ရွှေငုဝါဆေးဆိုင် - Shwe Ngu Wah Pharmacy and Dental Clinic

  • Home
  • Myanmar
  • Hlaing
  • ရွှေငုဝါဆေးဆိုင် - Shwe Ngu Wah Pharmacy and Dental Clinic

ရွှေငုဝါဆေးဆိုင် - Shwe Ngu Wah Pharmacy and Dental Clinic Clinical pharmacy practice include prescribing drugs, prescriptions, and consulting patients.

Our Dental clinic offers an entire range of Dental Care; from restorative treatments like fillings and root canal treatments to complex Oral surgery.

27/10/2023

ကျန်းမာပျော်ရွှင်ပီး အန္တရာယ်ကင်းသော
သီတင်းကျွတ် ပိတ်ရက်လေး ဖြစ်ပါစေရှင့်။
28.10.2023 & 29.10.2023 ကို
ဆေးခန်း ၂ ရက်ပိတ်ပါတယ်ရှင့်။
Happy Thadingyut holidays !!! 🌟✨

ယနေ့ကူပြောင်းရောက်ရှိသော ၁၃၈၅ ခုနှစ် ၊ တန်ခူးလပြည့်ကျော်(၁၃)ရက် ၊မဟာသင်္ကြန် နှစ်ဆန်းတစ်ရက်နေ့မှ စ၍ ကာယ ၊စိတ္တ နှစ်ဖြာသေ...
17/04/2023

ယနေ့ကူပြောင်းရောက်ရှိသော ၁၃၈၅ ခုနှစ် ၊ တန်ခူးလပြည့်ကျော်(၁၃)ရက် ၊မဟာသင်္ကြန် နှစ်ဆန်းတစ်ရက်နေ့မှ စ၍ ကာယ ၊စိတ္တ နှစ်ဖြာသော ချမ်းသာတို့နှင့် ပြည့်စုံပြီး လောကီ၊ လောကုတ္တရာကောင်းကျိုးများ ဆတိုးဆောင်ရွက်နိုင်ကြပါစေကြောင်း ရွှေငုဝါ သွားနှင့်ခံတွင်းဆေးခန်း မိသားစု မှ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ပါတယ် 💦🙏🙏🙏💦

08/04/2023

၉.၄.၂၀၂၃ မှ ၁၉.၄.၂၀၂၃ ထိ

ရွှေငုဝါ သွားနှင့်ခံတွင်း ဆေးခန်း နှင့်

ဆေးဆိုင်လေး ပိတ်ပါတယ်ရှင့်။

အားလုံးအေးချမ်း လုံခြုံ ပျော်ရွှင်ပီး

အန္တရာယ်ကင်းတဲ့ သက်ြန်ပိတ်ရက်လေးတွေ

ပိုင်ဆိုင်နိုင်ကြပါစေရှင့်။ 😊😊🙏🙏❤️

❤️⛄🌲Hello December🌲⛄❤️သွားနှင့်ခံတွင်း ဆိုင်ရာ လိုအပ်ချက်များ ဖြေရှင်းဖို့အတွက် "ရွှေငုဝါ”သွားနှင့်ခံတွင်း ဆေးခန်းမှ ၂၃....
20/12/2022

❤️⛄🌲Hello December🌲⛄❤️
သွားနှင့်ခံတွင်း ဆိုင်ရာ လိုအပ်ချက်များ ဖြေရှင်းဖို့အတွက် "ရွှေငုဝါ”သွားနှင့်ခံတွင်း ဆေးခန်းမှ ၂၃. ၁၂ . ၂၀၂၂ ရက် မှ ၁၅. ၁ . ၂၀၂၃ နေ့ အထိ ခရစ်စမတ်နှင့် နှစ်သစ်ကူးကာလ အထူးလျော့ဈေး ၁၅% အဖြစ် မည့်သည့် သွားနှင့်ခံတွင်းကုသမှု ကိုမဆို ပေးသွားမှာဖြစ်တဲ့ အပြင် သွားနှင့်ခံတွင်း စစ်ဆေးခြင်း ကို ကျွမ်းကျင်သွားဆရာဝန်များ က အခမဲ့စစ်ဆေးပေးသွားမှာဖြစ်ပါတယ်။

အထူးလျော့ဈေး ၁၅% ကို ရယူခံစားနိုင်ဖို့ ဒီပို့စ်လေး ကို တော့ Like & Share လုပ်ပေးထားဖို့လိုပါမယ်နော်!

ကျွန်တော်တို့ရဲ့ “‌ရွှေငုဝါ”သွားနှင့်ခံတွင်းဆေးခန်းမှာ...

🦷 Dental Check-Up : သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးခြင်း
🦷Scaling & Polishing : သွားနှင့်သွားဖုံးသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် သွားကျောက်ခြစ်ခြင်း
🦷Tooth Filling : သွားဖာခြင်း
🦷Direct Composite Veenering : လေဆာရောင်ခြည်ဖြင့် ရှေ့သွားဖာထေးပြုပြင်ခြင်း
🦷Tooth Extraction : သွားနှုတ်ခြင်း
🦷Root Canal Treatment : ခေတ်မီ‌စက်ကိရိယာများနှင့် သွားအကြောထုတ်ကုသခြင်း

သွားစိုက်ခြင်းအတွက်လည်း
🦷Dental Crown & Bridge : သွားမရှိသောနေရာမှ ရှေ့နောက်သွားများကို ပုံသွင်း၍ တံတားထိုးသွားစိုက်ခြင်း
Denture : Acrylic အံကပ်၊ သတ္ထုအံကပ်၊ အံကပ်အပျော့ (Flexible Denture)

သွားနဲ့ ပတ်သက်တဲ့ ခေတ်မီကုသမှုများအားလုံးကို တစ်နေရာတည်းမှာပဲ စိတ်တိုင်းကျလာရောက်၍ ကုသမှုများလည်း ပြုလုပ်နိုင်ပါတယ်။

🦷လူနာတိုင်းအတွက် တစ်ခါသုံးပစ္စည်းများ နှင့် UV နဲ့ ပိုးသတ်ထားတဲ့ကိရိယာများကိုသာ အသုံးပြုပါသည်။

Appointment ရယူရန်နှင့် အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါဖုန်းနံပါတ်ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်

🦷 “‌ရွှေငုဝါ”သွားနှင့်ခံတွင်းဆေးခန်း”
🚏 No.26A, ဗဟိုလမ်း, ၁၃ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့


☎️ 09426260120
09758225768

27/06/2022

ရွှေငုဝါ ဆေးဆိုင်တွင်
Wave Money, True Money
ငွေလွှဲ ငွေထုတ် ရပါပီရှင်။
😁😁😁

🦷 "သွားအမြစ်ပိုးဝင်ခြင်း (သို့) ပြည်ဖုထွက်ခြင်း" 🦷********************သွားနှင့်ခံတွင်းဆေးခန်းမှာ တွေ့ရအများဆုံး သွားနှင့...
25/06/2022

🦷 "သွားအမြစ်ပိုးဝင်ခြင်း (သို့) ပြည်ဖုထွက်ခြင်း" 🦷
********************
သွားနှင့်ခံတွင်းဆေးခန်းမှာ တွေ့ရအများဆုံး သွားနှင့်ခံတွင်းပြဿနာဖြစ်ပါတယ်။ သွားအမြစ်ပိုးဝင်တာကို သေချာသိဖို့ဆိုရင် သွားရဲ့ဖွဲ့စည်းတည်ဆောက်ပုံကို အရင် သိထား သင့်ပါတယ်။

ဆိုတော့ သွားတစ်ချောင်းမှာ အဓိကအားဖြင့် အလွှာ(၃)လွှာ ရှိပါတယ်။

👉 (၁)ကြွေလွှာ(enamel)
***************
အပေါ်ဆုံးက မြင်‌ နေရတဲ့ အဖြူရောင်အလွှာကိုခေါ်ပါတယ်။ ဒီအပေါ်ဆုံးအလွှာကို သွားပိုးစားရင် သွားမျက်နာပြင်မှာ အမဲကွက်/အဖြူကွက်တွေ မြင်ရပါတယ်။

👉 (၂)ဆင်စွယ်အနှစ်လွှာ (dentin)
***************
ပထမကြွေလွှာရဲ့အောက်မှာ ရှိတဲ့ ဒုတိယအလွှာကို ဆင်စွယ်နှစ်ရောင် အဝါရောင်အနေနဲ့ တွေ့ရတယ်။ သွားကျဉ်ခြင်းကိုဖြစ်စေတဲ့ ကျဉ်ကြောရှိတဲ့အလွှာလို့လဲမှတ်ထားနိုင်ပါတယ်။ တချို့သွားဝါကြတာဟာ ကြွေလွှာအဖြူရောင်လေးတွေ မွေးရာပါပါးတာ၊ သုံးစွဲမှုကြာလာလို့ပါးလာတဲ့ အတွက်ကြောင့် ‌ကြွေလွှာအောက်က ကျဉ်ကြောအလွှာလေးတွေ ပိုထင်ရှားလာပြီး သွားဝါသလိုတွေ့ရတာဖြစ်ပါတယ်။ ဒီလိုကြွေလွှာပါးပြီး ကျဉ်ကြော‌တွေပေါ်လာရင် အပူ၊အအေးသောက်တဲ့အခါ သွားကျဉ်တဲ့ ဝေဒနာကိုခံစားရပါတယ်။

👉 (၃) သွေးကြောလွှာ (Pulp)
***************
တတိယအလွှာကတော့ သွားကိုအဓိကထောက်ပံ့ပေးထားတဲ့ သွေးကြော‌၊အာရုံကြောတွေရှိတဲ့အလွှာဖြစ်ပါတယ်။

⭐ဘာလို့ သွားအမြစ်ပိုးဝင်တာလဲ??
******************
👉 အဓိကကတော့ သွားပိုးစားပြီး ပိုးပေါက်ဖြစ်တဲ့ အခါ ပထမဆုံးကြွေလွှာကို စတင် ထိခိုက်ပါတယ်။ ကြွေလွှာမှာ အမဲရောင်၊အ‌ဖြူရောင် စသဖြင့် တွေ့ရပါတယ်။ နာကျင်ခြင်းမရှိ‌ သေးပါ။
ဒီအဆင့်မှာ သိလိုက်ရင် မဲနေတဲ့ သွားပိုးစားထားတဲ့နေရာကို ခြစ်ထုတ်ပြီး သွားပြန်ဖာလိုက်ခြင်းဖြင့် ကာကွယ်လို့ရပါတယ်။

👉 သွားပိုးစားတာ ပိုပြီးနက်လာတဲ့အခါ ကြွေလွှာအောက်က ကျဉ်ကြော ဆင်စွယ်လွှာကိုရောက်လာပါတော့တယ်။ အဲ့လို ရောက်လာရင်တော့ အပူအအေးစားမိတဲ့အခါ ကျဉ်တာ၊ နည်းနည်းနာချင်တာဖြစ်လာပါမယ်။ အဲ့အဆင့်မှာလည်း သွားဖာတာ၊ ယာယီဆေးနဲ့ ဖာတာ စသဖြင့် ကုသလို့ရနိုင်ပါသေးတယ်။

👉 သွားရဲ့ နောက်ဆုံး သွေးကြော၊ အာ‌ရုံကြောတွေရှိတဲ့ တတိယ အလွှာထိ သွားပိုးစားတာ ရောက်ပြီဆိုရင်တော့ ညဘက်အိပ်မရအောင်
- တဆစ်ဆစ်နဲ့ အပ်နဲ့ထိုးသလိုကိုက်ခြင်း၊
- မေးရိုးတခြမ်းလုံးကိုက်ခြင်း တွေ ခံစားရပါ‌ တော့မယ်။ တချို့ဆိုအဖျားပါတက်ကြပါတယ်။ အဲ့လို သွားပိုးစားတာနက်သွားရင် တခါထဲ တန်းဖာလို့မရတော့ပဲ သွားအကြောထုတ်ပြီး ပြန်ဖာမှသာ ရနိုင်ပါတော့မယ်။ ကုန်ကျစရိတ်လည်းရှိသလို ဆေးခန်းကို ၂,၃ ခေါက်လောက်သွားဖို့ လိုအပ်ပါတယ်။ အဲ့လိုအချိန်မပေးချင်ဘူး၊ကုန်ကျစရိတ်အဆင်မပြေခဲ့ရင်တော့ နှုတ်လိုက်ရင်ပိုအဆင်ပြေပါတယ်။

👉 သွားပိုးစားပြီး သွားနာ၊သွားကိုက်ခြင်းကို စပ်ဆေး၊ဘေးပတ်ဝန်းကျင်ညွှန်ဆေးနဲ့ သောက်လိုက်တဲ့ အခါ ဆေးအာနိသင်ရတဲ့ခဏတာသက်သာသွားနိုင်ပေမယ့် ပြန်ကိုက်မှာပဲဖြစ်ပါတယ်။

⭐ သွားအမြစ်ထိပ်ပြည်ဖုဆိုတာ
သွားပိုးစားဝာာကို စနစ်တကျကုသမှုမခံယူတဲ့ အခါ သွားရဲ့အတွင်းပိုင်းအလွှာကနေ အမြစ်ထိပ်ထိ ထပ်ပြန့်ပါတယ်။ သွားအမြစ်ထိပ်မှာရှိတဲ့ မေးရိုးကို ရောက်လာတဲ့အခါ ကိုယ်ခံအားစနစ်နှင့် ပိုးမွှားများ တုန့်ပြန်မှုဖြစ်လာပြီး အမြစ်ထိပ်မှာ ပြည်ဖုဖြစ်လာပါတယ်။ အချိန်ကြာလာတဲ့အခါ ပြည်ဖု ကြီးလာရင် သွားဖုံးဘက်ကိုဖောင်းတက်လာကာ ပြည်လမ်းကြောင်းဖြစ်‌‌ ပေါ်လာပြီး ပြည်ထွက်လာတတ်ပါတယ်။

👉 စနစ်တကျ ကုသမှုမခံယူရင် ပြည်ဖုပိုကြီးလာခြင်း၊ ပါးတခြမ်းလုံးရောင် ခြင်း၊ လည်ပင်းအကြိတ်တွေကြီးလာခြင်း၊ အဖျားတက်ခြင်း၊ ပါးစပ်ဟရခက်လာခြင်း၊ အသက်ရှုရခက်လာခြင်း အပြင်အသက်အန္တရာယ် ထိခိုက် တဲ့ အထိဖြစ်နိုင်ပါတယ်။

ဆောင်ရန်/ရှောင်ရန်
***************
- သွားမျက်နာပြင်မှာ သွားပိုးစစားနေရင် မနာ၊မကိုက်ခင် သွားဆေးခန်းမှာ သွားဖာတာ၊ စစ်ဆေးပြီး လိုအပ်တဲ့ကုသမှု ခံယူတာလုပ်ဖို့လိုပါတယ်။

- ပြည်ဖုရှိနေရင်လည်း သွားအကြောထုတ်ပြီး ပြန်ဖာတာ၊ သွားနှုတ်တာ၊ လိုအပ်တဲ့ ပိုးသတ်ဆေးအကိုက်အခဲပျောက်ဆေးသောက်တာ လုပ်ဖို့လိုပါမယ်

- ညရေးညတာ ကိုက်တဲ့ အခါ Paracetamolလို အကိုက်ခဲပျောက်ဆေး‌သောက်ခြင်း၊ ဆားရေနွေးငုံခြင်းလုပ်ပေးလို့ရပါတယ်။ အကိုက်ခဲပျောက်ဆေးအပြင်းစားများကတော့ အစာအိမ်ထိတတ်တာ၊ တချို့ရောဂါတွေနဲ့ မတည့်တာကြောင့် ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သင့်ပါတယ်။

- ဆေးသောက်ခြင်းက သွားအမြစ်ပိုးဝင်/ပြည်တည်တာကို ယာယီ သက်သာစေပြီး အပြီးတိုင်ပျောက်ကင်းဖို့ သွားဆေးခန်းမှာ စနစ်တကျကုသမှုခံယူပါ။

-ဖလိုရိုက်ပါတဲ့သွားတိုက်ဆေး၊သွားတိုက်တံနဲ့ အနည်းဆုံးတနေ့ ၂ ကြိမ် ပုံမှန်သွားတိုက်ပါ

- သွားပွတ်ကြိုးအသုံးပြုပါ

- အရမ်းပူလွန်း၊အေးလွန်းတဲ့အစားသောက််နှင့် အချိုတွေရှောင်ကြဉ်ပါ

- သွားအမြစ်ပိုးဝင်တာကြောင့် ပါးတခြမ်းလုံးရောင်ခြင်း၊ လည်ပင်းတဝိုက်ရောင်လာခြင်း၊ အသက်ရှုရခက်ခြင်း၊ အစာမြိုရခက်ခြင်း၊အဖျားတက်ခြင်းများ ဖြစ်လာခဲ့ရင် မဖြစ်မနေ ဆေးရုံ၊ဆေးခန်းသို့ အမြန်ဆုံး ပြသပါ။

- သွားနှင့်ခံတွင်းမှာ အဖုအပိန့်၊အနာဖြစ်လာခဲ့ရင် တွေ့ရာဆေးလိမ်းတာ၊သောက်တာထက် သက်ဆိုင်ရာ သွားနှင့်ခံတွင်းဆရာဝန်များနဲ့ တိုင်ပင်စစ်ဆေး‌မှုများပြုလုပ်ပြီး လိုအပ်တဲ့ ကုသမှု ခံယူတာကသာ အသင့်တော်မှန်ကန်ဆုံးဖြစ်ပါတယ်။

သွားနှင့်ခံတွင်းရောဂါများကင်းဝေးပြီး ရန်သူမျိုး ငါးပါးဘေး က ကင်းဝေးကြပါစေ..

မိမိမှာသွားပိုး‌‌ပေါက်ရှိမရှိ စစ်ဆေး‌နိုင်ဖို့ ယခုပဲ ရွှေငုဝါသွားနှင့်ခံတွင်းဆေးခန်း ၏ Page CB ကဖြစ်စေ၊ ဖုန်းဖြင့်ဆက်သွယ်၍ဖြစ်စေ ကြိုတင် Appointment ရယူပြသနိုင်ပါတယ်။

✨🙏ကဆုန်လပြည့် ဗုဒ္ဓနေ့ ✨🙏"ဖွားမြင်၊ ပွင့်၊ စံ၊ ဗျာဒိတ်ခံ မှတ်ရန်ကဆုန်လ" ဟု ဆိုသည့်အတိုင်း မြတ်စွာဘုရားရှင် ဖွားမြင်တဲ့နေ...
13/05/2022

✨🙏ကဆုန်လပြည့် ဗုဒ္ဓနေ့ ✨🙏

"ဖွားမြင်၊ ပွင့်၊ စံ၊ ဗျာဒိတ်ခံ မှတ်ရန်ကဆုန်လ" ဟု
ဆိုသည့်အတိုင်း

မြတ်စွာဘုရားရှင် ဖွားမြင်တဲ့နေ့
မြတ်စွာဘုရားရှင် ဘုရားဖြစ်တဲ့နေ့
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံ ‌တော်မူတဲ့နေ့
မြတ်စွာဘုရားရှင် ဗျာဒိတ်တော်ခံယူတော်မူတဲ့နေ့
ဖြစ်တဲ့ ဗုဒ္ဓဘာသာ၀င်တိုင်းတွက်အထူးမြတ်ဆုံးနေ့တစ်‌ နေ့ဖြစ်ပြီး

ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်ဟာ
ပရိဘောဂစေတီတော်ဖြစ်လို့ အဆိုပါဗောဓိပင်ကို 💦 ရေလောင်းပူ‌ ဇော်ခြင်းဟာ ဗောဓိပင် ပိုမိုရှင်သန်စေပြီး ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။ မိတ်ဆွေအပေါင်းလည်းစိတ်ချမ်းသာကိုယ်ချမ်းသာစွာနဲ့ သာယာပျော်ရွှင်သောနေ့ရက်‌‌များကိုပိုင်ဆိုင်နိုင်ကြပါ စေကြောင်း ရွှေငုဝါဆေးဆိုင် မိသားစုက ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏

#ရွှေငုဝါ



#ကဆုန်လပြည့်
#ဆေး

💉InfluVac Tetra 2022 (Myanmar Reg:) တုတ်ကွေးကာကွယ်ဆေး-A/H1N1 -A/H3N2 -B/Washington -B/Phuket စတဲ့ Virus တွေကို ကာကွယ်ပေး...
09/05/2022

💉InfluVac Tetra 2022 (Myanmar Reg:) တုတ်ကွေးကာကွယ်ဆေး

-A/H1N1
-A/H3N2
-B/Washington
-B/Phuket စတဲ့ Virus တွေကို ကာကွယ်ပေးနိုင်တဲ့ Influvac Tetra 2022 (Myanmar Reg:) Flu Vaccineကို

(၁) အသက် (၆၀) နှစ်အထက် သက်ကြီးရွယ်အိုများ
(၂) ပန်းနာရင်ကြပ်၊ နာတာရှည်အဆုပ်ရောဂါရှိသူများ
(၃) Covid ရောဂါ ပြင်းထန်စွာ ကူးစက်ခံခဲ့ရသူများ
(၄) နှလုံးရောဂါ၊ ဆီးချိုရောဂါရှိသူများ
(၅) ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၆) လအထက် ကလေးသူငယ်များ

အထက်ပါသူများသည် ရာသီတုပ်ကွေးကူးစက်ခံရလျှင် အခြားသူများထက် နောက်ဆက်တွဲရောဂါကို ပြင်းထန်စွာခံစားရနိုင်သောကြောင့် ကာကွယ်ဆေးမဖြစ်မနေထိုးနှံသင့်ပါတယ်။

💚ကောင်းကျိုးများ
- ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကာကွယ်ဆေးထိုးထားလျှင် ကလေးရော မိခင်ကိုပါကာကွယ်မှုပေးနိုင်သည့်အပြင် မွေးဖွားပြီးလအတော်ကြာသည်အထိ ကလေးငယ်ကို တုပ်ကွေးရောဂါမှ ကာကွယ်မှုပေးနိုင်ခြင်း၊
- ရောဂါအခံရှိသူများ ကာကွယ်ဆေးထိုးထားလျှင် တုပ်ကွေးကူးစက်ခံရသော်လည်း ရောဂါလက္ခဏာပြင်းပြင်းထန်ထန်မခံစားရခြင်း၊ ရောဂါအခံများပိုမိုမဆိုးရွားလာခြင်း၊
- ရောဂါအခံမရှိသူများ၊ လူငယ်များကာကွယ်ဆေးထိုးထားလျှင် တုပ်ကွေးကြောင့် ဆေးခန်း(သို့မဟုတ်) ဆရာဝန်ဖြင့် ကုသရသည့်နှုန်းကို ၆၀% ထိလျှော့ချနိုင်ပြီး ရောဂါလက္ခဏာကိုလည်း ပြင်းထန်စွာမခံစားရနိုင်ပါ။

အဆိုပါတုတ်ကွေးကာကွယ်ဆေး ကို သက်သာသောဈေးနှုန်း၊ မှန်ကန် ကောင်းမွန်သောဆေးသယ်ဆောင်ထိန်းသိမ်းမှုများဖြင့် ရွှေငုဝါဆေးခန်း က ဆရာဝန်များ ကိုယ်တိုင် ရန်ကုန်မြို့တွင်း အိမ်အရောက်စနစ် ဖြင့်ထိုးနှံပေးမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားထိုးနှံလိုသူများ အနေဖြင့် Page Messenger က တဆင့်ဖြစ်စေ ဆေးခန်းဖုန်း 09426260120 သို့ဖြစ်စေ ဆက်သွယ် စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း သတင်းကောင်းပေးလိုက်ပါတယ်..

ဒါပြင် ဆေးနှင့် ဆေးထိုးဝန်ဆောင်ခ အနေ နဲ့ လူတဦးလျှင် ၃၃၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပြီး တနေရာထဲမှာ လူ ၅ဦး နှင့် အထက် စုပြီး ထိုးမယ်ဆိုရင် ၃၀၀၀၀ ကျပ်သာ ကျသင့်မှာ ဖြစ်လို့ အမြန်ဆုံး ဆက်သွယ် စာရင်းပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်...


#ရွှေငုဝါ


မင်္ဂလာပါ‌ ရွှေငုဝါအမျိုးတို့ ... 👉🏻လူကြီးမင်းက အချို့သောဆေးတွေကို ရေရှည်စွဲသောက်နေရသူတစ်ဦးလား ?👉🏻ဆေးတွေကို ၁ လစာ ၊ ၂ လစ...
23/04/2022

မင်္ဂလာပါ‌ ရွှေငုဝါအမျိုးတို့ ...

👉🏻လူကြီးမင်းက အချို့သောဆေးတွေကို ရေရှည်စွဲသောက်နေရသူတစ်ဦးလား ?
👉🏻ဆေးတွေကို ၁ လစာ ၊ ၂ လစာ စသဖြင့် ရှာ ဝယ်ထားတတ်ပါသလား ?
👉🏻 အထူးကုဆေးခန်းတွေမှာ ဆေးဝယ်ရင် အပြင်မှာဝယ်တာထက် ၁၀% ထက် မနည်း ဈေးပိုများတာ သတိထားမိပါလား???

❗️တကယ်ဆို ဆေးပတ်ရှာဝယ်ရတဲ့ဒုက္ခကလည်း မသေးလှပါဘူး ။
❗️အချို့သောဆေးတွေက စျေးကွက်မှာ ပြတ်သွားတတ်တာမျိုးတို့
❗️အလုပ်မအားတော့ ဆေး ဝယ်ဖို့ မေ့သွားတာမျိုးတို့
❗️အခြေအနေအမျိုးမျိုးကြောင့် အိမ် အပြင်မထွက်လိုတာမျိုးတွေလည်း ရှိနိုင်ပါတယ် ။
❗️ဒါ့အပြင် လချီပြီးဆေးဝယ်မယ်ဆို expire date ကလည်း မေ့မထားသင့်တဲ့အချက်တစ်ခုပါနော် ။

ကဲပါလေ ၊ အလုပ်ရှုပ်ပါတယ် ။ ဒါတွေ အားလုံးအဆင်ပြေစေဖို့ ကျွန်တော်တို့နဲ့ ဆက်သွယ်လိုက်ပါ ။

✅ လူကြီးမင်းတို့ သောက်နေကျတဲ့ ဆေးတွေကို ၁ လစာဆို ၁ လစာ ၊ ၂ လစာဆို ၂ လစာ စသဖြင့် လိုအပ်သလို ပို့ပေးပါတယ်။

❓အဲ့ဆေးတွေ ကုန်ခါနီးရင်ရော ?
✅ စိတ်မပူပါနဲ့ ၊ ကုန်ခါနီး ၁ ပတ်အလိုဆို ကျွန်တော်တို့ဘက်က သောက်ဆေး အပြောင်းအလဲ ရှိ မရှိ ၊ ဆေးစျေးအပြောင်းအလဲ ၊ ဆေး ရနိုင် မရနိုင် သတိပေးဆက်သွယ်ပြောပြပေးဦးမှာပါ ။

❓စျေးကွက်မှာ ဆေးပြတ်သွားတာတွေနဲ့ ကြုံရင်ရော ?
✅ လူကြီးမင်းတို့ သောက်နေကျဆေးနှင့် အနီးစပ်ဆုံး အာနိသင်တူ ၊ အရည်အသွေးတူဆေးကို ရှာပြီး ညွှန်းပေးပါတယ်ခင်ဗျာ ။

✅ ဒါတွေအတွက်လည်း ဆေးဖိုးမှအပ အခြား ဘာဝန်ဆောင်ခမှ ထပ်မယူပါ ။ လူကြီးမင်းအိမ်အရောက် ပို့ပေးရန် လိုအပ်ပါက နေရာအပေါ် မူတည်ပြီး စျေးနှုန်းချိုသာသော delivery fee လေးတော့ ရှိပါတယ် ။

ဒါဆို အရာအားလုံး အိုကေမှတော့ ကျန်းမာရေးကောင်းစေဖို့ “ရွှေငုဝါ” ကို ဆက်သွယ်လိုက်ပါ ။

👉🏻 နေရာအပေါ်မူတည်ပြီး စျေးနှုန်းချိုသာသော delivery fee ဖြင့် ရန်ကုန်မြို့အနှံ့ လူကြီးမင်းတို့ အိမ်အရောက် ပို့ဆောင်ပေးနေပါပြီ ❗️

“ရွှေငုဝါဆေးဆိုင်”

🏠 26A ၊ ဗဟိုလမ်းနှင့်ပေါင်းစည်းလမ်းထောင့်(သီရိမြိုင်ဘူတာရှေ့)၊ ၁၃ ရပ်ကွက် ၊ လှိုင်မြို့နယ် ၊ ရန်ကုန်မြို့ ။

📞 09426260120
09758225768

Google Map လမ်းညွန်-
https://maps.app.goo.gl/mFvjHdrGR4bsRK4Z8

#ရွှေငုဝါ

#ဆေးဆိုင်


#ဆေး

💦 🌊 မြန်မာနှစ်သစ်ကူးဆုတောင်း နှင့် သင်္ကြန်ပိတ်ရက်များအသိပေးကြေညာခြင်း 💦 🌊မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယတွင် ကပ်ရောဂါနှ...
09/04/2022

💦 🌊 မြန်မာနှစ်သစ်ကူးဆုတောင်း နှင့် သင်္ကြန်ပိတ်ရက်များအသိပေးကြေညာခြင်း 💦 🌊

မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယတွင် ကပ်ရောဂါနှင့်စိန်ခေါ်မှုများကို မိသားစုနှင့် အတူ ကျန်းမာပျော်ရွှင်စွာ ဖြတ်ကျော်နိုင်ပါစေကြောင်း ရွှေငုဝါမိသားစုက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ရွှေငုဝါ သွားဆေးခန်းနှင့်ဆေးဆိုင် ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁‌ ရက်နေ့ မှ ဧပြီလ ၁၉ ရက်နေ့အထိ သင်္ကြန်ကာလ ပိတ်ရက်အဖြစ် သတ်မှတ်ထားပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

🦷သွားကျောက်များအကြောင်း🦷 သွားရှိသူတိုင်း ဖတ်သင့်ပါသည်👉 သွားကျောက်တွေ ဆိုတာဘာလဲ??သွားနှင့်သွားဖုံးထိစပ်တဲ့နေရာ‌တွေမှာ ရှိ...
25/03/2022

🦷သွားကျောက်များအကြောင်း🦷

သွားရှိသူတိုင်း ဖတ်သင့်ပါသည်

👉 သွားကျောက်တွေ ဆိုတာဘာလဲ??
သွားနှင့်သွားဖုံးထိစပ်တဲ့နေရာ‌တွေမှာ ရှိတတ်တဲ့ အညစ်အကြေးလေးများဖြစ်ပါတယ်။ များသောအားဖြင့် အဝါရောင်ရှိတတ်ပါတယ်။

👉 မိမိပါးစပ်ထဲမှာ သွားကျောက်တွေရှိနေခြင်းကို ဘယ်လို သိနိုင်မလဲ?
- သွားတိုက်လျှင် သွေးထွက်ခြင်း
- ခံတွင်းအနံ့မကောင်းခြင်း
- သွားဖုံးသားများ ပုံမှန်ထက် နီ နေပြီး ယောင်နေခြင်း

👉 ပုံမှန် အိမ်မှာ သွားတိုက်ခြင်းဖြင့် သွားကျောက်များကို မရှင်းလင်းနိုင်သောကြောင့် သွားနှင့်ခံတွင်းဆေးခန်းများတွင် သွားကျောက်ခြစ်ခြင်း(Scaling and polishing) ကုသမှုခံယူသင့်ပါတယ်။

👉 ပုံမှန်ကုသမှုမခံယူဘဲ သွားကျောက်များ စုပုံလာသောအခါ ရေစီးကမ်းပြိုရောဂါ (periodontitis) အဆင့်သို့ကူးပြောင်းသွားပြီး သွားများယိုင်နဲ့လာမှာဖြစ်ပြီးနောက်ဆုံးကုသ၍မရသောအဆင့်သို့ ရောက်လာသောအခါ မိမိတို့၏ တန်ဖိုးရှိလှသော သွားများကို ဆုံးရှုံးရနိုင်ပါတယ်။

ဒါကြောင့် (၆)လတစ်ကြိမ် ကျောက်ခြစ်ရင်း သွားပိုးပေါက်များ စစ်ဆေးတွေ့ရှိပါကလည်း စောစီးစွာဖာထေးပြုပြင်ထားခြင်းဖြင့် သွားကိုက်သွားနာဝေဒနာခံစားရခြင်းကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။

မိမိမှာသွားကျောက်ရှိမရှိ စစ်ဆေး‌နိုင်ဖို့ ယခုပဲ ရွှေငုဝါသွားနှင့်ခံတွင်း ဆေးခန်း ကို Page CB ကဖြစ်စေ၊ ဖုန်းဖြင့်ဆက်သွယ်၍ဖြစ်စေ ကြိုတင် Appointment ရယူပြသနိုင်ပါတယ်။

Address

26A Baho Street
Hlaing
11052

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959426260120

Website

Alerts

Be the first to know and let us send you an email when ရွှေငုဝါဆေးဆိုင် - Shwe Ngu Wah Pharmacy and Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ရွှေငုဝါဆေးဆိုင် - Shwe Ngu Wah Pharmacy and Dental Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram