Arr Raw Jan - General Clinic/ အာရောဂျံ အထွေထွေရောဂါကုဆေးခန်း

  • Home
  • Myanmar
  • Hsi-hseng
  • Arr Raw Jan - General Clinic/ အာရောဂျံ အထွေထွေရောဂါကုဆေးခန်း

Arr Raw Jan - General Clinic/ အာရောဂျံ အထွေထွေရောဂါကုဆေးခန်း Medical Clinic, Primary Care, Tele-consultation

အခုဆိုရင်တော့ “Omicron” ဟာ မြန်မာနိုင်ငံကို ရောက်ရှိလို့လာခဲ့ပါပြီ။ ⚠️တော်တော်များများလည်း ကူးစက်ခံနေကြရပါတယ်။ ကိုဗစ်ရဲ့...
04/02/2022

အခုဆိုရင်တော့ “Omicron” ဟာ မြန်မာနိုင်ငံကို ရောက်ရှိလို့လာခဲ့ပါပြီ။ ⚠️
တော်တော်များများလည်း ကူးစက်ခံနေကြရပါတယ်။ ကိုဗစ်ရဲ့ အခြားသောမျိုးကွဲ ဗိုင်းရပ်စ်တွေထက် Omicron က ပိုပြီးလျင်လျင်မြန်မြန်ကူးစက်နိုင်ပေမယ့် တတိယလှိုင်းကဖြစ်ခဲ့တဲ့ Delta ဗိုင်းရပ်စပ်မျိုးကွဲလောက် ပြင်းထန်မှုတော့ မရှိသေးပါဘူး။

Omicron ကူးစက်ခံရပါက

✔️နှာခေါင်းပိတ်ခြင်း၊ နှာစေးခြင်း
✔️ဖျားခြင်း၊ ချမ်းတုန်ခြင်း
✔️လည်ချောင်းခြောက်ခြင်း၊ လည်ချောင်းနာခြင်း
✔️ချောင်းခြောက်ဆိုးခြင်း
✔️ခန္ဓာကိုယ်နဲ့ ကြွက်သားများ ကိုက်ခဲခြင်း
✔️ပင်ပန်းနွမ်းနယ်ခြင်း
✔️ဇောချွေးများ ထွက်ခြင်း
✔️ဝမ်းလျှောခြင်း တို့ပဲဖြစ်ကြပါတယ်။
အရင်လို အနံ့၊ အရသာ ပျောက်တာမျိုး သိပ်မတွေ့ရဘဲ တုပ်ကွေးလက္ခဏာတွေနဲ့ တူနေတဲ့အတွက်ကြောင့် အထက်ပါ လက္ခဏာတွေ ခံစားနေရပြီဆိုတာနဲ့ ကိုဗစ်ဟုတ် မဟုတ် အမြန်စစ်ဆေးကြည့်သင့်ပါတယ်။

Omicron ကူးစက်မှုမှ ကာကွယ်ရန်

💉 ကာကွယ်ဆေးထိုးနှံပါ။
👐 လက်ကို မကြာခဏ ဆေးကြောပါ။
😷 ပါးစပ်နှင့် နှာခေါင်းစီး ( Mask ) တပ်ပါ။
👥 လူထူထပ်သော နေရာများကို ရှောင်ကြဉ်ပါ။
↔️ လူ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ။
🏡 အိမ်တွင်း လေကောင်းလေသန့်ရရှိရန်လုပ်ဆောင်ပါ။
😮‍💨 နှာချေ၊ ချောင်းဆိုးလျှင် လက် သို့မဟုတ် ပုဝါဖြင့်ကာကွယ်ပါ။

Ref ; World Health Organization (WHO)

🚨 အိုမီခရွန် (Omicron) ရောဂါလက္ခဏာများ 🚨================================👉🏻 အိုမီခရွန်ဟာအရင် ဗီဇပြောင်းပိုးတွေလိုမျိုး  အ...
02/02/2022

🚨 အိုမီခရွန် (Omicron) ရောဂါလက္ခဏာများ 🚨
================================

👉🏻 အိုမီခရွန်ဟာအရင် ဗီဇပြောင်းပိုးတွေလိုမျိုး အနံ့ပျောက်၊ အရသာ ပျောက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့မလာတော့ပါဘူး။ အဲတာကြောင့်ရောဂါဖြစ်နေမှန်းသိရှိဖို့ ခက်ခဲပါတယ်။

😱 ထို့ကြောင့်ထိန်းချုပ်နိုင်ဖို့လည်းခက်ခဲခြင်း ဖြစ်ပါတယ်။ အစောဆုံးသိနိုင်တဲ့ရောဂါလက္ခဏာတွေကတော့...

- လည်ချောင်းယားပြီးချောင်းအည်းငယ်ဆိုးခြင်း
-အဖျားမကြီးခြင်း
- နောက်ကျောအောင့်ခြင်း
- နှာရည်ယို၊ နှာပိတ်၊ နှာချေခြင်း
- ကိုယ်လက်၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း
- ခေါင်းကိုက်ခြင်း
- မောပန်းခြင်း
- ညဘက်ချွေးထွက်ခြင်း တို့ ဖြစ်ပါတယ်...

အနံ့ပျောက်၊ အရသာပျောက်တာမျိုးသိပ်မဖြစ်တော့တဲ့အတွက် နေမကောင်း ဖြစ်ရင်တောင်မှ ကိုဗစ် ဟုတ်မဟုတ် ခွဲခြားရ ခက်သွားပါပြီ။

ထို့ကြောင့် နေမကောင်း ဖြစ်တာနဲ့ငါအအေးပတ်တာနေမှာပါဟုဖြေသိမ့်မနေပဲ ကိုဗစ်သံသယထားပြီး စစ်ဆေးသင့်ပါတယ်။
( အနာသိရင် ဆေးရှိပါတယ် အနာမသိရင် ဆေးလည်းမရှိပါ )

အိုမီခရွန်ဟာ အရင်ပိုးတွေလိုပဲအသက်ငယ်သူများအတွက်ပြဿနာ သိပ်မရှိပေမယ့်အသက်အရွယ် ကြီးရင့်သူများ၊ ရောဂါအခံရှိသူများကိုတော့ အန္တရာယ် ကောင်းကောင်း ပေးနိုင်နေဆဲပါ...
( ထို့ကြောင့် သံသယ ရှိရင် ကိုဗစ်စစ်ပါ စစ်ဖို့ မကြောက်ကြပါနဲ့ )

ကာကွယ်ဆေးထိုးထားရင် သာမန်ရောဂါလက္ခဏာများသာခံစားရပါတယ်။ ထို့ကြောင့် ကာကွယ်ဆေး ထိုးကြပါ...
( Boosterထိုးထားရင် ပိုကောင်းပါတယ် )

အားလုံးပဲ အိုမီခရွန်ကို အကောင်းဆုံးရင်ဆိုင်ကျော်လွှားနိုင်ကြပါစေခင်ဗျာ 🙏🙏

🌟 Happy New Year 2022 🎉၂၀၂၂ နှစ်သစ်မှ စ၍ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နှင့် ပြည့်စုံ‌ေသာ ပျော်ရွှင်စရာ နှစ်သစ...
01/01/2022

🌟 Happy New Year 2022 🎉

၂၀၂၂ နှစ်သစ်မှ စ၍ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နှင့် ပြည့်စုံ‌ေသာ ပျော်ရွှင်စရာ နှစ်သစ်လေးဖြစ်ပါစေကြောင်း အာရောဂျံ အထွေထွေရောဂါကုဆေးခန်းမိသားစု မှ ဆုတောင်း မေတ္တာပို့သ အပ်ပါသည်။


“အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း”🩺 လူကြီးမိဘ သက်ကြီးရွယ်အိုများအတွက် ဆရာဝန် အိမ်ပင့်လိုပါသလား။ဆေးရုံဆ...
07/12/2021

“အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း”

🩺 လူကြီးမိဘ သက်ကြီးရွယ်အိုများအတွက် ဆရာဝန် အိမ်ပင့်လိုပါသလား။

ဆေးရုံဆေးခန်းသွားရန် အခက်အခဲဖြစ်နေသော လူနာများအတွက် အာရောဂျံ ဆေးခန်းမှ အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပါသည်။

လူနာများကို level 2 ဝတ်စုံဖြင့် လာရောက်ကြည့်ရှုပေးမည်ဖြစ်ပါသည်။

တစ်နေ့ချင်းစီအတွက် လူနာ အရေအတွက် အကန့်အသတ်ဖြင့်သာ လက်ခံကြည့်ရှုမည်ဖြစ်ပြီး လူနာများအား သေချာစွာ ကြည့်ရှုကုသမှုပေးမည်ဖြစ်ပါသည်။

အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှုကို နံနက် ၉နာရီ မှ ည ၆နာရီ အထိသာ ကြည့်ရှုပေးမည်ဖြစ်ပါသည်။

Bookingရယူရာတွင်
*လူနာနာမည်
*အသက်
* နေရပ်လိပ်စာ
* ဖုန်းနံပါတ်
* ခံ‌စားနေရသော ရောဂါလက္ခဏာများ
စသည်တို့ကို ပြောပြပေးစေလိုပါသည်။

📞ဆက်သွယ်ရန် ဖုန်းနံပါတ် 09-965744263, 09-268535235


မင်္ဂလာပါ“အာရောဂျံ” အထွေထွေကျန်းမာ‌ရေး စောင့်ရှောက်မှုဆေးခန်း (ဆီဆိုင်မြို့) မှ ကြိုဆိုပါတယ်။လူကြီးမင်းတို့၏ အထွေထွေကျန်...
07/12/2021

မင်္ဂလာပါ
“အာရောဂျံ” အထွေထွေကျန်းမာ‌ရေး စောင့်ရှောက်မှုဆေးခန်း (ဆီဆိုင်မြို့) မှ ကြိုဆိုပါတယ်။

လူကြီးမင်းတို့၏ အထွေထွေကျန်းမာရေးကိစ္စများကို တိုင်ပင် ဆွေးနွေး ဝန်ဆောင်မှုပေးနိုင်ရန် အာရောဂျံဆေးခန်းကို နေ့စဉ် နံနက် ၉နာရီမှ ညနေ ၅နာရီအထိ ပုံမှန်ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

🌟အာရောဂျံဆေးခန်းမှ

🩺 ကနဦး ကျန်းမာရေး ဝန်ဆောင်မှုပေးခြင်း

🩺 လက်ရှိခံစားနေရသော ရောဂါလက္ခဏာများနှင့်ဖြစ်စဉ်ကို အသေးစိတ်မေးမြန်းပြီး စမ်းသပ်ကုသမှုပေးခြင်း

🩺 လိုအပ်သောသွေးစစ်မှုများကို ဝန်ဆောင်မှုပေးခြင်း

🩺 သင့်တော်သော ဆေးဝါးများ ညွန်ကြားပေးခြင်း

🩺 ရောဂါအကြောင်းကို သေချာစွာရှင်းပြခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း

🩺 လိုအပ်ပါက သင့်လျော်သော ဆေးရုံဆေးခန်း နှင့် အထူးကုဆရာဝန်ကြီးများထံ လွှဲပြောင်းကုသနိုင်ရန် ညွန်ကြားပေးခြင်း

🩺 အိမ်တိုင်ရာရောက် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

💉 မေးခိုင်ကာကွယ်ဆေး နှင့် ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးခြင်း
အစရှိသည်တို့ကို ဝန်ဆောင်မှု ပေးနေပါသည်။

အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ်
09-268535235
09-965744263
မှတဆင့် လည်းကောင်း၊
Page messenger မှတဆင့် လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။


အားလုံးပဲ မင်္ဂလာပါ။🌟 ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့ဟာ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ “World AIDS Day” ဖြစ်ပ...
01/12/2021

အားလုံးပဲ မင်္ဂလာပါ။

🌟 ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့ဟာ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့
“World AIDS Day” ဖြစ်ပါတယ်။

🎗️2021အတွက် WHOရဲ့ Theme ကတော့
“Ending the HIV Epidemic:
Equitable Access, Everyone's Voice”

“နိုင်ငံတလွှား HIV ရောဂါကူးစက်ဖြစ်ပွားခြင်းကို
ရပ်တံ့ခြင်း နှင့် အားလုံးရဲ့အသံကိုလက်ခံဖို့
အကူအညီပေးစို့ ” ဖြစ်ပါတယ်။


🚨🚨🚨 ကိုဗစ် Omicron မျိုးကွဲ နောက်ဆက်တွဲသတင်းCovid 19 Omicron မျိုးကွဲသစ်သည် ကူးစက်နှုန်းရော သေနှုန်းရော အလွန်အန္တရာယ်မျာ...
29/11/2021

🚨🚨🚨 ကိုဗစ် Omicron မျိုးကွဲ နောက်ဆက်တွဲသတင်း

Covid 19 Omicron မျိုးကွဲသစ်သည် ကူးစက်နှုန်းရော သေနှုန်းရော အလွန်အန္တရာယ်များနိုင်ချေရှိပြီး ကမ္ဘာတစ်ဝှမ်းလုံး ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း WHO မှ အသိပေးပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် Omicron ကြောင့် သေဆုံးသော လူနာမရှိသေးသော်လည်း လက်ရှိထိုးနေသောကာကွယ်ဆေးများနှင့် အရင်ပိုးမျိုးကွဲကြောင့်ရရှိထားသော ကိုယ်ခံအား (immunity) သည် ယခု Omicron မျိုးကွဲအား တိုက်ထုတ်နိုင်ခြင်းရှိမရှိ လေ့လာရဦးမည်ဖြစ်သည်။

ဖော်ပြပါ နိုင်ငံများသည် Omicron လူနာ တွေ့ရှိထားသော နိုင်ငံများဖြစ်ပါသည်။
- South Africa
- Botswana
- UK
- Netherlands
- Germany
- Hong Kong
- Italy
- Belgium
- Israel
- Denmark
- Austria
- Czech Republic
- Australia
- Canada
- Portugal

“Covid variant ကိုဗစ် မျိုးကွဲသစ် Omicron”⚠️ ⚠️ တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်မျိုးကွဲသစ် B.1.1.529 ကို Omicron...
28/11/2021

“Covid variant ကိုဗစ် မျိုးကွဲသစ် Omicron”⚠️

⚠️ တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်မျိုးကွဲသစ် B.1.1.529 ကို Omicron လို့ နာမည်ပေးလိုက်ပြီး တခြားပိုးအမျိုးအစားတွေထက် ကူးစက္မှု မြန်ဆန်နိုင်တာကြောင့် အန္တရာယ်ရှိတဲ့ အမျိုးအစားအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်လိုက်ပါတယ်။

ထိုကိုဗစ်မျိုးကွဲသစ်ဟာ အာဖရိက၊ ဘော့ဆွာနာ၊ ဟောင်ကောင်၊ အစ္စရေး၊ ဘယ်လ်ဂျီယံ နဲ့ အင်္ဂလန် နိုင်ငံများမှာ ပျံ့နှံ့တွေ့ရှိလာပြီဖြစ်ပါတယ်။

➡️ ဗီဇပြောင်းလဲမှု (Mutation) ၃၀ကျော်ရှိပြီး Deltaမျိုးကွဲထက် ပိုမိုကူးစက်မြန်ကာ ကာကွယ်ဆေးအာနိသင် လျော့ကျနိုင်မှု နှင့် ရောဂါ ကူးစက်ပြီးသူများ ထပ်မံကူးစက်နိုင်သည်ဟု ဆိုပါတယ်။

ဒီမျိုးကွဲရဲ့ မျိုးရိုးဗီဇသဘောသဘာဝကို လေ့လာနေဆဲဖြစ်ပြီး ယခုထိုးနှံထားတဲ့ COVID
ကာကွယ်ဆေးတွေက ဒီမျိုးကွဲကိုရော ကာကွယ်နိုင်မလားဆိုတာကိုတော့ လတ်တလောမှာ မသိနိုင်သေးဘူးလို့ WHOက ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကပြည်သူတွေအနေနဲ့
✅ကာကွယ်ဆေးထိုးနှံခြင်း
✅Mask တပ်ခြင်း
✅လက်ဆေးခြင်း
✅တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာနေခြင်း
✅နှာချေ၊ ချောင်းဆိုးတိုင်း ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာဖုံးအုပ်ထားခြင်း
✅လူစုလူဝေးရှောင်ရှားခြင်း
စတဲ့ ကိုဗစ်ကာကွယ်ရေးနည်းလမ်းများကို မပျက်မကွက် လိုက်နာကျင့်သုံးပြီး Omicron မျိုးကွဲကို ကြိုတင်ကာကွယ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Ref : WHO

‘တန်ဆောင်မုန်းလပြည့်နေ့ ’(သာမညဖလ အခါ‌ေတာ်နေ့)ယနေ့ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) တွင် မြန်မာပြည်သူ...
18/11/2021

‘တန်ဆောင်မုန်းလပြည့်နေ့ ’
(သာမညဖလ အခါ‌ေတာ်နေ့)

ယနေ့ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) တွင် မြန်မာပြည်သူ ပြည်သားအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ ရောဂါဘယကင်းဝေးပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း Arr Raw Jan မိသားစုက ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။



Today is World Diabetes Day!မင်္ဂလာပါ🙏ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၁၄ရက်နေ့ဟာ ကမ္ဘာ့ဆီးချိုရောဂါနေ့ ဖြစ်ပါတယ်။ယခုနှစ်အတွက် ...
14/11/2021

Today is World Diabetes Day!
မင်္ဂလာပါ🙏
ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၁၄ရက်နေ့ဟာ ကမ္ဘာ့ဆီးချိုရောဂါနေ့ ဖြစ်ပါတယ်။

ယခုနှစ်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော ဆောင်ပုဒ်မှာ “Access to diabetes care, if not now, When? ” ဖြစ်ပါတယ်။

☑️ကမ္ဘာတဝှမ်း ဆီးချိုရောဂါခံစားနေရသူပေါင်း သန်း ၄၂၀ခန့် ရှိပါသည်။
☑️မြန်မာနိုင်ငံတွင် ဆီးချိုရောဂါ ခံစားနေရသူ ၂.၅သန်းခန့် ရှိသည်ဟု သိရှိရပါသည်။

ဆီးချိုရောဂါဟာ နောက်ဆက်တွဲဆိုးကျိုးများသည့် ရောဂါတစ်ခု ဖြစ်ပါတယ်။ ဆီးချိုရောဂါကြောင့် ဖြစ်လာနိုင်သည့်

⏩နောက်ဆက်တွဲဆိုးကျိုးများမှာ
🔹️ နှလုံးသွေးကြောကျဉ်းရောဂါ
🔹️ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်လေဖြန်းရောဂါ
🔹️ မျက်စိအမြင်လွှာပျက်စီးသောရောဂါ
🔹️ အာရုံကြောထိခိုက်သောရောဂါ
🔹️ ကျောက်ကပ်ရောဂါ
စသည်တို့ဖြစ်ပွားနိုင်ပါတယ်။

⏩️ ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်နိုင်စေဖို့ အောက်ပါ အချက္များကို လုပ်ဆောင်ပေးရန် လိုပါသည်။

🔹️ ဆီးချိုပုံမှန်တိုင်းပေးပါ။

🔹️ ကိုယ်လက်လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးပါ။

🔹️ နေထိုင်စားသောက်မှုပုံစံကို ဂရုစိုက်ပါ။

🔹️ ကိုယ်အလေးချိန်ကို ထိန်းထားပါ။

🔹️ ဆေးလိပ်ဖြတ်ပါ။

🔹️ ဆီးချိုရောဂါရှိသူများ ဆရာဝန်ညွှန်ကြားသည့် ဆီးချို ဆေးများကို ပုံမှန်သောက်သုံးပြီး ကျန်းမာရေးစစ် ဆေးပါ။

🔹️ တစ်နေ့လျှင် ရေ(၅) ခွက်မှ (၈)ခွက်အထိ သောက်သုံးပေးပါ။

🔹️ နေ့စဉ် မိနစ် (၃၀) ခန့် လမ်းလျှောက်ပေးပါ။


Ref: WHO

“ကမ္ဘာ့အဆုတ်ရောင်ရောဂါအထိမ်းအမှတ်နေ့” World Pneumonia Day အဖြစ် နိုဝင်ဘာလ (၁၂) ရက်နေ့ကို (၂၀၀၉) ခုနှစ်မှ စတင်သတ်မှတ်ခဲ့ပ...
12/11/2021

“ကမ္ဘာ့အဆုတ်ရောင်ရောဂါအထိမ်းအမှတ်နေ့”
World Pneumonia Day အဖြစ် နိုဝင်ဘာလ (၁၂) ရက်နေ့ကို (၂၀၀၉) ခုနှစ်မှ စတင်သတ်မှတ်ခဲ့ပါသည်။

အဆုတ်ရောင်ရောဂါသည် ကမ္ဘာတစ်ဝန်းတွင်အဖြစ်များပြီး ကူးစက်ပြန့်ပွားနိုင်၍ အသက်အန္တရာယ် ရှိသော ရောဂါတစ်မျိူးဖြစ်ပါသည်။ စစ်တမ်းများအရ အသက် ၅ နှစ်အောက်ကလေး သေဆုံးမှုများ၏ ၁၄ရာခိုင်နှုန်းသည် အဆုပ်ရောင်ရောဂါကြောင့် ဖြစ်ပါသည်။ နှစ်စဉ် ကမ္ဘာတဝှမ်းမှ လူပေါင်း ၇၄၀၀၀၀ ခန့်သည် အဆုပ်ရောင်ရောဂါကြောင့် သေဆုံးနေရပါသည်။

အဆုတ်ရောင်ရောဂါသည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ် နှင့် မှိုများက လေထဲမှတစ်ဆင့် (သို့မဟုတ်) လက်မှတစ်ဆင့် အသက်ရှုလမ်းကြောင်းများဖြစ်သော နှာခေါင်းနှင့်ပါးစပ်တို့ ဝင်ရောက်ရာမှ စတင် ဖြစ်ပွားတတ်ပါသည်။

အဆုတ်ရောင်ရောဂါသည် အသက်အရွယ်မရွေးဖြစ်နိုင်သော်လည်း ၅နှစ်အောက် ကလေးငယ်များနှင့် ၆၅နှစ်အထက်လူကြီးများတွင် ပို၍အဖြစ်များကြောင်းတွေ့ရှိရပါသည်။ ကိုယ်ခံအားနည်းသူများ၊ ရောဂါအခံရှိသူများနှင့် ဆေးလိပ်သောက်တတ်သူများတွင်လည်း အလွယ်တကူ ဖြစ်ပွား နိုင်ပါသည်။

ဘက်တီးရီးယားကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါကို ပိုးသတ်ဆေးများဖြင့် ပျောက်ကင်းစေနိုင်ပြီး ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အဆုတ်ရောင်ဝေဒနာကို သက်သာစေရန်သာ ကုသနိုင်ပါသည်။ Covid-19 ရောဂါသည် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါတစ်မျိူးဖြစ်ပါသည်။

အဆုတ်ရောင်ရောဂါမှ ကာကွယ်နိုင်ရန်

☑️ ကိုယ်ခံအားကောင်းပြီး ကျန်းမာနေဖို့လိုအပ်ပါသည်။
☑️ ပိုးမွှားများကူးစက်ခြင်းမှကာကွယ်နိုင်ရန် လက်ကိုမကြာခဏဆေးပါ။
☑️ လူစုလူဝေးရှိရာ နေရာများသို့ သွားရောက်ခြင်းကိုရှောင်ရှားပါ။
☑️ ပတ်ဝန်းကျင် လေထု ညစ်ညမ်းမှုကို လျော့ချ ရှောင်ရှားပါ။
☑️ နှာချေချောင်းဆိုးလျှင် နှာခေါင်းစည်း Mask (သို့မဟုတ်)လက်ကိုင်ပုဝါ ကို အသုံးပြုပါ။
☑️ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

Reference : WHO

မင်္ဂလာပါ။ယခုအခါ အေးချမ်းသော ဆောင်းရာသီကာလကို ရောက်ရှိလာပြီဖြစ်၍ လူကြီးမင်းများ ကျန်းမာစွာ နေထိုင်ဖြတ်သန်းနိုင်ရေး လိုက်...
03/11/2021

မင်္ဂလာပါ။
ယခုအခါ အေးချမ်းသော ဆောင်းရာသီကာလကို ရောက်ရှိလာပြီဖြစ်၍ လူကြီးမင်းများ ကျန်းမာစွာ နေထိုင်ဖြတ်သန်းနိုင်ရေး လိုက်နာကျင့်သုံးရမည့် နည်းလမ်းများကို မျှဝေပေးလိုက်ပါတယ်။

* Covid-19 ရောဂါ ကူးစက္မှု ထိန်းချုပ်နိုင်ရေး Local Semi Lockdown အခြေအနေကြောင့်
“အာရောဂျံ”ဆေးခန်းသို့ မနက်ပိုင်း (၈နာရီ မှ ၁၁နာရီ အထိ) လာရောက်ပြသနိုင်ပါသည်။

🌟မိမိတို့၏ ကျန်းမာရေးပြဿနာများကို အွန်လိုင်း နှင့် တယ်လီဖုန်းမှတဆင့်လည်း ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။

ရောဂါ အခြေအနေပေါ်မူတည်၍ လိုအပ်သော ဆေးဝါးများ၊ ထိုးဆေး စားဆေးများကို ညွန်ကြားပေးခြင်း၊ ရောဂါအကြောင်း ရှင်းပြခြင်း၊ကျန်းမာရေးအသိပညာပေးခြင်း နှင့် လိုအပ်ပါက သက်ဆိုင်ရာ ဆေးရုံ နှင့် အထူးကု ဆရာဝန်ကြီးမ‌ျားထံ လွှဲပြောင်း ညွန်ကြားပေးမည်ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက ဖုန်း - 09268535235
နှင့် Page messenger မှ တဆင့် ဆက်သွယ်နိုင်ပါသည်။

Address

Hsi-Hseng

Telephone

+959965744263

Website

Alerts

Be the first to know and let us send you an email when Arr Raw Jan - General Clinic/ အာရောဂျံ အထွေထွေရောဂါကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category