ရတနာအောင်မြေကျောင်းတိုက် ရိပ်သာ-လှည်းကူးမြို့နယ်၊ ရန်ကုန်

  • Home
  • Myanmar
  • Hlegu
  • ရတနာအောင်မြေကျောင်းတိုက် ရိပ်သာ-လှည်းကူးမြို့နယ်၊ ရန်ကုန်

ရတနာအောင်မြေကျောင်းတိုက် ရိပ်သာ-လှည်းကူးမြို့နယ်၊ ရန်ကုန် အချိန်တန်ရင် ရောက်လာမှာပါ၊ အချိန်ကျရင် ပြီးမြောက်သွားမှာပါ။

🙏🏻မောင်ကုဋေထွန်း+မရည်မွန်ကြည် မိသားစုတို့က ပစ္စည်းလေးပါး ကုသိုလ် အလှုု ဆက်ကပ်ကြပါသည်။🌸🪷🪷🪷🪷🪷🪷🪷🪷🪷🪷🌸ကုသိုလ်ရှင်မိသားစုများ ...
31/03/2026

🙏🏻မောင်ကုဋေထွန်း+မရည်မွန်ကြည် မိသားစုတို့က ပစ္စည်းလေးပါး ကုသိုလ် အလှုု ဆက်ကပ်ကြပါသည်။

🌸🪷🪷🪷🪷🪷🪷🪷🪷🪷🪷🌸

ကုသိုလ်ရှင်မိသားစုများ အားလုံး..
ယနေ့မှစ၍
ကျန်းမာချမ်းမြေ့ ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ...။

စိတ်ရှိတိုင်း လှုုနိုင်တန်းနိုင်ပေးကမ်းနိုင်ကြပါစေ...။

စိတ်ရှိတိုင်းကြီးပွား အောင်မြင်ချမ်းသာကြပါစေ...။

#ဘဝလမ်းဓမ္မလမ်းတွေဖြောင့်ဖြူးသာယာရှိကြပါစေ။

မိမိကောင်းမှု့၊
အကြောင်းပြု၊
တောင်းဆုထွေထွေ ပြည့်ဝပါစေ။

#နိဗ္ဗာန်ရည်မျှော်ကုသိုလ်တော်နတ်လူသာဓုခေါ်စေသော်။

၃၁.၃ .၂၀၂၆.

■ အချိန်တွေကို ဘယ်သူ့အတွက် အသုံးချနေသလဲ ? မိမိအင်မတန် ချစ်မြတ်နိုးနေတဲ့ ခန္ဓာအိမ်၊ မိမိ အင်မတန် ချစ်မြတ်နိုးနေတဲ့ သားငယ်...
31/03/2026

■ အချိန်တွေကို ဘယ်သူ့အတွက် အသုံးချနေသလဲ ?

မိမိအင်မတန် ချစ်မြတ်နိုးနေတဲ့ ခန္ဓာအိမ်၊ မိမိ အင်မတန် ချစ်မြတ်နိုးနေတဲ့ သားငယ်၊ သမီးငယ်၊ ဇနီးငယ်၊ မြေးငယ်၊ ပစ္စည်းတွေ နောက်ဆုံး ဘယ်တော့မှ မတွေ့ကြရတော့ဘူး။

တစ်ယောက်နဲ့ တစ်ယောက် ခွဲရတော့မယ်။ အခု..ခဏလေး ခွဲတာတောင်မှ ဘယ်လို ဖြစ်နေလဲ ?

ဟိုမှာ...နောက်ထပ် ဘယ်တော့မှ မတွေ့သော ခွဲခြင်းဖြင့် ခွဲရတော့မယ်.. ။
အဲဒီ အချိန်မှာ~ ဝမ်းမနည်း ဘူးလား ?
ဝမ်းနည်းတယ် !

အဲဒီမှာ~ ဒီ ဓာတ်ကို နိုင်အောင် နှိမ်နှင်းနိုင်တဲ့ စွမ်းအားတွေက ကြိုတင်ပြင်ဆင်မှု မရှိရင် မဖြစ်နိုင်ဘူး.. ။
အဲဒီ အခါကျမှ.. !
ဝမ်းနည်းနေတဲ့ စိတ်နဲ့ ဘဝကို အဆုံးသတ်သွားခဲ့ရင် !
" သမ္မောဟ မရဏ " လို့ခေါ်တယ် .. တွေတွေ ဝေဝေနဲ့ ဘဝကို အဆုံးသတ်ရတယ် မည်တယ်။

ဒီထက်ပိုဆိုးတာက.. !
▪︎ မကောင်းတဲ့ ဒုစရိုက် အမျိုးမျိုးတွေကို လွန်ကျူးခဲ့ဘူးတယ် ။
▪︎ မကောင်းတဲ့ အကုသိုလ် အမျိုးမျိုးတွေကို လွန်ကျူးခဲ့ဘူးတဲ့ အတွက် ထိုပုဂ္ဂိုလ် သေခါနီးကာလမှာ မကောင်းတဲ့ နိမိတ်တွေ ထင်လာပြီဆိုတဲ့ အခါကျမှ ဝမ်းနည်းကြေကွဲပြီး ဘဝကို အဆုံးသတ်ခဲ့ရရင် ဒီပုဂ္ဂိုလ်ရဲ့ သေနည်းဟာလည်း " သမ္မောဟ မရဏ " ပဲ။

နောက်တစ်နည်းက !
အဲဒီ ပုံစံမျိုးတော့ မရှိဘူး။ ဒါပေမယ့်..!
▪︎ သေခါနီးမှာ အားကိုးရာ တစ်ခု ရှာဖွေတယ်။
▪︎ သီလပိုင်း ကြည့်လိုက်တော့လည်း အားမကိုးရ။
▪︎ သမာဓိ ကြည့်လိုက်တော့လည်း အားကိုးလို့ မရ။
▪︎ ပညာပိုင်း ကြည့်လိုက်တော့လည်း အားကိုးလို့ မရ။

ဘာမှပြန်ပြီး တရားတွေက နှလုံးသွင်းလို့က မရတော့ ဘာဖြစ်လာလဲ ? ပူပန်သောကတွေ ဖြစ်လာပြီ ။ အဲဒီလိုနဲ့ ဘဝကို အဆုံးသတ်ရရင်လည်း
ဒါလည်း " သမ္မောဟ မရဏပဲ "

အဲဒီလို " သမ္မောဟ မရဏ " နဲ့ သေခဲ့ရင်တော့ ကောင်းရာ သုဂတိ ရောက်ပါ့မလား ?
မရောက်တော့ဘူး ။

မိမိတို့ ကောင်းရာ သုဂတိ ရောက်မယ်ဆိုရင် ရောက်နိုင်တဲ့ နည်းကောင်း၊ လမ်းကောင်း၊ စနစ်ကောင်းကြီးတွေ ရှိရဲ့သားနဲ့ !

ဒီ မိမိအတွက် အရေးကြီးတဲ့ လုပ်ငန်းခွင်တွေကို မလုပ်ဘဲ သူတပါးအတွက် သားအတွက်၊ သမီးအတွက်၊ ဇနီးအတွက်၊ မြေးအတွက် ဘဝကို အချိန်တွေ အများကြီး အသုံးချနေကြမယ် ဆိုရင်.. !

အဲဒီလို ပုဂ္ဂိုလ်လောက် မိုက်တဲ့ ပုဂ္ဂိုလ် ရှိဦီးမလား ? မရှိတော့ဘူး.. ။
သတိထားကြပါ ။

#ဖားအောက်ဆရာတော်ဘဒ္ဒန္တအာစိဏ္ဏမဟာထေရ်
🙏🙏🙏
#𝐌𝐲𝐚𝐏𝐚𝐧𝐡𝐭𝐰𝐚𝐫❣️

🙏🏻အမြင်ပျံတဲ့ သူတိုင်းမှာပျံနိုင်အားလည်း ရှိဖို့ လိုတယ်။ခံနိုင်အားလည်း ရှိဖို့ လိုတယ်နော်…မေတ္တသုတ်နဲ့ ပဌာန်းလည်းရွက်ပေး...
31/03/2026

🙏🏻အမြင်ပျံတဲ့ သူတိုင်းမှာ
ပျံနိုင်အားလည်း ရှိဖို့ လိုတယ်။

ခံနိုင်အားလည်း ရှိဖို့ လိုတယ်နော်…

မေတ္တသုတ်နဲ့ ပဌာန်းလည်းရွက်ပေး… နော်..

ယနေ့ ဆရာတော်ဒေါက်တာအရှင်အဂ္ဂဇေယျ မှ သရုပ်ဆောင် မေပန်းချီ တို့ကို ဩဝါဒတရားစကားချီးမြှင့်ပါသည်။

၃၁.၃.၂၀၂၆.

"🙏ယနေ့  ဦးကိုကိုလေး+ဒေါ်ဆင့်ဆင့်ခိုင် မိသားစုတို့က ပစ္စည်းလေးပါး အလှုု-  လှုုဒါန်းပြီး ...ဆရာတော်က စာအုပ်အလှုု လှုုဒါန်း...
31/03/2026

"🙏ယနေ့ ဦးကိုကိုလေး+ဒေါ်ဆင့်ဆင့်ခိုင် မိသားစုတို့က ပစ္စည်းလေးပါး အလှုု- လှုုဒါန်းပြီး ...
ဆရာတော်က စာအုပ်အလှုု လှုုဒါန်းပါသည်..။

🌸🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🌸

ကုသိုလ်ရှင်မိသားစုများ အားလုံး..
ယနေ့မှစ၍
ကျန်းမာချမ်းမြေ့ ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ...။

စိတ်ရှိတိုင်း လှုုနိုင်တန်းနိုင်ပေးကမ်းနိုင်ကြပါစေ...။

စိတ်ရှိတိုင်းကြီးပွား အောင်မြင်ချမ်းသာကြပါစေ...။

#ဘဝလမ်းဓမ္မလမ်းတွေဖြောင့်ဖြူးသာယာရှိကြပါစေ။

မိမိကောင်းမှု့၊
အကြောင်းပြု၊
တောင်းဆုထွေထွေ ပြည့်ဝပါစေ။

#နိဗ္ဗာန်ရည်မျှော်ကုသိုလ်တော်နတ်လူသာဓုခေါ်စေသော်။

၃၁.၃ .၂၀၂၆.

"ယနေ့   #မဝေဝေလွင် ( ခ) လုံကျန်ရင် မိသားစု၏ လစဉ်အာစိဏ္ဏကံ ကုသိုလ်"ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်း ၇ မိ...
31/03/2026

"ယနေ့ #မဝေဝေလွင် ( ခ) လုံကျန်ရင် မိသားစု၏ လစဉ်အာစိဏ္ဏကံ ကုသိုလ်"

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်း ၇ မိုင် ၆ ဖာလုံ၊
ရတနာအောင်မြေကျောင်းတိုက်၌

#မဝေဝေလွင် (ခ) လုံကျန်ရင်
မိသားစု တို့က
ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါး အလို့ငှါ လစဉ်အာစိဏ္ဏကံကုသိုလ် (၁) သိန်းကျပ်
ဆက်ကပ်လှုုဒါန်းပါသည်။

🪷🦋🌸🪷🦋🌸🪷🦋🌸 ✨🙏✨🙏✨🙏✨🙏

ဒဒ တော ပုညံ ပဝဍ္ဎတိ၊
သံယမတော ဝေရံ န စီယတိ။
ကုသလတော စ ဇဟာတိ ပါပကံ၊
ရာဂဒေါသမောဟက္ခယာ သနိဗ္ဗုတော ”တိ ။
(မဟာဝဂ္ဂ ပါဠိ. ၁၁၃)

၁.ပေးလှူသူအား ကောင်းမှုသာ တိုးပွား၏၊
၂.စောင့်စည်းသူအား ရန်မပွားနိုင်၊
၃.ဥာဏ်ရှိသူသည် မကောင်းမှုကို ပယ်စွန့်၏၊
၄.ထိုသို့ (ပယ်စွန့်) သူသည် ရာဂ ဒေါသ မောဟ တို့ကုန်၍ ကိလေသာမီး ငြိမ်းအေးလေတော့သတည်း”

🍄🌷🍄🌷 🪴🪴🪴

*******************************************

#ဘဝလမ်းဓမ္မလမ်းတွေဖြောင့်တန်းသာယာကြပါစေ။💎

မိမိကောင်းမှု၊
အကြောင်းပြု၊
တောင်းဆုထွေထွေပြည့်ပါစေ။🌸

နိဗ္ဗာန်ရည်မျှော်၊
ကုသိုလ်တော်၊
နတ်လူသာဓုခေါ်စေသောဝ်။🌸

၃၁.၃.၂၀၂၆.

"🙏သင်္ကြန်တရားစခန်းအတွက်ယနေ့  #ကိုသိန်းထိုက်စိုး + မသင်းသီရိလှိုင် မိသားစု ၏ ဆီအလှုုကုသိုလ်” ရန်ကုန်တိုင်းဒေသကြီး၊ လှည်း...
31/03/2026

"🙏သင်္ကြန်တရားစခန်းအတွက်
ယနေ့ #ကိုသိန်းထိုက်စိုး + မသင်းသီရိလှိုင် မိသားစု ၏ ဆီအလှုုကုသိုလ်”

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်း ၇ မိုင် ၆ ဖာလုံ၊ ရတနာအောင်မြေ ကျောင်းတိုက်ရိပ်သာ၌.....,📄

🪷 🫧 🌸 🫧 🌸 🫧 🌸 🫧 🌸 🪷

#ကိုသိန်းထိုက်စိုး + မသင်းသီရိလှိုင်
သား_မောင်ပြည့်စုံချမ်းမင်း၊ သမီး_မယွန်းရွှေဘုံ မိသားစုက သင်္ကြန်တရားစခန်းအတွက် ဆီ အလှုု ဆက်ကပ်ကုသိုလ်ဒါနပြုကြပါသည်။

🍲🫧🍲🫧🍲🫧🍲🫧🍲🫧🍲

ဒဒ တော ပုညံ ပဝဍ္ဎတိ၊
သံယမတော ဝေရံ န စီယတိ။
ကုသလတော စ ဇဟာတိ ပါပကံ၊
ရာဂဒေါသမောဟက္ခယာ သနိဗ္ဗုတော ”တိ ။
(မဟာဝဂ္ဂ ပါဠိ. ၁၁၃)

၁.ပေးလှူသူအား ကောင်းမှုသာ တိုးပွား၏၊
၂.စောင့်စည်းသူအား ရန်မပွားနိုင်၊
၃.ဥာဏ်ရှိသူသည် မကောင်းမှုကို ပယ်စွန့်၏၊
၄.ထိုသို့ (ပယ်စွန့်) သူသည် ရာဂ ဒေါသ မောဟ တို့ကုန်၍ ကိလေသာမီး ငြိမ်းအေးလေတော့သတည်း”

🙏🙏🙏🙏🙏🙏🙏🙏🙏

ဤကုသိုလ်ကောင်းမှုအစုစုတို့ကို အားလုံး ကြားသိ သိရှိပြီး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ။

မိသားစုအားလုံး
ရောဂါတွေကင်းပါစေ။
ဘေးရန်တွေကင်းပါစေ။
ဆင်းရဲတွေကင်းပါစေ။
စီးပွားတွေတိုးတက်ပါစေ။
ဘုန်းကံတွေကြီးမားကြပါစေ။
တရားထူးတရားမြတ်များသိမြင်နိုင်ကြပါစေ။


အလိုက်သိစေတနာ
ကာလဒါနအလှူ၏အကျိုး

ကာလဒါနရဲ့ ထူးခြားတဲ့အကျိုးက အလိုက်သိစေတနာ ဖြစ်တာကြောင့် ဘဝသံသရာခရီးတလျှောက် နိဗ္ဗာန်ဦးတည်သွားတဲ့အခါ သူက အလိုက်သိသိနဲ့ လိုအပ်တဲ့အခါ လိုအပ်တဲ့နေရာမှာ လိုတာကို ပေးပါတယ်။

ပညာသင်ရမယ့်အချိန်မှာ ပညာသင်လို့အဆင်ပြေအောင် အကျိုးပေးတယ်။

စီးပွားရှာရမယ့်အချိန်မှာ စီးပွားရေးအဆင်ပြေအောင် အကျိုးပေးတယ်။

ခရီးသွားရမယ့်အချိန်မှာ ခရီးသွားလို့အဆင်ပြေအောင် အကျိုးပေးတယ်။

တရားရှာရမယ့်အချိန်မှာ တရားအလုပ်လုပ်လို့အဆင်ပြေအောင် အလိုက်သိသိ အချိန်ကိုက် အကျိုးပေးတယ်။

(ကျေးဇူးတော်ရှင်
တိပိဋက ဓရ ယောဆရာတော်)

*******************************************

#ဘဝလမ်းဓမ္မလမ်းတွေဖြောင့်တန်းသာယာကြပါစေ။

မိမိကောင်းမှု၊
အကြောင်းပြု၊
တောင်းဆုထွေထွေပြည့်ပါစေ။

နိဗ္ဗာန်ရည်မျှော်၊
ကုသိုလ်တော်၊
နတ်လူသာဓုခေါ်စေသောဝ်။

၃၁.၃. ၂၀၂၆.

"🙏ယနေ့  မလင်းလင်းသိမ့်၊ မနော်ဝင်းနီထိုက် နှင့် ဓမ္မမိတ်တွေများ၏ ကုသိုလ်  🌸"ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်၊အမြန်လမ...
31/03/2026

"🙏ယနေ့ မလင်းလင်းသိမ့်၊ မနော်ဝင်းနီထိုက် နှင့် ဓမ္မမိတ်တွေများ၏ ကုသိုလ် 🌸"

ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်၊အမြန်လမ်း (၇)မိုင် (၆)ဖာလုံ၊ရတနာအောင်မြေကျောင်းတိုက် ရိပ်သာ၌ .....,🏛️

🙏🌼💐🌼💐🌼💐🙏
မိဘဆရာများ ဦးထိပ်ထား၍
မလင်းလင်းသိမ့်၊ မနော်ဝင်းနီထိုက် နှင့် ဓမ္မမိတ်ဆွေများက တရားစခန်းအတွက် ပစ္စည်းလေးပါး အလို့ငှါ နဝကမ္မ အလှုု ဆက်ကပ်ပါသည်။

ဆရာတော်မှ စာအုပ်များ လှုုဒါန်းပါသည်။

🌸🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🌸

ကုသိုလ်ရှင်မိသားစုများ အားလုံး..
ယနေ့မှစ၍
ကျန်းမာချမ်းမြေ့ ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ...။

စိတ်ရှိတိုင်း လှုုနိုင်တန်းနိုင်ပေးကမ်းနိုင်ကြပါစေ...။

စိတ်ရှိတိုင်းကြီးပွား အောင်မြင်ချမ်းသာကြပါစေ...။

#ဘဝလမ်းဓမ္မလမ်းတွေဖြောင့်ဖြူးသာယာရှိကြပါစေ။

မိမိကောင်းမှု့၊
အကြောင်းပြု၊
တောင်းဆုထွေထွေ ပြည့်ဝပါစေ။

#နိဗ္ဗာန်ရည်မျှော်ကုသိုလ်တော်နတ်လူသာဓုခေါ်စေသော်။

၃၁.၃ .၂၀၂၆.

ယနေ့  သရက်ကုန်းရွာ မိသားစု၍ နေ့ဆွမ်းဒါန ကုသိုလ် အလှုု🧘‍♂️🧘‍♂️🪷✨🧘‍♂️🪷✨🧘‍♂️🪷✨🧘‍♂️ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အ...
31/03/2026

ယနေ့ သရက်ကုန်းရွာ မိသားစု၍ နေ့ဆွမ်းဒါန ကုသိုလ် အလှုု

🧘‍♂️🧘‍♂️🪷✨🧘‍♂️🪷✨🧘‍♂️🪷✨🧘‍♂️

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်း ၇ မိုင် ၆ ဖာလုံ၊ ရတနာအောင်မြေကျောင်းတိုက်ရိပ်သာ၌ -

မိဘဆရာများ အမှုုးထား၍
ကိုထွန်းထွန်းဝင်း+မဇင်မာသိန်း
ကိုဉာဏ်ဝင်း+မအေးမာဖြိုး
ကိုကိုကျော်+ဒေါ်စန္ဒာနွယ်
ကိုရဲသီဟထွန်း+မနော်လာရှီး
သရက်ကုန်းရွာ မိသားစုက နေ့ဆွမ်းဒါန ကုသိုလ် အလှုု၊ နဝကမ္မ အလှုု စသည်တို့ကို
အသီးသီး ဆက်ကပ်ကြပါသည်။

🌸🪷✨🧘‍♂️🪷✨🧘‍♂️🪷✨🧘‍♂️🪷✨🧘‍♂️🌸

ဒဒ တော ပုညံ ပဝဍ္ဎတိ၊
သံယမတော ဝေရံ န စီယတိ။
ကုသလတော စ ဇဟာတိ ပါပကံ၊
ရာဂဒေါသမောဟက္ခယာ သနိဗ္ဗုတော ”တိ ။
(မဟာဝဂ္ဂ ပါဠိ. ၁၁၃)

၁.ပေးလှူသူအား ကောင်းမှုသာ တိုးပွား၏၊
၂.စောင့်စည်းသူအား ရန်မပွားနိုင်၊
၃.ဥာဏ်ရှိသူသည် မကောင်းမှုကို ပယ်စွန့်၏၊
၄.ထိုသို့ (ပယ်စွန့်) သူသည် ရာဂ ဒေါသ မောဟ တို့ကုန်၍ ကိလေသာမီး ငြိမ်းအေးလေတော့သတည်း”

🍚🍚🍚 ဆွမ်းအလှူတော် 🍚🍚🍚

🙏 ဆွမ်းလှုခြင်းအကျိုး((၅)ပါး

သက်ရှည်ဆင်းလှ၊ ချမ်းသာရ၊ ဗလဉာဏ်ပညာ၊
ဆွမ်းလှုအကျိုး၊ ဤငါးမျိုး၊တန်ခိုးကြီးလှစွာ။

၁။အာယု = အသက်ရှည်ခြင်းလုံး။
၂။ဝဏ္ဏ= အဆင်းလှခြင်း။
၃။သုခ= ချမ်းသာများခြင်း။
၄။ဗလ=ခွန်အားကြီးခြင်း။
၅။ပဋိဘာန= ဉာဏ်ပညာကြီးခြင်း။

ဤကုသိုလ်ကောင်းမှုအစုစုတို့ကို အားလုံး ကြားသိ သိရှိပြီး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ။

မိသားစုအားလုံး
✨ရောဂါတွေကင်းပါစေ။
✨ဘေးရန်တွေကင်းပါစေ။
✨ဆင်းရဲတွေကင်းပါစေ။
✨စီးပွားတွေတိုးတက်ပါစေ။
✨ဘုန်းကံတွေကြီးမားကြပါစေ။
✨တရားထူးတရားမြတ်များသိမြင်နိုင်ကြပါစေ။



*******************************************

#ဘဝလမ်းဓမ္မလမ်းတွေဖြောင့်တန်းသာယာကြပါစေ။💎

မိမိကောင်းမှု၊
အကြောင်းပြု၊
တောင်းဆုထွေထွေပြည့်ပါစေ။🌸

နိဗ္ဗာန်ရည်မျှော်၊
ကုသိုလ်တော်၊
နတ်လူသာဓုခေါ်စေသောဝ်။🌸

၃၁. ၃. ၂၀၂၆.

"🙏ယနေ့  သရက်ကုန်းရွာ မိသားစု၏ ရှင်ပြု ရဟန်းခံကုသိုလ် အလှုု 🌸"ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်၊အမြန်လမ်း (၇)မိုင် (၆...
31/03/2026

"🙏ယနေ့ သရက်ကုန်းရွာ မိသားစု၏ ရှင်ပြု ရဟန်းခံကုသိုလ် အလှုု 🌸"

ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်၊အမြန်လမ်း (၇)မိုင် (၆)ဖာလုံ၊ရတနာအောင်မြေကျောင်းတိုက် ရိပ်သာ၌ .....,🏛️

🙏🌼💐🌼💐🌼💐🙏
မိဘဆရာများ ဦးထိပ်ထား၍

ဦးသိန်းလွင်- ဦးသာသန
မောင်သူရိန်သန့်- သူရိယ
မောင်စိုင်းထွဋ်အောင်ဝင်း- ဉာဏသာမိ
မောင်ခန့်စည်ဟိန်း- ပညာသီဟ
မောင်ရဲရင့်မင်းမြတ်- ရာဟုလာ
မောင်အောင်သီဟ- အာလောက အဖြစ်သို့ ရှင်ပြု ရဟန်းခံ

ကုသိုလ်ပြုကြပါသည်။

🌸🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🌸

ကုသိုလ်ရှင်မိသားစုများ အားလုံး..
ယနေ့မှစ၍
ကျန်းမာချမ်းမြေ့ ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ...။

စိတ်ရှိတိုင်း လှုုနိုင်တန်းနိုင်ပေးကမ်းနိုင်ကြပါစေ...။

စိတ်ရှိတိုင်းကြီးပွား အောင်မြင်ချမ်းသာကြပါစေ...။

#ဘဝလမ်းဓမ္မလမ်းတွေဖြောင့်ဖြူးသာယာရှိကြပါစေ။

မိမိကောင်းမှု့၊
အကြောင်းပြု၊
တောင်းဆုထွေထွေ ပြည့်ဝပါစေ။

#နိဗ္ဗာန်ရည်မျှော်ကုသိုလ်တော်နတ်လူသာဓုခေါ်စေသော်။

၃၁.၃ .၂၀၂၆.

"🙏ယနေ့  သရက်ကုန်းရွာ မိသားစု၏ သာသနာ့အနွယ်ဝင် သီလရှင်အဖြစ်ခံယူခြင်းကုသိုလ် 🌸"ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်၊အမြန်လ...
31/03/2026

"🙏ယနေ့ သရက်ကုန်းရွာ မိသားစု၏ သာသနာ့အနွယ်ဝင် သီလရှင်အဖြစ်ခံယူခြင်းကုသိုလ် 🌸"

ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်၊အမြန်လမ်း (၇)မိုင် (၆)ဖာလုံ၊ရတနာအောင်မြေကျောင်းတိုက် ရိပ်သာ၌ .....,🏛️

🙏🌼💐🌼💐🌼💐🙏
မိဘဆရာများ ဦးထိပ်ထား၍
မရွှေဝတ်ရည် -ဝရဉာဏီ
မဆုထက်ထက်ဝင်း- ဆေကဝတီ တို့က သာသနာ့နွယ်ဝင် သီလရှင်အဖြစ်ခံယူကြပါသည်။

🌸🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🌸

ကုသိုလ်ရှင်မိသားစုများ အားလုံး..
ယနေ့မှစ၍
ကျန်းမာချမ်းမြေ့ ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ...။

စိတ်ရှိတိုင်း လှုုနိုင်တန်းနိုင်ပေးကမ်းနိုင်ကြပါစေ...။

စိတ်ရှိတိုင်းကြီးပွား အောင်မြင်ချမ်းသာကြပါစေ...။

#ဘဝလမ်းဓမ္မလမ်းတွေဖြောင့်ဖြူးသာယာရှိကြပါစေ။

မိမိကောင်းမှု့၊
အကြောင်းပြု၊
တောင်းဆုထွေထွေ ပြည့်ဝပါစေ။

#နိဗ္ဗာန်ရည်မျှော်ကုသိုလ်တော်နတ်လူသာဓုခေါ်စေသော်။

၃၁.၃ .၂၀၂၆.

31/03/2026

ကေသာ သုညာ
ဆံပင်သည် ငါ သူတစ်ပါး ယောကျာ်း မိန်းမ မဟုတ်.

၃၁.၃.၂၀၂၆.

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ #အလှုုတကာ့အလှုုတွေထဲမှာတရားအလှုုဟာ အမြတ်ဆုံး။ရန်ကုန်တိုင်းဒေသကြီး ၊လှည်းကူးမြို့နယ် ၊အမြန်လမ်း...
31/03/2026

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊
#အလှုုတကာ့အလှုုတွေထဲမှာ
တရားအလှုုဟာ အမြတ်ဆုံး။

ရန်ကုန်တိုင်းဒေသကြီး ၊လှည်းကူးမြို့နယ် ၊အမြန်လမ်း(၇)မိုင်(၆)ဖာလုံ၊ရတနာအောင်မြေကျောင်းတိုက်ရိပ်သာ၌ ...

ဦးထော်+ဒေါ်နန်းပု - မိသားစုနှင့် ဓမ္မမိတ်ဆွေများဖြစ်ကြသော...

#ဦးကျော်မြင့်+ဒေါ်မေသီ မိသားစု ဖျာ (၅) ချပ်၊ (၅၀၀၀၀)။

ဓမ္မဒါနအလှုု ၊ ပညာဒါန
ကုသိုလ်အလှူ ဆက်ကပ်လှူဒါန်း ကုသိုလ်ပြုပါသည်။

🎑🦋🕯️🪷🦋🕯️🪷🎑🦋🕯️🪷🎑

🌻ပညာဒါန ဥှိ လောကသ္မိံ မနုဿသမ္ပတ္တိံ ဒေဝသမ္ပတ္တိံ သာဝကဗောဓိဉာဏံ ပစ္စေကဗောဓိဉာဏံ သမ္မာသမ္ဗောဓိဉာဏံ ဒဒါတိ.

🌺ပညာဒါနပေးလှုုတဲ့သူဟာ... လူ့ချမ်းသာကို နတ်ချမ်းသာကိုလည်း ပေးတယ်။
သာဝကဗောဓိဉာဏ် ပစ္စေကဗောဓိဉာဏ် သမ္မာသမ္ဗောဓိဉာဏ်တို့ကိုလည်း ပေးပါတယ်။

🪔🪔🪷🪷🪷🪷🪷🪷🪷🪔🪔

မိသားစုအားလုံး
ရောဂါတွေကင်းပါစေ။
ဘေးရန်တွေကင်းပါစေ။
ဆင်းရဲတွေကင်းပါစေ။
စီးပွားတွေတိုးတက်ပါစေ။
ဘုန်းကံတွေကြီးမားကြပါစေ။
တရားထူးတရားမြတ်များသိမြင်နိုင်ကြပါစေ...

*******************************************

#ဘဝလမ်းဓမ္မလမ်းတွေဖြောင့်တန်းသာယာကြပါစေ။💎

မိမိကောင်းမှု၊
အကြောင်းပြု၊
တောင်းဆုထွေထွေပြည့်ပါစေ။🌸

နိဗ္ဗာန်ရည်မျှော်၊
ကုသိုလ်တော်၊
နတ်လူသာဓုခေါ်စေသောဝ်။

၃၁. ၃. ၂၀၂၆.

Address

Hlegu

Telephone

+959250819531

Website

Alerts

Be the first to know and let us send you an email when ရတနာအောင်မြေကျောင်းတိုက် ရိပ်သာ-လှည်းကူးမြို့နယ်၊ ရန်ကုန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share