02/11/2025
နှလုံးရောဂါဆိုတာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ အသံတိတ် လူ t တ် သမားလို့ ဆိုနိုင်တဲ့ ရောဂါတစ်ခုပါ။ 🚨
နှလုံးရောဂါက မွေးရာပါ ရောဂါလည်း ဖြစ်နိုင်သလို နေထိုင်စားသောက်မှုပုံစံနဲ့ ရောဂါနောက်ဆက်တွဲတွေကြောင့်လည်း ဖြစ်လေ့ရှိတတ်ပါတယ်။
❗️ သွေးတိုး/ ဆီးချိုရှိခြင်း၊ သွေးတွင်းအဆီဓာတ်များခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ မျိုးရိုးလိုက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းစတာတွေကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေများပါတယ်။
ရောဂါပေါ်မူတည်ပြီး ရှေ့ပြေးလက္ခဏာတွေ ကွာခြားမှုရှိနိုင်ပေမဲ့ အများအားဖြင့်တော့
🔺 နှလုံးခုန်နှုန်းမမှန်ဘဲ ရင်တုန်တာ
🔺 ရင်ဘတ်ကို တစ်ခုခုက ဖိထားသလို ရင်ဘတ်အောင့်တာ
🔺 ရင်ဘတ်အောင့်တဲ့အခါ တင်းကျပ်ပြီး လက်မောင်း၊ လည်ပင်း၊ မေးရိုး၊ ကျောစတဲ့ နေရာတွေထဲက တစ်နေရာရာအထိ နာကျင်တာ
🔺 လှုပ်ရှားမှု နည်းနည်းလုပ်ရုံနဲ့ မောပန်းလွယ်တာ၊ အသက်ရှူ မဝတာ၊ အလွန်အမင်း မောပန်းတာ
🔺 မူးဝေတာ၊ သတိလစ်တာ
🔺 ချွေးအေးနဲ့ ချွေးစေးထွက်တာ
ဒါတွေက ရှေ့ပြေးလက္ခဏာ ဖြစ်ပေမဲ့ လူတော်တော်များများက ဝေဒနာဆိုးဆိုးဝါးဝါး မခံစားရခင်အထိ ကြိုတင်သတိထားမိလေ့ မရှိကြပါဘူး။
ဒီနေ့ခေတ်ရဲ့လူနေမှုပုံစံတွေကြောင့် အသက် ၂၀ နဲ့အထက် လူငယ်တွေမှာလည်း နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနှုန်းမြင့်တက်လာတာကြောင့် လိုအပ်တဲ့ ဆေးစစ်မှုတွေကို ၄ နှစ် ၁ ကြိမ် သို့ ၆ နှစ် ၁ ကြိမ် ပြုလုပ်သင့်ပါတယ်။ 🩺
အသက် ၄၀ နဲ့အထက် လူကြီးတွေကတော့ နှလုံး၊ သွေးတိုး၊ ဆီးချို၊ သွေးတွင်းသကြားဓာတ်စတာတွေကိုပါ စစ်ဆေးဖို့လိုပြီး နှစ်စဉ် ဆေးစစ်သင့်ပါတယ်။
ချမ်းမြေ့နေခြည် အထူးကု ဆေးခန်းမှာ နှလုံးကျန်းမာရေး သီးသန့်စစ်ဆေးလို့ရတဲ့ Heart Care Package ကို ရယူနိုင်သလို အထူးကုဆရာဝန်ကြီးတွေနဲ့လည်း တိုင်ပင်ဆွေးနွေးနိုင်ပါတယ်နော်။ 🫀👨🏻⚕️
💚 ကျန်းမာမှုအတွက် အသင့်ရှိသည် နွေးထွေးမှုနှင့် ချမ်းမြေ့နေခြည် 💚
🏥 လိပ်စာ - အမှတ် (၅၁၈)၊ ဆရာသိန်းလမ်း၊ (၁) ရပ်ကွက်၊ မှော်ဘီမြို့။
☎️ ဖုန်း - 09799855944, 09253172682
🕗 ဆေးခန်းဖွင့်ချိန် - မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ
#နှလုံးရောဂါ #နှလုံးသွေးကြောကျဉ်း #နှလုံးအထူးကု #ကျန်းမာရေးစစ်ဆေးမှု #ချမ်းမြေ့နေခြည် #အထူးကုဆေးခန်း #အထူးကုဆရာဝန်ကြီးများ