလေး နှလုံး စခုန်နေပြီ။ ခုန်ကာစမှာ အမေလို တမိနစ်မှာ ၈ဝ-၈၅ ခုန်ရာကနေ တရက်မှာ ၃ ခါတိုးနှုန်းနဲ့ မြန်မြန်လာတယ်။ ၉ ပါတ်ရှိရင် ၁၇၅ အထိရှိလာတယ်။ ဒိနောက် ပြန်နှေး လာတယ်။ ပုံမှန် Fetal heart rate ဗိုက်ထဲကလေး နှလုံးခုန်နှုန်း တမိနစ်မှာ ၁၂ဝ-၁၈ဝ ရှိတယ်။ မွေးစကနေ ၆ လကလေး = ၁၃ဝ၊ တနှစ်သား = ၁၂ဝ၊ ၃-၆ နှစ်သား = ၁ဝဝ၊ ၈ နှစ်သား = ၉ဝ၊ ၁၂ နှစ်သား = ၈၅၊ လူကြီး = ၆ဝ-၁ဝဝ။

Heart rate in children ကလေး နှလုံးခုန်နှုန်း
ကလေးတွေက လူကြီးတွေထက် နှလုံးခုန်မြန်တယ်။ ဒါ ပုံမှန်ဖြစ်တယ်။
• ၁ နှစ်အောက်ကလေး = တမိနစ်မှာ ၁၁ဝ-၁၆ဝ
• ၁-၂ နှစ် ကလေး = တမိနစ်မှာ ၁ဝဝ-၁၅ဝ
• ၂-၅ နှစ်ကလေး = တမိနစ်မှာ ၉၅-၁၄ဝ
• ၅-၁၂ နှစ်ကလေး = တမိနစ်မှာ ၈ဝ-၁၂ဝ
• ၁၂ နှစ်အထက်ကလေး = တမိနစ်မှာ ၆ဝ-၁ဝဝ

နှလုံးက ဘာလို့ခုန်နေရတာလဲ
Electrical System ကိုယ်ခန္ဓာမှာ လျှပ်စစ်စနစ် နဲ့ လျှပ်စစ်ကို သုံးနိုင်စွမ်းရှိတဲ့ Special cells စပါယ်ရှယ် (ဆဲလ်) တွေ ရှိနေလို့ပါ။ Pacemaker cells (ပေ့စ်-မိတ်ကာ-ဆဲလ်) တွေဆိုတာ နှလုံးထဲမှာ ရှိသေးတယ်။ Electrical impulses လျှပ်စစ် (အင်မ်ပါ့လ်စ်) ကြောင့် နှလုံးကြွက်သားတွေ Contract ညှစ်စေတယ်။ မွေးရာပါ (ပေ့စ်-မိတ်ကာ-ဆဲလ်) ကို Sinoatrial node (SA node) (စိုင်နိုအေရီရယ်-နုတ်) လို့ ခေါ်တယ်။ ညာ-အထက်ခန်းမှာ ရှိတယ်။ သူ့ကို Medulla Oblongata ခေါ် ဦးနှောက်ရဲ့ အစိတ်အပိုင်း တခုက ထိန်းပေးနေတယ်။

SA node ကနေ Specialized fibers (စပါယ်ရှယ်-ဖိုင်ဗာ) အာရုံကြောတွေ ဖြာထွက်နေတယ်။ အပေါ်ခန်းတွေမှာရှိတဲ့ (ဖိုင်ဗာ) တွေကနေ အပေါ်နှစ်ခန်းလုံးကို တပြိုင်ထဲ ညှစ်စေတယ်။ ဝ့၎ စက္ကန့်သာ ကြာတယ်။ နှလုံး အောက်ခမ်းတွေကို သွားတဲ့ (စပါယ်ရှယ်-ဖိုင်ဗာ) ကို Bundle of His (ဘန်ဒယ်လ်-အော့ဖ်-ဟစ်) လို့ နာမယ်ပေးထားတယ်။ သူကနေ ဆက် ဖျာထွက်တာတွေကို Purkinje fibers (ပါကင်ဂျီ-ဖိုင်ဗာ) လို့ ခေါ်ပြန်တယ်။

Autonomic nervous system (အော်တိုနောမစ်-နားဗတ်စ်-ဆစ်စတမ်) အလိုအလျောက် အာရုံကြောစနစ်က အာရုံကြောတွေလဲ ရှိသေးတယ်။ ဒီစနစ်မှာလဲ ၂ မျိုးရှိတယ်။ Sympathetic nervous system (ဆင်ပသက်တစ်-နားဗတ်စ်-ဆစ်စတမ်) နဲ့ Parasympathetic nervous system (ပါရာ-ဆင်ပသက်တစ်-နားဗတ်စ်-ဆစ်စတမ်) တွေ ဖြစ်တယ်။ (ဆင်ပသက်တစ်) စနစ်ကြောင့် နှလုံးခုန်တာ မြန်စေ-အားကောင်းစေပြီး၊ (ပါရာ-ဆင်ပသက်တစ်) ကြောင့် နှေးစေ-အားနည်းတယ်။

လျှပ်စစ်လှိုင်းတွေကို တိုင်းတာလို့ ရတယ်။ (ဂရပ်) မျဉ်းနဲ့ ပြတာကို Electrocardiogram (အလက်ထရို-ကာဒီယို-ဂရမ်) (ECG) (EKG) ခေါ်တယ်။ မျဉ်းတန်းတွေကို တခုချင်း နာမယ်ပေးထားတယ်။
• P wave (ပီ-ဝေ့ဖ်) ဆိုတာ နှလုံးအပေါ်ခန်းတွေမှာ ညှစ်ခါနီးရှိတဲ့ Spread of electrical activity လျှပ်စစ် ပြန့်နှုန်း ဖြစ်တယ်။
• QRS complex (ကျူ-အာရ်-အက်စ်-ကွန်ပလက်စ်) ဆိုတာ နှလုံးအောက်ခန်းတွေမှာ ညှစ်ခါနီးရှိတဲ့ Spread of electrical activity လျှပ်စစ် ပြန့်နှုန်း ဖြစ်တယ်။
• T wave (တီ-ဝေ့ဖ်) ဆိုတာ နှလုံးအောက်ခန်းတွေမှာ Recovery phase ပြန်ကျလာချိန်မှာ တိုင်းတာဖြစ်တယ်။

နှလုံးမှာ သူ့ကိုယ်သူ သွေးလှည့်စနစ်ရှိတယ်။ Coronary arteries (ကိုရိုနရီ-အာထရီ) တွေလို့ ခေါ်တယ်။ နှလုံးသွေးကြော ကျဉ်းရောဂါ Coronary artery disease (CAD) ဆိုတာ အဲဒီသွေးကြောတွေ ကျဉ်းခြင်းတာဖြစ်ပါတယ်။ ဒါတွေမှာ လာပိတ်တာကို Heart attack (ဟတ်-အတက်ခ်) ရတယ်လို့ ခေါ်တယ်။

Dr. တင့်ဆွေ

28/11/2024

သွေးဘာလို့စစ် ၊ ဆီးဘာလို့စစ် ၊ အာထရာဆောင်းဘာလို့ရိုက်

====================
====================

သင့်ခန္ဓာကိုယ် အတွင်းရှိ ဇီဝဓာတု ပစ္စည်း ပမာဏ မူမမှန်ခြင်းကို သွေး နှင့် ဆီး နမူနာ ဓာတ်ခွဲစစ် ဆေးခြင်းအားဖြင့် ဖော်ထုတ်နိုင်ပါတယ်။ ယင်းသို့ စစ်ဆေးခြင်း အမျိုးအစား များစွာရှိပြီး တစ်ခုချင်းဆီတွင် တိကျသော ရည်ရွယ်ချက်ရှိပါတယ်။

(Electro Cardiogram -ECG)အီးစီဂျီ နှလုံး စမ်းသပ်စက်ဖြင့် စစ်ဆေးခြင်းနှလုံး၏ လျှပ်စီးကူးမှု နှင့် နှလုံးကြွက်သား လုပ်ဆောင်ချက်များကို ဤ စက်ဖြင့် မှတ်တမ်းတင်နိုင်ပါတယ်။ နှလုံးရောဂါ များကိုလည်း သိရှိနိုင်ပါတယ်။

Haemogram ဆိုသည်မှာသွေးဆဲလ်အဖွဲ့အစည်း၏ အရေးပါသော ဆဲလ်များ(သွေးဖြူဥ၊ သွေးနီဥ၊ သွေးမွှားဆဲလ်၊ စသည်)ကို အဏုစိတ် စစ်ဆေးခြင်းဖြစ်သည်။

Blood Group သွေးအမျိုးအစား စစ်ဆေးခြင်းဟာ အရေးပေါ် ကိစ္စရပ်များတွင် သွေးသွင်းခြင်း၊ သွေးအလှူခံခြင်းတို့ အတွက် မုချလိုအပ်ပါတယ်။

Urine test ဆီးနမူနာ စစ်ဆေးခြင်း ( သမားရိုးကျ စစ်ဆေးခြင်းနှင့် မိုက်ခရိုစကုပ် ကိရိယာဖြင့် အဏုစိတ်စစ်ဆေးခြင်း) ကျောက်ကပ် နှင့် ဆီးလမ်းကြောင်းတလျှောက် ပိုးဝင်ခြင်း၊ မူမမှန်ခြင်းတို့ကို သိရှိနိုင်ပါတယ်။

HbA1c စစ်ဆေးခြင်းဆိုသည်မှာ ဆီးချိုရောဂါထိန်းသိမ်းမှုအတွက်အဓိကကျသောစစ်ဆေးမှုဖြစ်ပါတယ်။

Blood Sugar ( သွေးတွင်း သကြားဓာတ်ပမာဏ စစ်ဆေးခြင်း)ဆီးချို ရောဂါ ဖော်ထုတ်ရာတွင် ပဓာနကျပါတယ်။

Blood urea and serum creatinine သွေးတွင်းရှိ ယူရီးယားဓာတ်၊ ခရီယေတနင်း ဓာတ်များစစ်ဆေးခြင်းဖြစ်ကာ ကျောက်ကပ်၏ စွမ်းဆောင်ရည်ကို အကဲဖြတ်နိုင်ပါတယ်၊

SGOT,SGPT, Serum Bilirubin အသည်း၏ စွမ်းဆောင်ရည်ကို အသည်း အင်ဇိုင်းပမာဏ နှင့် သွေးတွင်း ဘီလီယူဘင် (အသားဝါစေသော ဓာတ်)ကို ကြည့်၍ အကဲဖြတ်နိုင်ပါတယ်၊

Lipid Profile( သွေးတွင်း အဆီဓာတ်ပမာဏ စစ်ဆေးခြင်း ) ကောင်းကျိုး ပေးသော အဆီ နှင့် ဆိုးကျိုးပေးသော အဆီ များကို ခွဲခြမ်းစိတ်ဖြာ၍ နှလုံးကျန်းမာရေး အခြေအနေကို အကဲဖြတ်နိုင်ပါတယ်။

အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိမရှိကို HBs Antigen ၊ HCV antibody စစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။

ရင်ဘတ် ဓာတ်မှန် ရိုက်ခြင်း (Chest X-Ray)ရိုးစင်း၍ မြန်ဆန်သော နည်းပညာ ဖြစ်ပြီး ရင်ခေါင်းအတွင်းရှိ အဆုတ်နှင့် နှလုံးတို့ကို ပုံမှန်ဟုတ် မဟုတ် ရောဂါရှိ မရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။

ဝမ်းဗိုက် နှင့် တင်ပဆုံ တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်ခြင်း(USG of Abdomen and pelvis)ဝမ်းတွင်း အဂါင်္ ရောဂါများ ကို ရှာဖွေရာတွင် များစွာအထောက်အကူပြု ပါတယ်။ဥပမာ…အသည်း၊ သည်းခြေအိတ်၊ မုန့်ချိုအိတ်၊ သရက်ရွက်၊ ကျောက်ကပ် စသည်တို့ ရောင်ရမ်းခြင်း၊ ဆီးကျောက် တည်ခြင်း၊ သည်းခြေကျောက်တည်ခြင်းတို့ကိုစစ်ဆေးနိုင်ပါတယ်။

ရောဂါ ရှာဖွေစမ်းသပ်ချက်အဖြေ အားလုံးကို ဝါရင့်ဆရာဝန်တစ်ဦးမှ ချင့်ချိန်သုံးသပ်၍ ဆွေးနွေးခြင်းကိုExpert Counsellingဟုခေါ်ဆိုပါတယ်။ ဆရာဝန်ကစမ်းသပ်မှုရလာဒ်များ၏ အ သေးစိတ်လေ့လာတွေ့ရှိချက်ကို ရှင်းပြပြီး လိုအပ်တဲ့ကုသမှုများကို အကြံပေးပါလိမ့်မယ်။သင့်အ နေနဲ့ မိသားစုဆရာဝန်နှင့်ပုံမှန် ပြသ၍ အကြံပေးထားသည့်အတိုင်း ကုသမှု ပြုလုပ်သင့်ပါတယ်။
ကာကွယ်ခြင်းသည်ကုသခြင်းထက်အကျိုးရှိပါတယ်နော်။

Dr.Z

==========

OnDoctor App

28/11/2024
16/08/2024
20/03/2024

Address

Bogale
102301

Telephone

+959250234369

Website

Alerts

Be the first to know and let us send you an email when Nightingale Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Nightingale Laboratory:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category