Fertina Myanmar

Fertina Myanmar Fertina for both healthy, happy, pretty Mun & Baby.

ကိုယ်ဝန်ဆောင်စဉ်မှာ တွေ့ရများတယ့် ရောဂါ တစ်ခုကို ပြောပြပေးမယ်နော် အဲ့ဒါ သွေးအားနည်းရောဂါ (Anaemia in Pregnancy) ဘဲဖြစ်ပါ...
30/03/2026

ကိုယ်ဝန်ဆောင်စဉ်မှာ တွေ့ရများတယ့် ရောဂါ တစ်ခုကို ပြောပြပေးမယ်နော်
အဲ့ဒါ သွေးအားနည်းရောဂါ (Anaemia in Pregnancy) ဘဲဖြစ်ပါတယ်။

🩸သွေးအားနည်းတယ်ဆိုတာ သွေးထဲမှာ ဟေမိုဂလိုဘင် (Hb) လို့ခေါ်တယ့် သွေးနီဥတွေ နည်းနေလို့ ဘဲ ဖြစ်ပါတယ်။

‼️ဘာကြောင့် သွေးအားနည်းရတာလဲ? 💊သံဓာတ်ချို့တဲ့ခြင်း (Iron Deficiency): ဒါက ကိုယ်ဝန်ဆောင်မိခင်တွေမှာ အဖြစ်အများဆုံးပါ။ကလေးအတွက်ရော မိခင်အတွက်ပါ သံဓာတ်ပိုသုံးရလို့ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အကြိမ် အရေအတွက် များလာတာနဲ့ သွေးအားနည်းတာ ပိုပို ဖြစ်လာတတ်ပါတယ်။
💊ဖောလစ်အက်ဆစ် ချို့တဲ့ခြင်း (Folate Deficiency): ဆဲလ်အသစ်တွေ တည်ဆောက်ဖို့ ဖောလစ်အက်ဆစ် လိုအပ်ပါတယ်။
💊ဗီတာမင် B12 ချို့တဲ့ခြင်း: အသားငါး သိပ်မစားသူတွေမှာ ဖြစ်တတ်ပါတယ်။
💊အခြားအကြောင်းရင်းများ: သွေးယိုစိမ့်ခြင်း၊ သွေးကင်ဆာ သို့မဟုတ် မျိုးရိုးလိုက် သွေးရောဂါများ (Thalassemia)။
Thalassaemia လို့ ခေါ်တယ့် သွေးရောဂါ တွေလည်း ကိုယ်ဝန်ဆောင်မိခင်တွေမှာ အတွေ့များတယ့် အခြေအနေ တစ်ခုဖြစ်တယ်ဆိုတာ သတိပြုရမှာဘဲ ဖြစ်ပါတယ်။

👀သွေးအားနည်းရင် ဘယ်လို လက္ခဏာတွေ ခံစားရတတ်သလဲ?
သွေးအားနည်း ရောဂါဖြစ်တယ့် သူတွေမှာ - အရမ်းမောပန်းလွယ်တာ၊ အားမရှိတာ။
• ခေါင်းမူးတာ၊ မျက်စိပြာတာ။
• ရင်တုန်တာ၊ အသက်ရှူမဝတည။
• အသားအရောင် ဖြူဖျော့လာတာ ဖြစ်လာပါတယ်။

🤰ဘယ်လို ကုသမှုနှင့် ကာကွယ်မှု တွေ လုပ်လို့ရလဲ?
ကုသမှု အနေနဲ့ ကတော့ သွေးအားနည်းရတယ့် အကြောင်းအရင်းပေါ် မူတည်ပြီး ကုထုံး လမ်းညွှန်ချက်တွေရှိပါတယ်။
ဥပမာ အနေ နဲ့ သံဓာတ်အားနည်းရင် သံဓာတ်ကြွယ်ဝတယ့် အစားအစာ စားပေးတာ၊ သံဓာတ်အားဆေးသောက်တာ၊
Thalassaemia လို သွေးရောဂါဆို သွေးသွင်းကုသရတာ မျိုးဖြစ်ပါတယ်။
ဘယ်လိုတွေ လုပ်ဆောင်လို့ရလဲ ဆိုရင်တော့
၁။ အစားအသောက်ပြောင်းလဲပေးတာ : အသား၊ ငါး၊ အသည်း၊ အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်နှင့် ပဲအမျိုးမျိုးကို ပိုစားပေးရပါမယ်။
၂။ သံဓာတ်အားဆေး (Iron Supplements): ဆရာဝန်ညွှန်ကြားချက်အတိုင်း သံဓာတ်အားဆေး ကို သောက်ရပါမယ်။
: သံဓာတ်အားဆေးကို ဗီတာမင် C (လိမ္မော်ရည်၊ သံပရာရည် )နဲ့ တွဲသောက်ရင် စုပ်ယူမှု ပိုကောင်းစေပါတယ် ။ ဒါ့အပြင် ဘာမှ မစားရသေးခင်သောက်ရင် ပိုကောင်းပါတယ်။ လက်ဖက်ရည်/ကော်ဖီနဲ့ တွဲသောက်ရင်တော့ စုပ်ယူမှု လျော့နည်းစေပါတယ်။
၃။ သွေးသွင်းကုသတာ :သွေးနီဥ ပမာဏ အရမ်းနည်းသွားရင် ၊ ဒါမှမဟုတ် မွေးခါနီးအချိန်မှာ သွေးသွင်းဖို့ လိုအပ်နိုင်ပါတယ်။

🚫မကုသဘဲ ထားရင် ဘာဖြစ်မလဲ?
🤰မိခင်အနေနဲ့ မွေးဖွားစဉ် သွေးသွန်ရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ကူးစက်ရောဂါ ပိုဖြစ်လွယ်ပါတယ်။ သွေးအားနည်းနေလျှင် သွေးသွန်ဖို့ အခွင့်အလမ်းလည်းများပါတယ်။
👶ကလေးအနေနဲ့ : ပေါင်မပြည့်ဘဲ မွေးခြင်း၊ လမစေ့ဘဲ မွေးခြင်းနှင့် ကလေးကြီးထွားမှု နှေးကွေးခြင်းတို့ ဖြစ်နိုင်ပါတယ်။

သွေးအားနည်းရောဂါနဲ့ ပတိသတ်ပြီး သိိလိုတာတွေကို Dr Fertina အား cb or comment ကနေတဆင့် မေးမြန်းလို့ရပါတယ်

By: Dr. Fertina
#မေမေ့ရဲ့ ပထမဆုံးလက်ဆောင်မွန်




‼ကိုယ်ဝန်ဆောင်မေမေတို့ သိလိုသမျှကို Dr. Fertina ကို မေးမြန်းနိုင်ပါပြီ‼ကိုယ်ဝန်ဆောင်ကျန်းမာရေးနှင့် ပက်သက်တဲ့ မေးခွန်းလေ...
30/03/2026

‼ကိုယ်ဝန်ဆောင်မေမေတို့ သိလိုသမျှကို Dr. Fertina ကို မေးမြန်းနိုင်ပါပြီ‼
ကိုယ်ဝန်ဆောင်ကျန်းမာရေးနှင့် ပက်သက်တဲ့ မေးခွန်းလေးတွေကို အားမနာတမ်း
မေးမြန်နိုင်ဖို့အတွက် Dr. Fertina က ဖြေပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ...
(ကိုယ်ဝန်ဆောင်မေမေတို့ သိလိုသမျှ မေးခွန်းလေးတွေကို comment / Chat box တို့မှာ မေးမြန်းနိုင်မှာဖြစ်ပါတယ်)
Fertina Myanmar Page လေးကို Like & Follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

"မေမေတစ်ယောက်ရဲ့ ပင်ပန်းမှုတွေကို Fertina က နားလည်ပါတယ်"ကိုယ်ဝန်ဆောင်တယ်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ အလှပဆုံးအချိန်...
30/03/2026

"မေမေတစ်ယောက်ရဲ့ ပင်ပန်းမှုတွေကို Fertina က နားလည်ပါတယ်"
ကိုယ်ဝန်ဆောင်တယ်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ အလှပဆုံးအချိန်ဖြစ်သလို၊ စိန်ခေါ်မှု အများဆုံး အချိန်လည်း ဖြစ်ပါတယ်။ မနက်ခင်း နိုးနိုးချင်း ပျို့အန်တာ၊ အစားအသောက် ပျက်တာ၊ တစ်ကိုယ်လုံး ညောင်းညာပြီး ပင်ပန်းနေတာမျိုးတွေကို မေမေတိုင်း ကြုံရတတ်ပါတယ်။
ဒီလိုအချိန်မှာ မေမေလည်း ကျန်းမာချင်သလို၊ ဗိုက်ထဲက ရင်သွေးလေးကိုလည်း အာဟာရ အပြည့်အဝ ပေးချင်တာ မိခင်တိုင်းရဲ့ ဆန္ဒပါပဲ။ Fertina (ဖါတီးနား) က မေမေတို့ရဲ့ ဒီလို အခက်အခဲတွေကို ကူညီပေးဖို့ အနားမှာ ရှိနေပါတယ်။
German Nutrition Society ရဲ့ ထောက်ခံချက်အတိုင်း ဖော်စပ်ထားတာမို့ Fertina မှာ မေမေတို့အတွက် လိုအပ်တဲ့ အားအင်တွေသာမက၊ သားသားမီးမီးလေးတွေရဲ့ ဉာဏ်ရည်နဲ့ ဖွံ့ဖြိုးမှုအတွက် Omega-3 (DHA) ကိုပါ အချိုးကျကျ ထည့်သွင်းပေးထားပါတယ်။

"မေမေ စိတ်ချမ်းသာမှ ရင်သွေးလေးလည်း ပျော်ရွှင်မှာမို့... Fertina နဲ့အတူ ဒီခရီးစဉ်လေးကို အကောင်းဆုံး ဖြတ်သန်းလိုက်ရအောင်လားရှင်"

#မေမေ့ရဲ့ပထမဆုံးလက်ဆောင်မွန်

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်လောင်းတော်တော်များများ ခံစားရလေ့ရှိတယ့် ခါးနာတာနဲ့ ဆီးစပ်ကိုက် တယ့် ဝေဒနာ အကြောင်း ပြောပြပေးသ...
30/03/2026

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်လောင်းတော်တော်များများ ခံစားရလေ့ရှိတယ့် ခါးနာတာနဲ့ ဆီးစပ်ကိုက် တယ့် ဝေဒနာ အကြောင်း ပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်။
ဘာကြောင့်လဲ ဆိုရင် ခန္ဓာကိုယ်ထဲမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာကြောင့်ဘဲ ဖြစ်ပါတယ်။

ဘာတွေက အဓိက ဖြစ်စေသလဲ?
၁။ ဟော်မုန်း အပြောင်းအလဲများခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်လာတယ့် ဟော်မုန်းအချို့ က ကလေးမွေးတဲ့အခါ လွယ်ကူအောင် တင်ပါးဆုံရိုး ဆက်ကြောင်းတွေနဲ့ အရွတ်တွေကို ပျော့ပြောင်းအောင် လုပ်ပေးတာပါ။ ဒါပေမဲ့ အဲဒီလို ပျော့သွားတဲ့အခါ ခါးရိုးနဲ့ တင်ပါးဆုံပိုင်းမှာ တည်ငြိမ်မှု လျော့နည်းသွားပြီး နာကျင်မှုကို ဖြစ်စေပါတယ်။
၂။ ခန္ဓာကိုယ် အနေအထား ပြောင်းလဲခြင်း
ဗိုက်ထဲမှာ ကလေးလေး ကြီးထွားလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ဗဟိုချက် (Center of Gravity) က ရှေ့ကို ရောက်သွားပါတယ်။ ဒါကို ဟန်ချက်ညီအောင် ခန္ဓာကိုယ်ကို နောက်ကို ပြန်ဆွဲထားရတဲ့အတွက် ခါးရိုးအောက်ပိုင်း ကြွက်သားတွေပေါ်မှာ ဝန်ပိပြီး ခါးနာလာရတာပါ။
၃။ ကိုယ်အလေးချိန် တက်လာခြင်း
ကိုယ်ဝန်လရင့်လာတာနဲ့အမျှ တက်လာတဲ့ ကိုယ်အလေးချိန်ကို ခြေထောက်နဲ့ ခါးရိုးက ထမ်းထားရပါတယ်။ ဒါက ခါးရိုးနဲ့ အဆစ်အမြစ်တွေအပေါ် ဖိအားဖြစ်စေပြီး ခါးနာရတာဘဲ ဖြစ်ပါတယ်။
၄။ စိတ်ဖိစီးမှု (Stress)
စိတ်ဖိစီးတဲ့အခါ ကြွက်သားတွေ တင်းမာလာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခါးပိုင်းက ကြွက်သားတွေဟာ ပိုပြီး ထိခိုက်လွယ်တာကြောင့် စိတ်ဖိစီးမှုကြောင့်လည်း နာကျင်မှု ပိုဆိုးတတ်ပါတယ်။

🤰ကိုယ်ဝန်လရင့်လာတာ နဲ့ အမျှ ဆီးစပ်ကိုက် တယ့် ဝေဒနာကို အတော်လေး ခံစားလာရပါလေ့ရှိကြပါတယ်။

ဆီးစပ် ဒါမှမဟုတ် ပေါင်ခြံနားက နာတာ ဘာကြောင့်ဖြစ်ရတာလဲ ဆိုရင်
🦴တင်ပါးဆုံရိုး ပွခြင်း: ရှေ့မှာပြောခဲ့တဲ့ ဟော်မုန်းအပြောင်းအလဲ ကြောင့် ဆီးစပ်အရိုးအဆစ်တွေ အရမ်းလျော့ရဲသွားတဲ့အခါ လမ်းလျှောက်ရင် ဒါမှမဟုတ် လှုပ်ရှားရင် နာကျင်တတ်ပါတယ်။
👶ကလေးခေါင်း ဖိခြင်း: ကိုယ်ဝန်နောက်ဆုံးပတ်တွေမှာ ကလေးခေါင်းက တင်ပါးဆုံထဲ ဆင်းလာတဲ့အတွက် ဆီးအိမ်နဲ့ ဆီးစပ်ရိုးပေါ်မှာ ဖိအားဖြစ်ပြီး နာကျင်တတ်ပါတယ်။

သက်သာစေဖို့ ဘာလုပ်သင့်သလဲ?
🐣 မတ်မတ်ထိုင်ပါ၊ မတ်မတ်ရပ်ပါ။ အိပ်ရင် ဘေးစောင်းအိပ်ပြီး ခြေထောက်ကြားမှာ ခေါင်းအုံးခုပါ။
👡ဖိနပ်: ဒေါက်ဖိနပ် မစီးပါနဲ့။ အောက်ခံပြား အိအိညက်ညက်ပါတဲ့ ဖိနပ်အပြားကိုပဲ ရွေးစီးပါ။
🏋️အလေးအပင်: အလေးအပင် မတာ ရှောင်ပါ။ တစ်ခုခု ကောက်ချင်ရင် ခါးကိုမကုန်းဘဲ ဒူးကိုညွှတ်ပြီး ကောက်ပါ။
🤰ခါးစည်းပတ်တီး: ကိုယ်ဝန်ဆောင်တွေအတွက် သီးသန့်ထုတ်ထားတဲ့ ခါးထောက်ပံ့ပေးတဲ့ ဗိုက်စည်း (Maternity Support Belt) ကို အသုံးပြုနိုင်ပါတယ်။
💊ဆေးအနေ နဲ့ အကိုက်အခဲ ပျောက်ဆေး ပါရာစီတမော သောက်လို့ရပါတယ် ။

🚫🚫🚫လရင့်လာတာနဲ့ အမျှ နေလို့ မကောင်း တယ့် အခါ ဗိုက်ပြင်ဖို့ တိုက်တွန်းလေ့ရှိကြပါတယ်။ ဗိုက်ပြင်တာကို လုံးဝ(လုံးဝ) မလုပ်သင့်ပါဘူး။ ဗိုက်ပြင်တာဟာ ကောင်းကျိုးတခုမှ မပေးဘဲ ဆိုးကျိုး တွေ နဲ့ ကလေးအတွက် အရမ်းအန္တရာယ်များပါတယ် ။

သိလိုတာတွေ က်ို Dr Fertina အား comment (သို့) messenger မှတဆင့် မေးမြန်း နိုင်ပါတယ်။
By: Dr. Fertina
#မေမေ့ရဲ့ ပထမဆုံးလက်ဆောင်မွန်




"မေမေလောင်းလေးတို့အတွက် အားကိုးထိုက်ဆုံး... Fertina ကိုယ်ဝန်ဆောင်အားဆေး"ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ဘာတွေစားရမလဲ၊ ဘယ်အားဆေးက ...
18/03/2026

"မေမေလောင်းလေးတို့အတွက် အားကိုးထိုက်ဆုံး... Fertina ကိုယ်ဝန်ဆောင်အားဆေး"
ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ဘာတွေစားရမလဲ၊ ဘယ်အားဆေးက အကောင်းဆုံးဖြစ်မလဲဆိုပြီး ဝေခွဲမရ ဖြစ်နေပြီလား? မေမေတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို Fertina (ဖါတီးနား) က အဖြေပေးပါလိမ့်မယ်။
Fertina ကို ဘာကြောင့် အားကိုးသင့်တာလဲ?
သူက သာမန်အားဆေးတစ်မျိုးတည်း မဟုတ်ဘဲ မေမေတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် (၁၁) မျိုး၊ သတ္တုဓာတ် (၆) မျိုးနဲ့ ရင်သွေးလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြတ်စေမယ့် Omega-3 (DHA) တို့ကိုပါ စနစ်တကျ ပေါင်းစပ်ထုတ်လုပ်ထားလို့ပါ။ ဆေးဗူးတွေ အများကြီး သောက်နေစရာမလိုဘဲ Fertina တစ်မျိုးတည်းနဲ့တင် ပြည့်စုံစေမှာပေါ့။
ဒါတင်မကသေးပါဘူး... မွေးဖွားပြီး နို့တိုက်မိခင်ဘဝအထိ မိခင်နို့ရည်ကို အာဟာရ ပိုမိုပြည့်ဝစေလို့ ကလေးငယ်ရဲ့ ဖွံ့ဖြိုးကြီးထွားမှုကို များစွာ အထောက်အကူပြုပါတယ်။ မေမေတို့အတွက်လည်း မွေးဖွားပြီးစ အနာကျက်မြန်စေရုံသာမက၊ အသားအရေကို စိုပြေဝင်းပစေလို့ “တစ်သားမွေး၊ တစ်သွေးလှ” ဆိုတဲ့အတိုင်း မိခင်ဘဝရဲ့ အလှပဆုံးအချိန်တွေကို Fertina က ဖန်တီးပေးမှာပါ။
မိခင်ဘဝရဲ့ အစဦးခရီးလမ်းမှာ Fertina က မေမေတို့အတွက် ယုံကြည်စိတ်ချရဆုံး အဖော်မွန် ဖြစ်နေမှာပါရှင်။

#မေမေ့ရဲ့ပထမဆုံးလက်ဆောင်မွန်

မွေးဖွားဆောင်တွေမှာ ကလေးရေမွှာနည်း လို့ ဆေးရုံ တက်ရောက်မှု ခံယူရတယ့် မိခင် ရာခိုင်နှုန်းကလည်း မနည်းလှပါဘူး။ ကိုယ်ဝန်ဆောင...
18/03/2026

မွေးဖွားဆောင်တွေမှာ ကလေးရေမွှာနည်း လို့ ဆေးရုံ တက်ရောက်မှု ခံယူရတယ့် မိခင် ရာခိုင်နှုန်းကလည်း မနည်းလှပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ ရေမွှာရည် အတက်အကျရှိတာက သဘာဝပါ။
ရေမွှာရည်ဟာ သန္ဓေသားလေး လှုပ်ရှားရလွယ်ကူစေဖို့၊ အပူချိန်ထိန်းညှိပေးဖို့နဲ့ အဆုတ်ဖွံ့ဖြိုးဖို့အတွက် အရေးကြီးပါတယ်။

ကိုယ်ဝန်အပတ်ရေအလိုက် ရေမွှာရည်ပမာဏ ဘယ်လို ပြောင်းလဲသွားလဲ ဆိုတာနဲ့ ပက်သတ်ပြီး ပြောပြပေးသွားပါမယ်။
၁။ ကိုယ်ဝန်အပတ်ရေအလိုက် ရေမွှာရည် ပမာဏ အပြောင်းအလဲ
ကိုယ်ဝန်အစောပိုင်းမှာ ရေမွှာရည်ဟာမိခင်ရဲ့ ကိုယ်ခန္ဓာကနေ ထုတ်လုပ်ပေးပေမဲ့ ကိုယ်ဝန် ဒုတိယသုံးလပတ်လောက်မှာတော့ ကလေးရဲ့ ဆီးကနေ ရေမွှာရည် အဓိကဖြစ်လာပါတယ်။ကလေးက ရေမွှာရည်ကို မျိုလိုက် ဆီးကနေ စွန့်လိုက် နဲ့ ရေမွှာရည် ပမာဏ တစ်ခု ကို ထိန်းထားလေ့ရှိပါတယ်
🙈ကိုယ်ဝန် ၁၀ ပတ်ခန့် မှာ ၃၀ml ခန့် (အနည်းငယ်သာ ရှိသေးသည်)
🐣ကိုယ်ဝန် ၂၀ပတ်ခန့်: ၃၀၀ml ခန့်
🐣ကိုယ်ဝန် ၃၀ ပတ်: အများဆုံးအချိန် ဖြစ်ပြီး ၆၀၀ ml
🐣ကိုယ်ဝန် ၃၈ ပတ်ခန့် : ၁၀၀၀ ml ခန့်အထိ ရှိတတ်ပါတယ်။
🐣ကိုယ်ဝန် ၄၀ ပတ် (မွေးခါနီး): 6၀၀ ml ခန့်သို့ ပြန်လည် လျော့နည်းသွားတတ်ပါတယ်။

၂။ ရေမွှာရည်ကို ဘယ်လိုတိုင်းတာလို့ရသလဲ???
ဆရာဝန်တွေက Ultrasound (တယ်လီဗေးရှင်းဓာတ်မှန်) ရိုက်တဲ့အခါ AFI (Amniotic Fluid Index) ဆိုတဲ့ စနစ်နဲ့ တိုင်းတာလေ့ရှိပြီး ယူနစ်အရ စင်တီမီတာ ( cm )အနေ နဲ့ ဖော်ပြလေ့ရှိပါတယ်။

၃။ သတိထားရမည့် အချက်များ
ရေမွှာရည် ပုံမှန်မဟုတ်တာ (နည်းလွန်းတာ သို့မဟုတ် များလွန်းတာ) က ဘာကြောင့်ဖြစ်မလဲ ?
💧ရေမွှာရည် နည်း တာက အချင်းပြသနာကြောင့ ဆိုရင် အချင်းကနေ ကလေးဆီ အာဟာရရောက်တာ အားနည်းမယ်။
ကလေး ကျောက်ကပ်ကြောင့် ရေမွှာရည် အားနည်းတာလား? သို့မဟုတ် ရေမွှာပေါက်နေတာလား ?
💧ရေမွှာရည် များတာက မိခင်မှာ ဆီးချိုရှိနေတာကြောင့်လား? သို့မဟုတ် ကလေးရဲ့ အစာမျိုတဲ့စနစ် ပြဿနာရှိနေတာကြောင့်လား ?
💧ဒါမှ မဟုတ် ကလေးမှာ မိခင်မှာဝမ်းတွင်းထဲ က သွေးအားနည်း ရောဂါဖြစ်နေတာလား?
💧မွေးရာပါ ချို့ယွင်းချက် ရှိနေတာကြောင့်လား? ဆိုတယ့် အကြောင်းရင်းများစွာ ရှိပါတယ်။
၄။ ဆောင်ရန်/ရှောင်ရန် တွေအနေနဲ့
💦ရေများများသောက်ပါ: ရေဓာတ်ပြည့်ဝခြင်းက ရေမွှာရည်ပမာဏကို ပုံမှန်ဖြစ်အောင် ကူညီပေးပါတယ်။
💦ရေဆင်းလျှင် သတိထားပါ: ဗိုက်ထဲကနေ အရည်တွေ စိမ့်ထွက်လာရင် ရေမွှာပေါက်တာ ဖြစ်နိုင်လို့ ဆေးရုံ ချက်ချင်းသွားရောက်ဖို့လိုအပ်ပါတယ်။

By: Dr. Fertina
#မေမေ့ရဲ့ ပထမဆုံးလက်ဆောင်မွန်




"မေမေဖြစ်ဖို့ ပြင်ဆင်နေပြီလား? Fertina နဲ့အတူ စတင်လိုက်ပါ"ရင်သွေးလေးကို စောင့်မျှော်နေတဲ့ မေမေလောင်းတို့အတွက် သားသား၊မီး...
17/03/2026

"မေမေဖြစ်ဖို့ ပြင်ဆင်နေပြီလား? Fertina နဲ့အတူ စတင်လိုက်ပါ"
ရင်သွေးလေးကို စောင့်မျှော်နေတဲ့ မေမေလောင်းတို့အတွက် သားသား၊မီးမီးလေးတွေ ကျန်းမာစွာ သန္ဓေတည်နိုင်ဖို့က အဓိကပါပဲ။
Fertina (ဖါတီးနား) မှာ ပါဝင်တဲ့ ဗီတာမင် နှင့် သတ္တုဓါတ်များစွာ က အမျိုးသမီးတွေရဲ့ မျိုးအောင်နိုင်စွမ်းကို မြှင့်တင်ပေးပြီး သားဥ ကျန်းမာရေးကို အထူးအထောက်အကူပြုပေးပါတယ်။ ဒါ့အပြင် Folic Acid (600) mcg အပြည့်အဝ ပါဝင်တာကြောင့် သန္ဓေသား စတင်တည်ဆောက်ချိန်မှာ ချို့ယွင်းချက်မရှိဘဲ ဖွံ့ဖြိုးလာအောင် ကူညီပေးမှာပါ။
Selenium နဲ့ Zinc ကဲ့သို့ သတ္တုဓာတ်တွေကလည်း မျိုးအောင်နှုန်းကို ပိုမိုအားကောင်းစေလို့ ကလေးရရှိနိုင်ခြေကို မြင့်မားစေပါတယ်။

"အနာဂတ်ရဲ့ ရင်သွေးလေးအတွက် မေမေတို့ဘက်က အကောင်းဆုံး ပြင်ဆင်မှုက Fertina ပါ။"

#မေမေ့ရဲ့ပထမဆုံးလက်ဆောင်မွန်

ရေမွှာရည် က ကလေး ကြီးထွားဖွံ့ဖြိုးမှုမှာ ဘယ်လို အခန်း ကဏ္ဍက လုပ်ဆောင်ပေးသလဲ?ရေမွှာရည်ဟာ ဗိုက်ထဲကကလေးရဲ့ အသက်ရှူစနစ်၊ အစာ...
28/02/2026

ရေမွှာရည် က ကလေး ကြီးထွားဖွံ့ဖြိုးမှုမှာ ဘယ်လို အခန်း ကဏ္ဍက လုပ်ဆောင်ပေးသလဲ?
ရေမွှာရည်ဟာ ဗိုက်ထဲကကလေးရဲ့ အသက်ရှူစနစ်၊ အစာခြေစနစ်နဲ့ ကိုယ်လက်အင်္ဂါ ဖွံ့ဖြိုးမှုတွေအတွက်
မရှိမဖြစ် လိုအပ်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

ကလေးကြီးထွားဖွံ့ဖြိုးမှုမှာ ရေမွှာရည် ရဲ့ လုပ်ဆောင်မှုတွေကို ရှင်းပြပေးသွားပါမယ်။
🫁အဆုတ် ဖွံ့ဖြိုးမှု
ဒါဟာ အရေးကြီးဆုံးအချက်ထဲက တစ်ခုပါ။ ကလေးဟာ ဗိုက်ထဲမှာရှိစဉ် ရေမွှာရည်ကို ရှူသွင်း၊ ရှူထုတ် လုပ်နေရပါတယ်။ ဒီလိုလုပ်ခြင်းက အဆုတ်ထဲက လေအိတ်လေးတွေကို ပွင့်စေပြီး အဆုတ်ကို ကျယ်လာစေပါတယ်။ ရေမွှာရည် နည်းလွန်းရင် ကလေးမွေးလာတဲ့အခါ အသက်ရှူလမ်းကြောင်းဆိုင်ရာ အခက်အခဲတွေ ကြုံရနိုင်ပါတယ်။
💪ကိုယ်လက်အင်္ဂါနဲ့ ကြွက်သား ဖွံ့ဖြိုးမှု
ရေမွှာရည်ဟာ ကလေးကို အရည်ထဲမှာ ကူးခတ်လှုပ်ရှားခွင့် ပေးထားပါတယ်။ ကလေးက လက်ခြေတွေကို လှုပ်ရှားခြင်း၊ ကန်ခြင်းတွေ ပြုလုပ်နိုင်မှသာ သူတို့ရဲ့ အရိုးနဲ့ ကြွက်သားတွေက သန်မာထွားကြိုင်းလာမှာ ဖြစ်ပါတယ်။
👅အစာခြေစနစ် လေ့ကျင့်ခန်း
ကိုယ်ဝန် ဒုတိယသုံးလပတ်လောက်မှာ ကလေးက ရေမွှာရည်ကို စတင် မျိုချပါတယ်။ ဒါဟာ ကလေးရဲ့ အစာအိမ် နှင့် အူလမ်းကြောင်း ဖွံ့ဖြိုးဖို့အတွက် လေ့ကျင့်ခန်း လုပ်ပေးနေတာ ဖြစ်ပါတယ်။
🪬အကာအကွယ်ပေးခြင်း
•မိခင် ဗိုက်ကို တစ်ခုခုနဲ့ တိုက်မိတာ၊ ထိမိတာမျိုးဖြစ်ရင် ရေမွှာရည်က shock absorber အဖြစ် ဆောင်ရွက်ပြီး ကလေးကို တိုက်ရိုက်ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။
• ရေမွှာရည်ထဲမှာ ပိုးမွှားတွေကို တိုက်ထုတ်နိုင်တဲ့ ပဋိပစ္စည်း (Antibodies) တွေ ပါဝင်တာကြောင့် ကလေးကို ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးပါတယ်။
🌡️အပူချိန်နှင့် ချက်ကြိုးကို ထိန်းညှိပေးခြင်း
• ရေမွှာရည်က ကလေးအတွက် အမြဲတမ်း နွေးထွေးနေစေမယ့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားပါတယ်။
• ချက်ကြိုးမညပ်အောင် ကာကွယ်ခြင်း: ရေမွှာရည် ရှိနေတဲ့အတွက် ကလေးရဲ့ ကိုယ်ခန္ဓာနဲ့ သားအိမ်နံရံကြားမှာ ချက်ကြိုး (Umbilical Cord) က ညပ်မသွားဘဲ ကလေးဆီ အာဟာရနဲ့ အောက်ဆီဂျင် ပုံမှန်ရောက်ရှိအောင် ကူညီပေးပါတယ်။
အချုပ်အားဖြင့်ဆိုရရင် ရေမွှာရည်ဟာ ကလေးကြီးထွားဖွံ့ဖြိုးမှုမှာ အင်မတန်မှ အရေးကြီးတယ့် အစိတ်အပိုင်း တစ်ခုဘဲ ဖြစ်ပါတယ်။

By: Dr. Fertina
#မေမေ့ရဲ့ ပထမဆုံးလက်ဆောင်မွန်




ကိုယ်ဝန်ဆီးစစ်တံမှာ ၂ ကြောင်းပေါ်ပြီး Ultrasound မှာ မပေါ်တယ့် အခြေအနေက်ုယ်ဝန်ဆောင်မိခင်တွေမှာ ဆီးစစ်တံ မှာ ၂ ကြောင်းပေါ...
27/02/2026

ကိုယ်ဝန်ဆီးစစ်တံမှာ ၂ ကြောင်းပေါ်ပြီး Ultrasound မှာ မပေါ်တယ့် အခြေအနေ

က်ုယ်ဝန်ဆောင်မိခင်တွေမှာ ဆီးစစ်တံ မှာ ၂ ကြောင်းပေါ်ပြီး USG မှာ ကိုယ်ဝန်ကို မတွေ့ရတယ့် အခါ စိုးရိမ်ပူပန်တတ်ကြပါတယ်။

ကိုယ်ဝန်စစ်ကြည့်လို့ Positive ဖြစ်နေပေမဲ့ Ultrasound ရိုက်ကြည့်တဲ့အခါ သားအိမ်အတွင်းမှာရော၊ သားအိမ်ပြင်ပမှာပါ ကိုယ်ဝန် ကို ရှာမတွေ့သေးတဲ့ အခြေအနေကို Pregnancy of Unknown Location (PUL) လို့ ခေါ်ပါတယ်။

ဒီလိုအခြေအနေ မှာ ဖြစ်နိုင်ခြေ ၃ မျိုးရှိပါတယ်။
၁။ ကိုယ်ဝန်အနုလွန်းသေးခြင်း (Early Intrauterine Pregnancy): ကိုယ်ဝန်သက်တမ်းက ရက်သတ္တပတ် ၄ ပတ် ဒါမှမဟုတ် ၅ ပတ်လောက်ပဲ ရှိသေးရင် Ultrasound မှာ မမြင်ရသေးတာမျိုး ဖြစ်နိုင်ပါတယ်။
၂။သားအိမ်ပြင်ပ သန္ဓေတည်ခြင်း (Ectopic Pregnancy): ကိုယ်ဝန်က သားအိမ်ထဲမှာမဟုတ်ဘဲ သားအိမ်ပြွန် ဒါမှမဟုတ် တခြားနေရာမှာ တည်နေတာမျိုးပါ။ ဒါကတော့ အန္တရာယ်ရှိတဲ့အတွက် အထူးဂရုစိုက်ဖို့ လိုပါတယ်။
၃။ ကိုယ်ဝန်ပျက်ကျခြင်း (Miscarriage): ကိုယ်ဝန်က ပျက်ကျသွားပြီဖြစ်လို့ သားအိမ်ထဲမှာ ဘာမှမကျန်တော့ပေမဲ့ ဆီးစစ်ရင်တော့ Positive ပြနေသေးတဲ့ အခြေအနေမျိုးပါ။

ဒီလို အခြေအနေမျိုးမှာ ဆရာဝန် နှင့် သေချာ တိုင်ပင်ပြီး စစ်ဆေးစမ်းသပ်ချက်တွေ လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။

ပုံမှန်အားဖြင့် ဒီလို အခြေအနေမှာ ဘာတွေလုပ်ရမလဲ?
၁။ သွေးစစ်ခြင်း (hCG Hormone)
ကိုယ်ဝန်ဟော်မုန်း( hCG )ကို သွေးထဲကနေ ၄၈ နာရီခြား ဖောက်ဖောက်ပြီး သွေးဖောက်စစ်ရပါမယ်။
• ဟော်မုန်းပမာဏ သိသိသာသာ တက်လာရင် - ပုံမှန်ကိုယ်ဝန် ဖြစ်ဖို့များပါတယ်။
• ဟော်မုန်းပမာဏက အရမ်းကြီးမတက်ဘဲ တန့်နေရင် ဒါမှမဟုတ် နည်းနည်းပဲတက်ရင် - သားအိမ်ပြင်ပသန္ဓေတည်ခြင်း ဖြစ်နိုင်ပါတယ်။
• ဟော်မုန်းပမာဏက သိသိသာသာ ကျသွားရင် - ကိုယ်ဝန်ပျက်ကျတာ ဖြစ်နိုင်ပါတယ်။
၂။ Ultrasound ပြန်ရိုက်ခြင်း
သွေးထဲက hCG ပမာဏ (ဥပမာ- 1500 to 2000 mIU/mL) ထက်ကျော်လာတဲ့အထိ စောင့်ပြီးမှ Ultrasound ပြန်ရိုက်ကြည့်တာမျိုး လုပ်သင့်ပါတယ်။

၃။ ဘယ်အချိန်မှာ အရေးပေါ်သွားရမလဲ?
သားအိမ်ပြင်ပသန္ဓေတည်တယ့် လက္ခဏာမျိုးတွေ ခံစားရရင်တော့ အရေးပေါ်ကုသမှု ခံယူဖို့ လိုပါတယ်။
သထိထားစောင့်ကြည့်ရမယ့် လက္ခဏာတွေကတော့
‼️ဗိုက်အောက်ပိုင်း ပြင်းထန်စွာ နာကျင်ခြင်း (တစ်ဖက်တည်း ပိုနာတတ်သည်)။
‼️မိန်းမကိုယ်မှ သွေးဆင်းခြင်း။
‼️ပခုံးထိပ်များ နာကျင်ခြင်း။
‼️မူးဝေခြင်း၊ သတိလစ်ခြင်း။

မေမေတို့ကို အကြံပေးချင်တာကတော့
PUL ဆိုတာနဲ့ အရမ်းစိုးရိမ်မသွားပါနဲ့။ အများစုက ကိုယ်ဝန်နုလွန်းလို့ မမြင်ရသေးတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဆရာဝန်ချိန်းတဲ့အတိုင်း သွေးစစ်တာနဲ့ Ultrasound ရိုက်တာကိုတော့ ပျက်ကွက်လို့ မဖြစ်ပါဘူးနော်။

By: Dr. Fertina
#မေမေ့ရဲ့ ပထမဆုံးလက်ဆောင်မွန်




ဖူးဖူးနုနု ရင်သွေးလေးနဲ့ မေမေတို့အတွက် Fertina မှ အခမဲ့လက်ဆောင်မွန်! Giveaway Campaign မှ ကံထူးရှင်များထွက်ပေါ်လာပါပြီရှ...
27/02/2026

ဖူးဖူးနုနု ရင်သွေးလေးနဲ့ မေမေတို့အတွက် Fertina မှ အခမဲ့လက်ဆောင်မွန်!
Giveaway Campaign မှ ကံထူးရှင်များထွက်ပေါ်လာပါပြီရှင်🥳
🎉Congratulations!🎉

Phyu Sin
Eaint Chan Myae
Thar Bhone
Eint Lay
နှင်းစက်
Tun Win Ko
Than Dar Soe
Aung Ko Ko Naing
Win Sandar Phyo
Aye Aye Thwe
Pan Ei
Yin Yin Aung
Linn Shwe Yi
Zin Min
တောင်ဇလပ်ပန်းလေး
ပူတူတူး

ကံထူးရှင်များအားလုံး ပေချ်ရဲ့ message box ကနေတဆင့်ဆက်သွယ်ပေးပါနော်၊ ကျေးဇူးတင်ပါတယ်ရှင်🙏

#မေမေ့ရဲ့ပထမဆုံးလက်ဆောငမွန်ဖါတီးနား
#ကိုယ်ဝန်ဆောင်အားဆေး #မေမေတို့အတွက်လက်ဆောင်

‼ကိုယ်ဝန်ဆောင်မေမေတို့ သိလိုသမျှကို Dr. Fertina ကို မေးမြန်းနိုင်ပါပြီ‼ကိုယ်ဝန်ဆောင်ကျန်းမာရေးနှင့် ပက်သက်တဲ့ မေးခွန်းလေ...
19/02/2026

‼ကိုယ်ဝန်ဆောင်မေမေတို့ သိလိုသမျှကို Dr. Fertina ကို မေးမြန်းနိုင်ပါပြီ‼
ကိုယ်ဝန်ဆောင်ကျန်းမာရေးနှင့် ပက်သက်တဲ့ မေးခွန်းလေးတွေကို အားမနာတမ်း
မေးမြန်နိုင်ဖို့အတွက် Dr. Fertina က ဖြေပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ...
(ကိုယ်ဝန်ဆောင်မေမေတို့ သိလိုသမျှ မေးခွန်းလေးတွေကို comment / Chat box တို့မှာ မေးမြန်းနိုင်မှာဖြစ်ပါတယ်)
Fertina Myanmar Page လေးကို Like & Follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။​ 🤗

ဖူးဖူးနုနု ရင်သွေးလေးနဲ့ မေမေတို့အတွက် Fertina မှ အခမဲ့လက်ဆောင်မွန်!🎁မေမေရဲ့ဗိုက်ထဲက ကလေးလေး ကျန်းမာဖို့ဆိုတာ မေမေတို့ အ...
18/02/2026

ဖူးဖူးနုနု ရင်သွေးလေးနဲ့ မေမေတို့အတွက် Fertina မှ အခမဲ့လက်ဆောင်မွန်!🎁

မေမေရဲ့ဗိုက်ထဲက ကလေးလေး ကျန်းမာဖို့ဆိုတာ မေမေတို့ အာဟာရပြည့်ဝနေဖို့က အဓိကပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို တစ်မျိုးတည်းနဲ့ ဖြည့်ဆည်းပေးမယ့် Fertina ကိုယ်ဝန်ဆောင်အားဆေး ကို မေမေတို့ဆီ လက်ဆောင်ပါးချင်ပါတယ်။

ဘယ်လိုပါဝင်ရမလဲ?
မေမေတို့ လုပ်ဆောင်ရမယ့် အချက် (၂) ချက်ထဲပါ။
1️⃣ ဒီ Post ရဲ့ Comment မှာ မေမေတို့ရဲ့ “ကိုယ်ဝန်ဆောင် ဆီးစစ်တံ (Pregnancy Test Stick)" ဓာတ်ပုံလေးကို မန့်ပေးပြီး အခု လက်ရှိမှာ "ကိုယ်ဝန် ဘယ်နှစ်လရှိပြီလဲ" ဆိုတာလေးကိုပါ တစ်ပါတည်း ရေးပေးသွားရုံပါပဲ။
2️⃣ အခု ပို့စ်ကို Public ဖြင့် “မေမေ့ရဲ့ ပထမဆုံးလက်ဆောင်မွန်ဖါတီးနား" ဆိုတာလေးကို ရေးပြီး share ပေးသွားရုံပါပဲနော်။

🎁ကံထူးရှင် မေမေ (20) ဦးကို ရွေးချယ်ပြီး Fertina ကိုယ်ဝန်ဆောင်အားဆေး (1) ဗူးကို အိမ်တိုင်ရာရောက် အခမဲ့ ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။

📅 ယနေ့မှစတင်ပြီး (၂၅.၀၂.၂၀၂၆) အထိ ပါဝင်နိုင်ပါတယ်။
ကံထူးရှင်များကို (၂၇.၀၂.၂၀၂၆) မှာ ကြေညာပေးသွားမှာပါ။


#မေမေ့ရဲ့ပထမဆုံးလက်ဆောငမွန်ဖါတီးနား
#ကိုယ်ဝန်ဆောင်အားဆေး #မေမေတို့အတွက်လက်ဆောင်

Address

No. (32), Manawhari Street
Dagon
11191

Alerts

Be the first to know and let us send you an email when Fertina Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram