30/12/2025
ကလေးတွေမှာ အဖြစ်များတဲ့ HFMD Disease (Hand, Foot and Mouth Disease) အကြောင်းကို လွယ်ကူနားလည်အောင် ရှင်းပြပါမယ်👇
HFMD ဆိုတာဘာလဲ?
HFMD က ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး
အများဆုံး အသက် ၅ နှစ်အောက်ကလေးတွေ မှာ တွေ့ရတတ်ပါတယ်။
ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကတော့
• Coxsackievirus A16
• Enterovirus 71 (EV71) စတဲ့ ဗိုင်းရပ်စ်တွေ ဖြစ်ပါတယ်။
ဘယ်လိုလက္ခဏာတွေတွေ့ရလဲ?
ကလေးတွေမှာ အောက်ပါလက္ခဏာတွေ တွေ့ရနိုင်ပါတယ်–
• 🤒 ကိုယ်ပူခြင်း
• 😣 လည်ချောင်းနာ၊ လည်ချောင်းအဆင်မပြေခြင်း
• 👅 ပါးစပ်အတွင်း အနာ၊ အဖုတွေထွက်ခြင်း
• ✋ လက်ဖဝါး၊ ခြေဖဝါး၊ တခါတလေ လက်မောင်း၊ ခြေထောက်မှာ အဖုအပေါက်တွေထွက်ခြင်း
• 🍽️ အစာမစားချင်ခြင်း
• 😢 ကလေးမူးဝေ၊ မောပန်းနေခြင်း
👉 အဖုတွေက မကြာခဏ မယားပါဘူး၊ ဒါပေမယ့် နာနိုင်ပါတယ်။
ဘယ်လိုကူးစက်လဲ?
HFMD က အလွန်လွယ်ကူစွာ ကူးစက်နိုင်ပါတယ်–
• 🤧 ချောင်းဆိုး၊ နှာချေတဲ့ အမှုန်အမွှားတွေကနေ
• 👶 ကလေးရဲ့ အနာရည်၊ သွားရည်၊ အညစ်အကြေးတွေကနေ
• 🧸 အရုပ်၊ ပန်းကန်ခွက်ယောက်၊ လက်ကိုင်ပစ္စည်းတွေ မျှဝေသုံးစွဲရာမှကူးပါတယ်။
ကုသနည်းရှိလား?
HFMD အတွက် ဗိုင်းရပ်စ်သတ်ဆေးအထူးမရှိပါဘူး
ဒါကြောင့် လက္ခဏာသက်သာအောင်သာ ကုသရပါတယ်–
• 💧 ရေများများတိုက်ပေးပါ၊
• 🤒 ကိုယ်ပူရင် ဆရာဝန်ညွှန်ကြားတဲ့ ဆေးပဲသောက်ပါ။
• 🍦 အေးအေးလေး၊ နူးညံ့တဲ့အစားအစာတွေတိုက်ပါ။
• 😴 အနားယူခိုင်းပါ။
⏳ အများအားဖြင့် ၇–၁၀ ရက်အတွင်း သက်သာသွားတတ်ပါတယ်။
ဘယ်အချိန် ဆရာဝန်ကို ချက်ချင်းတွေ့သင့်လဲ?
အောက်ပါလက္ခဏာတွေတွေ့ရရင် ချက်ချင်း ဆေးရုံသွားပါ👇
• ⚠️ ကိုယ်ပူအလွန်များပြီး မကျသွားခြင်း
• ⚠️ အသက်ရှူခက်ခြင်း
• ⚠️ အမြဲအန်ခြင်း၊ မူးဝေ၊ တုန်ခါခြင်း
• ⚠️ မအိပ်မနားဘဲ မျက်စိမကြည်တော့ခြင်း
(အထူးသဖြင့် EV71 ကြောင့် ဖြစ်ရင် အန္တရာယ်ရှိနိုင်ပါတယ်)
ကာကွယ်နည်း
HFMD ကို ကာကွယ်ဖို့
• 🧼 လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးပေးပါ။
• 🧸 ကလေးအရုပ်တွေကို သန့်ရှင်းစွာ ဆေးကြောပါ။
• 👶 ဖျားနေတဲ့ကလေးကို ကျောင်း/လူစုဝေးတဲ့နေရာကိုမပို့ပါနဲ့
• 🍽️ ပစ္စည်းတွေ မျှဝေမသုံးစွဲစေပါနဲ့
သီးသန့်ခွဲထားပေးပါ။
အထွေထွေရောဂါနှင့်ပက်သက်ပြီးကုသလိုပါ
၂၄နာရီ အထွေထွေရောဂါဆေးကုခန်းသို့
လာရောက်ပြသနိုင်ပါတယ်။
#ကျန်းမာရေး
#ဆေးခန်း
🏛GREAT ၂၄နာရီအထူးကုဆေးခန်း
အမှတ်(၅၅၈) ၊UE လမ်း (၂ ) ရပ်ကွက်၊မြောင်းတကာ။