06/01/2026
သွားပိုးစားတာက သေးသေးလေးကနေ စတာပါ👀
ဒါပေမဲ့ အချိန်မီ သတိမထားမိရင် သွားအကြောသတ်ကုသဖို့ (Root Canal) လိုအပ်နိုင်သလို၊ ပိုဆိုးရင် သွားကို နှုတ်ပစ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။
ဒီလိုမဖြစ်အောင် "သွားဖာခြင်း" (Dental Filling) က ဘယ်လောက်အထိ အရေးပါလဲဆိုတာ Jasmine Dental Center မှ အချက် (၅) ချက်နဲ့ ရှင်းပြပေးပါမယ်။
👉သွားဖာခြင်းဟာ သွားပိုးစားနေတဲ့ အစိတ်အပိုင်းကို ဖယ်ရှားပြီး ပိုးစားတာ ပိုမဆိုးရွားအောင် အချိန်မီ ရပ်တန့်စေနိုင်ပါတယ်။ ဒါဟာ သွားအကြောထိအောင် မရောက်ဖို့ အရေးကြီးဆုံး ကာကွယ်မှုပါ။
👉သွားပိုးစားလို့ ဖြစ်ပေါ်လာတဲ့ အပူ/အအေး မခံနိုင်တာတွေကို သွားဖာလိုက်တာနဲ့ ချက်ချင်း သက်သာပျောက်ကင်းစေပါတယ်။
👉ပိုးစားလို့ ပျက်စီးသွားတဲ့ သွားရဲ့ အပေါက်တွေကို သေချာဖာလိုက်တဲ့အခါ သွားဟာ မူလပုံစံအတိုင်း ပြန်ဖြစ်လာပြီး အစာကို ပုံမှန်အတိုင်း ပြန်ဝါးနိုင်ပါတယ်။
👉ယနေ့ခေတ် သွားဖာတဲ့ ပစ္စည်းတွေထဲမှာ Dental Composite ဆိုတာ သွားအရောင်အတိုင်း ဖာနိုင်တဲ့အတွက် သွားဖာထားမှန်း မသိသာဘဲ သဘာဝအတိုင်း လှပစေပါတယ်။
👉သွားပိုးစားတာကို အချိန်မီ ဖာလိုက်တဲ့အခါ သွားအကြောသတ်ကုသခြင်း (Root Canal Treatment) ၊ သွားကို နှုတ်ပစ်ရခြင်း စတဲ့အခြေအနေတွေ မရောက်အောင် ကာကွယ်ပေးပါတယ်။
ဒါကြောင့် သွားပိုးပေါက်ဖြစ်ရင် ဒီတိုင်းမထားဘဲ စောစောဖာနိုင်လေ၊ သွားလည်းမနာ၊ ကုန်ကျစရိတ်လည်း သက်သာပြီး အချိန်ကုန်သက်သာလေဖြစ်လို့ သင့်သွားကျန်းမာရေးအတွက် အသေးစိတ်ဆွေးနွေးလိုပါက Jasmine Dental Center ကို အခုပဲ ဆက်သွယ်လိုက်တော့နော်👩⚕️
𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡 - အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊ ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳
Google Map Link >>Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)
𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡- အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။ ☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲
Google Map Link >>Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma)
filling