Mediland Hospital Dawei

Mediland Hospital Dawei Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mediland Hospital Dawei, Hospital, No. 24, Kamyawkin Road, San Chi Quarter, Dawei Township, Tanintharyi Division, Dawei.

🌍 ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ (𝐖𝐨𝐫𝐥𝐝 𝐓𝐮𝐛𝐞𝐫𝐜𝐮𝐥𝐨𝐬𝐢𝐬 𝐃𝐚𝐲) 🌍ဒီနေ့ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တီဘီရောဂါအကြောင်းကို ပိုမိ...
24/03/2026

🌍 ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ (𝐖𝐨𝐫𝐥𝐝 𝐓𝐮𝐛𝐞𝐫𝐜𝐮𝐥𝐨𝐬𝐢𝐬 𝐃𝐚𝐲) 🌍

ဒီနေ့ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တီဘီရောဂါအကြောင်းကို ပိုမိုသတိပြုမိလာစေရန်နှင့် ရောဂါပပျောက်အောင် ဝိုင်းဝန်းကြိုးပမ်းကြရန်အတွက် နှိုးဆော်ပေးတဲ့နေ့ပဲ ဖြစ်ပါတယ်။ 📢✨

📅 ၁၈၈၂ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့မှာ ဒေါက်တာ ရောဘတ်ကို့ချ် (𝐃𝐫. 𝐑𝐨𝐛𝐞𝐫𝐭 𝐊𝐨𝐜𝐡) က တီဘီရောဂါကို ဖြစ်စေတဲ့ ဘက်တီးရီးယား (𝐌𝐲𝐜𝐨𝐛𝐚𝐜𝐭𝐞𝐫𝐢𝐮𝐦 𝐭𝐮𝐛𝐞𝐫𝐜𝐮𝐥𝐨𝐬𝐢𝐬) ကို စတင်တွေ့ရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ 🔬🧫 အဲဒီအချိန်က တီဘီရောဂါဟာ ဥရောပနဲ့ အမေရိကမှာ လူ ၇ ယောက်မှာ ၁ ယောက်နှုန်း သေဆုံးနေရတဲ့ ကြောက်စရာ ရောဂါဆိုးကြီးတစ်ခု ဖြစ်ပါတယ်။
တီဘီရောဂါကို ပျောက်ကင်းအောင် လုပ်ဆောင်နိုင်ဖို့အတွက် ၁၉၈၂ ခုနှစ် (ရောဂါတွေ့ရှိမှု နှစ် ၁၀၀ ပြည့်) ကစပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (𝐖𝐇𝐎) က မတ်လ ၂၄ ရက်နေ့ကို "ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့" အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ 🗓🩺

တီဘီရောဂါဟာ ကုသလို့ရတဲ့ရောဂါ ဖြစ်ပေမယ့် လူအများစုက လက္ခဏာတွေကို သတိမထားမိကြတာကြောင့် - ✅ အချိန်မီဆေးကုသမှု ခံယူနိုင်အောင် တိုက်တွန်းရန် 💊 ✅ တီဘီရောဂါကြောင့် အသက်ဆုံးရှုံးရမှုတွေကို လျှော့ချပြီး ကမ္ဘာပေါ်ကနေ တီဘီရောဂါ လုံးဝပပျောက်သွားတဲ့အထိ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်🤝 ✅ တီဘီရောဂါ ဝေဒနာရှင်တွေအပေါ် လူမှုပတ်ဝန်းကျင်က ဝိုင်းပယ်တာမျိုးမရှိဘဲ နွေးထွေးစွာ ကူညီစောင့်ရှောက်ပေးနိုင်ရန် ❤️ ရည်ရွယ်၍ နှစ်စဉ်နှစ်တိုင်း ကျန်းမာရေး လှုပ်ရှားမှုများ ပြုလုပ်ကြပါတယ်။

🌟 ဒီနှစ်အတွက် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ (𝐖𝐨𝐫𝐥𝐝 𝐓𝐮𝐛𝐞𝐫𝐜𝐮𝐥𝐨𝐬𝐢𝐬 𝐃𝐚𝐲) ရဲ့ 𝐓𝐡𝐞𝐦𝐞 ကတော့ "𝐘𝐞𝐬! 𝐖𝐞 𝐂𝐚𝐧 𝐄𝐧𝐝 𝐓𝐁!" ဖြစ်ပါတယ်။🌟

ဒီဆောင်ပုဒ်ဟာ ရဲဝံ့ပြတ်သားသော တိုက်တွန်းနှိုးဆော်မှုတစ်ခုဖြစ်သလို မျှော်လင့်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ စိန်ခေါ်မှုများပြားလှသော ကမ္ဘာ့အခြေအနေများကြားတွင်ပင် တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ပြီး ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေကို ပြောင်းလဲပစ်နိုင်သည်ဟု အခိုင်အမာ ဆိုထားခြင်း ဖြစ်ပါတယ်။ 📈🔥

နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ၏ ဦးဆောင်မှု၊ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာမှု 💰၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (𝐖𝐇𝐎) ၏ အကြံပြုချက်အသစ်များနှင့် တီထွင်ဆန်းသစ်မှုများကို လျင်မြန်စွာ လက်ခံကျင့်သုံးမှု 🚀၊ အရှိန်အဟုန်မြှင့် ဆောင်ရွက်မှုများနှင့် ကဏ္ဍပေါင်းစုံမှ ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများရှိပါက—တီဘီရောဂါ အမြစ်ပြတ်တိုက်ဖျက်ရေးသည် စိတ်ကူးယဉ်အိပ်မက်တစ်ခု မဟုတ်ဘဲ အမှန်တကယ် အကောင်အထည်ဖော်နိုင်သည့် ပန်းတိုင်တစ်ခု ဖြစ်ပါတဲ့အတွက် အားလုံး အတူတကွ ရင်ဆိုင်ကျော်ဖြတ်ရင်း တီဘီရောဂါကို တိုက်ဖျက်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ရှင်။ 🙏💖

🍀 "ရည်မွန်နွေးထွေး ကုသပေး " 🍀




“အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာက ကာကွယ်လို့ ရတယ်ဆိုတာ သင်သိပါသလား” 🛡️✨အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာ (𝐆𝐚𝐬𝐭𝐫𝐨𝐢𝐧𝐭𝐞𝐬𝐭𝐢𝐧𝐚𝐥...
20/03/2026

“အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာက ကာကွယ်လို့ ရတယ်ဆိုတာ သင်သိပါသလား” 🛡️✨

အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာ (𝐆𝐚𝐬𝐭𝐫𝐨𝐢𝐧𝐭𝐞𝐬𝐭𝐢𝐧𝐚𝐥 𝐂𝐚𝐧𝐜𝐞𝐫 - 𝐆𝐈 𝐂𝐚𝐧𝐜𝐞𝐫) ဆိုသည်မှာ အစာခြေစနစ်တွင် ပါဝင်သော အင်္ဂါအစိတ်အပိုင်းများ၌ ဖြစ်ပွားတတ်သည့် ကင်ဆာအုပ်စုကို ဆိုလိုပါတယ်။ 🩺 အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာဟာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံးနှင့် သေဆုံးမှုအများဆုံး ကင်ဆာအမျိုးအစားများထဲမှာ ပါဝင်ပါတယ်။ ⚠️

🔍 အဖြစ်များသော အမျိုးအစားများ 🔍
အစာခြေစနစ်၏ မည်သည့်နေရာတွင်မဆို ကင်ဆာဖြစ်နိုင်သော်လည်း အောက်ပါတို့မှာ အဓိကအမျိုးအစားများ ဖြစ်ပါတယ် -
• အစာရေမြိုပြွန်ကင်ဆာ (𝐄𝐬𝐨𝐩𝐡𝐚𝐠𝐞𝐚𝐥 𝐂𝐚𝐧𝐜𝐞𝐫) - အစာပြွန်တစ်လျှောက်တွင် ဖြစ်ပွားခြင်း။
• အစာအိမ်ကင်ဆာ (𝐒𝐭𝐨𝐦𝐚𝐜𝐡/𝐆𝐚𝐬𝐭𝐫𝐢𝐜 𝐂𝐚𝐧𝐜𝐞𝐫) - အစာအိမ်နံရံဆဲလ်များမှ စတင်ခြင်း။
• ပန်ကရိယကင်ဆာ (𝐏𝐚𝐧𝐜𝐫𝐞𝐚𝐬 𝐂𝐚𝐧𝐜𝐞𝐫)- အစာခြေအင်ဇိုင်းနှင့် ဟော်မုန်းထုတ်ပေးသည့် ပန်ကရိယတွင် ဖြစ်ပွားခြင်း။ 🧬
• အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာ (𝐂𝐨𝐥𝐨𝐫𝐞𝐜𝐭𝐚𝐥 𝐂𝐚𝐧𝐜𝐞𝐫)- အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာများထဲတွင် အဖြစ်အများဆုံး ဖြစ်ပါတယ်။ 🎗️

🚨 ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ရောဂါဖြစ်နိုင်ခြေ ပိုများသူများ 🚨
ကင်ဆာဖြစ်ရသည့် အကြောင်းရင်းအတိအကျကို မသိရသေးသော်လည်း အောက်ပါအချက်များက ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ် -
• နေထိုင်စားသောက်မှုပုံစံ - အမျှင်ဓာတ်နည်းပြီး အဆီများသောအစားအစာများ၊ အကင်များနှင့် ပြုပြင်ထားသော အသားများ (ဝက်အူချောင်း၊ ဝက်သားပြား) အလွန်အကျွံစားခြင်း။ 🍔🥓
• ရောဂါပိုးမွှားများ - အစာအိမ်ထဲတွင် 𝐇. 𝐩𝐲𝐥𝐨𝐫𝐢 ဘက်တီးရီးယားပိုး ရှိနေခြင်း 🦠
• အလေ့အကျင့်ဆိုးများ - ဆေးလိပ်သောက်ခြင်းနှင့် အရက်အလွန်အကျွံသောက်ခြင်း။ 🚬🍷
• မျိုးရိုးဗီဇ - မိသားစုထဲတွင် အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာကင်ဆာ ဖြစ်ဖူးသူရှိခြင်း။ 🌳👨‍👩‍👧‍👦
• အဝလွန်ခြင်း - ကိုယ်အလေးချိန် အလွန်အကျွံများခြင်းသည်လည်း အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ⚖️

⚠️ အဖြစ်များသော လက္ခဏာများ ⚠️
အစောပိုင်းအဆင့်တွင် လက္ခဏာမပြတတ်သော်လည်း ရောဂါရှိလာပါက အောက်ပါတို့ ခံစားရနိုင်ပါတယ်။ -
• အစာမကြေခြင်း၊ ဗိုက်အောင့်ခြင်း သို့မဟုတ် ဗိုက်အမြဲပြည့်နေသလို ခံစားရခြင်း။ 🤢
• အစာမြိုရခက်ခဲခြင်း။ 😣
• ဝမ်းသွားသည့်အလေ့အကျင့် ပြောင်းလဲခြင်း (ဥပမာ- ဝမ်းခဏခဏချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း)။ 🚽
• ဝမ်းထဲတွင် သွေးပါခြင်း သို့မဟုတ် ဝမ်းအရောင် မည်းနက်နေခြင်း။ 🩸
• အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းသွားခြင်း။ 📉
• အလွန်အမင်း နုံးချည့်ပင်ပန်းနေခြင်း (သွေးအားနည်းခြင်းကြောင့် ဖြစ်နိုင်သည်)။ 😫💤

🏥 စစ်ဆေးခြင်းနှင့် ကုသခြင်း 🏥
ရောဂါကို စောစီးစွာသိရှိနိုင်ရန် မှန်ပြောင်းကြည့်ရှုခြင်း (𝐄𝐧𝐝𝐨𝐬𝐜𝐨𝐩𝐲/𝐂𝐨𝐥𝐨𝐧𝐨𝐬𝐜𝐨𝐩𝐲)၊ 𝐂𝐓 𝐒𝐜𝐚𝐧 ရိုက်ခြင်း နှင့် အသားစယူစစ်ဆေးခြင်း (𝐁𝐢𝐨𝐩𝐬𝐲) တို့ကို ပြုလုပ်သင့်ပါတယ်။

🔬 ကုသနည်းလမ်းများ: 🔬
1. ခွဲစိတ်ကုသခြင်း - ကင်ဆာကျိတ်ကို ခွဲစိတ်ဖယ်ရှားခြင်း။ 🔪🏥
2. ဓာတုကုထုံး (𝐂𝐡𝐞𝐦𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲) - ဆေးသွင်း၍ ကင်ဆာဆဲလ်များကို သတ်ခြင်း။ 💉
3. ဓာတ်ရောင်ခြည်ကုထုံး (𝐑𝐚𝐝𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲) - ရောင်ခြည်သုံး၍ ကင်ဆာကျိတ်ကို သေးငယ်အောင်လုပ်ခြင်း။ ⚡
4. ပစ်မှတ်ထားကုထုံး (𝐓𝐚𝐫𝐠𝐞𝐭𝐞𝐝 𝐓𝐡𝐞𝐫𝐚𝐩𝐲) - ကင်ဆာဆဲလ်များကို တိုက်ရိုက်တိုက်ခိုက်သည့် ဆေးဝါးများ သုံးခြင်း။ 🎯

✅ ကာကွယ်ရန် နည်းလမ်းများ ✅
• အသီးအနှံနှင့် ဟင်းသီးဟင်းရွက် (အမျှင်ဓာတ်) များများစားပါ။ 🥦🍎
• ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ပါ။ 🚫🚬
• ကိုယ်အလေးချိန်ကို ထိန်းညှိပါ။ 🏃‍♂️🏃‍♀️
• အစာအိမ်ပိုး ရှိ၊ မရှိ စစ်ဆေးပြီး လိုအပ်ပါက ကုသမှုခံယူပါ။ 🧪
• အသက် ၄၅-၅၀ ကျော်လာပါက ပုံမှန်ကျန်းမာရေးစစ်ဆေးမှု (𝐒𝐜𝐫𝐞𝐞𝐧𝐢𝐧𝐠) ပြုလုပ်ပါ။ 🗓️
သတိပြုရန်: အထက်ပါလက္ခဏာများ ခံစားနေရပါက ကြောက်ရွံ့မနေဘဲ ကျွမ်းကျင်သည့် အထူးကုဆရာဝန်ကြီးများနှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါသည်။ 👩‍⚕️👨‍⚕️
________________________________________
✨ 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧!✨
ကျွန်မတို့ မယ်ဒီလန်း ဆေးရုံကြီးမှာ “အူမကြီးကင်ဆာ အသိပညာပေးလ” အထိမ်းအမှတ်အဖြစ် “ အူမကြီးကင်ဆာ ဂရုပြုပါ။ စစ်ဆေးခြင်းဖြင့် ကာကွယ်ပါ။” ဆိုတဲ့ အမည်နဲ့ 𝐂𝐨𝐦𝐛𝐨 𝐏𝐚𝐜𝐤𝐚𝐠𝐞 လေး ရှိတာမို့ 🎁 အထက်ပါ ရောဂါလက္ခဏာများ ခံစားနေရလို့ပဲ ဖြစ်ဖြစ်၊ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်း ကြည့်ပြီး ကျန်းမာရေးစစ်ဆေးချင်လို့ပဲ ဖြစ်ဖြစ် သင်မှာ့ သံသယရှိတယ်ဆိုရင် အခုပဲ လာရောက် စစ်ဆေးလိုက်ပါနော်။ 🏥🩺

အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက မယ်ဒီလန်းဆေးရုံရဲ့ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐚𝐠𝐞𝐫 မှာပဲ ဖြစ်ဖြစ်၊ ဖုန်းနံပါတ် 📞 𝟎𝟗- 𝟕𝟖𝟑 𝟎𝟐𝟎 𝟓𝟓𝟏, 𝟎𝟗- 𝟖𝟗𝟓 𝟎𝟑𝟑 𝟑𝟑𝟒 ကို ဆက်သွယ်ပြီးပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းလို့ ရပါတယ်ရှင်။ 📱💬

“အူမကြီးကင်ဆာ ဂရုပြုပါ။ စစ်ဆေးခြင်းဖြင့် ကာကွယ်ပါ။” 💙🛡️




19/03/2026

‼️ သင် အူမကြီးကင်ဆာကို ကြောက်ပါသလား။ ‼️

𝗛𝗮𝗽𝗽𝘆 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝘁𝗼 𝗮𝗹𝗹 𝐌𝐚𝐫𝐜𝐡 𝗕𝗼𝗿𝗻 🎂💚🎉🎁 မယ်ဒီလန်းဆေးရုံ မိသားစုရဲ့  မတ်လ မွေးနေ့ရှင် ဝန်ထမ်းများအတွက် မွေးနေ့ကိတ်ခွဲခြင်းန...
18/03/2026

𝗛𝗮𝗽𝗽𝘆 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝘁𝗼 𝗮𝗹𝗹 𝐌𝐚𝐫𝐜𝐡 𝗕𝗼𝗿𝗻 🎂💚

🎉🎁 မယ်ဒီလန်းဆေးရုံ မိသားစုရဲ့ မတ်လ မွေးနေ့ရှင် ဝန်ထမ်းများအတွက် မွေးနေ့ကိတ်ခွဲခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ကံစမ်းမဲဖောက်ပေးခြင်းများဖြင့် မွေးနေ့ပွဲကို ပျော်ရွင်စွာ ပြုလုပ်ခဲ့သော အမှတ်တရပုံရိပ်လေးများအား မျှဝေပေးလိုက်ရပါတယ်ရှင်။ 🎉🎁

🎉🎁 မွေးနေ့ရှင်များ အားလုံး မွေးနေ့မှစ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် နေ့ရက်တိုင်းကို အခက်အခဲမရှိ ဖြတ်သန်းနိုင်ပြီး လိုအင်ဆန္ဒဟူသမျှ တောင့်တတိုင်း ပြည့်စုံကြပါစေလို့ မယ်ဒီလန်းဆေးရုံမိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင်။ 🎉🎁

🍀🍀 “ ရည်မွန်နွေးထွေး ကုသပေး ” 🍀🍀




💁🏻‍♀️ ဘယ်လို လက္ခဏာတွေ ရှိရင် အစာအိမ်မှန်ပြောင်း (သို့မဟုတ်) အူမကြီးမှန်ပြောင်း ကြည့်သင့်လဲ။ ❓🩺 အစာအိမ်နဲ့ အူလမ်းကြောင်း...
17/03/2026

💁🏻‍♀️ ဘယ်လို လက္ခဏာတွေ ရှိရင် အစာအိမ်မှန်ပြောင်း (သို့မဟုတ်) အူမကြီးမှန်ပြောင်း ကြည့်သင့်လဲ။ ❓

🩺 အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို အချိန်မီ သိရှိနိုင်ဖို့ မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း (𝐄𝐧𝐝𝐨𝐬𝐜𝐨𝐩𝐲) က အထိရောက်ဆုံး နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ 💡

🔍 အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းဆိုတာ ဘာလဲ?
အစာအိမ်မှန်ပြောင်းကြည့်ခြင်း (𝐆𝐚𝐬𝐭𝐫𝐨𝐬𝐜𝐨𝐩𝐲) သို့မဟုတ် အူမကြီးမှန်ပြောင်းကြည့်ခြင်း (𝐂𝐨𝐥𝐨𝐧𝐨𝐬𝐜𝐨𝐩𝐲) ဆိုသည်မှာ အဖျားတွင် ကင်မရာအသေးလေး တပ်ဆင်ထားသည့် ပျော့ပျောင်းသော ပိုက်အချောင်းလေးကို အသုံးပြု၍ အစာရေမျိုပြွန်၊ အစာအိမ်၊ အူသိမ်ဦးပိုင်းနှင့် အူမကြီး (သို့မဟုတ်) အစာဟောင်းအိမ်တို့ကို အတွင်းပိုင်းအထိ အသေးစိတ် စစ်ဆေးခြင်း ဖြစ်ပါသည်။ ✨

⚠️ ဘယ်လို လက္ခဏာတွေရှိရင် မှန်ပြောင်းကြည့်သင့်လဲ?
အောက်ပါ လက္ခဏာတစ်ခုခု ခံစားနေရပြီဆိုရင် တတ်ကျွမ်းနားလည်သော ဆရာဝန်နဲ့ တိုင်ပင်ပြီး မှန်ပြောင်းကြည့်ဖို့ လိုအပ်နိုင်ပါတယ် -
• 🤢 ဗိုက်အပေါ်ပိုင်း ခဏခဏ နာကျင်နေသူများ/ အောင့်နေသူများ
• 🩸 အစာအိမ် အူလမ်းကြောင်းတစ်လျှောက် သွေးယိုစိမ့်နေသူများ (ဥပမာ- ဝမ်းအမည်းသွားခြင်း၊ သွေးအန်ခြင်း)
• 🎗️ အူမကြီးကင်ဆာ သံသယရှိသူများ
• 📉 အကြောင်းရင်းမရှိဘဲ သွေးအားနည်းခြင်း သို့မဟုတ် ကိုယ်အလေးချိန် ကျဆင်းလာသူများ
• 🍺 အသည်းခြောက်၊ အသည်းရောဂါရှိသူများ
• 🤢 နာတာရှည် အစာမကြေခြင်းနှင့် အစာအိမ်ရောဂါရှိသူများ
• 🚽 ဝမ်းသွားခြင်းပုံစံ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေသူများ
အရေးကြီးချက်: မိသားစုထဲမှာ အစာအိမ်နဲ့ အူမကြီးကင်ဆာ မျိုးရိုးရှိရင်လည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ စစ်ဆေးထားသင့်ပါတယ်ရှင်။ 👨‍👩‍👧‍👦

✅ မှန်ပြောင်း ကြည့်ရှုခြင်း၏ အကျိုးကျေးဇူးများ ✅
1️⃣ ရောဂါကို တိတိကျကျ သိရှိနိုင်ခြင်း 🎯
သာမန်စမ်းသပ်မှုတွေနဲ့ မသိနိုင်တဲ့ အစာအိမ်အနာ၊ အစာရေမျိုပြွန်ရောင်ခြင်းနဲ့ အစပျိုးကင်ဆာတွေကို မျက်စိနဲ့ တပ်အပ် မြင်တွေ့နိုင်ပါတယ်။
2️⃣ အသားစယူ စစ်ဆေးနိုင်ခြင်း (𝐁𝐢𝐨𝐩𝐬𝐲) 🔬
သံသယဖြစ်ဖွယ် အဖုအကျိတ်တွေ့ရှိပါက မှန်ပြောင်းကြည့်နေစဉ်မှာတင် အသားစဖြတ်ယူပြီး ကင်ဆာ (ဟုတ်၊ မဟုတ်) ချက်ချင်း စစ်ဆေးနိုင်ပါတယ်။
3️⃣ ရောဂါရှာဖွေရင်း တစ်ခါတည်း ကုသနိုင်ခြင်း 🛠️
သွေးယိုစီးမှုကို ပိတ်ခြင်း၊ အသားပို (𝐏𝐨𝐥𝐲𝐩) များ ဖြတ်ထုတ်ခြင်းနဲ့ ကျဉ်းနေတဲ့ နေရာတွေကို ချဲ့ပေးခြင်းစတဲ့ ကုသမှုတွေကိုပါ တစ်ခါတည်း ပြုလုပ်နိုင်ပါတယ်။
4️⃣ ပိုးမွှားစစ်ဆေးနိုင်ခြင်း 🦠
အစာအိမ်အနာ ဖြစ်စေတဲ့ 𝐇. 𝐩𝐲𝐥𝐨𝐫𝐢 ဘက်တီးရီးယားပိုးကို အတိကျဆုံး စစ်ဆေးနိုင်ပါတယ်။
5️⃣ ခွဲစိတ်စရာ မလိုဘဲ ဘေးကင်းခြင်း 🛡️
ဗိုက်ကို ခွဲစိတ်စရာ မလိုဘဲ ပါးစပ် (သို့မဟုတ်) အစာဟောင်းအိမ်မှတစ်ဆင့် စစ်ဆေးတာဖြစ်လို့ နာကျင်မှုနည်းပါးပြီး စစ်ဆေးပြီးနောက် နေအိမ်သို့ ချက်ချင်း ပြန်နိုင်ပါတယ်။

🩺✨ အထက်ပါ လက္ခဏာတွေ ခံစားနေရလို့ပဲဖြစ်ဖြစ်၊ ကြိုတင်ကာကွယ်လိုလို့ပဲဖြစ်ဖြစ် အသေးစိတ် သိရှိလိုပါက ကျွန်မတို့ မယ်ဒီလန်းဆေးရုံကြီးမှာ ယခုပဲ လာရောက် တိုင်ပင်ဆွေးနွေးပြီး စစ်ဆေးလို့ ရပါပြီရှင်။ 🩺✨

💙 “အူမကြီးကင်ဆာ ဂရုပြုပါ။ စစ်ဆေးခြင်းဖြင့် ကာကွယ်ပါ။” 💙

🍀 ရည်မွန်နွေးထွေး ကုသပေး 🍀





🥰 မေးခွန်းလေးတွေဖြေပြီး လက်ဆောင်ယူကြမယ် 🥰👩🏻‍⚕️🗒️ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျန်းမာရေးအဖွဲ့အစည်းများက နှစ်စဉ်နှစ်တိုင်း...
16/03/2026

🥰 မေးခွန်းလေးတွေဖြေပြီး လက်ဆောင်ယူကြမယ် 🥰

👩🏻‍⚕️🗒️ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျန်းမာရေးအဖွဲ့အစည်းများက နှစ်စဉ်နှစ်တိုင်း မတ်လကို "အူမကြီးကင်ဆာ အသိပညာပေးလ" (Colorectal Cancer Awareness Month) အဖြစ် သတ်မှတ်ပြီး ကျန်းမာရေးလှုပ်ရှားမှုများ ပြုလုပ်ကြပါတယ်။ 👩🏻‍⚕️🗒️

🩺 အူမကြီးကင်ဆာဟာ စောစီးစွာ သိရှိပြီး ကုသမှုခံယူမယ်ဆိုရင် ပျောက်ကင်းနိုင်ခြေ ရှိတဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် ယခုလို အသိပညာပေးလကို သတ်မှတ်ပြီး လူထုအတွင်း နိုးကြားလာအောင် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ 🩺

📢 ၂၀၂၆ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့တွင် မယ်ဒီလန်းဆေးရုံရဲ့ ပြင်ပလူနာဌာနမှာ ပြုလုပ်မယ့် "အူမကြီးကင်ဆာ အသိပညာပေးလ" အထိမ်းအမှတ် အထူးအစီအစဉ်လေးမှာ
အူမကြီးကင်ဆာနဲ့ ပတ်သက်တဲ့ "ကျန်းမာရေးဉာဏ်စမ်း မေးခွန်းလေးတွေ" ကို ပျော်ပျော်ပါးပါး ဖြေဆိုရင်း မေတ္တာလက်ဆောင်လေးတွေ ရယူဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ ✨

💙 “အူမကြီးကင်ဆာ ဂရုပြုပါ။ စစ်ဆေးခြင်းဖြင့် ကာကွယ်ပါ။” 💙




Vacancy Announcementမယ်ဒီလန်းဆေးရုံ (ထားဝယ်)တွင် အောက်ပါဝန်ထမ်းအားခေါ်ယူနေပါသည်။ ✅Laboratory TechnicianRequirements:✔️ G...
13/03/2026

Vacancy Announcement
မယ်ဒီလန်းဆေးရုံ (ထားဝယ်)တွင် အောက်ပါဝန်ထမ်းအားခေါ်ယူနေပါသည်။

✅Laboratory Technician

Requirements:

✔️ Grade -1 (or) Grade -2 လက်မှတ်ရရှိထားသူ ဖြစ်ရမည်။

✔️ ဓာတ်ခွဲခန်း အတွေ့အကြုံရှိသူဖြစ်ရမည်။

✔️ ထားဝယ်တွင် လာရောက်လုပ်ကိုင်နိုင်သူဖြစ်ရမည်။

✔️ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး အဖွဲ့အစည်းနှင့်တာဝန်ထမ်းနိုင်သူဖြစ်ရမည်။

✔️ Computer အခြေခံအသုံးပြုတတ်သူဖြစ်ရမည်။

🍀 Benefits:
Accommodation,Transportation and
Meal Allowance

လျှောက်ထားလိုပါက CV Form နှင့်အတူ
• ဘွဲ့လက်မှတ်၊ သင်တန်းဆင်းလက်မှတ်မိတ္တူ
• မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊အလုပ်သမားမှတ်ပုံတင်
• (၆) လ အတွင်းရိုက်ကူးထားသော လိုင်စင်ဓာတ်ပုံ (၂) ပုံနှင့်အတူ

Mediland Hospital (Dawei) ၏ Talent Management ဌာနသို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ tm@medilandhospital.com.mm, E-mail (သို့မဟုတ) Viber -09697762619 သို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။

Vacancy Announcementမယ်ဒီလန်းဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းအား ခေါ်ယူနေပါသည်။Staff Nurse (Male/Female)Requi...
13/03/2026

Vacancy Announcement

မယ်ဒီလန်းဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းအား ခေါ်ယူနေပါသည်။

Staff Nurse (Male/Female)

Requirements:

✓ B.N.Sc or Diploma in Nursing ဘွဲ့ရရှိထားသူဖြစ်ရမည်။
✓ လိုင်စင် update ရှိသူဖြစ်ရမည်။
✓ ထားဝယ်တွင် လာရောက်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
✓ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အဖွဲ့အစည်းနှင့် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
✓ Computer အခြေခံအသုံးပြုတတ်သူဖြစ်ရမည် ။

Benefits:
Accommodation,Transportation and
Meal Allowance

လျှောက်ထားလိုပါက CV Form နှင့်အတူ
• ဘွဲ့လက်မှတ်၊ သင်တန်းဆင်းလက်မှတ်မိတ္တူ
• မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊အလုပ်သမားမှတ်ပုံတင်
• (၆) လ အတွင်း ရိုက်ကူးထားသော လိုင်စင် ဓာတ်ပုံ (၂) ပုံနှင့်အတူ

Mediland Hospital (Dawei) ၏ Talent Management ဌာနသို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ tm@medilandhospital.com.mm, E-mail (သို့မဟုတ်) Viber -09697762619 သို့ လျှောက်ထားနိုင်ပါသည်။

Vacancy AnnouncementMedical Store  Assistant (Female)Requirements:✔️ Pharmacist Aide Certificate ရရှိထားသူ ဖြစ်ရမည်။✔️ ဆ...
12/03/2026

Vacancy Announcement

Medical Store Assistant (Female)

Requirements:

✔️ Pharmacist Aide Certificate ရရှိထားသူ ဖြစ်ရမည်။

✔️ ဆေးဝါးနှင့်ပတ်သက်၍လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ရမည်။

✔️ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အဖွဲ့အစည်းနှင့် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

✔️ Computer အခြေခံအသုံးပြုတတ်သူဖြစ်ရမည်။


✅ လျှောက်ထားလိုပါက CV Form နှင့်အတူ
• ဘွဲ့လက်မှတ်၊ သင်တန်းဆင်းလက်မှတ်မိတ္တူ
• မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊အလုပ်သမားကတ်မိတ္တူ
• (၆) လအတွင်းရိုက်ကူးထားသော လိုင်စင် ဓာတ်ပုံ (၂) ပုံနှင့်အတူ

Mediland Hospital (Dawei) ၏ Talent Management ဌာနသို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ tm@medilandhospital.com.mm E-mail (သို့မဟုတ် ) Viber 09697762619 သို့ လျှောက်ထားနိုင်ပါသည်။

11/03/2026

💁🏻‍♀️ အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာတွေက အသက်အရွယ်မရွေး ဖြစ်နိုင်တယ်ဆိုတာ သင်သိပါလား ❓

💢 အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါ အတော်များများဟာ အစောပိုင်းအဆင့်မှာ သိသာထင်ရှားတဲ့ လက္ခဏာ မပြတတ်ပါဘူး။ ရောဂါလက္ခဏာ ပြလာတဲ့အချိန်မှာ ကုသရခက်ခဲတဲ့ အခြေအနေကို ရောက်နေတတ်ပါတယ်။ ဒါကြောင့် "မှန်ပြောင်းကြည့်ရှု စစ်ဆေးခြင်း" ဟာ ရောဂါကို အစောဆုံး ရှာဖွေနိုင်ပြီး ထိရောက်စွာ ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ 💢

✨ ဘယ်သူတွေ စစ်ဆေးသင့်သလဲ ✨
◾ Weight မချပဲ ကိုယ်အလေးချိန် ကျသွားသူများ
◾ အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာ မျိုးရိုးရှိသူများ
◾ ပုံမှန် မဟုတ်ပဲ ပြောင်းလဲသွားတဲ့ ဝမ်းသွားခြင်းကို ခံစားနေရသူများ
◾ အကြောင်းပြချက် မရှိပဲ သွေးအားနည်းတဲ့သူများ

🔥 အစာအိမ်နှင့် မှန်ပြောင်းကြည့်ရှုခြင်း အထူး အစီအစဉ်! 🔥
ကျွန်မတို့ Mediland ဆေးရုံကြီးမှာ “အူမကြီးကင်ဆာ ဂရုပြုပါ။ စစ်ဆေးခြင်းဖြင့် ကာကွယ်ပါ။” ဆိုတဲ့ အမည်နဲ့ Combo Package လေး ရှိတာမို့ ပုံမှန်ဆို ၆ သိန်းကျသင့်မှာကို ယခုဆို ၄၅၀,၀၀၀ ကျပ်ပဲ ကျသင့်မှာ ဖြစ်လို့ သင့်မှာ သံသယရှိတယ်ဆိုရင် အခုပဲ လာရောက်စစ်ဆေးလိုက်ပါနော်။

🥰 “အူမကြီးကင်ဆာ ဂရုပြုပါ။ စစ်ဆေးခြင်းဖြင့် ကာကွယ်ပါ။” 🥰

🍀 ရည်မွန်နွေးထွေး ကုသပေး 🍀




Vacancy Announcementမယ်ဒီလန်းဆေးရုံ(ထားဝယ်)တွင် အောက်ပါဝန်ထမ်းအား ခေါ်ယူနေပါသည်။🍀  Assistant Cashier (Female)Requirement...
09/03/2026

Vacancy Announcement

မယ်ဒီလန်းဆေးရုံ(ထားဝယ်)တွင် အောက်ပါဝန်ထမ်းအား ခေါ်ယူနေပါသည်။

🍀 Assistant Cashier (Female)

Requirements:
✓ ဘွဲ့ ရ (သို့မဟုတ်) ကျောင်းကိစ္စ ကင်းရှင်းသူဖြစ်ရမည်။
✓ စကားအပြောအဆို ချိုသာယဉ်ကျေးပြီး စိတ်ရှည်သည်းခံနိုင်သူဖြစ်ရမည်။
✓ Computer ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ရမည်။
✓ နေ့၊ ည တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
✓ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အဖွဲ့အစည်းနှင့် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

လျှောက်ထားလိုပါက CV Form နှင့်အတူ
• ဘွဲ့လက်မှတ်၊ သင်တန်းဆင်းလက်မှတ်မိတ္တူ
• မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊အလုပ်သမားမှတ်ပုံတင် မိတ္တူ
• (၆) လ အတွင်း ရိုက်ကူးထားသော လိုင်စင်ဓာတ်ပုံ (၂) ပုံနှင့်အတူ

Mediland Hospital (Dawei) ၏ Talent Management ဌာနသို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ tm@medilandhospital.com.mm E-mail သို့ လည်ကောင်းလျှောက်ထားနိုင်ပါသည်။ဆက်သွယ်မေးမြန်းလိုပါက 09697762619 သို့ ဆက်သွယ်နိုင်ပါသည်။

Vacancy AnnouncementMediland Hospital (Dawei )တွင် အောက်ပါဝန်ထမ်းအား ခေါ်ယူလျက်ရှိပါသည်။ 🍀  Medical Officer -  ( 2 )Post...
07/03/2026

Vacancy Announcement

Mediland Hospital (Dawei )တွင် အောက်ပါဝန်ထမ်းအား ခေါ်ယူလျက်ရှိပါသည်။

🍀 Medical Officer - ( 2 )Posts (M/F)

Requirements:

✓ M.B.B.S ဘွဲ့ရရှိထားသူဖြစ်ရမည်။
✓ ဆမ Update ရှိသူဖြစ်ရမည််။
✓ ထားဝယ်တွင် လာရောက်လုပ်ကိုင်နိုင်ပြီး ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
✓ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အဖွဲ့အစည်းနှင့် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
ခံစားခွင့်များ - အချိန်ပိုလုပ်ခ လစာရရှိခြင်း
- မိမိကိုယ်တိုင်နှင့် မိသားစုဝင်များ၏ ကျန်းမာရေးနှင့်ပတ်သက်သော ဝန်ဆောင်မှုများအတွက် သက်သာခွင့်များရရှိခြင်း - နှစ်စဉ် Bonus ခံစားခွင့်ရှိခြင်း ၊ လစာတိုးများခံစားခွင့်ရှိခြင်း။ နေစရာအဆောင်စီစဉ်ပေးခြင်း၊
လျှောက်ထားလိုပါက CV Form နှင့်အတူ
• ဘွဲ့လက်မှတ်၊ သင်တန်းဆင်းလက်မှတ်မိတ္တူ
• မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊အလုပ်သမားမှတ်ပုံတင်
• (၆) လ အတွင်း ရိုက်ကူးထားသော လိုင်စင် ဓာတ်ပုံ (၂) ပုံနှင့်အတူ

Mediland Hospital (Dawei) ၏ Talent Management ဌာနသို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ tm@medilandhospital.com.mm E-mail သို့ လည်ကောင်းလျှောက်ထားနိုင်ပါသည်။ဆက်သွယ်မေးမြန်းလိုပါက 09697762619သို့ ဆက်သွယ်နိုင်ပါသည်။

Address

No. 24, Kamyawkin Road, San Chi Quarter, Dawei Township, Tanintharyi Division
Dawei
60101

Telephone

+959895033334

Website

Alerts

Be the first to know and let us send you an email when Mediland Hospital Dawei posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mediland Hospital Dawei:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category