J1H Witchcraft Training

J1H Witchcraft Training From will to world

အခုလာမယ့် May 1 full moon in Scorpio မှာဘာတွေလုပ်ဆောင်သင့်လဲ?စကော်ရာသီနဲ့တိုက်ရိုက်သက်ဆိုင်တဲ့ သေဆုံးပြီး တဖန်ပြန်လည်မွေ...
29/04/2026

အခုလာမယ့် May 1
full moon in Scorpio မှာဘာတွေလုပ်ဆောင်သင့်လဲ?

စကော်ရာသီနဲ့တိုက်ရိုက်သက်ဆိုင်တဲ့ သေဆုံးပြီး တဖန်ပြန်လည်မွေးဖွားလာခြင်းအဓိပ္ပာယ်ကိုဆောင်တဲ့အရာမှန်သမျှပြုလုပ်လို့ရပါတယ်။

ဒါပေမယ့် အဟောင်းတွေကိုစွန့်ပစ်တဲ့ နာကျင်မှုတစ်ခုကိုတော့ပေးဆပ်မှ ကောင်းမွန်တဲ့အသစ်တွေလာမှာပါ။ ဒါကြောင့် ဂျက်ရေ full moon energy ကိုယူပြီးဘာတွေလုပ်ဆောင်ရမလဲလို့မေးရင် -

အဟောင်းတွေစွန့်ပစ်တဲ့ ritual ဖြစ်တဲ့ မကောင်းတဲ့၊ မကြိုက်တဲ့အကျင့်တွေကို စာရွက်တရွက်ထဲရေးချပြီး စူးရှတဲ့အနံ့တွေရှိတဲ့ rosemary, ရှောက်၊ သံပုရာခွံတွေနဲ့ စပါးလင်တို့နဲ့ရောထွေးထားပြီး မီးရှို့ခြင်း။

မကြိုက်တဲ့ပစ္စည်းတွေ၊ မလိုအပ်တဲ့အ၀တ်တို့ပစ္စည်းတို့ကို ပေးပစ်ဖို့ ရည်ရွယ်ပြီးစွန့်ပစ်ခြင်းတို့အရင်ပြုလုပ်ရပါလိမ့်မယ်။

ပြောင်းလဲခြင်းတိုင်းက ပင်ပန်းတာ၊ energy ပြင်းတာတွေကြောင့် ကျောက်စိမ်း၊ အနက်ရောင်ကျောက်တွေကိုဆောင်ထားပြီး အသစ်အသစ်တွေကို စီမံပြီး ယတြာချေလို့ရပါပြီ။

မြန်မာ့ရိုးရာပဲဖြစ်ဖြစ် နိုင်ငံခြားရိုးရာဖြစ်ဖြစ် နှစ်သက်ရာ ritual နဲ့ယတြာချေနိုင်သလို လပြည့်နေ့ ritual အနေနဲ့ -

စီးပွားရေးတိုးတက်စေဖို့ - ပျားရည်၊ သကြား၊ ဖယောင်းတိုင် လိ‌‌ ‌မ္မော် သို့မဟုတ်အဝါ၊ ချိုချဉ်များ နှင်းဆီပန်း အဝါရောင်တို့ကို သုံးပြီး ၄ ဂဏန်း သို့မဟုတ် ၂ ဂဏန်းကိုယူပြီး ဉပမာ - နှစ်ချောင်းစီ ၊နှစ်ဇွန်းစီနဲ့ customize ယတြာတွေပြုလုပ်လို့ရပါတယ်။

အရည်တွေကို ဖယောင်းတိုင်ပေါ်သုတ်လိမ်းပြီး မီးရှို့ ရင်း ဖယောင်းတိုင်ကြည့်ရင်း ဖြစ်လိုတဲ့ဆန္ဒကို တစ်ကြောင်းထဲ အခါခါရွတ်ဖတ်ရင်း
ဆုတောင်းပါ။

အချစ်ရေးအတွက် - ၆ ဂဏန်းကိုသုံးပြီး အဲ့ပါ၀င်ပစ္စည်းတွေနဲ့ ပဲ အနီရောင် (ဆန္ဒပြင်းပြမှုနဲ့ စွဲလမ်းမှု) ဖယောင်းတိုင်၊ နားလည်မှု ကြင်နာမှု ချစ်ခင်ကြည်နူးမှုနဲ့ ဆိုင်တဲ့ ပန်းရောင် ဖယောင်းတိုင် ကိုသုံးပြီး အထက်ပါပုံစံအတိုင်းရွတ်ဖတ်ပေးပါ။

ဆုတောင်းတဲ့အခါ “ပါစေ” လို့ မရွတ်ပဲ…
ဉပမာ- “ငါအိမ်တစ်လုံးပိုင်ဆိုင်ရပြီ” ဆိုတဲ့ “ရပြီ” “ရနေပြီ” ဆိုတဲ့ စာကြောင်းနဲ့ရွတ်ဆိုပေးရပါမယ်။

ဒါဆို လွယ်ကူရိုးရှင်းတဲ့ အနောက်တိုင်းယတြာလေးရပါပြီ။
ခံစားချက်တွေပြင်းထန်လာတာ၊ အရှိန်တွေရလာတာခံစားမိနေရင် သိပ်မကြာပါဘူးအလုပ်ဖြစ်ပါပြီ…

Ritual တွေလုပ်ပြီးတဲ့အခါမှာ result ကို စောင့်ကြည့်နေတာမရှိပဲ လုံး၀မေ့လိုက်တာမျိုးဆို ပိုအစွမ်းထက်ပါတယ်နော်။

အားလုံးအဆင်ပြေကြပါစေ။ အောင်မြင်ကြပါစေ။

တားရော့ဖတ်ရင် ဖတ်တဲ့လူက ပညာစဉ်တက်တယ်၊ အဖတ်ခံရသူက ပါရမီဖြည့်ဘက်ဖြစ်သလို အနာဂတ်ကိုသိရတဲ့ အကျိုးကျေးဇူးတွေလဲအများကြီးရှိပါတ...
27/04/2026

တားရော့ဖတ်ရင် ဖတ်တဲ့လူက ပညာစဉ်တက်တယ်၊ အဖတ်ခံရသူက ပါရမီဖြည့်ဘက်ဖြစ်သလို အနာဂတ်ကိုသိရတဲ့ အကျိုးကျေးဇူးတွေလဲအများကြီးရှိပါတယ်။

ဖတ်သူနဲ့ဟောသူဆိုတာ အတူတွဲပြီးအလုပ်လုပ်ကြရတဲ့သူတွေပါ။ ကံကြမ္မာတစ်ခုကို တစ်ယောက်က information အတိအကျပေးတယ်။ နောက်တစ်ယောက်က ဒီ data တွေကိုယူပြီး အနာဂတ်ကို တားရော့ကဒ်နဲ့ချိတ်ဆက်ဟောပြောပေးတယ်။ အသွားအပြန်ကောင်းရင် အဖြေက ကောင်းကောင်းထွက်ပြီး သိပ်မကောင်းရင် အဖြေတွေ မမှားရင်တောင် ကောင်းကောင်းမထွက်တာအမှန်ပါ။

ဖတ်သူနဲ့ဟောသူ အပေးအယူမျှရင် နှစ်ယောက်လုံးအရသာတွေ့တယ်။
နှစ်ယောက်လုံးပျော်ရွှင်စွာအဟော ပိတ်သိမ်းရတယ်။
ကျေနပ်စိတ်ဖြစ်ရတယ်။

ကိုယ်နဲ့ကိုက်မယ့်အဟောဆရာကလဲရှားတတ်တယ်။ အနာဂတ်ရဲ့ လူမှန်လိုပဲရှားတယ်။ ဒါကြောင့် ဂျက်တို့လို လောကီဆရာတွေလဲ client ကောင်းတွေကိုလက်မလွှတ်ချင်သလို၊ client ကောင်းတွေကလဲ တားရော့ဆရာကောင်းရပြီဆိုရင်ပြေးဖမ်းဆွဲတတ်ကြ၊ တားရော့ကိုတမ်းတမ်းစွဲလာကြတာသဘာ၀ပါ။

အမှန်က တားရော့သည် ကြားခံနယ်ပစ္စည်းတစ်ခုဖြစ်တာကြောင့် တားရော့စွဲလမ်းတယ်ပြောရင်မှားပါတယ်။ အဲ့ တားရော့ဆရာနဲ့ ဖတ်ရတာကို သဘောကျတာ၊ စွဲလမ်းတယ်ဆိုရင်ပိုမှန်မယ်။

ဒီလိုစွဲလမ်းတဲ့အဆင့်ရောက်ရင် ငွေကြေးဆိုတာ မပြောပလောက်တော့ဘူး။
အလဲအလှယ်ပစ္စည်း ၊ ကျေးဇူးတင်လို့ပေးတဲ့ပစ္စည်းသာဖြစ်သွားပြီ။

တားရော့ဆရာတွေဘက်က ငွေကြေးကိုဘယ်လိုသတ်မှတ်လဲ?
ရှင်းပါတယ်။ ငါ clients ဘယ်လိုလူမျိုးတွေကိုကယ်ချင်လဲ?

ငွေသိပ်မရှိတဲ့လူတန်းစားလား? ၊ သူဠေးတွေလား?
ဂျက်ကတော့ အမြဲကြိုးစားနေပေမယ့် အရာမရောက်တဲ့၊ လမ်းပျောက်နေတဲ့ ငွေအတော်အတန် ပုံမှန်ရှိတဲ့လူလတ်ပိုင်းတွေပါ။ အိပ်မက်တွေ မျှော်လင့်ချက်တွေဆီရောက်အောင် စကားလေးတစ်ခွန်းနဲ့တင် ကူညီရာရောက်သလောက် တွန်းတင်ပေးချင်တယ်။ စိတ်အားပေးချင်တယ်။
လမ်းတ၀က်မှာမရပ်နေပဲ လမ်းမှန်ပေါ်ရောက်အောင် တင်ပေးချင်တယ်။ စိတ်ထားကောင်းပြီး၊ သီလတည်ပြီး ဖြစ်မြောက်မယ့်လူတွေကို တကယ်အမြန်ရအောင် မှော်ပညာနဲ့ လုပ်ပေးလိုတယ်။

တဖက်မှာလဲတားရော့ဆရာရှာမရ ရွာလည်နေပြီး၊ review တွေဘယ်လောက်ကောင်းကောင်းမယုံကြသူတွေ (ဂျက်လို တကယ်မြင်ရမှယုံမယ်ဆိုတဲ့လူတွေ) အတွက်လဲ တားရော့ရဲ့ ဉာဏ်ပညာအမွေအနှစ်တွေကို ကိုယ့်လမ်းကြောင်းနဲ့ ချိန်ထိုးပြီး အတွေ့အကြုံတွေရအောင် ကိုယ်ကိုယ်တိုင်ဟောတတ်ဖို့သင်ပေးပါတယ်။

ဒါကြောင့် တားရော့ကို စမ်းလို့ရလား၊ စမ်းလို့ရပါတယ်။ ငရဲမကြီးပါဘူး။ ကိုင်လိုက်ပါ။ ပြီးရင် ခံစားကြည့်ပါ။ ပျင်းစရာကောင်းတဲ့ စာ၊အလုပ်တွေကနေဖောက်ထွက်ပြီးနောက် ဘယ်လောက်တောင် လှပတဲ့တခြားကမ္ဘာငယ်လေးတစ်ခုရှိကြောင်းပေါ့။ ဒါပေမယ့် အပေးအယူမျှအောင်….

Glamour Magic ရဲ့အသုံး၀င်ပုံများလူတော်တော်များများကြားဖူးပေမယ့် တကယ်သင်တန်းတက်တော့မယ့်အခါ ကိုယ်ဘာလိုချင်လဲဆိုတာကိုသိဖို့...
24/04/2026

Glamour Magic ရဲ့အသုံး၀င်ပုံများ
လူတော်တော်များများကြားဖူးပေမယ့် တကယ်သင်တန်းတက်တော့မယ့်အခါ ကိုယ်ဘာလိုချင်လဲဆိုတာကိုသိဖို့ ရေးလိုက်ပါတယ်။ Glamour magic ကိုတတ်တဲ့အခါဘာအကျိုးကျေးဇူးတွေရနိုင်သလဲ?

အလှအပနဲ့အချစ်ရေးဆိုတာတူမလိုနဲ့မတူတဲ့နယ်ပယ်တွေဖြစ်ပါတယ်။ အချစ်ရေးက လူတစ်ယောက်နဲ့နီးစပ်စေဖို့ သူနဲ့ယူဖို့ လမ်းခရီးဖြောင့်ဖြူးဖို့စတဲ့ လူတစ်ယောက်အပေါ်အခြေခံသလို တွဲဖူးတဲ့လူတွေရဲ့ energy တွေမကပ်အောင် စတဲ့ အစီအရင်တွေပြုလုပ်ခြင်းဖြစ်ပြီး အလှအပကတော့ လူအုပ်ကြီးကြားထဲ ထင်းထွက်နေအောင် ကြည့်တဲ့မျက်စိတွေအပေါ် လှပခြင်း၊ ကြည်နူးခြင်း ၊ ကဗျာဆန်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ကို အမူအယာတွေနဲ့ဖြစ်ဖြစ် သာယာစေရင်း ရသတစ်ခုခုနဲ့ လွှမ်းမိုးခြင်းကိုဆိုလိုတာပါ။

ဉပမာ - ဆိုင်တစ်ဆိုင်ကို ကိုယ်ကသွားတယ်၊ ဆိုင်ရှင်ဆက်ဆံတာကိုသိပ်သဘောမတွေ့ဘူး၊ သူတို့ပစ္စည်းတွေက သာမန်ပုံစံ ပုံမှန်ဈေးပဲ။ တခါတခါဆိုဈေးပိုကြီးရင်ကြီးနေမယ်
ဒါပေမယ့် အိမ်ပြန်ရောက်လို့သူ့ပစ္စည်းကိုသုံးကြည့်တဲ့အခါ တမျိုးလေး အရသာတွေ့နေတယ်၊ တစ်ခုခုလိုချင်ရင်အဲ့ဆိုင်ပဲပြန်သွားချင်တယ်။ ဒါဆို သူ Glamour magic ကို ကိုယ်မသိခင်မှာသုံးထားတာမျိုး၊ သူ့ဆိုင်မှာ၊ logo မှာ အင်းတွေဆွဲထားတာမျိုးဖြစ်နိုင်တယ်။

ဒါကြောင့် glamour magic ကိုခြုံငုံပြိးကြည့်ရင် အာရုံငါးပါးနဲ့ စွဲလမ်းစေခြင်း ဖြစ်ပါတယ်။
ဒါပေမယ့် ဘယ်အရာပဲဖြစ်ဖြစ် မိမိကိုယ်တိုင်က အစပြုတာဖြစ်တာကြောင့် ကိုယ်ကိုယ်တိုင်ချစ်ခြင်း၊ စွဲလမ်းခြင်း၊ အရသာတွေ့ခြင်း ကိုယ့်ကိုကိုယ်ဂရုစိုက်ခြင်းတို့ကို နားလည်မှရပါမယ်။

ဒါကြောင့် Glamour Magic မှာ

၁။ မိမိကိုယ်ကိုချစ်စေခြင်းနှင့် ယုံကြည်မှုရှိစေခြင်း အစီအရင် နဲ့ ကိုယ်ဘယ်လောက်တောက်ပတယ်၊ လှတယ်ဆိုတာကို သိစေခြင်း။

၂။ အခြားသူတွေရဲ့မျက်လုံးထဲ ကိုယ်ကမြင်စေချင်တဲ့ပုံစံကိုပုံသွင်းခြင်း (ဉပမာ - ပိုဆွဲဆောင်မှုရှိတာမျိုး၊ တစ်ချို့အပေါ်ကျ ပိုချစ်ဖို့ကောင်းနေတာမျိုး၊ စီးပွားရေးလောကမှာဆို ကိုယ့်ကိုပဲသူများက ယုံကြည်ပြီးရွေးတာ နှစ်သက်သဘောကျတာဖြစ်အောင်၊ ပိုပိုပြီး personal branding ကောင်းစေရင်း ရောင်းအားတက်အောင်လုပ်တာမျိုး)

၃။ စွမ်းအင်ထိန်းချုပ်ခြင်း - အရမ်းအာဏာပြတဲ့လူကို ယဉ်ပါးစေခြင်း၊ vibe တစ်ခုခုကို လိုတဲ့အချိန်ထုတ်ပြပြီး ပွဲတွေမှာ ကိုယ်က main character ဖြစ်စေခြင်းနဲ့ ရုတ်ရုတ်သဲသဲဖြစ်ခြင်းကို ထိန်းပေးခြင်း။

၄။ ဒီလိုစွမ်းအင်တွေကို skin care, ကိုယ့်အသုံးအဆောင်၊ အိမ်အလုပ်တွေထဲထည့်ပြီး နေ့စဉ်လေ့ကျင့်ခြင်းအားဖြင့် စွမ်းအားကြီးမားစေခြင်း၊ မြှင့်တင်ခြင်း။

၅။ ကိုယ်ဖျောက်ခြင်း - ဒါကတော့အမြင်လှည့်စားမှုတစ်ခုထဲကဖြစ်ပြီး ကိုယ်က တစ်ခုခုလုပ်ရင်တောင်သူများက ကိုယ့်ကို မမြင်အောင်ကျော်သွားတာမျိုးဖြစ်ပါတယ်။ တချို့ ရာဇ၀တ်မှုကျူးလွန်တဲ့လူတွေအသုံးများကြပါတယ်။ ဒါပေမယ့် ကိုယ့်အတွက် အဲ့လောက်မကြိးပေမယ့် လိုအပ်ရင်အပ်သလို စမ်းသပ်နိုင်ပါတယ်။

ဒါတွေကို
မှန်နှင့်လေ့ကျင့်ခြင်း
အလှအပနှင့် skin care မှာလေ့ကျင့်ခြင်း
မြင့်မြတ်သောရေချိုးခြင်း အစီအရင်လုပ်ခြင်း
အရောင်မှော်ပညာကိုသုံးရင်း ဖက်ရှင်နှင့်အတူ ထည့်သွင်းလေ့ကျင့်ခြင်း
ရေမွှေးနှင့် ရနံ့ဆီတွေထဲ ပေါင်းစပ်လေ့ကျင့်ခြင်း
ဖယောင်းတိုင်နှင့် အစီအရင်လုပ်ခြင်း
တရားထိုင်ခြင်းဖြင့် ကိုယ်ရောင်ကိုယ်ဝါမြှင့်တင်ခြင်း တို့ကို ဂျက်မှာလေ့ကျင့်ပေးပြီး လိုရာပန်းတိုင်ကို ရောက်စေအောင် train ပေးပါတယ်။

ဒါကြောင့် ဒီစွမ်းအင်ကိုလိုချင်တဲ့သူတိုင်း၊ သူများအတွက်စီရင်ပေးလိုသူတိုင်းက ဂျွန်လအထိ ဂျက်မှာဈေးမတက်ခင် သင်တန်းအပ်နှံနိုင်ပါပြီ။

အကာအကွယ် + Glamour magic = 2 သိန်း ခွဲကျပ်
Pin post က QR မှာ အပ်နှံနိုင်ပါတယ်။

မှော်ပညာဆိုတာလူတိုင်းအတွက်မဟုတ်သလို လူတိုင်းမလုပ်နိုင်ဘူးလို့ ဂျက် စိန်ခေါ်ရဲပါတယ်။ ဘာလို့လဲဆိုရင် ဘာမှမရှိတာကိုအရှိဖြစ်...
23/04/2026

မှော်ပညာဆိုတာလူတိုင်းအတွက်မဟုတ်သလို လူတိုင်းမလုပ်နိုင်ဘူးလို့ ဂျက် စိန်ခေါ်ရဲပါတယ်။

ဘာလို့လဲဆိုရင် ဘာမှမရှိတာကိုအရှိဖြစ်အောင်လုပ်ယူရတယ်၊ ယုတ္တိထဲဖော်ပြချက်မရှိ၊ သိပ္ပံနဲ့လဲ တိုက်ရိုက်မဆက်ဆိုင်တာကြောင့် အစကနေအဆုံးထိဖန်တီးရတဲ့ project လေးတွေကတဆင့် ကိုယ့်ဘ၀ကိုယ်ပါ အဆင့်အဆင့်အကောင်းဆုံးပုံစံဖြစ်အောင် တစိုက်မတ်မတ် လေ့လာလေ့ကျင့်ရတာကြောင့် ဘယ်သူမှ စီးပွားရှာတာလောက်ရင်ခုန်မယ်မထင်ပါဘူး။
ဒါပေမယ့် ဒီလမ်းကိုလိုက်တာနဲ့ ရင်ဆိုင်ဖြတ်သန်းရတာများသလို ဆုလာဘ်တွေကလဲ အလွန်များပါတယ်။

လူတိုင်းက အတ္တနဲ့ မာနနဲ့လူလုပ်နေကြတာ၊ ကိုယ့်ကိုကိုယ်ပုံသွင်းရင်း ဘ၀ခရီးလမ်းကိုဆက်ကြတာပါ။

ဒါပေမယ့်မှော်ပညာမှာက အဲ့တာတွေရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ကိုယ့်အတွင်းစိတ်၊ အတ္တ၊ မကောင်းကွက်တွေအားလုံးကို တစချင်းစီပြန် မှန်ပြောင်းနဲ့ကြည့်သလို ကြည့်ရပါတယ်။ ဒါမှ ဘက်လိုက်မှုမရှိပဲ ကိုယ့်ပုံစံအစစ်ကိုမြင်ပြီး ကိုယ့်စိတ်ကိုကိုယ်ပိုင်မှာ၊ ပိုင်မှ အစီအရင်တွေ၊ ဟောကိန်းတွေမှန်မှာပါ။

ကိုယ့်ရဲ့ အတ္တ၊ ကြောက်ရွံ့မှု၊ မနာလိုမှုစတဲ့ အမှောင်စိတ်တွေကို သေချာကြည့်ရင်း ကိုယ့်ကိုကိုယ် လိုတာဖြည့်တဲ့အခါ ရှက်စိတ်နဲ့ စိတ်ပိုင်းဆိုင်ရာနာကျင်မှုက အရမ်းပြင်းထန်ပါတယ်။

ဒီလိုကြည့်ခြင်းကို Shadow work လို့လဲခေါ်ပါတယ်။

ဒီ Shadow work လုပ်ရင် ကိုယ်သတ်မှတ်ထားတဲ့ ကောင်းတယ်လို့ထင်ရတာတွေ၊ အထင်ကြီးမှုတွေ၊ တန်ဖိုးထားတဲ့ယုံကြည်ချက်တွေအားလုံးကို စွန့်လွှတ်ရပါတယ်။ ဒါကြောင့် စိတ်ထဲ “ဗလာ” ဖြစ်သွားပြိး နောက်ဆက်တွဲ အထီးကျန်ရင်း အများကြားထဲက တစ်ယောက်ပြန်ဖြစ်ပြီး စိတ်ဓာတ်ကျပါတယ်။

နောက်တစ်ခုက ကိုယ်ပိုင်ဝေဖန်ပိုင်းခြားနိုင်စွမ်းဆိုတဲ့ သူမတူတဲ့ skill ကြောင့်လဲ ပင်ပန်းရတတ်ပါတယ်။ ကိုယ်ကြုံရတဲ့ ထူးခြားဆန်းပြားတဲ့ဖြစ်ရပ်တွေက တကယ့် စွမ်းအင်တွေလား၊ ဒါမှမဟုတ် Shadow work သေချာမကျေလို့တွေ့ရတတ်တဲ့ ကိုယ့်စိတ်ကပဲ စွမ်းအားတွေလိုချင်ဇောနဲ့ ဖန်တီးလိုက်တဲ့ ထင်ယောင်ထင်မှားတွေလား ပိုင်းခြားတတ်ရပါလိမ့်မယ်။ မဟုတ်ရင် manifestation တွေတကယ်မဖြစ်လာပဲ စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ မွေ့လျော်နေတာမျိုးဖြစ်တတ်ပါတယ်။

နောက်ဆုံးနဲ့အခက်ဆုံးကတော့ မှော်ပညာလေ့လာမှုမှာ ကိုယ်ပိုင်စည်းကမ်းရှိမှုလိုအပ်ပါတယ်။
စည်းကမ်းဆိုတာ သီလပါပဲ။

ပျင်းစရာကောင်းတဲ့ တရားတွေထိုင်ရတာ၊
စာအုပ်တွေအများကြီးကို အချိန်တွေအများကြီးပေးပြီးလေ့လာရတာ
အခြေအနေတစ်ခုကြောင့် စိတ်တိုသွားတာမျိုးဆိုရင် စောင့်ကြည့်သူအဖြစ်နေနိုင်ဖို့ ခံစားချက်နောက်မလိုက်သွားဖို့ စိတ်စွမ်းအားတွေလိုအပ်ပြန်ပါတယ်။

ဒီလိုအားဖြင့် စွမ်းအင်တွေ မဖိတ်စင်သွားအောင်ထိန်းသိမ်းနိုင်တာဖြစ်တယ်။
ဒါ့အပြင် မသိတာကိုသိဟန်ဆောင်ပြီးလျှောက်မပြောတာ၊ ဖြတ်လမ်းတွေမလိုက်တာနဲ့ လေ့ကျင့်ခန်းတွေကို ကျော်မတက်ပဲ အဆင့်ဆင့်သေချာတက်လှမ်းတာတွေက ကိုယ့်မှော် စွမ်းအင်ကိုတက်စေတဲ့ သီလတွေပါ။

ဒါကြောင့် တားရော့ဆရာဖြစ်တိုင်းလောကီဆရာဖြစ်တိုင်း ဒဲ့ယုံလို့မရပါဘူး။ သီလသမာဓိကို အဓိကကြည့်ပြီး ဆရာရွေးဖို့တိုက်တွန်းသလို လောကီဆရာဖြစ်ချင်တဲ့သူတိုင်းအတွက်လဲ ကျင့်စဉ်နဲ့တကွ တားရော့သင်တန်းများဖွင့်လှစ်လျှက်ရှိပါကြောင်း။ Profile က အင်းကွက်ပုံပါ pin post မှတဆင့် စုံစမ်းနိုင်ကြောင်း။

တားရော့သင်တန်းနှင့်ဆက်လျဉ်းပြီး အမေးများလာလို့  တိုတိုနဲ့လိုရင်း ဖြေပေးလိုက်ပါတယ်။ ၁, Rider Waite System ကိုပဲသုံးပါတယ်။...
21/04/2026

တားရော့သင်တန်းနှင့်ဆက်လျဉ်းပြီး အမေးများလာလို့ တိုတိုနဲ့လိုရင်း ဖြေပေးလိုက်ပါတယ်။

၁, Rider Waite System ကိုပဲသုံးပါတယ်။ သင်တန်းပြီးလို့ကျွမ်းကျင်မှအထုတ်သစ် ဝိုင်းရွေးပေးပါတယ်။

၂. အလိုလိုသိစိတ်နဲ့ တားရော့နိမိတ်ရုပ်ပုံတွေ ချိတ်ဆက်ဖို့ စာတော့ကြည့်ရပါမယ်။
ဘာမှမသိရင် ဘာမှချိတ်စရာမရှိတာကြောင့်ပါ။

၃. ဒါပေမယ့်မပူပါနဲ့ စာဝိုင်းမှတ်ပေးပါတယ်။

၄. တားရော့ထိန်းသိမ်းနည်း၊ သန့်စင်နည်း၊ အလိုလိုသိစိတ်နှင့်ချိတ်ဆက်နည်း၊ အဓိပ္ပာယ်ကောက်နည်းအတိအကျကို လက်တွေ့ ဟောပြောရင်းသင်ခြင်း၊ ဟောပြောစေခြင်းဖြင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိအောင်မြှင့်တင်ပေးပါတယ်။

၅. သင်တန်းသားတစ်ဉီးစီရဲ့ အားသာချက်အားနည်းချက်များကို မှတ်သားထားပြီး ပြုပြင်စရာရှီပြုပြင်ပေးခြင်း၊ တိုးမြှင့်စရာရှိတိုးမြှင့်ပေးခြင်းပြုလုပ်ပါတယ်။

၆. နိမိတ်ကောက်တဲ့အခါ မသိစိတ်ရဲ့ဘက်လိုက်မှုမရှိစေဖို့၊ စိတ်တည်ငြိမ်ဖို့၊ တားရော့ဖတ်ရင် စိတ် ပင်ပန်းဒဏ်ကာကွယ်ဖို့အကုန် သင်ပေးပါတယ်။

၇. နောက်အဆင့်တွေမှာတော့ တားရော့နဲ့အတူ ယတြာချေခြင်း၊ အစီအရင်ပြုလုပ်ခြင်းတို့ကို သင်ပေးပါတယ်။

၈. မေဂျာ ကော minor ကောပါပါတယ်။
သင်တန်းကိုတော့ တက်တက်ကြွကြွတက်ပေးရပါမယ်။ တက်ကြွစွာတက်ရောက်ပြီး မတတ်မြောက်ဘူးထင်ရင် သုံးလနေရင် ငွေပြန်အမ်းပါမယ်။

၉. ဖြည်းဖြည်းဆီသွားတာမို့ ဉာဏ်ရည်ပေါ်လိုက်ပြီး ၅ လ ခြောက်လ ကြာတတ်ပါတယ်။ ဒါပေမယ့် အတတ်ပါ။ မတတ်ရင်အပြင်မှာ မဟောခိုင်းသေးပါဘူး

၁၀. Client အမျိုးအစားပေါ်မူတည်ပြီး ကွဲပြားတဲ့ဟောကြားနည်းများ၊ လူပေါ်လိုက်ပြီးစကားပြောပုံများ
မေးခွန်းကိုချဉ်းကပ်နည်းများ ၊ မေးခွန်းကောက်နည်းများ

၁၁. အလိုလိုသိစိတ်အစွမ်းထက်စေသည့်လေ့ကျင့်ခန်းများ၊ တရားထိုင်နည်းများ ပါ၀င်ပါတယ်။
တားရော့နိမိတ်ကောက်တတ်လျှင် အိပ်မက်နိမိတ်များပါ ကောက်တတ်သည်အထိ ကျွမ်းကျင်ပါလိမ့်မယ်။

၁၂. အရေးကြီးဆုံးမှာ အနောက်တိုင်း တားရော့ဖြစ်တာကြောင့် ဘာသာမရွေးတက်ရောက်နိုင်ပါတယ်။ ဒါ့အပြင် အယူအစွဲကင်းပါတယ်။ result oriented (ရလာဒ်ဉီးစားပေး) ဖြစ်တာကြောင့် ပိုပြီးတိတိကျကျဟောနိုင်လေလေ ပိုကောင်းလေပါ။

၁၃.နောက်ဆုံးအနေနဲ့ သင်ကြားပေးမယ့် ဂျက်က နိုင်ငံတကာ အသိအမှတ်ပြု Certificate ရရှိပြီးသားအတွေ့အကြုံ ငါးနှစ်ရှိ လောကီဆရာ၊ တားရော့ဆရာဖြစ်ပါတယ်။

သင်တန်းကြေး - ၂ သိန်း
သင်မည့်နေရာ - Telegram live chat
အချိန် - ည ၁၀ မှ ၁၀ခွဲ

အခြေခံစနစ် Rider Waite System တားရော့ကို ကျွမ်းကျင်ရင် ဘယ်လို တားရော့အထုပ်မျိုးကိုရွေးချယ်ရမလဲ?? ၁။ Visual Connection (အ...
19/04/2026

အခြေခံစနစ် Rider Waite System တားရော့ကို ကျွမ်းကျင်ရင် ဘယ်လို တားရော့အထုပ်မျိုးကိုရွေးချယ်ရမလဲ??

၁။ Visual Connection (အမြင်အာရုံနဲ့ ချိတ်ဆက်မှု)
Tarot ဆိုတာ အနုပညာနဲ့ သင်္ကေတတွေပေါင်းစပ်ထားတာပါ။ Deck တစ်ထုပ်ကို မြင်လိုက်ရုံနဲ့ ကိုယ့်ကို တစ်ခုခု ဆွဲဆောင်နေသလားဆိုတာ အရင်ကြည့်ရပါမယ်။

စမ်းသပ်နည်း: အဲ့ဒီ Deck ထဲက "The Moon"၊ "The Lovers" နဲ့ "10 of Swords" လို Energy ခပ်ပြင်းပြင်းပေးနိုင်တဲ့ ကတ်တွေကို အရင်ကြည့်ပါ။ ဒီကတ်တွေရဲ့ ရုပ်ပုံလွှာက ကိုယ့်ကို Message တစ်ခုခု တန်းပေးနိုင်သလား? ဇာတ်လမ်းတစ်ပုဒ်ကို ဆက်စပ် မြင်ယောင်စေသလား? ဆိုတာ ဆန်းစစ်ပါ။

၂။ Art Style & Vibe (အနုပညာဟန်နှင့် ခံစားမှု)

RWS ကို ကျော်လွန်ပြီးတဲ့နောက်မှာ Deck တွေရဲ့ Energy က ကွဲပြားသွားတတ်ပါတယ်။

Healing/Nature-based: သဘာဝတရားနဲ့ ပန်းချီဆန်ဆန် ပုံစံမျိုးက စိတ်ကို ငြိမ်းချမ်းစေပြီး နှစ်သိမ့်မှုပေးတဲ့ Reading တွေအတွက် ကောင်းပါတယ်။

Dark/Shadow Work: ပိုမှောင်တဲ့၊ ပိုနက်နဲတဲ့ ပုံစံတွေက ကိုယ့်ရဲ့ အတွင်းစိတ် (Subconscious) ကို တူးဆွဖို့နဲ့ အမှန်တရားကို ပွင့်ပွင့်လင်းလင်း သိမြင်ဖို့ Energy ပေးပါတယ်။

Modern/Minimalist: ခေတ်မီပြီး ရိုးရှင်းတဲ့ Deck တွေကတော့ Direct ဖြစ်တဲ့၊ Practical ကျတဲ့ အဖြေတွေပေးဖို့ အားသန်ပါတယ်။
ဒါကြောင့်ကိုယ်ကဘယ်လိုလူမျိုးလဲဆိုတာ အရင်သိပြီးဆိုမှ Deck ရွေးပါ။

ဆန့်ကျင်ဘက်ကိုပိုအားပေးပါတယ်။ ဉပမာ- ကိုယ်က အပူများတဲ့၊ အရမ်း တက်ကြွတတ်ပြီးအလွဲလွဲအချော်ချော်ဖြစ်တတ်တဲ့ လူမျိုးဆိုရင် Nature Based ကိုရွေးချယ်လိုက်တာမျိုး။

၃။ Deck System (စနစ်ကို ရွေးချယ်ခြင်း)

RWS ကျေပြီးသားဆိုပေမယ့် တခြား System တွေကို စမ်းကြည့်ဖို့ အခွင့်အရေးပါ။
RWS Clones: RWS ကိုပဲ Art style ပြောင်းထားတာမျိုး။ (အရင်းခံရှိပြီးသားမို့ သုံးရတာ အဆင်ပြေဆုံးဖြစ်မယ်)

Thoth-inspired: ပိုပြီး Esoteric ကျတယ်၊ အဂ္ဂိရတ်ပညာနဲ့ နက္ခတ်ဗေဒင်တွေ ပိုပါဝင်တဲ့အတွက် ပိုလေးနက်တဲ့ Energy ကို ရစေပါတယ်။ ဒါပေမယ့် cool ဖြစ်ချင်ဇောနဲ့ လျှောက်မကိုင်ပါနဲ့။ ကိုယ်နဲ့မကိုက်ရင်ငွေကုန်ပြီး stress တွေ၀ယ်ယူလိုက်သလိုဖြစ်တတ်ပါတယ်။

Pip Decks: Minor Arcana တွေမှာ ဇာတ်ကောင်ပုံတွေမပါဘဲ သင်္ကေတ (ဥပမာ-ဒင်္ဂါး ၅ ပြားဆို ၅ ပြားပဲ) ပါတာမျိုး။ ဒါက ကိုယ့်ရဲ့ Intuition (အလိုလိုသိစိတ်) ကို ပိုပြီး Exercise လုပ်ပေးပါတယ်။

၄။ Physicality (ထိတွေ့မှုနှင့် အရွယ်အစား)

Energy ဆိုတာ ထိတွေ့မှုမှာလည်း ပါပါတယ်။
Card Stock: ကတ်က အရမ်းထူသလား၊ ပါးသလား? Matte (အမွဲ) လား၊ Glossy (အပြောင်) လား?

ကိုယ်က ကတ်မွှေရတာကို နှစ်သက်တဲ့သူဆိုရင် ကိုယ့်လက်ထဲမှာ အံဝင်ခွင်ကျဖြစ်ဖို့ လိုပါတယ်။

Size: ခရီးဆောင်ဖို့အတွက်ဆို Pocket size၊ တရားထိုင်ဖို့ ဒါမှမဟုတ် သင်္ကေတတွေကို အသေးစိတ်ကြည့်ဖို့ဆိုရင် ပိုကြီးတဲ့အရွယ်အစားကို ရွေးသင့်ပါတယ်။

၅။ The "Deck Interview" (ကတ်နဲ့ မိတ်ဆက်ခြင်း)
Deck အသစ်တစ်ထုပ်ဝယ်ပြီးရင် ကိုယ့် Energy နဲ့ ကိုက်၊ မကိုက် သိနိုင်ဖို့ "Interview Spread" လုပ်ကြည့်လို့ ရပါတယ်။

ဒီ Deck ရဲ့ အားသာချက်က ဘာလဲ? (ကိုယ့်ကို ဘယ်လို Energy ပေးမလဲ)
ငါ့ဆီကနေ သူ ဘာကို မျှော်လင့်သလဲ? (Reader နဲ့ Deck ရဲ့ ဆက်ဆံရေး)
ငါတို့နှစ်ယောက်ပေါင်းရင် ဘယ်လို Reading မျိုးတွေ ထွက်လာမလဲ?

စတာတွေကိုစမ်းမေးကြည့်ပါ။ ဒါပေမယ့်ဒါက ၀ယ်ပြီးမှလုပ်ရမှာဆိုတော့ ဆက်ဆံရေးတည်ဆောက်ဖို့ ပိုဉီးတည်ပါတယ်။

၆။ Shadow vs. Light (အမှန်တရားကို ဘယ်လို နာချင်သလဲ)

Light Decks: ကိုယ့်ကို နှစ်သိမ့်ပေးမယ်၊ အကောင်းမြင်ဘက်က လမ်းပြပေးမယ်။

Shadow Decks (Dark Decks): ကိုယ့်ရဲ့ အားနည်းချက်ကို တည့်တည့်ပြောမယ်၊ "ရိုက်ပုတ်" ပြီး သင်ခန်းစာပေးမယ်။

Energy Check: ကိုယ်က အခုအချိန်မှာ နှစ်သိမ့်မှု လိုနေတာလား? ဒါမှမဟုတ် အမှန်တရားကို အရှိအတိုင်း (ခါးခါးသီးသီး) သိဖို့ လိုနေတာလား? ဆိုတာပေါ်မူတည်ပြီး Deck ရဲ့ Energy ကို ရွေးရပါတယ်။ ဒါက တားရော့ဆရာတစ်ယောက်လဲဖြစ်၊ RWS လဲကျေပြီဆိုရင် အလိုလိုသိလာမှာပါ။

၇။ Artist's Intent (ဖန်တီးသူရဲ့ ရည်ရွယ်ချက်)
Deck တစ်ထုပ်ကို ဖန်တီးတဲ့ Artist ရဲ့ Background က အဲ့ဒီ Deck ရဲ့ Energy ပါပဲ။

ဥပမာ- ဆေးပညာရှင်တစ်ယောက်က ဆွဲတဲ့ Deck ဆိုရင် Anatomy (ခန္ဓာဗေဒ) နဲ့ ပတ်သက်တဲ့ Energy ပါလာတတ်သလို၊ ပန်းချီဆရာတစ်ယောက်က ဆွဲတဲ့ Deck ဆိုရင် Emotion (ခံစားချက်) ပိုပါလာတတ်ပါတယ်။ Deck မဝယ်ခင် Artist က ဘာကို ရည်ရွယ်ပြီး ဆွဲတာလဲဆိုတာကို ခဏလောက် ဖတ်ကြည့်တာက Energy ကို ချိတ်ဆက်ရာမှာ အများကြီး အထောက်အကူပြုပါတယ်။

၈။ Physical Reactivity (ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု)

ဒါကတော့ နည်းနည်း "Vibe" ဆန်ပါတယ်။ ကတ်ထုပ်ကို ကိုင်လိုက်တဲ့အခါ၊ ဒါမှမဟုတ် ပုံတွေကို ကြည့်လိုက်တဲ့အခါ-

ဗိုက်ထဲမှာ တစ်မျိုးဖြစ်သွားတာလား? (Gut feeling)
ရင်ဘတ်ထဲမှာ နွေးထွေးသွားတာလား?
ဒါမှမဟုတ် တစ်ခုခု စိတ်အနှောင့်အယှက် ဖြစ်တာလား?
ကိုယ်နဲ့ Energy မကိုက်တဲ့ Deck ဆိုရင် ပုံလှနေပေမဲ့ ကြည့်ရတာ တစ်ခုခု လိုနေသလို (Cold ဖြစ်နေသလို) ခံစားရတတ်ပါတယ်။

အမှန်တော့ အလိုလိုသိတဲ့စိတ်ကပြောတဲ့အသံတွေပါပဲ။

တားရော့သင်တန်းကို အခြေခံကစပြီး စနစ်တကျတက်လိုရင်တော့ နိုင်ငံတကာ Certificate တွေရထားတဲ့ ဂျက်ဆီမှာ အနောက်တိုင်းတားရော့ကို Pin post က Tg Qr ကနေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Major + Minor - 2 သိန်း
Platform - Telegram (live chat)
အချိန် - ၁၀ မှ ၁၀:၄၅

ခေတ်သစ်စွဲလမ်းမှုထဲမှာ တားရော့ပါလာပြီဆိုတော့ အစက ဗေဒင်တွေယတြာတွေမယုံကြည်တဲ့ ဂျက်ကလဲ စူးစမ်းချင်တဲ့စိတ်နဲ့ ကလိရင်းနဲ့ အမှ...
12/04/2026

ခေတ်သစ်စွဲလမ်းမှုထဲမှာ တားရော့ပါလာပြီဆိုတော့
အစက ဗေဒင်တွေယတြာတွေမယုံကြည်တဲ့ ဂျက်ကလဲ စူးစမ်းချင်တဲ့စိတ်နဲ့
ကလိရင်းနဲ့ အမှန်အကန် energy တွေမြင်ရတာကြောင့်အပြင်

ကံစပ်တဲ့ apple တိုင်း၊ လူတိုင်းလဲ အဟောလေးတွေနဲ့ စိတ်ပြေရာရဖို့၊ လိုအပ်တဲ့အချိန်မှာအသုံးတည့်ဖို့
လမ်းပျောက်ခြင်းကင်းဖို့ စိတ်ညစ်နေရင်သက်သာဖို့နဲ့ ဘ၀တိုးတက်ရာကို ဘယ်လိုလုပ်လုပ်မရလို့ လောကီပညာကိုပဲ အားကိုးတော့မယ်ဆိုရင် နိုင်ငံတကာ certificate တွေရထားတဲ့ J1H ကိုအားကိုးပြီး
လိုရာပန်းတိုင်ကိုဆွဲဆောင်ယူလိုက်ပါ။

အဓိကက ကိုယ့်ဘ၀လမ်းတကယ်မဟုတ်လို့ ဘယ်လောက်ကြိုးစားကြိုးစားအရာမထင်တာ၊ ကြိုးစားရတာပင်ပန်းလာပြီး ဘ၀မှာနေရာတစ်ခုမရတာတွေအတွက် ကံကြမ္မာကိုစစ်ဆေးပြီး ကိုယ်လိုတဲ့ အခြေအနေရောက်အောင် ပြုလုပ်နိုင်တဲ့ မှော်အစွမ်းကိုပြန်ရှာလိုက်ပါ။

ဒါကြောင့် ဂျက်မှာရှိတဲ့ the most updated packages လေးတွေကို ပြန်ပြောပေးပါမယ်။ ဈေးကတော့ တက်ဖို့ရှိကြောင်းကြိုပြောထားပါမယ်။ ဒီဈေးတွေက လောကီပညာထဲမှာတောင် နည်းတယ်ပြောရမှာပါ။

Main package
တားရော့ နှစ်သက်ရာမေး - မေးခွန်းသုံးခု ၂ သောင်း

သင်တန်းများ
တားရော့မတတ်မချင်းသင်တန်း - ၆ လ ( ၂ သိန်း )
အချိန်နက္ခတ်မတတ်မချင်းသင်တန်း - ၅ မှ ၆ လ ( ၁သိန်းခွဲ )

အောက်မှာပြတဲ့အတိုင်း
စီးပွားရေး logo အတွက်အမည်ပေးခြင်း
ဆိုင်ဖွင့်ချိန် နေ့ကောင်းရက်သာသတ်မှတ်ခြင်း
အကာအကွယ်အင်းမြှုပ်နှံခြင်း
လာဘ်လာဘအင်းမြှုပ်နှံခြင်း အပြီးအစီး ( ၁သိန်းခွဲ ) (အတန်ဆုံး package ပါ)

အချစ်ရေးအစီအရင်များ (အပြီးအစီး)
Move on (သံယောဇဉ်ဖြတ်အစီအရင်) ex comeback ထက် တရာရာခိုင်နှုန်းမက ကောင်းကြောင်း စမ်းသပ်ပြီးစီးကြောင်း အာမခံ အစီအရင် - ၁သိန်းခွဲ

Crush နဲ့အခြေအနေကောင်းစေသည့်အစီအရင် - ၁ သိန်း
မင်္ဂလာဆောင်ရစေခြင်း အစီအရင် - ၂ သိန်း
အလုပ်အကိုင်ဆိုင်ရာ
နိုင်ငံခြားသွားစေနိုင်သော အင်တာဗျူးအောင်စေသော - ၁ သိန်း
ရာထူးတိုး - ၅ သောင်း
လုပ်ငန်းခွင်အနှောက်အယှက်ကင်း - ၅သောင်း
ပီယငွေ၀င် - ၂ သိန်း

စာနှင့်ပတ်သတ်သော
တနှစ်ပတ်လုံး စာလုပ်တဲ့အခါအနှောက်အယှက်ကင်းသော
ဉာဏ်ပွင့် အစီအရင် (တနှစ်စာစောအပ်ရပါမည်, စာမေးပွဲနီးမှလုပ်ရင်မရပါ) - ၃ သိန်း

စာကြွင်း
၁သိန်းခွဲထက်ကျော်သောအစီအရင်များ ၂ ရစ် သွင်းနိုင်ပါတယ်။ သွင်းပြီးမှစီရင်မှာဖြစ်ပါတယ်။
လိုချင်တဲ့စိတ် သေချာမှ ၊ သေချာစမ်းစစ်ပြီးမှ
ဆုံးဖြတ်ချက်ပြတ်သားမှ စီရင်ပါ။ အစီအရင်တွေဖြစ်ရင် ကြောက်စရာကောင်းလောက်အောင် တည်မြဲပြီး ကြာချိန်ရှိတာမို့ဖြစ်ပါတယ်။ အဲ့အချိန်မှ ပြန်ဖြည်ရင် အဲ့လောက်ငွေထပ်ကုန်ပြီးမှ ပြန်ဖြည်ပေးပါတယ်။

အဆုံးက ပုံကစီရင်မယ့်သူကိုမျက်မှန်းတန်းမိအောင်လို့ 🍎🍎✨

ဘ၀မှာ မိဘပေးလို့လဲ ရခဲ့ဖူးပြီကိုယ်တိုင်ရှာလို့လဲ ရခဲ့ဖူးပြီအခုက နတ်တွေနဲ့ အစောင့်အရှောက်တွေခင်းပေးတဲ့ mission ကိုလျှောက်...
10/04/2026

ဘ၀မှာ မိဘပေးလို့လဲ ရခဲ့ဖူးပြီ
ကိုယ်တိုင်ရှာလို့လဲ ရခဲ့ဖူးပြီ
အခုက နတ်တွေနဲ့ အစောင့်အရှောက်တွေခင်းပေးတဲ့ mission ကိုလျှောက်ပြီး
လိုတာတောင်းတာနဲ့ရတာမျိုး ဆိုတော့
ပိုအရသာရှိတယ် ထိုက်တန်တယ်လဲခံစားရတယ်။

တားရော့မုန့်ဖိုးနဲ့၀ယ်တဲ့ အမှတ်တရမို့ ပိုတန်ဖိုးထားပါတယ် ✨🍎
ရှေ့လျှောက် သင်ကြားရမယ့်အရာတွေအတွက် ဒါလေးနဲ့အတူကြိုးစားပါမယ်။

တားရော့လေ့ကျင့်ရင်း သာမန်လူတွေးခေါ်ပုံ logic တွေ၀င်လာတဲ့အခါ...၁။ စာအုပ်ကို ခဏဘေးဖယ်ထားပါ ကတ်တစ်ခုကို ဆွဲလိုက်တဲ့အခါ အဓိပ...
08/04/2026

တားရော့လေ့ကျင့်ရင်း သာမန်လူတွေးခေါ်ပုံ logic တွေ၀င်လာတဲ့အခါ...

၁။ စာအုပ်ကို ခဏဘေးဖယ်ထားပါ
ကတ်တစ်ခုကို ဆွဲလိုက်တဲ့အခါ အဓိပ္ပာယ်ကို စာအုပ်ထဲမှာ ချက်ချင်းမရှာပါနဲ့။

ကတ်ပြားပေါ်က ရုပ်ပုံကို သေချာစိုက်ကြည့်ပါ။ ဘာအရောင်တွေက ထင်ရှားနေလဲ? ပုံထဲကလူက ဘာလုပ်နေလဲ? သူတို့ရဲ့ မျက်နှာအမူအရာက ဘယ်လိုရှိလဲ?
Gut Feeling: ကတ်ကို မြင်လိုက်ရတဲ့ ပထမဆုံး စက္ကန့်ပိုင်းမှာ ဘယ်လို ခံစားရလဲ? (ဥပမာ - နွေးထွေးသလိုလား၊ စိတ်လှုပ်ရှားသလိုလား၊ ဒါမှမဟုတ် ရင်လေးသလိုလား)။ အဲဒီ "ပထမဆုံးခံစားချက်" က Intuition ရဲ့ အသံပါပဲ။

၂။ နေ့စဉ် ကတ်တစ်ချပ်ဆွဲခြင်း

ဒါက အလွယ်ဆုံးနဲ့ အထိရောက်ဆုံး Training ပါ။
မနက်ခင်းမှာ "ဒီနေ့အတွက် ကိုယ် ဘာကို သိထားသင့်သလဲ" ဆိုပြီး တစ်ချပ်ဆွဲပါ။
အဲဒီကတ်ကို ကြည့်ပြီး ကိုယ့်ရဲ့ အလိုလိုသိစိတ်က ပြောတဲ့ အဓိပ္ပာယ်ကို မှတ်စုစာအုပ်ထဲမှာ ရေးထားလိုက်ပါ။

ညဘက်ရောက်တဲ့အခါ တစ်နေ့တာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ကိုယ်ရေးထားတဲ့ အလိုလိုသိစိတ်က ပေးတဲ့ Message နဲ့ တိုက်ဆိုင်မှု ရှိ၊ မရှိ ပြန်ဆန်းစစ်ပါ။

၃။ Storytelling (ပုံပြင်ပြောသလို ချိတ်ဆက်ခြင်း)

ကတ်တွေကို တစ်ချပ်ချင်းစီ သီးခြားခွဲမကြည့်ဘဲ တစ်ချပ်နဲ့တစ်ချပ် ဘယ်လို ဆက်စပ်နေလဲဆိုတာကို ကြည့်ပါ။
ကတ် ၃ ချပ်ကို ချလိုက်ပြီး အဲဒီကတ်တွေကြားက "စီးဆင်းမှု" (Flow) ကို ရှာပါ။

"လူတစ်ယောက်က ခရီးတစ်ခုသွားရာကနေ တစ်ခုခုကို ရှာတွေ့သွားတယ်" ဆိုတာမျိုး ပုံပြင်တစ်ပုဒ်လို ဇာတ်လမ်းဆင်ကြည့်ပါ။ ဒါက သင့်ရဲ့ ဦးနှောက်ကို Symbol (သင်္ကေတ) တွေကနေတစ်ဆင့် Intuition ကို အသုံးချဖို့ လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။

၄။ တရားထိုင်ခြင်း (Meditation with a Card)

စိတ်ရှုပ်ထွေးနေတဲ့အခါ ဒါမှမဟုတ် ကတ်တစ်ခုကို လုံးဝ နားမလည်နိုင်ဖြစ်နေတဲ့အခါ သုံးနိုင်တဲ့နည်းလမ်းကတော့
ကတ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ပြီး မျက်စိမှိတ်လိုက်ပါ။

ကိုယ့်ကိုယ်ကိုယ် အဲဒီကတ်ပြားထဲက ရုပ်ပုံလွှာထဲကို ရောက်သွားတယ်လို့ စိတ်ကူးကြည့်ပါ။
ပုံထဲက ဇာတ်ကောင်ကို စကားပြောကြည့်ပါ ဒါမှမဟုတ် ပတ်ဝန်းကျင်ကို ထိတွေ့ခံစားကြည့်ပါ။ ထွက်လာတဲ့ အတွေးတွေ၊ ခံစားချက်တွေကို မှတ်သားထားပါ။

၅။ Flash Cards လို လေ့ကျင့်ပါ

ကတ်တွေကို ခပ်မြန်မြန် လှန်ကြည့်ပြီး ခေါင်းထဲမှာ ပထမဆုံး ပေါ်လာတဲ့ စကားလုံးတစ်လုံး (ဥပမာ - "အောင်မြင်မှု"၊ "ခရီး"၊ "ဝမ်းနည်းမှု") ကို အသံထွက်ပြောပါာ

: စဉ်းစားဖို့ အချိန်မပေးလေ၊ Intuition က ပိုထွက်လာလေပါပဲ။ အချိန်အကြာကြီး စဉ်းစားလိုက်ရင် Logic (ကျိုးကြောင်းဆင်ခြင်မှု) က ဝင်နှောင့်ယှက်တတ်ပါတယ်။

အစပိုင်းမှာ ကိုယ်ထင်တဲ့အဓိပ္ပာယ်က မှားနေသလို ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ Intuition ဆိုတာ ကြွက်သားတစ်ခုလိုပါပဲ၊ သုံးဖန်များမှ သန်မာလာတာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ လေ့ကျင့်ကြည့်ပါ။

တစ်ယောက်နဲ့တစ်ယောက်က အားသန်ပုံချင်း နောက်ခံ ပတ်၀န်းကျင်မတူခြင်းကြောင့် တချို့နံပတ်တွေမှာအားပိုကောင်းတတ်ပြီး တချို့နံပတ်တွေမှာခက်ခဲတတ်ပါတယ်။

တားရော့ကို တယောက်ထဲလေ့လာရတာ လမ်းကြောင်းမမှန်သလိုခံစားရလို့ ဂျက်မှာသင်တန်းအပ်လိုရင်တော့ တားရော့လျှို့ဝှက်ချက်များနဲ့ ဟောပုံဟောနည်းအသေးစိတ်၊ ဘယ် clients နဲ့တွေ့ရင် ဘယ်လိုဟောရမလဲ ဆိုတာကအစ အတိအကျစနစ်မှန်ကန်စွာသင်ပေးမယ့် နေ့စဉ်အတန်း
ည ၁၀ နာရီအတန်းလေးရှိပါတယ်။

Major + Minor - 2 သိန်းကျပ်

အဆောင်အပ်နေကျ client ဆီကအမှာလေး ဒါမျိုးလေးတွေလဲလုပ်ပေးကြောင်းသိရအောင်လို့ပါ ပီယကျောက် rose quartz နှင့် လပြည့်နေ့မှ စီရင...
05/04/2026

အဆောင်အပ်နေကျ client ဆီကအမှာလေး ဒါမျိုးလေးတွေလဲလုပ်ပေးကြောင်းသိရအောင်လို့ပါ ပီယကျောက် rose quartz နှင့် လပြည့်နေ့မှ စီရင်သော...
၀တ်ဆင်ထားသူအတွက် စိတ်ကိုအေးစေ
မေတ္တာဓာတ်ကိန်းအောင်းစေပြီး ဒေါသကိုလျှော့ချပေးသည်

ရှုမြင်သူများကိုလဲ ပုံမှန်ထက်ပို၍ အလှသွေးကြွယ်နေကြောင်း မြင်ရတတ်ပြီး
လန်းဆန်းအေးချမ်းသောအသွင်ပေးသည်။

မိတ်ဆွေကောင်းများအနီးသို့ရောက်လာခြင်း
ချစ်ခင်သဖြင့် အမ်းခံရခြင်း အပိုပေးခံရခြင်း။

ချစ်သူမှပိုမိုချစ်ခင်လာခြင်း
မိမိအကြောင်းမကောင်းပြောတာမှန်သမျှတိတ်ဆိတ်ပြီး ကိုယ်နှင့်ပေါင်းဖော်လိုလာခြင်း
မျက်နှာမြင်ချစ်ခင်သောကြောင့် ဈေးရောင်းကောင်းလာခြင်း 🥰🍎✨

နောက်လပြည့်အတွက် pre order နိုင်ပါသည်
ကျောက်ဖိုး ၂၀၀၀၀ ၀န်းကျင် + 40000 (စီရင်ကြေး)

ဧပြီ ၂ ဟောသည့် ဧပြီလ အခြေအနေခြုံငုံသုံးသပ်ချက် General energy ဂျက်ရဲ့လုပ်နေကျမဟုတ်ပေမယ့် လိုအပ်မယ်ထင်လို့ဟောလိုက်ပါတယ်။ ...
02/04/2026

ဧပြီ ၂ ဟောသည့် ဧပြီလ အခြေအနေခြုံငုံသုံးသပ်ချက် General energy
ဂျက်ရဲ့လုပ်နေကျမဟုတ်ပေမယ့် လိုအပ်မယ်ထင်လို့ဟောလိုက်ပါတယ်။

၁။ ဆီတန်းစီသည့်ကိစ္စရပ်များ စစ်ပွဲကိစ္စများ ၂ ပတ်ကြာလျှင် ရုတ်တရက်စခဲ့သလို ရုတ်တရက်အဆုံးသပ်သွားပါမည်။

၂။ ကုန်ဈေးနှုန်းအခက်အခဲတချို့ ဖြေရှင်းရန်ကြိုးစားကြသူများပြီး အတတ်ပညာမျိုးစုံမိမိအိမ်တွင်သာ လက်တည့်စမ်း လုပ်ကိုင်ကြမည့် ကိန်းဖြစ်ပါသည်။ ဉပမာ - အထည်မ၀ယ်တော့ပဲ အိမ်မှာပဲ ချုပ်ခြင်း စသည်။

၃။ စားသောက်ဆိုင်များ မနှစ်ကဒီအချိန်နှင့်ယှဉ်လျှင် ရောင်းအားကျခြင်းကြုံပြီး ခရီးသွားလာရေးအေဂျင်စီများ အခက်အခဲကြားမှ တောင့်တင်းမည်။

၄။ လက်နက်၊ အိမ်သုံးနှင့်ဆောက်လုပ်ရေးသုံးရောင်း၀ယ်ခြင်းလုပ်ငန်းများ၊ ဖုန်းအပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း စီးပွားရေးကောင်းမွန်သောကာလဖြစ်ပြီး အိမ်ဆောက်ခြင်း၊ မြေကွက်များရောင်းထွက်ခြင်းတို့ အလုပ်ပိုမိုဖြစ်ထွန်းလိမ့်မည်။ မည်သို့ဈေးတက်တက် ဈေးကွက်အလွန်ကောင်းဆဲဖြစ်သည်။

၅။ ဈေးကွက်များနှင့်အတူလိုက်လာသောအလုပ်များဖြစ်သည့် ပွဲစား၊ အိမ်ခြံမြေလုပ်ငန်းများလည်းအလုပ်ဖြစ်မည်။

၆။ မီးနှင့်ရေသတိထားရမည့်ကာလဖြစ်ပါသည်။ တပတ်အတွင်းပုံမှန်ထက် လောင်ကျွမ်းခြင်း၊ အားသွင်းပေါက်များပူပြီး လောင်ခြင်း၊ စက်ပစ္စည်းများ ပျက်လွယ်ခြင်းတို့ကြောင့် အမှိုက်ကစ ပြသာဒ်မီးလောင်တတ်သည်။ ဆီဆိုင်များ သတိထားရပါမည်။

၇။ လျှပ်စစ်မီးမရရှိမှုနှင့် ရေခမ်းခြောက်မှုကြောင့် အချို့ ဒေသများတွင် ရေရှားပါးမှုများရှိပြီး အရင်နှစ်ထက်ပိုမိုသော ရေမရှိကြာချိန်ဖြစ်နိုင်သည်။ လျှပ်စစ်မီးများမှာ နွေကုန်အထိ အလှည့် ပြတ်တောက်မှုရှိပါသည်။ မကြာခဏ system breakdown, tower တိုင်ကျိုး ခေါင်းစဉ်များဖြင့် အလှည့်ကျအပြင် ပိုဖျက်ခြင်း နှစ်ပတ်တစ်ခါ, တစ်လတစ်ခါ ကြုံရပါမည်။

၈။ နိုင်ငံအတွင်းရေကာတာကျိုးခြင်းများ၊ မတည်ငြိမ်သဖြင့် မကြာခဏပြန်လည်တည်ဆောက်ရခြင်းများ ကြုံမည်။

၉။ ကိုယ်ပိုင်ကျောင်းများနှင့်ပညာရေးအဖွဲ့အစည်းများ မှန်းချက်နှင့်နှမ်းထွက်မကိုက်ဖြစ်ပြီးစိတ်ပင်ပန်းလူပင်ပန်းဖြစ်ရသောကာလဖြစ်ပါသည်။

၉။ ၀န်ထမ်းမမြဲခြင်း၊ မိမိကိုယ်ကို စီးပွားလုပ်သူများများပြားသောကြောင့် service လုပ်ငန်းများမှာ ပုံမှန်အတိုင်းရပ်တည်ရန် လေးဆ မျှပိုကြိုးစားရပါမည်။

၁၀။ တဖက်တွင်းလည်း ဆရာကောင်းသမားကောင်းများမှာ ပြန်လည်ဉီးမော့လာပြီး အဓိကနှင့်သာမညခွဲခြားတတ်သူများနှင့်ဆုံနိုင်သည်။

သိလိုတာများရှိရင် ကောမန့်မှာမေးပါ။ အရေးကြီးမေးခွန်းဆိုရင် ဂျက် နောက် post မှာရေးတင်ပေးပါမယ်။

တားရော့ witchcraft နှင့် astrology သင်တန်းများအပ်နှံ့လိုပါက pin post မှ tg ကို ဆက်သွယ်ပေးပါ။

စွမ်းအင်ရှိသူတိုင်း သိထားသင့်သော ဓာတ်ကြီးလေးပါးအကြောင်း။ ဓာတ်ကြီးလေးပါးက သဘာ၀တရားဖြစ်တာကြောင့် ဒီအရာတွေကိုအတိုးအလျှော့လု...
01/04/2026

စွမ်းအင်ရှိသူတိုင်း သိထားသင့်သော ဓာတ်ကြီးလေးပါးအကြောင်း။

ဓာတ်ကြီးလေးပါးက သဘာ၀တရားဖြစ်တာကြောင့် ဒီအရာတွေကိုအတိုးအလျှော့လုပ်နိုင်လေလေ သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်လေလေဖြစ်ပါတယ်။ Witchcraft နဲ့ Energy work တွေနဲ့အလုပ်လုပ်ရတဲ့ တားရော့ဆရာတွေ၊ အကြားအမြင်ဆရာတွေနဲ့ အာရုံနဲ့ နိမိတ်ဖတ်သူတွေအတွက် အသက်ရှုနေသရွေ့ မကုန်မဆုံးနိုင်လုပ်ရတာမို့ ပိုအရေးကြီးပါတယ်။

အချိန် ပြောင်းပြန်သဘောတရားများဖြစ်သော မီးနှင့် မြေ

မီး - ချက်ခြင်းပြောင်းလဲပစ်ချင်၊ အရှိန်အဟုန်ကိုကိုယ်စားပြုပါတယ်။
မြေ - ရာစုနှစ်များစွာတည်ဆောက်ပေးချင်ခြင်း ဖြည်းဖြည်းနဲ့ခိုင်ခိုင်မာမာကိုကိုယ်စားပြုပါတယ်။

ဖန်တီးမှုနဲ့ ဖျက်ဆီးမှု မီးနဲ့ ရေ
မီးကတစ်ခုခုကိုဖျက်ဆီးပြီးမှ အသစ်ပြန်ဖြစ်ခြင်း၊ ထင်းကို မီးရှို့ရင်ပြာဖြစ်ပြီးမှ မြေဩဇာဖြစ်လာသလိုမျိုး
ရေက သန့်စင်ပြီးပျိုးထောင်ပေးခြင်း အပင်ရေလောင်းခြင်း

လေက အတွေးတိုင်း၊ ဉာဏ်ပညာတိုင်းကိုကိုယ်စားပြုပါတယ်။

ဒါပေမယ့် လူတစ်ယောက်ကဓာတ်လေးပါးမျှတမှသာ အလုပ်တစ်ခုကို သေသပ်စွာအောင်မြင်နိုင်ပါလိမ့်မယ်။
ကိုယ်က content writer ဆိုပါစို့
စိတ်ထဲကစဉ်းစားပြီးထွက်လာတဲ့ Idea က လေ
စိတ်အားထက်သန်မှုနဲ့ စတင်လိုက်တာက မီး
အကောင်အထည်ဖော်ပြီးရေးနေတာက မြေဓာတ်
စိတ်မပင်ပန်းပဲ ကြာကြာ စိတ်ရှည်လက်ရှည် သပ်သပ်ယပ်ယပ်ဖြစ်စေတာက ရေဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်လုပ်တဲ့အလုပ်မှာဘာဓာတ်လိုနေလဲ တွေးခေါ်တတ်ရင် လက်တွေ့ဘ၀မှာကော မှော်ပညာပိုင်းဆိုင်ရာကော အောင်မြင်ပါလိမ့်မယ်။

တားရော့ပုံစံလေ့ကျင့်ကြည့်မယ်ဆိုရင်
Ace တိုင်းက ကောင်းမွန်သောအသစ်စတင်ခြင်းကိုကိုယ်စားပြုတယ်ဆိုရင် -

မေးခွန်း - ကျွန်တော့ကို ခံစားရတဲ့ crush ရဲ့အခြေအနေ
Ace of swords - မင်းအကြောင်းသူစတွေးနေပြီ၊ အလုပ်လုပ်နေရင်းအတွေးအသစ်လေးတွေ၀◌င်လာပြီ၊ အနာဂတ်အကြောင်းစပြီးစဉ်းစားနေပါလိမ့်မယ်၊ ခံစားချက်ထက် သူဘာလုပ်နေမလဲ? သူနဲ့ငါဒီအချိန်ဆိုရင်ဘာတွေဖြစ်လာနိုင်မလဲ? ငါ ဒီလိုစကားသွားပြောရင် သူဘယ်လို ပြန်ပြောမလဲ ဆိုတဲ့အတွေးတွေ (အကြမ်းဖျဉ်းပြောပြခြင်း) ၀◌င်လာမှာပါ။ (ကျန်ပါသေးတယ် tarot အတန်းမှာမှ ဂျက်ကအတိအပပြောပြတာပါ)

Ace of cups - ခံစားချက်တွေ စတင်လာပြီ။ သူရင်နည်းနည်းခုန်နေမယ်၊ စပြီးချစ်ရေးဆိုတာလက်ခံဖို့ အဆင်သင့်ဖြစ်လာသလိုမျိုးပဲ၊ ဒါပေမယ့် တကယ်ဟုတ်လားဆိုရင်တော့ မပြောတတ်ဘူး။ ဒါပေမယ့် ကောင်လေးဘက်ကိုစိတ်ချမ်းသာစေချင်တယ်။ သူနဲ့အတူရှိရတဲ့အချိန်တွေကို ကြည်နူးမိတယ်၊ အချိန်တူတူကုန်ရတာသဘောကျတယ်။ သိပ်မစဉ်းစားပဲနဲ့လူကိုသဘောကျတာ၊ စိတ်နေသဘောထားပဲဖြစ်ဖြစ်ကို နေရင်းထိုင်ရင်းသဘောကျတာမျိုးဘက်သွားပါတယ်။

Ace of wands - သူနဲ့အတူရှိချင်တယ်။ အဖြေပေးပလိုက်တော့မယ်။ ရေလာမြောင်းပေးနေပြီ၊ အဲ့ကောင်ထပ်ပြီး ချစ်တယ်လို့ခဏခဏမပြောသေးဘူးလား? ငါ့ဘက်ကအရင်စရင်များ သူအထင်သေးသွားမလား? အပြင်ထွက်ပြီး ဒိတ်ချင်တယ်။ လက်ကလေးကိုင်ထားပြီး သူများတွေရှေ့ချပြချင်နေပြီ။ တကယ်ရေရှည်မတွဲဖြစ်ရင်တောင် ခဏလောက်စမ်းတွဲလိုက်မယ်လေ၊ တကယ်အဆင်ပြေနေမှပဲ ဆက်တွဲတာပေါ့။ ကြားထဲပြတ်သွားလဲကိစ္စမရှိဘူး။ လို့တွေးနေခြင်း။

Ace of pentacles - သူနဲ့ငါကဖြစ်ပါ့မလား? ငါ့အကျင့်တွေက ဒီလို သူ့အကျင့်တွေက ဟိုလိုနဲ့ ကိုက်ပါ့မလား? ဒါပေမယ့် ဆိုးတော့မဆိုးပါဘူး။ အဖြေပေးလိုက်ရင် ဘာတွေဆက်ဖြစ်မှာလဲ? သူ့မှာ ငါလိုချင်တာ၊ ငါ့ကိုအလိုလိုက်ဖို့ ငွေကောအလုံအလောက်ရှိပါ့မလား? တွဲပြီးတစ်ပတ်အတွင်းလူတွေကငါတို့ကိုဘာပြောကြမှာလဲ? ငါ princess treatment ရပါ့မလား? လို့တွေးနေတာဖြစ်ပါတယ်။

ဒါပေမယ့်ဒီအရာတွေကိုတော့ လှေနံဓားထစ်မှတ်မရပါဘူး အခြေနေအချိန်ခါကို ချိန်ထိုးကြည့်ပြီးဟောတတ်ရမှာဖြစ်ပါတယ်။ ဒီလို စာတွေ့လက်တွေ့ အနီးကပ် ဂရုစိုက်မှုအပြည့်ရပြီး ဟောတတ်ချင်ရင်တော့ Pin post က Tg acc မှာ စုံစမ်းနိုင်ပါတယ်။

Address

Myinttar Street
Hpa-an

Telephone

+959404146105

Website

Alerts

Be the first to know and let us send you an email when J1H Witchcraft Training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to J1H Witchcraft Training:

Share