မြနန်းစံ အထွေထွေရောဂါကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ

  • Home
  • Myanmar
  • Hmawbi
  • မြနန်းစံ အထွေထွေရောဂါကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ

မြနန်းစံ အထွေထွေရောဂါကုဆေးခန်း  နှင့် ရောဂါရှာဖွေရေးစင်တာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မြနန်းစံ အထွေထွေရောဂါကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ, Pharmacy / Drugstore, Yangon/Pyay Road, Hmawbi.

🍀🍀မြနန်းစံ အထွေထွေရောဂါကုဆေးခန်း🍀🍀

မြတ်နိုးတန်ဖိုးထားရပါသော မိဘပြည်သူများ၏ကျန်းမာရေးအတွက် အရည်အသွေးပြည့်ဝသောဆရာဝန်များမှ အရည်အသွေးပြည့်မီသော(Qualityအကောင်းဆုံး)ဆေးဝါးများအသုံးပြုကာ ပြုစုကုသပေးနေပါသည်။ မြနန်းစံဆေးကုခန်းအား ၂၀၀၉ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။

“””မြနန်းစံ အထွေထွေရောဂါကုဆေးခန်း”””

ဆေးခန်းဖွင့်ချိန်။ ။ မနက် ၈ နာရီ မှ ၁၂ နာရီ

ညနေ (၃)နာရီ မှ ည (၈)နာ

ရီ။

ဆေးခန်း အတွင်းသို့ မဝင်မှီ Maskတပ်ရပါမည်။

မပါလျှင် ဆေးခန်းမှ ပေးပါမည်။

Hand Dispenser ၊Hand gel သုံး ရပါမည်။

လူနာ နှင့် လူနာစောင့် တဦးသာ ဝင်ရပါမည်။(ကလေးငယ်နှင့် တခြားသူအကူအညီယူရန်လိုသောလူနာများမှ လွဲ၍)

ဆေးခန်းစည်းကမ်းကို သေချာတိကျစွာလိုက်နာပေးကြသော လူနာများအားလုံးကို ကျေးဇူး အထူးတင်ပါသည်။

🤍🤍🤍🤍🤍
24/11/2025

🤍🤍🤍🤍🤍

24/11/2025

🍀အားကိုးရသောအချစ်များ

နွေရာသီတွင်အပူဒါဏ်ကင်းပြီး။

မိုးရာသီမှာ လုံခြုံကာ။

ဆောင်းရာသီမှာ နွေးထွေးပါစေ🍀

မိတ်ကောင်းဆွေကောင်း ဆရာကောင်း အရေးကြီးပုံကို အမှတ်ရစေသောနေ့ဖြစ်သည့် တန်ဆောင်လပြည့်နေ့အတွက် ပါမောက္ခချုပ်ဆရာတော်ဘုရား ရေး...
04/11/2025

မိတ်ကောင်းဆွေကောင်း ဆရာကောင်း အရေးကြီးပုံကို အမှတ်ရစေသောနေ့ဖြစ်သည့် တန်ဆောင်လပြည့်နေ့အတွက် ပါမောက္ခချုပ်ဆရာတော်ဘုရား ရေးသားချီးမြှင့်ပေးအပ်သည့် “တန်ဆောင်လပြည့် ဘဝသင်ခန်းစာ”

တန်ဆောင်လပြည့်
ဘဝသင်ခန်းစာ
——————————
(၁) ဗာလ ဆိုတာ အသိမရှိသူ။
(၂) ဗာလ ဆိုတာကောင်းကျိုးကို
ဖျက်ဆီးတတ်သူ။
(၃) ဗာလဆိုတာ ဆိုကျိုးကို။
ဖြစ်စေတတ်သူ။
(၄) ဗာလဆိုတာ မကောင်းမှု၌
စေခိုင်းတတ်သူ။
အဇာတသတ်မင်းသားသည်
ဗာလဖြစ်သည့် ရှင်ဒေဝဒတ်ကို
အထင်ကြီးမိပြီး သူခိုင်းသမျှ
လုပ်မိလို့ အမှားကိုကျူးလွန်ပြီး
ဘဝပျက်ရသည်၊
မြတ်ဗုဒ္ဓ၏အဆုံးအမကြောင့်
လူကောင်းသူကောင်းဖြစ်ရသည်။
တန်ဆောင်လပြည့်နေ့သည်
မိတ်ကောင်းဆွေကောင်း ဆရာ
ကောင်း အရေးကြီးပုံကို အမှတ်
ရစေသောနေ့ဖြစ်သည်။
ဗာလမှန်သမျှကို ရှောင်ကြပြီး
ပညာရှိသူတော်ကိုသာ ပေါင်းကြ
ရန် ဘဝသင်ခန်းစာယူကြပါကုန်။

ပါမောက္ခချုပ်ဆရာတော်
၁၃၈၇ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့

အတွေ့များလာသော ရောဂါများထဲမှ တခု 👉ဆေးကြောင့် အသဲယောင်ခြင်း (Drug-Induced Liver Injury - DILI) သည် ဆေးဝါးများသောက်သုံးမှု...
20/10/2025

အတွေ့များလာသော ရောဂါများထဲမှ တခု

👉ဆေးကြောင့် အသဲယောင်ခြင်း (Drug-Induced Liver Injury - DILI) သည် ဆေးဝါးများသောက်သုံးမှုကြောင့် အသဲဆဲလ်များ ပျက်စီးခြင်း သို့မဟုတ် အသဲရောင်ခြင်းကို ဆိုလိုပါတယ်။

👉လက္ခဏာများ:::::::::::::::::::::::::::::::::::

· မောပန်းနွမ်းနယ်ခြင်း
· ပျို့အန်ခြင်း
· ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းနာခြင်း
· အသားဝါခြင်း၊ မျက်လုံးဝါခြင်း
· ဆီးအရောင်ရင့်ခြင်း
· ယားယံခြင်း

👉အဖြစ်များသောဆေးဝါးများ:::::::

· အကိုက်အခဲပျောက်ဆေးများ:

· Steroids ပါဝင်သောဆေးများ: ဥပမာ စပ်ဆေး /တချို့သောမြန်မာဆေးများ။

· အခြားဆေးဝါးများ……

👉အရေးပေါ်ကုသမှုနည်းလမ်းများ::::::::::::

1. အဓိကလုပ်ဆောင်ချက်: အကြောင်းရင်းဖြစ်စေသောဆေးကို ချက်ချင်းရပ်ဆိုင်းခြင်း။

2. အားဖြည့်ကုထုံးများ:
· အရည်များများသောက်ခြင်း
· အာဟာရပြည့်ဝစွာစားသောက်ခြင်း
· အနားယူခြင်း

3. ဆရာဝန်ညွှန်ကြားချက်ဖြင့်:
· အသဲဆေးများသောက်သုံးခြင်း
· လိုအပ်ပါက ဆေးရုံတက်ကုသခြင်း

👉ကာကွယ်ခြင်း::::::::::::::::::::::::::::::::::::

· ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးမသောက်ပါနှင့်

· ဆေးအညွှန်းကိုဂရုတစိုက်လိုက်နာပါ

· အရက်သေစာသောက်စားခြင်းကိုရှောင်ကြဉ်ပါ

· ဆေးများရောစပ်သောက်သုံးခြင်းကိုရှောင်ပါ

အရေးပေါ်အခြေအနေ:

အထက်ပါလက္ခဏာများပေါ်လာပါက ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသပါ။

သတိပြုရန်: ဤသည် အထွေထွေကျန်းမာရေးအကြံပေးချက်သာဖြစ်ပြီး ဆရာဝန်နှင့်တိုင်ပင်ကုသမှုခံယူရန်လိုအပ်ပါသည်။

Address

Yangon/Pyay Road
Hmawbi
NO.90,NO.1QUARTERMYAUNGTAGAR

Opening Hours

Monday 08:00 - 12:00
15:00 - 20:00
Tuesday 08:00 - 12:00
15:00 - 20:00
Wednesday 08:00 - 12:00
15:00 - 20:00
Thursday 08:00 - 12:00
15:00 - 20:00
Friday 08:00 - 12:00
15:00 - 20:00
Saturday 08:00 - 12:00
15:00 - 19:00
Sunday 08:00 - 12:00
15:00 - 20:00

Telephone

+9595140586

Website

Alerts

Be the first to know and let us send you an email when မြနန်းစံ အထွေထွေရောဂါကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share