Nes Shwe Nan Traditional medicine

Nes Shwe Nan Traditional medicine Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nes Shwe Nan Traditional medicine, Medical and health, Chaung-u.

သီဟိုစေ့သီဟိုစေ့က တစ်စေ့စားလိုက်တာနဲ့ နောက်တစ်စေ့ထပ်စားချင်လောက်အောင်အရသာ အရမ်းရှိတဲ့ အစေ့လေးပါ။ အရသာရှိရုံတင်မကဘဲ သီဟို...
18/02/2023

သီဟိုစေ့
သီဟိုစေ့က တစ်စေ့စားလိုက်တာနဲ့ နောက်တစ်စေ့ထပ်စားချင်လောက်အောင်အရသာ အရမ်းရှိတဲ့ အစေ့လေးပါ။ အရသာရှိရုံတင်မကဘဲ သီဟိုစေ့မှာ နှလုံးကျန်းမာရေး၊ အာရုံကြောစနစ်၊ ကြွက်သား၊ သွေးနီဥ၊ အရိုးနဲ့ ခံတွင်းကျန်းမာရေးအတွက် အရမ်းကို ကောင်းပါတယ်။

ပရိုတင်းဓာတ်၊ ကော့ပါး၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ Phosphorus ၊ ပိုတက်ဆီယမ်နဲ့ ဇန့်ဓာတ်စတဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

ဆိုဒီယမ်ပါဝင်မှုအရမ်းနည်းတာကြောင့် သွေးတိုးရှိလည်း စားလို့ရပါတယ်။
ဗီတာမင် C ၊ ဗီတာမင် B1 ၊ ဗီတာမင် B2 ၊ ဗီတာမင် B3 ၊ ဗီတာမင် B6 ၊ ဖောလစ်၊ ဗီတာမင် E နဲ့ ဗီတာမင် K တို့လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။
ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ Monounsaturated Fat နဲ့ Polyunsaturated Fats တို့ ကြွယ်ဝစွာပါဝင်တဲ့အပြင် ကျန်းမာရေးကို ဆိုးကျိုးဖြစ်တဲ့ ကိုလက်စထရောဓတ်တွေလည်း မပါဝင်ပါဘူး။

နှလုံးရောဂါကို ကာကွယ်ပေး

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Dietary Fats တွေပါဝင်ပြီး ဒီအဆီဓာတ် က ဗီတာမင် A, D, E နဲ့ ဗီတာမင် K တို့ကို ပိုစုပ်ယူနိုင်အောင်ကူညီပေးပါတယ်။ ဒီဗီတာမင်ဓာတ်တွေက ဦးနှောက် ဖွံ့ဖြိုးမှုနဲ့ သွေးခဲတဲ့အပိုင်းကို အဓိက ထောက်ပံ့ပေးပါတယ်။
အဲ့ဒီအပြင် Monounsaturated Fats (MUFA) နဲ့ Polyunsaturated Fats (PUFA) တို့ပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက်ကောင်းပါတယ်။ ဆီးချိုဝေဒနာရှင်တွေလည်း ဆီးချိုပမာဏအပေါ်မူတည်ပြီး အနည်းငယ်လောက်တော့ စားလို့ရပါတယ်။

ကြွက်သားနဲ့ အာရုံကြောစနစ်ကို ထောက်ပံ့ပေး
မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်က အရိုး၊ ကြွက်သား၊ တစ်ရှူး နဲ့ ခန္ဓာကိုယ်ရဲ့ အင်္ဂါတွေအတွက်ကောင်းပါတယ်။ သွေးဖိအားကို ထိန်းချုပ်ပေးပြီး၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးကာ၊ အာရုံကြောစနစ် လုပ်ဆောင်ချက်တွေကို အားကောင်းစေပါတယ်။ အဲ့ဒီအပြင် အရိုးကိုလည်း သန်မာစေပါတယ်။

ဆီးချို ရောဂါဖြစ်နိုင်ချေကို လျော့ချပေးပါတယ်။
သီဟိုစေ့မှာ သကြားဓတ်ပါဝင်မှုနည်းပြီး မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေလည်း မပါဝင်ပါဘူး။

ကင်ဆာရောဂါကို ကာကွယ်ပေးတဲ့
သီဟိုစေ့မှာ Anacardic အက်ဆစ်၊ Cardanols ၊ Cardols ဓာတ်တွေပါဝင်တာကြောင့် အကြိတ်တွေ၊ ကင်ဆာရောဂါတွေဖြစ်နေတဲ့ သူတွေအတွက် လည်းကောင်းပါတယ်။

ခံတွင်းနဲ့ အရိုးကျန်းမာရေး
သွားနဲ့ အရိုးကျန်းမာရေးအတွက်အဓိကကျတဲ့ Phosphours ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဒီဓာတ်တွေက ပရိုတင်းဓာတ်တွေကို အစာခြေရာမှာ ကူညီပေးပြီး ကာဗိုဟိုက်ဒရိတ်နဲ့ အဆီဓာတ်တွေကို စုပ်ယူပေးနိုင်ပါတယ်။

crd

06/02/2023

Orderအမှာလေးတွေ သိပ်မတင်ဖြစ်ပေမယ့် အားပေးမှုမပျက် အရောင်းသွက်နေတဲ့ဆေးလေးတွေ

ဆေးလေးတွေသုံးပီး ရောဂါတွေသက်သာပျောက်ကင်းကြလို့
သက်ရှည်ကျန်းမာချမ်းသာကြပါစေရှင်😊

ပျဥ်းတော်သိမ် ပုံပြင်လေးပါရှေးရှေးတုန်းက... ဘုရင်တစ်ပါးဟာ တောကစားထွက်ရင်း ရေဆာလာတာနဲ့..တောအုပ်ထဲက အမှိုက်မှော်တွေပြည့်နေ...
28/01/2023

ပျဥ်းတော်သိမ် ပုံပြင်လေးပါ

ရှေးရှေးတုန်းက... ဘုရင်တစ်ပါးဟာ တောကစားထွက်ရင်း ရေဆာလာတာနဲ့..တောအုပ်ထဲက အမှိုက်မှော်တွေပြည့်နေတဲ့ ရေအိုင်ထဲက ရေ ကို မလွှဲမရှောင်သာ သောက်လိုက်
မိပါတော့တယ်

လအနည်းငယ်ကြာတဲ့အခါမှာတော့
ဘုရင်ကြီးဟာ တစ်နေ့တစ်ခြားအစားပုပ်လာသတဲ့ ပွဲတော်တည်သမျှ အကုန်ကုန်အောင် စားပစ်ပြီး မကြာခဏ ဗိုက်ကလည်းဆာနေသတဲ့

သူ့ရဲ့ဝမ်းဗိုက်ဟာလည်းတစ်နေ့တစ်ခြား ပူဖောင်းလာပြီးကိုယ်ဝန်ဆောင် မိန်းမတွေရဲ့ ဗိုက်လိုဖြစ်လာပါတော့တယ်

နန်းတွင်းရှိသမားတော်တွေရော တစ်ခြားတိုင်းပြည်က သမားတော်တွေနဲ့ ကုသပေမဲ့လည်း ဘုရင်ကြီးရဲ့ဗိုက်ဟာ ပိန်မသွားပဲ ပိုပိုဖောင်းလာတာပေါ့ဗျာ

ဒီအကြောင်းကိုတိုင်းသူပြည်သားတွေသိတဲ့အခါ ယောက်ျားတန်မဲ့ ကိုယ်ဝန်ဆောင်တဲ့ဘုရင် တိုင်းပြည်မှာဘုရင်ဖြစ်နေတာရှက်စရာကောင်းတယ်ထွက်သွားလို့ ဟစ်တိုင်ကနေ နန်းတော်ကို ခဲ နဲ့ပေါက်ပြီး အော်ဟစ်ကြသတဲ့

ဘုရင်ကြီးဟာမတတ်သာတဲ့အဆုံး
မိဖုရားကြီးကိုခေါ်ပြီးမထင်ရှားတဲ့အသွင်အပြင်နဲ့ နန်းတော် က ထွက်ခဲ့ရပါတော့တယ်

လူသူမနီးတဲ့တောကြီးထဲမှာ သစ်သီး သစ်ဖုတွေ ရှာဖွေစားရင်းနဲ့ ချိူ့တဲ့စွာနေထိုင်ကြရတာပေါ့ဗျာ

တစ်နေ့တော့ဘုရင်ကြီးဟာ သစ်ပင်တစ်ပင်အောက်မှာစက်တော်ခေါ် နေပြီး မိဖုရားက မှက်ခြင်မနားအောင်ကို ယပ်ခတ်ပေးနေသတဲ့

ဒီအချိန်အနီးအနားမှာရှိတဲ့ တောင်ပို့တစ်ခုကနေ မြွေတွန်သံတစ်ခု ထွက်ပေါ်လာပါတယ်

ဘုရင်ကြီးရဲ့ မိဖုရားဟာ မာဂဓဘာသာစကားကိုနားလည်တယ်တဲ့

တောင်ပို့ထဲက မြွေက

" ဟယ် လောကမှာ ငါလို မြွေဘုရင် ရှိသေးရဲ့လား တောသုံးတော တောင်သုံးတောင် မှာ မြွေ၀တစ်ကာတို့ရဲ့ ဘုရင် ငါသည် မြွေမင်းဖြစ်ပါတော့တယ် "

လို့တွန်ကြူးလိုက်သတဲ့ ဒီအခါမှာ

ဘုရင်ကြီးရဲ့ဝမ်းဗိုက်ထဲကနေ တွန်သံတစ်ခု ထပ်ပြီးထွက်ပေါ်လာပါတယ်

" သယ် ဘယ်ကတောကြိုအုံကြားကမြွေက ဘုရင်လို့အော်နေသတုံး
ငါက တိုင်းပြည်အုပ်ချုပ်နေတဲ့ လူသားဘုရင်ရဲ့ဝမ်းဗိုက် ထဲမှာနေပြီး
ပွဲတော်အုပ်ကို နေ့တိုင်းစားလို့ ကြီးကျယ်ခမ်းနားစွာနေခဲ့ရတဲ့ မြွေဘုရင်ဖြစ်တယ် ငါဟာ အမိဝမ်းကကျွတ်တဲ့အချိန်မြွေပေါက်ကလေးဘဝထဲက
ဘုရင်ကြီးသောက်တဲ့ရေထဲကိုပါသွားပြီးသူ့ဝမ်းဗိုက်ထဲမှာ စည်းစိမ်ခံစားနေလာတာ ငါသာ မြွေဘုရင် ငါသာ မြွေတို့ရဲ့ အဓိပတိ" လို့ ကြွေးကြော်လိုက်သတဲ့

ဒီအခါမှာ တောင်ပို့ထဲကမြွေက

" ရာရာစစ မြွေကမြွေနေရာ မနေပဲ
လူသားဗိုက်ထဲဝင်နေတာသင့်အသက် သက်ဆိုးရှည် မယ် ထင်သလား
ဟောဒီ တောင်ပို့ဘေးကသစ်ပင်ရဲ့အရွက်တွေကို ခူးပြီး အရည်ကြို သောက်လိုက်ရင် သင်ဟာအပိုင်းပိုင်းပြတ်ပြီး ဇီဝိန်ချုပ်တယ်ဆိုတာဘုရင်မသိလို့ပဲ" လို့ပြောလိုက်သတဲ့

မြွေနှစ်ကောင်ရဲ့အပြန်အလှန်ပြောဆိုနေကြသံတွေကိုကြားလိုက်ရတဲ့မိဖုရားဟာ

တောင်ပို့ဘေးကသစ်ပင်ကအရွက်ကိုခူးပြီးအရည်ကြိုကာ ဘုရင်ကိုအကျိုးအကြောင်းပြောပြပြီး တိုက်လိုက်သတဲ့

ဆေးရည်သောက်ပြီးချိန်မှာဘုရင်ရဲ့ဗိုက်ထဲကမြွေဟာအပိုင်းပိုင်းပြတ်ပြီး
ဝမ်းသွားတဲ့အခါပါသွားပြီးဘုရင်ရဲ့ဗိုက်ဟာလည်းမူလအတိုင်းပြန်ဖြစ်လာသတဲ့

ဒီအခါဘုရင်ဟာဖိဖုရားကိုလက်ဆွဲပြီး ပြည်တော်ပြန်ဝင်ကာ စစ်သူကြီးလက်ကနေတိုင်းပြည်ကို ပြန်လွှဲယူသတဲ့

ဘုရင်ကြီးသောက်ခဲ့တဲ့ဆေးပင်ကိုလည်းတိုင်းပြည်ကိုပြန်သိမ်းခဲ့တဲ့အထိမ်းအမှတ်နဲ့

ပြည်တော်သိမ်းပင်ဟုခေါ်တွင်စေခဲ့သတဲ့

နောင်အခါ ကာလရွေ့လျောပြီး ပြည်တော်သိမ်းမှ ပြည်တော်သိမ်
ပျဉ်းတော်သိမ်ပင်ဟု အဆင့်ဆင့်ပြောင်းလဲခေါ်ဝေါ်လာကြပါတော့တယ်တဲ့

ပျဉ်းတော်သိမ်ပင်အကြောင်းပုံပြင်ပါဗျာ

အောက်မှာ ပျဉ်းတော်သိမ်ပင်ရဲ့အသုံးဝင်ပုံစိုက်ပျိုးပုံတွေဆက်ဖတ်ပါ
👇👇👇

သွေးဖျဉ်း ရေဖျဉ်း လေဖျဉ်း မုချသက်သာပျောက်ကင်းသည့် ပျဉ်းတော်သိမ်ရွက်

အရွက်ကိုပြုတ်ပါ။ ၎င်းအရည်ကိုသောက်ပါ။ ပြုတ်ဖတ်ကိုဆုံနဲ့ထောင်းပြီး ညအိပ်ယာဝင် ချက်တိုင်ပတ်လည်မှာအုံပြီး အဝတ်စည်းအိပ်ပါ။တစ်ခါလုပ်ရုံနဲ့သိသိသာသာလျော့သွားပါမယ်။လေးငါးခါပြုလုပ်ပေးပါ။

မှတ်စု
နက္ခတ္တရောင်ခြည်မှ ဖတ်မိတာလေးပါ။

ပျဉ်းတော်သိမ်ရွက်က ကင်ဆာရောဂါ နှင့် နှလုံးရောဂါ ကို တားဆီးနိုင်သည့်အပြင် မှတ်ဥာဏ်ကိုပါ ကောင်းမွန်စေတယ်ဆိုတာ သင်တို့ သိပါသလား…?

ပျဉ်းတော်သိမ်ရွက်၌ ဗီတာမင် အေ၊ စီ၊ B1၊ B2၊ ထုံးဓာတ်၊
သံဓာတ်၊ ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ် များ ပါ၀င်ဧ်၊၊

ပျဉ်းတော်သိမ်ရွက်တွင် ပါ၀င်သော ဓာတ်တိုးတားဆီးမှု
သတ္တိ (Antioxidant) ဖြင့် (ကင်ဆာရောဂါ နှင့် နှလုံးရောဂါ) ကို တားဆီးနိုင်သည့်အပြင် မှတ်ဥာဏ်ကိုပါ ကောင်းမွန်စေကြောင်း သြစတြေးလျနိုင်ငံရှိ အစားအသောက် သုတေသနပညာရှင်များဧ။် ခေါင်းဆောင်Dr. လိုင်းကိုဘီယာ့ခ် ကပြောကြားပါသည် ။

ထို့ပြင် (အမိုင်နိုအက်ဆစ်)များစွာ ပါ၀င်ပြီး ထိုအက်စစ်များကြောင့် အစားအသောက်များအား မွှေးကြိုင်သောရနံ့
ဖြစ်စေပြီး ရောဂါအမျိုးမျိုး ကာကွယ်ပေးပါသည် ။

ပျဉ်းတော်သိမ်ရွက်မှ အဆီထုတ်ပြီး ထိုအဆီကို ဦးခေါင်း၌ လိမ်းခြင်းဖြင့် အဆုတ်၊ နှလုံး နှင့် မျက်စေ့အမြင် ချို့ယွင်းချက်များကို ကာကွယ်နိုင်ကြောင်း အိုင်ယာလန်နိုင်ငံရှိ ဆေးဝါးဘက်ဆိုင်ရာ စိုက်ပျိုးရေး သုတေသနဋ္ဌာနမှ တွေ့ရှိထားပြီး ထိုအရွက်ကို ကြိတ်၍ရသောအနှစ် (Paste) ကို
စားသုံးခြင်းဖြင့် အဆုတ် ၊ နှလုံးနှင့် သွေးနှင့် ပတ်သက်သော ရောဂါများကို ထိန်းချုပ်နိုင်သည်ဟု ဆိုပါဧ။် ။

( ဆေးဖက်အသုံး၀င်ပုံ )
(ဆီးချိုရောဂါ)ဆီးချို၊ သွေးချို ရောဂါအတွက် နေ့စဉ်
နံနက် အိပ်ရာထပြီး အစာမစားမီ လက်ဆတ်သော
ပျဉ်းတော်သိမ်(၁၀) ရွက် စားပါ ။(၃) လတိတိစားလျှင်
ထိုရောဂါကို ထိန်းချုပ်နိုင်ပြီး နေ့စဉ်မှီဝဲနေရသည့်
ဆေးပမာဏကိုလည်း
ထက်၀က်ကျော် လျော့ချနိုင်ပါသည် ။

ဆီးချိုကြောင့် ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်ဝဖြိုးခြင်း၊
သွေးထဲတွင် လွန်ကဲစွာရှိနေသော ကိုလက်စထရောကို လျှော့ချပေးပြီး၊ ဆက်လက်သုံးစွဲပါက ဆီးချို
လုံး၀ ရပ်ဆိုင်းအောင် ထိန်းချုပ်နိုင်ပါသည် ။ဝေဒနာရှင်များ ကျန်းမာရေးနှင့် ညီညွတ်သော အစားကို စားသုံးရန်လိုအပ်ပြီး ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ရန် လိုအပ်ပါသည် ။
(တစ်ဦးအတွက်ဆေး ဖြစ်သော်လည်း တစ်ဦးအတွက်
ဘေးဖြစ်တတ်ပါ၍ သုံးစွဲလိုပါက ချင့်ချိန်၍ သုံးစွဲပါရန်။)

အစာစားချင်စိတ်မရှိခြင်း၊ အစာမကြေခြင်း၊ ၀မ်းချုပ်ခြင်း၊ ၀မ်းသွားခြင်း၊ အော့အန်ခြင်း၊ ပျို့အန်ခြင်း ၊ ကလေးများ ဆာလောင်မှုမရှိပါက ခံတွင်းကောင်းအောင် လှုံ့ဆော်သည့် အစာအဖြစ် အရွက်သတ္တုရည် ထမင်းစားဇွန်း(၂) ဇွန်းတွင် သံပုရာရည်(သို့) ပျားရည် အနည်းငယ်ရောပြီး တိုက်ပါက ပျောက်ကင်းနိုင်ဧ။်။( အစာမကြေခြင်း )အစာမကြေခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်းက်ို ပျောက်ကင်းစေပါဧ။် ။

(ဆံပင်ဖြူခြင်း )
အရွက်ကို ကြိတ်၍ ထွက်သောအရည်ကို အုန်းဆီဖြင့်ရော၍ မီးမျှင်းမျှင်းတွင် ရေဓာတ်ကုန်သည်အထိ ကျိုချက်အအေးခံပါ ။ ထ်ိုဆီကို နေ့စဉ်လိမ်းပါက ကာကွယ်ပါဧ။် ။

(ခံတွင်းပျက်ခြင်း)
ဆူပွက်နေသော ရေနွေးတစ်ခွက်တွင် ပျဉ်းတော်သိမ်ရွက်အနည်းငယ်ကို လက်ဘက်ခြောက်ကဲ့သို့နှပ်ပြီး ပျားရည်တစ်ဇွန်းနှင့် ရော၍ သောက်ပါက ၀မ်းမှန်စေပါသည် ။
အစာမကြေခြင်း နှင့် ပဋ္ဋိဇီဝဆေးများကို ကာလကြာရှည်သုံးစွဲရပါက အရသာကိုသိစေသော လျှာပေါ်ရှိ (အရသာခံအဖု) များကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့် ခံတွင်း ပျက်ရဧ။် ။
ပျဉ်းတော်သိမ်ရွက်အနည်းငယ်တွင် ဂျင်း၊ ကြက်သွန်ဖြူ၊
မကျည်းမှည့်၊ ငရုတ်သီးနှင့် ဆား
အနည်းငယ် စီ ရောကြိတ်၍ ရလာသော အနှစ်ကို
ထမင်းဖြူ နဲ့ စားသုံးပါက ခံတွင်းပြန်လည် ကောင်းမွန်လာပါမည်။

(စိတ်ပျံ့လွင့်ခြင်း)
အရွက်အား ကြိတ်၍ရသောအနှစ်တွင် သံပုရာရည်ဆမ်းပြီး ထမင်းဖြူ နှင့် နေ့ရော ညပါ စားသုံးပါက သက်သာပျောက်ကင်း၍ ကျန်းမာ လာနိုင်မည် ။

(ဒူလာသွေး၀မ်း)
ဒူလာသွေး၀မ်း နှင့် လိပ်ခေါင်းသွေးကျခြင်းများ
အတွက် အရွက်ကို စားပေးပါက သက်သာစေပါဧ။် ။

(ဖျဉ်းဝေဒနာ)
ရှေးမြန်မာဘုရင်များ လက်ထက်က မင်းညီမင်းသားများ အရက်သောက်ပြီး အသည်းကျွမ်း၍ ဖျဉ်းဖြစ်ကြဧ။် ။သမားတော်များက ဖျဉ်းတော်သိမ်နှင့် ကုသဧ။် ။
ကုသရင်း ဖျဉ်းတော်သိမ်သွားရာမှ ကာလရွေ့လျော၍
ပျဉ်းတော်သိမ်ဟု နာမည်တွင်ရစ်သည်ဟု ဆိုပါဧ။် ။
ဤကား ကျနော်ပြောသောပုံပြင်နှင့်မူကွဲဟုမှတ်ပါ

(မြန်မာ့ဆေးကျမ်းများအရ)
ထိုပျဉ်းတော်သိမ်အရွက်ကြမ်းကို ရေနှင့်ပြုတ်ပြီး အသင့်အတင့်သောက်ပေးပါ ။ ချိုးလည်းချိုးပါ ။
အရွက်နုကို အတ်ို့အမြှုပ်လုပ်စားပါ ။ဟင်းခါးချက်သောက်ပါ ။

နေ့စဉ်ထမင်းစားတိုင်း ကျွေးပါက သက်သာပျောက်ကင်းနိုင်ပါသည် ။(လက်တွေ့ပျောက်ကင်းသူဧ။်နည် း။)အရွက်ကို များစွာစားပါက ၀မ်းကိုသက်စေသည် ။နို့ရည်ထဲတွင် ထိုအရွက်ကို ထည့်ကျိုသောက်ပါကအဆိပ်ကို ​ပြယ်
စေသည် ။အရွက်ကို ဟင်းခပ်​အမွှေး အကြိုင်အဖြစ် သုံးဧ။် ။

အရွက်ကို သွေးဆေး၊ လေဆေး ဖော်စပ်ရာတွင်အသုံးပြုဧ။် ။
( ရည်ညွှန်းစာများ )

အရှင်နာဂသိန်ပုံပြ ဆေးအဘိဓာန်
ဆရာတော်မြင့် (ငှက်ဖျား)
နေပြည်တော်ကျော်ကျာ်စိုး
မြန်မာ့ဆေးဝါးပင်များ

ဆံပင်ကျွတ်တာရပ်တန့်စေပြီး ဆံနွယ်တွေကို နက်မှောင်သန်စွမ်းစေမဲ့ ပျဉ်းတော်သိမ်ရွက်

ဆံနွယ်တွေရဲ့ အလှဟာ အမျိုးသမီးတွေ တန်ဖိုးထားမြတ်နိုးရတဲ့ အလှအပတစ်ခုဖြစ်ပါတယ်။ ဆံပင်ပါးတာ၊ ဆံပင်ဖြူတာ၊ ဆံသားပျက်ဆီးတာတွေဟာ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။

ဒီတော့ ဆံနွယ်တွေကို နက်မှောင်သန်စွမ်းစေမဲ့ နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

ဟင်းတွေချက်ရာမှာ အညှီနံ့မရအောင်ရယ် အနံ့မွှေးအောင်ရယ် ထည့်ချက်လေ့ရှိတဲ့ ပျဉ်းတော်သိမ်ရွက်ဟာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အကျိုးကျေးဇူးတွေ အများအပြားရှိပါတယ်။

ပျဉ်းတော်သိမ်ရွက်ကိုဘယ်လိုသုံးမလဲ

ပျဉ်းတော်သိမ်ရွက် လက်တစ်ဆုပ်စာ

အုန်းဆီ တစ်ခွက်

ပြုလုပ်နည်း

အုန်းဆီကိုအပူပေးပြီး ပျဉ်းတော်သိမ်ရွက်ကို ထည့်ကာ
ပွက်ပွက်ဆူအောင်သည်ပါ။

ပြီးရင် ဆီကိုရေဆစ်လိုက်ပြီး ဖန်ပုလင်းထဲထည့်ပါ။
ပြီးရင် နွေးနွေးလေးဖြစ်နေချိန်မှာ လက်ဖဝါးပေါ်မှာတင်ပြီး ဦးရေပြားပေါ် လိမ်းပေးပါ။ ငြင်သာစွာ နှိပ်နယ်ပေးပါ။ အဲဒီနောက် ၁၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်ချပါ။

တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်ထိပြုလုပ်နိုင်ပါတယ်။
ဒါဆို ဆံနွယ်တွေ တောက်ပြောင်သန်စွမ်းလာသည်ဟုသိရပါသည်။

Source –
ပျဉ်းတော်သိမ်ရွက်အသုံးဝင်ပုံ
စိုက်ပျိုး⁠ရေးဦးစီးဌာန၏fb postနှင့်
ကျီးသဲလေးထပ်ဆရာတော်၏၁၀၀၀ဆုရပုံပြင်များ
စာအုပ်တို့မှ ထုတ်နှုတ်တင်ပြပါသည်

ရာသီစာလေး  #သွေးအားနည်း  #သွေးတိုးသမားအတွက်   #ပဲစင်းငုံပဲစင်းငုံမှာFolate content ကြွယ်ဝတာကြောင့် သွေးအားနည်းရောဂါ ကာကွ...
26/01/2023

ရာသီစာလေး
#သွေးအားနည်း #သွေးတိုးသမားအတွက်
#ပဲစင်းငုံ

ပဲစင်းငုံမှာFolate content ကြွယ်ဝတာကြောင့် သွေးအားနည်းရောဂါ ကာကွယ်ပေးပါတယ်

ပိုတက်ဆီယမ် များစွာပါဝင်တာကြောင့် သွေးကြောများကျယ်စေကာသွေးပေါင်ထိန်းညှိပေးနိုင်လို့ သွေးတိုးသမားအတွက် သင့်လျော်တဲ့ပဲတမျိုးဖြစ်ပါတယ်။ထို့ပြင် သွေးကြောတွင်းရှိ သွေးခဲများဖယ်ရှားပေးနိုင်ပါတယ်။

ပရိုတိန်းကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကြီးထွားဖွိ့ံဖြိုးမှု အားကောင်းစေပါတယ်။

ဗီတာမင် စီ (Vitamin C) ပါဝင်တာကြောင့် ခန္ဓါကိုယ်ကလိုအပ်တဲ့ ဗီတာမင် စီ ကိုပြည့်ဝစေပါတယ်။ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။

ရောင်ရမ်းမှု လျော့ကျစေနိုင်စွမ်းရှိတာကြောင့် လိပ်ခေါင်းရောဂါကိုသက်သာစေပါတယ်။

ကယ်လိုရီ ၊အဆီဓာတ် ၊ကိုလက်စထရောပါဝင်မှုနည်းပြီး အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ ကောင်းမွန်တဲ့ အစားအစာတမျိုးဖြစ်ပါတယ်။

ဗီတာမင်ကြွယ်ဝစွာပါဝင်ပြီး မလိုအပ်တဲ့အဆီတွေ ဖယ်ရှားပေးတာကြောင့် ခန္ဓာကိုယ် အတွက်အားအင်ပြည့်ဝစေပါတယ်။

အမျှင်ဓာတ်များစွာပါဝင်တာကြောင့် အစာချေချက်မှု သာမက အူလှိုင်းလှုပ်ရှားမှုပါကောင်းမွန်စေတာကြောင့်
လေပွခြင်း ၊ဝမ်းပျက်ဝမ်းလျော၊ ဝမ်းချုပ်ခြင်းနဲ့ ကြွက်တက်တက်ခြင်းတို့ကို ကင်းဝေစေပါတာ်။

အဆီဓာတ်နည်းပြီး ပိုတက်ဆီယမ်ကြွယ်ဝတာကြောင့် နှလုံးကျန်းမာရေးကောင်းမွန်စေပါတယ်။

ပဲစင်းငုံဟာ မီးယပ်ကြောင့် နာကျင်ကိုက်ခဲမှုကင်းဝေစေပြီး မီးယပ်မှန်စေပါတယ်။

အာယုဗ္ဗေဒဆေးပညာမှာ ပဲစင်းငုံကို အနာရောဂါကုသရာမှာအသုံးပြုလေ့ရှိသည်။ပဲစင်းငုံ ဟာ သွေးတိတ်စေနိုင်တဲ့အာနိသင်ရှိပါတယ်။
တုတ် သန်ကျစေ ပါတယ်။
အဆုတ်ကျန်းမာစေပါတယ်။

နိုင်ဂျီးရီးယားမှာ ပဲစင်းငုံအရွက်ကိုဆေးအနေနဲ့အသုံးပြုလေ့ရှိပါတယ်။
ပဲစင်းငုံဟာဆီးချို ရောဂါ သမားအတွက်ဆေးတပါးဖြစ်ရုံသာမက အသားဝါခြင်း ချောင်းဆိုးခြင်း အဆုတ်လေပြွန်ရောင်ခြင်း အတွက်ပါ အသုံးပြုနိုင်ပါတယ် ။

မလေးရှားရိုးရာ ဆေးပညာအရပဲစင်းငုံရွက်ပြုတ်ရည်ဟာချောင်းဆိုး ဗိုက်အောင့်ဗိုက်နာ ဝမ်းပျက်ဝမ်းလျော တွေကိုကုသနိုင်စွမ်းရှိပါတယ်။ထို့ပြင်ပဲစင်းငုံအရွက်ကြိတ်ရည်ကို နားကိုက်ခြင်း၊ရေယုံနာ၊အနာပေါက်ရောဂါတွေမှာ သုံးလေ့ရှိပါတယ်။

ပဲစင်းငုံအမြစ်ကို ထုံဆေး၊ သန်ချဆေး၊သလိပ်ရွှင်ဆေး၊ အနာကျက်ဆေး တွေမှာ သုံးလေ့ရှိသည်။

ဖိလစ်ပိုင်မှာ ပဲစင်းငုံရွက်ပြုတ်ရည်ကို
ချောင်းဆိုး ဗိုက်အောင့်ဗိုက်နာ ဝမ်းပျက်ဝမ်းလျောအတွက် အသုံးပြုပါတယ်။

Crd
#ပဲစင်းငုံ

ထောပတ်သီး၏ကောင်းကျိုးများ၁၊ ကင်ဆာဖြစ်စေခြင်းမှ ကာကွယ်ပေးခြင်း၊၂၊ မျက်လုံးအားကောင်းစေခြင်း၊၃၊ ကိုယ်ခံအားကို မြှင့်ပေးခြင်...
24/01/2023

ထောပတ်သီး၏ကောင်းကျိုးများ
၁၊ ကင်ဆာဖြစ်စေခြင်းမှ ကာကွယ်ပေးခြင်း၊
၂၊ မျက်လုံးအားကောင်းစေခြင်း၊
၃၊ ကိုယ်ခံအားကို မြှင့်ပေးခြင်း၊
၄၊ အစာချေစနစ်ကို ကောင်းစေခြင်း၊
၅၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် ခွန်အားဖြစ်စေခြင်း၊
၆၊ နှလုံးကျန်းမာရေးကောင်းမွန်​ေစ၍ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း၊
၇၊ အရိုးသန်မာစေခြင်း၊
၈၊ အသားအရည်ကို ကျန်းမာစေ၍ လှခြင်း၊
၉၊ အဆစ်ရောင်ခြင်း၊ကိုက်ခြင်းတို့ကို သက်သာစေခြင်း၊
၁၀၊ ခန္ဓကိုယ်တွင်းရှိ မကောင်းသော အဆီများကို ကျစေခြင်း၊
၁၁၊ အသည်းရောဂါများဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း၊
၁၂၊ သွေးချိုဓာတ်ကို ထိန်းညှိပေးသဖြင့် ဆီးချိုသမားများအတွက် သင့်တော်ခြင်း၊
(မှတ်ချက်-သကြားတော့မထည့်နဲ့ပေါ့။)
-ဆိုးကျိုးကတော့ မရှိသလောက်ပါပဲ။များများစားရင်တော့ ဝိတ်ပိုတက်စေပါတယ်။သူ့မှာ calories ဓာတ်များလို့ပါ။
-Diet လုပ်နေသူများကတော့ တစ်နေ့ တစ်လုံး ဒီတိုင်းစားရင်
ဝိတ်ချတယ့်နေရာမှာ အထောက်အကူပေးပါတယ်။
Nes( Shwe Nan TM)

သမုန်းပွင့် ဆေးအစွမ်းနှင့် သမုန်းပွင့် သုပ်စားနည်းအရှင်နာဂသိန်ဆေးကျမ်းမှာတော့ အဖိုပင် အမပင်ရှိတယ်လို့ရေးသားထားပါတယ် ။အမပ...
19/01/2023

သမုန်းပွင့် ဆေးအစွမ်းနှင့် သမုန်းပွင့် သုပ်စားနည်း

အရှင်နာဂသိန်ဆေးကျမ်းမှာတော့ အဖိုပင် အမပင်ရှိတယ်လို့ရေးသားထားပါတယ် ။အမပင်က အရွက်ကြီးပြီး အဖိုရွက် က သေးသေးသွယ်သွယ်ဆိုထားပါတယ်၊ တကယ်တော့ ဆရာတော်ကြီးရေးသလို မျိုးရင်းလက္ခဏာအရတော့ အဖိုအမ မရှိပါဘူး၊ အရွက်တွေကခါးကြပါတယ်၊ သလိပ်ကိုနိုင်သလို ရင်ပြည့် ရင်ကြပ် အကြောတက် အကြောအောင့် အနာ အညောင်းအညာမိလို့ ကိုက်ခဲနေသူများက သမုန်းရွက်ကို ဟင်းချို ချက်သောက်ခြင်း သမုန်းရွက်ကိုသုပ်စားသင့်တယ်လို့ ဆေးကျမ်းကဆိုထားပါတယ်၊ တနေကုန်စာသင်ရတဲ့ ဆရာဆရာမတွေ ရုံဝန်ထမ်းတွေအတွက်အထူးသင့်လျော်တာပေါ့နော်၊

သမုန်းဥသည်ပူသည် ဒါပေသည့် ဆေးဖက်လည်းဝင်ပါတယ်၊ ခြေလက်များအေးခြင်း၊ ဖေါယောင်ခြင်း၊ ညောင်းကိုက်ထုံကြင်ခြင်း၊ မျက်စေ့မှုံခြင်း ကိုယ်လက်လေးလံခြင်းတို့ကိုပျောက်ကင်းစေတယ်လို့လည်းဖေါ်ပြထားပါတယ်၊ ကြည့်ဝင်းတောင်ဆရာတော်ကြီးကတော့ မျက်စေ့အောင့် မျက်စေ့နာကို သမုန်းဥ သွေးပြီးကွင်းလိမ်းရင် တကယ်ပျောက်တယ် သက်သာတယ်လို့ မိန့်ပါတယ်၊

ရာသီစာ ဖြစ်တဲ့ အတွက် ဆေးဖက်လည်းဝင် အရသာလည်း
ရှိလှတဲ့ "သမုန်းပွင့်" ကို အသုပ် သုပ်စားခြင်းဖြင့်
fri များ အတွက် ပြုလုပ်စားသောက် ကြစေရန်
ရေးတင်လိုက်ပါတယ်

" သမုန်းပွင့်သုပ် "

သမုန်းပွင့် - ၂၅ကျပ်သား

ခရမ်းချဉ်သီး - ၂လုံး

သံပုရာသီး - ၁ လုံး

ကြက်သွန်နီ - ၃လုံး

ကြက်သွန်ဖြူ - ၃ မွှာ

ဆီ - ၅ ကျပ်သား

မြေပဲ ဆားလှော် လ္ဘက်ရည် - ၁ ပုဂံ လုံး

ပုဇွန်ခြောက် ဟင်းစားဇွန်း - ၁ဇွန်း

ပဲမှုန့် ဟင်းစားဇွန်း -၁ဇွန်း

အရသာမှုန့် -အနည်းငယ်

ဆား - အနည်းငယ်

နန္နင်း - အနည်းငယ်

ငရုတ်သီးစိမ်းတောင့် - ၅တောင့်

တို့ ပါဝင်ပါတယ်

 #ချဥ်ပေါင်ချဥ်ပေါင်ရွက်က ပုံမှန်အားဖြင့် သွားကိုက်ခြင်း၊ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ခြင်းနဲ့ အရက်နာကျခြင်းတို့ကိ...
10/01/2023

#ချဥ်ပေါင်
ချဥ်ပေါင်ရွက်က ပုံမှန်အားဖြင့် သွားကိုက်ခြင်း၊ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ခြင်းနဲ့ အရက်နာကျခြင်းတို့ကို ကုသပေးနိုင်ပါတယ်။ တချို့နေရာတွေမှာဆိုရင် ချဥ်ပေါင်ရွက်ကို ထောင်းပြီး ညှစ်လိုက်ကာ ရရှိလာတဲ့အရည်ကို မျက်စိအတွင်းသာရောင်ရမ်းခြင်းအတွက် အသုံးပြုသလို နေလှန်းအခြောက်ခံပြီး အမှုန့်ကြိတ်ချေလိုက်တဲ့အခါမှာတော့ ပွန်းပဲ့ဒဏ်ရာများ၊ ပြည်တည်နာများအတွက် အသုံးပြုကြပါတယ်။

သူ့ရဲ့ အားသာချက်တွေက ဒီမှာတင် ရပ်မသွားပါဘူး။ အခြားကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားလည်း ပေးစွမ်းနိုင်ပါသေးတယ်။

ဓမ္မတာနာကျင်ကိုက်ခဲခြင်းကို သက်သာစေခြင်း

ချဥ်ပေါင်ရွက် စားသုံးခြင်းက ဓမ္မတာစဉ် ကြွက်သားများနာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။ ထိုအချိန်မှာ အမျိုးသမီးများ ခံစားရလေ့ရှိတဲ့ စိတ်အပြောင်းအလဲအတက်အကျမြန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အစား အလွန်အကျွံစားသုံးခြင်း စတဲ့ လက္ခဏာများကို လျော့ပါးသက်သာစေပြီး ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းများ ညီမျှမှုရှိအောင် ကူညီပေးပါတယ်။

ဘက်တီးရီးယားများကို တိုက်ဖျက်ပေးပြီး ရောင်ရမ်းမှုကို လျော့ချပေးခြင်း

ချဥ်ပေါင်ရွက်ကို ကြော်စား၊ ချက်စားရုံသမကာ ဟင်းရည်လုပ်သောက်နိုင်သလို လက်ဖက်ရည်ကဲ့သို့လည်း သောက်သုံးနိုင်ပါသေးတယ်။ ချဥ်ပေါင် လက်ဖက်ရည်မှာဆိုရင် ဗီတာမင်စီဓာတ်ကြွယ်ဝစွာပါဝင်ပြီး ထိုဗီတာမင်စီက သင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်ကို ပံ့ပိုးပေးတဲ့အပြင် ခုခံစွမ်းအားမြင့်မားလာအောင်လည်း ကူညီပေးပါသေးတယ်။

