Shwe Clinic & Pharmacy

Shwe Clinic & Pharmacy ဆေးခန်းဖွင့်ချိန်လေးကတော့ ညနေ 5:30 မှ ည 8:00 နာရီ ထိ နေ့စဉ် ဖွင့်ပါတယ် ရှင့်။

ဒီလောက်ကောင်းတဲ့ ငါးကြီးဆီကို အစားအသာက် တွေကလည်းရနိုင်သလား ?ရနိုင်ပါတယ်။ဆေးမသာက်ချင်ဘူးဆိုလို့ရှိရင် အစားအသောက်တွေစားလို...
22/09/2025

ဒီလောက်ကောင်းတဲ့ ငါးကြီးဆီကို အစားအသာက်
တွေကလည်းရနိုင်သလား ?

ရနိုင်ပါတယ်။
ဆေးမသာက်ချင်ဘူးဆိုလို့ရှိရင် အစားအသောက်
တွေစားလို့ရပါတယ်။
အစားအသောက်တွေမှာ အဆီများတဲ့ ငါးတွေ
ဥပမာ။ ။ ဆယ်မွန်ငါး အဲ့လိုငါးတွေ စားပေးလို့ရတယ်။
ဒါပေမယ့် ဆယ်မွန်ငါးတွေက ဈေးအရမ်းများနေတော့
တော်ရုံတန်ရုံ မစားကြဘူး။ ဆယ်မွန်ငါးတွေ အစား
ငါးကြီးဆီ ကို သောက်သုံးလာပါတယ်။

Card : Dr.NCA

# မိတ်ဆွေတို့အတွက် Shwe Clinic & Pharmacy

# ရွှေ
# ကလေးအထူးကုဆေးခန်း
# ဆေးဆိုင်
# Shwe
# Clinic
# Pharmacy
# OMEGA 3

🎯 Dai-ichi ရဲ့ကျန်းမာရေးအာမခံဆိုတာ..✅️ မိမိကိုယ်တိုင်နှင့် ချစ်ရတဲ့သူတွေရဲ့ ဆေးရုံတက် ရောက်ကုသမှုများအားလုံးအတွက် ငွေကြေ...
21/09/2025

🎯 Dai-ichi ရဲ့ကျန်းမာရေးအာမခံဆိုတာ..

✅️ မိမိကိုယ်တိုင်နှင့် ချစ်ရတဲ့သူတွေရဲ့ ဆေးရုံတက် ရောက်ကုသမှုများအားလုံးအတွက် ငွေကြေးအရ ကာကွယ်မှုအပြည့်အဝ ပေးတယ်..စိတ်အေးချမ်းသာမှု ရရှိစေတယ်..

✅️ ကျန်းမာရေး စစ်ဆေးကုသမှုကိစ္စရပ်များအားလုံးအတွက် အကောင်းဆုံးသော ကုသစောင့်ရှောက်မှုကို အာမခံကုမ္မဏီမှ ငွေကြေးဆိုင်ရာ အာမခံချက်ထားရှိပေးတယ်..

✅️ ဆေးရုံတက်ရောက်ကုသမှုတွေအတွက် 1 လကို ၂ သောင်း ဝန်းကျင် ( ၁နှစ်စာ ၂-၃ သိန်း ပေးသွင်းရုံနဲ့ ) သိန်း ၅၀ ကစပြီး အကာအကွယ်ပေးတယ်.

✅️ မိမိ ဘတ်ဂျက်နဲ့ ကိုက်ညီမယ့် အာမခံအစီအစဥ်ကို လိုအပ်သလို ပြောင်းလဲ ရွေးချယ်နိုင်တယ်..

✅️ မည်သည့်အာမခံမဆို ထားခြင်းဖြင့် ပေးသွင်းသော အာမခံကြေးအတွက် အခွန်ကင်းလွတ်ခွင့် သက်သာခွင့် ရရှိစေတယ်..

✅️ ဆေးရုံတက်စဥ် ၊ ဆေးရုံမတက်မီနှင့် ဆေးရုံဆင်းပြီးနောက် ကုသမှုတွေအတွက် ငွေကြေးအကာအကွယ်ပေးတယ်..

✅️ ငွေသားမလိုဘဲ ဆေးကုသမှု ခံယူနိုင်တယ်..

✅️ ပြည်ပနိုင်ငံက ဆေးရုံတွေမှာ ဆေးကုသမှုခံယူဖို့ ရွေးချယ်ဝယ်ယူနိုင်တယ်..

✅️ အသက် ၅နှစ်မှ ၆၀ နှစ်အထိထားရှိလို့ရပြီး ၇၅ နှစ်ရှိ သက်တမ်းတိုးသွားလို့ရတယ်...

အသေးစိတ် ဆွေးနွေးတိုင်ပင်လိုပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်..

Ma Hay Mar Lwin (Shwe Clinic & Pharmacy)
☎️ 09 791 971 282
Business Partner
Dai-ichi Life Insurance Myanmar

OMEGA 3 ငါးကြီးဆီ ကောင်းကျိုးက ဘာတွေရှိလဲ ?ဒီဘက် ခေတ်မှာ‌ခေတ်စားလာတဲ့ ဖြည့်စွတ်စာအိုမီဂါ 3 ငါးကြီးဆီက ကျန်းမာရေးနဲ့ပတ်သတ...
21/09/2025

OMEGA 3 ငါးကြီးဆီ ကောင်းကျိုးက ဘာတွေရှိလဲ ?

ဒီဘက် ခေတ်မှာ‌ခေတ်စားလာတဲ့ ဖြည့်စွတ်စာ
အိုမီဂါ 3 ငါးကြီးဆီက ကျန်းမာရေးနဲ့ပတ်သတ်တဲ့
ကောင်းကျိုးများစွာရှိပါတယ်။
ခေါင်းကနေ ခြေအဆုံး စဉ်းစားကြည့်လိုက်ရအောင်။

🧠 ခေါင်းမှာဆိုလို့ရှိရင် သူက Brain နဲ့ပတ်သတ်တဲ့
အထောက်အကူ ပေးတယ်ဆိုတာ့ ဦးနှောက်နဲ့
ပတ်သတ်တဲ့ ကျန်းမာရေးကို ကောင်းစေပါတယ်။

👁️ အမြင်အာရုံ နဲ့ပတ်သတ်တဲ့ကျန်းမာရေးကို
ကောင်းစေပါတယ်။

❤️ နှလုံးနဲ့ပတ်သတ်တဲ့ ခါရိုဗယစ်ကိုလာဟဲလ် လို့ခေါ်တဲ့
နှလုံးနဲ့သွေးကြောနဲ့ ပတ်သတ်တဲ ကျန်းမာရေးကိုလည်း
ကောင်းစေပါတယ်။

သွေးထဲမှာရှိတဲ့ အဆီဓာတ်ကိုလည်းကျ‌စေတယ်လို့
တစ်ချို့ သုတေသန တွေမှာလည်း‌‌ဆိုပါတယ်။

Card : Dr.NCA

# မိတ်ဆွေတို့အတွက် Shwe Clinic & Pharmacy

# ရွှေ
# ကလေးအထူးကုဆေးခန်း
# ဆေးဆိုင်
# Shwe
# Clinic
# Pharmacy
# OMEGA 3

14/09/2025

ရွှေ ကလေးအထူးကုဆေးခန်း နှင့်ဆေးဆိုင်တွင်
Good Baby ဒိုက်ဘာ အိတ်ခွံ 5 ခုကို ငွေသား 5000ကျပ်
ဖြင့် 21.10.25 နေ့အထိ လဲလှယ်ပေးသွားပါမည်။

11/09/2025
ရွှေ ဆေးခန်းနှင့် ဆေးဆိုင်တွင် ကျန်းမာရေးအတွက် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင့်ဆေးခန်းဖွင့်ချိန် ညနေ ၅:၃၀ မှ ည ၈:၀၀ နာရီ ...
07/08/2025

ရွှေ ဆေးခန်းနှင့် ဆေးဆိုင်တွင် ကျန်းမာရေးအတွက် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင့်

ဆေးခန်းဖွင့်ချိန် ညနေ ၅:၃၀ မှ ည ၈:၀၀ နာရီ အထိ

ဆေးဆိုင်ဖွင့်ချိန် မနက် ၇:၀၀ မှ ည ၉:၃၀ နာရီ အထိ

# မိတ်ဆွေတို့အတွက် Shwe Clinic & Pharmacy

# ရွှေ
# ကလေးအထူးကုဆေးခန်း
# ဆေးဆိုင်
# Shwe
# Clinic
# Pharmacy

🚨Warning post ပါဝမ်းပျက်ဝမ်းလျှောတွေ အရမ်းကိုအဖြစ်များနေပါတယ်ပုံမှန်အားဖြင့် မိုးတွင်းကာလက ဝမ်းပျက်ဝမ်းလျှောအချိန်ပါပဲဒါ...
06/08/2025

🚨Warning post ပါ

ဝမ်းပျက်ဝမ်းလျှောတွေ အရမ်းကိုအဖြစ်များနေပါတယ်
ပုံမှန်အားဖြင့် မိုးတွင်းကာလက ဝမ်းပျက်ဝမ်းလျှော
အချိန်ပါပဲ
ဒါပေမယ့် အခုဖြစ်နေတဲ့ ဝမ်းပျက်ဝမ်းလျှောက
တော်တော်ပြင်းထန်ပါတယ်…

ရေသန့်တွေကလည်း သိပ်စိတ်မချရတာကြောင့်
ရေကိုကျိုချက်သောက်ပါ

မသန့်ရှင်းသောအစားအသောက်များ(လမ်းဘေးစာ)
တွေ မစားပါနဲ့…

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ရင် အဓိကကတော့
ဆုံးရှုံးသွားတဲ့အရည်ဓာတ်တွေကိုဖြည့်ရမှာပါ
BPI/ကြက်ခြေနီ ဓာတ်ဆားရည်တွေဖျော်သောက်ရပါမယ်
Probiotic ကို ဆေးတောင့်/အထုပ် အဆင်ပြေရာ
သောက်နိုင်ပါတယ်
ဝမ်းပိတ်ဆေးတွေမသောက်သင့်ပါဘူး

ကိုယ်ပူချိန်တက်တာ
ဗိုက်ထဲမှာရစ်ရစ်ပြီးနာတာ
အော့အန်တာတွေ
ခြေတွေလက်တွေကပ်/ကြွက်တက်တာတွေရှိလာရင်
နီးစပ်ရာဆေးရုံဆေးခန်းကိုအမြန်သွားပြသင့်ကြောင်း
ပါခင်ဗျာ

Credit: ဒေါက်တာပေါက်

# မိတ်ဆွေတို့အတွက် Shwe Clinic & Pharmacy

# ရွှေ
# ကလေးအထူးကုဆေးခန်း
# ဆေးဆိုင်
# Shwe
# Clinic
# Pharmacy

သတိပြုစရာ သွေးလွန်တုပ်ကွေးရောဂါသွေးလွန်တုပ်ကွေးဆိုတာ မေ့မထားသင့်တဲ့ ရန်သူဟောင်းပါ။ကလေးတွေ ဒီရက်ပိုင်းမှာ ရာသီတုပ်ကွေးတွေ...
20/07/2025

သတိပြုစရာ သွေးလွန်တုပ်ကွေးရောဂါ

သွေးလွန်တုပ်ကွေးဆိုတာ
မေ့မထားသင့်တဲ့ ရန်သူဟောင်းပါ။
ကလေးတွေ ဒီရက်ပိုင်းမှာ ရာသီတုပ်ကွေးတွေ ဖြစ်ကြသလို သွေးလွန်တုပ်ကွေးလည်း အဖြစ်များလာပါတယ်။

👉သွေးလွန်တုပ်ကွေး ဘာကြောင့်ဖြစ်လဲဆိုရင် သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ virusပိုးကို သယ်ဆောင်လာတဲ့ အေးဒီး(စ်)ခြင်ကျားကိုက်လို့ ဖြစ်ရတာပါ။
👉အေးဒီး(စ်)ခြင်ကျားတွေက ရေကြည်ရေသန့်မှာ ပေါက်ဖွားတဲ့အတွက် မိုးတွင်းကာလမှာ ပိုအဖြစ်များပါတယ်။
ဒါပေမယ့် တစ်နှစ်ပတ်လုံးမှာ ကြိုကျားကြိုကျားလည်း ဖြစ်တတ်ပါသေးတယ်။
👉အေးဒီး(စ်)ခြင်ကျားက နေ့ခင်းနေ့လည်ဘက်တွေမှာ ကိုက်ပါတယ်။

📣ဘယ်လိုလက္ခဏာတွေပြလဲ?
သွေးလွန်တုပ်ကွေးမှာ
စဖျားကတည်းက ရက်သေချာမှတ်ဖို့ကလည်း အရေးကြီးပါတယ်။
အစ ပထမ၃ရက်လောက်မှာ အဖျားကြီးတတ်ပါတယ်။ရိုးရိုး အဖျားလိုပါပဲ။နှာစေး ချောင်းဆိုးလည်း တွဲရင်တွဲဖြစ်တတ်ပါတယ်။
၃ရက်မှ၅ရက်တွေက အရေးကြီးတဲ့ရက်ထဲမှာ ပါပါတယ်။
အဲဒီရက်ထဲမှာ သွေးလန့်တာ ဖြစ်တတ်ပါတယ်။
သွေးလန့်ပြီဆိုရင်တော့ ဆေးရုံတင်ပြီး အကြောဆေးရည်သွင်း လိုအပ်တဲ့ကုသမှုခံယူဖို့အရေးကြီးပါတယ်။
၆ရက်ကျော် ၇ရက်မြောက်နောက်ပိုင်းမှ သက်သာလာတတ်ပါတယ်။

👉သွေးလွန်တုပ်ကွေးမှာ အဆင့်(၄)ဆင့် ရှိပါတယ်။
📣Grade I အဖျားကြီးခြင်း၊ကိုယ်လက်မအီမသာဖြစ်ခြင်း၊ကြွက်သားများနာခြင်းစတဲ့ သာမန် ဖျားနာခြင်းတွေမှာ တွေ့ရသလိုပါပဲ။ သွေးပေါင်ချိန်တိုင်းကိရိယာနဲ့ပတ်ပြီးတိုင်းတဲ့ Hess testမှာ (+)ဖြစ်နိုင်ပါတယ်။
📣Grade II ဖျားတာနဲ့ Hess test(+)အပြင် နှာခေါင်းသွေးလျှံခြင်း၊ကော်ဖီအနှစ်ရောင်အန်ခြင်း၊အနီစက်ထွက်ခြင်း စတဲ့သွေးယိုတဲ့ လက္ခဏာများ တွေ့ရနိုင်ပါတယ်။
📣Grade III (Shock )သွေးလန့်ခြင်း
စဖြစ်တဲ့အဆင့်မှာတော့ နုန်းခွေခြင်း၊အစာမဝင်ခြင်း၊ဗိုက်နာခြင်း၊တစ်ကိုယ်လုံးအေးစက်ပြီး ပျော့ခွေနေခြင်း၊အဆင့်၂မှာပါတဲ့ သွေးယိုတဲ့ လက္ခဏာတစ်ခုခုရှိခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
📣Grade IV (profound Shock )သွေးလန့်ခြင်းဖြစ်ပြီး သွေးပေါင်ချိန်၊သွေးခုန်နှုန်း စမ်းမမိတော့သော အခြေအနေရောက်ရင်တော့ အသက်အန္တရာယ်ပါ ရှိနိုင်ပါတယ်။ အဆင့်၃ သွေးလန့်ခြင်း စဖြစ်တဲ့အချိန်မှာ အချိန်မီ
ကုသမယ်ဆိုရင်တော့ မီနိုင်ပါသေးတယ်။

🚨အဖျားကြီးပြီး
-ပျို့ခြင်း အန်ခြင်း
-အစာမဝင်ခြင်း
-နုံးခွေခြင်း
-ဂဏာမငြိမ်ဖြစ်ခြင်း
-အရေပြားတွင် အနီစက်၊အနီပိန့် ထွက်ခြင်း
-ကိုယ်လက်ကိုက်ခဲ မအီမသာဖြစ်ခြင်း
-ဗိုက်အောင့်ခြင်း
-ကော်ဖီအနှစ်ရောင်အန်ခြင်း
-နှာခေါင်းသွေးလျှံခြင်း စတဲ့
လက္ခဏာတွေရှိရင် အရေးကြီးတာမို့
သေချာ စောင့်ကြည့်ဖို့ လိုပါမယ်။

👉သွေးလန့်နိုင်ခြေရှိတဲ့
၃ရက်မှ၅ရက်အတွင်း အေးစက်ပြီး အဖျားကျတဲ့အချိန်မှာ စောင့်ကြည့်ဖို့လိုပါတယ်။
👉ပုံမှန်ဆို အဖျားကျသွားရင် ကလေးက လန်းဆန်းပြီး ဆော့နိုင်စားနိုင်ဖြစ်ရပါမယ်။
👉အဖျားကျသွားပေမယ့် မလန်းဆန်းဘဲ မှိန်းနေမယ်ဆိုရင် သတိထားသင့်ပါတယ်။

🚨သွေးလန့်တဲ့အချိန်မှာတော့ အေးစက်ပြီး အဖျားကကျနေပေမယ့်
ကလေးက မလန်းဘဲ မှိန်းနေမယ်။
ဂဏာမငြိမ်ဖြစ်တတ်ပါတယ်။
အဲဒီလို လက္ခဏာတွေ ဖြစ်လာရင်
သတိထားရပါမယ်။
-လက်ဖျား၊ခြေဖျားတင်မက လက်မောင်း၊လက်ဖျံ၊ခြေသလုံးအပေါ်ပိုင်းထိ
အေးလာတတ်ပါတယ်။

✅အဲဒါကြောင့် ကလေးဖျားရင် စဖျားတဲ့ရက်ကစလို့ ဂရုစိုက်ပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးတိုက်ပြီး အရေးကြီး လက္ခဏာတွေ ရှိမရှိ စောင့်ကြည့်ပေးဖို့လိုပါမယ်။
✅ကိုယ်ပူကြီးရင်
ရေပတ်တိုက်ပေးဖို့လိုပါမယ်။
ပျော့ပျောင်းပြီး အားရှိမယ့် အစားအစာတွေနဲ့အရည်ဓာတ်များများပါအောင် တိုက်ကျွေးရပါမယ်။

✅ကြိုတင်ကာကွယ်ရေးအနေနဲ့
ခြင်မကိုက်အောင် ဂရုစိုက်ရပါမယ်။
ပိုးလောက်လန်း နှိမ်နင်းရေး၊
ခြင်နှိမ်နင်းရေးတွေ လုပ်ရပါမယ်။
ခြင်ပေါက်ပွါးနိုင်တဲ့ ရေဝပ်တဲ့နေရာတွေ
မရှိအောင် လုပ်ရပါမယ်။
✅အေးဒီးစ်ခြင်ကျားက နေ့လည်ဘက်မှာကိုက်တာဖြစ်လို့ ကလေးတွေ နေ့လယ်၊နေ့ခင်းအိပ်ရင်တောင် ခြင်ထောင်နဲ့သိပ်ပါ။

📣ကလေးအထူးကုဆရာဝန်ကြီး
ပါမောက္ခ ဦးစောဝင်း အမြဲသင်ပေးတတ်တဲ့
“ရာသီတိုင်းတွင်
ဖျားနာလျှင်
သွေးလွန်တုပ်ကွေးမှတ်
အဖျားကျစဉ်မလန်းလျှင်
အစဉ်သတိချပ်”
ဆိုပြီး အတိုချုပ်မှတ်နိုင်ပါတယ်

-မိုးရာသီမှာ အဖြစ်များတတ်ပေမယ့် ရာသီတိုင်းမှာ ဂရုစိုက်ရမယ်။
-အဖျားကျသွားတဲ့ကလေးက မလန်းဆန်းရင် သတိထားရပါမယ်။

Credit : DrThazinHnin

# မိတ်ဆွေတို့အတွက် Shwe Clinic & Pharmacy

# သွေးလွန်တုတ်ကွေး
# ရွှေ
# ကလေးအထူးကုဆေးခန်း
# ဆေးဆိုင်
# Shwe
# Clinic
# Pharmacy

ဆေးခန်းအတွက်လိုအပ်သော ဆေးမှတ်တမ်းစာအုပ်အားလက်ဆောင်ပေးသော Nazco Trading LTD အား ရွှေ ကလေးအထူးကုဆေးခန်းနှင့်ဆေးဆိုင် မှ ကျ...
18/07/2025

ဆေးခန်းအတွက်လိုအပ်သော ဆေးမှတ်တမ်းစာအုပ်အားလက်ဆောင်ပေးသော Nazco Trading LTD အား
ရွှေ ကလေးအထူးကုဆေးခန်းနှင့်ဆေးဆိုင် မှ ကျေးဇူးတင်ရှိပါကြောင်း။

# မိတ်ဆျွတို့အတွက် Shwe Clinic & Pharmacy
# Shwe
# Clinic
# Pharmacy
# ရွှေ
# ကလေးအထူးကုဆေးခန်း
# ဆေးဆိုင်

ရွှေ ကလေးအထူးကုဆေးခန်းအားညနေ 5:30 မှ ည 8:00 နာရီထိ ဖွင့်လှစ်ထားပါတယ်ရွှေ ဆေးဆိုင် ဖွင့်ချိန် နံနက် 7:00 မှ ည 9:30 ထိပိတ်...
17/07/2025

ရွှေ ကလေးအထူးကုဆေးခန်းအား
ညနေ 5:30 မှ ည 8:00 နာရီထိ ဖွင့်လှစ်ထားပါတယ်
ရွှေ ဆေးဆိုင် ဖွင့်ချိန် နံနက် 7:00 မှ ည 9:30 ထိ
ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ် ခင်ဗျာ။

Clinic Booking Ph:

09 789 289 796, 09 789 429 463

# မိတ်ဆွေတို့အတွက် Shwe Clinic & Pharmacy
# Shwe
# Clinic
# Pharmacy
# ရွှေ
# ကလေးအထူးကုဆေးခန်း
# ဆေးဆိုင်

Address

Aung Myinttar Road
Hlaing

Opening Hours

Monday 17:30 - 20:00
Tuesday 17:30 - 20:00
Wednesday 17:30 - 20:00
Thursday 17:30 - 20:00
Friday 17:30 - 20:00
Saturday 17:30 - 20:00
Sunday 17:30 - 20:00

Website

Alerts

Be the first to know and let us send you an email when Shwe Clinic & Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share