Grace Tarot Reader & Mindcology

Grace Tarot Reader & Mindcology Your Healer

05/03/2026

ဒီ video ကို မြင်ရရင် ဒီနမိတ်က သင့်အတွက်ပါ 🍀

သင်အခုလွမ်းနေတဲ့လူက သင့်ကိုရော လွမ်းနေလား? ဆိုတာကို Reading လုပ်ပေးထားပါတယ်။

အများနဲ့ကြည့်ပေးထားတာဖြစ်လို့ ကိုက်ညီတာကိုယူပါနော်🌹

နမိတ်ကောင်းတွေတည်ပါစေ 🍀

🐦‍⬛

ဒီလထဲမှာ တက္ကသိုလ်၀င်ခွင့် စာမေးပွဲဖြေကြရတော့မယ်ဆိုတော့ ကျောင်းသားတွေရော မိဘတွေရောကျမဆီမှာ Reading တွေလာယူကြတယ်။ တက္ကသို...
05/03/2026

ဒီလထဲမှာ တက္ကသိုလ်၀င်ခွင့် စာမေးပွဲဖြေကြရတော့မယ်ဆိုတော့ ကျောင်းသားတွေရော မိဘတွေရောကျမဆီမှာ Reading တွေလာယူကြတယ်။ တက္ကသိုလ်၀င်ခွင့်ကို လူ့‌ဘ၀ကြီးကိုမြင်ရတဲ့ တံခါးထွက်ပေါက်လေးတစ်ခုလို့ ကျွန်မတင်စားချင်တယ် ဒါက ဘ၀ကိုမြင်ရတဲ့တံခါးချပ်လေး တစ်ချပ်ပါပဲ ဘ၀ကြီးမဟုတ်ပါဘူး ကျွန်မဒီအရာလေးကိုသတိပေးချင်လို့ပါ။ တံခါးချပ်လေးကိုဖွင့်၀င်ပြီး လမ်းတွေအများကြီး လျှောက်မိလာတဲ့အခါ အကြောင်း အရာတွေအများကြီးကိုသိရှိလာရပါလိမ့်မယ် ။ အရာအားလုံးက ပုံစံတကျသက်မှတ်ထားပြီးသားပါ ကိုယ်ဖြစ်ချင်တိုင်း လုပ်ချင်တိုင်းမဖြစ်လာတဲ့အရာတွေလည်းအများကြီးပါ ဖြစ်ချင်တာမဖြစ်လာလို့ ဘ၀ကအဓိပ္ပါယ်မဲ့သွားလားဆိုရင် အဓိပ္ပါယ်မဲ့သွားတဲ့ဘ၀ဆိုတာမရှိပါဘူး ဖြစ်သင့်တဲ့လမ်းကြောင်းပေါ်ကို သူ့ဘာသာသူရောက်သွားပါလိမ့်မယ်။ ဆေးကျောင်း တက်ပြီး တစ်ပိုင်းတစ်စနဲ့ နားလိုက်ရတဲ့လူတွေအများကြီးပါ၊ အင်ယာတက်ပြီး ကျောင်းမပြီးကြတဲ့လူတွေလည်း အများကြီးပါ ဒါပေမယ့် အခုသူတို့ရဲ့လမ်းကြောင်းအမှန်ပေါ်မှာပျော်‌ရွှင် အောင်မြင်နေကြတဲ့လူတွေလည်းတပုံကြီးပါ ။ ဆရာ၀န်ဖြစ်ပြီး လူတွေကိုဆေးကုပေးရဖို့ မွေးလာတဲ့လူက မလုပ်ချင်လို့ ထွက်ပြေးနေရင်တောင် ဆေးကုရပါလိမ့်မယ်။

အကောင်းဆုံးကြိုးစားပါ ဖြစ်လာတဲ့အရာပေါ်လက်ခံပါ။ မေမေတို့လည်း လက်ခံပေးဖို့ကြိုးစားပါ။ အရာအားလုံးက စီမံပြီးသားပါ။

အားလုံး စိတ်ကူးနဲ့ လက်တွေ့ ထပ်တူကျကြပါစေ 🍀

🐦‍⬛

မကြာခင် အဆက်သွယ်ဟောင်း၊ လူဟောင်း ဘ၀ထဲကိုပြန်၀င်လာဖို့ရှိပါတယ် ။ သိပ်မကြာတော့ပါဘူး ရက်ပိုင်းအတွင်း သတင်းကြားရဖို့ရှိပါတယ်...
04/03/2026

မကြာခင် အဆက်သွယ်ဟောင်း၊ လူဟောင်း ဘ၀ထဲကိုပြန်၀င်လာဖို့ရှိပါတယ် ။ သိပ်မကြာတော့ပါဘူး ရက်ပိုင်းအတွင်း သတင်းကြားရဖို့ရှိပါတယ်။

လိုအပ်ပါက လက်ခံရယူပါ 🍀
🐦‍⬛

New Year Tarot Reading 🍀🪬🧿🌄နှစ်ဟောင်းမှာ ဘာတွေထားခဲ့လဲ🌄နှစ်သစ်ကို ဘယ်အရာတွေကို ယူဆောင်သွားသင့်လဲ🌄နှစ်သစ်အတွက် ဘယ်အရာတွေက...
04/03/2026

New Year Tarot Reading 🍀🪬🧿

🌄နှစ်ဟောင်းမှာ ဘာတွေထားခဲ့လဲ
🌄နှစ်သစ်ကို ဘယ်အရာတွေကို ယူဆောင်သွားသင့်လဲ
🌄နှစ်သစ်အတွက် ဘယ်အရာတွေကို ပြင်ဆင်ထားသင့်လဲ

🌄နှစ်သစ်မှာ ဘယ်အရာတွေကိုလက်ခံဖို့ကြိုးစားသင့်လဲ
🌄ဘယ်လိုအရာတွေသင့်ဆီက်ိုရောက်လာမလဲ
🌄ဘယ်လို Challenges မျိုးတွေနဲ့ကြုံရနိုင်လဲ
🌄ကောင်းမွန်တဲ့ပြောင်းလဲခြင်းတွေနဲ့ကြုံတွေ့ရမလား
🌄ကိုယ့်အတွက် ၂၀၂၆ က ဘယ်လိုနှစ်မျိုးလဲ

🌄Next year အတွင်း ကိုယ့်ရဲ့ ကျန်းမာရေး
🌄Next year အတွင်း ကိုယ့်ရဲ့ ငွေကြေးကံ
🌄Next year အတွင်း ကိုယ့်ရဲ့ အောင်မြင်ရေးကံ
🌄Next year အတွင်း ကိုယ့်ရဲ့ အချစ်ရေးကံ

တွေကိုဖတ်ပေးပါမယ်။

၄၀၀၀၀ ကျပ် Overseas Client baht ၄၀၀

🐦‍⬛

04/03/2026

ဒီ video ကို မြင်ရရင် ဒီနမိတ်က သင့်အတွက်ပါ 🍀

Blood moon အလွန် သင့်ရဲ့ကံကြမ္မာ ကို ဖတ်ပေးထားပါတယ်။

အများနဲ့ကြည့်ပေးထားတာဖြစ်လို့ ကိုက်ညီတာကိုယူပါနော်🌹

နမိတ်ကောင်းတွေတည်ပါစေ 🍀

🐦‍⬛

အိပ်နေရင်းနဲ့လန့်နိုးတာ၊ အတိတ်က ဒဏ်ရာတွေပြန်ပေါ်တာ၊ စိတ်ဖိစီးတာ၊ မွန်းကျပ်ပြီး အသက်ရှူမ၀တာတွေ ဒီတပတ်ထဲမှာ ဆက်ပြီးဖြစ်နို...
04/03/2026

အိပ်နေရင်းနဲ့လန့်နိုးတာ၊ အတိတ်က ဒဏ်ရာတွေပြန်ပေါ်တာ၊ စိတ်ဖိစီးတာ၊ မွန်းကျပ်ပြီး အသက်ရှူမ၀တာတွေ ဒီတပတ်ထဲမှာ ဆက်ပြီးဖြစ်နိုင်ပါသေးတယ် ညက လကြတ်ခြင်းရဲ့အရှိန်တွေပါ တချို့က Ex သို့ အဆက်သွယ်ပြတ်နေတဲ့လူကို ပြင်းပြင်းပြပြသတိရတာ စာတွေပို့ပြီး ဖုန်းတွေခေါ်ချင်တဲ့အထိပါဖြစ်နေပါလိမ့်မယ် တဖက်လူလည်း အဲ့လိုခံစားချက်မျိုးပဲဖြစ်နေပါလိမ့်မယ်။ ဒီရက်တွေထဲမှာ အဆက်သွယ်ဟောင်းတွေပြန်ရလာဖို့ရှိပါတယ် ပြန်လက်ခံသင့်မသင့်က နည်းနည်းအချိန်ယူပြီးစဉ်းစားပါနော်။

အဆင်ပြေကြပါစေ 🍀

🐦‍⬛

ငွေအလုံးအရင်းနဲ့၀င်တော့ပါမယ် 🪙ငွေကြေးအခက်ခဲကနေ လွန်မြောက်ပါတော့မယ် 🪙သေချာဆုတောင်းပါ 🍀  🐦‍⬛
03/03/2026

ငွေအလုံးအရင်းနဲ့၀င်တော့ပါမယ် 🪙
ငွေကြေးအခက်ခဲကနေ လွန်မြောက်ပါတော့မယ် 🪙

သေချာဆုတောင်းပါ 🍀

🐦‍⬛

03/03/2026

ညစာထွက်၀ယ်မယ်ဆိုပြီး အပြင်ထွက်ဖို့လုပ်တုန်း လကြတ်နေတာနဲ့ လရောင်မထိချင်လို့ အိမ်ထဲပြန်၀င်ရတယ်။

🐦‍⬛

ကျမ တပည့်လေးတစ်ယောက်ရှိတယ် ထိုင်းရောက်လာတော့ အောက်ခြေသိမ်းအလုပ်တွေအကုန်လိုက်လုပ်တယ် ဒါပေမယ့်မပြေလည်ဘူး အဲ့ခလေးဆို ကျမကို...
03/03/2026

ကျမ တပည့်လေးတစ်ယောက်ရှိတယ် ထိုင်းရောက်လာတော့ အောက်ခြေသိမ်းအလုပ်တွေအကုန်လိုက်လုပ်တယ် ဒါပေမယ့်မပြေလည်ဘူး အဲ့ခလေးဆို ကျမကိုအမြဲရင်ဖွင့်တယ် သားအမြဲကြိုးစားတယ် သူများထက်ပိုလုပ်တယ် ဒါပေမယ့် သားမရပ်တည်နိုင်ဘူးတဲ့။ ကျမအဲ့ခလေးရင်လာဖွင့်တိုင်း သားနဲ့တန်တဲ့နေရာသားဆီရောက်လာလိမ့်မယ် လုပ်စရာရှိတာလုပ်လို့ပဲပြောခဲ့တယ် အခုအဲ့ခလေးက နာမည်ကြီးကုမ္မဏီတစ်ခုမှာ လစာကောင်းကောင်းနဲ့အလုပ်လုပ်နေပြီ။ အရင်အောက်ခြေသိမ်းအလုပ်တွေက သူရေရှည်လုပ်ရမယ့်အလုပ်မဖြစ်တာကြောင့် သူ့ကိုဖယ်ချနေတာ အဲ့အရာကို ကျမမြင်ခဲ့တာ။

ထိုက်တန်တဲ့အရာတွေက ထိုက်တန်တဲ့လူတွေဆီကို။ ရောက်လာလေ့ရှိပါတယ် အဲ့တော့ ထိုက်တန်အောင်ကိုယ့်စိတ်ကိုယ်ပြင်ဆင်ထားဖို့လိုပါတယ် အလုပ်နဲ့လည်းပြင်ဆင်ရသလို စိတ်နဲ့လည်းပြင်ဆင်ရပါတယ်။ ကြိုးစားရင်း မဖြစ်လာတဲ့အရာတွေကို ကြုံဖူးကြမှာပါ ... ဒီအရာက ကိုယ်နဲ့မထိုက်တန်လို့ကိုယ်မရတာပါ ... မထိုက်တန်ဘူးလို့ ခံစားမိရင် လက်လွှတ်လိုက်ပါ ထိုက်တန်တဲ့အရာတွေ ကိုယ်မျှော်လင့်ထားတာထက် ပိုကောင်းတဲ့အရာတွေလက်ခံရရှိပါလိမ့်မယ်။

တခါတလေ ကျမတို့ ပတ်၀န်းကျင်တစ်ခု၊ လူတစ်ယောက်၊ လုပ်ငန်းတစ်ခု ဒါတွေနဲ့ deal လုပ်တဲ့အခါ သက်သောင့်သက်သာဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုမရနေရင် သင်က သင်နဲ့အံ၀င်ဂွင်ကျ မဖြစ်သေးတဲ့ရပ်၀န်းတစ်ခုမှာ အသားကျအောင် နေထိုင်နေရလို့ပါ ၊ ကိုယ့်အတွက်ဖြစ်တည်လာတဲ့ရပ်၀န်းမှာ နေထိုင်ရတာက အရမ်းသက်သောင့်သက်သာဖြစ်ပါတယ်။

လွှတ်ချဖို့၀န်မလေးပါနဲ့ မဟုတ်တဲ့အရာတွေအပေါ် ဖက်တွယ်မိနေရင် ဟုတ်တဲ့အရာတွေကို ဆုံးရှုံးရတတ်ပါတယ်။

🐦‍⬛

ဒီနေ့မှာ ပြန်လည်ဆုံစည်းခြင်း ‌ဆိုတဲ့ နမိတ်ကဒ်ကျပါတယ်။ လိုအပ်သူတွေ ပြည့်ကြပါစေ 🍀  🐦‍⬛
02/03/2026

ဒီနေ့မှာ ပြန်လည်ဆုံစည်းခြင်း ‌ဆိုတဲ့ နမိတ်ကဒ်ကျပါတယ်။ လိုအပ်သူတွေ ပြည့်ကြပါစေ 🍀

🐦‍⬛

အဆင်မပြေနေတဲ့အခြေနေကနေ ဘာဆက်ဖြစ်လာမလဲ?☘ တဖက်လူကကိုယ့်ကို စိတ်ရင်းမှန်ခဲ့လား☘ အခုလက်ရှိကိုယ့်အပေါ်ဘယ်လိုခံစားချက်ရှိနေလဲ☘...
02/03/2026

အဆင်မပြေနေတဲ့အခြေနေကနေ ဘာဆက်ဖြစ်လာမလဲ?

☘ တဖက်လူကကိုယ့်ကို စိတ်ရင်းမှန်ခဲ့လား
☘ အခုလက်ရှိကိုယ့်အပေါ်ဘယ်လိုခံစားချက်ရှိနေလဲ
☘ သူ့မှာ ကိုယ့်အပြင်တခြားလူရှိနေလား
🍀 ပြန်အဆင်ပြေဖို့နီးနေပြီလား
☘ ကိုယ့်ကိုသူဘယ်လိုမြင်လဲ
☘ သူနဲ့မှာဘာဆက်ဖြစ်နိုင်လဲ
☘ ဒီပြသနာတွေအပေါ်သူဘယ်လိုခံစားနေရလဲ
☘ Your guardian message for this connection

စျေးနှုန်း ၂၀၀၀၀ ကျပ် Overseas client Baht 200

နှစ်ယောက်ရဲ့ နာမည်၊မျက်နှာကြည်ကြည်လင်လင်မြင်ရတဲ့ဓာတ်ပုံလိုအပ်ပါတယ်။

🐦‍⬛

02/03/2026

ဒီနေ့မှစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒပြည့်ကြပါစေ 🍀

🐦‍⬛

Address

Yangon
Dawbon

Website

Alerts

Be the first to know and let us send you an email when Grace Tarot Reader & Mindcology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram