Amber Herb

Amber Herb We produce organic items from genuine Amber such as diverse stones, necklaces, earrings and more.

14/01/2026

ပယင်းဆေးသနပ်ခါးသုံးစွဲသင့်သောသူများ1 . ခါးနာနေသူများ၊ 2 .အပူလွန်နေ‌သူများ ၊ 3 .အညောင်းထိုင်သူများ ၊ 4 .ခန္ဓာကိုယ် အနေအထာ...
24/04/2025

ပယင်းဆေးသနပ်ခါးသုံးစွဲသင့်သောသူများ

1 . ခါးနာနေသူများ၊
2 .အပူလွန်နေ‌သူများ ၊
3 .အညောင်းထိုင်သူများ ၊
4 .ခန္ဓာကိုယ် အနေအထားမမှန်သူများ ၊
5 .သားအိမ် အပူလွန်သူများ ၊
6 .သွေးလုံး ရေလုံးရှိသူများ ၊
7. ပိန်လွန်းသူများ
8 . ကား‌ဆရာများ ၊
9. သွေးသားမမှန်သောသူများ ၊
10. အသားအရေ ယားယံခြင်း ၊
11 .မိတ်ကိုက်ခြင်း ၊ယားနာဖြစ်ခြင်း၊
12 . ဝက်ခြံ ၊တင်းတိပ် ၊မှံခြောက်ရှိသူများ

24/04/2025
Amber Balm ထုတ်ကုန်များကို United States of America(USA) နှင့် Thailand nd တွင် ဈေးနှုန်းသက်သာစွာ M.A Imports & Exports ...
20/03/2025

Amber Balm ထုတ်ကုန်များကို United States of America(USA) နှင့် Thailand nd တွင် ဈေးနှုန်းသက်သာစွာ M.A Imports & Exports မှ တိုက်ရိုက်ဝယ်ယူသုံးစွဲနိုင်ပါပြီခင်ဗျာ..

Amber Balm မှ ထုတ်လုပ်သော
- ပယင်းဆေး ပရုတ်ဆီ
- ပယင်း သံလိုက်လိမ်းဆေးဆီ
- ပယင်း ရှူလိမ်းဆေး နှင့်
အခြား Amber Herb တံဆိပ် သုံးဆေးသောက်ဆေးအမျိုးမျိုးကို Myanmar ⇄ Thailand ⇄ USA တိုက်ရိုက်သယ်ယူရောင်းချပေးနေပါပြီရှင်🤍

Online ကနေ အလွယ်တကူ မှာယူနိုင်တာမို့ အမြန်ဆုံး ဆက်သွယ်အားပေးကြဖို့မျှော်လင့်ပါတယ်ရှင် 🙏🎊

Phone ☎️
🇺🇸 +1(626)367-1145
🇹🇭 +66983131484
🇲🇲 +959775579000

27/02/2025

ကျနော် နှင့် ဆီးချိုရောဂါရှင် အမ
ကိုယ်တွေ့ အတွေ့အကြုံ ၂

တနေ့ ကျနော့် သူငယ်ချင်း ဖြစ်သူ စေလွှတ်လိုက်သော လူနာ လင်မယား ၂ယောက် ဆေးခန်း ရောက်လာသည်။
ရခိုင်မှ ကျောက်မြောင်းသို့ ပြောင်းလာသော ပန်းထိမ်အလုပ်လုပ်ကိုင်သူ များဖြစ်ပါသည်။
လင်မယား ၂ယောက်လုံး အလုပ်ကြိုးစားကြသည်။ အလုပ်အလွန်လုပ်သောကြောင့် ချက်ပြုတ်စားသောက်ခြင်း မပြုပဲ Ready made များသာ အလျင်စလို ပြုလုပ်စားသောက်ကြသည်။

ကျနော် တို့လင်မယား၂ယောက်လုံး ခေါက်ဆွဲပြုတ်ရယ် ကျွဲရိုင်းဘူးရယ် ကော်ဖီမစ်ထုတ်ရယ် ဒီ ၃မျိုးပဲစားတယ်..ဆရာ..အဲ့တော့ ဆီးချိုဖြစ်ကြတာပါပဲ ဟု ပြောလေသည်။
အမျိုးသမီးဖြစ်သူမှာ ဆီးချိုကြောင့် ခြေလေးချောင်း ပုပ်စပြုလာသဖြင့် ဆေးရုံပြရာ လေးချောင်းလုံး ဖြတ်ပစ်မှ ရတော့မည် ဟု ပြောသည်။ အမလည်း မဖြတ်ချင်တော့ ဆေးရုံ ၄ ခု ပြောင်းပြပါတယ်..အကုန်လုံးက ဖြတ်ခိုင်းနေတယ်..အမ မဖြတ်ချင်လို့ ဒီကို လာပြတာပါ။..

ခြေချောင်းများကို ကြည့်ရှုရာ ခြေချောင်းလေးများမှာ ပတ်လည်လှိုက်ပြိးစားထားသဖြင့် မာမာခဲခဲနှင့် ညိုမဲနေပါတယ်။..ကံကောင်းတာက အရိုးကို မရောက်သေးခြင်းပင်။

ဆိးချို ရောဂါဟာ ဒူးကြောင့် ဖြစ်တာပဲ အမရယ်..ဒူးခေါက်ခွက်က သွေးကြောခဲသွားတော့ ခြေခုံကို သွေးမဆင်းတော့ ပုပ်လာတာပေါ့ဗျာ..

ဆေးခန်းမှာ ၁၂ရက် ဆက်တိုက် ဒူးကို အဓိကထားကုရာ..ခြေချောင်းမှ သားငန်ရည်များထွက်လာပြီး ပြည်များ ပေါက်ကျကုန်ပါတယ်...အနာအတွက် ထွေထွေထူးထူး မလုပ်တော့ ပဲ ပယင်းမှုန့်နှင့် ပယင်းပရုတ်ဆီ သာ အနာထဲ သိပ်ထည့်ပြိး ပတ်တီးစည်းပေးပေးပါတယ်။တဖြည်းဖြည်း မဲပုပ်နေသော ခြေချောင်များမှာ ပြည်ပေါက်ကျလိုက် ပယင်းပရုတ်ဆီထည့်သိပ်လိုက်နှင့် အသားရောင်ပြောင်းလာကာ အသားနုများတက်လာပါတော့တယ်။

အနောက်တိုင်းဆေးပညာမှာ အနာကို ပရုတ်ဆီ မထည့်သင့်ပါဘူး..ပယင်းပရုတ်ဆီ ကတော့ အပူနာများပျောက်သည်မှာ လက်တွေ့မို့ ကျနော် ထည့်ရဲခြင်းဖြစ်ပါတယ်..ပယင်း သည် အနာပုပ် အနာဆွေးနှင့် အနာဟောက်ပက်များကို အနာရွတိပင်မကျန်အောင် နိုင်နင်းသည်။ထို ဖြစ်ရပ်များကို ကျနော် ပယင်းလုပ်စဥ် ကပင် မကြာခဏ တွေ့မြင်ဖူးပြီး ဖြစ်ပါသည်။

၂ပတ်ကြာပြီး ထို လင်မယား ၂ယောက် မလာတော့ပါဘူး.တလခန့်ကြာပြီးမှ သူငယ်ချင်းဖြစ်သူ ဖုန်းဆက်ရာ ရောဂါပျောက်သွားပြီ ဖြစ်ကြောင်း...လင်မယား၂ယောက်လုံး ကျေးဇူးအလွန်တင်ကြောင်း ..ထိုသူတို့မှာ တွေ့လေတိုင်း ကျနော့်အကြာင်းဝါ ပြောဆိုကြကြောင်း ပြောလေသည်။

အနှစ်ချုပ်ဆိုရသော် ဆီးချို ရောဂါမှာ ဒူး ကြောင့် ဖြစ်ရခြင်းဆိုတာ ပြောပြလိုခြင်းဖြစ်ပါတယ်။

ယုံချင် ယုံ မယုံချင်နေ.. ထိုဖြစ်ရပ်မှာ နဂါးနှစ်ကောင်ဆရာတော်ကြိး အား ကုသရန် အကြောင်းတရပ်ဖြစ်လာမည်ကို ဆက်လက်ရေးသားပါအုံးမည် ။

သဗ်ဗသေတ်တာ ကမ်မသက်ကာ

ပယင်းဝန် ဆြာညီ

27/02/2025

ဆီးနှင့်အဆုတ်... ဆီးချိုရောဂါ
ကိုယ်တွေ့ အတွေ့အကြုံ ၁

ဆီးအောင့်တာ ဟာ ခတ္တခဏ အသေးအဖွဲဝေဒနါလေး လို့ ကျနော် အရင်က ထင်ခဲ့တာပါ..
ဒါမယ့် ဒါက ယောကျာ်းတိုင်းရဲ့အခြေခံ ကျန်းမာရေး အုတ်မြစ်ကြီး တခုမှန်း ဆေးကုလာတဲ့သက်တမ်း ကြာလာတာနဲ့အမျှ ဆရာရဲ့ သင်ကြားချက်များနှင့်အတူ လက်တွေ့ကုသမှုများစွာ ဖြင့် နောက်ပိုင်းမှာ သိလာရပါတယ်...

ဆီးအောင့် တာ ဆီးကျင်တာ ဆီးမထိနိးနိုင်တာ ဆီးကျန်တာတွေ ဟာ အညောင်းထိုင်တာ.. အာရုံ​ေကြောအသုံးပြုတာများရင် လည်း ဖြစ်နိုင်ပါတယ်..
လူနာတဦးချင်းစီရဲ့ အကြောငိးကို ရေးသားတင်ပြပေးပါ့မယ်..

ကျနော်နှင့် တောင်ဒဂုံက အဖိုး
====================

အဖိုး က ငယ်ငယ်က လောကဓာတ်ပညာများနဲ့ အဂ္ဂရိတ် ပညာများကို လိုက်စားခဲ့သူပါ..သူဟာ ဖိုထိုးခြင်းအလုပ်ကို တစိုက်မက်မက်လုပ်ခဲ့တာ..ပြသားသေတဲ့အဆင့် ရွှေဖြစ်တဲ့အဆင့်တောင် ရောက်ခဲ့ပါတယ်..

နှစ်ပေါင်းများစွာ အပူနဲ့အလုပ်လုပ်ခဲ့သူမို့ အပူဟာ သူ့ ကိုယ်ခန္ဓာကို ကောငိးကောင်း ဒုက္ခပေးပါပြီ..
ပထမဆုံးတော့ ဆီးချိုဝင်လာပါတယ်..ဆီးချိုက ဆိးြလာတော့ ခြေချောင်းလေးတွေ ဖြတ်ပစ်ရတဲ့အဆင့်ရောက်သွားပါတယ်.

နှစ်ပေါငိးများစွာ မီးဖိုက ထွက်တဲ့ မီးခိုးနဲ့ ဓာတ်ခိုးတွေ ဟာ အဆုတ်ကို အရင်ကောင်းကောင်းဒုက္ခပေးခဲ့တာပါ..
အဆုတ် ထိတာနဲ့ ဆီးကို ထိခိုက်ပါတော့တယ်။

ဒါကို ကြည့်ရင် ခုခေတ် ကလေးတွေ သောက်နေတဲ့ v**e ကြောင့် အောက်ပိုင်း ချိသွားတာ.. ခါးနာရောဂါများဟာ အဆုတ်ကနေ ဆီး ကို ဒုက္ခပေးပြီး ဖြစ်သွားတာပါ။

အဖိုး ရောဂါဟာ ဒီနေရာမှာ မရပ်သေးပါဘူး..နောက်ပိုင်း သူဟာ ဝမ်းမသွားနိုင်တော့ဘူး..စမြင်းခံလွန်းတာကြောင့် ဝမ်းသွားတိုင်း စအိုကို လက်နဲ့ နှိုက်ထုတ်ရပါတယ်..

ဒီထက်ဆိုးလာတာက သူဟာ ညလည်း မအိပ်နိုင်..နာကျင်မှုပြင်းထန်လွန်းတာကြောင့် နေ့နေ့ညည အိပ်ရာထဲ လူးလိမ့်ရင်း အော်ဟစ်နေရပါတယ်..ဘေးပတ်ဝန်ကျင်အိမ်နီးချင်းတွေဟာ အဖိုးရဲ့ အော်ဟစ်သံကို ညစဥ် ကြားနေရပါတယ်..

နာကျင်မှုကို ကျနော် အသေးစိပ် ဖော်ပြပါ့မယ်..ဒါမှ ဒီလို လူနာတွေကို စာနာနိုင်မှာပါ..လူဆိုတာ ကိုယ်ခံဖူးမှ ကိုယ်သိတာပါ..

ခေါင်းတွေ ခြောက်ပြီး အကြိတ်ထွက်လာမယ်..နှုတ်ခမ်းတွေဟာ သွေးမလျောက်လို့ တွန့်လိုက်တိုင်းမှာတောငိ နာကျင်နေတတ်ပါတယ်..အသက်ရှုမဝတတ်..ရှိုက်ရှိုက်ရှုရပါတယ်...လက်မောင်းတွေ ကိုက်..လက်တွေ ဟာ ကျဥ်နေပြီး ဘေးစောင်းတိုင်းနာတတ်ပါတယ်..
ချောင်းဆိုးတိုင်း စအိုကနေ ဆူးနဲ့ထိုးသလို စူးကနဲ စူးကနဲ အောင့်ပါတယ်..ဝမ်းဗိုက်ဟာ လေတွေ နဲ့ပြည့်ဖောင်းနေပြိး အစာမစားနိုင် ရေသောက်တိုင်း လည်ပင်းနင်နေပါတယ်..
ခါးနာပါတယ်..ဒူးလည်းနာပါတယ်..တကိုယ်လုံးညောငိးကိုကိလို့ လူးလွန်နေမှ အနည်းငယ်သက်သာဟန်ရှိပါတယ်..
အမြဲမောနေတတ်ပါတယ်..ဆီးသွားတိုင်း ကျင်ချောင်းတလျောကိနာကျငိမှုကို အပြင်းအထနိ ချွေးစေးပြန်အောင်နာပါတယ်..အောင့်ပါတယ်..ဆီးက သွားချင် ​ေပမယိ့ ထွက်ချင်မှ ထွက်ပါတယ်..
ဝမ်း ချုပ်ပါတယ်..ဝမ်းဟာ သွားမယ်လုပ်တိုင်း စအိုဝကနေ ညှစ်မရဖြစ်ပါတယ်..ညှစ်လွန်းရင် လိပ်ခေါင်းထွကိတာ..လိပ်ခေါင်းမရှိရင် သွေးကျတာမျိုး ဖြစ်ပါတယ်..
ဒီလောက်ဆို အဖိုးဝေဒနါကို နားလည်မိလောကိပါပြိ..ဆက်ရေးလို့ ရပါသေးတယ်..စာရှည်မှာစိုးလို့ ဒိလောက်ပါပဲ..

ကျနော် တရက် ၂ရက်ကုပေးတော့ သူမအော်တော့ပါဘူး.. အိပ်ပျော်ပါတယ်..ဒုတိယနေ့ ကုသအပြီး နောက်နေ့မနက် သူ အစာတောင်းပါတယ်..စားချင်တာ အုန်းနို့ခေါက်ဆွဲပါ..အိမ်သူအိမ်သား တွေ ပ အစားမစားနိုင်တာကြာပြီ မို့ ဝမ်းသာအားရပဲကျွေးကြပါတယ်..တပွဲလုံး သူစားပါတယ်..၂နာရီခဲ့ကြာပြီး သွေးတိုးပါတော့တယ်..ဆေးခန်းပို့အပြိး ဆရာဝန် ရောက်မလာခင်မှာပဲ သူဆုံးသွားခဲ့ပါပြီ
လူနာဆုံးကြောင်း ကျနောိဆီ နောက်မှ သတင်းပို့လာတယ်..ကျနော် အလွနိစိတ်မကောငိးဖြစ်မိပါတယ် .သို့ပေမယိ့် သူ သက်သက်သာသာ နဲ့ပဲ အသက်ထွက်သွား​အောင် ငါလုပ်ပေးနိုင်ခဲ့တာပဲ...လို့ စိတ်ဖြေဖျောက်လိုက်ပါတယ်..

သဗ်ဗသေတ်တာ ကမ်မသက်ကာ

ပယင်းဝန် ဆြာညီ..

21/02/2025

📣𝐀𝐦𝐛𝐞𝐫 𝐇𝐞𝐫𝐛 မှ ထုတ်လုပ်သော📣
˒ 𝐀𝐦𝐛𝐞𝐫 𝐁𝐚𝐥𝐦 စွယ်စုံသုံး ပယင်းဆေးပရုတ်ဆီ ˓ အကြောင်းကို မိတ်ဆက်ပေးပါရစေ💞

🧡 ပယင်းဆေးပရုတ်ဆီသည် သမာရိုးကျပရုတ်ဆီ မှ အနည်းငယ် ခွဲထွက်နေပြီး သင်းသင်းလေးနှင့် ထူးခြားနေသော ပယင်းရနံ့၏ ဆွဲဆောင်မှုပင် ဖြစ်သည်။

🧡 ပရုတ်ဆီဆိုသည်မှာ ပွတ်၊ရှူ၊လိမ်းဖြစ်သည့်အတွက် ပယင်းနှင့် ပေါင်းစပ်ထားခြင်းဖြင့်ရနံ့မှာစိတ်ကိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှုလျှော့ချနိုင်သည့်အပြင် အာရုံကြောစနစ် (Immue System) ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သောအစွမ်းရှိပါသည်။

🧡ပယင်းအဆီအနှစ်ဖြင့် ထုတ်လုပ်ဖော်စပ်ထားသောကြောင့် အကြောနှင့်ပတ်သက်သော အကြောတင်၊ထုံး၊ညှပ် အစုံအပြင်လေးဘက်နာရောဂါ၊လေငန်းစွဲ၊လေဖြတ်ရောဂါတို့ကိုသက်သာစေသည့်အပြင် အရိုးအဆစ်ရောင်ခြင်း၊အရိုးအဆစ်ကိုက်ခဲခြင်း၊ကြွက်သားနာကျင်ကိုက်ခဲခြင်းတို့ကိုဖြေလျော့သက်သာပျောက်ကင်းစေပါသည်။

🧡 နှာစေး၊နှာပိတ်၊အအေးမိခြင်းဖြစ်ပါကအနံ့ကိုရှူရှိုက်ပေးရုံဖြင့်သက်သာစေပါသည်။

🧡 ခေါင်းမူး ၊ခေါင်းကိုက်၊အရိုးကျီးပေါင်းများအတွက် ပွတ်ရှူလိမ်းပေးရုံနှင့်သိသိသာသာ ထူခြားမှုခံစားရပြီးအချိန်တိုအတွင်းသက်သာပျောက်ကင်းစေပါသည်။

🧡 ဒူးနာ၊ခါးနာရောဂါများအတွက် ပွတ်လိမ်းလိုက်ပါကအသားအရေအတွင်းစိမ့်ဝင်ပြီး jointများ၊အရွတ်များအတွင်းသို့ စိမ့်ပျော်ဝင်လွယ်ပြီး နာကျင် ခံစားမှုများကို လွယ်လင့်တကူသက်သာ ပျောက်ကင်းစေနိုင်သောအာနိသင်ရှိပါသည်။

🧡 ထိခိုက်ရှနာ၊သဲဝဲ၊ရေဝဲ၊ဘက်တီးရီးယားမှိုရောဂါအနာကျက်လျှင် မြန်ခြင်း ၊ခြေသည်းပိုး၊လက်သည်းပိုး၊ နှင်းခူစသည်တို့ကို ဆေးအနည်းငယ်ပွတ်လိမ်းပါကသက်သာစေပါသည်။ မှက်၊ခြင်၊ပုရွက်ဆိတ် အဆိပ်ရှိသော သတ္တဝါများကိုက်ခြင်းကို ကုစားနိုင်ပါသည်။

🧡 အမျိုးသမီးများ မီးယပ်မမှန် ဟိုမုန်းထုတ်လုပ်
ခြင်းများကို သန့်စင်ထိန်းညှိပေးနိုင်ပြီး သားမဖွား
နိုင်သူများ အနံ့ရှူပေးခြင်းဖြင့် အလွယ်တကူဖွား
စေနိုင်သောဓာတ်မှာ ပယင်းတွင်ပါ၀င်ပါသည်။

🧡 ပယင်အနှစ်၏အားသာချက်သည် အသားအရေပေါ်တွင်လိမ်းလိုက်သောအခါခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်ပျံ့နှံ့မှု အရမ်းအားကောင်းသဖြင့် ဆေးသည်အလွန်ထိ‌ရောက်ပါသည်။

🏬 Amber Balm ပင်းရင်း 🏬
AMBER BALM တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး အမှတ် (၈၇၅)၊ ကျောက်စိမ်း (၈) လမ်း၊ ၄၄ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။ ရန်ကုန်မြို့။
ဖုန်း - ၀၉ ၇၉၀ ၇၉၀ ၀၉၉၊ ၀၉ ၇၇၅၅ ၇၉၀၀၀ တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်❤️‍🔥

💕
💕
💕

21/01/2025

နာတာရှည် ဒူးနာရောဂါများအကြောင်း နှင့် ပယင်း သံလိုက်ဆီ

များသောအသက်ကြီးလာသည်နှင့် အမျှ ခါးနာခြင်း၊ ဒူးနာခြင်း၊ အဆစ်အမြစ်နာခြင်း စသည်တို့ တစ်ခုခု အမြဲတမ်း ခံစားရလေ့ရှိပါသည်။ နာတာရှည် အဆစ်အမြစ်နာခြင်းများသည် များသောအားဖြင့် တိကျသော ကုသမှု မခံယူပါက အလိုလို ကောင်းမွန်နိုင်ခြေ အလွန်နည်းပြီး နေ့တဓူဝ အမြဲ ဒုက္ခပေးသော နာကျင်မှုများ ပေးသော ရောဂါဖြစ်ပါသည်။ ထိုအပြင် နာတာရှည် ဒူးနာရောဂါများသော ဖြစ်စေသော အကြောင်းအရင်းများစွာ ရှိပြီး ဖြစ်စေသော အကြောင်းအရင်းများအား တိတိကျကျ ထိရောက်စွာ ကုသမှသာ ပျောက်ကင်းနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် နာတာရှည် ဒူးနာ ရောဂါဖြစ်စေသော အကြောင်းအရင်းများအား အောက်တွင် ယခုအပတ် ကျန်းမာရေး ဗဟုသုတ အနေဖြင့် ဖော်ပြလိုက်ရပါသည်။

လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ပေးခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီဖြစ်ပါသည်။

နာတာရှည် ဒူးနာရောဂါဖြစ်စေသော အကြောင်းအရင်းများ

၁။OA ဟု အတိုကောက်ခေါ်ကြသော Osteoarthritis ဟုခေါ်သော နာတာရှည် အရိုးအဆစ်ရောင်သော ရောဂါ
Osteoarthritis(OA) ဟုခေါ်သော နာတာရှည် အရိုးအဆစ်ရောင်သော ရောဂါသည် အရိုးအဆစ်ရောင် ရောဂါများ တွင် အဖြစ်အများဆုံးသော အဆစ်အမြစ်ရောင်ရောဂါ ဖြစ်ပါသည်။ အသက်ကြီးသော မိဘပြည်သူများတွင် အဆစ်အမြစ်နာစေသော အဓိကအကြောင်းအရင်း ဖြစ်ပါသည်။ အသက် ၆၀ ကျော်လာသော မိဘပြည်သူများတွင် ၄ ယောက်လျှင် တစ်ယောက် သည် OA ကြောင့် ရောဂါ လက္ခဏာများ ခံစားနေရသည် အထိ အဖြစ်များသော အဆစ်အမြစ်ရောင် ရောဂါ ဖြစ်ပါသည်။

OA သည် တစ်နည်းအားဖြင့် အသက်ကြီးလာသည့်အခါတွင် ဖြစ်ပေါ်တတ်သော အရိုးကျီးပေါင်း၊ ခါးကျီးပေါင်းများနှင့် အလားတူပါသည်။ အသေးစိတ်ရှင်းပြရလျှင် ဒူးခေါင်းတွင် ရှိသော အရွတ် (Cartiliage) သည် တဖြည်းဖြည်းဖြင့် လှုပ်ရှားမှုများ၊ အသက်ကြီးခြင်းကြောင့် ပျက်စီးလာပြီး အရွတ် တဖြည်းဖြည်းပါးလာပါသည်။ ထိုကဲ့သို့ ပါးလာသည့်အခါတွင် အရွတ်များနောက်ဆုံး လုံးဝပျက်စီးသွားပြီး အရိုးများ အချင်းချင်း ပွတ်တိုက်ခြင်းများ ဖြစ်ပေါ်ကာ အရိုးအတက်များ ထွက်လာသည့်အတွက် ထိုအတက်များမှ တဆင့် နာကျင်ခြင်းများ ခံစားရခြင်းဖြစ်ပါသည်။
OA အရိုးအဆစ်ရောင်ရောဂါသည် လှုပ်ရှားသည့်အခါတွင် ပိုမိုနာကျင်လေ့ရှိပါသည်။ အထိုင်များသော လူနာများတွင် OA ရှိသော အခါတွင် ဒူးခေါင်းတောင့်နေပြီး ထိုင်ရာမှ ထမရပဲ အလွန်အမင်းနာကျင်ခြင်း များ ဖြစ်ပေါ်စေတတ်ပါသည်။ လှေကား အတက်အဆင်းတွင် ပိုမို နာကျင်လေ့ရှိပါသည်။

၂။Rheumatoid Arthritis (RA) ဟုခေါ်သော လေးဘက်နာရောဂါ

RA ရောဂါ ကြောင့် အဆစ်အမြစ်ရောင်သည့်အခါတွင် ဒူးခေါင်းတစ်ခုထဲ နာကျင်ခြင်းမျိုးမဟုတ်ပဲ အခြားသော ခန္ဓာကိုယ် အဆစ်များပါရောင်ရမ်းခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ RA သည် ခန္ဓာကိုယ်အတွင်းမှ ခုခံအား စနစ်သည် မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ အဆစ်များသို့ မှားယွင်းတိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်သော အဆစ်အမြစ်များ ရောင်ရမ်းခြင်းဖြစ်ပါသည်။ ထို့ကြောင့် RA ဖြစ်ပေါ်သော အဆစ်အမြစ်ရောင်ခြင်းသည် အဆစ်တစ်ခုတည်း ရောင်ရမ်းခြင်းမျိုးမဟုတ်ပဲ အခြားသော အဆစ်များပါရောင် ရမ်းတတ်ပါသည်။ များသော အားဖြင့် အဆစ် ၃ ခု ၊ ၄ ခု အထက် ရောင်ရမ်းတတ်ပါသည်။ နံနက်မိုးလင်းသည့်အခါတွင် အဆစ်များ ခိုင်နေပြီး တစ်နာရီကြာတော့မှ ပုံမှန် အတိုင်းပြန်လည်လှုပ်ရှား၍ ရတတ်ပါသည်။

၃။Gout (ဂေါက်ရောဂါကြောင့် အဆစ်အမြစ်များရောင်ခြင်း)

ဂေါက်ရောဂါသည် လူအများသိရှိသည့်အတိုင်း သွေးထဲတွင် Uric Acid များခြင်းကြောင့် Uric Acid crystal များသည် ဒူးခေါင်း၊ ခြေမ အစရှိသော အဆစ်များတွင် သွားရောက်စုပုံပြီး အဆစ်အမြစ်များ ရောင်ရမ်းခြင်းများ ဖြစ်ပေါ်ခြင်းဖြစ်ပါသည်။ လူတိုင်းတွင် Uric Acid များခြင်းမဖြစ်ပဲ အချို့သော လူများတွင် မွေးရာပါ Uric Acid ကျောက်ကပ်မှ စွန့်ထုတ်ခြင်းအားနည်းခြင်းကြောင့် ဖြစ်ပေါ်ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ Gout ရောဂါ ကြောင့် အဆစ်အမြစ်နာသော လူနာများတွင် အစားအသောက်များသော အခါတွင် လည်းကောင်း၊ Uric Acid များသော ဝမ်းတွင်းကလီစာ အစရှိသော အစာများ စားတာ များသွားလျှင် သော်လည်းကောင်း ရုတ်တရက် အလွန်အမင်းနာကျင်၍ အိပ်မရအောင်ပင် ဆိုးရွားစွာ ခံစားရတတ်ပါသည်။

၎။ဒူးခေါင်းအတွင်းရှိ အရည်အိတ်ရောင်ခြင်း (Bursitis)

ဒူးခေါင်းအား အသုံးများသော မိဘပြည်သူများတွင် ဖြစ်တတ်သော ဒူးဆင်ရောင်ခြင်းဖြစ်ပါသည်။ ထိမိခိုက်မိ၍ သော်လည်းကောင်း ကြာရှည်ရပ်ပြီး အလုပ်လုပ်ရသော လူနာများတွင် လည်းကောင်း ဒူးခေါင်းအတွင်းရှိ အရည်အိတ်လေး ရောင်ရမ်းခြင်းကြောင့် နာကျင်ခြင်းဖြစ်ပါသည်။ ထို့အပြင် ခန္ဓာကိုယ်အလေးချိန်များသော၊ အဝလွန်သော မိဘပြည်သူများတွင် ခန္ဓာကိုယ် အလေးချိန်များခြင်းကြောင့်လည်း အဖြစ်များပါသည်။

၅။ဒူးဆစ်အတွင်း ပိုးဝင်ပြီး အဆစ်ရောင်ခြင်း (Infectious Arthritis)
အချို့သော ခန္ဓာကိုယ်အတွင်း ရောဂါပိုးဝင်ခြင်းကြောင့် ဖျားနာနေသော လူနာများတွင် သွေးတွင်းမှ ရောဂါပိုးသည် အဆစ်များသို့ရောက်ရှိပြီး အဆစ်ရောင်ခြင်းများဖြစ်ပေါ်တတ်ပါသည်။

၆။အရွတ်ရောင်ခြင်း (Tendonitis)
များသောအားဖြင့် လှုပ်ရှားမှုများသော မိဘပြည်သူများတွင် ဒူးခေါင်းတွင် ရှိသော အရွတ်များ ဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ရောင်သည့်အခါတွင် လှုပ်ရှားသည့်အခါတွင် ပိုမိုနာကျင်ခြင်းဖြစ်ပေါ် တတ်ပါသည်။

အထက်တွင် ဖော်ပြထားသော ဒူးနာရောဂါများသည် အဖြစ်များသော ဒူးနာရောဂါများအား ဖော်ပြထားခြင်း ဖြစ်ပါသည်။ ဒူးနာအမျိုးအစား အပေါ်မူတည်၍ ကုသမှုသည် တစ်ခုနှင့်တစ်ခု မတူညီပေ။ နာတာရှည် ဒူးနာရောဂါများဖြစ်သည့် အတွက် အနာနှင့် ဆေးတည့်မှသာ ပျောက်ကင်းမည်ဖြစ်ပါသည်။ ဖြစ်ပေါ်နေသော ဒူးနာ အမျိုးအစားနှင့် ကုသမှုသည် တစ်ထပ်ထဲ ကျမှသာ သက်သာပျောက်ကင်းမည်ဖြစ်ပါသည်။ ထို့အပြင် အချို့သော အနာသက်သာသော ဆေးများသည် ကျောက်ကပ်အား ထိခိုက်ပျက်စီးစေသောကြောင့် စစ်မှန်သော သဘာဝဆေးမြစ် ဆေးရွက်များ နှင့်အစွမ်းထက်လှသော တန်ဖိုးကြီးပယင်းရတနာ ဖြင့် ပေါင်းစပ်ထုတ်လုပ်ထားသော Amber balm စွယ်စုံသုံး အကြောဖွင့် သံလိုက်ဆီ ကို သုံးစွဲနိုင်ပါတယ် ခင်ဗျာ

လူနာရှင်များ တောင်းဆိုချက်များအရ လမ်းခရီးဖြောင့်စေရန် ကျောက်မြောင်းမှာ ဆေးခန်း တခု ထပ်မံဖွင့်ပေးထားပါတယ်ကျနော် လူနာများလ...
05/12/2024

လူနာရှင်များ တောင်းဆိုချက်များအရ လမ်းခရီးဖြောင့်စေရန် ကျောက်မြောင်းမှာ ဆေးခန်း တခု ထပ်မံဖွင့်ပေးထားပါတယ်
ကျနော် လူနာများလို့ ကျောက်မြောင်းကို မသွားနိုင်ဖြစ်နေတာကြောင့် တိုင်းရင်းအကြောဆရာ တယောက်ကို အကူအညီတောင်း ဆေးခန်း ထိုင်ပေးရန် ပင့်ထားပေးပါပြီ
ကျနော် လူနာများ ချမ်းသာ သုခ ရကြပါစေ..

ဆရာလှိုင်မြင့် ဟာ အကြောပညာ အနှိပ်ပညာကို ဘိုးဘေးများထံ မှ ပညာအမွေရထားသူ တိုင်းရင်းသမားတဥိးဖြစ်ပြီး
သားဖွားမီးယပ် ခွဲစိပ်ပါရဂူကြီး နဲ့ အတူတူ ဟသ်ာတဆေးရုံ၌ ၁၀နှစ်ကျော် ခွဲခန်းအကူအဖြစ်လည်း လုပ်ကိုင်ဖူးပါတယ်..

အမျိုးသမီးရောဂါ များ နှင့် လေငန်း လေဖြတ် အကြောရောဂါများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကုသနိုင်သူ သမားတယောက်လည်း ဖြစ်ပါတယ်

ဗုဒ္ဓဟူး ကြာသပတေး သောကြာ ၃ရက် ကို လူနာများအား ဆရာလှိုင်မြင့်မှ လက်ခံ ကုသပေးသွားပါမယ်..

သုခမဂ်လာ တိုင်းရင်းဆေးခန်း
ကျောက်မြောင်း ph.09775579000
ဆရာလှိုင်မြင့် ကိုယ်စား

ပယင်းဝန် ဆရာညီ

Address

Kyauk Sein 8th Street
Dagon

Telephone

+959795351124

Website

Alerts

Be the first to know and let us send you an email when Amber Herb posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Amber Herb:

Share