09/12/2025
၂၀၂၅ ခုနှစ် (၁၁)လပိုင်းအတွက်၊
#ကျန်းမာရေးထောက်ပံ့မှုဖောင်ဒေးရှင်း(မှော်ဘီ)၏
လစဥ် အလှူရှင်များစာရင်းကို ထုတ်ပြန်ကြေငြာပေးပါသည်။
ယခု လအတွက် လှူဒါန်းငွေ -
မတည် အလှူငွေ (၀)ကျပ်၊ နှင့်
လစဉ် အလှူငွေ (၆၇၈,၀၀၀)ကျပ် ကောက်ခံရရှိပြီး၊ ရရှိငွေ အားလုံးကို KBZ ဘဏ်၌ အပ်နှံထားရှိပါသည်။
လှူဒါန်းငွေများကို ကျွန်တော်တို့ဖောင်ဒေးရှင်း၏
ချမှတ်ထားသော စည်းကမ်းနှင့် အညီ၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျန်းမာရေး၊ အကူအညီ လိုအပ်သော ကျောင်းသား/လူငယ်၊ ကလေး၊ လူကြီး များကို ထိုက်သင့်သလို စီစစ်ထောက်ပံ့ပေးသွားမည်၊ ဖြစ်ပါကြောင်း သူငယ်ချင်း၊ မိတ်ဆွေ၊ မိဘပြည်သူများအား အသိပေးပန်ကြားအပ်ပါသည်။
#ကျန်းမာရေးထောက်ပံ့မှုဖောင်ဒေးရှင်း(မှော်ဘီ) နှင့် ပက်သက်၍ လူကြီးမင်းတို့၏ အကြံဉာဏ်ကောင်းများကိုလည်း အပြုသဘောဆောင်၍ Page Messenger သို့ ပြောကြား အကြံပြုနိုင်ပါသည်။
ယခု (November)လ အတွက်
စာရင်းတွင် အမည်ပါရှိသော်လည်း
အလှူငွေ မပေးရသေးသူများအနေနှင့်
အလှူငွေပေးပို့နိုင်ပြီး၊
အလှူငွေ ပေးပို့ပြီးသော်လည်း
စာရင်းတွင် မပါရှိသေးပါက
ကျွန်တော်တို့အား အသိပေး
အကြောင်းကြားပြောဆိုပါရန်
မေတ္တာ ရပ်ခံအပ်ပါသည်။
(Hmawbi)
၉.၁၂.၂၀၂၅