YGN Health

YGN Health အရည်အသွေးပြည့်ဝပြီး၊ ဈေးနှုန်းသင့်တော်သော ကျန်းမာရေးပစ္စည်းများ။

နွေရာသီမှာသတိထားရမယ့် အပူလျှပ်ခြင်းပြဿနာ 🌡️🌡️🌡️ခုလိုပူပြင်းလွန်းတဲ့ နွေရာသီကာလမှာ အပူလျှပ်ပြီးနေမကောင်းမဖြစ်အောင် သတိပြု...
20/03/2022

နွေရာသီမှာသတိထားရမယ့် အပူလျှပ်ခြင်းပြဿနာ 🌡️🌡️🌡️

ခုလိုပူပြင်းလွန်းတဲ့ နွေရာသီကာလမှာ အပူလျှပ်ပြီးနေမကောင်းမဖြစ်အောင် သတိပြုဖို့လိုပါတယ်။ လူအများစုက အပူလျှပ်ခြင်းကို Heat Stroke လို့ခေါ်ဝေါ်ကြပါတယ်။ တကယ်တော့ Heat Stroke ဆိုတာ အပူဒဏ်ကြောင့်ဖြစ်တဲ့ အလွန်ဆိုးဝါးပြီး အသက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေမျိုးကိုခေါ်ဆိုခြင်းဖြစ်ပါ တယ်။ Heat stroke လောက်မပြင်းတဲ့ အပူလျှပ်ခြင်းမျိုးဆိုရင် Heat Exhaustion လို့ခေါ်ပါတယ်အတိအကျအားဖြင့် နွမ်းနယ်ခြင်းဖြစ်ပါတယ်။ အပူဒဏ်ကြောင့် မောပန်းနွမ်းနယ်ခြင်းဖြစ်ပါတယ်။

ပူပြင်းတဲ့ အပူဒဏ်ကြောင့် Heat Stroke မဖြစ်ဖူးရင်တောင် အပူဒဏ်ကြောင့် မောပန်းခြင်း Heat Exhaustion ကိုတော့ တော်တော်များများခံစားကြရဖူးပါ တယ်။ Heat Exhaustion နဲ့ Heat Stroke ကို ခွဲခြားသတိပြုနိုင်ဖို့ ဆက်လက် ဖော်ပြသွားပါမယ်။

🌡️Heat Exhaustion ဆိုတာဘာလဲ။ ဘာတွေခံစားရနိုင်လဲ ❓

Heat exhaustion ဆိုတာ အပူဒဏ်ကြောင့် ခန္ဓာကိုယ်ရေဓာတ်အလွန်အမင်း ခန်းခြောက်ခြင်းကနေ စဖြစ်လေ့ရှိပါတယ်။ Heat Exhaustion ဖြစ်ရင် ခံစား ရတတ်တာတွေကတော့

ချွေးအလွန်အမင်းထွက်ခြင်း

ဖြူဖျော့ခြင်း

ကြွက်တက်ခြင်း

မူးဝေခြင်း

မောပန်းနွမ်းနယ်ခြင်း

အားနည်းခြင်း

ခေါင်းကိုက်ခြင်း

ပျို့ခြင်း

မူးမေ့ခြင်း

အဖျားမကြီးခြင်း စတာတွေဖြစ်ပါတယ်

Heat Exhaustion မှာအဖျားဟာ 103 °F ထက်ကျော်လေ့မရှိပါဘူး။ အဖျား 103 ထက်ကျော်နေပြီဆိုရင်တော့ Heat Stroke ခံစားနေရတာဖြစ်ပါတယ်။

🌡️Heat Exhaustion ဖြစ်နေရင် ဘယ်လိုကုသရမလဲ❓

Heat Exhaustion ဖြစ်လို့ ချွေးထွက်များပြီး မူးဝေနေပါက ပထမဦးဆုံးပြုလုပ် သင့်တာကတော့ ခန္ဓာကိုယ်အပူချိန်လျှော့ချနိုင်ဖို့ပဲဖြစ်ပါတယ်။ အရင်ဆုံးအ အေးသို့မဟုတ် အားဖြည့်အချိုရည်တစ်မျိုးမျိုးကို သောက်ပေးရပါမယ်။ ပန်ကာ သို့မဟုတ် အဲကွန်းရှိတဲ့အခန်းမှာ ထိုင်ပြီးအနားယူရပါမယ်။ ပန်ကာမရှိရင်လည်း ဘေးကတစ်ယောက်ယောက်က ယပ်တောင်ခတ်နေပေးပါမူးတာနည်းနည်းစ သက်သာသွားပြီးဆိုရင် ရေအေးအေးလေးနဲ့ ရေချိုးပေးပါ။ အဝတ်အစားကို အသားအေးအေးနဲ့ ပွပွချောင်ချောင်လဲဝတ်ပေးပါ။ အထက်ပါနည်းလမ်းတွေနဲ့ မိမိခန္ဓာကိုယ်အပူချိန်ကို အချိန်မှီလျှော့ချနိုင်ပြီဆိုရင်တော့ Heat Stroke လို့ခေါ် တဲ့ ဆိုးဝါးတဲ့အပူလျှပ်ခြင်းအခြေအနေကို မရောက်ရှိအောင် ကာကွယ်နိုင်ပြီဖြစ် ပါတယ်။

🌡️Heat stroke ဖြစ်ရင် ဘာတွေခံစားရမလဲ❓

Heat stroke ဖြစ်နေပြီဆိုရင် ချွေးထွက်လုံးဝရပ်ပြီး မိမိရဲ့ခန္ဓာကိုယ်အပူချိန်ကို မထိန်းတော့ဘဲ အဖျားအလွန်ကြီးလာနိုင်ပါတယ်။ ဆိုးရွားတဲ့အပူလျှပ်ခြင်းဖြစ် ရင် ခံစားရတာတွေကတော့ -

ချွေးလုံးဝမထွက်တော့ခြင်း

အဖျား 103 °F အထက်ရှိနေခြင်း

သွေးခုန်နှုန်းမြန်နေခြင်း

ခေါင်းထိုးကိုက်ခြင်း

အရေပြားများပူပြီးနီရဲခြောက်သွေ့နေခြင်း

ပျို့ခြင်း

မူးဝေခြင်း

စိတ်ရှုပ်ထွေးခြင်း

သတိလစ်ခြင်း စတာတွေခံစားလာရနိုင်ပါတယ်။

Heat Stroke ခံစားရပြီဆိုရင် အသက်အန္တရာယ်ရှိတာကြောင့် အထူးသတိထား
ဖို့လိုပါတယ်အပူလျှပ်ကာ ကိုယ်အလွန်ပူပြီး ချွေးလုံးဝမထွက်တော့ဘူးဆိုရင် တော့ ချက်ချင်းတစ်ကိုယ်လုံးကို ရေလောင်းချပေးရမှာဖြစ်ပါတယ်။ ဒါမှသာ ကိုယ်တွင်းအပူချိန်ကို အမြန်ဆုံးထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။ ထို့နောက် နီးစပ်ရာ ဆေးရုံဆေးခန်းအမြန်ဆုံးသွားပြရမှာဖြစ်ပါတယ်။ သွားတဲ့လမ်းတစ် လျှောက်မှာလည်း အဲကွန်းပါတဲ့ကားစီးတာ ဒါမှမဟုတ် တစ်ယောက်ယောက်က ဘေးကယပ်ခတ်ပေးတာမျိုးပြုလုပ်ပေးထားရမှာဖြစ်ပါတယ်။

🌡️ဘယ်သူတွေက အပူလျှပ်ခြင်းကို ပိုပြီးခံစားရနိုင်ခြေရှိလဲ❓

အသက်အရွယ်မရွေးလူကြီး အပူလျှပ်ခြင်းကို ခံစားရနိုင်ပါတယ်။ သို့သော် အပူ

ဒဏ်ကို ပိုသတိပြုသင့်တဲ့သူတွေကတော့

(၁) အသက်ငယ်လွန်းသူ သို့မဟုတ် ကြီးလွန်းသူ အသက် ၄ နှစ်အောက် ကလေးငယ်တွေနဲ့ အသက် ၆၅ နှစ်အောက် လူကြီးတွေ ဟာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိနိုင်ဖို့ခက်ခဲတာကြောင့် အပူလျှပ်ခြင်းခံစားရ နိုင်ခြေ ပိုမိုများပြားပါတယ်။

(၂) ဆေးဝါးများသောက်သုံးခြင်း

နှလုံးရောဂါ၊ သွေးတိုးရောဂါစတဲ့ ရောဂါအခံတွေရှိရင် သောက်ရတဲ့ဆီးဆေး တွေဟာ ရေဓာတ်ဆုံးရှုံးမှုများစေတာကြောင့် Heat Exhaustion ဖြစ်ဖို့ အလားအလာများစေပါတယ်။

(၃) အဝလွန်သူများ

ပိုလျှံနေတဲ့ အဆီတွေဟာ ခန္ဓာကိုယ်အပူချိန်ထိန်းညှိနိုင်ဖို့ ပိုမိုခက်ခဲပါတယ်။ ဒါ ကြောင့် အဝလွန်သူတွေဟာလည်း အပူလျှပ်ခြင်းကို ပိုမိုခံစားရနိုင်ပါတယ်။

(၄) ခရီးသွားခြင်း

ရာသီဥတုအေးတဲ့ဒေသကနေ ပူပြင်းတဲ့ဒေသကို သွားတဲ့အခါ မိမိခန္ဓာကိုယ်က ကိုယ်တွင်းအပူချိန်ကို ပတ်ဝန်းကျင်ရဲ့ အပူချိန်ကိုလိုက်ပြီး မထိန်းညှိနိုင်တော့တဲ့ အခါ Heat Exhaustion လို့ခေါ်တဲ့အပူကြောင့်မောပန်းနွမ်းနယ်ခြင်း ဖြစ် ပေါ်လာနိုင်ပါတယ်။

🌡️အပူလျှပ်ရင်ဘယ်လိုကုသရမလဲ❓

အပေါ်မှာပြောခဲ့တဲ့အတိုင်း အပူဒဏ်ကြောင့် ချွေးထွက်များပြီး မောပန်းနွမ်းနယ် နေပြီဆိုရင် ခန္ဓါကိုယ်အပူချိန်လျော့ကျပြီး ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့ က အဓိကအချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် အပူလျှပ်ခြင်းခံစားရပြီဟု သံသယရှိ တာနဲ့ တစ်ကိုယ်လုံးကို ရေလောင်းချပါ၊ ရေအေးစိမ်ပါ၊ အေးတဲ့ပတ်ဝန်းကျင်မှာ နေပါ၊ အားဖြည့်အချိုရည်တွေသောက်သုံးပေးပါ။ အပူလျှပ်ခြင်းလက္ခဏာရပ် တွေက ၁၅ မိနစ်အတွင်း မသက်သာသွားဘူးဆိုရင်တော့ နီးရပ်ရာဆေးရုံ ဆေးခန်းသို့ လျင်လျင်မြန်မြန်သွားရောက်ပြသရမှာဖြစ်ပါတယ်။

Author: Dr. Aye Myat

G6PD ချို့တဲ့ခြင်း (G6PD Deficiency)ဆိုတာက ဘာလဲ ❓G6PD လို့ အတိုကောက်ခေါ်တဲ့ Glucose 6 Phosphate Dehydrogenase (G6PD) ဟာ ...
13/03/2022

G6PD ချို့တဲ့ခြင်း (G6PD Deficiency)ဆိုတာက ဘာလဲ ❓

G6PD လို့ အတိုကောက်ခေါ်တဲ့ Glucose 6 Phosphate Dehydrogenase (G6PD) ဟာ သွေးနီဥတွေအလုပ် ကောင်းကောင်းလုပ်နိုင်အောင်ကူညီနေတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်ပြီး ကမ္ဘာတဝန်းရှိလူပေါင်း ၄၀၀ မီလီယံခန့်ဟာ G6PD ချို့တဲ့ မှုကို ခံစားနေရပါတယ်။

G6PD ချို့တဲ့မှုဟာ မျိုးရိုးလိုက်တဲ့အခြေအနေတခုဖြစ်ပြီး အမျိုးသားတွေမှာ ပို ပြီးအဖြစ်များပါတယ်။ စစ်တမ်းများအရ အာဖရိကနှင့် မြေထဲပင်လယ်ဒေသမှာ နေထိုင်တဲ့ လူတွေမှာပိုပြီး အဖြစ်များတယ် လို့သိရပါတယ်။

G6PD ရဲ့အရေးပါပုံ

ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး အောက်စီဂျင်ရောက်ရှိအောင် သွေးနီဥတွေက လုပ်ဆောင်ပေးပါတယ်။ G6PD က သွေးနီဥတွေ အလုပ်ကောင်းကောင်းလုပ်နိုင် အောင် ကူညီပေးပြီး တခုခုမဖြစ်သွားအောင်လည်း အကာအ ကွယ်ပေးပါတယ်။

G6PD ချို့တဲ့လာပါက သွေးနီဥတွေကို အကာအကွယ် မပေးနိုင်တာကြောင့် သွေးနီဥတွေ ဖျက်ဆီးခံရပြီး အလုံအလောက်ပြန်မထုတ်ပေးနိုင်တဲ့အခါမှာ သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။

G6PD ချို့တဲ့ခြင်းရဲ့ နောက်ဆက်တွဲပြဿနာ

G6PD ရှိတဲ့ မွေးကင်းစကလေးငယ်တွေမှာ အသားဝါဖြစ်နိုင်ပြီး မီးပြတဲ့နည်းဖြင့်
ကုသနိုင်ပါတယ်။ များသော အားဖြင့် G6PD ရှိတဲ့ ကလေးငယ်တွေမှာ ရောဂါလက္ခဏာပြလေ့မရှိဘဲ ရောဂါပိုး (ဗိုင်းရပ်စ်/ ဘက်တီးရီးယား) ကူးစက်ခံရခြင်း၊
ပဲကြားစားသုံးမိခြင်း၊ ပရုတ်လုံးအနှံ့ရှုမိခြင်း၊ အချို့သောဆေးဝါး များသုံးစွဲမိခြင်း စတဲ့ အခြေအနေမှာ သွေးနီဥတွေ ယိုယွင်းပျက်ဆီးပြီး သွေးအားနည်းရောဂါရဲ့ လက္ခဏာတွေ ဖြစ်တဲ့ အသားအရေဖြူဖျော့ခြင်း၊ နုံးခွေခြင်း၊ ရင်တုန်ခြင်း၊အသက်ရှုမြန်ခြင်း၊ အသက်ရှုမဝခြင်း၊ မျက်လုံးဝါခြင်း၊ အသားဝါခြင်း၊ ခါးနာခြင်း၊ ဘေလုံးကြီးခြင်း၊ ဆီးအရောင်ရင့်ခြင်း စတဲ့လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

အထက်ပါလက္ခဏာတွေ တွေ့ရှိပါက ဆရာဝန်နှင့်အမြန်ဆုံးပြသပါ။ G6PD ချို့တဲ့သူနဲ့ မတည့်တဲ့အရာတွေကို ဖယ်ရှားလိုက်တာနှင့် ရောဂါလက္ခဏာတွေ က ရက်သတ္တပတ်အနည်းငယ်အတွင်း သက်သာလာမှာဖြစ်ပါတယ်။ G6PD ချို့တဲ့သော အခြေအနေရှိသူတယောက်အနေဖြင့် မိမိနှင့်မတည့်သော အစားအစာ၊ ဆေးဝါးတွေကို သိထားဖို့ လိုအပ်ပါတယ်။

G6PD ချို့တဲ့သောသူများရှောင်ကြည်ရမယ့်ဆေးဝါးများ

acetylsalicylic Acid ပါဝင်သောဆေးဝါးများ (ဥပမာ - Aspirin)vitamin C လို့ လူသိများတဲ့ Ascorbic Acid၊ chloramphenicoli chloroquine dapsone၊ dimercaproli doxorubicini mepacriner methylene blue methyldopa nalidixic acidi naphthalene nitrofurantoini phenazopyridinei primaquinel quinine sulfacetamider sulfadiazine sulfamethoxazole (Co-trimoxazole, Septra)၊ sulfanilamide sulfapyridine sulfisoxazole (Pediazole)၊ toluidine blue ဆေးဝါးကုသမှုခံယူရာမှာလည်း ဆေးရောင်း သူ ကိုဖြစ်စေ၊ ဆရာဝန်ကိုဖြစ်စေ၊ ကုသမှုပေးတဲ့ ကျန်းမာရေးဝန်ထမ်းကိုဖြစ်စေ မိမိမှာ G6PD ချို့တဲ့မှုရှိ ကြောင်းကြိုတင်ပြောပြထားပါ။ သွးနီဥတွေဖျက်ဆီး နှုန်းနဲ့ သောက်သုံးလိုက်တဲ့ဆေးဝါးပမာဏ ဆက်စပ် နေပါတယ်။ ပမာဏ လေလေ၊ သွေးနီဥ ပျက်စီးနှုန်းပိုများပြီး ပိုမိုပြင်းထန်လေဖြစ်ပါတယ်။

G6PD ချို့တဲ့သူများနှင့် မတည့်သောအစားအစာများ

(၁) Fava Beans အပါအဝင် အခြားသော ပဲတောင့်ရှည်များ

ပဲလက်မ (Broad Bean)၊ တောင်ကြီးပဲ (Fava Bean)၊ ပဲပိစပ် (Soy bean) အပါအဝင် အခြားသော ပဲအမျိုးမျိုး ရှောင်ကြဉ်ပါ။

(၂) Methol (ပရုတ်အေး)

သွားတိုက်ဆေး၊ သကြားလုံး၊ ခံတွင်းသန့်စင်ဆေးရည် အပါအဝင် အခြားသော ပရုတ်အေးပါသော အစားအစာများကိုလည်း သတိထားဆင်ခြင်သင့်ပါတယ်။

(၃) လူတို့ဖန်တီးပြုလုပ်ထားသော ဆိုးဆေးများ

အပြာရောင်အပါအဝင် အစားအစာ ဆေးဆိုးရာမှာအသုံးပြုတဲ့ လူလုပ်အရောင် တွေကြောင့် သွေးနီဥတွေ ပျက်ဆီးနိုင်ပါတယ်။ နံနွင်း၊ စပျစ်သီး စတာတွေမှရရှိ တဲ့ သဘာဝအရောင်တွေက ဘေးကင်းတာကြောင့် စိတ်ချစွာအသုံးပြုနိုင် ပါ တယ်။

(၄) Ascorbic Acid (ဗီတာမင် C)

များသောအားဖြင့် အစားအစာနှင့် ဗီတာမင် ဖြည့်စွက်ဆေးတွေမှာ လူတွေ ပြုလုပ်ထားတဲ့ Artificial ဗီတာမင် C တွေ ပါဝင်နေပါတယ်။ အစားအစာ အတော်များများမှာ ထည့်သွင်းအသုံးပြုကြတာကြောင့် သတိမထားမိလိုက်တဲ့ အချိန်မှာပင် ခန္ဓာကိုယ်ထဲသို့ တော်တော်များများရောက်နေပြီဖြစ်ပါတယ်။ Artificial Vitamin C ပမာဏများများစားသုံးမိပါက သွေးနီဥတွေ ပျက်စီးခြင်းကို ဖြစ်စေပါတယ်။

(၅) အားဖြည့်ရေ (Tonic Water)

Tonic Water မှာ G6PD ချို့တဲ့မှုရှိသူတွေ ရှောင်ရှားရမယ့် guanine ပါဝင်နေ တာကြောင့်ရှောင်ရှား ရမည့်အရာ ဖြစ်ပါတယ်။

(၆) Gluten free products (Gluten ပါဝင်မှုမရှိသော အစားအစာထုတ်ကုန် များ)

ဂလူတန် (Gluten) မတည့်တဲ့သူတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်တဲ့ အစားအစာတွေမှာ Favabeans ပါဝင်နေတတ် တာကြောင့် အစားအစာများကို မဝယ်ခင်နှင့် မစားသုံးခင်မှာ အညွှန်းကိုသေချာစွာဖတ်ပါ။

(၇) ကြက်ဟင်းခါးသီး

အလွယ်တကူဝယ်ယူရနိုင်ပြီး လူကြိုက်များတဲ့ကြက်ဟင်းခါးသီးဟာ G6PD ချို့တဲ့သူတွေအတွက်ကတော့ ရှောင်ကြဉ် ရမယ့်အစားအစာဖြစ်ပါတယ်။

(၈) ဗီတာမင် K

G6PD ရှိတဲ့ ကလေးငယ်တွေကို ဗီတာမင် K ပေးမိပါက သွေးနီဥများပျက်ဆီး ခြင်း၊ ဦးနှောက်နှင့်အသည်းထိခိုက်ခြင်း နှင့် ပြင်းထန်ပါက အသက်အန္တရာယ် သေဆုံးခြင်းတို့ဖြစ်နိုင်ပါတယ်။

(၉) Sulfites နှင့် Sulfites ပါဝင်သော အစားအစာများ

Sulfites ကို အစားအစာအမျိုးမျိုးမှာ ထည့်သွင်းလေ့ရှိတာကြောင့် မဝယ်မီနှင့် မ စားသုံးမီမှာ အညွှန်းစာရွက်ကို သေချာစွာဖတ်ဖို့လိုအပ်ပါတယ်။

(၁၀) တရုတ်တိုင်းရင်းဆေးများ

အထူးသဖြင့် Rhizoma Coptidis (huang Lien), Calculus Bovis (neu huaung), Flos Chimonanthi Praccocis (Ich mci hua), Flos lonicerae (Kam ngan fa), Margarita, Gan Cao (Licarice root) စတာတွေပါဝင်တဲ့ တရုတ်တိုင်းရင်းဆေးတွေဟာ G6PD ချို့တဲ့သူတွေရှောင်းရှားသင့်တဲ့အရာတွေ ထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။
။..........

Credit.

မူလ စာရေး သူအား Credit ပေးပါတယ်❤️ယနေ့ကမ္ဘာမှာ ကူးစက်ခံရသူ ၉၀% ကျော်ဟာ Omicron ဖြစ်ပြီးသူကပေးတဲ့ antibody ဟာ T cell ကို m...
09/02/2022

မူလ စာရေး သူအား Credit ပေးပါတယ်❤️

ယနေ့ကမ္ဘာမှာ ကူးစက်ခံရသူ ၉၀% ကျော်ဟာ Omicron ဖြစ်ပြီးသူကပေးတဲ့ antibody ဟာ T cell ကို memorized လုပ်ပေးပြီး Corona virus ကို မှတ်မိစေမယ်။

ကူးစက်ခံရတဲ့ targeted cell ကို တိုက်ခိုက်တာမို့နောင် အသစ်ထွက်နိုင်မယ့် variant ကိုပါ ကာကွယ်နိုင်မယ်လို့ တွက်ဆထားပါတယ်။

Omicron ကူးစက်ခံရတဲ့အတွက် ထွက်လာတဲ့ antibody ဟာ delta ကူးစက်မှုကို ခံနိုင်ရည်ရှိတယ်လို့လည်း တွေ့ထားပါတယ်။

အထက်ပါတွေ့ရှိချက်အရဆိုရင်
Omicron ဟာ နောက်ဆုံးလာတဲ့ကိုဗစ်လှိုင်းဖြစ်ဖို့များပါတယ်။

ကူးစက်နှုန်းက ထိန်းချုပ်မရလောက်အောင်မြန်တဲ့အတွက် တားဖို့မလွယ်လောက်ပါဘူး။သေဆုံးနှုန်းက ၀.၂% ဆိုတော့ အရင်လိုစိုးရိမ်ဖို့မလိုအပ်ပေမယ့်နာတာရှည် ဆီးချို သွေးတိုး နှလုံး အဆုတ် ရောဂါရှိသူတွေအတွက်တော့ အရဲမစွန့်သင့်တဲ့အနေအထားပါ။

ကျနော်တို့ ကမ္ဘာကြီးဟာ ကိုဗစ်နဲ့ယှဉ်တွဲနေထိုင်နိုင်တဲ့ နေ့သစ်ကိုရောက်ပါတော့မယ်လို့မျှော်လင့်ပါတယ် ။

အားတင်းထားကြပါစို့...။
Credit:
Paing Soe Zaw

🛑စာဖတ်ပျင်းပြီး အထွေထွေဗဟုသုတ အားနည်း၍       အစားအသောက် ကျိန်စာ သင့်နေသော                      ရွှေမြန်မာများ ရွှေမြန်မာ...
26/01/2022

🛑စာဖတ်ပျင်းပြီး အထွေထွေဗဟုသုတ အားနည်း၍
အစားအသောက် ကျိန်စာ သင့်နေသော
ရွှေမြန်မာများ
ရွှေမြန်မာတွေရဲ့ ပျမ်းမျှသက်တမ်းက ၅၇ နှစ်
အာရှမှာ အနိမ့်ဆုံးဘဲ

အသက် ရှင်သန်ဖို့အတွက် နေစဉ်စားသောက်နေရတဲ့
အစားအသောက်တွေကို ကျန်းမာရေးအသိနဲ့ မချင့်ချိန်ဘဲ
စားသောက်ရင် ကိုယ့်ရဲ့ ကျန်းမာရေးထိခိုက်ရုံမျှ မကဘဲ
ကိုယ့်ရဲ့ရင်သွေးတွေ ၊ ကလေးငယ်တွေရဲ့ အနာဂတ်ပါ
အညွန့်ကျိုးသွားနိုင်ပါတယ်

စျေးသက်သာလို့ ဆိုတဲ့ အကြောင်းပြချက် မပေးပါနဲ့
ကျန်းမာရေးအသိ မရှိဘဲ လျှာနဲ့စိတ်ကို အလိုလိုက်တာပါ

အခုဆို အသက် ၄၀ နဲ့ အထက် တွေကို
ကြည့်လိုက် မေးလိုက်ရင်
ဟိုဟာက မတည့် ဒီဟာက စားလိုမရ နဲ့
အရှင်လက်လက် ပြိတ္တာရောဂါ တွေဖြစ်တဲ့
ဆီးချို ၊ သွေးချို ၊ သွေးတိုး ၊ နှလုံးသွေးကြောကျဉ်း စတဲ့
ရောဂါတွေ မရှိတဲ့သူ တော်တော်ကို ရှားလာတယ်

တဆင့်တက် အဲ့ဒီထက်ပိုဆိုးတဲ့
အသဲကင်ဆာ ၊ အဆုပ်ကင်ဆာ ၊ ကျောက်ကပ်ကင်ဆာ
ရောဂါတွေ အဖြစ် အရမ်းများလာတယ်

အသက် ၆၀ ကျော်တွေကြည့်လိုက်တော့
အရိုးပါး အရိုးပွ နဲ့ သတိမေ့တဲ့ ရောဂါတွေ ဖြစ်နေကြတယ်

ကလေးလေးတွေကြည့်တော့လည်း
အရောင်စုံ အရသာစုံ အနံစုံ နဲ့
လက်လီစျေး .... ၅၀ ကျပ်တန်
လက္ကားစျေး ......၃၀ ကျပ် နဲ့
ထုပ်လုပ်စားရိတ်..၂၀ ကျပ် လောက်ဘဲရှိတဲ့
အချိုရည်မျိုးစုံ ၊ ဂျယ်လီခွက်ကြီးမျိုးစုံ နဲ့

အချိုမူန့် နဲ့ ကြက်သားမှုန့် ရောမွေထားတဲ့
လေဖောင်းမူန့်အစုံ
အရောင်စုံ အရသာစုံ အနံစုံ နဲ့
ချိုချဉ်အစုံ ပီကေအစုံ နို့ခဲအစုံ

ပြီးတော့ အသားပုပ်ပေါင်းစုံ
ကြာရှည်ခံဓါတုဆေးပေါင်းစုံ နဲ့လုပ်တဲ့ပင်လယ်စာလို့ခေါ်တဲ့
အသားတုပေါင်းစုံ ၊ အကင်ပေါင်းစုံ တွေရဲကောင်းမူကြောင့်
ပိန်လှီလှီ ညှောင့်နာနာ နဲ့ ရှူနာ ရှိုက်ကုံးလေးတွေဖြစ်လို့

တချို ငွေကြေးချမ်းသာပြီး ကျန်းမာရေးအသိမရှိတဲ့
မိသားစုကကလေးတွေဆို ပိုဆိုးတယ်

ကျောင်းကို မုန့်ဖိုးအများကြီးပေး ထားတော့
တွေ့သမျှ အသစ်ပေါ်တိုင်းဝယ်စားတယ်

တွေ့သမျှ မသောက်ဖူးသေးတဲ့ အချိုရည်အစုံ သောက်ပြီး
နောက်ဆုံး ၁၂ နှစ် ၁၃ နှစ်သားလေးကို
ကျောက်ကပ်ပျက်ပြီး ကျောက်ကပ်အလှူရှင် မရှိသေးလို
တပတ် တခါ အကြောဖောက်ပြီး ကျောက်ကပ်ဆေးနေရတဲ့
ကလေးတွေ အများကြီးတွေ့ နေရတယ်

လူကြီးများ လေ့လာပါ သတိထားပါ ဆင်ချင်ပါ ပြီးရင်
ကလေးတွေကို အကျိုးအကြောင်းပြောပြပြီး သင်ပေးပါ

ခက်တာက လူကြီးတွေ ကိုယ်တိုင်က မသိတာဘဲ

တချို အသိတရားနည်းတဲ့ လူကြီးတွေ ပြောသေးတယ်
" တသက်လုံး စားလာတာ အခုမှတော့ မစားဘဲ
မနေနိုင်ပေါင် သေမှသေရောဘဲ " ဆိုတဲ့
လူကြီးတွေ အများကြီးဘဲ

တရုတ်ကြီးတယောက်ပြောတာ သွားသတိရတယ်
" နိတို့မြန်မာတွေ ကျန်းမာရေးအသိကိုမရှိဘူး
ဘိုင်းကနဲ့ လဲပြီးမသေရင်ပြီးရော အကုန်စားတယ်တဲ့ "

နေစဉ်စားသောက်နေတဲ့ အစားအသောက်တွေမှာ
အဆိပ်တွေ အဆိပ်တွေ
အိမ်ရှင်မတွေဟင်းချိုမူန့် ကြက်သားမှုန့်တွေထည့်
ဆီအညံ့တွေနဲ့ဆီပြန်ဟင်းတွေချက်ပြီး
ကိုယ်အရမ်းချစ်ရတဲ့ ကိုယ့်ယောင်္ကျား နဲ့ သားသမီးတွေကို
အိမ်က မီးဖိုချောင်ထဲမှာ အဆိပ်ခတ်နေကြတယ်

ချက်ချင်း မသေပေမယ့်
တဖြည်းဖြည်း ကျန်းမာရေး ချို့တဲ့
ကျန်းမာရေး မကောင်းတော့ ကျန်းမာရေးစရိတ်တွေကြောင့်
စီးပွားရေးတွေ လုံးပါးပါးပြီး
နောက်ဆုံး မိသားစုတစုလုံး ဘဝပျတ်
သားသမီးတွေပါ အညွှန်တုန်းကုန်ပါလိပ်မယ်

ပြီးတော့
ထုပ်လုပ်တဲ့သူတွေကို ဘယ်လို အရေးယူပါ ဘာညာနဲ့
အစိုးရ ကိုချည်းဘဲ အပြစ် မပြောပါနဲ့

အစိုးရက တင်းတင်းကြပ်ကြပ် အရေးယူမူတွေလုပ်ထားတဲ့
မူးယစ်ဆေး ဆိုတာတွေကိုတောင်မှ
အသိတရား နည်းပါးသူတွေက မရမကရှာဝယ်ပြီး
သုံးစွဲနေကြသေးတာဘဲ
အသိတရားမရှိ သုံးစွဲသူတွေရှိနေသရွေ့
ထုပ်လုပ်ရောင်းချသူတွေရှိနေမှာပါဘဲ

ဟင်းချို မူန့်လေး ကြက်သားမှုန့်လေးမှ မပါရင်
စားမကောင်းဘူး လျှာထဲမစွဲဘူး
အသားဟင်းချက်ရင် ဆီမြုပ်နေမှ ကောင်းတာ
ဟင်းချက်ရင် အရောင် ရဲရဲလေးမှ လှတာ

အဲ့ဒီတော့
စားကောင်းပြီး လျှာထဲစွဲချင်တယ်
ဆီမြုပ်ပြီး အရောင်လှချင်တယ်
စျေးကျတော့ ပေါလော ရှောလော သုံးချင်တယ် ဆိုတော့
အချိုမူန့် များများ ပြည့်ဝဆီ အညံစားတွေနဲ့
ဆေးဆိုးထားတဲ့ အရောင်တင်မူန့်တွေဘဲ စားရတော့မှာပေါ့

အစိုးရက ထုပ်လုပ်သူတွေကို
ဘယ်လိုဘဲ အရေးယူ အပြစ်ပေးနေပေမယ့်
ကျန်းမာရေး အသိတရားမရှိ စားသုံးသူတွေရှိနေသရွေ့
ထုပ်လုပ်ရောင်းချသူတွေရှိနေမှာပါဘဲ



မူရင်းရေးသားသူအား လေးစားလျက် 🙏🙏🙏

https://www.facebook.com/718006245681144/posts/734544144027354/
16/01/2022

https://www.facebook.com/718006245681144/posts/734544144027354/

#သင်စိတ်ဓါတ်ကျနေလား ဗီတာမင်ပြည့်အောင်စားပါ ... 2

စိတ်ကျရောဂါအတွက် အကျိုးရှိတဲ့ ဗီတာမင်များကတော့ -

1. ဗီတာမင် B
စိတ်ကျရောဂါ ခံစားနေရတဲ့လူတွေမှာ ဗီတာမင် B အထူးသဖြင့် B12 ချို့တဲ့နေတာ တွေ့ရတတ်ပါတယ်။ ဗီတာမင် B က ဦးနှောက်ကနေ စိတ်ခံစားမှုတွေကို ထိန်းချုပ်တဲ့ chemical တွေ ထုတ်ရာမှာ အရေးပါ ပါတယ်။ အသက်ကြီးလာရင် ခန္ဓာကိုယ်က B12 ကို သိပ်ပြီး မစုပ်ယူနိုင်တော့ပါဘူး။

2. ဗီတာမင် B3
သူက စိတ်ကိုပျော်စေတဲ့ စီရိုတိုနင် ထုတ်ရာမှာ အရေးပါပါတယ်။ စိတ်ကျရောဂါ ခံစားနေရသူတွေမှာ စီရိုတိုနင်က ကျနေတတ်ပါတယ်။

3. ဗီတာမင် B9 (ဖောလစ်အက်စစ်)
သူကတော့ ဖောလစ်အက်စစ်လို့ သိကြတာ များပါတယ်။ သူလည်း ပျော်ရွှင်စေတဲ့ ဟော်မုန်းဖြစ်တဲ့ ဆီရိုတိုနင်ဟော်မုန်း ထုတ်ရာမှာ ကူညီပေးပါတယ်။

4. ဗီတာမင် ဒီ
သူကတော့ ဆောင်းရာသီ စိတ်ကျရောဂါမှာ သုံးပါတယ်။ နေကို မမြင်ရတော့တဲ့ အနောက်နိုင်ငံတွေမှာ အဖြစ်များပါတယ်။ ဗီတာမင်ဒီက ခန္ဓာကိုယ်က နေရောင်ကို ထိတွေ့ပြီး ထုတ်လုတ်တာဖြစ်လို့ ဆောင်းရာသီမှာ ကျနေတတ်ပါတယ်။ ဒီလိုအချိန်မှာ ဗီတာမင်ဒီ အပြင်က သောက်ပေးတာက စိတ်ကို တက်ကြွစေပါတယ်။

5. အိုမီဂါသရီး
သူကတော့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ၊ ကျန်းမာရေးအတွက် အရေးပါတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။

6. မဂ္ဂနီစီယမ်
သူ ချို့တဲ့ရင် အိပ်မပျော်တာ၊ ဝမ်းချုပ်တာ၊ ကြွက်သား တောင့်တင်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဦးနှောက်ကနေ စိတ်ပျော်စေတဲ့ဟော်မုန်း ထုတ်ရာမှာ ပါဝင်ပါတယ်။

7. ဗီတာမင်စီ
ဗီတာမင်စီက စိတ်ကို တက်ကြွစေပါတယ်။

Credit Dr Htar

🛑မိမိခန္ဓာကိုယ်ကိုကြည့်ပြီးကိုယ်တွင်းရောဂါများအားခန့်မှန်းခြင်း 🛑🎈၁. မနက်စောစော အိပ်ယာမှ ထရင် ဘေးမစောင်းပဲ ပက်လက်အနေအထား...
16/01/2022

🛑မိမိခန္ဓာကိုယ်ကိုကြည့်ပြီး
ကိုယ်တွင်းရောဂါများအား
ခန့်မှန်းခြင်း 🛑

🎈၁. မနက်စောစော အိပ်ယာမှ ထရင် ဘေးမစောင်းပဲ ပက်လက်အနေအထားအတိုင်း ထကြည့်လိုက်လို့ မောမယ် မထနိုင်ဘူးဆိုရင်..
အဆုတ်
နှလုံး ရောဂါ
ရှိနိုင်သည်။

🎈၂. မနက်အိပ်ယာထတွင် ခြေလက်များ ထုံကျဉ် သလိုလို လေးလံသလိုလို ဖြစ်နေရင်..
ဆီးချိုရောဂါ
ကျောက်ကပ်ရောဂါ
ရှိနိုင်သည်။

🎈၃. မနက်အိပ်ယာထ ခေါင်းတွေအုံ မျက်စိတွေ ကြည့်မကောင်း အကြောတွေတက် ဖြစ်နေလျင်..
သွေးတိုးရောဂါ
နှလုံးသွေးကြောကျဉ်းရောဂါ
ရှိနိုင်သည်။

🎈၄. ပူပန်စရာ အထူးမရှိပဲ ညစဉ် အိပ်မပျော်သလို အိပ်ရေးမဝသလို ဖြစ်နေလျင်..
အစာအိမ် နှင့်
သည်းခြေအိတ် ရောဂါ
ရှိနိုင်သည်။

🎈၅. အမြဲ တခုခုအလိုမကျခြင်း ဒေါသအထွက် မြန်ခြင်း စိတ်တိုခြင်း ဝမ်းနည်းခြင်း ငိုချင်နေခြင်း တို့ဖြစ်နေလျင်..
စိတ်ကျရောဂါ
အသည်းအားနည်းရောဂါ
ရှိနိုင်သည်။

🎈၆. ရင်းသားအရွယ်အစားပုံမှန်ထက်ကြီးသော မိန်းခလေးများ..
ရင်သားကင်ဆာ
ဖြစ်နိုင်သည်။

🎈၇. လက်မောင်း ခြေသလုံး
ပုံမှန်ထက် တုတ်လွန်း ဝလွန်းသော
မိန်းခလေးများ..
သားအိမ်
အသည်း
သရက်ရွက်
ရောဂါရှိ နိုင်ပါသည်။

🎈၈. မျက်လုံးမို့အစ်ခြင်း မျက်နှာ အဆီပြန်လွန်းပါက
လိင်ပိုင်းဆိုင်ရာရောဂါနှင့်
အသည်းအဆီဖုံးရောဂါ
ရှိနိုင်ပါသည်။

🎈၉. ပုံမှန်လက်စွပ်များ ဝတ်မရ ၊
ချွတ်မရတော့သည်အထိ လက်ချောင်းပြည့်ဖောင်းလွန်းပါက..
ဂေါက်ရောဂါ ကဲ့သို့
အဆစ်မြစ်ရောင်ရောဂါ
ရှိ နိုင်ပါသည်။

🎈၁၀.သွားများ မျက်စိများ ဝါလာခြင်း လက်သည်း ခြေသည်းခွံများ ဝါလာပါက..
အသည်းရောင် အသားဝါ
B ပိုး C ပိုး
ရှိနိုင်ပါသည်။

🎈၁၁. မိန်းခလေးများ ဆီးကျဉ်ခြင်း မွေးလမ်းကြောင်း အနံ့အသက်မကောင်းခြင်း ရေအိတ် အလုံး တည်ခြင်းများ ဖြစ်နေပါက..
သားအိမ်ကင်ဆာ
ဖြစ်နိုင်ပါသည် ။

🎈၁၂.ယောက်ျားလေးများ ညဘက် ဆီးခဏခဏ သွားခြင်း ဆီးမထိမ်းနိုင် ဖြစ်ပါက..
ဆီးကျိတ်ကြီးခြင်း
ကျောက်ကပ် နှင့်
ဆီးကျိတ်ကင်ဆာ
ဖြစ်နိုင်သည်။

🎈၁၃.ထိုင်ရာမှ ထ ရာ၌ မူးခြင်းမိုက်ခြင်း ဖြစ်ပါက.
သွေးအားနည်းရောဂါ
အဆုတ်ရောဂါ
ရှိနိုင်ပါသည်။

🪴အသက်ကိုဥာဏ်စောင့်တာမို့
သတိနဲ့ယှဉ်၍ ရောဂါမဖြစ်ခင်
အချိန်မှီကာကွယ်နိုင်ကြပါစေ။❤️

ပန်ကရိယ (မုန့်ချိုအိတ်) ကျန်းမာရေးကောင်းစေသော အစားအစာများ============================================= #ဒေါက်တာခင်မိုးမိ...
11/01/2022

ပန်ကရိယ (မုန့်ချိုအိတ်) ကျန်းမာရေးကောင်းစေသော အစားအစာများ
=============================================

#ဒေါက်တာခင်မိုးမိုး

မုန့်ချိုအိတ်ဆိုတာက ၀မ်းဗိုက်အတွင်း အစာအိမ်အနောက်ဘက်မှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ သူက သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့အတွက် အင်ဆူလင်ထုတ်လုပ်ပေးတာနဲ့ အဆီနဲ့ ပရိုတင်းတွေကို ချေဖျက်ဖို့ အင်ဇိုင်းတွေ ထုတ်လုပ်ပေးတဲ့ ဂလင်းတစ်ခု ဖြစ်ပါတယ်။ မုန့်ချိုအိတ်ဟာ အစာကို ထိထိရောက်ရောက်ချေဖျက်ပေးပြီး ထွက်လာတဲ့အာဟာရတွေကို စုပ်ယူဖို့ ကူညီပေးပါတယ်။ မုန့်ချိုအိတ်ကသာ သူ့လုပ်ငန်းဆောင်တာတွေကို သေချာမပြုလုပ် နိုင်ဘူးဆိုရင် ဆီးချိုရောဂါ၊ မုန့်ချိုအိတ် ရောင်ရမ်းတာနဲ့ မုန့်ချိုအိတ်ကင်ဆာအပါအ၀င် ကျန်းမာရေးပြဿနာအများအပြား ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးကောင်းမွန်နေစေဖို့အတွက် မုန့်ချိုအိတ်ရဲ့ ကျန်းမာရေးကိုလည်း လျစ်လျူရှုလို့ မရပါဘူး။

မုန့်ချိုအိတ်ကျန်းမာရေးချို့ယွင်းရတဲ့ အကြောင်းရင်းကို သေချာမသိသေးပေမယ့် သင်ရဲ့ ဘဝနေထိုင်မှုပုံစံနဲ့ သင်စားတဲ့အစားအစာတွေက မုန့်ချိုအိတ်ရဲ့ ကျန်းမာရေးကို အများကြီးအထောက်အကူပေးနိုင်ပါတယ်။ အောက်ပါတို့ဟာ မုန့်ချိုအိတ်ကျန်းမာရေးကောင်းမွန်စေတဲ့ အစားအစာတွေပါ။

၁။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ပါ၀င်တဲ့ အလက်စင်ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ရောင်ရမ်းမှုလျော့စေတဲ့ ပစ္စည်းဖြစ်သလို မုန့်ချိုအိတ်ကင်ဆာဖြစ်နိုင်ခြေကို ကာကွယ်နိုင်စွမ်းလည်း ရှိပါတယ်။ သူ့မှာ ပါ၀င်တဲ့ ဆာလဖာ၊ အာဂျနင်း၊ အော်လီဂိုစခရိုက်၊ ဖလေဗိုနွိုက်နဲ့ ဆီလီနီယမ်လိုမျိုး အာဟာရဓာတ်တွေက မုန့်ချိုအိတ်တစ်သျှူးရဲ့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ ကြက်သွန်ဖြူက ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ဆီးချိုရောဂါကို ကုသရာမှာလည်း အလွန်အသုံး၀င်ပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်မားမှုကို လျှော့ချနိုင်တဲ့ ဂုဏ်သတ်္တိနဲ့ အဆီကို လျှော့ချနိုင်တဲ့ ဂုဏ်သတ်္တိလည်း ရှိပါတယ်။ ၂၀၁၃ ခုနှစ်က လေ့လာမှုအရ ကြက်သွန်ဖြူကို ဆေးဝါးအဖြစ် မှီဝဲသူတွေက သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် နေ့စဉ်နေ့တိုင်း အစာမစားခင်မှာ ကြက်သွန်ဖြူ နှစ်တက်သုံးတက်ကို ပုံမှန်စားပေးသင့်ပါတယ်။

၂။ ဒိန်ချဉ်

လူ့အကျိုးပြုဘက်တီးရီးယားတွေ ပါ၀င်တဲ့ ဒိန်ချဉ်ဟာ အစာခြေစနစ်ကျန်းမာရေးကောင်းမွန်ဖို့အတွက် လိုအပ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ အစာခြေစနစ် ကျန်းမာတာက မုန့်ချိုအိတ်ကျန်းမာဖို့လည်း အလွန်အရေးကြီးပါတယ်။ ၂၀၁၄ ခုနှစ်က လေ့လာမှုအရ ဒိန်ချဉ်ကို များများစားသုံးသူတွေက အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျော့ကျတာနဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။ ဒိန်ချဉ်ကို နေ့စဉ် သုံးခွက် စားသုံးပေးပါက မုန့်ချိုအိတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပြီး ပျက်စီးမှုရှိနေတဲ့ မုန့်ချိုအိတ်တစ်သျှူးတွေကိုလည်း ပြန်လည်ပြုပြင်နိုင်တယ်လို့ သိရပါတယ်။

၃။ ဟင်းနုနယ်

ဟင်းနုနယ်မှာ မုန့်ချိုအိတ်လုပ်ငန်း ဆောင်တာအတွက် လိုအပ်တဲ့ သံဓာတ်နဲ့ ဗီတာမင် ဘီ တွေ များစွာ ပါ၀င်ပါတယ်။ ခန္ဓာကိုယ်က ဗီတာမင် ဘီ နဲ့ သံဓာတ်ကို လုံလောက်တဲ့ပမာဏ ရရှိပါက မုန့်ချိုအိတ်ရောင်ရမ်းနိုင်ခြေ အလွန်နည်းသွားပါတယ်။ မုန့်ချိုအိတ်ရောင်ရမ်းတာက မုန့်ချိုအိတ်ကင်ဆာဖြစ်နိုင်ခြေ အလွန် များပါတယ်။ ဟင်းနုနယ်မှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ မိုနိုဂလက်တိုဆိုင်ဒစ်စီ ဂလိုက်စထရောလည်း ပါ၀င်တဲ့အတွက် ကင်ဆာဆဲလ်တွေ ကြီးထွားနှုန်းကိုလည်း နှေးကွေးစေနိုင်ပါတယ်။ ဒါ့အပြင် သူက သွေးတွင်းသကြားဓာတ်မြင့်မားမှုကိုလည်း ထိန်းချုပ်နိုင်ပါတယ်။

၄။ နနွင်း

နနွင်းမှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိတွေရှိတဲ့အတွက် မုန့်ချိုအိတ်ကင်ဆာအပါအ၀င် ကင်ဆာအများစု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သူ့မှာ ပါ၀င်တဲ့ ကာကူမင် ဒြပ်ပေါင်းတွေက ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို ဖျက်ဆီး ပစ်နိုင်ပါတယ်။ နနွင်းဟာ အစွမ်းထက် ရောင်ရမ်းမှုဆန့်ကျင်တဲ့ပစ်္စည်းလည်း ဖြစ်တဲ့အတွက် မုန့်ချိုအိတ်ရောင်ရမ်းမှု မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် မမြင့်အောင် ထိန်းချုပ်ပေးနိုင်တဲ့အတွက် ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၅။ ဘလူးဘယ်ရီ

ဘယ်ရီသီးအားလုံးက မုန့်ချိုအိတ် ကျန်းမာရေးအတွက် ကောင်းမွန်ပေမယ့် ဘယ်ရီသီးထဲမှာ ဘလူးဘယ်ရီကတော့ အကောင်းဆုံးလို့ ဆိုပါတယ်။ ဘလူးဘယ်ရီမှာ ပါ၀င်တဲ့ များစွာသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက မုန့်ချိုအိတ်ကို ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးထားနိုင်ပါတယ်။ သူ့မှာ ပါ၀င်တဲ့ တီလိုစတေဘင်းဒြပ်ပေါင်းက အဆုတ်၊ အစာအိမ်၊ မုန့်ချိုအိတ်နဲ့ သားမြတ်ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေနိုင်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေနဲ့လည်း အထူးသင့်တော်ပါတယ်။

၆။ ဘရိုကိုလီ

ခရူဆီဖီးရပ်စ်အမျိုးအစား၀င် ဖြစ်တဲ့ အစိမ်းရောင်ပန်းဂေါ်ဖီ ခေါ် ဘရိုကိုလီက မုန့်ချိုအိတ်ကျန်းမာရေးအတွက် အလွန်အသုံး၀င်ပါတယ်။ သူ့မှာ ပါ၀င်တဲ့ များစွာသော ဆာလဖာဒြပ်ပေါင်းတွေက မုန့်ချိုအိတ်အပါအ၀င် ခန္ဓာကိုယ် ကိုယ်တွင်းအင်္ဂါတွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ဘရိုကိုလီက သွေးတွင်း ကိုလက်စထရောအဆင့်ကိုလည်း လျော့ကျစေနိုင်ပါတယ်။ ဆီးချိုရောဂါနဲ့ ဆီးချိုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲရောဂါတွေကို ကုသရာမှာလည်း အသုံး၀င်ပါတယ်။

၇။ စပ်စ္သီး

မုန့်ချိုအိတ်ကျန်းမာရေးအတွက် အသုံး၀င်တဲ့ သစ်သီးတစ်မျိုးကတော့ အနီရောင်စပျစ်သီးပါ။ အနီရောင်စပျစ်သီးမှာ ရီဗက်စထရောခေါ်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းဒြပ်ပေါင်းတွေ များစွာ ပါ၀င်ပါတယ်။ သူက မုန့်ချိုအိတ်ရောင်ရမ်းတာ ဒါမှမဟုတ် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ကာဗိုဟိုက်ဒရိတ် ဇီ၀ရုပ်ဖြစ်စဉ်နဲ့ ဆဲလ်အတွင်း ဂလူးကို့စ်ရောက်ရှိမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ၂၀၁၃ ခုနှစ်က လေ့လာမှုအရ ရီဗက်စထရောဟာ ဆီးချိုရောဂါနဲ့ သူရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကုသဖို့ အသုံး၀င်တယ်လို့ သိရပါတယ်။

၈။ ကန်စွန်းဥ

ကန်စွန်းဥမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဘီတာကယ်ရိုတင်းတွေ များစွာ ပါ၀င်တဲ့အတွက် မုန့်ချိုအိတ်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ကန်စွန်းဥ ပုံမှန်စားသုံးသူတွေက အင်ဆူလင်ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ မုန့်ချိုအိတ်ဆဲလ်တွေကို ကျန်းမာစေဖို့ ကူညီပေးပါတယ်။ သွေးထဲကို သကြားဓာတ် ဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးနိုင်တဲ့အတွက် သွေးတွင်းသကြားဓာတ် တည်ငြိမ်မှုရှိအောင်လည်း ကူညီနိုင်ပါတယ်။

၉။ ယီရှီးမှို

ဒီမှိုမှာ ရောင်ရမ်းမှု လျော့ကျနိုင်တဲ့ အစွမ်းထက်ဒြပ်ပေါင်းတွေ များစွာပါ၀င်တဲ့အတွက် မုန့်ချိုအိတ်ရောင်ရမ်းနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ သူ့မှာ ဘီတာဂလူကန်ပေါ်လီစခရိုက်နဲ့ ထရစ်ပ်တာပင်းလိုမျိုး အပင်ဒြပ်ပေါင်းတွေလည်း များစွာ ပါ၀င်ပါတယ်။ ဒီဒြပ်ပေါင်းတွေက အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့အတွက် မုန့်ချိုအိတ်ကင်ဆာအပါအ၀င် ကင်ဆာအများစုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ယီရှီးမှိုကို အခြောက်ခံပြီးမှသာ ကျန်းမာရေးအ တွက် အသုံးပြုသင့်ပါတယ်။

၁၀။ နွယ်ချို

ရောင်ရမ်းမှုကို လျော့ကျစေတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် မုန့်ချိုအိတ်ရောင်ရမ်းမှုဖြစ်စဉ်ကို လျှော့ချပေးပါတယ်။ သူက အစာတွေကို ခြေနိုင်ဖို့အတွက် သည်းခြေရည်ထုတ်လုပ်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ နွယ်ချိုဟာ ဆီးချိုကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။ နွယ်ချိုမြစ်မှာ ပါ၀င်တဲ့ အမောက်ဖရူတင်ဒြပ်ပေါင်းက သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေနိုင်ပါတယ်။ ဒါ့အပြင် အသည်းအဆီဖုံးနိုင်ခြေကိုလည်း လျှော့ချပေးပြီး အင်ဆူလင် ခံနိုင်ရည်ရှိမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ၂၀၁၂ ခုနှစ်က လေ့ လာမှုအရ နွယ်ချိုမှာ ပါ၀င်တဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိနဲ့ သွေးတွင်း သကြားဓာတ်မြင့်မားမှုကို လျှော့ချနိုင်တဲ့ ဂုဏ်သတ်္တိကြောင့် ဆီးချိုရောဂါကို ကုသရာမှာ အကျိုးရှိတယ်လို့ သိရပါတယ်။

#ဒေါက်တာခင်မိုးမိုး
(Good Health Journal 613)

🎉 Happy New Year, everyone 🎉🙏အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်လေးဖြစ်ကြပါစေ။ ကိုယ်၏ကျမ်းမာခြင်းစိတ်၏ချမ်းသာခြင်းများဖြင့် ...
01/01/2022

🎉 Happy New Year, everyone 🎉

🙏အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်လေးဖြစ်ကြပါစေ။ ကိုယ်၏ကျမ်းမာခြင်းစိတ်၏ချမ်းသာခြင်းများဖြင့် ပြည့်စုံနိုင်ကြပြီး၊ စိတ်သွားတိုင်းကိုယ်ပါ ကျမ်းမာပျော်ရွှင်သောဘဝလေးပိုင်ဆိုင်နိုင်ကြပါစေ။ ကပ်ကြီး သုံးပါးကိုကျော်နိုင်နင်းနိုင်ပြီး၊ မိမိတို့လိုခြင်သောဘဝပန်းတိုင်ကို လျှင်မြန်စွာရောက်ရှိနိုင်ကြပါစေ။

10 Dec 2021 🔥🔥🔥Silent Strike နော် 🔥🔥🔥Photo
09/12/2021

10 Dec 2021 🔥🔥🔥
Silent Strike နော် 🔥🔥🔥

Photo

ဗိုင်းရပ်စ်မျိုးကွဲသစ် အိုမီခရွန်နဲ့  ( Breaking news )ပတ်သက်ပြီး သိထားသင့်သမျှအရာများ==========================တောင်အာဖ...
28/11/2021

ဗိုင်းရပ်စ်မျိုးကွဲသစ် အိုမီခရွန်နဲ့ ( Breaking news )
ပတ်သက်ပြီး သိထားသင့်သမျှအရာများ
==========================
တောင်အာဖရိမှာ စတင်တွေ့ရှိခဲ့တဲ့ ဒီမျိုးကွဲသစ်က ကမ္ဘာကြီးကိုတုန်လှုပ်သွားစေခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေက ဗိုင်းရပ်စ်မျိုးကွဲသစ်အဖြစ် အတည်ပြုခဲ့ပြီးနောက် နိုင်ငံအများအပြားက လေကြောင်းခရီးစဉ်တွေဖျက်သိမ်းတာ၊ နယ်စပ်ဖြတ်ကျော်ခွင့်မပေးတာတွေ
ပြုလုပ်ခဲ့ကြပြီး နိုင်ငံတွင်းရောက်ရှိနေသူတွေကိုလည်း တင်းကျပ်တဲ့စစ်ဆေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ B.1.1.529 နဲ့ ပတ်သက်ပြီးတော့ သိထားသင့်တာတွေကတော့...။

၁။ လူတိုင်းဘာလို့အရမ်းစိုးရိမ်နေကြတာလဲ?

စကားတလုံးတည်းဆိုရရင်တော့ မျိုးဗီဇကြောင့်ပါပဲ။ ဒီမျိုးကွဲသစ်မှာ ဗီဇပေါင်း ၃၀ ကျော်အထိ ပါဝင်ပြီး လူသားတွေရဲ့ ဆဲလ်အတွင်းကို ဝင်ရောက်နိုင်တဲ့ ပရိုတိန်းကလည်း ပိုမိုများပြားတယ်လို့ဆိုပါတယ်။ ဒယ်လ်တာမျိုကွဲမှာရှိတာရဲ့ ၂ ဆအထိရှိတယ်လို့ သိရပြီး တရုတ်မှာ
ပထမဆုံးတွေ့ခဲ့တဲ့ ဗိုင်းရပ်စ်နဲ့ ကွဲပြားခြားနားပါတယ်။ အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန်ပြောင်းလဲနိုင်တဲ့ မျိုးဗီဇတွေဖြစ်တာက စိုးရိမ်စရာဖြစ်နေတာပါ။ ကိုယ်ခံစွမ်းအားနဲ့ ကာကွယ်ဆေးအာနိသင်ကိုတောင် ကျော်လွှားနိုင်မလားဆိုပြီး အားလုံးက စိတ်ပူနေကြပါတယ်။ ကူးစက်မှုကို တိုးမြင့်လာစေနိုင်တဲ့ ဗီဇပြောင်းလဲမှု၊ ကာကွယ်ဆေးနဲ့ သဘာ၀ကိုယ်ခံစွမ်းအားရဲ့ ခုခံအားတုံ့ပြနမှုကို ရှောင်လွှဲပေးနိုင်တဲ့ ဗီဇပြောင်းလဲမှုတွေ ရှိနေမှာကိုလည်း ထိတ်လန့်နေကြတာပါ။

၂။ ဒယ်လ်တာထက် ကူးစက်မှုပိုမြန်သလား?

ကျွမ်းကျင်သူတွေကတော့ ပိုမိုမြန်ဆန်နိုင်တယ်လို့ အကြံပြုထားပေမယ့် ဒါကိုသက်သေပြနိုင်ခြင်းတော့မရှိသေးပါဘူး။ ဒါပေမယ့်လည်း စိုးရိမ်စရာလက္ခဏာတွေက ရှိနေပါတယ်။ အိုမီခရွန်က ဒယ်လ်တာထက် ပိုပြီးကူးစက်မြန်သလား၊ ပြီးတော့ အခြားသောရောဂါတွေဖြစ်ပွားမှုကို တိုးမြင့်လာစေသလားဆိုတာကလည်း မသေချာသေးပါဘူး။ ဒါပေမယ့် သူ့ လက္ခဏာတွေကတော့ စိုးရိမ်စရာလို့ ပညာရှင်တွေက ဆိုပါတယ်။ ဘယ်သူကမှတော့ သေချာမပြောနိုင်သေးဘဲ ခန့်မှန်းထားဆဲဖြစ်ပါတယ်။ တချို့မျိုးကွဲတွေလိုပဲ အိုမီခရွန်ကူးစက်ခံထားရသူတချို့မှာ ရောဂါလက္ခဏာပြသမှုမရှိဘူးလို့လည်း ဆိုပါတယ်။

၃။ ကာကွယ်ဆေးတွေက အလုပ်ဖြစ်မလား?

ဒါလည်းပဲ ဘယ်သူမှသေချာမသိသေးပါဘူး။ ကျွမ်းကျင်သူတွေကတော့ ကာကွယ်ဆေးတွေက ထိရောက်မှုမရှိနိုင်ဘူးလို့ ထင်ရပြီး နိုးနိုးကြားကြားဖြစ်နေဖို့ကလည်း စောလွန်းသေးတယ်လို့ သတိပေးထားပါတယ်။ ဆိုလိုတာက အစိုးရိမ်မလွန်ဖို့နဲ့ သတိထားဖို့ပါပဲ။ ပြီးခဲ့တဲ့မျိုးကွဲတွေကို ကာကွယ်ဆေးတွေက ထိထိရောက်ရောက်ဟန့်တားနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် အိုမီခရွန်လို ဗီဇအများကြီးပါတဲ့ မျိုးကွဲမှာထိရောက်ပါ့မလားဆိုတာ စူးစမ်းရဦးမှာပါ။

၄။ ဘယ်မှာစတွေ့ခဲ့တာလဲ?

အင်္ဂါနေ့မှာ အတည်ပြုနိုင်ခဲ့တာဖြစ်ပြီး တောင်အာဖရိက Gauteng ပြည်နယ်မှာဖြစ်တယ်လို့ သိထားရပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့က ရယူခဲ့တဲ့ ဘော့ဆွာနာနိုင်ငံက မျိုးကွဲနမူနာကို စစ်ဆေးကြည့်ရမှာတော့ ဘယ်ကနေ ဆင်းသက်လာလဲဆိုတာကို အသေအချာမသိရပါဘူး။ ပညာရှင်တချို့ကတော့ HIV ရောဂါသည်လို နာတာရှည်ဝေဒနာရှင်တဦးဆီကမှာ စတင်ပြီး အချိန်ကြာလာချိန်မှာ မျိုးဗီဇပြောင်းလဲလာတာဖြစ်တယ်လို့ ယူဆထားပါတယ်။ တောင်အာဖရိကမှာလည်း ဒီဗိုင်းရပ်စ်ကူးစက်ထားတာကို တွေ့ထားရပြီး ဟောင်ကောင်၊ အစ္စရေး၊ ဘယ်လ်ဂျီယံတို့မှာ ကူးစက်သူတွေ ရှိနေပါပြီ။

၅။ တခြားစိုးရိမ်စရာမျိုးကွဲတွေ ဘယ်လောက်ရှိမလဲ?

WHO ရဲ့ စိုးရိမ်စရာအဖြစ်သတ်မှတ်ထားတဲ့ မျိုးကွဲက ၄ ခုပါ။ အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာနဲ့ ဒယ်လ်တာတို့ဖြစ်ပါတယ်။ အခုအခါ အိုမီခရွန်ကိုလည်း စိုးရိမ်စရာအဆင့်သတ်မှတ်လိုက်ပြီဖြစ်ပြီး Lambda နဲ့ Mu ကိုတော့ interest အဆင့် သတ်မှတ်ထားပါတယ်။ အိုမီခရွန်ကိုတော့ ချက်ချင်းဆိုသလို စိုးရိမ်စရာစာရင်းထဲ ထည့်သွင်းခဲ့တာဖြစ်လို့ အမှန်တကယ်ကြောက်စရာကောင်းမယ်ဆိုတာကတော့ သေချာပါတယ်။

Crd:

🙏တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖာလအခါတော်နေ့) 🙏၇ရက်သားသမီးနှင့်သူတော်ကောင်းအပေါင်းတို့ လိုအင်ဆန္ဒပြည့်ဝကြပါစေ။
18/11/2021

🙏တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖာလအခါတော်နေ့)

🙏၇ရက်သားသမီးနှင့်သူတော်ကောင်းအပေါင်းတို့ လိုအင်ဆန္ဒပြည့်ဝကြပါစေ။

🙏အားလုံးပဲ မင်္ဂလာပါခင်ဗျာ🙏ပျော်ရွှင်စရာ DIWALI နေ့လေးဖြစ်ကြပါစေလို့ ကျွန်တော်တို့   မိသားစုမှ စုမွန်ကောင်းတောင်းအပ်ပါတယ...
04/11/2021

🙏အားလုံးပဲ မင်္ဂလာပါခင်ဗျာ

🙏ပျော်ရွှင်စရာ DIWALI နေ့လေးဖြစ်ကြပါစေလို့ ကျွန်တော်တို့ မိသားစုမှ စုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။

🙏အားလုံးပဲ ကိုယ်၏ကျမ်းမာခြင်း စိတ်၏ချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေ။

Address

Zoological Garden Road
Dagon

Website

Alerts

Be the first to know and let us send you an email when YGN Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram