မုဒိတာ အထွေထွေရောဂါကုဆေးခန်း

  • Home
  • Myanmar
  • Gyobingauk
  • မုဒိတာ အထွေထွေရောဂါကုဆေးခန်း

မုဒိတာ အထွေထွေရောဂါကုဆေးခန်း G P Clinic + Ultrasound Service ( Gyobingauk) အပတ်စဉ်
စနေနေ့တိုင်း တီဗီဓာတ်မှန် (Ultrasound) ဝန်ဆောင်မှုရှိပါသည်။

 #သင်္ကြန်တွင်း ‌ခရီးဝေးထွက်ဖို့ မရှိပေမယ့်အကျနေ့ နံနက်ပိုင်းအထိသာ လူနာကြည့်ပါမယ်နော်။ #နှစ်ဆန်းတရက်နေ့အထိဝန်ထမ်းကလေးတွေ...
04/04/2026

#သင်္ကြန်တွင်း ‌ခရီးဝေးထွက်ဖို့ မရှိပေမယ့်
အကျနေ့ နံနက်ပိုင်းအထိသာ လူနာကြည့်ပါမယ်နော်။

#နှစ်ဆန်းတရက်နေ့အထိ
ဝန်ထမ်းကလေးတွေကိုလည်း နားရက်ပေးထားသလို
ဆရာဝန်များလည်း
ပိတ်ရက်မှာ အဆင်သင့်ရှိချင်မှရှိမှာမို့
#အရေးပေါ် လူနာများ၊ #ဆေးထုတ်နေကျလူနာများ လာမယ်ဆို ကြိုဖုန်းဆက်ပြီးမှ ( #အဆင်ပြေတယ်ဆိုမှ ) လာပါနော်

ချစ်မိတ်ဆွေအားလုံး
မြန်မာနှစ်သစ်ကူး အခါသမယမှာ စိတ်ချမ်းသာကိုယ်ကျန်းမာ၍
ဘေးဘယာ ဝေးကွာကြပါစေ ။

🥰🥰🥰🥰🥰🥰🥰🥰🥰🥰

Source
14/03/2026

Source

10/03/2026

နေ့ပူ ညချမ်း
တပေါင်းလဆန်း

မင်္ဂလာပါချစ်မိတ်ဆွေများ။15.2.2026 တနင်္ဂနွေနေ့ #တပို့တွဲလကွယ်နေ့တနေကုန် ဆေးခန်းပိတ်ပါတယ်။မိတ်ဆွေအားလုံးဘေးဘယာဝေးကွာကြပါ...
14/02/2026

မင်္ဂလာပါ
ချစ်မိတ်ဆွေများ။

15.2.2026 တနင်္ဂနွေနေ့
#တပို့တွဲလကွယ်နေ့
တနေကုန် ဆေးခန်းပိတ်ပါတယ်။

မိတ်ဆွေအားလုံး
ဘေးဘယာဝေးကွာကြပါစေ

Page messenger ဝင်လို့မရလို့အချို့သော message များ reply မပြန်နိုင်တာ ခွင့်လွှတ်ပါ။ 🙏🙏ဆေးခန်းပတ်သက်ပြီး သိလိုတာရှိခဲ့ရင်...
09/01/2026

Page messenger ဝင်လို့မရလို့
အချို့သော message များ reply မပြန်နိုင်တာ ခွင့်လွှတ်ပါ။ 🙏🙏

ဆေးခန်းပတ်သက်ပြီး သိလိုတာရှိခဲ့ရင်
09757597980 ကို ဖုန်းဆက်မေးမြန်းလို့ ရပါတယ် နော်
🥰🥰

စနေနေ့ပုံမှန်အတိုင်းဆေးခန်းလူနာလည်းကြည့်ပါမယ်။အာလ်ထရာဆောင်းလည်း ရှိပါမယ်။ချစ်မိတ်ဆွေအားလုံးမင်္ဂလာရှိသော နှစ်သစ်ကို ပိုင...
02/01/2026

စနေနေ့
ပုံမှန်အတိုင်း
ဆေးခန်းလူနာလည်းကြည့်ပါမယ်။
အာလ်ထရာဆောင်းလည်း ရှိပါမယ်။

ချစ်မိတ်ဆွေအားလုံး
မင်္ဂလာရှိသော နှစ်သစ်ကို ပိုင်ဆိုင်ကြပါစေ

🙏🙏🙏🙏🙏🙏🙏

🤰 မိခင်နှင့်ကလေး ကျန်းမာဖို့ ကိုယ်ဝန်ဆောင် သွေးအားနည်းရောဂါ ကာကွယ်စို့ ⚠️ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းတယ်ဆိုတာ မိခင်...
06/12/2025

🤰 မိခင်နှင့်ကလေး ကျန်းမာဖို့ ကိုယ်ဝန်ဆောင် သွေးအားနည်းရောဂါ ကာကွယ်စို့ ⚠️

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းတယ်ဆိုတာ မိခင်ရဲ့ သွေးထဲမှာ သွေးနီဥနည်းနေတာ သို့မဟုတ် အောက်ဆီဂျင်သယ်ဆောင်ပေးတဲ့ ဟေမိုဂလိုဘင်ဓာတ် မလုံလောက်တာကို ဆိုလိုပါတယ်။ ဒါဟာ မိခင်ရော ကလေးအတွက်ပါ ကျန်းမာရေးထိခိုက်နိုင်တာမို့ မပေါ့ဆသင့်ပါဘူး။

❓ ဘာကြောင့်ဖြစ်ရတာလဲ
🔹 သံဓာတ်၊ ဖောလိတ်၊ ဗီတာမင် B12 နှင့် ဗီတာမင်အေ ချို့တဲ့ခြင်း
🔹 ငှက်ဖျားရောဂါနှင့် သန်ကောင်ရောဂါ ရှိနေခြင်း
🔹 မကြာခဏ ကိုယ်ဝန်ဆောင်ခြင်းနှင့် သွေးဆုံးရှုံးမှုရှိခြင်းစတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

🚨 ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းရင် ဘာတွေဖြစ်နိုင်လဲ
ယခုလို လက္ခဏာတွေ ကြုံတွေ့ရနိုင်သလို နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။
• မောပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်းနှင့် အသက်ရှူမဝခြင်း
• မီးဖွားချိန်တွင် သွေးသွန်ခြင်း
• ပေါင်မပြည့် လမစေ့ဘဲ မွေးဖွားခြင်း
• မိခင်နှင့်ကလေး ရောဂါပိုးဝင်ရောက်ရန် လွယ်ကူခြင်း

🛡️ ဘယ်လို ကာကွယ် ကုသကြမလဲ
၁။ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများတွင် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ပုံမှန် ခံယူပါ။ 🏥

၂။ ဆရာဝန်၊ ဆရာမ၏ ညွှန်ကြားချက်အတိုင်း သန်ချဆေးသောက်ပါ။ 💊

၃။ သွေးအားကောင်းစေရန် သံဓာတ်ကြွယ်ဝသော အသား၊ ငါး၊ ကြက်ဥ၊ ပဲနှင့် အစေ့အဆန်များ စုံလင်အောင် စားပါ။🥩🥚🥦

၄။ သံဓာတ်နှင့် ဖောလစ်အက်ဆစ်ပါဝင်သော အားဆေးများကို မှန်မှန်သောက်ပါ။ ✅

💡 သတိပြုရန်
☕ ရေနွေးကြမ်း၊ လက်ဖက်ရည်တို့သည် ကိုယ်ခန္ဓာမှ သံဓာတ်စုပ်ယူမှုကို လျော့နည်းစေသည့်အတွက် သံဓာတ်အားဆေးနှင့် တွဲမသောက်ရပါ။

🧴 ဆေးကို အမည်းရောင်ပုလင်းအတွင်းထည့်၍ အဖုံးလုံအောင်ပိတ်ပြီး နေရောင် တိုက်ရိုက်မထိသော နေရာတွင်ထားပါ။

ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားပြီးချိန်တွင် မောပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း သို့မဟုတ် ဖြူဖျော့နေခြင်းများ ရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ပြသဖို့ တိုက်တွန်းပါရစေ။

🏃‍♀️💨🖼️ ပူးတွဲပါ Photo album ကို တစ်ခုချင်းစီနှိပ်ပြီး လေ့လာကြည့်ရအောင်

#မိခင်နှင့်ကလေးကျန်းမာရေး

ဉာဏ်ကြီးရှင်တို့၏လက္ခဏာများ=•=•=•=•=•=•=•=•=•=•ဉာဏ်ကြီးရှင်ဆိုတာ IQTest နဲ့စစ်လို့ IQ 135ကနေ140နဲ့အထက်ရှိသူတွေလို့ သတ်မှ...
02/12/2025

ဉာဏ်ကြီးရှင်တို့၏လက္ခဏာများ
=•=•=•=•=•=•=•=•=•=•

ဉာဏ်ကြီးရှင်ဆိုတာ IQTest နဲ့စစ်လို့ IQ 135ကနေ
140နဲ့အထက်ရှိသူတွေလို့ သတ်မှတ်ပါတယ်။

ဉာဏ်ကြီးရှင် ကလေးတွေရဲ့ လက္ခဏာတွေကတော့

-ကိုယ့်ကိုကိုယ်ညွှန်ကြား၊ စေ့ဆော်၊ ကိုယ်စည်းကမ်းနဲ့နေ
-အကြောင်းအရာအသစ်တွေ လျှင်မြန်စွာသင်ယူနိုင်
-စိတ်ဝင်စားမှုအမျိုးမျိုးရှိ၊ နယ်ပယ်တခုမှာပြင်းပြစွာ
စိတ်ဝင်စား
-ဆန်းစစ်ဝေဖန်စဉ်းစားတတ်၊ ပိုင်ခြားဆင်ခြင်တတ်
-ဝေါဟာရကြွယ်၊ Communication skillမြင့်
-ရှုမှတ်လေ့လာရာမှာစိတ်ထက်သန်
-တီထွင်ဖန်တီးလိုစိတ်မြင့်
-တွေးခေါ် လုပ်ကိုင်ရာမှာ Flexible ဖြစ်
-စာဖတ်တတ်မှုစော၊ အဆင့်မြင့်စာများအထိစဉ်ဆက်မပြတ်ဖတ်
-တခြားသူ၏အရိပ်အကဲသိ
-ကောင်းတဲ့ဟာသဉာဏ်ရှိ
-အချိန်ကြာစွာ အာရုံစူးစိုက်နိုင်
-ခေါင်းဆောင်မှုစွမ်းရည်ပြသ
-သက်တူရွယ်တူများသာမက လူကြီးများနဲ့လည်း
ပေါင်းနိုင်
-ရင့်ကျက်၊ တာဝန်ယူလိုစိတ်မြင့်

ဉာဏ်ကြီးရှင်တွေကို ဆက်ဆံရေးညှိယူမှုလွဲမှားနိုင်သူတွေလို့ အထင်မှားတတ်ပါတယ်။ စာအုပ်တွေကြားမြုပ်နေသူကွန်ပျူတာဖန်သားပြင်ရှေ့မှာပဲကပ်နေသူတွေလို့ အထင်မှားတတ်ကြပါတယ်။

ယခုခေတ်မှာ ဘဝအောင်မြင်ဖို့ IQမြင်ဖို့မလိုဘူး။ EQမြင့်ဖို့လိုတယ်လို့ သံယောင်လိုက်ပြောနေကြပေမယ့် IQဟာလည်းဘဝမှာအောင်မြင်ဖို့လိုအပ်တဲ့ Cognitive abilityတစ်ခုဖြစ်ပါတယ်။

Credit
ဒေါက်တာမြင့်လွင်(စိတ်ပညာ)

လာမယ့် သောကြာနေ့..၁၄.၁၁.၂၅ဆေးခန်း တစ်ရက် ပိတ်ပါမယ်စနေနေ့ ပုံမှန်အတိုင်း ဆေးခန်း ပြန်ဖွင့်ပါမယ်..တီဗီဓါတ်မှန် ဝန်ဆောင်မှု...
12/11/2025

လာမယ့် သောကြာနေ့..၁၄.၁၁.၂၅
ဆေးခန်း တစ်ရက် ပိတ်ပါမယ်
စနေနေ့ ပုံမှန်အတိုင်း ဆေးခန်း ပြန်ဖွင့်ပါမယ်..
တီဗီဓါတ်မှန် ဝန်ဆောင်မှုလည်း ရှိပါမယ်နော်..

03/11/2025

#တန်ဆောင်တိုင်

26/10/2025

ကျန်းမာရေးကောင်းအောင် Fasting (အစာဖြတ်)ပါ

ဥပုသ် မကြာခဏစောင့်တတ်သူတွေအတွက် (Fasting) လုပ် အစာဖြတ်တာက သိပ်မဆန်းပါဘူး။ Fasting ဆိုတာ အချိန်အတိုင်းအတာနဲ့ အစာဖြတ်ခြင်း၊ အဆာခံခြင်းပါ။ ကိုယ်အလေးချိန် လျှော့ဖို့အတွက် အဓိက လုပ်ကြပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေနိုင်တယ်လို့ ခံစားသိရှိကြပေမယ့် ဘယ်လိုပုံစံမျိုးနဲ့ ခန္ဓာကိုယ်အတွက် ကောင်းမွန်တာလဲဆိုတာကို သေချာမသိခဲ့ကြရဘူး။ ဒါပေမယ့် ၂၀၁၆မှာ ဒေါက်တာအိုဆူမီက ဒီလမ်းကြောင်းကို သက်သေပြနိုင်ခဲ့ပြီး ဆေးပညာနိုဗယ်ဆုကို ရရှိခဲ့ပါတယ်။

ဒီခေတ်မှာ လူတွေဟာ အဆာခံတယ်ဆိုတာ မရှိသလောက်ပဲ။ အိပ်တဲ့အချိန်ကလွဲလို့ အစားနဲ့ ပါးစပ်နဲ့ ပြတ်တဲ့အချိန်မရှိလောက်အောင် စားကြပါတယ်။ ဒီတော့ ပိုလျှံတဲ့အရာတွေဟာ ခန္ဓာကိုယ်ထဲမှာ တဖြည်းဖြည်းစုပုံလာပါတယ်။ ဒီလိုနဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ၊ ကင်ဆာလို ရောဂါမျိုးတွေအဖြစ်များလာတယ်။ Fasting လုပ်ခြင်းက Autophagy လို့ခေါ်တဲ့ ခန္ဓာကိုယ်က ကိုယ့်ဆဲလ်တွေကိုယ်ပြန်စားပြီး စွမ်းအင်ထုတ်တဲ့ဖြစ်စဉ် ဖြစ်စေတယ်။ ကိုယ့်ကိုယ်ပြန်စားတယ်ဆိုပေမယ့် အိုမင်းနေတဲ့ဆဲလ်တွေ၊ မကောင်းတော့တဲ့ဆဲလ်တွေ၊ အပဲ့တွေအရွဲ့တွေစသဖြင့် ခန္ဓာကိုယ်အတွက် အပိုဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ဆဲလ်တွေကို ဖြိုခွဲပြီး ဆဲလ်အသစ်တွေ ပြန်တည်ဆောက်တာပါ။

ဒါကြောင့် Fasting လုပ်ခြင်းက ကိုယ်အလေးချိန်လျော့တာအပြင်၊ ဆီးချိုထိန်းနိုင်တာ၊ ပိုပြီးနေလို့ထိုင်လို့ကောင်းတာ၊ သွေးတိုးဆီးချို၊ နှလုံးနဲ့ လေဖြတ်တာလိုမျိုးရောဂါတွေဖြစ်နိုင်ခြေကိုလျှော့ချပေးတာ၊ ဆဲလ်အသစ်တွေပြန်ဖြစ်ပေါ်စေတာ၊ ရောင်ရမ်းတာတွေ သက်သာစေတာလိုမျိုး ကျန်းမာရေးကောင်းကျိုးတွေရှိစေပါတယ်။

Fasting လုပ်တဲ့အခါ အများဆုံးလုပ်ကြတာကတော့ ၁၆-၈ အစာဖြတ်နည်းပါ။ ၈နာရီအစာစားတယ်။ ၁၆နာရီဖြတ်တယ်။ အဆင်ပြေတာကတော့ နေ့ခင်း ၁၂နာရီကနေ ည၈နာရီထိစား။ ပြီးရင် နောက်နေ့ ၁၂နာရီမှပြန်စား။

နောက်တစ်နည်းက ၂၄နာရီစား ၂၄နာရီဖြတ်။ ၂၄နာရီထက်ပိုဖြတ်တာ တချို့တွေခံနိုင်ပေမယ့် တချို့တွေအတွက် အတော်ပြင်းထန်နိုင်တယ်။ ၂၄နာရီထက်တော့ ပိုမဖြတ်စေချင်ဘူး။

နောက်တစ်နည်းက ရက်သတ္တပတ်တစ်ခုမှာ ၅ ရက်စား၊ ၂ရက်ဖြတ်။ ဖြတ်တဲ့နှစ်ရက်မှာ ကယ်လိုရီ ၈၀၀ ထိ စားလို့ရတယ်။

အခုမှစလုပ်မယ့်သူတွေဆို ၁၆-၈ နည်းလမ်းက အဆင်အပြေဆုံးဖြစ်နိုင်ပါလိမ့်မယ်။ Fasting လုပ်တာကောင်းတယ်ဆိုပေမယ့် ကိုယ့်ခန္ဓာကိုယ်က ပြောတာကိုလည်း နားထောင်ပါ။ ကိုယ့်အတွက် အရမ်းပြင်းထန်တယ်၊ ခံနိုင်ရည်မရှိဘူးဆို ကောင်းကျိုးထက် ဘေးထွက်ဆိုးကျိုးပိုများလို့ မလုပ်သင့်ပါဘူး။
Credit

Address

Thae-gone Street
Gyobingauk

Opening Hours

Monday 07:30 - 11:30
15:30 - 18:00
Tuesday 07:30 - 11:30
15:30 - 18:30
Wednesday 07:30 - 11:30
15:30 - 18:30
Thursday 07:30 - 11:30
15:30 - 18:30
Friday 07:30 - 11:30
15:30 - 18:30
Saturday 07:30 - 11:30
15:30 - 18:30
Sunday 07:30 - 11:30
15:30 - 18:30

Telephone

+959757597980

Website

Alerts

Be the first to know and let us send you an email when မုဒိတာ အထွေထွေရောဂါကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to မုဒိတာ အထွေထွေရောဂါကုဆေးခန်း:

Share