Shwe Hlegu Pharmacy

Shwe Hlegu Pharmacy ဆေးဝါးနှင့် ဆေးအကြောင်းများမျှဝေပေးသွားပါမည်

13/08/2023
18/06/2023
 #ငါးကြီးဆီ ဆေးလုံးလေးတွေရဲ့ ကောင်းကျိုးတွေ〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️🐠 လူကြီးတွေ တော်တော်များများ ထမင်းစားပြီးတဲ့အချိန...
23/10/2022

#ငါးကြီးဆီ ဆေးလုံးလေးတွေရဲ့ ကောင်းကျိုးတွေ
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

🐠 လူကြီးတွေ တော်တော်များများ ထမင်းစားပြီးတဲ့အချိန်ဆိုရင် Docosahexaenoic Acid (Dha) ငါးကြီးဆီဆေးလုံးလေးတွေ သောက်တာ မြင်ဖူးကြမှာပါ။

ငါးကြီးဆီဆိုတာ ဦးနှောက်ဉာဏ်ရည် အတွက်သာမက အမြင်အာရုံနဲ့ နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်တယ်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်တွေကိုယ်တိုင်ကပါ ငါးကြီးဆီဆေးလုံးတွေကို အသက်အရွယ်မရွေး သောက်သင့်တယ်လို့ ညွှန်ပေးကြပါတယ်။

#ငါးကြီးဆီက ပေးနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
🫀 ၁။ အိုမီဂါ ၃ မှာ အဆီအနှစ်တွေပါလို့ နှလုံးကို ကျန်းမာစေတယ်။ ကိုယ်ခန္ဓါက ထုတ်လုပ်ပေးနိုင်ခြင်း မရှိတဲ့အတွက် နေ့စဉ်စားနေတဲ့ အစာအာဟာရနဲ့ ဖြည့်စွက်စာအားဆေးတွေမှာ အိုမီဂါ – ၃ အဆီအနှစ် မဖြစ်မနေ ပါဝင်ဖို့ လိုပါတယ်။

၂။ 👁 ကိုယ်ခန္ဓါအတွက် ဓါတ်တိုးဆန့်ကျင်ပစ္စည်း အဖြစ် ဗီတာမင် အေ ပါဝင်လို့ မျက်စိအမြင်အာရုံ ကောင်းစေတယ်။ မျက်စိအားနည်းတဲ့သူတွေ၊ မျက်စိမှုန်သူတွေ၊ ကွန်ပျူတာရှေ့မှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေရတဲ့သူတွေအတွက် များစွာ အကျိုးရှိစေပါတယ်။

၃။ 🦿 အရိုးကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်စေတဲ့ ဗီတာမင် ဒီ ဓါတ်တွေ ကြွယ်ဝလို့ အရိုးအဆစ်တွေ သန်စွမ်းစေတယ်။ အသက်ကြီးလာတဲ့အခါမှာ ဖြစ်တတ်တဲ့ အရိုးပါးရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။ ရောဂါတွေ အလွယ်တကူဖြစ်မလာစေဖို့ ကူညီတိုက်ထုတ်ပေးနိုင်ပါတယ်။

၄။ 🧠 ဦးနှောက်ဖွံ့ဖြိုးစေပြီး ဉာဏ်ရည်ထက်မြက်စေတဲ့ EPA နဲ့ DHA ပါဝင်လို့ ကျောင်းနေအရွယ်တွေ၊ လူငယ် လူကြီးမရွေး သောက်သုံးပေးသင့်ပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်ကောင်းစေပြီး မကြာခဏ သတိမမေ့စေဖို့ ကူညီပေးနိုင်ပါတယ်။

🐳 #ငါးကြီးဆီကို တစ်နေ့ ဘယ်နှစ်လုံး သောက်သင့်လဲ
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

လူတစ်ယောက်အတွက် တစ်နေ့လျှင် EPA နဲ့ DHA ပမာဏ 250-500 mg လိုအပ်ပါတယ်။ ဒါကြောင့် ဆေးမဝယ်ခင်မှာ ပါဝင်ပစ္စည်းနဲ့ အညွှန်းကို သေချာဖတ်ကြည့်ပါ။ 1000 mg အား ပါဝင်တဲ့ ငါးကြီးဆီ ဆေးလုံးတစ်လုံးမှာ EPA နဲ့ DHA ပေါင်းစပ်ပါဝင်မှုဟာ 300 mg ပါရှိပါတယ်။ ဆေးအညွှန်း တိတိကျကျ မရှိပေမဲ့ တစ်နေ့ကို ငါးကြီးဆီ ဆေးလုံးတစ်လုံး ထမင်းစားပြီးရင် သောက်ပေးတာ အကောင်းဆုံးပါပဲ။

အကယ်လို့ ကိုယ်က ငါးတွေ၊ ပင်လယ်စာတွေ မစားဘူးဆိုရင်တော့ ပမာဏ များများ သောက်ပေးဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ပြသနေကျ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဆေးဘယ်လောက် သောက်ဖို့၊ ဘယ်အာဟာရဓါတ်တွေကို မရှိမဖြစ်လိုအပ်လဲဆိုတာ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။

#ငါးကြီးဆီကို ဘယ်အစားအစာကနေ ရနိုင်သေးလဲ
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
🌳 ကျန်းမာရေးအတွက် အထူးကောင်းတဲ့ အိုမီဂါ – ၃ အဆီအနှစ်ကို အဆီများတဲ့ ငါးနဲ့ ပင်လယ်စာတွေကနေ အများဆုံး ရရှိနိုင်ပြီး ပဲပိစပ်ဆီ၊ အခွံမာသီး၊ အစေ့အဆန်တွကနေလည်း ရနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်း အဆီများတဲ့ ငါးတွေကို နေ့တိုင်းမစားပေးနိုင်ရင်တောင် တစ်ပတ်ကို ၂ကြိမ်လောက် စားပေးဖို့ အရေးကြီးပါတယ်။

#ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက်ရော ဘယ်လိုကောင်းကျိုးတွေရှိလဲ
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
🤰 ကိုယ်ဝန်ဆောင်မိခင်နှင့် ဗိုက်ထဲက သန္ဓေသားရဲ့ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် EPA နဲ့ DHA ဓါတ်တွေ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ငါးကြီးဆီကို ပြည့်ဝစွာ စားသုံးပေးခြင်းက မီးဖွားပြီးနောက်ပိုင်း ကလေးအတွက်လည်း အကျိုးကျေးဇူးများစွာ ရှိစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ တစ်နေ့ကို EPA နဲ့ DHA ပေါင်းစပ်ပမာဏ 300 mg ခန့် စားပေးဖို့ လိုအပ်တယ်နော်။

ဖြည့်စွက်အားဆေးတွေထဲမှာ လူတွေရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် ငါးကြီးဆီကို တစ်နေ့ တစ်လုံးခန့် ပုံမှန်သောက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ သူ့မှာ ကိုယ်ခန္ဓါနဲ့ ကျန်းမာရေးအတွက်သာမက ဦးနှောက်ဉာဏ်ရည်ကိုလည်း ထက်မြက်စေနိုင်တဲ့ ဓါတ်တွေ အများအပြား ပါဝင်လို့ အသက်အရွယ်မရွေး သောက်ပေးသင့်တဲ့ အားဆေးလို့ ဆိုနိုင်ပါတယ်။

Credit 👨‍⚕️ ဒေါက်တာထွန်းမြတ်ဝင်း(ဆေးဝါးပညာ)

ခြေသည်း၊ လက်သည်းမှိုစွဲခြင်းအကြောင်း တစ်စေ့တစ်စောင်းခြေသည်း၊ လက်သည်းမှိုစွဲ (Nail Fungus) တယ်ဆိုတာက မှိုပိုးကြောင့်ဖြစ်တ...
06/10/2022

ခြေသည်း၊ လက်သည်းမှိုစွဲခြင်းအကြောင်း တစ်စေ့တစ်စောင်း

ခြေသည်း၊ လက်သည်းမှိုစွဲ (Nail Fungus) တယ်ဆိုတာက မှိုပိုးကြောင့်ဖြစ်တဲ့ အရေပြားရောဂါတစ်မျိုးပါ။ အဖြစ်များတဲ့ အရေပြားရောဂါတစ်မျိုးလို့ ပြောလို့ရပါတယ်။ မှိုပိုးတွေက အရေပြား၊ အမွှေးအမျှင်နဲ့ ခြေသည်းလက်သည်းတွေကို ဖြစ်စေတဲ့ Keratin လို့ခေါ်တဲ့ အသားဓာတ်ဆီ ကျူးကျော်ဝင်ရောက် ပွားများလာရာကနေ စတင်ဖြစ်ပေါ်လေ့ရှိပါတယ်။

ရာသီမရွေးဖြစ်ပွားနိုင်ပြီးတော့ မိုးရာသီမှာ ပိုအဖြစ်များပါတယ်။ ခြေသည်း၊ လက်သည်းမှိုရောဂါစွဲခြင်းဟာ ခြေသည်းလက်သည်းတွေရဲ့ အစွန်းနားကနေစတင်ဖြစ်ပေါပြီး အရင်းထိ ပြန့်နှံ့သွားတတ်ပါတယ်။ ဒီရောဂါက အစပျိုးချိန်ကြာပေမယ့် ကြာလာတာနဲ့အမျှ ခြေသည်းလက်သည်းတွေကို အရောင်ကျွတ်စေကာ ကြေမွပျက်စီးစေပါလိမ့်မယ်။

အချိန်ကြာလာတာနဲ့အမျှ ခြေသည်းတွေထူလာပြီး ထိပ်ပိတ်ဖိနပ်တွေစီးတဲ့အခါတွေမှာ နာကျင်မှုဝေဒနာကိုခံစားရနိုင်ပါတယ်။ ခြေသည်းတွေက လက်သည်းတွေထက် ပိုအဖြစ်များပါတယ်။

များသောအားဖြင့် အောက်ပါအချက်တွေကြောင့် Nail Fungus ဖြစ်စေနိုင်ပါတယ်

• ရှုးဖိနပ်ကဲ့သို့သော ထိပ်ပိတ်ဖိနပ်များကို ပုံမှန်စီးခြင်း

• သာမန်ထက်ပိုပြီး ချွေးထွက်များခြင်း

• ခြေထောက်ကို ပုံမှန်သန့်ရှင်းရေ မလုပ်ခြင်း

• ကိုယ်ဝန်၊ ဆီးချို စသည်တို့ကြောင့် ကိုယ်ခံအားမကောင်းခြင်း

• စတီးရွိုက်၊ ပဋိဇီဝဆေးနှင့် ကိုယ်ခံအားထိန်းဆေးတို့ စွဲသောက်နေရခြင်း

• ကြပ်ထုပ်တဲ့ အဝတ်အစားများကို မကြာခန ဝတ်ဆင်ခြင်း

• နေ့စဉ် သန့်စဉ်မှုမပြုခြင်း

• ခြေထောက်သွေးလည်ပတ်မှု မကောင်းခြင်း စတာတွေကြောင့်ပါပဲ။

Nail Fungus က အများအားဖြင့် မှိုသတ်ဆေးတွေ လိမ်းလိုက်ရင် သက်သာတယ်ဆိုပေမယ့်

• ဆေးတွေလိမ်းတာတောင် ရက်အတော်ကြာတဲ့အထိ မသက်သာရင်

• ယားတာ၊ နာတာပိုဆိုးလာရင်

• ခြေထောက်မှာ နီရဲရောင်ရမ်းလာရင်

• မှိုစွဲတာ ပိုများလာရင်

• ဆီးချိုရှိတဲ့သူ၊ ခုခံအားမကောင်းတဲ့သူဖြစ်နေရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ဒီတိုင်းထားလိုက်မယ်ဆိုရင် နောက်ပိုင်းမှာ ဘက်တီးရီးယားပိုးဝင်တာ၊ အင်ပြင်ထတာ အပါအဝင် နောက်ဆက်တွဲပြဿနာတွေ ဆက်ဖြစ်လာနိုင်ပါတယ်။





Credit to owner

ဆေးဆိုင်စဖွင့်ပါပြီဆိုထဲက ရောင်းရဆုံးဆေးကိုပြပါဆိုရင်  Dexametasone. အရပ်ခေါ် ဒက်ဆာ        ဒက်ဆာဖော့ပိတ် လိုချင်လို့ပါဆိ...
04/10/2022

ဆေးဆိုင်စဖွင့်ပါပြီဆိုထဲက ရောင်းရဆုံးဆေးကိုပြပါဆိုရင် Dexametasone. အရပ်ခေါ် ဒက်ဆာ

ဒက်ဆာဖော့ပိတ် လိုချင်လို့ပါဆိုရင် Dexametasone 8mg ပါ vial လေးတွေကိုပြောတယ်ဆိုတာ သိနှင့်ပြီးသားဖြစ်နေပါပြီ။

သွားကိုက်တာလည်းဝယ်ထိုးတယ်။
အရေပြားယားတာလည်းဝယ်ထိုးတယ် ။
ဒူးနာတာလည်းဝယ်ထိုးတယ်။
အောက်ပိုင်းတွေတောင့်တင်းနေလို့ ထိုးတယ်
ခါးနာလို့ထိုးတယ်။

တနေ့တနေ့ဘာမှရှင်းပြချိန်မရပဲရောင်းပေးနေရတဲ့ဆေး ထိုးဆေးစားဆေးပုံစံအမျိုးမျိုး လာဝယ်သုံးနေကြတယ်။

ငါးနှစ်လောက်ဖြစ်တဲ့ လေးဘက်နာ ဒီဆေးနဲ့မှသက်သာ တယ် ဒီဆေးလေးပဲမပျက်စွဲသောက်နေရတယ်ဆရာ ရေ. တဲ့

ကျွန်တော်နဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက် ထမင်းစားတွေမကောင်းလို့. ဘာဆေးနဲ့မှမရဘူးအားဆေးတွေကောင်းနိုးရာရာတွေ သောက်တာလည်းစုံရောပဲ အခု ဒီဆေးလေးနဲ့မှ စားဝင်အိပ်ပျော်တယ်လို့ပြောလာလို့ယူကြည့်မိတာ Dexa. Cyproheptadine. B1
အများသိတဲ့ငါးကြီးစီ လေးမျိုးပေါင်းထုတ်ထားတာလေးတွေ အများကြီးပဲ ဒီတခေါက်ရွာပြန်လာလည်တာကြာမှာဆိုတော့မပျက်အောင် တခါတည်းဝယ်လာတာတဲ့

အသိအမျိုးသမီးတစ်ယောက်လည်းဒီတိုင်းပဲ ဒူးနာလို့ ဆိုပြီး မြို့ကိုသမားတော်တွေနဲ့ပြတာ ဘယ်လိုမှမသက်သာဘူး ။နောက်ဆုံးဒီဆေးလေးတွေနဲ့မှ လမ်းလျှောက်နိုင်တယ်ဆိုပြီး ဆေးတွေထုတ်ပြတာ အပေါ်က
လေးမျိုးနဲ့. Diclo 50mg လေးရောထားတာ သူလည်း ဝယ်လာတာ၁၅ ရက်စာဆိုပဲ။

တချို့စားဝင်အိပ်ပျော်အောင်စပ်သောက်တယ်ဆိုတဲ့ဆေးထဲမှာ multi အားဆေးလေးတွေပါတွေ့ရတယ်။

လွန်ခဲ့တဲ့နှစ်ရက်လောက်က. လူတစ်ယောက်ဆေးလာဝယ်တယ် အသက် ၄၅ နှစ်ခန့်လောက် Dexa
ဒက်ဆာ ရယ် Cosy. ( Dompridone) ရယ် ကဒ်လေးနှစ်မျိုးထုတ်ပေးတယ်။
သူ့ကိုမျက်မှန်းတမ်းမိတာကြာပါပြီ အဲ့ဒီဆေးနှစ်ကဒ်ကိုလာလာဝယ်နေတာ မှတ်မိသလောက်ဆယ်ခါမကတော့ဘူး။

စဉ်းစားကြည့်တော့လည်း Dexa နဲ့ Cosy နဲ့နှစ်မျိုးတွဲထားပြီးသောက်နေတာက သိပ်မဆုိင်သလိုပဲဆိုတော့ မေးကြည့်မိတယ် ဒီဆေးကသောက်နေတာကြာပါရော ခင်ဗျားဘာလို့သောက်တာလည်းဆိုတော့ ကျွန်တော့မှာ ဒူလာသွေးကျရှိလို့ပါတဲ့ အနားကဆရာမကအဲ့ဆေးပေးထားလို့သောက်နေတာပါတဲ့

ဘာဆက်ပြောရမှန်းတောင်မသိတော့ဘူး
ခင်ဗျားသက်သာလားဆိုတော့ ဆေးသောက်ရင်သက်သာတယ်မသောက်ရင်ပြန်ပေါ်တယ်တဲ့ အေးရော
သူ့မျက်နှာကလည်းပြည့်ဖောင်းတင်းနေပြီအသားအရေကလည်းပွဆုပ်ဆုပ် ပြာနှမ်းနှမ်း

ခင်ဗျားအခုရောနေကောင်းလားမေးတော့ ကျန်တာအားလုံးကောင်းပါတယ် အရင်လို အလုပ်လုပ်ရင်တော့နည်နည်းမောချင်လာတယ်ပြောပြီးထွက်သွားလေရဲ့. ဘာမှမဆိုင် ရှင်းပြရမှာလည်းမဟုတ် ညွှန်လိုက်တဲ့ဆရာမဆိုတဲ့ပုဂ္ဂိုလ်ကိုပဲအပြစ်တင်ရမလို။

မနေ့က ဒူးနာ တယ်ခါးနာတယ် တရိပ်ရိပ်မူးတယ် အသားတွေယားတယ် လေတွေအေ့အေ့နဲ့တက်ရင်နောက်ကြောတွေကြပ်ပြီးခေါင်းမူးခေါင်းမထူချင်တော့ဘူးအခုအသက်ရူမကောင်းဘူးရင်တွေတုန်တယ်ဆရာရေလုပ်ပါအုန်းဆိုပြီး အသက်၅၅ နှစ်အမျိုးသမီးကြီးတစ်ယောက် ပါးစပ်ကလည်းတလစပ်ပြောရင်း ဆေးခန်းထဲဝင်လာတယ် ကွတကွတနဲ့ လက်တဖက်ကလည်းတင်ပါ့ဆုံကိုနောက်ပြန်ထောက်လို့ မသက်မသာမျက်နှာနဲ့ အသားရေကလည်းပွစိစိ မျက်နှာကလည်း
ဖောနေတယ်ဆိုတာထက် ကွဲထွက်မတက်တင်းကားနေတယ်ဆိုရင်ပိုမှန်ပါလိမ့်မယ်။

ကုတင်ပေါ်တန်းလှဲတော့တာ ပေါင် သုံးရာကျော်ဝိတ်နဲ့စမ်းသပ်ကုတင်နဲ့ပြည့်လို့။

သူပြောတာနဲ့တင်ဘယ်ကအစရှာရမှန်းတောင်မသိဘူးဖြစ်သွားတယ်။

ထုံးစံအတိုင်း သွေးပေါင်ချိန်တယ် BP 180\120 mmhg. HR. 117. SPO2 96
ECG. Sinus Tachycardia. T. Abnormality
Borderline Abnormal. ECGထွက်တယ်
ပြသာနာဆိုးဆိုးက. RBS. 430mg\dlထပ်ထွက်တယ်

ဝမ်းဗိုက်ပိုင်းက တင်းမာနေတာ ပုံမှန်ထက်ပိုပူနေတာတွေက ကြည့်ရတာတောင်အဆင်မပြေဘူး အသက်ရူတာကလည်းအသက်ရှုတာနဲ့မတူဘူး သက်ပြင်းချနေသလိုပဲ

သွေးတိုးရှိတာတော့သိတယ် သွေးကျဆေးဝယ်ထားတယ်တိုးလာတယ်ထင်ရင်တစ်လုံးသောက်လိုက်တယ်ဆိုပဲ။

အောက်ပိုင်းတွေတောင့်တင်းပြီး ဒူးတွေနာခါးတွေနာလမ်းလျှောက်မကောင်းလို့ အနားကဆရာနဲ့ပြတာ ဆေးပေးထားလို့ သောက်နေတာ ၆ လတောက်တော့ရှိပြီ တဲ့အခုနောက်ပိုင်း တော့ အရမ်းနာမှသောက်တယ်မနာရင်မသောက်ဘူး ရွာကသားဖွားဆရာမက အဲ့ဆေးတွေကဘေးထွက်ဆိုးကျိုးရှိတယ်ပြောလို့လျော့သောက်တာပြောတယ်။ သူထုတ်ပြတဲ့ဆေးကြည့်လိုက်တာ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်တဲ့ Dexa
ဒက်ဆာနဲ့ Noxa သူတို့အခေါ်နော်ဆာ နှစ်မျိုး သောက်ထားတာ ၆. လ ဒါတောင် သားဖွားဆရာမသတိပေးလို့ဆိုပဲ

ဒီဆယ်ရက်လောက်မှာပြန်သောက်နေရတယ် ညဘက်တွေကို မအိပ်နိုင်ဘူး အသားတွေလည်းယားတယ်အရိုးတွေကိုက်တယ်တဲ့

အခုနောက်ပိုင်း ဆရာ ဒီဆေးသောက်ထားသေးတယ်လို့ထုတ်ပြတိုင်း ဒက်ဆာ Dexa ပါနေတယ် ဘာဖြစ်ဖြစ် Dexa ထိုးနေတက်ကြတယ်။

လက်တလောပြသာနာကို သူနဲ့ပဲဖြေရှင်းနေကြတယ် တနည်းအားဖြစ် သူ့ရဲ့အားသာချက်ကလည်း လူပိန်းကြိုက်တယ်ပြောရမယ် ဘယ်နားကိုက်ကိုက် သူ့ကိုထည့်ထိုး ဘာမဆိုင်ညာမဆိုင်သာသာနေတက်တယ်။ မတောက်တခေါက်ဆရာနဲ့.အခြေ
ခံဗဟုသုတအားနည်းတဲ့ ကျွန်တော်တို့နယ်သားတွေနဲ့. အံဝင်ခွင်ကျကိုဖြစ်လို့

အဲ့လိုနဲ့ပဲ မနေနိုင်တဲ့ကျွန်တော် ဒီစာကိုရေးဖြစ်သွားတယ်ဆိုပါတော့

တစ်ဦးတစ်ယောက်ချင်းလိုက်ရှင်းပြနေရမှာကမလွယ်ကူတာတကြောင်းဆရာတစ်ယောက်ယောက်ကညွှန်လိုက်လို့ ဟိုလိုမသောက်ရဒီလိုမသောက်ရဘူးနဲ့ပြောနေဖို့ကမသင့်လျော်တာကတကြောင်း

အရပ်ခေါ်. ဒက်ဆာ
သူ့နာမည်အပြည့်စုံက. Dexametasone ဒက်ဆာမီတာဆုန်း အကြောင်းကိုသိသလောက်မျှဝေပေးလိုက်ရပါတယ်။
မှတ်ချက် ။ ။နားလည်တက်ကျွမ်းတဲ့ဆရာတွေကတော့ အဲ့ဒီဆေးကိုဗရမ်းဗတာ မပေးမှာတော့သေချာပါတယ်။

Dexametasone. ဒက်ဆာမီတာဆုန်း

ရိုးရွင်းအဆစ်ရောင် ၊ကော်တီကိုစီးရွိုက်အုပ်စုဝင်အရောင်ကျဆေးတစ်မျိုးဖြစ်သည်။လေးဘက်နာနဲ့ အဆုတ်ဖောရောင်ခြင်း လင့်ကျိတ်ရောင်ခြင်း ဦးနှောက်ဖောရောင်ခြင်း ဓာတ်မတည့်ခြင်း အရေပြားရောင်ရမ်းခြင်း အမျိုးမျိုးတွေမှာ အသုံးပြုသည်။

ထိုးဆေးစားဆေးနှစ်မျိုးလုံးလာသည် အရေပြားရောဂါနှင့်အခြားပိုးဝင်ခြင်းများအတွက်
ပိုးသက်ဆေးများနှင့်တွဲ၍လည်းထုတ်လုပ်ထားတာရှိတယ်။

လိုအပ်လို့ အသုံးပြုရင်လည်း ဆေးကိုချက်ချင်းမရပ်ရပါ။
ကာလရှည်သုံးစွဲသူများ အက်ဒီနယ်ဂလင်း
လုပ်ဆောင်ချက် ကမောက်ကမဖြစ်ပြီး သွေးဖိအားကျလွန်းလို့အသက်အန္တရာယ်တောင်ရှိနိုင်ပါတယ်။

ကိုယ်ခံအားကျဆင်းတက်လို့ ပြင်ပကကူးစက်ရောဂါများ ရောဂါပိုးများဝင်ရောက်လွယ်ပြီးအလွယ်တကူတိုက်ခိုက်နိုင်ပါတယ်။

တီဘီရောဂါဖြစ်ဖူးရင်တောင်ပြန်ပေါ်နိုင်တယ်လို့သိရပါတယ်။
ရေတိမ်တွေ မှိုရောဂါအမျိုးမျိုး တွေလည်းအလွယ်တကူပြန်ဖြစ်တက်ပါတယ်။

ဆီးချို နှလုံး၊ကျောက်ကပ်အားရော့သူများ
အသည်းမကောင်းသူများ လက်ရှိရေတိမ်သမားများ သတိပြုသုံးရပါမယ်။
ကြီးကောင်ဝင်စများသုံးရင် ခန္ဓာကိုယ်ကိုကြီးထွားဖွံဖြိုးမူ့နှောက်နှေးစေပါတယ်။
သွေးဆုံးပြီးအမျိုးသမီးများ သတိထားရပါမယ်။

အစာအိမ်နဲ့အူလမ်းကြောင်းရောဂါ အစာရေမြိုပြွန်မှိုစွဲနာ ပန်းခရိယရောင်နာ အရိုးပွ အရိုးကျိုးလွယ်ကူစေခြင်း အကြောနဲ့ကြွက်သားဆိုင်ရာရောဂါများ သွေးလန့်ခြင်း မီးယပ်သွေးမမှန်ခြင်း အမျိုးသမီးတွေမှာ ဟော်မုန်းအပြောင်းလဲကြောင့်နုတ်ခမ်းမွေးမုတ်ဆိတ်မွေးများပေါက်လာခြင်း ကိုယ်အလေးချိန်တိုးလာခြင်း စိတ်ပိုင်းဆိုင်ရာမူမမှန်ခြင်း စိတ်ကြွ စိတ်ကျ စိတ္တဇ များဝင်လာခြင်း
ဦးနှောက်နဲ့အာရုံကြောရောဂါ မျက်စိရေတိမ်နှင့်အခြားဘက်တီးရီးယားရောဂါ မှိုရောဂါများကြွလာခြင်း အရေပြား ရောဂါ မှဲ့ခြောက်များပေါ်လာခြင်း အနာကျက်နှေးခြင်း သွေးခြေဥခြင်းများ

အတွေ့ကြုံရပြောရရင် Dexametasone ဒက်ဆာကိုကာလရှည်သုံးစွဲသူတွေကို Glucose သွေးချိုဖောက်ကြည့်ရင် တက်နေတာတွေတွေ့ရတယ်။

ဘယ်လိုကြောင့်ပဲစွဲသောက်သောက် မျက်နှာကစပြီးခြေခုံထိ အသားရေကပွစုပ်စုပ်ပြာနှမ်းနှမ်းနေမယ်။
ဝိတ်တွေတက်မယ် သွေးတွေအရမ်းတိုးမယ်
အရိုးပွလက္ခနာတွေပြမယ် နှလုံးရောဂါလက္ခဏာတွေနဲ့အတူ သေချာတာတော့ နောက်ဆက်တွဲဆီးချိုဖြစ်တာသေချာပါတယ်။

ဒါကြောင့်ပဲထင်ပါတယ်ကျွန်တော့နယ်မှာပေါလိုက်တဲ့ဆီးချိုသမားတွေ။

ခါးနာဒူးနာလို့ Dexa ဒက်ဆာတွေသောက်တယ် ဒက်ဆာသောက်တော့တကိုလုံးရောအရိုးတွေရောပွတယ် အရိုးတွေပွတော့ဒူးတွေခါးတွေကနာတယ် အဲ့တော့ dicloနဲ့Dexa တွေ သောက်တယ် Dexa တွေသောက်တော့ ကျွန်တော့အဆုံးမသက်တက်တော့ဘူး။ ကိုယ်ဘာသာကိုဆက်ပြီးစဉ်းစားကြတော့

Ko Myo 26-12-2020

10/08/2022

ဆေးဝါးရောင်းချနေသူများ၊ ကျန်းမာရေးဝန်ထမ်းများအနေနဲ့ လူနာနဲ့ပတ်သတ်ပြီး ဂရုတစိုက်လုပ်ဆောင်ရမယ့်အချက် ၅ချက် (5 right) ရှိတယ်ဆိုတာကို အားလုံးသိပြီးဖြစ်မှာပါ။အဲဒိ၅ချက်ကတော့

1. Right patient လူနာမှန်ကန်မှုရှိရမယ်
2. Right drug ဆေးမှန်ကန်မှုရှိရမယ်
3. Right dose ဆေးပမာဏမှန်ကန်မှုရှိရမယ်
4. Right route ဆေးလမ်းကြောင်း(သောက်ဆေး၊ အသားတွင်းသို့ထိုးဆေး၊ သွေးပြန်ကြောအတွင်းသို့ထိုးဆေး စသည်အားဖြင့်) မှန်ကန်မှုရှိရမယ်
5. Right time ဆေးသောက်သုံးရမည့် အချိန်မှန်ကန်မှုရှိရမယ်

- - - - - - - - - - - - -

ဒီ၅ချက်မှာ လွဲမှားမှု အများဆုံးဖြစ်နေတာက Right time (ဆေးသောက်သုံးရမည့် အချိန်မှန်ကန်မှု) ပါ။ ဆရာဝန်များမှ လူနာသောက်ရန် စာအုပ်ထဲတွင် ရေးပေးထားသည့် ကုသမှုတွင် OD, BD, TDS, QID စသည်အားဖြင့်တွေ့ရပါတယ်။ လူနာတွေရဲ့ စာအုပ်မှာအများစုတွေ့ရတတ်တဲ့ အသုံးနှန်းတွေကတော့

OD တစ်နေ့၁ကြိမ် (မနက်၆နာရီ)

BD တစ်နေ့၂ကြိမ်(မနက်၆နာရီ၊ ညနေ၆နာရီ)

TDS တစ်နေ့ ၃ကြိမ်(မနက်၆နာရီ၊ နေ့လယ် ၂နာရီ၊ ည၁၀နာရီ)

QID တစ်နေ့ ၄ကြိမ် (မနက်၆နာရီ၊ မွန်းတည့် ၁၂နာရီ၊ ညနေ၆နာရီ၊ ညသန်းခေါင်ယံ ၁၂နာရီ/ည၁၀နာရီ)

6hourly (၆နာရီခြား မနက်၆ နေ့လယ်၁၂ ညနေ၆ ည၁၂/ည၁၀နာရီ)

8 hourly(မနက်၆ နေ့လယ်၂ ည၁၀နာရီ)

12hourly (မနက်၆နာရီ ညနေ၆နာရီ)

PO (per oral ပါးစပ်မှ သောက်ရန်)

PR (per re**um စအိုမှ သွင်းရန်)

IV (intravenous သွေးပြန်ကြောမှ ထိုးရန်)

IM (intra muscular ကြွက်သားထဲသို့ထိုးရန်)

SC (subcutaneous အဆီထဲသို့ထိုးရန်)

TCA (take care appointment ရက်ချိန်းယူရန်၊ ရက်ချိန်းပြန်ပြရန်)

ATD (after test dose ဆေးစမ်းပြီးမှသုံးရန်)
စတာတွေပဲဖြစ်ပါတယ်။

လူနာ၊ လူနာရှင်များမှ ဆေးဆိုင်များသို့ ဆေးလာဝယ်သည့်အခါ ၄င်းစာအုပ်များကိုယူလာပြီး ဝယ်ယူပါက Right time ဖြစ်အောင် လမ်းညွှန်ပေးဖို့က ဆေးဝါးရောင်းချသူတွေမှာ တာဝန်အပြည့်အဝရှိသွားပါပြီ။ တာဝန်အပြည့်အဝရှိတယ်လို့လဲ ခံယူသင့်ပါတယ်။
ဥပမာအားဖြင့်
P.O Flumox 500mg tds - 5days ဆိုပါစို့
ဒါဆိုရင် ဖလူးမောက်လို့ခေါ်တဲ့ ပိုးသတ်ဆေး ၅၀၀ မီလီဂရမ်ကို တနေ့သုံးကြိမ်နဲ့ ၅ရက်သောက်ရမယ်လို့ ဆိုလိုတာပါ။
အဲဒိနေရာမှာ လူနာကို ဆေးရောင်းပြီး ဘယ်အချိန်တွေသောက်ရမယ်ဆိုတာကို လမ်းညွှန်ပေးရမယ့် ဆေးဝါးရောင်းချသူများအနေနဲ့
မနက်၁
နေ့လယ်၁
ည၁
ဆိုပြီးရှင်းပြလိုက်တာမျ်ိုး မလုပ်သင့်ပါဘူး။ ဆရာဝန်မှtds လို့ဆိုလိုက်ခြင်းသည် ၁နေ့၃ကြိမ်(၈နာရီခြား) သောက်စေချင်တာပဲ ဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်တို့က မနက် နေ့လယ် ည ဆိုပြီးလူနာကို အလွယ်ရှင်းပြလိုက်တဲ့အခါ လူနာကလဲ သူအဆင်ပြေတဲ့ အချိန်သောက်နေရင် ဆေးက တစ်ကြိမ်နဲ့ တစ်ကြိမ် ၈နာရီကွက်တိကွာခြားနေမှာမဟုတ်တော့ပါဘူး။နီးတဲ့အကြိမ်တွေနီး ဝေးတဲ့အကြိမ်တွေဝေး ဖြစ်ကုန်တတ်ပါတယ်။ ဒါဆိုရင် ဆေးအာနိသင်က overdose ဖြစ်သွားလိုက် ဆေးအာနိသင်ကုန်သွားလိုက်နဲ့ ဖြစ်သွားပါလိမ့်မယ်။ ဒီလိုတွေမဖြစ်ရလေအောင် ဆေးဝါးရောင်းချနေသူများအနေနဲ့ treatment order ကိုသေချာကြည့်ပြီး အချိန်တိကျစွာ လမ်းညွှန်ပေးပါလို့ မေတ္တာရပ်ခံပါတယ်ဗျ။

❗️(သူများရဲ့အမှားကို ဝေဖန်ထောက်ပြနေတာမျိုးမဟုတ်ဘဲ လူနာရဲ့ကောင်းကျိုးကိုသာရှေးရှုပြီး ကျွန်တော်တို့တတွေ မှားနေခဲ့ရင် အတူတူကြိုးစားပြင်ဆင်ကြဖို့ တိုက်တွန်းခြင်းသာဖြစ်ပါတယ်)❗️

သင်ဆရာ မြင်ဆရာများအား🙏🙏🙏

Credit-ဆရာကောင်(ကျန်းမာရေး)

Address

Hlegu

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+9595066864

Website

Alerts

Be the first to know and let us send you an email when Shwe Hlegu Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Hlegu Pharmacy:

Share