ThuKha Oo Clinic and Pharmacy

ThuKha Oo Clinic and Pharmacy Smart clinic with specialist on-call services. We also provide home visits, vaccinations, nebuliser therapy, lab services and many others.

Call us to find out more!

💉😷ရာသီတုပ်ကွေးကာကွယ်ဆေး (Flu Vaccine) ထိုးနှံနိုင်ပါပြီမိုးရာသီအဝင်မှာ အဖြစ်များတဲ့ ရာသီတုပ်ကွေးရောဂါကြောင့် ဝေဒနာမခံစား...
04/05/2026

💉😷ရာသီတုပ်ကွေးကာကွယ်ဆေး (Flu Vaccine) ထိုးနှံနိုင်ပါပြီ
မိုးရာသီအဝင်မှာ အဖြစ်များတဲ့ ရာသီတုပ်ကွေးရောဂါကြောင့် ဝေဒနာမခံစားရအောင် ကာကွယ်ဆေး ကြိုတင်ထိုးနှံထားကြဖို့ တိုက်တွန်းပါရစေ။

👨‍⚕️👩‍⚕️ဘာကြောင့် ကာကွယ်ဆေးထိုးသင့်တာလဲ?
👉တုပ်ကွေးရောဂါကြောင့် ပြင်းထန်စွာ ဖျားနာခြင်းကို လျှော့ချပေးနိုင်ခြင်း။
👉နောက်ဆက်တွဲဆိုးကျိုးများမှ ကာကွယ်ပေးခြင်း။
👉မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်မှုကို ဟန့်တားပေးနိုင်ခြင်း။
💙 အထူးသဖြင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားနည်းသူများအနေဖြင့် နှစ်စဉ် ကြိုတင်ထိုးနှံထားရန် အထူးလိုအပ်ပါသည်။
# # # 📅 Booking ရယူရန်
ဆေးပမာဏ ကန့်သတ်ချက်ရှိသည့်အတွက် စိတ်ချရစေရန် ဖုန်းဖြင့်ဖြစ်စေ၊ Messenger or Viber မှတစ်ဆင့်ဖြစ်စေ **Booking ကြိုတင်ရယူပေးပါရန်** မေတ္တာရပ်ခံအပ်ပါသည်။
📞ဆက်သွယ်ရန် Ph- 09 956 363 771

📍ဆေးခန်းလိပ်စာ - အမှတ် 709၊ ဗိုလ်တေဇလမ်း၊ ၁၀မိုင် မှတ်တိုင်အနီး၊ အင်းစိန်မြို့နယ်
**ကျန်းမာပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။**

💙 မဟာင်္ကြန်ကာလအတွင်း ဆေးခန်းခေတ္တပိတ်ထားပြီး မြန်မာနှစ်ဆန်း ၁ရက်နေ့တွင် ပုံမှန်အတိုင်း ဆေးခန်းပြန်ဖွင့်ပါမည်💙 နှစ်သစ်အခ...
12/04/2026

💙 မဟာင်္ကြန်ကာလအတွင်း ဆေးခန်းခေတ္တပိတ်ထားပြီး မြန်မာနှစ်ဆန်း ၁ရက်နေ့တွင် ပုံမှန်အတိုင်း ဆေးခန်းပြန်ဖွင့်ပါမည်

💙 နှစ်သစ်အခါသမယမှစ၍ ကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် 👩‍⚕️👨‍⚕️

အပူရှပ်ခြင်း (Heat stroke) သည် အလွန်အန္တရာယ်ရှိသော အပူကြောင့် ဖြစ်ပေါ်သည့် ရောဂါတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အပူချိန်ကို ထ...
12/04/2026

အပူရှပ်ခြင်း (Heat stroke) သည် အလွန်အန္တရာယ်ရှိသော အပူကြောင့် ဖြစ်ပေါ်သည့် ရောဂါတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိနိုင်ခြင်း မရှိတော့သည့်အခါ ဖြစ်တတ်ပါတယ်။ အချိန်မီ ကုသမှုမရရှိပါက အသက်အန္တရာယ်ရှိနိုင်ပါတယ်။

⸝

🔥 အပူရှပ်ခြင်း ဖြစ်ရခြင်းအကြောင်းများ
• အပူချိန်မြင့်မားသော နေရာများတွင် ကြာရှည်နေခြင်း
• နေရောင်ပြင်းထန်စွာ ထိတွေ့ခြင်း
• ရေလုံလောက်စွာ မသောက်သုံးခြင်း (Dehydration)
• ခန္ဓာကိုယ်အားစိုက်အားထုတ်မှုများ (ဥပမာ - လေ့ကျင့်ခန်း၊ အလုပ်ပြင်းထန်ခြင်း)
• လေဝင်လေထွက်မကောင်းသော နေရာများတွင် နေထိုင်ခြင်း

⸝

⚠️ လက္ခဏာများ
• ကိုယ်အပူချိန် ၄၀°C (104°F) ကျော်တက်ခြင်း
• ခေါင်းမူးခြင်း၊ မူးဝေခြင်း
• နှလုံးခုန်မြန်ခြင်း
• အသက်ရှူမြန်ခြင်း
• အရေပြား ပူ၍ ခြောက်ခြင်း (ချွေးမထွက်နိုင်ခြင်း)
• မောပန်းခြင်း၊ အားလျော့ခြင်း
• မိမိကိုယ်ကို မထိန်းနိုင်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း
• သတိလစ်ခြင်း

⸝

🚑 ပထမဦးဆုံး ကူညီနည်း (First Aid)
• လူနာကို အေးမြသောနေရာသို့ ချက်ချင်းရွှေ့ပါ
• အဝတ်အစားများကို လျော့ချပါ
• ရေဖြင့် ကိုယ်ကို ပွတ်သပ်ပါ သို့မဟုတ် ရေစိုအဝတ်ဖြင့် ဖုံးအုပ်ပါ
• ပန်ကာဖြင့် လေတိုက်ပေးပါ
• သတိရှိပါက ရေအေး သို့မဟုတ် electrolyte ပါသော အရည်များ သောက်ပေးပါ
• အရေးပေါ် ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပါ

⸝

🛡️ ကာကွယ်နည်းများ
• ရေများများ သောက်ပါ (နေ့စဉ် အနည်းဆုံး ၂-၃ လီတာ)
• နေရောင်ပြင်းချိန် (နေ့လယ် ၁၁ နာရီမှ ၃ နာရီ) တွင် အပြင်မထွက်ပါနှင့်
• အလွန်ပူသောနေ့များတွင် ပေါ့ပါးသောချည်ထည်အဝတ်များ ဝတ်ဆင်ပါ
• လေဝင်လေထွက်ကောင်းသော နေရာတွင် နေထိုင်ပါ

⸝

❗ သတိပြုရန်

အပူရှပ်ခြင်းသည် လျင်မြန်စွာ ဆိုးရွားနိုင်သောကြောင့် လက္ခဏာများ တွေ့ရှိပါက ချက်ချင်း ဆေးဘက်ဆိုင်ရာ အကူအညီ ရယူရန် အရေးကြီးပါသည်။

⸝

☀️ နွေပူပူမှာ ဆီတန်းစီရင်း "အပူမရှပ်" ဖို့ ဘယ်လိုဂရုစိုက်မလဲဒီရက်ပိုင်း ရာသီဥတုကတော့ သိတဲ့အတိုင်းပါပဲ။ အပြင်ထွက်လိုက်တာန...
26/03/2026

☀️ နွေပူပူမှာ ဆီတန်းစီရင်း "အပူမရှပ်" ဖို့ ဘယ်လိုဂရုစိုက်မလဲ
ဒီရက်ပိုင်း ရာသီဥတုကတော့ သိတဲ့အတိုင်းပါပဲ။ အပြင်ထွက်လိုက်တာနဲ့ ငရဲပြည်ရောက်သွားတာလားအောက်မေ့ရတယ် (ပူတာပြောတာပါ!)။ ဒီကြားထဲ မိမိတို့ရဲ့ ချစ်လှစွာသော ကားလေး၊ ဆိုင်ကယ်လေးတွေအတွက် ဆီဆိုင်မှာ အချိန်အကြာကြီး တန်းစီနေရတာက တကယ့်ကို စိန်ခေါ်မှုတစ်ခုပါပဲ။
ဆီရဖို့အရေး တန်းစီရင်း အပူရှပ်ခြင်း (Heat Stroke) ဆိုတဲ့ ရန်သူတော်ကြီးကိုလည်း သတိထားဖို့ လိုပါတယ်နော်။ ဆီဖြည့်ဖို့စောင့်ရင်း လူပါ အပူလွန်ပြီး အားကုန် မသွားရအောင် အောက်ပါအချက်လေးတွေကို ဖတ်ကြည့်လိုက်ပါဦး။

🌡️ ၁။ "လူက မူမမှန်တော့ဘူးလား" (အပူရှပ်ခြင်း လက္ခဏာများ) 🥵🥵🥵
တန်းစီနေတုန်း အောက်ပါအတိုင်း ခံစားလာရရင်တော့ ဆီကိစ္စ ခဏထားပြီး အရိပ်ထဲ အရင်ပြေးပါတော့-
* ကိုယ်အပူချိန်တွေ အရမ်းတက်လာမယ် (ဖျားတာမဟုတ်ဘဲ အပြင်အပူကြောင့် ပူလာတာပါ)။
* အသားတွေ နီရဲလာမယ်၊ ချွေးတွေလည်း တောက်တောက်စက်စက် ထွက်လာမယ် (ဒါမှမဟုတ် လုံးဝကို မထွက်တော့ဘဲ ခြောက်ကပ်နေမယ်)။
* ခေါင်းထဲမှာ မူးနောက်နောက် ဖြစ်လာမယ်၊ အမြင်အာရုံတွေ ဝေဝါးလာမယ်။
* ရင်ဘတ်ထဲက "တဒိတ်ဒိတ်" နဲ့ နှလုံးခုန်တာ မြန်လာမယ် (Crush နဲ့ တွေ့လို့ ခုန်တာမဟုတ်ရင် သတိထားပါ!)။
* စိတ်ထဲမှာ ဂယောင်ဂတမ်း ဖြစ်လာတာ၊ သတိလစ်ချင်သလို ဖြစ်တာ။

✅ ၂။ "မဖြစ်ခင်က ကြိုတင်ကာကွယ်" (လိုက်နာရန် အချက်များ) ⚠️⚠️⚠️
အပူဒဏ်ကို အလဲထိုးဖို့ ဒါတွေ ပြင်ထားပါ-
* ရေများများသောက်ပါ: ရေငတ်မှ သောက်တာထက် မငတ်ခင်ကတည်းက ကြိုသောက်ထားတာက ပိုကောင်းပါတယ်။ (ရေဗူးကို ဖက်ထားလိုက်ပါ)။
* ဖက်ရှင်ထက် ကျန်းမာရေးအတွက် အပြင်သွားရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တို့ကို "မပါမဖြစ်" ဆောင်သွားပါ။
* အဝတ်အစား: အသားချောင်ချောင်၊ အရောင်ဖျော့ဖျော့လေးတွေ ဝတ်ပါ။ (အနက်ရောင်ဝတ်ရင် နေပူကို ပိုစုပ်ယူလို့ လူက "ကင်" ထားသလို ဖြစ်နေပါလိမ့်မယ်)။
* အရိပ်ကို ခိုလှုံပါ: မိမိအလှည့်မရောက်သေးရင် ကား/ဆိုင်ကယ်ကိုသာ အစဉ်အတိုင်း ထားခဲ့ပြီး လူကတော့ နီးစပ်ရာ အရိပ်အောက်မှာ ခဏနားနေပါ။

🚫 ၃။ "ဒါတွေတော့ လုံးဝမလုပ်နဲ့နော်" (ရှောင်ကြဉ်ရန် အချက်များ) 🙅🙅🙅

* နေပူထဲ အကြာကြီး မရပ်ပါနဲ့: "ငါ့အလှည့်ရောက်တော့မှာပါ" ဆိုပြီး ဇွဲကောင်းပြပြီး နေပူထဲ အံကြိတ်မစောင့်ပါနဲ့။
* ကော်ဖီနဲ့ အရက် ရှောင်ပါ: အပူထဲမှာ ဒါတွေသောက်ရင် ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ပိုခမ်းခြောက်စေလို့ "နွမ်း" သွားတတ်ပါတယ်။
* ကလေးနဲ့ အိမ်မွေးတိရစ္ဆာန်: ကားထဲမှာ သူတို့ကိုထားခဲ့ပြီး ဆီတန်းစီတာ၊ ခဏထွက်သွားတာမျိုး လုံးဝ (လုံးဝ) မလုပ်ပါနဲ့။ ပိတ်ထားတဲ့ကားထဲက အပူချိန်က မိနစ်ပိုင်းအတွင်းမှာတင် အသက်အန္တရာယ်ဖြစ်စေနိုင်လောက်အောင် မြင့်တက်နိုင်လို့ပါ။

ဆီတန်းစီရင်း အပူဒဏ်ကြောင့် စိတ်တို၊ လူပင်ပန်းတာမျိုး မဖြစ်ရအောင် အားလုံးပဲ သတိထားပြီး ဂရုစိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ အားလုံးပဲ ဘေးကင်းကင်းနဲ့ ဆီဖြည့်နိုင်ကြပါစေ။
ဒီအချက်လေးတွေကို ကိုယ့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေဆီလည်း Share ပေးပြီး အပူဒဏ်ကနေ အတူတူကာကွယ်ကြရအောင်🧑‍⚕️

အခုကာလမှာ ဆေးတွေဝယ်ရခက်လို့ စိတ်ညစ်နေရပြီလား??? 😓😓🏥👨‍⚕️👩‍⚕️သုခဦး ဆေးဆိုင်မှာ ဒီလို services တွေရရှိနိုင်ပါတယ် 👇👇👇💊ဝယ်ရခက...
17/03/2026

အခုကာလမှာ ဆေးတွေဝယ်ရခက်လို့ စိတ်ညစ်နေရပြီလား??? 😓😓
🏥👨‍⚕️👩‍⚕️သုခဦး ဆေးဆိုင်မှာ ဒီလို services တွေရရှိနိုင်ပါတယ် 👇👇👇
💊ဝယ်ရခက်သော ဆေးများကိုရှာဝယ်ပေးခြင်း
💊လစဉ်ဆေးစွဲသောက်‌‌နေရသောလူနာများအတွက် ဆေးများကို တစ်လစာစီစဉ်‌ပေးခြင်း
💊ဈေးကွက်ထဲမှာ ပစ္စည်းပြတ်‌နေတဲ့‌ ဆေးတွေအတွက် ဆရာဝန်‌တွေကိုယ်တိုင် အာနိသင်တူဆေး‌တွေကို ညွှန်ကြားပေးခြင်း‌ကြောင့် ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူ‌‌နိုင်ခြင်း

💌 ☎️အသေးစိတ် သိဖို့အတွက် page messenger or viber 09-956 363 771 ကိုဆက်သွယ်လိုက်ပါ

Hello! မင်္ဂလာပါ။Dr. Hay Mun ပါ။ကျွန်တော်တို့ ဆေးခန်းလေးကို "10 Miles Clinic ၁၀မိုင် အထွေထွေရောဂါကု ဆေးခန်း" မှ "သုခဦး ‌...
13/03/2026

Hello! မင်္ဂလာပါ။
Dr. Hay Mun ပါ။
ကျွန်တော်တို့ ဆေးခန်းလေးကို "10 Miles Clinic ၁၀မိုင် အထွေထွေရောဂါကု ဆေးခန်း" မှ "သုခဦး ‌အထွေထွေရောဂါကု ဆေးခန်း နှင့် ဆေးဆိုင်" အဖြစ် ဆေးဆိုင်လေးပါ ထည့်ပြီးနာမည်ပြောင်း ဖွင့်လှစ်ထားပါတယ်။

ရရှိနိုင်တဲ့ Services တွေအများကြီးထပ်တိုးဖို့ ရှိလို့ ဒီ post လေးကို like and share လုပ်ပြီး သူများတွေကို အသိပေးပေးပါဦးနော်။

ဆေးပညာ နဲ့ပါတ်သတ်တဲ့ ပညာပေး contents ဆောင်း‌ပါးလေးတွေကိုလဲ ဆရာ၀န် အငယ်တွေ အတွက်ရော လူနာတွေအတွက်ရော ပုံမှန်ရေးတင်သွားဖို့ရှိပါတယ်။

If you have visited my clinic before, please feel free to like, share, follow and leave an honest review on the clinic page. (whether positive or negative, it's ok)

With warm regards,

Dr. Hay Mun Min Lwin Oo
M.B.,B.S (YGN) MRCP (UK)

10 Miles Clinic တွင်ရရှိနိုင်သော ဝန်ဆောင်မှုများ✅ ဆရာဝန်များမှ စမ်းသပ်စစ်ဆေးပြီး လိုအပ်သောဆေးကုသမှုများပေးခြင်း။✅ အထူးကု...
11/03/2023

10 Miles Clinic တွင်ရရှိနိုင်သော ဝန်ဆောင်မှုများ
✅ ဆရာဝန်များမှ စမ်းသပ်စစ်ဆေးပြီး လိုအပ်သောဆေးကုသမှုများပေးခြင်း။
✅ အထူးကုဆရာဝန်များမှ ဆေးခန်းသို့ oncall လာရောက်ကြည့်ရှုပေးခြင်း/ အထူးကုဆရာဝန်များကို ဖုန်းဖြင့်ဆက်သွယ်၍ လူနာအားကုသပေးခြင်း။
✅ အရေးပေါ်လူနာများအား အရေးပေါ်ဆေးကုသမှုပေးခြင်းနှင့် သင့်တော်သောဆေးရုံသို့လွှဲပြောင်းပေးခြင်း။
✅ အိမ်ပင့်ဆေးကုသမှုပေးခြင်း။
✅ ဓာတ်ခွဲခန်းဝန်ဆောင်မှု ပေးခြင်း။ (သွေး၊ ဝမ်း၊ ဆီး၊ သလိပ် စစ်ဆေးခြင်း)။
✅ Online Electronic Medical Records (EMR) system ဖြင့် လူနာမှတ်တမ်းများကိုသိမ်းဆည်းပေးခြင်း။
✅ ၃လခံသ‌န္ဓေတားဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေး၊ ရာသီတုပ်ကွေးကာကွယ်ဆေး၊ အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေး၊ အခြားကာကွယ်ဆေးများထိုးပေးခြင်း။
✅ အိမ်အရောက် ECG, X-ray ဓာတ်မှန် နှင့် Ultrasound ဝန်ဆောင်မှုများအတွက်စီစဉ်ပေးခြင်း။
✅ အစာပိုက်၊ ဆီးပိုက် ထည့်ခြင်း၊ လဲလှယ်ပေးခြင်း၊ အနာဆေးထည့်ခြင်း၊ အသေးစားခွဲစိတ်မှုများ လုပ်ဆောင်ပေးခြင်း။

✅ Covid-19 ရောဂါအတွက် အိမ်တိုင်ရာရောက်သွေးစစ်ဆေးမှုများပြုလုပ်ပေးခြင်း၊ လိုအပ်သော ဆေးကုသမှုများပေးခြင်းနှင့် ကာကွယ်ဆေးထိုးရန်စီစဉ်ပေးခြင်း

စသည့် ၀န်ဆောင်မှုများကိုရရှိနိုင်ပါသည်။

လိပ်စာ။ ။ အမှတ် ၇၀၉၊ ဗိုလ်တေဇလမ်း၊ နီလာဒန်ပေါက်ဆိုင်ဘေး၊ ၁၀မိုင်ကုန်း။ (5 mins drive from Yangon International Airport)

☎️ အသေးစိတ်သိလိုပါက 09 95 6363 771 ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

10 Miles Clinic တွင်ရရှိနိုင်သော ဝန်ဆောင်မှုများ✅ ဆရာဝန်များမှ စမ်းသပ်စစ်ဆေးပြီး လိုအပ်သောဆေးကုသမှုများပေးခြင်း။✅ အထူးကု...
24/01/2023

10 Miles Clinic တွင်ရရှိနိုင်သော ဝန်ဆောင်မှုများ
✅ ဆရာဝန်များမှ စမ်းသပ်စစ်ဆေးပြီး လိုအပ်သောဆေးကုသမှုများပေးခြင်း။
✅ အထူးကုဆရာဝန်များမှ ဆေးခန်းသို့ oncall လာရောက်ကြည့်ရှုပေးခြင်း/ အထူးကုဆရာဝန်များကို ဖုန်းဖြင့်ဆက်သွယ်၍ လူနာအားကုသပေးခြင်း။
✅ အရေးပေါ်လူနာများအား အရေးပေါ်ဆေးကုသမှုပေးခြင်းနှင့် သင့်တော်သောဆေးရုံသို့လွှဲပြောင်းပေးခြင်း။
✅ အိမ်ပင့်ဆေးကုသမှုပေးခြင်း။
✅ ဓာတ်ခွဲခန်းဝန်ဆောင်မှု ပေးခြင်း။ (သွေး၊ ဝမ်း၊ ဆီး၊ သလိပ် စစ်ဆေးခြင်း)။
✅ Online Electronic Medical Records (EMR) system ဖြင့် လူနာမှတ်တမ်းများကိုသိမ်းဆည်းပေးခြင်း။
✅ ၃လခံသ‌န္ဓေတားဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေး၊ ရာသီတုပ်ကွေးကာကွယ်ဆေး၊ အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေး၊ အခြားကာကွယ်ဆေးများထိုးပေးခြင်း။
✅ အိမ်အရောက် ECG, X-ray ဓာတ်မှန် နှင့် Ultrasound ဝန်ဆောင်မှုများအတွက်စီစဉ်ပေးခြင်း။
✅ အစာပိုက်၊ ဆီးပိုက် ထည့်ခြင်း၊ လဲလှယ်ပေးခြင်း၊ အနာဆေးထည့်ခြင်း၊ အသေးစားခွဲစိတ်မှုများ လုပ်ဆောင်ပေးခြင်း။

✅ Covid-19 ရောဂါအတွက် အိမ်တိုင်ရာရောက်သွေးစစ်ဆေးမှုများပြုလုပ်ပေးခြင်း၊ လိုအပ်သော ဆေးကုသမှုများပေးခြင်းနှင့် ကာကွယ်ဆေးထိုးရန်စီစဉ်ပေးခြင်း

စသည့် ၀န်ဆောင်မှုများကိုရရှိနိုင်ပါသည်။

လိပ်စာ။ ။ အမှတ် ၇၀၉၊ ဗိုလ်တေဇလမ်း၊ နီလာဒန်ပေါက်ဆိုင်ဘေး၊ ၁၀မိုင်ကုန်း။

☎️ အသေးစိတ်သိလိုပါက 09 95 6363 771 ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

Contact us for more details 📞📞
12/09/2022

Contact us for more details 📞📞

Covid 19 medications including Remdesivir, Molnupiravir and Favipiravir are available with reasonable price at the clinic now!! Call us for more details ☎

01/09/2022

📢Covid-19 ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးပြီးကြပြီလားဗျို့..
🙋ကာကွယ်ဆေး (၂) ကြိမ်ထိုးပြီးတဲ့သူတွေအနေနဲ့ ဘာကြောင့် Booster ထိုးသင့်တယ်ဆိုတာ အားလုံးအတူလေ့လာရင်း အိုမီခရွန် BA.4 နဲ့ BA.5 လို ဗီဇပြောင်းပိုးတွေ ကနေ ဆက်လက်ကာကွယ်လိုက်ကြရအောင်.....
👉ကာကွယ်ဆေးထိုးပြီးပြီဆိုပေမယ့်လည်း အပြင်သွားတိုင်း Mask စနစ်တကျ တပ်မယ်၊ လက် မကြာခဏ စနစ်တကျဆေးမယ်၊ လူစုလူဝေးတွေ၊ အလုံပိတ်နေရာတွေကို တတ်နိုင်သမျှရှောင်၊ တစ်ဦးနဲ့တစ်ဦး အတတ်နိုင်ဆုံးခပ်ခွာခွာနေ စတဲ့ ကာကွယ်ရေးနည်းလမ်းတွေ ဆက်လက်လိုက်နာဖို့ မမေ့ကြနဲ့နော်...
📌Happy Healthy Myanmar မှ ကျန်းမာရေးအသိပညာပေးများကို Telegram Channel: https://t.me/happyhealthymyanmar ကို join ထားပြီး ဖတ်ရှုနိုင်ပါပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

New Services Alert 📢📢✅ Covid-19 ရောဂါအတွက် အိမ်တိုင်ရာရောက်သွေးစစ်ဆေးမှုများပြုလုပ်ပေးခြင်း၊ လိုအပ်သော ဆေးကုသမှုများပေးခ...
27/08/2022

New Services Alert 📢📢

✅ Covid-19 ရောဂါအတွက် အိမ်တိုင်ရာရောက်သွေးစစ်ဆေးမှုများပြုလုပ်ပေးခြင်း၊ လိုအပ်သော ဆေးကုသမှုများပေးခြင်းနှင့်

✅ Covid-19 ကာကွယ်ဆေးထိုးပေးခြင်း

အစရှိသည့် ၀န်ဆောင်မှုအသစ်များရရှိနိုင်ပါသည်။

Call us for more details
09-956 363 771

လူသားစား Bacteria ပိုးများအကြောင်း ဆရာရေးထားတာ စိတ်၀င်စားစရာဖြစ်သလို သတိလဲထားရပါမယ်။
16/08/2022

လူသားစား Bacteria ပိုးများအကြောင်း ဆရာရေးထားတာ စိတ်၀င်စားစရာဖြစ်သလို သတိလဲထားရပါမယ်။

Address

No 709, Bo Tay Za Street
Insein
11011

Opening Hours

Monday 09:00 - 12:30
15:30 - 19:30
Tuesday 09:00 - 12:30
15:30 - 19:30
Wednesday 09:00 - 12:30
15:30 - 19:30
Thursday 09:00 - 12:30
15:30 - 19:30
Friday 09:00 - 12:30
15:30 - 19:30
Saturday 09:00 - 12:30
15:30 - 19:30
Sunday 09:00 - 12:30
15:30 - 19:30

Telephone

+959956363771

Website

Alerts

Be the first to know and let us send you an email when ThuKha Oo Clinic and Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ThuKha Oo Clinic and Pharmacy:

Share