Shwe La Min Hospital Hinthada

Shwe La Min Hospital Hinthada We are located at the heart of Hinthada City, Ayyeyarwaddy Division. We provide quality healthcare s

📢 𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭✨ရွှေလမင်းဆေးရုံကြီး (ဟင်္သာတ) တွင် လိုအပ်သော‌နေရာများတွင်တာဝန်ထမ်း‌ဆောင်ရန်ဝန်ထမ်းအသစ်များ အမြန်လ...
29/11/2025

📢 𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭

✨ရွှေလမင်းဆေးရုံကြီး (ဟင်္သာတ) တွင် လိုအပ်သော‌
နေရာများတွင်တာဝန်ထမ်း‌ဆောင်ရန်ဝန်ထမ်းအသစ်များ အမြန်လျှောက်ထားနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါသည်။

🎯 ကျွန်ုပ်တို့အနေနဲ့ ရှာဖွေနေသောအလုပ်အကိုင်တွင် _

❇️ ဆေးဝါးကျွမ်းကျင်အကူ(၅)ဦး

✅ဆေးဝါးကျွမ်းကျင်သင်တန်းဆင်းလက်မှတ် ရရှိထားသူဖြစ်ရမည်။
✅နေ့ညမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
✅ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
✅တာဝန်ယူမူရှိပြီးအဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်နိုင်မှု နှင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ရမည်။
✅အထက်လူကြီး၏ လမ်းညွှန်ချက်များအား လိုက်နာနိုင်ရမည်။

❇️ ဧည့်ကြိုဌာန (Reception)(၃)ဦး

✅ တက္ကသိုလ်တခုခုမှဘွဲ့ရရှိသူဖြစ်ရမည်။
✅တာဝန်ယူမူရှိပြီးအဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်နိုင်မှု နှင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ရမည်။
✅ နေ့/ည မရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
✅အထက်လူကြီး၏ လမ်းညွှန်ချက်များအား လိုက်နာနိုင်ရမည်။
✅ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
✅အသက် (၂၀) မှ (၃၅) အတွင်းဖြစ်ရပါမည်။

❇️အထွေထွေလုပ်သား(General)(၅)ဦး

✅အလုပ်အပေါ်စိတ်ဝင်စား၍တာဝန်‌ကျေပွန်စွာ
ထမ်းဆောင်နိုင်သူဖြစ်ရမည်။
✅အသက် (၂၀) မှ (၄၀) အတွင်းဖြစ်ရပါမည်။
✅ နေ့/ည မရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

📌 အကျိုးခံစားခွင့်များ

✔️ လုပ်ခလစာ (Salary)
✔️ ရက်မှန်ကြေး
✔️ အခြားလစာမဟုတ်သော အကျိုးခံစားခွင့်များပါဝင်သည်။

📄 စိတ်ပါဝင်စားသူများသည် (၁၅.၁၂.၂၀၂၅)
နောက်ဆုံးထား၍သက်ဆိုင်ရာလက်မှတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ ၊အလုပ်သမားမှတ်ပုံတင်မိတ္တူ ၊သန်းခေါင်စာရင်းမိတ္တူ ၊(၄)လအတွင်းရိုက်ထားသောဓါတ်ပုံ (၃)ပုံ တို့နှင့်အတူလာရောက်လျှောက်ထားနိုင်ပါသည်။

📍 လိပ်စာ –
ရွှေလမင်းဆေးရုံ (ဟင်္သာတ)
အမှတ် (၃၂)၊ ဗိုလ်​​စော​​​မောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။
☎️ ၀၄၄ ၂၀၂၁၃၇၅၊ ၂၀၂၂၇၉၉၊ ၂၀၂၂၈၀၀၊ ၂၀၂၂၈၀၁၊ ၂၀၂၂၈၀၂။

📞 ဆက်သွယ်ရန်ဖုန်း –

09-448,177,114 (အလုပ်​လျှောက်မည့်ကိစ္စများစုံစမ်းရန်အတွက်သာဖြစ်ပါသည်)

🎉ရွှေလမင်းဆေးရုံမိသားစု၏ ဧပြီလ မှ နိုဝင်ဘာလဖွားဝန်ထမ်းများအတွက် မွေးနေ့ကိတ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်သည့်ပွဲလေးကို...
20/11/2025

🎉ရွှေလမင်းဆေးရုံမိသားစု၏ ဧပြီလ မှ နိုဝင်ဘာလ
ဖွားဝန်ထမ်းများအတွက် မွေးနေ့ကိတ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်သည့်ပွဲလေးကို ပျော်ရွှင်စွာ ကျင်းပပေးခဲ့သည့်ပုံရိပ်များနှင့်အတူ ‌မျှဝေပေးလိုက်ပါတယ်ရှင်။🎉

💕🎂🎂🎂 💗မွေးနေ့ဆုတောင်း💗🎂🎂🎂💕

🥳 19.11.2025 နေ့တွင်ကျ‌ရောက်သာရွှေလမင်းဆေးရုံ၏ ချစ်ခင်လေးစားရပါသော ဆရာကြီးဒေါက်တာဦးတင်ထွန်း‌အောင် နှင့် ဧပြီလမှနိုဝင်ဘာလ မွေးဖွားသူအားလုံးပျော်ရွှင်စရာ‌မွေးနေ့လေးဖြစ်ပါစေလို့
ဆုမွန်‌ကောင်း‌တောင်း‌ပေးလိုက်ပါတယ်ရှင် 🎉🥳


01/11/2025

📢 𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭
✨ရွှေလမင်းဆေးရုံကြီး (ဟင်္သာတ) တွင် သူနာပြုအကူ (Nurse Aid)ဝန်ထမ်းအသစ်များ အမြန်လျှောက်ထားနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါသည်။

🎯 ကျွန်ုပ်တို့အနေနဲ့ ရှာဖွေနေသောအလုပ်အကိုင်တွင် _

✅သူနာပြုအကူသင်တန်းဆင်းလက်မှတ် ရရှိထားသူဖြစ်ရမည်။
✅နေ့ညမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
✅ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
✅တာဝန်ယူမူရှိပြီးအဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်နိုင်မှု နှင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ရမည်။
✅ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအတွေ့အကြုံရှိသူ/စိတ်ဝင်စားသူ
✅အထက်လူကြီး၏ လမ်းညွှန်ချက်များအား လိုက်နာနိုင်ရမည်။

📌 အကျိုးခံစားခွင့်များ

✔️ လုပ်ခလစာ (Salary)
✔️ အဆောင် (Hostel)
✔️ ရက်မှန်ကြေး
✔️ အခြားလစာမဟုတ်သော အကျိုးခံစားခွင့်များပါဝင်သည်။

📍 Interview အမြန်အတွင်းပြုလုပ်မည်ဖြစ်ပြီး

📄 စိတ်ပါဝင်စားသူများသည် (၁၀.၁၁.၂၀၂၅)
နောက်ဆုံးထား၍သက်ဆိုင်ရာလက်မှတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ ၊အလုပ်သမားမှတ်ပုံတင်မိတ္တူ ၊သန်းခေါင်စာရင်းမိတ္တူ ၊(၄)လအတွင်းရိုက်ထားသောဓါတ်ပုံ (၃)ပုံ တို့နှင့်အတူလာရောက်လျှောက်ထားနိုင်ပါသည်။

📍 လိပ်စာ –
ရွှေလမင်းဆေးရုံ (ဟင်္သာတ)
အမှတ် (၃၂)၊ ဗိုလ်​​စော​​​မောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။
☎️ ၀၄၄ ၂၀၂၁၃၇၅၊ ၂၀၂၂၇၉၉၊ ၂၀၂၂၈၀၀၊ ၂၀၂၂၈၀၁၊ ၂၀၂၂၈၀၂။

📞 ဆက်သွယ်ရန်ဖုန်း –

09-448,177,114 (အလုပ်​လျှောက်မည့်ကိစ္စများစုံစမ်းရန်အတွက်သာဖြစ်ပါသည်)

ရွှေလမင်းဆေးရုံကြီး(ဟင်္သာတ)တွင်တာဝန်ထမ်းဆောင်ရန် 🧑‍⚕️Medical Officer - 5 posts M/F (Full Time & Part Time)လိုအပ်သောအရည်...
01/11/2025

ရွှေလမင်းဆေးရုံကြီး(ဟင်္သာတ)တွင်တာဝန်ထမ်းဆောင်ရန်
🧑‍⚕️Medical Officer - 5 posts M/F
(Full Time & Part Time)

လိုအပ်သောအရည်အချင်းများ
✅M.B.,B.S ဘွဲ့ရရှိထားသူဖြစ်ရမည်။
✅ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
✅Communication ကောင်းမွန်ပြီး
Team work ဖြင့်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
✅နေ့ /ညမရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
✅လုပ်ငန်းအတွေ့အကြုံနှင့် Duty ချိန်ပေါ်မူတည်၍လစာညှိနှိုင်းပေးပါမည်။

လေဖြတ်ခြင်း(Stroke)“လေဖြတ်တယ်” ဆိုသောစကားအသုံးအနှုန်းကို လူတိုင်းနီးပါးကြားဖူးကြပါလိမ့်မယ်၊ လေဖြတ်ခြင်း သည် ဦးနှောက်အတွင...
29/10/2025

လေဖြတ်ခြင်း(Stroke)

“လေဖြတ်တယ်” ဆိုသောစကားအသုံးအနှုန်းကို လူတိုင်းနီးပါးကြားဖူးကြပါလိမ့်မယ်၊ လေဖြတ်ခြင်း သည် ဦးနှောက်အတွင်းရှိသွေးကြောများ နေရာတွင်သွေးခဲဖြင့်ပိတ်ဆို့ခြင်း(သို့မဟုတ်) သွေးကြောများ ပေါက်ခြင်းကြောင့် ဦးနှောက်အတွင်းသွေးလည်ပတ်မှု ရပ်တန့်ပြီး ခန္ဓာကိုယ် အစိတ် အပိုင်းများ၏ လုပ်ငန်း
ဆောင်တာများ ရုတ်တရက် ရပ်တန့်သွားကာ လှုပ်ရှားမှုများ ခက်ခဲလာခြင်းပင် ဖြစ်ပါတယ်။

လေဖြတ်ခြင်းကြောင့်ရောဂါဝေဒနာခံစားနေရသူတွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ခံစားရသည် သာမက မိသားစုတွင်လည်း ဝန်ထုတ်ဝန်ပိုးတစ်ခုသဖွယ် ဖြစ်လာနိုင်စေပါသည်။ လေဖြတ်ခြင်းကို စတင်သိရှိသည်နှင့် စောစီးစွာ ဆေးကုသမှုခံယူရန်လိုအပ်ပါသည်။

ဆေးကုသမှုခံယူပြီးသည်နှင့် တပြိုင်နက် လေဖြတ်ရောဂါ ခံစားနေရသူများသည် ပြန်လည်သန်စွမ်းရေးဆိုင်ရာ ကုသမှုများကို ပြုလုပ်ရန် လိုအပ်ပါသည်။

လေဖြတ်ပြီးပြန်လည်သန်စွမ်းရေးကုသမှုကိုဘာကြောင့်လုပ်ဖို့လိုအပ်ပါသလဲ?

ပြန်လည် သန်စွမ်းရေး ပြုလုပ်ခြင်းသည် လေဖြတ်ပြီးလူနာများအတွက် မိမိ၏ဘဝအရည်အသွေးကို မြင့်မားစေရုံ သာမကသူတစ်ပါးအပေါ်မှီခိုရမှုကိုလည်း လျော့ကျစေပြီး မိမိတတ်နိုင်သမျှ စွမ်းဆောင်နိုင်မှု စွမ်းရည်နှင့် လူ့အသိုင်း အဝန်းတွင် ပြန်လည်နေထိုင်နိုင်ရန် ကူညီပေးပါသည်။

ထိုအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများကိုလည်း ဖြစ်ပေါ်စေပါသည်။

လေဖြတ်ပြီး လူနာများအတွက် ပြန်လည်သန်စွမ်းရေးဆိုင်ရာ ကုသမှုများကို ရွှေလမင်းဆေးရုံ (ဟင်္သာတ) ရှိ အကြော အဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာနမှ တာဝန်ယူပါရစေ၊

လေဖြတ်လူနာများအတွက်လိုအပ်သောဆေးကုသမှုများနှင့် ပြန်လည်သန်စွမ်းရေးဆိုင်ရာ ကုသမှုများ အတွက် သက်ဆိုင်ရာ သမားတော်ကြီးများ နှင့် ပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီးက လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး ဆေးကုသမှုပြုလုပ်ခြင်း၊ ပြန်လည်သန်စွမ်းရေးကုထုံးများဖြင့် ထိရောက်စွာ စနစ်တကျ ကုသပေးလျက်ရှိပါသည်။

လေဖြတ်ခြင်းကြောင့်နောက်ဆက်တွဲဆိုးကျိုးအနေဖြင့်ဖြစ်ပေါ်လာသောခန္ဓာကိုယ်မလှုပ်ရှားနိုင်ခြင်း၊ ပါးရွဲ့ ခြင်း၊ မိမိ၏နေ့စဉ်ပုံမှန်လုပ်ဆောင်မှုများ မဆောင်ရွက်နိုင်ခြင်း တို့အတွက် လူနာတစ်ဦးချင်းစီ၏ ရောဂါ ဖြစ်ပွားမှု အခြေအနေကို စမ်းသတ်စစ်ဆေးပြီး ကြွက်သားလှုံ့ဆော်သော စက်ဖြင့် အာရုံကြောနှင့် ကြွက်သား များအား ပြန်လည် နှိုးဆွပေးခြင်း၊ အစာသီးခြင်း မဖြစ်အောင် လည်ပင်းရှိ အစာမြိုရာတွင်အသုံးပြုသော ကြွက်သား များအား ပြန်လည်သန်မာအောင် လေ့ကျင့်ပေးခြင်း၊ အဆုတ်အားကောင်းစေသာ အသက်ရှူ လေ့ကျင့်ခန်းများ ပြုလုပ် စေခြင်း၊ ခန္ဓာကိုယ်၏ ကြွက်သားအားနည်းသည့်အစိတ်အပိုင်းများအပါ် မူတည်၍ သက်ဆိုင်ရာ လေ့ကျင့်ခန်း များကို ကျွမ်းကျင်သော အကြောအဆစ်ကုပညာရှင်က သင်ကြားလေ့ကျင့် ပေးခြင်း၊လက်ပိုင်းဆိုင်ရာလုပ်ဆောင်မှုများကိုအသေးစိတ်သင်ကြားလေ့ကျင့်ကုသပေးခြင်း၊လမ်းလျှောက်ပုံသွားလာပုံ အဆင့်ဆင့် နှင့် မိမိတို့၏ နေ့စဉ် နေထိုင်မှုဘဝတွင် လိုအပ်သော အသေးစိတ်လှုပ်ရှားမှုများအား ပြန်လည် သန်စွမ်းရေး အကူကိရိယာများဖြင့် စနစ်တကျသင်ကြားပေးလျက်ရှိပါသည်။

ထို့အပြင် သွားလာရန် ခက်ခဲသောလူနာများအတွက် တည်းခိုနေထိုင်သည့် အိမ်တိုင်ယာရောက် မော်တော်ယာဉ် ဖြင့် ကြို/ပို့ နိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဝေးလံသောဒေသမှလာရောက်သည့်လူနာများအတွက် ဆေးရုံတွင်နားနေ၍ (10 days Package) (၁ဝ)ရက် အထူး အစီအစဉ်ဖြင့် လေ့ကျင့် ကုသမှုများ ပြုလုပ်ပေးလျက်ရှိပါသည်။

လေဖြတ်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ နောင်တစ်ကြိမ်ထပ်မံ၍ မဖြစ်ပွားစေရန် လိုက်နာ ဆောင်ရွက် သင့်သည်များကိုလည်း လူနာနှင့် လူနာရှင်မိသားစုများအား အကြံပြုဆွေးနွေးပေးခြင်းခြင်းများ ပြုလုပ် ပေးပါ သည်။

ဒါ့ကြောင့် လေဖြတ်ပြီးလူနာများနှင့်ပတ်သက်၍ တိကျမှန်ကန်သော ထိရောက်မှုရှိသော ကုသမှုများ နှင့် လေ့ကျင့်မှုများအတွက် ရွှေလမင်းဆေးရုံ(ဟင်္သာတ) အကြောအဆစ်နှင့်ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး ဌာနတွင် မေးမြန်း စုံစမ်းပြီး ကုသမှုခံယူနိုင်ပါသည်။

“ လေဖြတ်သူလူနာများအတွက် ပိုမိုကောင်းမွန်သော လူနေမှုဘဝအခြေအနေများနှင့် စွမ်းဆောင်နိုင်မှုများကို တိုးတက်လာစေပြီး တက်ကြွ၍ အမှီအခိုကင်းသည့် ကျန်းမာသောနေထိုင်မှုဘဝကို ဖန်တီးကြပါစို့ ”

"We aim for the quality of life for Stroke Patients."

အမှတ်(၃၂)၊ ဗိုလ်စောမောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။
☎️ ၀၄၄ - ၂ဝ၂၂၇၉၉၊ ၂ဝ၂၂၈ဝဝ၊၂ဝ၂၂၈ဝ၁၊ ၂ဝ၂၂၈ဝ၂၊ ၂ဝ၂၁၃၇၅၊ ၀၉ - ၇၇ဝ၉၁၃၄ဝ၈.

🏥 စိတ်ပါဝင်စားသူများသည် (၃၀.၁၀.၂၀၂၅)နောက်ဆုံးထား၍သက်ဆိုင်ရာလက်မှတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ ၊အလုပ်သမားမှတ်ပုံတင်မိတ္တူ ၊သ...
23/10/2025

🏥 စိတ်ပါဝင်စားသူများသည် (၃၀.၁၀.၂၀၂၅)
နောက်ဆုံးထား၍သက်ဆိုင်ရာလက်မှတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ ၊အလုပ်သမားမှတ်ပုံတင်မိတ္တူ ၊သန်းခေါင်စာရင်းမိတ္တူ ၊(၄)လအတွင်းရိုက်ထားသောဓါတ်ပုံ (၃)ပုံ တို့နှင့်အတူလာရောက်လျှောက်ထားနိုင်ပါသည်။

📍 လိပ်စာ –
ရွှေလမင်းဆေးရုံ (ဟင်္သာတ)
အမှတ် (၃၂)၊ ဗိုလ်​​စော​​​မောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။
☎️ ၀၄၄ ၂၀၂၁၃၇၅၊ ၂၀၂၂၇၉၉၊ ၂၀၂၂၈၀၀၊ ၂၀၂၂၈၀၁၊ ၂၀၂၂၈၀၂။

📞 ဆက်သွယ်ရန်ဖုန်း –

09-448,177,114 (အလုပ်​လျှောက်မည့်ကိစ္စများစုံစမ်းရန်အတွက်သာဖြစ်ပါသည်)

12/10/2025

📣 အလုပ်အခွင့်အလမ်းကောင်း ရှိပါတယ် – (ဟင်္သာတ)နေသူများအတွက်!

ရွှေလမင်းဆေးရုံကြီး (ဟင်္သာတ) တွင် Cashier ဝန်ထမ်းအသစ်များ အမြန်လျှောက်ထားနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါသည်။

🎯 ကျွန်ုပ်တို့အနေနဲ့ ရှာဖွေနေသောအလုပ်အကိုင်တွင် _

✅ တက္ကသိုလ်တခုခုမှဘွဲ့ရရှိသူဖြစ်ရမည်။
✅တာဝန်ယူမူရှိပြီးအဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်နိုင်မှု နှင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ရမည်။
✅ နေ့/ည မရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
✅အထက်လူကြီး၏ လမ်းညွှန်ချက်များအား လိုက်နာနိုင်ရမည်။
✅ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
✅အသက် (၂၀) မှ (၃၅) အတွင်းဖြစ်ရပါမည်။

📌 အကျိုးခံစားခွင့်များ

✔️ လုပ်ခလစာ (Salary)
✔️ ရက်မှန်ကြေး
✔️ အခြားလစာမဟုတ်သော အကျိုးခံစားခွင့်များပါဝင်သည်။

📍 Interview အမြန်အတွင်းပြုလုပ်မည်ဖြစ်ပြီး

📄 စိတ်ပါဝင်စားသူများသည် CV Form ကို ပြည့်စုံစွာဖြည့်ပြီး (15.10.2025)နောက်ဆုံးထား၍လာရောက်လျှောက်ထားနိုင်ပါသည်။

📍 လိပ်စာ –
ရွှေလမင်းဆေးရုံ (ဟင်္သာတ)
အမှတ် (၃၂)၊ ဗိုလ်​​စော​​​မောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။
☎️ ၀၄၄ ၂၀၂၁၃၇၅၊ ၂၀၂၂၇၉၉၊ ၂၀၂၂၈၀၀၊ ၂၀၂၂၈၀၁၊ ၂၀၂၂၈၀၂။

📞 ဆက်သွယ်ရန်ဖုန်း –

09-448,177,114 (အလုပ်​လျှောက်မည့်ကိစ္စများစုံစမ်းရန်အတွက်သာဖြစ်ပါသည်)

🎉✨ရွှေလမင်းဆေးရုံကြီး(ဟင်္သာတ)တွင် ဝန်ထမ်းများ၏ဝါကျွတ်ကန်တော့ပွဲပုံရိပ်များ✨ 🙏     ဝါလကင်းလွတ် သီတင်းကျွတ်မှာ          ဂ...
06/10/2025

🎉✨ရွှေလမင်းဆေးရုံကြီး(ဟင်္သာတ)တွင် ဝန်ထမ်းများ၏ဝါကျွတ်ကန်တော့ပွဲပုံရိပ်များ✨

🙏 ဝါလကင်းလွတ် သီတင်းကျွတ်မှာ
ဂါရဝေါစ..ဂါရဝတရားနဲ့အညီ
(ဟင်္သာတ‌)ရွှေလမင်းဆေးရုံအုပ်ကြီးဒေါက်တာဦးတင်ထွန်းအောင်အား ဆေးရုံဝန်ထမ်းများမှဂါရဝတရား ရှေ့ထားပြီး ဆရာကြီးကိုကန်တော့ခဲ့ကြရာ ဆရာကြီးမှလည်း ဆုမွန်ကောင်းများတောင်းပေးခဲ့ပါသည် ...🙏


#ရွှေလမင်းဆေးရုံဟင်္သာတ

#ဝါကျွတ်ကန်တော့
#သီတင်းကျွတ်ပွဲတော်

World Patient Safety Day, 17 September 2025: "Safe care for every newborn and every child"September လ 17 ရက်နေ့ဟာ ကမ္ဘာ့...
17/09/2025

World Patient Safety Day, 17 September 2025:
"Safe care for every newborn and every child"

September လ 17 ရက်နေ့ဟာ ကမ္ဘာ့လူနာ ဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့ (World Patient Safety Day) ဖြစ်ပြီး ယခုနှစ်အတွက် ဆောင်ပုဒ်ကတော့
“𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐬𝐚𝐟𝐞𝐭𝐲 𝐟𝐫𝐨𝐦 𝐭𝐡𝐞 𝐬𝐭𝐚𝐫𝐭!”
(ကလေးတိုင်းတွင် ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို မွေးဖွားစကတည်းက ရယူပိုင်ခွင့်ရှိသည်) ပဲဖြစ်ပါတယ်။

ရွှေလမင်းဆေးရုံ(ဟင်္သာတ)အနေဖြင့်လည်း လူနာများဘေးကင်းလုံခြုံရေးအတွက် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် အညီ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါသည်။

📄 စိတ်ပါဝင်စားသူများသည်  CV Form ကို ပြည့်စုံစွာဖြည့်ပြီး (15.10.2025)နောက်ဆုံးထား၍ အမြန်ဆုံးလာရောက်လျှောက်ထားနိုင်ပါသည်...
15/09/2025

📄 စိတ်ပါဝင်စားသူများသည် CV Form ကို ပြည့်စုံစွာဖြည့်ပြီး (15.10.2025)နောက်ဆုံးထား၍ အမြန်ဆုံးလာရောက်လျှောက်ထားနိုင်ပါသည်။

📍 လိပ်စာ –
ရွှေလမင်းဆေးရုံ (ဟင်္သာတ)
အမှတ် (၃၂)၊ ဗိုလ်​​စော​​​မောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။

☎️ ၀၄၄ ၂၀၂၁၃၇၅၊ ၂၀၂၂၇၉၉၊ ၂၀၂၂၈၀၀၊ ၂၀၂၂၈၀၁၊ ၂၀၂၂၈၀၂။

📞 ဆက်သွယ်ရန်ဖုန်း –
09-448,177,114(အလုပ်​လျှောက်မည့်ကိစ္စများစုံစမ်းရန်)

🎉𝗪𝗼𝗿𝗹𝗱 𝗣𝗵𝘆𝘀𝗶𝗼𝘁𝗵𝗲𝗿𝗮𝗽𝘆 𝗗𝗮𝘆🎉🎉ယနေ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့သည် "ကမ္ဘာ့အကြောအဆစ်ပြန်လည်သန်စွမ်းရေးနေ့" 𝗪𝗼𝗿𝗹𝗱 𝗣𝗵𝘆𝘀𝗶𝗼𝘁𝗵𝗲...
08/09/2025

🎉𝗪𝗼𝗿𝗹𝗱 𝗣𝗵𝘆𝘀𝗶𝗼𝘁𝗵𝗲𝗿𝗮𝗽𝘆 𝗗𝗮𝘆🎉

🎉ယနေ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့သည် "ကမ္ဘာ့အကြောအဆစ်ပြန်လည်သန်စွမ်းရေးနေ့" 𝗪𝗼𝗿𝗹𝗱 𝗣𝗵𝘆𝘀𝗶𝗼𝘁𝗵𝗲𝗿𝗮𝗽𝘆 𝗗𝗮𝘆 ပဲဖြစ်ပါတယ်🎉
♥️ ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐀𝐠𝐞𝐢𝐧𝐠 - ကျန်းမာစွာ အိုမင်းခြင်း ဖြစ်ပါတယ်♥️
♥️လူနာများကျန်းမာသန်စွမ်းရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍကတာဝန်ယူပေးနေကြတဲ့ ကမ္ဘာအဝှမ်းရှိ 𝗣𝗵𝘆𝘀𝗶𝗼𝘁𝗵𝗲𝗿𝗮𝗽𝗶𝘀𝘁𝘀 အကြောအဆစ်ပညာရှင်များအားလုံးကို ရွှေလမင်းဆေးရုံ(ဟင်္သာတ)မိသားစု မှလေးစားစွာဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်♥️

#‌ရွှေလမင်းဆေးရုံ



Staff Nurse - 3 posts လိုအပ်သောအရည်အချင်းများ✅BN.Sc (or) Diploma In Nursing      ဘွဲ့ရရှိထားသူဖြစ်ရမည်✅လိုင်စင် update ရ...
03/09/2025

Staff Nurse - 3 posts

လိုအပ်သောအရည်အချင်းများ

✅BN.Sc (or) Diploma In Nursing
ဘွဲ့ရရှိထားသူဖြစ်ရမည်
✅လိုင်စင် update ရှိရမည်။
✅ရေရှည်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
✅နေ့ / ညမရွေးတာဝန်ထမ်းဆောင်နိုင်သူ
ဖြစ်ရမည်။
✅ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။

📄 စိတ်ပါဝင်စားသူများသည် CV Form ကို ပြည့်စုံစွာဖြည့်ပြီး လာရောက်လျှောက်ထားနိုင်ပါသည်။

📍 လိပ်စာ –
ရွှေလမင်းဆေးရုံ (ဟင်္သာတ)
အမှတ် (၃၂)၊ ဗိုလ်​​စော​​​မောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။

☎️ ၀၄၄ ၂၀၂၁၃၇၅၊ ၂၀၂၂၇၉၉၊ ၂၀၂၂၈၀၀၊ ၂၀၂၂၈၀၁၊ ၂၀၂၂၈၀၂။

📞 ဆက်သွယ်ရန်ဖုန်း –
09-448,177,114(အလုပ်​လျှောက်မည့်ကိစ္စများစုံစမ်းရန်)

Address

No. 32, Bo Saw Maung Road, Yonegyi Quarter
Hinthada
170201

Alerts

Be the first to know and let us send you an email when Shwe La Min Hospital Hinthada posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe La Min Hospital Hinthada:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram