Jasmine Dental Whitening Center

Jasmine Dental Whitening Center First fully digitalized dental clinic in Myanmar

28/01/2026

စကားပြောတဲ့အခါ ခံတွင်းနံ့ဆိုးတာကြောင့် လူစုလူဝေးထဲမှာ စကားပြောရတာ ကြောက်နေပြီလား❓

ခံတွင်းနံ့ဆိုးတာက ကိုယ့်ကိုယ်ကိုယုံကြည်မှုကို လျော့ကျစေပြီး လူမှုဆက်ဆံရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ခံတွင်းနံ့ဆိုးတာက သွားဖုံးရောဂါ၊ အစာအိမ်အချဉ်ပြန်တက်ခြင်း စတဲ့ အခြားသော ကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ခံတွင်းနံ့ မနံအောင် လုပ်နိုင်တဲ့ နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။ ဒါတွေကတော့👇

◼နေ့စဉ်နှစ်ကြိမ် သွားတိုက်ပါ။ သွားတိုက်ချိန် ၂ မိနစ်ခန့် ကြာအောင် တိုက်ပေးပါ။

◼သွားပွတ်တံနဲ့ မရောက်တဲ့ သွားကြားတွေကို သွားပွတ်ကြိုးနဲ့ သန့်ရှင်းပေးပါ။

◼ရေများများ သောက်ပါ။

◼၆ လတစ်ကြိမ် သွားဆရာဝန်နှင့် ပြသပြီး သွားစစ်ဆေးမှု ခံယူပါ။

◼သကြားဓာတ်နည်းတဲ့ အစားအစာများ စားသုံးပါ။

◼သွားတိုက်ပြီးနောက် ခံတွင်းသန့်စင်ဆေးကို ရံဖန်ရံခါ သုံးစွဲပေးပါ။

အပေါ်ကအချက်တွေပြုလုပ်ပေးမယ့်ဆိုရင် ခံတွင်းနံ့ဆိုးကုိ သိသိသာသာလျော့နည်းစေနိုင်ပါတယ်။ ဒီအပေါ်ကအချက်တွေပြုလုပ်နေပေမယ့် ခံတွင်းနံ့မပျောက်သေးရင်တော့ ကျွမ်းကျင်ဆရာဝန်ကြီးများထံပြသဖို့ အကြံပြုလိုက်ရပါတယ်ရှင်👩‍⚕️
𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊

ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳

Google Map Link >> Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)

𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

Google Map Link >> Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma)

#ခံတွင်းနံ့ဆိုးခြင်း

27/01/2026

"သွားမှာ အမဲစက်လေးပဲ ရှိတာ ဘာမှမဖြစ်ပါဘူး" ဆိုပြီး အချိန်ဆွဲနေမိလား? 🦷🚨
နေ့စဉ်သွားတိုက်ပေမဲ့ ဘယ်လိုတိုက်တိုက် အမဲစက်တွေက မပြောင်တော့ဘူးဆိုရင်တော့ သွားပိုးစားခြင်း လက္ခဏာအစဖြစ်ပါတယ်။😐

ဒီလိုသွားပေါ်မှာအမဲစက်ကနေ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ သွားပြဿနာတွေကို ဘယ်လိုမျိုးကုသလို့ရလဲဆိုတာ ဒီvideoလေးမှာ ပြောပြပေးထားလို့ အဆုံးထိကြည့်လိုက်တော့နော်

သွားကျန်းမာရေး အကြောင်းအရာဗဟုသုတများကိုလည်း အမြဲမပြတ်တင်ပေးသွားမှာဖြစ်လို Page ကို like and Follow လုပ်ထားနိုင်ပါတယ်ရှင့်💙
သွားကျန်းမာရေးအ‌ကြောင်းများကို အသေးစိတ်သိလိုပြီး Appointment ရယူလိုပါက -
☎️ 09970000966 ( သိုမဟုတ် ) 09978777777💌 Page Message Box ကို ဆက်သွယ်နိုင်ပါတယ်ရှင်။
𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡 - အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊ ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳
Google Map Link >>Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)
𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡- အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။ ☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲
Google Map Link >>Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma)

#ိdentalfilling

ငယ်ရွယ်စဉ်ကတည်းက သွားကျန်းမာရေးကို စနစ်တကျ ဂရုစိုက်ပေးမှသာ ကြီးလာတဲ့အခါ မလိုလားအပ်တဲ့ သွားပိုးစားခြင်း၊ သွားဖုံးရောဂါတွေ...
26/01/2026

ငယ်ရွယ်စဉ်ကတည်းက သွားကျန်းမာရေးကို စနစ်တကျ ဂရုစိုက်ပေးမှသာ ကြီးလာတဲ့အခါ မလိုလားအပ်တဲ့ သွားပိုးစားခြင်း၊ သွားဖုံးရောဂါတွေ ကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်💁‍♀️​

အမေရိကန်သွားဘက်ဆိုင်ရာအဖွဲ့အစည်း (American Dental Association - ADA) ကနေ ထုတ်ပြန်ထားတဲ့ကလေးသွားကျန်းမာရေးအတွက် အဓိကအချက် (၃) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

✅မွေးစမှ ၁ နှစ်အထိ (Infant Care)
သွားဖုံးသန့်ရှင်းရေး: သွားမပေါက်သေးသည့်တိုင် နို့တိုက်ပြီးတိုင်း သို့မဟုတ် တစ်နေ့နှစ်ကြိမ် သန့်ရှင်းတဲ့ အဝတ်စလေးနဲ့ သွားဖုံးများကို ညင်သာစွာ သုတ်ပေးပါ။

သွားတစ်ချောင်း စတင်ပေါက်လာသည့်အခါ (သို့မဟုတ်) အသက် ၁ နှစ် မတိုင်မီ သွားဆရာဝန်နှင့် ပထမဆုံးအကြိမ် လာရောက်ပြသသင့်ပါတယ်။

✅​​၁ နှစ်မှ ၃ နှစ်အထိ (Toddler Care)
သွားများအားလုံး ပေါက်လာသည့်အခါ ဖလိုရိုက် (Fluoride) ပါဝင်သော သွားတိုက်ဆေးကို ဆန်စေ့ပမာဏ (Rice-grain size) ခန့်သာ အသုံးပြုပြီး တစ်နေ့နှစ်ကြိမ် တိုက်ပေးပါ။

နို့ပုလင်း (သို့မဟုတ်) ဖျော်ရည်ပုလင်းငုံပြီး အိပ်ခြင်း (Nursing Bottle Decay) ကို လုံးဝရှောင်ရှားပေးပါ။

✅​​၃။ ၃ နှစ်အထက် (Preschool & School Age)
သွားတိုက်ဆေးကို ပဲစေ့အရွယ်ပမာဏခန့်သို့ တိုးမြှင့်အသုံးပြုပြီး၊ ကလေးအား ကိုယ်တိုင်တိုက်ခွင့်ပြုသော်လည်း ကြီးကြပ်ပေးဖို့ လိုအပ်ပါတယ်။

သွားကျန်းမာရေး စစ်ဆေးမှုများ ၊ သွားကျောက်များရှိလျှင်သွားပိုးစားခြင်းရှိ/မရှိ နှင့် ငယ်သွားမှကြီးသွားထွက်ချိန်သွားပုံစံနေရာမှန်ပေါက်စေရန်အတွက် ၆ လတစ်ကြိမ် ပုံမှန်စစ်ဆေးပေးဖို့ အရေးကြီးပါတယ်။

ဒါကြောင့် ကလေးငယ်တွေရဲ့ သွားကျန်းမာရေးအတွက် လာရောက်စစ်ဆေးလိုပါက Jasmine Dental Center ကို အခုပဲ ကြိုတင်ဘိုကင်ရယူပြီး လာရောက်ပြသလိုက်တော့နော်✅​​
𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊

ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳

Google Map Link >> Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)

𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

Google Map Link >> Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma)

#ကလေးသွားကျန်းမာရေး #သွားပိုးစားကာကွယ်ခြင်း

25/01/2026

သွားညှိကုသတဲ့အခါ ဘယ်လို Brackets Brand အမျိုးအစားကိုရွေးချယ်သင့်လဲ❔
Jasmine Dental Center မှာ သွားညှိစက်တပ်မယ်ဆိုရင် Brackets Brand အမျိုးအစားစုံလင်စွာ ရွေးချယ်နိုင်ပါတယ်။
ဒီနေ့မှာတော့ သွားအခြေအနေအပေါ်မူတည်ပြီး ဘယ်လိုBrackets မျိုးရွေးချယ်သင့်လဲ ဆိုတာ Jasmine Dental Center မှ Orthodontic Specialist Dr.Chit Su Khaing မှ အသေးစိတ်ပြောပြပေးထားတာဖြစ်လို့ ဒီvideo လေးကို အဆုံးထိကြည့်ကြည့်လိုက်နော် 💙
သွားညှိကုသခြင်းနဲ့ ပတ်သတ်ပြီး တခြားသိချင်တာလေးတွေရှိရင်လဲ comment မှာ မန့်သွားပေးပါအုံးနော် 🥰
သွားညှိကုသခြင်းနှင့် သွားကျန်းမာရေး အကြောင်းအရာဗဟုသုတများကိုလည်း အမြဲမပြတ်တင်ပေးသွားမှာဖြစ်လို့ Page ကို Like and Follow လုပ်ထားနိုင်ပါတယ်ရှင့်💙
သွားကျန်းမာရေးအ‌ကြောင်းများကို အသေးစိတ်သိလိုပြီး Appointment ရယူလိုပါက -
☎️ 09970000966 ( သို့မဟုတ် ) 09978777777💌 Page Message Box ကို ဆက်သွယ်နိုင်ပါတယ်ရှင်။
𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡
အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊ ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ ။
☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳
𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡
အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။
☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

ပိုးသန့်စင်စနစ်က သွားကျန်းမာရေအတွက် ဘယ်လောက်ထိ အရေးပါလဲဆိုတာ သင်စဉ်းစားမိပါရဲ့လား? 🤔တကယ်တော့ ခံတွင်းကျန်းမာရေးကို ဂရုစို...
24/01/2026

ပိုးသန့်စင်စနစ်က သွားကျန်းမာရေအတွက် ဘယ်လောက်ထိ အရေးပါလဲဆိုတာ သင်စဉ်းစားမိပါရဲ့လား? 🤔

တကယ်တော့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်သလိုပဲ၊ သွားဆေးခန်းရဲ့ သန့်ရှင်းမှုနဲ့ ပိုးသတ်စနစ်ကလည်း လူနာများအတွက် အရေးကြီးပါတယ်။

✅Jasmine Dental Center မှာဆိုရင် လူနာများရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုကို နံပါတ်တစ် ဦးစားပေးထားပါတယ်။

✅ကျွန်ုပ်တို့ရဲ့ သွားဆေးကုသခန်း အခန်းတိုင်း၊ ကိရိယာတိုင်းကို နိုင်ငံတကာစံနှုန်းနဲ့အညီ အဆင့်မြင့် ပိုးသတ်စက်များ (Autoclave) ကို အသုံးပြုပြီး အပူချိန်မြင့်မြင့်၊ ဖိအားမြင့်မြင့်ဖြင့် သေချာစွာ ပိုးသတ်ထားပါတယ်။ ဒါမှ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေကို ၁၀၀% သေချာစွာ ဖယ်ရှားနိုင်မှာပါ။

✅လူနာတစ်ဦးစီအတွက် အသုံးပြုတဲ့ လက်အိတ်၊ ဆေးထိုးအပ်၊ သွားပွတ်တံ အစရှိတဲ့ ပစ္စည်းတွေကို "တစ်ခါသုံး" များသာ အသုံးပြုပြီး ကုသမှုပြီးတာနဲ့ စနစ်တကျ စွန့်ပစ်ပါတယ်။ ဒါကြောင့် ရောဂါကူးစက်နိုင်ခြေကို လုံးဝ စိုးရိမ်စရာ မလိုတော့ပါဘူး။

✅ဆေးခန်းရဲ့ ကြမ်းပြင်၊ ပရိဘောဂတွေကအစ အသေးစိတ်နေရာတွေကို နေ့စဉ် ပုံမှန် ပိုးသတ်သန့်ရှင်းရေး လုပ်ဆောင်ပါတယ်။ လူနာတွေ သက်တောင့်သက်သာနဲ့ စိတ်အေးချမ်းသာစွာ လာရောက်နိုင်အောင် အမြဲဂရုစိုက်ပါတယ်။

Jasmine Dental Center ဟာ သန့်ရှင်းမှု၊ လုံခြုံမှုနဲ့ ကျန်းမာရေးစံနှုန်းတွေကို အမြင့်ဆုံးထားရှိပြီး လူနာများကို အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ အမြဲအသင့်ရှိပါတယ်နော်👩‍⚕️

𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡 - အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊ ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳

Google Map Link >>Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)

𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡- အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။ ☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

Google Map Link >>Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma)

23/01/2026

Jasmine Dental Center x Global Pathways International School Yangon🦷✨

Global Pathways International School Yangon က ကျောင်းသား/သူလေးတွေရဲ့ အနာဂတ်အပြုံးတွေ ပိုမိုလှပလာစေဖို့ Jasmine Dental Center က ကျွမ်းကျင်ဆရာဝန်ကြီးများက သွားရောက်စစ်ဆေးပေးခဲ့ပါတယ်! 🦷✨

ကျောင်းသား/သူလေး တွေရဲ့ တောက်ပတဲ့ အပြုံးလေးတွေက ကျွန်မတို့အတွက် အကောင်းဆုံး ဆုလာဘ်ပါပဲ။ ပူးပေါင်းဆောင်ရွက်ပေးတဲ့ Global Pathways International School Yangon ကျောင်းတော်ကြီးမှ တာဝန်ရှိသူများကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေ အမြဲလှပတဲ့ အပြုံးပိုင်ဆိုင်နိုင်စေဖို့ Jasmine Dental Center က အမြဲရှိနေမှာပါ! ❤️

သွားတိုက်ဆေးအမျိုးမျိုးနဲ့  ကြိုးစားပေမယ့် သွားတွေက ဖြူဖွေးတောက်ပမလာဘဲ ဝါကျင့်ကျင့်ဖြစ်နေပါသလား⁉️​သဘာဝနည်းလမ်းတွေနဲ့ အချ...
22/01/2026

သွားတိုက်ဆေးအမျိုးမျိုးနဲ့ ကြိုးစားပေမယ့် သွားတွေက ဖြူဖွေးတောက်ပမလာဘဲ ဝါကျင့်ကျင့်ဖြစ်နေပါသလား⁉️​

သဘာဝနည်းလမ်းတွေနဲ့ အချိန်ကုန်ခံနေတာက ရလဒ်ကောင်းကို ပေးစွမ်းနိုင်ခြင်းမရှိဘဲ သင့်ရဲ့ အလှအပအခွင့်အရေးတွေကို လျော့ကျစေပါတယ်။

ဈေးကွက်ထဲက ဓာတုပစ္စည်းအများအပြားပါဝင်တဲ့ သွားဖြူကုထုံးတွေက သွားတွေကို ကျဉ်စေတာ၊ ထိခိုက်လွယ်စေတာမျိုးတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေရပါတယ်🙋‍♀️

✅Jasmine Dental Center တွင် နိုင်ငံတကာမှ နာမည်ကြီးရေပန်းစားတဲ့ DaVinci Laser Whitening Treatment နဲ့ သင့်သွားတွေကို စိတ်ချစွာ ဖြူဖွေးတောက်ပအောင် ပြုလုပ်နိုင်ပါပြီ။

✅DaVinci ရဲ့ ထုတ်ကုန်များဟာ ၁၀၀% သဘာဝအခြေခံနှင့် သတ္တုဓာတ်များ ဖြင့်သာ ဖော်စပ်ထားသော ဂျယ်လ်များကို အသုံးပြုပါတယ်။ ဒါကြောင့် သွားကြွေလွှာကို လုံးဝမထိခိုက်စေဘဲ ဘေးထွက်ဆိုးကျိုးအနည်းဆုံး သွားတွေကို ဖြူစင်စေပါတယ်။

✅LED Blue Light နည်းပညာဖြင့် အချိန်တိုအတွင်းမှာပင် သွားပေါ်က အစွန်းအထင်းတွေကို ထိရောက်စွာ ဖယ်ရှားပေးပါတယ်။ သွားကျဉ်တာမျိုး၊ ထိခိုက်လွယ်တာမျိုးတွေ မဖြစ်စေဘဲ သဘာဝအတိုင်း တောက်ပတဲ့အပြုံးကို ရယူနိုင်ပါတယ်။

သင့်ရဲ့စိတ်မလုံခြုံမှုကို DaVinci နဲ့ အဆုံးသတ်လိုက်ပြီး ယုံကြည်မှုအပြည့်နဲ့ ပြုံးရယ်နိုင်ဖို့ Jasmine Dental Center ကို အခုပဲ ဆက်သွယ်ပြီး စုံစမ်းလိုက်ပါတော့နော်👩‍⚕️

𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡 - အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊ ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳

Google Map Link >>Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)

𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡- အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။ ☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

Google Map Link >>Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma)

#သွားဖြူကုထုံး

ရှေ့ထွက်နေတဲ့ သွားတစ်ချောင်းကြောင့် စိတ်ညစ်နေလား❓အချို့သူတွေမှာ မွေးရာပါ သို့မဟုတ် ကြီးလာမှ ပေါက်လာတတ်တဲ့ ပုံမှန်မဟုတ်တဲ...
21/01/2026

ရှေ့ထွက်နေတဲ့ သွားတစ်ချောင်းကြောင့် စိတ်ညစ်နေလား❓

အချို့သူတွေမှာ မွေးရာပါ သို့မဟုတ် ကြီးလာမှ ပေါက်လာတတ်တဲ့ ပုံမှန်မဟုတ်တဲ့ သွားတစ်ချောင်း ပိုနေတာကို တွေ့ရတတ်ပါတယ်။

ဒီလို အပိုထွက်နေတဲ့ သွားက အချို့သူတွေအတွက် ထူးခြားတယ် ထင်ရပေမဲ့ တချို့အတွက်ကတော့ အလှအပရေးရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရရော စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်😔

အထူးသဖြင့် အဲ့ဒီသွားက အခြားသွားတွေထက် ရှေ့ကို ထွက်နေတဲ့အခါ ပိုပြီး သိသာတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု လျော့နည်းစေနိုင်ပါတယ်။ ဒီလို သွားကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရင် စိတ်မပူပါနဲ့!

Jasmine Dental Center မှာ သွားညှိကုသမှု (Orthodontic Treatment) တွေက ဒီပြဿနာကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ပါတယ်။ ဘယ်လိုမျိုး ကုသပေးမှာလဲဆိုရင်👇

✅အရင်ဆုံး အပိုထွက်နေတဲ့ “သွား”ကို သွားအကြော လွတ်၊ မလွတ် စောင့်ကြည့်ပေးပြီး နှုတ်လိုပါက နာကျင်မှုမရှိ ထုံ‌ဆေးနဲ့ နှုတ်ပေးပါမယ်။

✅အပို “သွား” ကို နှုတ်ပြီးတဲ့နောက် ကျန်သွားတွေ ညီညီညာညာ ဖြောင့်တန်းနေစေဖို့ မိမိနဲ့ အကိုက်ညီဆုံး Braces ကို ရွေးချယ်ပြီး တပ်ဆင်နိုင်ပါတယ်။

သွားညှိကုသမှုနဲ့ ပတ်သက်ပြီး နာကျင်မှာ စိုးရိမ်နေမဲ့အစား နိုင်ငံတကာ အဆင့်မီ ခေတ်မီ စက်ကိရိယာကြီးတွေကို အသုံးပြုပြီး ကျွမ်းကျင်ဆရာဝန်ကြီးများမှ တိုင်ပင်ဆွေးနွေးပေးသွားမှာဖြစ်လို့ ယုံကြည်မှုရှိတဲ့ အပြုံးကို ပိုင်ဆိုင်လိုပါက Jasmine Dental Center ဆီသာ လှမ်းလာခဲ့ပါနော်👨‍⚕️

𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊

ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳

Google Map Link >> Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)

𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

Google Map Link >> Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma)

#အပိုသွား #သွားနှုတ်ခြင်း #သွားညှိကုသမှု #အပြုံးလှလှ #ယုံကြည်မှု #သွားကျန်းမာရေး

အရွယ်ရောက်ပြီးသူ ၉၀% ကျော်ဟာ သွားပိုးစားတဲ့ပြဿနာကိုကြုံတွေ့နေရတယ်ဆိုတာသိပါသလား❓အထူးသဖြင့် အချိုဓာတ်များတဲ့ Fast Food တွေ...
20/01/2026

အရွယ်ရောက်ပြီးသူ ၉၀% ကျော်ဟာ သွားပိုးစားတဲ့ပြဿနာကိုကြုံတွေ့နေရတယ်ဆိုတာသိပါသလား❓

အထူးသဖြင့် အချိုဓာတ်များတဲ့ Fast Food တွေရဲ့ အန္တရာယ်ကြောင့် သွားတွေဟာ နက်ရှိုင်းစွာ ပိုးစားနေပြီ လူငယ်အများစုဟာ သွားပိုးစားခြင်းပြဿနာကို ရင်ဆိုင်နေရပါတယ်။

သွားပိုးစားတာကို စောစီးစွာ ဂရုမစိုက်မိတဲ့အခါ ပိုးဝင်ရောက်မှုဟာ သွားရဲ့အပေါ်ယံလွှာကနေတဆင့် အတွင်းဆုံးအပိုင်းဖြစ်တဲ့ အာရုံကြောအထိ ရောက်ရှိသွားပါတယ်။

ဒီအတွက် မခံမရပ်နိုင်အောင် နာကျင်တာ၊ သွားဖုံးရောင်ရမ်းပြီး ပြည်တည်တာတွေအထိ ဖြစ်လာပါတယ်။ ဒီလို ပြင်းထန်တဲ့လက္ခဏာတွေ ရှိနေတဲ့အခါ သွားနှုတ်ရုံကလွဲလို့ တခြားရွေးချယ်စရာမရှိဘူးလို့ ထင်ကြပါတယ်။

စိတ်မပူပါနဲ့။ သွားနှုတ်ရတဲ့အထိ မဖြစ်စေဖို့အတွက် Jasmine Dental Center ရဲ့ Root Canal Treatment (သွားအကြောထုတ်ကုထုံး) က ကယ်တင်ရှင်ဖြစ်ပါတယ်💯

👉ပိုးဝင်နေတဲ့ အာရုံကြောတွေကို သေသေချာချာ ဖယ်ရှားသန့်စင်ပြီးနောက်၊ အပေါ်က Crown အစွပ် စွပ်လိုက်ခြင်းကြောင့် သွားတစ်ချောင်းလုံးကို မနှုတ်ရဘဲ ဆက်လက်ထိန်းသိမ်း ပေးနိုင်ပါတယ်။

👉နာကျင်မှုရဲ့ ဇစ်မြစ်ဖြစ်တဲ့ ပိုးဝင်နေတဲ့ အာရုံကြောတွေကို ဖယ်ရှားလိုက်တာကြောင့် နာကျင်ဝေဒနာအားလုံး ချက်ချင်း ပျောက်ကင်းသွားမှာဖြစ်ပါတယ်။

👉Root Canal လုပ်ပြီးတဲ့သွားပေါ်မှာ Crown စွပ်လိုက်တဲ့အခါ သွားဟာ ခိုင်ခံ့မှုပြန်လည်ရရှိပြီး နှစ်ရှည်ကြာရှည်စွာ အသုံးပြုနိုင်ပါတယ်။

ပြင်းထန်တဲ့ သွားကိုက်ဝေဒနာကို ဆက်မခံစားပါနဲ့! သွားနှုတ်ရတဲ့အထိမဖြစ်ခင် သင့်သွားကို အချိန်မီ ကယ်တင်ဖို့ Jasmine Dental Center မှာ Root Canal Treatment အတွက် အခုပဲ လာရောက်ဆွေးနွေးလိုက်ပါ👩‍⚕️

#သွားအမြစ်ကုထုံး #သွားမနှုတ်ရအောင်ကာကွယ်ပါ

19/01/2026

Jasmine Dental Center x IH - International House🦷🎊

IH - International House မှ ကျောင်းသား/သူလေးများအတွက် Dental Check-up Program ကို Jasmine Dental Center မှ အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ကျောင်းသား/သူ တို့ရဲ့ အပြုံးလေးတွေ ကျန်းမာတောက်ပစေဖို့ အခုလို ပူးပေါင်းဆောင်ရွက်ပေးတဲ့ IH - International House ကို ကျေးဇူးအထူးတင်ရှိပါတယ်။

ကျန်းမာပျော်ရွှင်တဲ့ အပြုံးကိုယ်စီနဲ့ အောင်မြင်တဲ့ အနာဂတ်တွေကို ပိုင်ဆိုင်နိုင်ပါစေကြောင်း Jasmine Dental Center မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်...💌

🦷 ကျန်းမာသော အပြုံးများအတွက် ကျွန်တော်တို့ Jasmine Dental Center မှအမြဲအတူရှိနေပါတယ်! ✨

International House

18/01/2026

သွားတစ်ချောင်းမရှိတော့တဲ့နေရာကို သွားပြန်မစိုက်ပဲ ဘယ်လိုကုသလို့ရလဲ❓
ဒီလို ဆုံးရှုံးသွားတဲ့ သွားနေရာအတွက် သွားအတုအစားမထိုးပဲ ဘယ်လိုမျိူးကုသပေးခဲ့လဲဆိုတာ Jasmine Dental Center မှ Orthodontic Specialist Dr.Chit Su Khaing မှ အသေးစိတ်ပြောပြပေးထားတာဖြစ်လို့ ဒီvideo လေးကို အဆုံးထိကြည့်ကြည့်လိုက်နော် 💙
သွားညှိကုသခြင်းနဲ့ ပတ်သတ်ပြီး တခြားသိချင်တာလေးတွေရှိရင်လဲ comment မှာ မန့်သွားပေးပါအုံးနော် 🥰
သွားညှိကုသခြင်းနှင့် သွားကျန်းမာရေး အကြောင်းအရာဗဟုသုတများကိုလည်း အမြဲမပြတ်တင်ပေးသွားမှာဖြစ်လို့ Page ကို Like and Follow လုပ်ထားနိုင်ပါတယ်ရှင့်💙
သွားကျန်းမာရေးအ‌ကြောင်းများကို အသေးစိတ်သိလိုပြီး Appointment ရယူလိုပါက -
☎️ 09970000966 ( သို့မဟုတ် ) 09978777777💌 Page Message Box ကို ဆက်သွယ်နိုင်ပါတယ်ရှင်။
𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡
အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊ ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ ။
☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳
𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡
အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။
☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

နောက်ဆုံးပေါ် နည်းပညာများနှင့်အတူ သင့်သွားကျန်းမာရေးအတွက် အကောင်းဆုံး ဂရုစိုက်မှုကို ပေးဆောင်နေပါပြီ🤍🤍Jasmine Dental Cen...
17/01/2026

နောက်ဆုံးပေါ် နည်းပညာများနှင့်အတူ သင့်သွားကျန်းမာရေးအတွက် အကောင်းဆုံး ဂရုစိုက်မှုကို ပေးဆောင်နေပါပြီ🤍🤍

Jasmine Dental Center ဆိုတာ မြန်မာနိုင်ငံရဲ့ ခေတ်မီဒစ်ဂျစ်တယ်နည်းပညာတွေနဲ့ ကုသပေးနေတဲ့ သွားဆေးခန်းတစ်ခုဖြစ်ပြီး သွားဘက်ဆိုင်ရာ ပြဿနာများအားလုံးကို တစ်နေရာထဲမှာ အကောင်းဆုံး ကုသဖြေရှင်းပေးနေတာဖြစ်ပါတယ်။

✨ ဘာကြောင့် Jasmine Dental ကို ရွေးချယ်သင့်တာလဲ ❓

◽သွားဘက်ဆိုင်ရာကျွမ်းကျင်ဝါရင့် သွားအထူးကုဆရာဝန်ကြီးများ

◽CBCT , Digital X-ray နှင့် 3D Scanner များအသုံးပြု၍ တိကျသောစစ်ဆေးမှုများ

◽နိုင်ငံတကာအဆင့်မီ ကုသမှုပစ္စည်းများ

◽ပိုးသတ်စနစ် အပြည့်အစုံနှင့်

◽သက်တောင့်သက်သာရှိသော ဆေးခန်းပတ်ဝန်းကျင်ကို ဖန်တီးပေးထားတာဖြစ်ပါတယ်။

သွားနှုတ်ခြင်း၊ သွားစိုက်ခြင်း၊ သွားညှိကုသခြင်း၊ သွားဖာခြင်း၊ သွားအကြောထုတ်ကုသခြင်း၊ သွားတံတားထိုးခြင်း၊သွားဖြူကုထုံးနှင့်တခြားသော သွားဘက်ဆိုင်ရာ ကုသမှုပေါင်း (၁၅) မျိုးကျော်ကို ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်​✅​

အခမဲ့တိုင်ပင်ဆွေးနွေးမှု၊ အခမဲ့ ဘိုကင်ကြိုယူစနစ်နဲ့ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားတာဖြစ်လို့ သင့်သွားပြဿနာများအတွက် အကောင်းဆုံးဝန်ဆောင်မှုတွေပေးနေတဲ့ Jasmine Dental Center ဆီသာလှမ်းလာခဲ့ပါနော်👩‍⚕️

𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊

ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳

Google Map Link >> Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)

𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

Google Map Link >> Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma)

Address

218(The Century Building), Yangon/Insein Road, Near Than St Bus Stop, Hlaing Township
Hlaing
11051

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959978777777

Alerts

Be the first to know and let us send you an email when Jasmine Dental Whitening Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Jasmine Dental Whitening Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram