25/01/2026
ကီးမိုစ်.(Kemose) အရောင်ကျဆေး ဆိုသည်မှာ
💊💊💊💊💊💊💊💊💊💊💊💊💊
(Bromelain & Crystallized Trypsin) ပါဝင်ပြီး
အရောင်လျော့စေသော အင်ဇိုင်းများ ဖြစ်သည်။ ဘရိုမီလင်း ၅၀ မီလီဂရမ်နှင့် ထရစ်ပ်စင် ၁မီလီဂရမ် ပေါင်းစပ်ပြီး အရောင်လျော့ဆေးအဖြစ် အသုံးပြုကြသည်...
✅အသုံးပြုပုံ
ခွဲစိတ်ပြီး လူနာများ၊ ထိခိုက်ဒဏ်ရာရသူများ အရောင်လျော့စေ ရန် အသုံးပြုသည်။ နို့တိုက်မိခင်များ နို့ကြောင်းပိတ်၍ နို့ရောင် ကိုင်းနေခြင်းကို လည်း လျော့စေနိုင်သည်။
✅ဆေးညွှန်းနှင့် အသုံးပြုပုံ
များသောအားဖြင့် ပထမရက်တွင် ဆေးပြား ၂ပြား လေးကြိမ်သောက်ပြီး နောက်ရက်များတွင် ၁ပြား လေးကြိမ်သောက် ရသည်။ ရောဂါလက္ခဏာပေါ်တည်ပြီး ဆေးချိန် အတိုးအလျော့လုပ်နိုင်သည်။
✅သတိပြုရန်
အသည်းနှင့် ကျောက်ကပ်ရောဂါ ပြင်းထန်စွာ ခံစားနေရသူများ သတိပြုသုံးရသည်။
ကိုယ်ဝန်ဆောင်များအတွက် စိတ်ချရခြင်း ရှိ မရှိ မသိသေးပါ။ အသက်အရွယ်ကြီးသူများ ဆေးချိန် လျှော့သုံးသင့်ပါသည်။
✅ဘေးထွက်ဆိုးကျိုး များ
ဆေးမတည့်ခြင်း ဖြစ်နိုင်ပါသည်။ ဝမ်းလျောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း ၊ အစားအသောက်ပျက်ခြင်း ၊ ဝမ်းဗိုက်မအီမ သာဖြစ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊တို့ဖြစ်နိုင်ပါသည်။
နှာခေါင်းသွေးလျှံခြင်း၊ သလိပ်တွင် သွေးပါခြင်း ဖြစ်နိုင်သော်လည်း ရှားပါးပါသည်။
✅ရှောင်ရန်
ဤဆေးနှင့် မတည့်သူများ၊သွေးမခဲဆေးသောက်နေသူများ အသုံးမပြုသင့်ပါ။
ဝယ်ယူရရှိနိုင်သော ဆေးအမည်အချို့
Chymotase, Kimose,Kontab, Kotase, Protase.
✅Sharing ✅ပြုလုပ်ခြင်းဖြင်. အများဗဟုသုရရှိစေရန်
ကူညီနိုင်ပါသည်..
စေတနာများစွာဖြင့်
မူရင်းပိုစ့်ပိုင်ရှင်အား
#အောင်ဆေးဆိုင်သိန်းနီမြို့ပြည်ထောင်စုလမ်းမပေါ်မူဆယ်ကွမ်းလုံလမ်းခွဲအနီး #ကျန်းမာရေး