ကိုယ်ခံစွမ်းအားမြင့်မားတဲ့အတွက်ကြောင့် အအေးမိဖျားနာခြင်းနဲ့ တုပ်ကွေးတို့ရန်မှ ကင်းဝေးပါလိမ့်မယ်။

အစာချေစနစ်ကို ကူညီပေးခြင်း
ချဥ်ပေါင်ရွက်စားသုံးခြင်းက ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အူမကြီးကင်ဆာ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျစေခြင်း
သကြားဓာတ်၊ ကစီဓာတ်နဲ့ ကာဘိုဟိုက်ဒြိုက်ဓာတ်များတဲ့ အစားအစာများကို အလွန်အကျွံစားသုံးမိမယ်ဆိုရင် သင့် ခန္ဓာကိုယ်က ဝိတ်တက်လာပါလိမ့်မယ်။ ချဥ်ပေါင်ရွက်ကတော့ ထိုကစီဓာတ်နဲ့ ကလူးကို့စ်ဓာတ် ပါဝင်မှုများကို စုပ်ယူပစ်နိုင်တဲ့ အစွမ်းသတ္တများ ပိုင်ဆိုင်ထားတာကြောင့် ဝိတ်ကျချင်သူတွေအတွက် အသင့်တော်ဆုံးအစားအစာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။

စိတ်ကျရောဂါကို ကုသပေးနိုင်ခြင်း
ချဥ်ပေါင်ရွက်ထဲမှာ Flavonoids လို့ခေါ်တဲ့ စိတ်ကျရောဂါကို ဆန့်ကျင်တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ထိုဓာတ်က အာရုံကြောစနစ်ကို ကောင်းမွန်စွာ အလုပ်လုပ်ဆောင်နိုင်အောင် ကူညီပေးပြီး ကိုယ် စိတ်နှလုံး အေးချမ်းတည်ငြိမ်အောင် ကူညီပေးနိုင်ပါတယ်။ ချဥ်ပေါင်ရွက်တင် ကျန်းမာရေးအတွက်အကျိုးပြုတာမဟုတ်ပါဘူး။ ချဥ်ပေါင်သီးကလည်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးပေးစွမ်းတာကြောင့် ယိုထိုးပြီးလည်း စားသုံးနိုင်သလို အရည်ဖျော်သောက်လို့လည်း ရပါတယ်
original writter

 #ရုံးပတီသီး၁။ ။ဆီးချိုသမားတွေအတွက် သဘာဝဆေးစွမ်းကောင်းတစ်လက်ရုံးပတီသီးမှာ အင်ဆူလင်ဆေးလို အစွမ်းသတ္တိ တွေရှိနေပါတယ်။ အင်ဆ...
21/09/2022

#ရုံးပတီသီး
၁။ ။ဆီးချိုသမားတွေအတွက် သဘာဝဆေးစွမ်းကောင်းတစ်လက်
ရုံးပတီသီးမှာ အင်ဆူလင်ဆေးလို အစွမ်းသတ္တိ တွေရှိနေပါတယ်။ အင်ဆူလင်ဆေးဆိုတာ ဆီးချိုသမားတွေမှာ အသုံးပြုတဲ့ ထိုးဆေးပါ။ ရုံးပတီသီးမှာပါတဲ့ Eugenol ဆိုတဲ့ အမျှင်ဓာတ်ဟာ အူအတွင်းမှ သကြားဓာတ် စုပ်ယူမှုကို ထိန်းသိမ်းပေးကာ သွေးတွင်းရှိ သကြားဓာတ် လွန်ကဲစွာ မြင့်တက်လာခြင်းကို ကာကွယ်တားဆီးပေးပါတယ်။

၂။ရုံးပတီသီးမှာ အမျှင်ဓာတ်များစွာနဲ့ ပျစ်ချွဲရည်တွေ ပါဝင်ပါတယ်။ ရုံးပတီသီးကို စားခြင်းအားဖြင့် အစားအစာ တွေကို ကြေညက်စေပြီး အစာမကြေတာကို သက်သာကာ ဝမ်းမှန်စေပါတယ်။ ရုံးပတီသီးမှာပါတဲ့ Pectin ဆိုတဲ့ အမျှင်ဓာတ်ကြောင့် အူတွင်းက အညစ်အကြေးတွေရဲ့ ရွေ့လျားမှုကို အဆင်ပြေချောမွေ့စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။ရုံးပတီသီးက သဘာဝကပေးတဲ့ ဝမ်းမှန်ဆေးပါပဲ။

၃။ကိုယ်ဝန်ဆောင်တွေ နေ့စဉ် စားသုံးသင့်တဲ့မီးဖိုချောင်မှ ဆေးတစ်လက်

ရုံးပတီသီးမှာ ပါဝင်တဲ့ ဖောလစ်ဓာတ်နဲ့ အာဟာရတန်ဖိုးတွေက ကိုယ်ဝန်ရခြင်းကို ကူညီပေးနိုင်သလို သန္ဓေသားရဲ့ ဦးနှောက် ဖွံ့ဖြိုးခြင်းကို ကူညီပေးရုံသာမက ကိုယ်ဝန်ပျက်ကျခြင်းကို တားဆီးပေးပြီး ကလေးတွေမွေးလာတဲ့အခါ အာရုံကြောဆိုင်ရာ ချွတ်ယွင်းချက်တွေ ပါမလာအောင် တားဆီးကာကွယ်ပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်စဉ် ရုံးပတီသီးကို ပုံမှန်စားရင် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

၄။အရိုးတွေကို သန်မာစေခြင်း

ရုံးပတီသီးမှာပါတဲ့ ကယ်လ်စီယမ်၊ ဘီတာမင် ကေ နဲ့ ဖော့လိတ်ဓာတ်တွေကြောင့် အရိုးတွေရဲ့ သိပ်သည်းဆကို မြင့်မားစေပြီး အရိုးတွေကို သန်မာစေကာ အရိုးပွရောဂါ မှ ကာကွယ် တားဆီးပေးပါတယ်။

၅။ပန်းနာရင်ကြပ်သမားတွေအတွက် မိတ်ဆွေကောင်း
ပန်းနာရင်ကြပ်ရောဂါဆိုတာ အဆုတ်လေပြွန်တွေ ရောင်ရမ်းပြီး အသက်ရှူရခက်တဲ့ ရောဂါတစ်မျိုးပါ။ ရုံးပတီသီးမှာပါတဲ့ အင်တီအောက်စီဒန့်၊ ဘီတာမင် စီနဲ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဓာတ်တွေကြောင့် ပန်းနာရင်ကြပ်ရောဂါကို သက်သာစေပြီး ရင်ကြပ်တဲ့ အကြိမ်အရေအတွက်ကို လျော့ချပေးနိုင်ပါတယ်။

၆။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို သက်သာစေခြင်း

ရုံးပတီပင်က အပွင့်နဲ့ သစ်ရွက်တွေကို ပြုတ်ပြီး သောက်ရင် အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာ၊အဆုတ်ရောင်ရောဂါ နဲ့ အအေးမိတုပ်ကွေးရောဂါ တွေကို သက်သာစေတယ်။

၇။အပူဒဏ်ကြောင့်ဖြစ်တဲ့ နွမ်းနယ်ခြင်းတွေ ကင်းဝေစေခြင်း

ရုံးပတီသီးမှာပါတဲ့ ဒြပ်ပေါင်းတွေက အပူဒဏ်
ကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေကို သက်သာစေပါတယ်။

၈။အူမကြီးကင်ဆာဖြစ်ပွားနှုန်း လျော့နည်းစေခြင်း

ရုံးပတီသီးမှာပါတဲ့ အမျှင်ဓာတ် တွေကြောင့် ဝမ်းမှန်စေကာ အူမကြီးကင်ဆာ ဖြစ်ပွားနှုန်းကို လျော့ချပေးပါတယ်။ ရုံးပတီသီးမှာပါတဲ့ အင်တီအောက်စီဒန့်တွေက ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်များပြောင်းလဲမှုကို တားဆီးကာကွယ်ပေးပါရုံသာမက ကိုယ်ခံအားကို တိုးပွားစေကာ ရောဂါပေါင်းစုံမှ ကာကွယ် ပေးနိုင်ပါတယ်။

၉။အဝလွန်ခြင်းမှ ကင်းဝေးစေခြင်း

ရုံးပတီသီးမှာ ကယ်လိုရီ အနည်းငယ်သာ ပါဝင်ပြီး အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ အမျှင်ဓာတ်တွေက အစာမွတ်သိပ်မှုကို တားဆီးပေးပြီး မကြာခဏ အစာစားချင်စိတ်ဖြစ်ခြင်းမှ ကင်းဝေးစေပါတယ်။

၁၀။သွေးအတွင်းအဆီ ကျစေခြင်း
ရုံးပတီသီးမှာပါဝင်တဲ့ Pectin ဆိုတဲ့ အမျှင်ဓာတ်က ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ အဆီတွေကို ကျစေကာ သွေးကြောမာကျစ်ခြင်း၊ သွေးတွင်းအဆီပိတ်ခြင်းတွေကို တားဆီးပေးခြင်း အားဖြင့် နှလုံးရောဂါ ဖြစ်ပွားနှုန်းကို လျော့ကျစေပါတယ်။

original writter

အမျိုးသမီးများသားအိမ်အလုံးတည်ခြင်း🚫  (uterine fibroid)ဒီနေ့မှာ prettyတို့အတွက် အမျိုးသမီးတွေမှာ အဖြစ်များစိုးရိမ်းရတဲ့ သ...
20/09/2022

အမျိုးသမီးများသားအိမ်အလုံးတည်ခြင်း🚫 (uterine fibroid)

ဒီနေ့မှာ prettyတို့အတွက် အမျိုးသမီးတွေမှာ အဖြစ်များစိုးရိမ်းရတဲ့ သားအိမ် အလုံးတည်ခြင်းအကြောင်းလေးပြောပြချင်ပါတယ်🚫

အမျိုးသမီးတွေရဲ့ ၂၀% ကနေ ၅၀% လောက်က အမျိုးသမီးဟော်မုန်း
အက်စတိုဂျင် (Estrogen) နှင့် ပရိုဂျက်စတီရုန်း (Progesterone) တွေက သားအိမ်ကြွက်သားဖွံဖြိုးမှုကို လှုံ့ ဆော်တာကြောင့် သားအိမ်အလုံးဖြစ်လာတတ်ပါတယ်။
တော်တော်များများ အလုံးတွေက သူ့ဘာသာသူ ရှုံ့ သွားတာမျိုးလည်း ရှိ တတ်ပါတယ်။ရှုံ့သွားပြီးပျောက်သွားရင်တော့ကောင်းပါတယ်ဒါပေမယ့် တချို့အလုံးတွေကျတော့ မသိမသာ လက္ခဏာလောက်ပဲပြတတ်ပြီး ကြီးလာတတ်ပါတယ်။ ဒါကြောင့်
လက္ခဏာလေးတွေ ဖော်ပြချင်ပါတယ်။🚫

-ဓမ္မတာပုံမှန်မဟုတ်ဘဲ ကြာရှည်စွာလာနေခြင်း
-ဓမ္မတာလာရာတွင် သာမန်ထက် အလွန်အမင်း များခြင်း
-ဓမ္မတာမမှန်ခြင်း
-ဓမ္မတာလာချိန်တွင်း အလွန်နာကျင်ခြင်း
-တင်ပဆုံတွင်နာခြင်း
- နောက်ကျောနာခြင်း
-ဗိုက်ပူလာခြင်း

ဒီသားအိမ်လုံး၊သားအိမ်အကျိတ်(ခေါ်)သားအိမ်ရေအိတ်ဟာ တစ်လုံး(သို့မဟုတ်)တစ်လုံးထက်ပိုပြီး ၃/၄ လုံးအထက် ဖြစ်တည်နေတတ်ပါတယ်။အလုံးအသေးလေးကနေပြီး အလုံးအကြီးကြီးထိ့ ဖြစ်တည်လာနိုင်သလို အရွယ်အစားအားဖြင့်လည်းမတူညီပါဘူး။
ဘယ်တော့မှသိသလဲဆိုရင် အလုံးရေများလာပြီး အလုံးတွေကြီးထွားလာမှ ရိပ်မိလာကြတယ်။ခါးနာ၊ခါးကိုက်(Backache or leg pains)ခြေထောက်နာ၊ခြေထောက်ကိုက်တဲ့ဝေဒနာတွေ ခံစားလာရလိမ့်မယ်။

ဒီအလုံးဟာ သားအိမ်ရဲ့ ဟိုးအတွင်းဆုံးအပိုင်းမှာ ဖြစ်တည်နေပါလျှင် ရာသီဆင်းတာ(Heavy menstrual bleeding)များပါလိမ့်မယ်။

ဒီအလုံးဟာ သားအိမ်ရဲ့အပြင်ဘက်အလွှာမှာ ဖြစ်တည်နေပါလျှင် ရာသီမမှန်တာဖြစ်တတ်သလို ရာသီးဆင်းပါကလည်း အရင်ထက် နည်းနေတတ်ပါတယ်။

ဒီနှစ်ချက်ရဲ့ အားနည်းချက်၊အားသာချက်က ဘာကြောင့်လဲဆိုရင် အတွင်းပိုင်းမှာဖြစ်ရင် အဝကျယ်၍ ရာသီးဆင်စရာလမ်းကြောင်း ပိုကျယ်လာတတ်သလို အပြင်ပိုင်းမှာဖြစ်ရင် ရာသီဆင်းစရာလမ်းကြောင်း ကျဉ်းမြောင်းသွားတတ်ပါတယ်။

တကယ်လို့ ဒီအလုံးဟာ ကြီးထွားပြီး ဆီးအိမ်ကို ဖိ့ထားသလိုဖြစ်နေရင် ဆီးခဏ ခဏ သွားချင်နေမယ်..တကယ်လို့ အူလမ်းကြောင်းကိုဖိ့မိနေရင် ဝမ်းချုပ်တတ်ပါတယ်။

သားအိမ်လုံးအကျိတ်၊ရေအိတ်ကြောင့် ရာသီဆင်းတာ များသူတွေဟာ သွေးအားနည်းလာတတ်သလို အားအင်ကုန်ခမ်းပြီး အသားရည်ဖြူဖတ်ဖြူရော်ဖြစ်လာမယ်၊အသက်ရှုရတာမဝဖြစ်လာမယ်၊အလိုလိုနေရင်းနဲ့မောပန်းနေတတ်ပါတယ်။ဒီလို ဖြစ်နေတဲ့အမျိုးသမီးတွေဟာ အသား၊ငါး၊လတ်ဆတ်သော အသီးအရွက်များများစားသုံးပေးသင့်ပြီး သံဓာတ်ပါဝင်တဲ့ အားဆေးကို သောက်သုံးပါ။

အလုံးကြီးရင်တော့ ဗိုက်ခွဲပြီး ဖယ်ရှားရသလို၊အလုံးသေးရင်တော့ ဆေးရုံသုံး ကိရိယာများဖြင့် မိန်းမကိုယ်အတွင်းကနေတဆင့်နှိုက်၍ ဖယ်ရှားရပါတယ်။

ဒီလို ဖယ်ရှားပြီးသူတိုင်းဟာ ကလေးယူလို့ မနိုင်တော့သလို ကံမကောင်းရင်ဖြင့် သားအိမ်ကိုဖြတ်ထုတ်ဖယ်ရှားတဲ့အထိဖြစ်နိုင်ခြေရှိပါတယ်။🚫🚫

မစိုးရိမ်ပါနဲ့ ဒီအလုံးဟာ ကင်ဆာဆဲလ် မဟုတ်သည့်အတွက်ကြောင့် ခွဲစိတ်ကုသရင်ဖြင့်ပျောက်ကင်းသက်သာနိုင်သလို ခွဲစိတ်ကုသပြီးပေမဲ့လည်း ပြန်လည်ဖြစ်တည်လာတတ်ပါတယ်။

ဘယ်လိုကာကွယ်ရမလဲ။⁉⁉⁉

၁)လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းကို တစ်ရက်ကို တစ်နာရီလောက်လုပ်ပေးမယ်ဆိုလျှင် ရောဂါဖြစ်နှုန်း ၃၀% ကနေ၄၀% ထိချပေးနိုင်ပါတယ်။လေ့ကျင့်ခန်းကတော့ဒီရောဂါတင်မကပါဘူး၊၊
ရောဂါတော်တော်များများကိုကာကွယ်ပေးနိူင်လို့လုပ်သင့်ပါတယ်။

၂)-ဟင်းသီးဟင်းရွက်အသီးအနှံ များများစားပါ။

အရိုးပါဝါး စားလို့ရတဲ့ငါးများများစားပါ။ထိုထဲကပါတဲ့ ဗီတာမင်ဒီ ဓာတ်ဟာ သားအိမ်အလုံး မဖြစ်ဖို့ ၃၀%လောက်ထိချပေးနိုင်တယ်လို့ယူဆထားပါတယ်။

-၄) နောက်တစ်ချက်ကတော့ ကိုယ်အလေးချိန်ချဖို့ပါပဲ။

-အဝလွန်လျှင်လည်း သားအိမ်ရောဂါ အန္တရာယ်ရှိနိုင်
သောကြောင့် ကိုယ်အလေးချိန်လျော့ချပါ။ လေ့ကျင့်ခန်းဖြင့်အဆီချခြင်းကတော့အကောင်းဆုံးဖြစ်ပါသည်။

၅)နောက်တစ်ခုက တော့ အမျိုးသမီး ဟော်မုန်း estrogen ပါ။
ထို ဟော်မုန်းတွေဟာ အမျိုးသမီးတွေကိုလှပစေပါတယ်။ ဒါ့ကြောင့်တချို့ထိုးကြ သောက်ကြ တာတွေရှိပါတယ်။
တချို့ကလည်း မသိဘဲလှတယ်ဆိုလို့သောက်မိကြပါတယ်။ သဘာဝအရ ခန္ဓာကိုယ်က ထွက်တဲ့ အက်စတိုဂျင်ဟော်မုန်းတောင်လိုအပ်တာထက်
ထိတွေ့မှု ကြာလာမယ်ဆိုရင် သားအိမ်အလုံးဖြစ်နှုန်း အရမ်းများနိုင်တာမလို့ ဟော်မုန်းဆေးသောက်တာထိုးတာတွေမလုပ်သင့်ပါဘူး

၆)အရေးကြီးတာက သားအိမ်အလုံးတော်တော်များများက လက္ခဏာမပြတတ်ပါဘူး။ပျောက်သွားတတ်တာလည်းရှိပါတယ်။ပျောက်သွားရင်တော့ပြသနာမရှိ့ပေမယ့်အထက်မှာဖော်ပြထားတဲ့ ရောဂါလက္ခဏာလေးတွေပြပြီဆိုလျှင်တော့ ဆရာဝန်နဲ့သေချာပြသဆွေးနွေးသင့်ပါတယ်။

🚫ကိုယ့်မှာ သွေးဆင်းတာများတာတို့၊ တစ်လမှာ မကြာခဏဖြစ်နေတာတို့ စတဲ့ ရာသီဓမ္မတာ တစ်ခုခု ဖောက်ပြန်တာ မူမမှန်တာကို သတိပြုမိတယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေရမှာ ဖြစ်ပါတယ်။

🚫ဘာဖြစ်လို့လဲဆိုတော့ ပေါ့ပေါ့
လျော့လျော့ ထားခဲ့ရင် သားသမီးမရနိုင်တာတို့ သွေးတွေ သိသိသာသာဆုံးရှုံးမှုများလို့ သွေးအားနည်းရောဂါတို့ စတဲ့ နောက်ဆက်တွဲ ပြဿနာ တွေ ဖြစ်လာနိုင်ပါတယ်။

🚫ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အလုံးတည်ခဲ့မယ်ဆိုရင် လမစေ့ ကလေး မွေးဖွားခြင်း နဲ့ ကိုယ်ဝန်ပျက်ကျခြင်းတို့လည်း
ဖြစ်တတ်ပါတယ်။

သားအိမ်အလုံးတည်ခြင်းက
အမျိုးသမီးတိုင်း အသက်ရွယ်မရွေးဖြစ်နိုင်တာမလို့ရာသီသွေးမမှန်ခြင်းနဲ့ တစုံတရာစိုးရိမ်ရရင်ဆရာဝန်နဲ့အမြန်ဆုံးပြပြီး ကုသကြပါ♥
ကျန်းမာရေးဂရုစိုက်ကြပါနော်

အမျိုးသမီးတိုင်း
ကျန်းမာပျော်ရွင်ပါစေ လို့ ဆုတောင်းရင်း
ကျန်းမာရေး
ဗဟုသုတလေးပြောပြပေးလိုက်ပါတယ်။

Credit မူရင်းရေးသားသူ

အရွယ်( ၃ )ပါးစလုံး သက်ရှည်နုပျို ကျန်းမာ စိတ်ချမ်းသာစေမယ့် *ရွှေနန်း* 🤗မင်မင်ကိုယ်တိုင်လက်စွဲတော်သုံးနေတယ့် ဆေးတွေဖြစ်လိ...
17/09/2022

အရွယ်( ၃ )ပါးစလုံး သက်ရှည်
နုပျို ကျန်းမာ စိတ်ချမ်းသာစေမယ့် *ရွှေနန်း* 🤗

မင်မင်ကိုယ်တိုင်လက်စွဲတော်သုံးနေတယ့် ဆေးတွေဖြစ်လို့ စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါတယ်🙆

*ရွှေနန်း*ကထုတ်တဲ့ တိုင်းရင်းဆေးစစ်စစ်တွေကို သုံးကြည့်ချင်တယ်ဆိုရင် တတ်နိုင်သမျှ စျေးနှုန်းချိုသာစွာနဲ့ ရောင်းပေးနေပါတယ်🤗

*ရွှေနန်း*ကထုတ်တဲ့ ဆေးလေးတွေထဲက ကိုယ်လိုချင်တဲ့ ဆေးလေးတွေရှိရင် hello လုပ်လိုက်ပါနော်💗

တစ်နေကုန်ပင်ပန်းလို့ ဇက်ကြောတက် ခေါင်းနောက်နေလို့ပဲဖြစ်ဖြစ်💁ကားစီးပြီး ခေါင်းမူး ခေါင်းနောက်လို့ပဲဖြစ်ဖြစ်💁တစ်ကိုယ်လုံးည...
08/09/2022

တစ်နေကုန်ပင်ပန်းလို့ ဇက်ကြောတက် ခေါင်းနောက်နေလို့ပဲဖြစ်ဖြစ်💁

ကားစီးပြီး ခေါင်းမူး ခေါင်းနောက်လို့ပဲဖြစ်ဖြစ်💁

တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေလို့ပဲဖြစ်ဖြစ်💁

ရာသီအကူးအပြောင်းမှာ နှာစေးနှာပိတ်လို့ပဲဖြစ်ဖြစ်💁

သယ်ရလွယ်ကူ လိမ်းရလည်းလွယ်ကူတဲ့Roll onလေးနဲ့ ရှူလိမ်းဆေးအဆီလေးကိုမှ လိုချင်သူများအတွက်💖

အသစ်ဖော်စပ်လိုက်တဲ့ ပူပူရှိန်းရှိန်းလေးကိုမှ ကြိုက်ပါတယ်ဆိုသူများအတွက် *ရွှေနန်း*
ရှူလိမ်းဆေးအဆီဗူးလေးတွေ မှာယူလို့ရပါပြီနော်😘

cb/09-966488554 မှာ မှာယူနိုင်ပါပြီရှင်💓

Address

Chaung-U

Telephone

+959966488554

Website

Alerts

Be the first to know and let us send you an email when Nes Shwe Nan Traditional medicine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram