Shwe War Win Meditation Center

Shwe War Win Meditation Center ရွှေဝါဝင်း မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ

26/03/2026

ထိနမိဒ္ဓ ဖျောက်နည်း (၇) နည်း

ဆောင်။ ဆင်ခြင်၊ ရွတ်ဖတ်၊ နားရွက်သတ်၊
မျက်နှာသစ်မည်၊ အလင်းကြည့်မည်၊
စင်္ကြံကိုလျှောက်၊ အိပ်၍ဖျောက်၊
မှတ်လောက် ခုနစ်လီ မြတ်ယောဂီ။
ဒေါက်တာ အရှင်အာသဘ(၂၄.၁၁.၂၀၂၀)။

ငိုက်မျည်းနေသော အရှင်မောဂ္ဂလာန်အား ငိုက်မျည်းခြင်း အကြောင်းရင်းဖြစ်သော ထိနမိဒ္ဓ ဖျောက်နည်း ၇ ပါးကို ဟောပြတော်မူ၏။ ယင်းတို့ကား

(၁) ရှေးဦးစွာ သင်ယူပြီး ကျမ်းစာ၏ အနက်သဘောကို ကြံသည် စဉ်းစားရန်။ (ဆင်ခြင်)၊

(၂) ဤမျှဖြင့် မပျောက်သေးလျှင် ယင်းကျမ်းဂန်ကို အသံထုတ်၍ ရွတ်အံသရဇ္ဈယ်ရန်။ (ရွတ်ဖတ်)၊

(၃) ယင်းဖြင့် မပျောက်သေးလျှင် နားရွက်နှစ်ဖက်ကို ပြင်းပြင်းထန်ထန် ဆွဲဆန့်ရန်နှင့် အခြားကိုယ်အင်္ဂါကို ဆုပ်နယ်ပေးရန် ဖြစ် ၏။ (နားရွက်ဆွဲ)၊

(၄) ယင်းဖြင့် မပျောက်သေးလျှင် နေရာမှထ၍ မျက်စိကို ရေဆွတ်လျက် အရှေ့အ နောက် တောင်မြောက် အရပ်လေးပါးသို့ ကြည့်ရန်။ (မျက်နှာသစ်)၊

(၅) မပျောက်သေးလျှင် အာလောကကသိုဏ်း စီးဖြန်းခြင်းနှင့် နေရောင်လရောင်စသော အရောင်အလင်း၌ စိတ်ကို စေလွှတ်ရန် ဖြစ်၏။ (အာလောက)၊

(၆) မပျောက်သေးလျှင် မပျံ့လွင့်သော စိတ်ဖြင့် ခြေလှမ်းတိုင်း လှမ်းတိုင်း အမှတ်သညာကို အလွတ်စေဘဲ စင်္ကြံသွားရန် ဖြစ်၏။ (စင်္ကြံ)၊

(၇) ယင်းတို့ဖြင့် ဖျောက်၍ မရနိုင်လျှင် "မကြာမီ ထအံ့" ဟု ဆုံးဖြတ်၍ သတိသမ္ပဇဉ်ဖြင့် အိပ်လိုက်ပြီးလျှင် နိုးလျှင်နိုးခြင်း အိပ်ရာမှ ထရန် ဖြစ်၏။ ဇိမ်ခံ၍ အိပ်မနေရ။ (အံ၊ ၂-၄၆၂/၄၆၃)။

26/03/2026
22/03/2026
21/03/2026

DR. ASABHA, 21-3-2026, SATURDAY

Address

Dagon

Alerts

Be the first to know and let us send you an email when Shwe War Win Meditation Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe War Win Meditation Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram