မြနန်းစံ အထွေထွေရောဂါကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ

  • Home
  • Myanmar
  • Hmawbi
  • မြနန်းစံ အထွေထွေရောဂါကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ

မြနန်းစံ အထွေထွေရောဂါကုဆေးခန်း  နှင့် ရောဂါရှာဖွေရေးစင်တာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မြနန်းစံ အထွေထွေရောဂါကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ, Pharmacy / Drugstore, Hmawbi.

🍀🍀မြနန်းစံ အထွေထွေရောဂါကုဆေးခန်း🍀🍀

မြတ်နိုးတန်ဖိုးထားရပါသော မိဘပြည်သူများ၏ကျန်းမာရေးအတွက် အရည်အသွေးပြည့်ဝသောဆရာဝန်များမှ အရည်အသွေးပြည့်မီသော(Qualityအကောင်းဆုံး)ဆေးဝါးများအသုံးပြုကာ ပြုစုကုသပေးနေပါသည်။ မြနန်းစံဆေးကုခန်းအား ၂၀၀၉ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။

“””မြနန်းစံ အထွေထွေရောဂါကုဆေးခန်း”””

ဆေးခန်းဖွင့်ချိန်။ ။ မနက် ၈ နာရီ မှ ၁၂ နာရီ

ညနေ (၃)နာရီ မှ ည (၈)နာရီ။

ဆေးခန်း အတွင်းသို့ မဝင်မှီ Maskတပ်ရပါမည်။

မပါလျှင် ဆေးခန်းမှ ပေးပါမည်။

Hand Dispenser ၊Hand gel သုံး ရပါမည်။

လူနာ နှင့် လူနာစောင့် တဦးသာ ဝင်ရပါမည်။(ကလေးငယ်နှင့် တခြားသူအကူအညီယူရန်လိုသောလူနာများမှ လွဲ၍)

ဆေးခန်းစည်းကမ်းကို သေချာတိကျစွာလိုက်နာပေးကြသော လူနာများအားလုံးကို ကျေးဇူး အထူးတင်ပါသည်။

ရိုးရာအစဉ်အလာမပြတ် သီတင်းကျွတ်ကန်တော့ခြင်း နှင့် ဝါကျွတ်မုန့်ဖိုးပေးခြင်းကိတ်ခွဲခြင်း 🍀💛🍀💛🍀
07/10/2025

ရိုးရာအစဉ်အလာမပြတ် သီတင်းကျွတ်ကန်တော့ခြင်း နှင့် ဝါကျွတ်မုန့်ဖိုးပေးခြင်း

ကိတ်ခွဲခြင်း 🍀💛🍀💛🍀

🍀🍀🍀သီတင်းကျွတ်လပြည့်နေ့🍀🍀🍀ကျေးဇူးရှင် မိဘ နှစ်ပါး နှင့် အတူ ရှင်သန်လျှောက်လှမ်းရာ ဘဝ ခရီးတလျှောက်သင်ဆရာ ၊ မြင်ဆရာ ၊ ကြား...
05/10/2025

🍀🍀🍀သီတင်းကျွတ်လပြည့်နေ့🍀🍀🍀

ကျေးဇူးရှင် မိဘ နှစ်ပါး နှင့် အတူ

ရှင်သန်လျှောက်လှမ်းရာ ဘဝ ခရီးတလျှောက်

သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များနှင့်တကွ

စား ဝတ် နေ ရေးအတွက်…..

🙏ထမင်း တစ်ဆုပ် ၊ ရေတစ်မှုတ် … နားခိုစရာ အရိပ်တစ်နေရာ🙏…….စသည်ဖြင့်

သင်ကြား ၊ ပေးကမ်း ၊ ထောက်ပံ့၊ ကူညီခဲ့ဖူးသူ အားလုံးအား….

ရိုသေစွာ ကန်တော့ အပ်ပါတယ်…..။

အမေးများသော မေးခွန်းများထဲမှ သူနာပြုအကူ( nurse aide ) အကြောင်းNurse Aide သူနာပြုအကူ အမျိုးအစားကိုမှ (၁)ဆေးခန်းမှာ အလုပ်လ...
05/10/2025

အမေးများသော မေးခွန်းများထဲမှ သူနာပြုအကူ( nurse aide ) အကြောင်း

Nurse Aide သူနာပြုအကူ အမျိုးအစားကိုမှ

(၁)ဆေးခန်းမှာ အလုပ်လုပ်သူ Clinic Nurse Aide

နှင့်

(၂) အိမ်တိုင်ရာရောက်သွားရောက်နေထိုင်ပြီး ဝန်ဆောင်မှုပေးရသူHome care Nurse Aide အကြောင်း အကြမ်းဖျင်း ပြောပြပါမယ်။

👉👉👉ထို ၂ ဦး လစာလဲ မတူညီနိုင်သလို ၊ လုပ်ရတဲ့အလုပ်တာဝန် ဖိအားလဲ မတူညီနိုင်ပါ ။ပင်ပန်းပုံချင်းလဲ မတူညီနိုင်ပါ။

👉ဆေးခန်းသူနာပြုအကူ ၃ သိန်း မှ ၄ သိန်းကြား ရချိန် ၊ Home care 24 hours သူနာပြုအကူသည် ၅ သိန်းမှ ၁၀ သိန်းကြား ရနိုင်ပါသည် ။

👉👉👉👉👉ဆေးခန်းတွင်းအကူ သည် Home care သူနာပြုအကူလောက် မပင်ပန်းသလို လစာလဲ ထိုသူနှင့် မနှိုင်းယှဉ်နိုင်ပါ ။

ဖိအားအနေဖြင့် Home care nurse aide များက လူနာကိုပြုစုရင် ပြုစုသလို နေ့/ည ပင်ပန်းနိုင်သည်။ မခိုကပ်သော Home care nurse aide များလဲ မြင်တွေ့ဖူးပါသည်။

ဆေးခန်းတွင်းသူနာပြုအကူ နဲ့ Home care သူနာပြုအကူNurse Aide နှစ်ယောက်က တာဝန်နဲ့လုပ်ဆောင်ပုံမှာကွာခြားချက်များစွာရှိပါတယ်။

အောက်မှာ အသေးစိတ်နှိုင်းယှဉ်ပြထားပါတယ် 👇

🏥 Clinic Nurse Aide (ဆေးခန်းတွင်းသူနာပြုအကူ)

လုပ်ရာနေရာ: ဆေးခန်း၊ သက်ဆိုင်ရာအဆောက်အအုံအတွင်း

အဓိကတာဝန်များ:
• လူနာတွေကို မှတ်ပုံတင်၊ ဆရာဝန်ကို လူနာအချက်အလက်တင်ပြခြင်း၊ စစ်ဆေးမှုအတွက် ပြင်ဆင်ပေးခြင်း

• ဆရာဝန် / သူနာပြုတို့ကို ကူညီပေးခြင်း (ဥပမာ- သွေးယူခန်း၊ ဆေးထိုးခန်း၊ Dressing ခန်း)

• လူနာ vital signs (BP, Temp, Pulse, Respiration) တိုင်းတာခြင်း

• စာရွက်စာတမ်းအလုပ်၊ စစ်ဆေးမှုအတွက် လူနာအားဖော်ပြခြင်း

• ဆေးခန်းသန့်ရှင်းရေး၊ ပစ္စည်းသန့်ရှင်းရေးပြုလုပ်ခြင်း

• လူနာများစွာနဲ့ ဆက်ဆံရခြင်း ၊အသင်းအဖွဲ့နှင့်လုပ်ဆောင်ရခြင်း။

လုပ်ဆောင်ပုံ …..စနစ်တကျ၊ တိကျတဲ့အချိန်ဇယားနဲ့အဖွဲ့လိုက်အလုပ်ဖြစ်သည်။

အကြံပြုသောသူ : ဆရာဝန် ၊ ဆရာမအနီး အနီးကပ်နေချင်ပြီး အသင်းအဖွဲ့နှင့် အလုပ်လုပ်ချင်သူရွေးခြယ်သင့်ပါသည်။

🏠 Home Care Nurse Aide (အိမ်သုံးသူနာပြုအကူ)

လုပ်ရာနေရာ: လူနာအိမ် / သီးသန့်နေရာများ

အဓိကတာဝန်များ:

• လူနာတစ်ဦးအတွက် ကိုယ်တိုင်ပြုစုမှု (Personal care)

• အိပ်ရာနဲ့နေသူကို ပွေ့တင်၊ချ ၊ သယ်ပိုး၊ နေရာရွှေ့ပေး။

• အစာကျွေး၊ အဝတ်လဲ၊ ကိုယ်ပူချိန်စစ်၊ ဆေးပေး
• နေ့စဉ်သန့်ရှင်းမှုအထောက်အပံ့ (အခန်းသန့်ရှင်း၊ အဝတ်လျှော်)
• မိသားစုနဲ့ ဆက်သွယ်ပြောဆိုခြင်း
• အချို့ကတော့ ဆေးပေးခြင်း / wound care လုပ်ခြင်းအထိပါဝင်နိုင်

လုပ်ဆောင်ပုံ: တစ်ဦးချင်းအတွက် တာဝန်ယူလုပ်ရပြီး အချိန်ဇယားကိုတစ်ဦးချင်းအပေါ်မူတည်သည်။

အကြံပြုသောသူ: လူနာတစ်ဦးနဲ့သီးသန့်ချင်းနေနိုင်သူ၊အနီးကပ်လူနာတဦးအတွက်သာ လိုလေသေးမရှိ ပြုစုပေးနိုင်သူများ ၊ ဆရာဝန်၏အကူအညီမလိုသူများသာ ရွေးခြယ်သင့်ပါသည်။

🍀မြနန်းစံဆေးခန်း၏ သီတင်းကျွတ်အလှူ 🍀မြနန်းစံဆေးခန်း၏ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများအတွက်👉ဆန...
05/10/2025

🍀မြနန်းစံဆေးခန်း၏ သီတင်းကျွတ်အလှူ 🍀

မြနန်းစံဆေးခန်း၏ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများအတွက်

👉ဆန် + ဆီ + ဆား+ဆေး အလှူ 💛💛💛

နှစ်စထဲက တွေးထားတာလေးတွေ အကောင်အထည်ဖော်ပါပြီ ။🙏

မိတ်ဆွေများသည်လဲ အပြုံးအပျော်များပျော်ဝင်ကူးစက်ပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေရှင်။🙏

လိုရာဆန္ဒတွေ ပြည့်ဝပြီး စိတ်သွားတိုင်းကိုယ်ပါနိုင်ကြပါစေရှင်။🙏

၆.၁၀.၂၀၂၅ တနင်္လာနေ့ သီတင်းကျွတ်လပြည့်နေ့🙏ဆေးခန်းပုံမှန်ဖွင့်ချိန်အတိုင်း ဖွင့်ပါမည်ရှင့်🙏 သီတင်းကျွတ်လပြည့်နေ့ ဆုတောင်း...
03/10/2025

၆.၁၀.၂၀၂၅ တနင်္လာနေ့ သီတင်းကျွတ်လပြည့်နေ့

🙏ဆေးခန်းပုံမှန်ဖွင့်ချိန်အတိုင်း ဖွင့်ပါမည်ရှင့်🙏
သီတင်းကျွတ်လပြည့်နေ့ ဆုတောင်း
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ကောင်းမှုအစုစုနေ့စဉ် ပြု ၍
ကြည်နူးချမ်းမြေ့နိုင်ကြပါစေ။

ဘေးရန်ခပ်သိမ်းရှောင်ခွာငြိမ်း၍
အေးချမ်းသာယာရှိနိုင်ကြပါစေ ။

စိုးရိမ် သောက ဗျာပါဒများ
ကင်းစင်ငြိမ်းအေးနိုင်ကြပါစေ ။

ဆင်းရဲ ဒုက္ခအနန္တတို့သည်မြူ မျှမတင်
ကင်းစင်လွင့်ပျောက် ချမ်းသာရောက်နိုင်ကြပါစေ။

နှလုံးစိတ်ဝမ်းကြည်ရွှင်လန်း၍
ကောင်းသော လိုအင်ဆန္ဒများပြည့်ဝနိုင်ကြပါစေ။

စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း
ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့်ပြည့်စုံနိုင်ကြပါစေကြောင်း

🍀🍀🍀မြနန်းစံဆေးခန်း မိသားစု🍀🍀🍀မှ
ဆုမွန်ကောင်း တောင်းဆုပြုလိုက်ပါတယ်ရှင့်🙏

သီတင်းကျွတ်လပြည့်နေ့မှာ လှူချင်တာလေးတွေ လှူဖို့ ကြိုတင်မှာယူထားပြီးပါကြောင်း 🙏🙏🙏နတ်လူသာဓု ခေါ်စေသော် 🙏အရင်ထဲက လှူချင်နေသ...
30/09/2025

သီတင်းကျွတ်လပြည့်နေ့မှာ လှူချင်တာလေးတွေ လှူဖို့ ကြိုတင်မှာယူထားပြီးပါကြောင်း 🙏🙏🙏

နတ်လူသာဓု ခေါ်စေသော် 🙏

အရင်ထဲက လှူချင်နေသော အလှူတွေထဲက တခု

🍀🍀🍀🍀🍀💛💛💛💛💛🍀🍀🍀🍀🍀

29/09/2025

#ကလေးတွေမှာ H. pylori ပိုးကို စမ်းသပ်စစ်ဆေးသင့်သလားဆိုတဲ့မေးခွန်းက ရောဂါလက္ခဏာတွေ၊ မိသားစုရာဇဝင်နဲ့ အခြားအချက်တွေပေါ် မူတည်ပါတယ်။

ကလေးတွေမှာ H. pylori #စစ်ဆေးသင့်တဲ့ အခြေအနေများ

#စစ်ဆေးသင့်သည့်အဓိကအခြေအနေများ

1. အစာအိမ်အနာ ရှိနိုင်သည့် ရောဂါလက္ခဏာများ ပြနေသော ကလေးများ
· ဗိုက်အထက်ပိုင်း (သို့) ရင်ညွန့်ရိုးအောက်ပိုင်းနာကျင်မှု ကြာရှည်ခြင်း
· ညဘက်အိပ်ရာထဲမှာ ဗိုက်နာခြင်း
· အစာစားပြီးနာခြင်း (သို့) ဗိုက်ဆာနေချိန်နာခြင်း
· ရင်ပူခြင်း၊ လေချဉ်တက်ခြင်း
· အန်ခြင်း (သွေးပါနိုင်သည်)
· ဝမ်းအရောင်နက် (မစင်ထဲတွင် သွေးပါနိုင်သည်)

2. မိသားစုထဲတွင် အစာအိမ်ကင်ဆာ (သို့) MALT lymphoma ရာဇဝင်ရှိသော ကလေးများ (ဒါကတော့ ရှားပါးအခြေအနေဖြစ်ပါတယ်)

#မစစ်ဆေးသင့်သည့်အခြေအနေများ

· ရောဂါလက္ခဏာ မရှိသော ကလေးများ - H. pylori ပိုးရှိသော်လည်း လုံးဝမနာသော ကလေးအများအပြားရှိပါတယ်။ ဒီလိုကလေးတွေကို ရောဂါလက္ခဏာမရှိဘဲ စစ်ဆေးပြီး ကုသခြင်းမပြုလုပ်သင့်ပါ။

· လက်ရှိ ရောဂါလက္ခဏာအတွက် ပထမဆုံးအကြောင်းရင်းအဖြစ် မစဉ်းစားမီ - ကလေးတွေမှာ ဗိုက်နာရခြင်းအကြောင်းရင်းများစွာရှိပါတယ် (ဥပမာ - Functional Abdominal Pain)။ H. pylori ကို ချက်ချင်းမစစ်ဘဲ အခြားအကြောင်းရင်းတွေကို အရင်စဉ်းစားသင့်ပါတယ်။

H. pylori ပိုးရှိပါက #ဘယ်အသက်အရွယ်မှာကုသမှုခံယူသင့်သလဲ

ကုသမှုခံယူသင့်သည့် အခြေအနေ

H. pylori ပိုးရှိတဲ့ ကလေးတိုင်းကို ကုသဖို့ မလိုအပ်ပါဘူး။ ကုသမှုကို အောက်ပါအခြေအနေတွေမှာသာ စဉ်းစားသင့်ပါတယ်

1. H. pylori ပိုးကြောင့် အနာ (Peptic Ulcer Disease) ရှိနေသော ကလေးများ - ဒါကတော့ ကုသရမယ့် အဓိကအကြောင်းရင်းဖြစ်ပါတယ်။

2. မိသားစုထဲမှာ အစာအိမ်ကင်ဆာ ရာဇဝင်ရှိပြီး H. pylori ပိုးရှိနေသော ကလေးများ (ဒါကတော့ ဆရာဝန်နဲ့ တိုင်ပင်ဆုံးဖြတ်ရမည့် အခြေအနေဖြစ်ပါတယ်)။

3. ရောဂါလက္ခဏာပြင်းထန်ပြီး အခြားအကြောင်းရင်းအားလုံးကို စစ်ဆေးပြီးမှ H. pylori ကြောင့်အဓိကဖြစ်နိုင်သည်ဟုသတ်မှတ်သော ကလေးများ။

#အသက်အရွယ်နှင့်ပတ်သက်မှု

· အသက်အရွယ်မရွေး - ကုသမှုလိုအပ်တဲ့ အခြေအနေ (အထက်ပါအတိုင်း) ရှိမယ်ဆိုရင် အသက် ၃ နှစ်၊ ၅ နှစ်၊ ၁၀ နှစ် စသဖြင့် မရွေးကုသသင့်ပါတယ်။

· အသက် ၁၀ နှစ်အောက် ကလေးငယ်များ - ဒီအရွယ်မှာ H. pylori ကြောင့် အနာဖြစ်နိုင်ခြေနည်းပါးပြီး၊ ရောဂါလက္ခဏာမရှိဘဲ ပိုးရှိနေတတ်ပါတယ်။ ဒါကြောင့် ကုသမှုကို ပိုမိုတင်းကျပ်စွာ စဉ်းစားရပါမယ်။

· ဆယ်ကျော်သက်အရွယ်များ - ဒီအရွယ်မှာ အစာအိမ်အနာဖြစ်နိုင်ခြေ ပိုများလာပါတယ်။

#အရေးကြီးသောသတိပြုရမည့်အချက်
ကုသမှုမှာ ပိုးသေစေရန်အတွက အင်တီဘိုင်းအုပ်စုနှစ်စု (ဥပမာ - Proton Pump Inhibitor + Amoxicillin + Clarithromycin/ Metronidazole) နဲ့ ကုသရပါမယ်။ ဆေးတစ်မျိုးတည်းသောက်ခြင်း၊ ဆေးပမာဏမပြည့်ခြင်း၊ ဆေးကုန်အောင်မသောက်ခြင်းတို့က ဆေးယဉ်ပါးမှုကိုဖြစ်စေနိုင်ပါတယ်။

#ရောဂါလက္ခဏာမပြပါဘူးကျန်းမာရေးအဖွဲ့အစည်းများ၏လမ်းညွှန်ချက်များ (References)

1. North American Society for Pediatric Gastroenterology, Hepatology and Nutrition (NASPGHAN) and European Society for Pediatric Gastroenterology, Hepatology and Nutrition (ESPGHAN) - 2017 Joint Guideline
· ဤလမ်းညွှန်ချက်က ရောဂါလက္ခဏာရှိသော ကလေးများတွင်သာ H. pylori ကို စစ်ဆေးပြီး ကုသရန် အကြံပြုထားပါတယ်။
· ရောဂါလက္ခဏာမရှိသော ကလေးများတွင် H. pylori အတွက် ရှာဖွေစစ်ဆေးခြင်း (Screening) မပြုလုပ်ရန် ထောက်ခံထားပါတယ်။
· Peptic ulcer disease ရှိသော ကလေးများတွင် H. pylori ကို ရှာဖွေကုသရန် အကြံပြုထားပါတယ်။
· Reference: Jones NL, et al. Joint ESPGHAN/NASPGHAN Guidelines for the Management of Helicobacter pylori in Children and Adolescents (2016). J Pediatr Gastroenterol Nutr. 2017;64(6):991-1003.
2. World Gastroenterology Organisation (WGO) Global Guideline
· ကလေးများတွင် H. pylori ကူးစက်ခံရခြင်းသည် လူကြီးများထက် ကွဲပြားမှုရှိကြောင်း ဖော်ပြထားပါတယ်။
· ရောဂါလက္ခဏာမရှိသော ကလေးများတွင် ကုသမှုမပေးရန် အကြံပြုထားပါတယ်။
· Reference: World Gastroenterology Organisation. WGO Global Guideline: Helicobacter pylori in Developing Countries. 2010.

#အကျဉ်းချုပ်နှင့်အကြံပြုချက်

· မေးခွန်း: ကလေးတွေမှာ H. pylori စစ်သင့်လား။
· အဖြေ: ရောဂါလက္ခဏာပြနေရင်သာ စစ်သင့်ပါတယ်။ ရောဂါလက္ခဏာမရှိရင် မစစ်သင့်ပါဘူး။
· မေးခွန်း: ပိုးရှိရင် ဘယ်အသက်မှာ ကုရမလဲ။
· အဖြေ: အသက်အရွယ်ထက် ရောဂါအခြေအနေကို ကြည့်ရပါမယ်။ အစာအိမ်အနာ (Peptic Ulcer) တစ်ခုခုရှိမှသာ (အသက်မရွေး) ကုသသင့်ပါတယ်။

#အရေးအကြီးဆုံးအချက်မှာ သင့်ကလေး၏ ရောဂါလက္ခဏာများနှင့် ကျန်းမာရေးအခြေအနေကို ကလေးအထူးကုဆရာဝန် (Paediatrician) သို့ ကလေးအစာခြေလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန် (Paediatric Gastroenterologist) နှင့် တိုင်ပင်ပြသပြီး စစ်ဆေးကုသမှုခံယူဖို့ပဲ ဖြစ်ပါတယ်။
Answered by deepseek and edited by
Prof Thein Myint(GI)

 #ရောဂါလက္ခဏာများအိတ်ချ်. ပိုင်လိုရီ (H. pylori) ပိုးဝင်တဲ့ လူအများစုဟာ  #ရောဂါလက္ခဏာ မပြပါဘူး။ ရောဂါလက္ခဏာတွေ ပေါ်လာတဲ့...
29/09/2025

#ရောဂါလက္ခဏာများ

အိတ်ချ်. ပိုင်လိုရီ (H. pylori) ပိုးဝင်တဲ့ လူအများစုဟာ #ရောဂါလက္ခဏာ မပြပါဘူး။

ရောဂါလက္ခဏာတွေ ပေါ်လာတဲ့အခါမှာတော့ အများအားဖြင့် အစာအိမ်ရောင်ခြင်း (gastritis) ဒါမှမဟုတ် အစာအိမ်အနာ (peptic ulcers) တွေနဲ့ ဆက်စပ်နေပါတယ်။

* ရင်ဝတင်းကြပ်ခြင်း

ရင်ပူလောင်ခြင်း၊ဗိုက်အောင့်ခြင်း၊ အထူးသဖြင့် ဗိုက်ထဲမှာ အစာမရှိတဲ့အခါမျိုးမှာ ပိုဖြစ်ပါတယ်။

* ဗိုက်ပွခြင်း။

* ပျို့ခြင်း သို့မဟုတ် အန်ခြင်း။

* အစာစားချင်စိတ် လျော့နည်းခြင်း။

* မရည်ရွယ်ဘဲ ကိုယ်အလေးချိန် ကျဆင်းခြင်း။

* အလွန်အကျွံ လေချဉ်တက်ခြင်း။

အစာအိမ်အူလမ်းကြောင်းဌာနကဆရာဝန်၊သူနာပြုဒုတိယအဖွဲ့ကိုအစာအိမ်ပိုးဒီနေ့စစ်ပါတယ်။

၁၃)ယောက်မှာ(၁၂)ယောက်(၉၂.၃%)ပိုးပေါက်ပါတယ်။

ဒီနေ့ပဲအစာအိမ်ပိုးသတ်ဆေး(၄)မျိုး(၁၄)ရက်
တိုက်ပါမယ်။

Prof Thein Myint(GI)29.9.2025

🦠 RSV Virus ဆိုတာဘာလဲ? • RSV ဟာ Respiratory Syncytial Virus ဆိုပြီး သက်ငယ်ငယ်ကလေးတွေမှာ ဆိုးရွားတဲ့ အဆုတ်လေပြွန်ရောင်၊ b...
19/09/2025

🦠 RSV Virus ဆိုတာဘာလဲ?
• RSV ဟာ Respiratory Syncytial Virus ဆိုပြီး သက်ငယ်ငယ်ကလေးတွေမှာ ဆိုးရွားတဲ့ အဆုတ်လေပြွန်ရောင်၊ bronchiolitis ကို ဖြစ်စေတတ်တဲ့ အသက်ရှူလမ်းကြောင်းဗိုင်းရပ်စ် ဖြစ်တယ်။
• ကလေးငယ်တွေ၊ အသက်ကြီးသူတွေ၊ နှလုံး/အဆုတ်ပြဿနာပါသူတွေမှာ အန္တရာယ်ကြီး ဖြစ်နိုင်တယ်။
• လက်နဲ့ထိ၊ ချောင်းဆိုး၊ နှာချေ တို့မှတဆင့် လွယ်လွယ်ကူကူ ကူးစက်တတ်တယ်။

🤒 လက္ခဏာများ
• နှာစီး၊ ချောင်းဆိုး၊ အသက်ရှူမြနခြင်း။
• အလွန်အကျွံ ရင်ကြပ်၊ မောခြင်း။
• ကလေးငယ်တွေမှာ အစာမစားချင်၊ ဗိုက်အောင့်၊ မှိန်းခြင်းစသည်ဖြင့် အားမရှိဖြစ်လာတတ်ပါတယ်။

💉 RSV ကာကွယ်ဆေး( လတ်တလောမရနိုင်ပါ)

RSV ကာကွယ်ဆေးတွေဟာ နောက်ဆုံးနှစ်တွေမှာပဲ အတည်ပြုပြီး အသုံးပြုလာတာ ဖြစ်တယ်။
1. အသက်ကြီးသူများအတွက် (၆၀ နှစ်အထက်)
• Arexvy® (GSK), Abrysvo® (Pfizer) ဆိုပြီး ၂၀၂၃ ခုနှစ်မှာ FDA မှ အသိအမှတ်ပြုထားပါတယ်။
• အသက်ကြီးသူတွေကို RSV ကာကွယ်ပေးနိုင်ဖို့ အသုံးပြုကြပါတယ်။

2. Pregnant မိခင်များအတွက်
• Abrysvo® (Pfizer) ကို ကိုယ်ဝန် ၃၂–၃၆ ပတ်အတွင်း ထိုးပေးနိုင်ပြီး မွေးဖွားမယ့် ကလေးကို RSV ကာကွယ်နိုင်မယ့် ကိုယ်ခံအား Antibodyထွက်စေပြီး တိုက်ရိုက်ကာကွယ်ပေးတယ်။
3. ကလေးငယ်အတွက်
• RSV vaccine ကို ကလေးအတွက် တိုက်ရိုက်ထိုးတာမရှိသေးပေမယ့်
• Nirsevimab (Beyfortus®) ဆိုတဲ့ monoclonal antibody ကို အသက် ၁ နှစ်အောက် ကလေးတွေကို ထိုးပေးပြီး RSV ကာကွယ်နိုင်တယ်။

🛡️ ကာကွယ်ရေး အခြားနည်းများ
• လက်ကို မကြာခဏ ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးခြင်း
• အပြစ်မဲ့ ကလေးငယ်၊ အသက်ကြီးသူတွေကို RSV ရှိသူနဲ့ မထိတွေ့စေခြင်း
• အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာပါသူနဲ့ နီးကပ်ထိတွေ့တာကို လျှော့ချခြင်း

👉👉👉ရောဂါလက္ခဏာများ စတင်ခံစားရပါက နားလည်တတ်ကျွမ်းသော ဆရာဝန်များနှင့် ချက်ချင်း ကုသမှု ခံယူသင့်ပါတယ်။

DrAyeThetPhyu

MyaNannSanClinic


#ပြင်းထန်အဆုတ်လေပြွန်ရောင်ရောဂါပိုး

‎သည်းခံတတ်တဲ့သူနဲ့ ပေါင်းသင်းတော့‎ကိုယ်ပါ စိတ်အေးတတ်လာတယ်..‎‎ကြင်နာတတ်တဲ့သူနဲ့ ပေါင်းသင်းတော့‎ကိုယ်ပါ နှလုံးသားသိမ်မွေ့လ...
18/09/2025

‎သည်းခံတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ စိတ်အေးတတ်လာတယ်..

‎ကြင်နာတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ နှလုံးသားသိမ်မွေ့လာတယ်..

‎တန်ဖိုးထားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ အရာရာကို တလေးတစား
‎လုပ်တတ်လာတယ်..

‎ကိုယ်ချင်းစာတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ စာနာတတ်လာတယ် ။

‎ပျော်ပျော်နေတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ ပျော်ချင်စိတ်တွေပေါက်လာတယ်..

‎ကြိုးစားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ တိုးတက်ချင်စိတ်တွေ မွေးဖွားလာတယ်..

‎မေတ္တာထားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ မေတ္တာနဲ့နေတတ်လာတယ်..

‎သတိရှိတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ အသိ သတိတွေနဲ့
‎နေ့ရက်တိုင်းကို ဖြတ်ကျော်တတ်လာတယ်..

‎ရိုးသားတဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ အစစ်အမှန်တွေကို
‎ထုတ်သုံးတတ်လာတယ်..

‎နာခံတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ နာခံတတ်လာပြီး
‎အကောင်း/အဆိုးကို ခွဲခြားနိုင်လာတယ်..

‎စိတ်နှလုံးကောင်းတဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ သူတော်ကောင်းစိတ်တွေ မွေးမြူလာတယ်..
‎ တကယ်တော့...အကြောင်းတရားကောင်းမှ
‎အကျိုးတရား လှတာနော်~~~

‎ #ဦးအောင်သင်း

#စာပေ
#စာအုပ်စာပေလူ့မိတ်ဆွေ
#စာပေဗဟုသုတ

14/09/2025

🫁 အသက်ရှုလမ်းကြောင်းကို ဒုက္ခပေးတဲ့ ပိုးကောင်များ 🦠

ကလေးတွေ ဒီရက်ပိုင်းမှာ
🤒 ဖျားတယ်။
😷 ချောင်းဆိုးတယ်။
🤧 နှာစေးတယ်။

အဓိကတော့ လေပြွန်ရောင်စေတဲ့ပိုးကြောင့်ပါ။

အဲ့ကတစ်ဆင့်
🫁 အသက်ရှုမြန်လာတယ်။
🌬️ အသက်ရှုကြပ်လာတယ်။

ဒီအခြေအနေဆို လေပြွန်ရောင်တာရဲ့ နောက်ဆက်တွဲ အဆုတ်ယောင်ခါစ ဖြစ်နေပြီ။

အန္တရာယ်အနေအထားအနေနဲ့
⚠️ အောက်ဆီဂျင် ကျလာတယ်
⚠️ သတိမကောင်းတော့တာထိ ဖြစ်နိုင်တယ်။

ပြင်းထန်အဆုတ်ရောင်ရောဂါလို့ သတ်မှတ်ပြီး ကုသဖို့ လိုအပ်လာပါတယ်။

⁉️ ဘာကြောင့် ဖြစ်တာလဲ?

လေပြွန်ရောင်တာ အများစုက ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များတယ်။

⁉️ ဘာလို့ ဖြစ်ရတာလဲ?

ခုလိုမိုးရာသီမှာ မိုးရွာလိုက်၊ နေပူလိုက် အပူချိန်မမှန်တဲ့အခါ ပိုးကောင်တွေ အများကြီး ပေါက်ဖွားလာလေ့ရှိပါတယ်။

⁉️ ဘယ်လို ကူးစက်တာလဲ?

အသက်ရှုလမ်းကြောင်းကတစ်ဆင့် ကူးစက်တာပါ။ နှာချေ၊ ချောင်းဆိုး၊ ဖျားနာလူနာအနားမှာ ရှိရင် ကူးဖို့များပါတယ်။

⁉️ ဘယ်လို ကာကွယ်မလဲ?

ကိုဗစ်ကာကွယ်နည်းအတိုင်း
🛗 တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေပါ။
😷 Mask တပ်ပါ။
🧼 လက်ဆေးပါ။
🧴 Handgel သုံးပါ။
🚹 လူထူထပ်တဲ့နေရာများ ရှောင်ပါ။
💉 ကာကွယ်ဆေး ထိုးပါ။

⁉️ ဘယ်လို ကုသမလဲ?

🛌 လုံလောက်စွာ အနားယူပါ။
🚸 နေမကောင်းလျှင် ကျောင်းမလွှတ်ပါနဲ့။
🚫 မိမိသဘောနဲ့/စပ်ဆေးများ ရှောင်ပါ။
👩🏻‍⚕️ ဖျားနာ၊ နှာချေ၊ ချောင်းဆိုးလျှင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ဆောလျင်စွာ တိုင်ပင်ပါ။
💊 လိုအပ်တဲ့ ဆေးဝါးကုသမှု ခံယူပါ။
🍛 အာဟာရပြည့်အောင် စားသောက်ကျွေးမွေးပါ။

လေပြွန်ရောင်တဲ့အခါမှာ
💊 သောက်ဆေး (အရောင်ကျဆေး၊ ချွဲပျော်ဆေး၊ လေပြွန်ပွင့်စေတဲ့ဆေး) နဲ့
💊 ရှုဆေး (လေပြွန်ပြန်ကျယ်စေတဲ့ဆေး) တွေ လိုအပ်နိုင်ပါတယ်။
⚠️ မိမိသဘောနဲ့ ဆေးသောက်တာ၊ တစ်ဆင့်စကား ညွှန်တဲ့ ဆေးသောက်တာ၊ ဆေးဆိုင်များမှ ဆေးညွှန်းအတိုင်း သောက်တာမျိုး မလုပ်သင့်ပါဘူး။

⁉️ ဘယ်လောက် ကြာနိုင်လဲ?

ပိုးကောင်တို့ သဘာဝအရ ၃ရက်မြောက်နေ့မှာ ပိုဆိုးလာတတ်ပြီး ၅ရက်မြောက်နေ့မှာ အရေးပေါ်အခြေအနေ ဖြစ်နိုင်ပါတယ်။ ၇ရက်နောက်ပိုင်းမှာတော့ ပြန်ကောင်းလာလေ့ရှိပြီး တစ်ချို့မှာ ၂ပတ် - ၁လမျှ တာရှည်နိုင်ပါတယ်။

⁉️ အန္တရာယ်လက္ခဏာအနေနဲ့

* ကလေး မလန်းတာ
* အစား မဝင်တာ
* ကျွေးသမျှ အန်တာ
* အသက်ရှု မြန်တာ
* အသက်ရှု ကြပ်တာ
* အောက်ဆီဂျင် ၉၅% အောက် ကျတာ
* တက်တာ ရှိခဲ့မယ်ဆို နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးခေါ်ဆောင် ပြသသင့်ပါတယ်။

⁉️ ညွှန်ကြားချက်

💦 ရေ/အရည် သောက်ခိုင်းပါ။
🤒 အဖျား ၄နာရီခြားတိုင်းပြီး ၁၀၀ အထက်ဆို ကိုယ်ပူကျဆေး Paracetamol တိုက်ပေးပါ။
🪣 အဖျားကြီးလျှင် ရေပတ်တိုက်/ရေချိုးပေးပါ။
💊 ဆရာဝန်ပေးထားသော ဆေးဝါးများ အချိန်မှန် တိုက်ပေးပါ။
📝 နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများ ပြလို့ ရမရ စုံစမ်းထားပါ။
📍 အန္တရာယ်လက္ခဏာများ ရှိလျှင် ချက်ချင်းဆေးရုံသွားပါ။

လေပြွန်ရောင်စေတဲ့ပိုးဟာ အခုမှ အသစ်ပေါ်လာတဲ့ ပိုးမဟုတ်ပါဘူး။ အရင်ထဲက ရှိနေပြီးသား အခုတလော အဖြစ်ပိုများလာတဲ့သဘောပါ။ လူနေထူထပ်တဲ့ နေရာတွေမှာ ပိုကူးစက်လွယ်တာကြောင့် ဒီရက်ပိုင်း မလိုအပ်တဲ့ အသွားအလာတွေကို ၁ - ၂ပတ်လောက် ဆင်ခြင်လိုက်မယ်ဆိုရင် ဖြစ်နှုန်းပြန်ကျသွားပါလိမ့်မယ်။ ကလေးရှိတဲ့မိဘများအနေနဲ့ အစိုးရိမ်မလွန်ဖို့ ဆောင်းပါးရေးသားလိုက်ရပါတယ်။

⚠️ Copy ယူပြီး ပြန်တင်ခြင်း ခွင့်မပြုပါဘူး။
✅ လွတ်လပ်စွာ Shareလို့ ရပါတယ်။

ဆန္ဒမွန်ဖြင့်
ကလေးတို့ရဲ့ဆရာဝန်
ဒေါက်တာရွှေစင်ဝင်း 👩🏻‍⚕️

ဒီရက်ပိုင်း အရမ်းအဖြစ်များသော
13/09/2025

ဒီရက်ပိုင်း အရမ်းအဖြစ်များသော

Address

Hmawbi

Opening Hours

Monday 08:00 - 12:00
15:00 - 20:00
Tuesday 08:00 - 12:00
15:00 - 20:00
Wednesday 08:00 - 12:00
15:00 - 20:00
Thursday 08:00 - 12:00
15:00 - 20:00
Friday 08:00 - 12:00
15:00 - 20:00
Saturday 08:00 - 12:00
15:00 - 19:00
Sunday 08:00 - 12:00
15:00 - 20:00

Telephone

+9595140586

Website

Alerts

Be the first to know and let us send you an email when မြနန်းစံ အထွေထွေရောဂါကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram