Shwe La Min Hospital Hinthada

Shwe La Min Hospital Hinthada We are located at the heart of Hinthada City, Ayyeyarwaddy Division. We provide quality healthcare s

💦 မြန်မာ့နှစ်သစ်ကူးအခါသမယတွင် မိဘပြည်သူများအားလုံး  ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပ...
11/04/2026

💦 မြန်မာ့နှစ်သစ်ကူးအခါသမယတွင် မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။ 💦

🏥 မိဘပြည်သူများအတွက် အစဉ်အမြဲ ကျန်းမာရေး စောင့်ရှောက်ကုသမှုများပေးနေတဲ့ ရွှေလမင်းဆေးရုံ(ဟင်္သာတ)သည် မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန်အခါသမယတွင် အချို့သောဝန်ဆောင်မှုများကို အောက်ပါအတိုင်း ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင်။

🗓️ 16.April. 2026 မှ 19.April. 2026အထိ
💦 ပြင်ပလူနာဌာန (အထွေထွေရောဂါကု ၊ ကလေးအထူးကု)

🗓️ 14.April. 2026 မှ 16.April. 2026အထိ
💦 ပြင်ပလူနာဌာန (ခွဲစိတ်အထူးကု)

🗓️ 12.April. 2026 မှ 19.April. 2026အထိ
💦 ပြင်ပလူနာဌာန (ဦးနှောက်နှင့်အာရုံကြော၊အရက်၊မူးယစ်‌‌ဆေးစွဲနှင့်စိတ်ကျန်းမာ‌‌ရေးအထူးကု)

🗓️ 12.April. 2026 မှ 17.April. 2026အထိ
🏥 Rehab Clinic 🏥
💦 ပြင်ပလူနာဌာန (အရိုး၊အကြော၊အဆစ်နှင့် ပြန်လည်သန်စွမ်းမှုအထူးကု)
စသည့်ဝန်ဆောင်မှုများကို ခေတ္တရပ်နားထားမှာဖြစ်ပါသောကြောင့် လူနာများအနေဖြင့် မိမိတို့၏ ဆေးကုသမှုအချိန်ဇယားများကို ကြိုတင် သိရှိ နိုင်စေရန်အတွက်လေးစားစွာ အသိပေးအပ်ပါတယ်ရှင်။ 🙏🏻🙏🏻🙏🏻

🧑‍⚕️ ရွှေလမင်းဆေးရုံ(ဟင်္သာတ)၏ ပြင်ပလူနာဌာနတွင် အထူးကုဆရာဝန်ကြီးများ ဆေးခန်းထိုင်ချိန် OPD Booking ပေးခြင်းနှင့် အခြားအသေးစိတ် သိရှိလိုခြင်း များအတွက်
ဖုန်း 📞 044-2021375,2022799,2022800,
2022801,2022802.သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

📍 လိပ်စာ –
ရွှေလမင်းဆေးရုံ (ဟင်္သာတ)
အမှတ် (၃၂)၊ ဗိုလ်​​စော​​​မောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။

#ရွှေလမင်းဆေးရုံဟင်္သာတ

03/04/2026

📢 𝐕𝐚𝐜𝐚𝐧𝐜𝐢𝐞𝐬 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭

✨ရွှေလမင်းဆေးရုံကြီး (ဟင်္သာတ) တွင် လိုအပ်သော‌
နေရာများတွင်တာဝန်ထမ်း‌ဆောင်ရန်ဝန်ထမ်းအသစ်များ အမြန်လျှောက်ထားနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါသည်။

𝟏.𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐎𝐟𝐟𝐢𝐜𝐞𝐫
𝟐.𝐇𝐮𝐦𝐚𝐧 𝐑𝐞𝐬𝐨𝐮𝐫𝐜𝐞 ( 𝐇𝐑 )
3.𝐒𝐭𝐚𝐟𝐟 𝐍𝐮𝐫𝐬𝐞
4.Nurse Aid

𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐎𝐟𝐟𝐢𝐜𝐞𝐫
(Full Time & Part Time)
လိုအပ်သောအရည်အချင်းများ
♦️M.B.,B.S ဘွဲ့ရရှိထားသူဖြစ်ရမည်။
♦️ဆမ လိုင်စင်သက်တမ်းရှိသူဖြစ်ရမည်။
♦️နေ့ /ညမရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

𝐒𝐭𝐚𝐟𝐟 𝐍𝐮𝐫𝐬𝐞
လိုအပ်သောအရည်အချင်းများ
♦️BN.Sc (or) Diploma In Nursing
ဘွဲ့ရရှိထားသူဖြစ်ရမည်
♦️လိုင်စင် update ရှိရမည်။
♦️ရေရှည်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
♦️နေ့ / ညမရွေးတာဝန်ထမ်းဆောင်နိုင်သူ
ဖြစ်ရမည်။
♦️ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။

𝐇𝐮𝐦𝐚𝐧 𝐑𝐞𝐬𝐨𝐮𝐫𝐜𝐞 (𝐇𝐑 )
လိုအပ်သောအရည်အချင်းမျာ:
♦️Diploma in HR Management .
♦️ 2 year experience in Human Resource Managements .
♦️အသက် (၃၅) မှ (၄၀) အတွင်းဖြစ်ရပါမည်။
♦️ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ရမည်။

Nurse Aid
လိုအပ်သောအရည်အချင်းများ
♦️သူနာပြုအကူသင်တန်းဆင်းလက်မှတ် ရရှိထားသူဖြစ်ရမည်။
♦️နေ့ညမရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
♦️ပေါင်းသင်းဆက်ဆံရေးကောင်းမှုသူဖြစ်ပြီး လူနာများအပေါ်ပြုစုစောင့်ရှောက်နိုင်သူဖြစ်ရမည်။
♦️ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။

အထက်ပါရာထူးများအားလျှောက်ထားရန်
စိတ်ဝင်စားသူများသည်သက်ဆိုင်ရာ ဘွဲ့လက်မှတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ ၊အလုပ်သမားမှတ်ပုံတင်မိတ္တူ ၊သန်းခေါင်စာရင်းမိတ္တူ ၊(၄)လအတွင်းရိုက်ထားသောဓါတ်ပုံ (၃)ပုံ တို့နှင့်အတူ (၃၀.၄.၂၀၂၆) နေ့‌ နောက်ဆုံးထား၍အမြန်ဆုံးလာရောက်‌‌လျှောက်ထားနိုင်ပါသည်။

🏥အမှတ် (၃၂)၊ ဗိုလ်​​စော​​​မောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။
☎️ ၀၄၄ ၂၀၂၁၃၇၅၊ ၂၀၂၂၇၉၉၊ ၂၀၂၂၈၀၀၊ ၂၀၂၂၈၀၁၊ ၂၀၂၂၈၀၂။

𝐂𝐨𝐧𝐭𝐚𝐜𝐭
Phone No – 09 448,177,114.

#ရွှေလမင်းဆေးရုံဟင်္သာတ





💚World Autism Awareness Day 💚ဒီနေ့ဟာ Autism Spectrum Disorder (ASD) အကြောင်းကို လူအများပိုမိုနားလည်လာစေဖို့၊ လေးစားမှုနဲ...
02/04/2026

💚World Autism Awareness Day 💚

ဒီနေ့ဟာ Autism Spectrum Disorder (ASD) အကြောင်းကို လူအများပိုမိုနားလည်လာစေဖို့၊ လေးစားမှုနဲ့ လက်ခံမှုတွေ တိုးပွားလာစေဖို့ ရည်ရွယ်ထားတဲ့ အရေးကြီးတဲ့နေ့တစ်နေ့ပါ။

Autism ဟာ “ရောဂါ” တစ်ခုမဟုတ်ပါဘူး။
လူတစ်ယောက်ရဲ့ စဉ်းစားပုံ၊ ဆက်ဆံပုံ၊ လောကကြည့်မြင်ပုံကွာခြားမှုတစ်ခုပဲ ဖြစ်ပါတယ်။

💚သူတို့မှာလည်း ကိုယ်ပိုင်အရည်အချင်းတွေရှိပါတယ်
💚သူတို့လည်း ချစ်ခြင်း၊ နားလည်မှုတွေ လိုအပ်ပါတယ်
💚သူတို့ကို “ပြောင်းလဲစေဖို့” မဟုတ်ဘဲ “လက်ခံဖို့” ပိုအရေးကြီးပါတယ်

ဒီနေ့မှာ—
💚Awareness မက Acceptance ကိုပါ မြှင့်တင်ကြရအောင်
💚မတူညီမှုတွေကို အားဖြစ်အောင် မြင်ကြရအောင်
💚လူတိုင်းအတွက် ပါဝင်ခွင့်ရှိတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်ကြရအောင်နော်

💚Different, not less.💚


📢 ရွှေလမင်းဆေးရုံကြီး(ဟင်္သာတ)မှ လူကြီးမင်းများ၏ အရိုး ၊ အကြော၊ အဆစ် ဆိုင်ရာ နာကျင်မှု ဝေဒနာများ နှင့် ပြန်လည်သန်စွမ်းရေ...
24/03/2026

📢 ရွှေလမင်းဆေးရုံကြီး(ဟင်္သာတ)မှ လူကြီးမင်းများ၏ အရိုး ၊ အကြော၊ အဆစ် ဆိုင်ရာ နာကျင်မှု ဝေဒနာများ နှင့် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများအတွက်
Physiotherapy & Rehabilitation Department ဌာနရှိ ကုသမှုဆိုင်ရာ ခေတ်မှီ ကိရိယာများဖြင့်နာကျင်မှုဝေဒနာများ ‌‌သက်သာပျောက်ကင်းအောင်တာဝန်ယူပါရစေရှင် 🙏

Physiotherapy & Rehabilitation Department ဌာနရှိ ကုသမှုဆိုင်ရာ ခေတ်မီကိရိယာများ

✔️Infrared Therapy_အနီအောက်ရောင်ခြည်ကိုအသုံးပြု၍ နာကျင် ရောင်ရမ်းမှုများကို ကုသပေးခြင်း။
✔️TENS- လျှပ်စစ်လှိုင်းကိုအသုံးပြု၍ နာကျင်မှုများကို ကုသပေးခြင်း။
✔️ Ultrasound Therapy - အသံလှိုင်းကိုအသုံးပြု၍ နာကျင်ကိုက်ခဲမှုများကို ကုသပေးခြင်း။
✔️ Electrical Muscle Stimulation - အာရုံကြောများအား လှုံ့ဆော်ပြီးကြွက်သားများလှုပ်ရှားမှုရှိအောင် ကုသပေးခြင်း။
✔️ Short-wave Diathermy Device - လျှပ်စစ်သံလိုက်လှိုင်းကိုအသုံးပြု၍ အဆစ်အမြစ်နာကျင်မှုများကို ကုသပေးခြင်း။
✔️ Cervical and Lumber Traction -လည်ပင်း၊ဇက်ကြော အာရုံကြောညပ်ခြင်း၊ခါးကြောညပ်ခြင်းများအား ခေတ်မီစက်များဖြင့်ကုသပေးခြင်း။
✔️ Chest Physiotherapy -အသက်ရှူခြင်း ဆိုင်ရာလေ့ကျင့်ခန်းများ။
✔️ Exercise Therapy -သင့်လျော်သည့် လေ့ကျင့်ခန်းများဖြင့် ကိုယ်ခန္ဓာလှုပ်ရှားမှုများ ပိုမိုသန်စွမ်းလာစေရန် ကုသပေးခြင်း။

Physiotherapy & Rehabilitation Department ဌာန၏ကုသမှုများ

💠 ဦးနှောက်နှင့်အာရုံကြောဆိုင်ရာရောဂါများ၊လေဖြတ်ခြင်းကြောင့် အကြော၊အဆစ်ဝေဒနာများ၊

💠အဝလွန်သူများ၊အထိုင်အထများသူများ၊
ကိုယ်ဝန်ဆောင်မိခင်များတွင် အရိုး၊အကြော၊အဆစ်နာကျင်မှုဝေဒနာများ၊

💠သက်ကြီးရွယ်အိုများ၊အမျိုးသမီးများသွေးဆုံးပြီးချိန်ကြုံတွေ့ရသည့် အရိုးပွခြင်းနှင့်နာကျင်မှုဝေဒနာများ၊

💠ကာယလုပ်သားများ၊အားကစားသမားများတွင်ခံစားရသည့် အရိုး၊အကြော၊အဆစ် နာကျင်မှုဝေဒနာများ

💠အရိုးရောဂါ၊ကျီးပေါင်းရောဂါ၊ဇက်နာ/ခါးနာ/ဒူးနာရောဂါ၊လေးဘက်နာရောဂါများ

💠ကလေးသူငယ်နာ အကြောတင်းရောဂါ

💠အသက်ရှူလမ်းကြောင်းနှင့်အဆုတ်ရောဂါအမျိုးမျိုးအတွက်အသက်ရှူလေ့ကျင့်ခန်းများအတွက်- အရိုး၊အကြော၊အဆစ်နှင့်ပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီးနှင့်ကျွမ်းကျင်ပညာရှင်များကခေတ်မှီကုသရေးကိရိယာများဖြင့်အကောင်းဆုံးကုသမှုများနှင့်ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများဖြင့်ကုသပေးလျက်ရှိပါသည်။

💠နာကျင်မှုနှင့်ရောင်ရမ်းမှုများကိုလျော့ကျစေရန် Infrared အနီအောက်ရောင်ခြည်ကိုအသုံးပြု၍ကုသပေးခြင်း။

💠ကြိမ်နှုန်းမြင့်အသံလှိုင်း Ultrasound ကိုအသုံးပြု၍အရွတ်နှင့်ကြွက်သားထိခိုက်မှုများအတွက်အနာကျက်နှုန်းမြန်ဆန်စေရန်၊ကျီးပေါင်း ဝေဒနာခံစားနေရသူများကြွက်သားတောင့်တင်းမှုများကို‌လျှော့ချပေးနိုင်ရန်ကုသပေးခြင်း။

💠အရေပြားအောက်ရှိအာရုံကြောများကိုလျှပ်စစ်လှုံ့ဆော်မှုများ(T.E.N.S)ပြုလုပ်ခြင်းဖြင့်ကုသပေးပြီးနာကျင်မှုနှင့်အခြားထုံကျဉ်ခြင်းဝေဒနာများသက်သာစေခြင်း။

💠ဦးနှောက်နှင့်အာရုံကြောရောဂါများနှင့်အခြားသောရောဂါများကြောင့်ကြွက်သားအားနည်းသူများကိုပြန်လည်သန်မာလာစေရန်(Muscle Stimulator)ဖြင့်နာကျင်ခြင်းနှင့်ကြွက်သားတင်းခြင်းတို့ကိုလျော့ကျပေးနိုင်ရန်ကုသပေးခြင်း။

💠ပြင်းအားပျော့ လေဆာရောင်ခြည်ကိုအသုံးပြု၍ကြွက်သားနှင့်အရွတ်ထိခိုက်မှုကြောင့်ဖြစ်သောနာကျင်မှုများကိုသက်သာစေရန်၊အနာကျက်နှုန်းမြန်ဆန်စေရန်အတွက် ကုသပေးခြင်း။

💠ခါး(သို့)လည်ပင်းရှိ အရိုးအဆစ်လေးများကြား အာရုံကြောညပ်ခြင်းနှင့်ပိမိခြင်းတို့ကြောင့်ဖြစ်သောနာကျင်မှုကိုသက်သာစေရန်ညပ်/ပိ နေသောအာရုံကြောကိုလွတ်စေရန်၊အရိုးကိုပုံမှန် အနေအထားပြန်ရောက်စေရန် စက်ဖြင့်ဆွဲ၍ကုသပေးခြင်းတို့ကိုတစ်နေရာထဲတွင် လိုအပ်သည့်ကုသမှု၊စောင့်ရှောက်မှုများ ပေးနိုင်ရန်ရည်ရွယ်ထားရှိပါသည်။

👩‍⚕️အရိုး၊အကြော၊အဆစ်နှင့်ပြန်လည်သန်စွမ်းရေးဌာန တွင် ဖော်ပြပါ ဦး‌နှောက်နှင့်အာရုံကြောဆိုင်ရာရောဂါများလေဖြတ်၊ လေဖြန်း နှင့် ကျောရိုးထိခိုက်မှုများ၊ နာကျင်မှုဝေဒနာခံစားနေရသူများ၊ မျက်နှာကြွက်သား လေဖြန်းအားနည်းခြင်းများအတွက်‌အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီးဒေါက်တာ မြတ်သီရိဟန် M.B.B.S.M.Med.Sc(Rehab Medicine) နှင့်
အတူကျွမ်းကျင်‌သောပညာရှင်များဖြင့်လာရောက်ဆွေးနွေးပြသနိူင်ပါပြီရှင်🌸

💖အထူးကုဆရာဝန်ကြီးနှင့်ဆွေးနွေးတိုင်ပင်ပြသလိုပါက Hotline ဖုန်းနံပါတ်များသို့ (၂၄)နာရီ ပိတ်ရက်မရှိ ✅တစ်ရက်ကြိုတင် Booking တင်၍ပြသနိုင်ပါပြီရှင်

🏥Address
အမှတ် (၃၂)၊ ဗိုလ်​​စော​​​မောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။
☎️ ၀၄၄ ၂၀၂၁၃၇၅၊ ၂၀၂၂၇၉၉၊ ၂၀၂၂၈၀၀၊ ၂၀၂၂၈၀၁၊ ၂၀၂၂၈၀၂။

မေမေဗိုက်တို့ရေ... "ကိုယ်ဝန်ရှိရင် လှုပ်လှုပ်ရှားရှား မလုပ်ရဘူး၊ အိပ်ရာထဲမှာပဲ ငြိမ်ငြိမ်နေရမယ်" ဆိုပြီး ရှေးလူကြီးတွေ ပ...
18/03/2026

မေမေဗိုက်တို့ရေ... "ကိုယ်ဝန်ရှိရင် လှုပ်လှုပ်ရှားရှား မလုပ်ရဘူး၊ အိပ်ရာထဲမှာပဲ ငြိမ်ငြိမ်နေရမယ်" ဆိုပြီး ရှေးလူကြီးတွေ ပြောတာကို ကြားဖူးကြမှာပါ။ 😇
တကယ်တော့ ပုံမှန်ကိုယ်ဝန်ဆောင်ကာလမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ပေးတာက မေမေ့အတွက်ရော ကလေးအတွက်ပါ ပိုပြီး အကျိုးရှိစေတယ် ဆိုတာ သိကြရဲ့လားနော်👀🤰🏻

ဒီလို ကိုယ်ဝန်ဆောင်နဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာက မွေးဖွားရလွယ်ကူစေသလို၊ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ခြေထောက်ဖောတာ၊ ခါးနာတာနဲ့ စိတ်ဖိစီးမှုတွေကိုပါ လျော့ကျစေပါတယ်ရှင်။✅

ဒီနေ့မှာတော့ရွှေလမင်းဆေးရုံ(ဟင်္သာတ)က မေမေဗိုက်တို့ ကိုယ်ဝန်ဆောင်ချိန်မှာ ပြုလုပ်သင့်တဲ့လေ့ကျင့်ခန်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။😍

✨ မေမေတို့ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းလေးများ💛
🚶‍♀️လမ်းလျှောက်ခြင်းက အလွယ်ကူဆုံးနဲ့ အန္တရာယ်အကင်းဆုံးပါ။ တစ်နေ့ကို မိနစ် (၂၀) ကနေ (၃၀) ခန့် ပုံမှန်လမ်းလျှောက်ပေးခြင်းက နှလုံးနဲ့ အဆုတ်ကို ကျန်းမာစေပါတယ်။🫀🫁

နောက်တစ်ခုကရေကူးခြင်းပါ။🏊‍♀️
ထူးဆန်းပေမယ့် ရေထဲမှာ ရှိနေတဲ့အခါ မေမေဗိုက်တို့ရဲ့ ကိုယ်အလေးချိန်ကို ရေက ထိန်းထားပေးလို့ ခါးနာတာ၊ ခြေထောက်နာတာတွေကို သက်သာစေပြီး တစ်ကိုယ်လုံးကို ပေါ့ပါးလန်းဆန်းစေပါတယ်။

🧘‍♀️ ကိုယ်ဝန်ဆောင်ယောဂ ဟာ ခန္ဓာကိုယ် ရိုးဆစ်တွေကို ပျော့ပျောင်းစေပြီး အသက်ရှူစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် စိတ်ကိုလည်း တည်ငြိမ်အေးချမ်းစေလို့ မေမေတို့အတွက် အသင့်တော်ဆုံးပါပဲ။

နောက်ဆုံးကတော့ တင်ပါးဆုံကြွက်သား လေ့ကျင့်ခန်းပါ။ ✨
ဒါကတော့ အပြင်ပန်းကြည့်ရင် မသိသာပေမယ့် မွေးဖွားတဲ့အခါမှာ အားစိုက်ရလွယ်ကူစေဖို့နဲ့ မွေးဖွားပြီးနောက် ဆီးမထိန်းနိုင်တဲ့ပြဿနာကို ကာကွယ်ဖို့ အထူးသင့်လျော်တဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

⚠️ သတိထားဖို့ကတော့...
လေ့ကျင့်ခန်း မလုပ်ခင်မှာ ဗိုက်အပ်ထားတဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့တော့ လိုအပ်ပါတယ်နော်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ၊ ပြုတ်ကျနိုင်တဲ့ လှုပ်ရှားမှုတွေကိုတော့ (လုံးဝ)ရှောင်ကြဉ်ရပါမယ်။🙅🏼‍♀️

ရွှေလမင်းဆေးရုံ(ဟင်္သာတ)မှာ မေမေဗိုက်တို့အတွက် အတွေ့အကြုံရင့် ဆရာဝန်ကြီးများက အနီးကပ် စောင့်ရှောက်ပေးနေတာဖြစ်လို့ ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံးကို စိတ်ချလက်ချ ဖြတ်သန်းနိုင်မှာပါ။💛



📢 Job Vacancy AnnouncementNurse Aid  - (5) Posts (F)သူနာပြုအကူလိုအပ်သောအရည်အချင်းများ♦️သူနာပြုအကူသင်တန်းဆင်းလက်မှတ် ရရှိ...
14/03/2026

📢 Job Vacancy Announcement

Nurse Aid - (5) Posts (F)
သူနာပြုအကူ

လိုအပ်သောအရည်အချင်းများ
♦️သူနာပြုအကူသင်တန်းဆင်းလက်မှတ် ရရှိထားသူဖြစ်ရမည်။
♦️နေ့ညမရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
♦️ပေါင်းသင်းဆက်ဆံရေးကောင်းမှုသူဖြစ်ပြီး လူနာများအပေါ်ပြုစုစောင့်ရှောက်နိုင်သူဖြစ်ရမည်။
♦️ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။

📍Interview အမြန်အတွင်းပြုလုပ်မည်ဖြစ်ပြီး

အထက်ပါရာထူးများအားလျှောက်ထားရန်စိတ်ဝင်စားသူများသည် မှတ်ပုံတင်မိတ္တူ ၊ သန်းခေါင်စာရင်းမိတ္တူ ၊ ဓါတ်ပုံ (၃)ပုံ ၊လေဘာမိတ္တူ၊ ရပ်ကွက်ထောက်ခံစာတို့နှင့် (၂၅.၃.၂၀၂၆) နေ့‌ နောက်ဆုံးထား၍အမြန်ဆုံးလာရောက်လျောက်ထားနိုင်ပါသည်။

🏥အမှတ် (၃၂)၊ ဗိုလ်​​စော​​​မောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။
☎️ ၀၄၄ ၂၀၂၁၃၇၅၊ ၂၀၂၂၇၉၉၊ ၂၀၂၂၈၀၀၊ ၂၀၂၂၈၀၁၊ ၂၀၂၂၈၀၂။

𝐂𝐨𝐧𝐭𝐚𝐜𝐭
Phone No – 09 448,177,114.

#ရွှေလမင်းဆေးရုံဟင်္သာတ


27/02/2026

🎂Happy Birthday "Ma Phoo Thiri Ko"🎂

🎉🎊🥳ယနေ့ကျရောက်သော မွေးနေ့မှ စ၍ အစဉ်ထာဝရ ကျန်းမာ ချမ်းသာခြင်းအပေါင်းနှင့်ပြည်စုံပြီး လိုအင်ဆန္ဒများပြည့်ဝ၍အောင်မြင်မူ့ပျော်ရွှင်မူ့များရောက်လာပါစေကြောင်း ရွှေလမင်းဆေးရုံ(ဟင်္သာတ)မိသားစုမှ မွေးနေ့မင်္ဂလာဆုမွန်ကောင်းတောင်းအပ်ပါသည်။🎂🎂🎂

#ရွှေလမင်းဆေးရုံဟင်္သာတ

ဦးနှောက်နှင့်အာရုံကြော၊အရက်၊မူးယစ်‌‌ဆေးစွဲနှင့်စိတ်ကျန်းမာ‌‌ရေးအထူးကုဆရာဝန်ကြီးမှ ရွှေလမင်းဆေးရုံ(ဟင်္သာတ)တွင်လူနာများက...
22/02/2026

ဦးနှောက်နှင့်အာရုံကြော၊အရက်၊မူးယစ်‌‌ဆေးစွဲနှင့်
စိတ်ကျန်းမာ‌‌ရေးအထူးကုဆရာဝန်ကြီးမှ
ရွှေလမင်းဆေးရုံ(ဟင်္သာတ)တွင်လူနာများကို
ဆွေးနွေးတိုင်ပင်ကုသပေးလျက်ရှိပါသည်။

💖အထူးကုဆရာဝန်ကြီးနှင့်ဆွေးနွေးတိုင်ပင်ပြသလိုပါက Hotline ဖုန်းနံပါတ်များသို့ (၂၄)နာရီ ပိတ်ရက်မရှိ ✅တစ်ရက်ကြိုတင် Booking တင်၍ပြသနိုင်ပါပြီရှင်🥰

🏥အမှတ် (၃၂)၊ ဗိုလ်​​စော​​​မောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။
☎️ ၀၄၄ ၂၀၂၁၃၇၅၊ ၂၀၂၂၇၉၉၊ ၂၀၂၂၈၀၀၊ ၂၀၂၂၈၀၁၊ ၂၀၂၂၈၀၂။

16/02/2026

🎉 ဝန်ထမ်းအသစ်များ ခေါ်ယူခြင်း 🎉

✨ရွှေလမင်းဆေးရုံကြီး (ဟင်္သာတ) တွင် လိုအပ်သော‌
နေရာများတွင်လက်တွဲလုပ်‌ဆောင်ရန်ဝန်ထမ်းအသစ်များ အမြန်လျှောက်ထားနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါသည်။

Medical Officer - (5) Posts M/F
(Full Time & Part Time)

လိုအပ်သောအရည်အချင်းများ
♦️M.B.,B.S ဘွဲ့ရရှိထားသူဖြစ်ရမည်။
♦️ဆမ လိုင်စင်သက်တမ်းရှိသူဖြစ်ရမည်။
♦️နေ့ /ညမရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

Physiotherapist (3) Posts
အရိုး၊အကြော၊အဆစ်နှင့်ပြန်လည်သန်စွမ်းရေးကျွမ်းကျင်ပညာရှင်

လိုအပ်သောအရည်အချင်းများ
♦️ သက်ဆိုင်ရာပညာရပ်နှင့်ပက်သက်၍ကျွမ်းကျင်ပညာရှင်ဖြစ်ရမည်။
♦️နေ့ / ညမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
လုပ်ငန်းအတွေ့အကြုံပေါ်မူတည်၍ လစာညှိနိူင်းပေးမည်။

NurseAid (OT) - (2) Posts (F)
သူနာပြုအကူ

လိုအပ်သောအရည်အချင်းများ
♦️သူနာပြုအကူသင်တန်းဆင်းလက်မှတ် ရရှိထားသူဖြစ်ရမည်။
♦️နေ့ညမရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
♦️ပေါင်းသင်းဆက်ဆံရေးကောင်းမှုသူဖြစ်ပြီး လူနာများအပေါ်ပြုစုစောင့်ရှောက်နိုင်သူဖြစ်ရမည်။
♦️ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။

📍 Interview အမြန်အတွင်းပြုလုပ်မည်ဖြစ်ပြီး

အထက်ပါရာထူးများအားလျှောက်ထားရန်စိတ်ဝင်စားသူများသည် မှတ်ပုံတင်မိတ္တူ ၊ သန်းခေါင်စာရင်းမိတ္တူ ၊ ဓါတ်ပုံ (၃)ပုံ ၊လေဘာမိတ္တူ၊ ရပ်ကွက်ထောက်ခံစာတို့နှင့်အတူအမြန်ဆုံးလာရောက်လျောက်ထားနိုင်ပါသည်။

🏥အမှတ် (၃၂)၊ ဗိုလ်​​စော​​​မောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။
☎️ ၀၄၄ ၂၀၂၁၃၇၅၊ ၂၀၂၂၇၉၉၊ ၂၀၂၂၈၀၀၊ ၂၀၂၂၈၀၁၊ ၂၀၂၂၈၀၂။

𝐂𝐨𝐧𝐭𝐚𝐜𝐭
Phone No – 09 448,177,114.
(အလုပ်​လျှောက်မည့်ကိစ္စများစုံစမ်းရန်အတွက်သာဖြစ်ပါသည်)



#ရွှေလမင်းဆေးရုံဟင်္သာတ



🤰မိခင်လောင်းဘဝကို စတင်ရောက်ပြီဆိုတာနဲ့ ပတ်ဝန်းကျင်က အကြံပေးချက်တွေ၊ ရှေးရိုးစွဲအယူအဆတွေကြားမှာ ဝေခွဲမရ ဖြစ်နေတတ်တဲ့ မေမေ...
15/02/2026

🤰မိခင်လောင်းဘဝကို စတင်ရောက်ပြီဆိုတာနဲ့ ပတ်ဝန်းကျင်က အကြံပေးချက်တွေ၊ ရှေးရိုးစွဲအယူအဆတွေကြားမှာ ဝေခွဲမရ ဖြစ်နေတတ်တဲ့ မေမေတို့အတွက် ရွှေလမင်းဆေးရုံ(ဟင်္သာတ) ကနေပြီးတော့ သိပ္ပံနည်းကျ အချက်အလက်များကို ဝေမျှပေးလိုက်ပါတယ်ရှင် 🤗

❎ကိုယ်ဝန်ဆောင်နေစဥ်မှာ လူနှစ်ယောက်စာ ပိုပြီး စားရမှာလား ?
✅တကယ်တော့ လူနှစ်ယောက်စာ စားဖို့မလိုအပ်ပါဘူး၊ ပထမ(၃)လမှာ ပုံမှန်အတိုင်း စားသုံးနိုင်ပြီး နောက်ထပ်(၆)လမှာတော့ တနေ့ကို ကယ်လိုရီ ပမာဏ (၃၀၀) ခန့်သာ တိုးစားပေးဖို့ လိုအပ်ပါတယ်ရှင်။

❎ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ လှုပ်လှုပ်ရှားရှား လုပ်လို့မရဘူးလား?
✅ဆရာဝန်က အထူးတားမြစ်ထားတာမျိုး မရှိဘူးဆိုရင်တော့ လမ်းလျှောက်တာ၊ သာမန်ကိုယ်လက်လှုပ်ရှားမှုမျိုးတွေက ရင်သွေးရော ၊ မိခင်အတွက်ပါ ကျန်းမာစေပြီး အညောင်းအညာပြေကာ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်ပါတယ်။

❎ဗိုက်က ချွန်နေရင် သားလေး ၊ ပြားနေရင် သမီးလေး ဆိုတာ ဟုတ်ပါသလား?
✅ဗိုက်ပုံစံဟာ မေမေတို့ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံ ၊ ကြွက်သားတောင့်တင်းမှုနဲ့ ကလေးရဲ့ အနေအထားပေါ်မှာသာ မူတည်ပြီး သားသားလေးလား၊ မီးမီးလေးလားဆိုတာ တိတိကျကျ သိချင်ရင်တော့ Ultrasound ရိုက်ကြည့်တာက အသေချာဆုံး နည်းလမ်းပါပဲ။

😵‍💫 ကိုယ်ဝန်ဆောင်စဥ်ကာလအတွင်း ထူးခြားတဲ့ လက္ခဏာများ ခံစားရပါက မိမိသဘောဖြင့် ကြိတ်၍ ကုသခြင်းမျိုးမလုပ်ပဲ နားလည်တတ်ကျွမ်းတဲ့ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများဖြင့် ချက်ချင်းတိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်ရှင်။

🏥အမှတ် (၃၂)၊ ဗိုလ်​​စော​​​မောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။
☎️ ၀၄၄ ၂၀၂၁၃၇၅၊ ၂၀၂၂၇၉၉၊ ၂၀၂၂၈၀၀၊ ၂၀၂၂၈၀၁၊ ၂၀၂၂၈၀၂။





🤰 ရင်သွေးလေးကို လွယ်ထားရတဲ့ (၉) လတာ ကာလအတွင်းမှာ မေမေတို့ အတွက် ကျန်းမာရေးဝန်ဆောင်မှုများကို ရွှေလမင်းဆေးရုံကြီး(ဟင်္သာတ...
01/02/2026

🤰 ရင်သွေးလေးကို လွယ်ထားရတဲ့ (၉) လတာ ကာလအတွင်းမှာ မေမေတို့ အတွက် ကျန်းမာရေးဝန်ဆောင်မှုများကို ရွှေလမင်းဆေးရုံကြီး(ဟင်္သာတ)က တာဝန်ယူပေးပါရစေရှင် 🤗

💫 ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့

✅ ကိုယ်ဝန်ရှိခါစ အစောပိုင်းကာလ အတွက် ကျန်းမာရေးစစ်ဆေးခြင်း (Pregnancy Check-up)

✅ ဝါရင့်သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးများနှင့် ပုံမှန်ရက်ချိန်းယူကာ ပြသနိုင်ခြင်း

✅ ရိုးရိုးပဲ မွေးမလား၊ ခွဲပြီးပဲ မွေးမလား ဘယ်လိုဖြစ်ဖြစ် သက်သောင့်သက်သာဖြင့် မွေးဖွားနိုင်မယ့် Painless Delivery စနစ်များ

✅ မွေးဖွားပြီးကာစ ရင်သွေးငယ်လေးအတွက်လည်း ကလေးအထူးကုဆရာဝန်ကြီးများ၏ စောင့်ရှောက်မှုနှင့် ကာကွယ်ဆေးထိုးနှံခြင်းများ

စတဲ့ကျန်းမာရေးဝန်ဆောင်မှုများ အားလုံးကို တနေရာတည်းမှာတင် စုံစုံလင်လင် ရနိုင်မယ့် ရွှေလမင်းဆေးရုံ
(​ဟင်္သာတ) မှာ မေမေနဲ့ ဘေဘီလေးတို့အတွက် ယုံကြည်စွာဖြင့် စိတ်ချလက်ချ အပ်နှံလိုက်ပါရှင် 💛
🌟၂၄ နာရီ ယုံကြည်စိတ်ချရ​သော ဝန်​ဆောင်မှုများဖြင့် 🌟

ဖုန်း ☎️ ၀၄၄ ၂၀၂၁၃၇၅၊ ၂၀၂၂၇၉၉၊ ၂၀၂၂၈၀၀၊ ၂၀၂၂၈၀၁၊ ၂၀၂၂၈၀၂ သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
🏡 လိပ်စာ
ရွှေလမင်းဆေးရုံ (​ဟင်္သာတ)
အမှတ် (၃၂)၊ ဗိုလ်​​စော​​​မောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။


#ရွှေလမင်းဆေးရုံဟင်္သာတ

🌟 ယနေ့ January လ ၂၃ ရက်နေ့ဟာ ကမ္ဘာလုံးဆိုင်ရာ မိခင်ကျန်းမာရေး အသိပညာပေးနေ့ပဲ ဖြစ်ပါတယ်၊ အမေရိကန်နိုင်ငံမှာ စတင်သတ်မှတ်ခဲ...
23/01/2026

🌟 ယနေ့ January လ ၂၃ ရက်နေ့ဟာ ကမ္ဘာလုံးဆိုင်ရာ မိခင်ကျန်းမာရေး အသိပညာပေးနေ့ပဲ ဖြစ်ပါတယ်၊ အမေရိကန်နိုင်ငံမှာ စတင်သတ်မှတ်ခဲ့တာဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ မတော်တဆမှုတွေကို လျှော့ချနိုင်ဖို့ ရည်ရွယ်ကာ ကျင်းပရခြင်း ဖြစ်ပါတယ်ရှင် 🥰

♻️ ဒီနေ့မှာတော့ ကိုယ်ဝန်ဆောင်မေမေတို့နဲ့ မီးဖွားပြီးခါစ မေမေတို့အတွက် ဆောင်ရန်၊ရှောင်ရန် အချက်လေးတွေကို ရွှေလမင်းဆေးရုံ(ဟင်္သာတ) မှ ယခုလို မျှဝေပေးလိုက်ပါတယ်။

✅ ပုံမှန်ရက်ချိန်းကို မပျက်ပါစေနဲ့
………….
ကိုယ်ဝန်ဆောင်စဉ်မှာ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးများနှင့် ပုံမှန်ပြသပြီး မိခင်နဲ့ ရင်သွေးလေးရဲ့ ကျန်းမာရေးကို ဂရုတစိုက် စစ်ဆေးပါ

✅ အာဟာရပြည့်ဝအောင် စားသုံးပါ
………….
သံဓာတ်၊ ပရိုတင်းဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ပြည့်ဝအောင် စားသုံးပါ။

✅ စိတ်ကျန်းမာရေးကို ဦးစားပေးပါ
…………………
မီးဖွားပြီးစ စိတ်ဓာတ်ကျခြင်း (Postpartum Depression) ဟာ ရှက်စရာမဟုတ်ပါဘူး၊ မိမိခံစားရတဲ့ အကြောင်းအရာကို ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးပါ။

💛 ကမ္ဘာတဝှမ်းလုံးမှ မိခင်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ကျန်းမာ ပျော်ရွှင်နိုင်ကြပါစေလို့ ရွှေလမင်းဆေးရုံ(ဟင်္သာတ) မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင် 🙏


#ရွှေလမင်းဆေးရုံဟင်္သာတ

Address

No. 32, Bo Saw Maung Road, Yonegyi Quarter
Hinthada
170201

Alerts

Be the first to know and let us send you an email when Shwe La Min Hospital Hinthada posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe La Min Hospital Hinthada:

Share