Care and Counseling project, MIT

Care and Counseling project, MIT စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု Dr. Khin Kyu Kyu, the Chaplain and professor at Myanmar Institute of Theology, with the support of Rev.

Care and Counseling Project - ဂရုပြုနှစ်သိမ့်ဆွေးနွေးခြင်းဆိုင်ရာ စီမံကိန်း သည် Myanmar Institute of Theology - မြန်မာနိုင်ငံဓမ္မတက္ကသိုလ် ကျောင်းတော်ကြီး၏ လက်အောက်တွင် စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းသင်တန်းများကို အခမဲ့ ကြိုးစားလုပ်ဆောင်နေသော စီမံကိန်းတစ်ခု ဖြစ်ပါသည်။

History fo Charis Care and Counseling Center

The Charis Care and Counseling Center is originally brought up from the passion and empathy of the project Director Rev. Dr. Ursula Hecker, the retired hospital Chaplain from Germany. The project was born from the seed of the Chaplaincy seminars from 2010 to 2020. The Care and Counseling Project, MIT has been serving seminaries, conventions, churches, and communities by providing individuals and needy families with compassionate and comprehensive mental healthcare services, since 2018. On February 28, 2024, the project was announced to be an official center of the Myanmar Institute of Theology with the uphold valuable blessings of the Myanmar Baptist Convention (MBC) and named Charis Care and Counseling Center, MIT. Charis Care and Counseling Center aims to help and support Myanmar people with Mental Health care awareness, encouraging them to access mental health services and helping them restore their hope from helpless situations as well as providing training in psychological concerns based on current demand and situation.

New Year wishes from Team 🩵💛❤️“နှစ်သစ်ဆုတောင်း”- [ ] ကျေးဇူးတင်တယ် ၂၀၂၅ရယ်၊ ၂၀၂၆ ကိုကြိုဆိုလို့ရယ် ရှေ့ဆက်မယ်- [ ]  မေတ္...
31/12/2025

New Year wishes from Team 🩵💛❤️

“နှစ်သစ်ဆုတောင်း”
- [ ] ကျေးဇူးတင်တယ် ၂၀၂၅ရယ်၊ ၂၀၂၆ ကိုကြိုဆိုလို့ရယ် ရှေ့ဆက်မယ်
- [ ] မေတ္တာရှေ့ထား သစ္စာတရား၊ ကိုင်ဆောင်ကာထား တည့်မတ်စွာသွား
- [ ] အောင်မြင်မှုအပေါင်း သရဖူဆောင်း၊ ချစ်သောမိတ်ဆွေ၊ သူငယ်ချင်းအပေါင်း
- [ ] ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၊ နှစ်သစ်မင်္ဂလာ တောင်းဆုခြွေမှာ
မှ
ကောင်းကင်
………………………………………………………
Saya Htoi Awng Naw: “With a thankful heart, I welcome the New Year. May it be a year of wisdom in decisions, courage in challenges, and kindness in all we do. Wishing you a blessed and meaningful New Year.”

………………………………………………………
Naw Mild Mai: “As the New Year begins, may your health, your mind, and your heart be filled with peace and may each day be filled with joy and happiness”.

………………………………………………………
Sayama Naw Kanyaw Htoo: “Wishing you a new year filled with blessings and energy to face the new experiences. May 2026 brings you peace and joy. All the Best!”

………………………………………………………
Saw Thandar Kyaw: “As we welcome the New Year 2026, we wish you all to be strong and courageous. Do not be afraid or discouraged, for the LORD your God will be with you wherever you go.” (Joshua 1:9)

………………………………………………………
Sayama Naw Trezar Grace :”May your days be filled with endless laughter, your heart with unshakable strength, and your spirit with boundless energy. May every challenge you face turn into a success, and may you always find joy, even in the toughest moments. Keep laughing, keep thriving, and never let the world dim your light!"

………………………………………………………

Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/


😊😊😊😊😊😊We wish you “Merry Christmas & Happy New Year”! 🙏🙏🙏🙏🙏🙏May this Christmas fill your heart with joy, love, peace & h...
25/12/2025

😊😊😊😊😊😊
We wish you
“Merry Christmas & Happy New Year”!
🙏🙏🙏🙏🙏🙏

May this Christmas fill your heart with joy, love, peace & happy memories.
May this New Year bring fresh inspiration.
Wishing you strength, wisdom, and many blessings in the year to come.

Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/


ရုံးပိတ်ရက်ကြေညာခြင်း--------------------------ဒီဇင်ဘာလ ( ၁၅ )ရက်နေ့ ၂၀၂၅ မှ ဇန်နဝါရီလ ( ၄ )ရက်နေ့ ၂၀၂၆ သည် Charis Care ...
13/12/2025

ရုံးပိတ်ရက်ကြေညာခြင်း
--------------------------

ဒီဇင်ဘာလ ( ၁၅ )ရက်နေ့ ၂၀၂၅ မှ ဇန်နဝါရီလ ( ၄ )ရက်နေ့ ၂၀၂၆ သည် Charis Care and Counseling Center ၏ ရုံးပိတ်ရက်များ ဖြစ်ပါသည်။ ကျွန်တော်/ ကျွန်မတို့ Center ၏ ဝန်ဆောင်မှုများအားလုံးကို ဇန်နဝါရီလ ( ၅ ) ရက်နေ့၊ ၂၀၂၆ တွင် ပြန်လည်ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ငြိမ်းချမ်းမှုအပေါင်းနှင့် ပြည့်စုံသော ခရစ်စမတ်နှင့် နှစ်သစ်မင်္ဂလာဖြစ်ပါစေကြောင်း Charis Care and Counseling Center မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။🙏🙏🙏

ကျွန်တော်/ ကျွန်မတို့ Center Team လဲ ၂၀၂၆ ခုနှစ်ကို အကောင်းဆုံးဝန်ဆောင်မှုတွေပေးနိုင်ဖို့ အားအင်အပြည့်နဲ့ ပြန်လာခဲ့ပါမယ်ရှင့်။ 🥰🥰🥰

Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/


👋" Be a Part of Our Team "👋Charis Care and Counseling Center, MIT နှင့်အတူ care and counseling ministry တွင် အတူတကွလက်တွ...
04/12/2025

👋" Be a Part of Our Team "👋

Charis Care and Counseling Center, MIT နှင့်အတူ care and counseling ministry တွင် အတူတကွလက်တွဲ ပါဝင်ဆက်ကပ်ရန် အောက်ဖော်ပြပါရာထူးအား ခေါ်ယူလျက်ရှိပါသည်။

PME Coordinator- (1) posts
Job Description: https://drive.google.com/file/d/1Zvr2pu-siNWTgcVGlkhRGqxBOs4T4y08/view?usp=drivesdk

စိတ်ပါဝင်စားသူများ

📜ကိုယ်ရေးအကျဉ်း (CV)
📜Cover Letter
📜Recommendation
📸Passport photo များကို
careandcounselingmit@gmail.com သို့ ပြည့်စုံစွာပေးပို့လျှောက်ထားနိုင်ပါသည်။

*** Application due date: 23 December 2025***

Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/



Happy Sweet December!* ချိုမြိန်သော ဒီဇင်ဘာလမှာ …  အနားရသော လလေးဖြစ်ပါစေ။* ချိုမြိန်သော ဒီဇင်ဘာလမှာ … ချစ်သူ/ခင်သူများနှ...
01/12/2025

Happy Sweet December!

* ချိုမြိန်သော ဒီဇင်ဘာလမှာ … အနားရသော လလေးဖြစ်ပါစေ။

* ချိုမြိန်သော ဒီဇင်ဘာလမှာ … ချစ်သူ/ခင်သူများနှင့် ရင်းနှီးချစ်ခင်ခြင်းတွေကို တည်ဆောက်နိုင်ပါစေ။

* ချိုမြိန်သော ဒီဇင်ဘာလမှာ … ကိုယ့်အတွက် အသုံးမဝင်တော့သည့်အရာကို လွှတ်ချနိုင်ပါစေ။

* ချိုမြိန်သော ဒီဇင်ဘာလမှာ … ရိုးရှင်းတဲ့ အရာလေးတွေကို သတိပြုမိပြီး လက်ရှိအချိန်လေးကို တန်ဖိုးထားနိုင်ပါစေ။

* ချိုမြိန်သော ဒီဇင်ဘာလမှာ … ဖိစီးမှုကင်းလို့ ကျေးဇူးတင်စရာတွေနဲ့ ဖြည့်တင်းနိုင်ပါစေ။

* ချိုမြိန်သော ဒီဇင်ဘာလမှာ … မျှော်လင့်ချက်အပြည့်နဲ့ ရှင်သန်၊ ကြီးထွားနိုင်ပါစေ။

* ချိုမြိန်သော ဒီဇင်ဘာလမှာ ... နှလုံးသားလေးကို ပြင်ဆင်ပြီး နူးညံ့သိမ်မွေ့ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် ချစ်ခင်ကြင်နာနိုင်ပါစေ။

* ချိုမြိန်သော ဒီဇင်ဘာလမှာ … မိမိကိုယ်ကို ဦးစားပေးနိုင်ပါစေ။

အိမ်ထောင်ရေး မျှော်လင့်ချက် 👰🏻‍♀️🤵🏻လူတိုင်းမှာ ဘဝရဲ့လက်တွဲဖော်၊ ချစ်သူ ရှိလာတဲ့အခါ မျှော်လင့်ချက် ကိုယ်စီထားတတ်ကြတာ ပုံမ...
24/11/2025

အိမ်ထောင်ရေး မျှော်လင့်ချက် 👰🏻‍♀️🤵🏻

လူတိုင်းမှာ ဘဝရဲ့လက်တွဲဖော်၊ ချစ်သူ ရှိလာတဲ့အခါ မျှော်လင့်ချက် ကိုယ်စီထားတတ်ကြတာ ပုံမှန်ပါပဲ။ တကယ်လည်း အချစ်နှင့်အိမ်ထောင်ရေးဆိုင်ရာ မျှော်လင့်ချက်တွေဟာ တစ်ဦးနဲ့ တစ်ဦးရဲ့ ဆက်ဆံရေးအပေါ် သက်ရောက်မှုများစွာရှိနေပါတယ်။ လက်တွေ့ဘဝ လက်ထပ်ပြီးချိန် “မှန်းချက်နဲ့ နှမ်းထွက်” မကိုက်တဲ့အခါ အိမ်ထောင်ရေးတွေမှာ အဖုအထစ်လေးတွေဖြစ်လာရာက အိမ်ထောင်တွေ ကွဲကြတဲ့အထိ ဖြစ်လာတတ် ကြပါတယ်။ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေနဲ့ ယုံကြည်ချက်တွေကြောင့် ကတောက်ကစလေးတွေ ဖြစ်ပေါ်လာတတ်ကြတယ်။

အောက်ဖော်ပြပါ စကားစုတွေဟာ အိမ်ထောင်ရေးနှင့် ပတ်သတ်ပြီး စုံတွဲတွေ ယုံကြည်မျှော်လင့်ထား တတ်တဲ့ အရာတွေဖြစ်ပါတယ်။ ဒီထဲက ဘယ်နှစ်ခုလောက် သင့်မျှော်လင့်ချက်တွေနဲ့ ကိုက်ညီနေပါသလဲ?
1. မိမိလက်တွဲဖော်ဟာ မိမိကိုအမြဲအဖော်ပြုပေးပြီး မိမိလိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်ရမယ်။
2. အချိန်က မိမိတို့၏ပြဿနာများကို အလိုလို ဖြေရှင်းပေးသွားလိမ့်မယ်။
3. မိမိလက်တွဲဖော်ဟာ ပြောနေစရာမလိုဘဲ မိမိဖြစ်ချင်တာတွေနဲ့ လိုအပ်ချက်တွေကို သိရှိဖြည့်ဆည်းပေးနိုင်ရမယ်။
4. မိမိတို့ဟာ ဘာပြဿနာမှ မဖြစ်ဘဲ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားသင့်တယ်။
5. လက်တွဲဖော်ကို နာကျင်စေနိုင်တဲ့ အတိတ်ကကိစ္စတွေနှင့် လက်ရှိပြဿနာတွေကို မပြောဘဲ လျှို့ဝှက်ထားတာကလည်း အဆင်ပြေပါတယ်။
6. သူ ကိုယ့်အပေါ် သိပ်ပြီးတော့ မရို (Romantic) တော့တာ အချစ်တွေလျော့သွားလို့ ဖြစ်မယ်။
7. မိမိတို့ နှစ်ဦးရဲ့ ဆက်ဆံရေးက ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး။
8. မိမိလက်တွဲဖော်ရဲ့ လိင်ကိစ္စအပေါ် စိတ်ဝင်စားမှုဟာ မိမိနှင့်ထပ်တူဖြစ်ရမယ်။
9. ကလေးယူလိုက်တဲ့အခါ မိမိတို့ဆက်ဆံရေး ပိုကောင်းလာလိမ့်မယ်။
10. မိမိလက်တွဲဖော်ဟာ မိမိမိသားစု နေထိုင်ပြုမူနေထိုင်တဲ့အတိုင်း နေထိုင်ပြုမူရမယ်။
11. မိမိတို့ ချစ်ခြင်းမေတ္တာကို ဘာအကြောင်းနဲ့မှ မေးခွန်းထုတ်စရာမရှိဘူး။
12. မိမိလက်တွဲဖော်အကြောင်း ကကြီးကနေ အအထိ ငါအကုန်သိတယ်။
13. သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုဖြစ်ဖို့ အချစ်ပဲလိုတယ်။
14. စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အိမ်ထောင်ရေးပြဿနာ/ ချစ်သူစုံတွဲပြသာနာတွေကို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းတာထက် နှုတ်ဆိတ်နေလိုက်တာက ပိုကောင်းပါတယ်။
15. အိမ်ထောင်ရေးဆိုတာ ထာဝရ ပေးဆပ်ခြင်း သက်သက်ပဲ ဖြစ်တယ်။
16. အိမ်ထောင်ရေးသည် ရယူခြင်းသက်သက်ပဲ ဖြစ်ပါတယ်။
17. ဘုရားသခင်နှင့်အသင်းတော်သည် မိမိတို့အိမ်ထောင်ရေးကဏ္ဍတွင် အနည်းငယ်မျှသာပါဝင်မည်ဖြစ်သည်။
18. မိမိသည် မိမိ၏အိမ်ထောင်ဖက်ကို ပြုပြင်ပြောင်းလဲနိုင်ပါတယ်။

ဒီအချက်လေးတွေထဲက ဘယ်အချက်တွေက သင့်မျှော်လင့်ချက်တွေနဲ့ ကိုက်ညီနေပါသလဲ?
အထက်ပါ မျှော်လင့်ချက်လေးတွေကို ကိုယ့်လက်တွဲဖော် သို့မဟုတ် ချစ်သူနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အထက်ပါအကြောင်းအရာနှင့် ပတ်သက်ပြီးတော့ ချစ်သူနှစ်ဦးကြား (သို့) လင်မယားကြား ညှိနှိုင်းဖို့ခက်ခဲနေတယ် (သို့) ပညာရှင်အကူအညီလိုအပ်နေပြီ ဆိုရင်တော့ Charis Care and Counseling Center ကို ဆက်သွယ် couple counseling/ Pre-marital counseling ရနိုင်ပါကြောင်း သတင်းကောင်းလေးပါးပါရစေ။

Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/




Bonding Relationship (တည်ကြည်ခိုင်ခံ့သောပတ်သက်ဆက်နွယ်မှု)  #ခရစ်ယာန်အိမ်ထောင်ရက်သတ္တပတ်အမှတ်တရ Bonding လို့ပြောရင် လူနှစ...
17/11/2025

Bonding Relationship (တည်ကြည်ခိုင်ခံ့သောပတ်သက်ဆက်နွယ်မှု)
#ခရစ်ယာန်အိမ်ထောင်ရက်သတ္တပတ်အမှတ်တရ

Bonding လို့ပြောရင် လူနှစ်ဦး👩‍❤️‍👨အတွက် ယုံကြည်မှု၊ လေးစားနားလည်မှုကို အခြေပြုပြီး နှစ်ဦးနှစ်ဘက် တစ်စိတ်တစ်သဘောတည်း ဝန်ခံကတိပြုပြီးလက်ခံကျင့်သုံးတဲ့အရာဖြစ်ပါတယ်။ Bonding ကို စာရွက်စာတမ်းနှင့်ချုပ်ဆိုခြင်း၊ နူတ်ဖြင့်ဝန်ခံကတိထားခြင်း စသည့် ပုံစံအမျိုးမျိုးဖြင့် နှစ်ဦးနှစ်ဘက် သဘောတူချုပ်ဆိုဝန်ခံလေ့ရှိကြတယ်။

ယုံကြည်နိူင်လောက်စရာဟု ထင်မှတ်၍ နှစ်ဦးသဘောတူဝန်ခံကတိပြုခဲ့ကြပေမဲ့ ဖေါက်ဖျက်ခြင်းဆိုသည်မှာတနေရာရာမှ သို့မဟုတ် တစ်ဘက်ဘက်ကနေ ဖြစ်ပေါ်လာတတ်ပါသေး၏။ ကတိကိုလွယ်လွယ်ဖျက်တတ်သည့် အလေ့ တိုးပွါးလာပြီးနောက် Bonding ဆိုသည့် ဝန်ခံကတိများချိုးဖောက်ခြင်းသည်လည်း လွယ်ကူစွာကူးစက်ပျံ့နှံ့လာနေသည် ဟုပင် စွဲချက်တင်ရမည့်အခြေအနေဖြစ်ပါသည်။

ဒီလိုနေ့လေးတွေမှာ ကျမတို့ရဲ့ မိသားစုတွေအချင်းချင်း၊ ချစ်သူ ခင်သူ အချင်းချင်း သဘောတူထားကြတဲ့ Bonding (ဝန်ခံချုပ်ဆိုခဲ့ကြသောအရာများအားပြန်လည်ဆန်းစစ်ကြရအောင်လား)

# နှစ်ယောက်အတူ ဝန်ခံကတိပြုခဲ့တာလးတွေ ပြန်ချရေးကြည့်ရအောင်။
# ကိုယ်ချိုးဖောက်ခဲ့မိတာရှိရင် တစ်ဖက်ကိုတောင်းပန်ကြရအောင်။
# ကိုယ့်အတွက် သူကြိုးစားစောင့်ထိန်းပေးတာလေးတွေအတွက် ကျေးဇူးတင်စကားဆိုကြရအောင်။
#ကိုယ်တို့နှစ်ဦးသဘောတူချုပ်ဆိုခဲ့တဲ့ ကတိလေးတွေကို ထာဝရကာလအထိ တည်ကြည်ခိုင်ခံ့စွာ စောင့်ထိန်းနိူင်ဖို့ ပြန်လည်ဆန်းစစ်ရင်း အသစ်ပြန်တည်ဆောက်ကြရအောင်

Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/




MIT Theology & LAP Program ကျောင်းသူ/သားများအတွက် သတင်းကောင်းလေးပါးပါရစေ…Charis Care and Counseling Centerမှ Myanmar Ins...
11/11/2025

MIT Theology & LAP Program ကျောင်းသူ/သားများအတွက် သတင်းကောင်းလေးပါးပါရစေ…

Charis Care and Counseling Centerမှ Myanmar Institute of Theology ကျောင်းတော်ကြီး၏ 2025-2026 ပညာသင်နှစ်အတွက် Theology & LAP Program ကျောင်းသူ/သားများကို စိတ်ပိုင်းဆိုင်ရာနှင့်သက်ဆိုင်သော (Mental Health or Counseling) သုတေသနစာတမ်း (Thesis and research) ပြုစုမည့် ကျောင်းသူ/သား (၃) ဦးကို (တစ်ဦးလျှင် သတ်မှတ်ထားသော ထောက်ပံ့ကြေးအတိုင်း) ပံ့ပို့ပေးသွားမည်ဖြစ်ပါသည်။

လျှောက်ထားလိုသောကျောင်းသူ/သားများ အောက်ပါ google link မှတဆင့် လျှောက်ထားနိုင်ပါသည်။
https://docs.google.com/forms/d/e/1FAIpQLSeNL13MOzs2U5p9en009Yd9SqWlnSFOftyT3oySywqE8KgS5Q/viewform?usp=header

📌Deadline: November 28th, 2025.
📌Interview: December 3rd, 2025
📌Winners Announcement: December 5th, 2025

Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/




ခွက်ထဲဘာတွေရှိနေလဲ? ☕☕☕☕☕☕☕တစ်နေ့မှာ ဆရာကြီးတစ်ပါးက သူ့တပည့်စာသင်သားတွေကို စာသင်နေရင်း မေးခွန်းတစ်ခုမေးလိုက်တယ်။"တပည့်တိ...
07/11/2025

ခွက်ထဲဘာတွေရှိနေလဲ?
☕☕☕☕☕☕☕
တစ်နေ့မှာ ဆရာကြီးတစ်ပါးက သူ့တပည့်စာသင်သားတွေကို စာသင်နေရင်း မေးခွန်းတစ်ခုမေးလိုက်တယ်။

"တပည့်တို့၊ မင်းတို့ ကော်ဖီတစ်ခွက်ကို ကိုင်ထားတဲ့အချိန် လူတစ်ယောက်ယောက်က မင်းကို မတော်တဆတိုက်လိုက်မိလို့ ကော်ဖီဖိတ်ကျကုန်တယ်ထား။ ဘာလို့ ကော်ဖီဖိတ်ကျတာလဲ။"

တစ်တန်းလုံးက "တစ်ယောက်ယောက်က ကျွန်တော့်ကို တိုက်မိလို့ပါ" လို့ဖြေကြတယ်။

ဆရာကြီးက "မဟုတ်ဘူးကွ...၊ မင်းတို့ကိုင်ထားတဲ့ခွက်ထဲမှာ ကော်ဖီရှိနေလို့ ကော်ဖီဖိတ်ကျတာပေါ့ကွ..." လို့ပြန်ဖြေသတဲ့။
ဆရာကြီးက ဆက်ပြောလိုက်တာက "အကယ်၍ မင်းတို့ ခွက်ထဲမှာ လက်ဖက်ရည် ပါလာမယ်ဆိုရင် လက်ဖက်ရည်ဖိတ်ကျမှာပဲ။ အေး.... ဘဝဆိုတာ အဲ့ဒီကော်ဖီခွက်လိုပဲ။ ဘဝတစ်ကွေ့မှာ မင်တို့ လောကဒဏ်နဲ့ တိုက်မိတဲ့အခါ မင်တို့ဖြည့်ပြီး သယ်လာတဲ့ အရာတွေဘဲ ဖိတ်ကျလာလိမ့်မယ်။ မင်းတို့က ဒေါသ၊ ကြောက်ရွံ့မှု၊ အမုန်းတရား၊ မနာလိုမှုတွေကို သယ်ဆောင်ထားရင် အဲဒီ အနုတ်လက္ခဏာဆောင်တဲ့ အရာတွေကဘဲ ဖိတ်ကျလာလိမ့်မယ်။ ဒီလိုမှမဟုတ်ပဲ မင်းတို့ဟာ မေတ္တာ၊ ကြင်နာမှု၊ ကရုဏာ၊ စာနာမှုနဲ့ သနားညာတာမှုတွေကို ဖြည့်ပြီး သယ်ဆောင်ထားမယ်ဆိုရင် အဲ့ဒီအရာတွေက ဖိတ်ကျလာမှာပေါ့ကွ။ " လို့ သင်ကြားပေးသတဲ့။

အဲ့ဒီတော့........ ဒီသင်ခန်းစာလေးကို မိတ်ဆွေ ဘယ်လိုနားလည်ပါသလဲ?
ဒီကနေကော ဘာသင်ခန်းစာရသွားသလဲ?
သင့်ခွက်ထဲမှာကော ဘာတွေ့နဲ့ ဖြည့်ထားမိသလဲ မိတ်ဆွေ...?

နေ့ရက်တိုင်းမှာ " ဒီနေ့ ငါဘာတွေကို ဖြည့်ပြီးသယ်သွားမလဲ" ဆိုတာကို ကိုယ့်ကိုယ်ကိုယ် အချိန်လေးပေးပြီး မေးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/




Youth and Premarital Education နိုဝင်ဘာလ ၄ ရက်နေ့၊ ၂၀၂၅ ခုနှစ်တွင် “Youth and Premarital Education” ခေါင်စဉ်ဖြင့် သာယာဝတ...
05/11/2025

Youth and Premarital Education

နိုဝင်ဘာလ ၄ ရက်နေ့၊ ၂၀၂၅ ခုနှစ်တွင် “Youth and Premarital Education” ခေါင်စဉ်ဖြင့် သာယာဝတီကရင် နှစ်ခြင်းအသင်းတော်တွင် Charis Care and Counseling Center မှ သွားရောက် ဝေမျှခွင့်ရခဲ့ပါသည်။ ဤသင်တန်းတွင် လူကြီး၊ လူငယ် (61)ဦး တက်ရောက် ပါဝင်ခဲ့ပါသည်။

နွေးထွေးစွာ ဖိတ်ခေါ် ၊ ဧည်ဝတ်ပြု ပေးသည့် သာယာဝတီကရင်နှစ်ခြင်းအသင်းတော်အား အထူးကျေးဇူးတင်ရှိ ပါကြောင်း Charis Care and Counselling Center မှဖော်ပြအပ်ပါသည်။

Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/




World Mental Health Day Celebration 2025 🎉🎉🎉ယခု ၂၀၂၅ ခုနှစ် ကမ္ဘာစိတ်ကျန်းမာရေးနေ့ (World Mental Health Day) အသိပညာပေး  ...
29/10/2025

World Mental Health Day Celebration 2025 🎉🎉🎉

ယခု ၂၀၂၅ ခုနှစ် ကမ္ဘာစိတ်ကျန်းမာရေးနေ့ (World Mental Health Day) အသိပညာပေး အစီအစဉ်များကို Charis Care and Counseling Center နှင့် Christian Counselor Group အတူ ပူးပေါင်းကာ မတူညီသည့် နေရာဒေသ (၁၂) ခုတွင် ပြုလုပ်ကျင်းပရန် စီစဉ်ခဲ့သည့်အတိုင်း၊ အောက်တိုဘာလအတွင်း နေရာဒေသ (၉) ခုတွင် အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါသည်။ ဤအစီအစဉ်များတွင် နေရာဒေသအသီးသီးမှာ ပါဝင်တက်ရောက်သူ (၆၅၅)ဦး ရှိခဲ့ပါသည်။ လာမည့် လများတွင်လဲ ကျန်ရှိနေသေးသည့် နေရာဒေသ (၃) ခုတွင်လည်း ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါသည်။ ယခုလအောင်မြင်စွာပြုလုပ်နိုင်ခဲ့သည့် အစီအစဉ်များနှင့် ပါဝင်အားဖြည့်ပေးခဲ့သူများအားလုံးကို ဓာတ်ပုံမှတ်တမ်းများနှင့် တကွ မှတ်တမ်းတင် ဂုဏ်ပြုဖော်ပြအပ်ပါသည်။ 🙏🙏🙏

1) Baw Di Gone Mission Field, Gway Gone Karen Baptist Church, Taik Kyi (5.10.2025)
2) Yangon Kachin Church Yangon (10.10.2025)
3) Online (10.10.2025)
4) New Life Church, Shwe Pyi Thar (12. 10. 2025)
5) Shwe Mya Yar Baptist Church, Hmawbi (10. 10.2025)
6) Myanmar Institute of Theology (18. 10. 2025)
7) Mingalardon Church Yangon (19.10. 2025)
😎 Promise International School, Insein. (20. 10. 2025)
9) Karen Baptist Convention Women’s Department(KBCWD) (27. 10. 2025)

လက်တွဲပါဝင် ကူညီသူများအားလုံးကို Charis Care and Counselling Center မှ အထူးကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုဖော်ပြအပ်ပါသည်။
🙏🙏🙏🙏

Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/




World Mental Health Day 2025 Celebration (Part – 2)Therapy and Awareness sharing sessions‎၂၀၂၅ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အ...
20/10/2025

World Mental Health Day 2025 Celebration (Part – 2)
Therapy and Awareness sharing sessions

‎၂၀၂၅ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် MIT ကျောင်းတော်ကြီးတွင် MIT, MICT, KBTS နှင့် PKTS ကျောင်းတော်ကြီးများမှ ဆရာ/မများ၊ ကျောင်းသူ/သားများ နှင့် စိတ်ပါဝင်စားကြသူများဖြင့် 18.Oct 2025 တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

‎အစီစဉ်များတွင် မိတ်ဆက်နှုတ်ခွန်းဆက်သခြင်း၊ ၂၀၂၅ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ဆောင်‌ပုဒ်ဆိုင်ရာ ပညာပေး ဟောပြောခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း၊ တေးသီချင်းများဖြင့် ခွန်အားပေးဖျော်ဖြေခြင်းနှင့် စိတ်ကျန်းမာရေးဆိုင်ရာ Quiz (ပဟေဋိ) များ ဖြေဆိုခြင်းများ ပါဝင်ခဲ့ပြီး၊ စိတ်ကုထုံးအမျိုးမျိုး (Therapy sessions) နှင့် အသိပညာပေးအစီစဉ်များစွာလည်း ပါဝင်ခဲ့ပါသည်။

‎အစီစဉ်ဖြစ်မြောက်ရေးအတွက် အချိန်ပေးပါဝင်ခဲ့ကြသည့် MIT ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဆရာကြီး၊ ဆရာမကြီးများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တတ်ကျွမ်းပညာရှင်များ၊ ကျောင်းတော်ကြီး ၄ ကျောင်းမှ ကျောင်းသူ/သားများနှင့် ဆရာ/မများ၊ အခမ်းအနားအပြင်အဆင်ကို တာဝန်ယူအလှဆင်ပေးကြသည့် သရက်တောကရင်နှစ်ခြင်းအသင်းတော်မှအသင်းသူ/သားများ၊ ပွဲအစ/ဆုံး ကူညီပေးခဲ့ကြသည့် MIT Student Council မှ ကျောင်းသူ/သားများ၊ ပွဲသို့ စိတ်ဝင်တစားလာရောက်ပါဝင် လေ့လာခဲ့ကြသည့် လူကြီးမင်းတို့အားလုံးကို ကျနော်/မတို့ CHARIS Care and Counseling Center, MIT team မှ ကျေးဇူးအထူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။

‎၂၀၂၅ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ဆောင်ပုဒ်မှာ “Access to service – Mental Health in Catastrophes and Emergencies” ဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများတွင် စိတ်ကျန်းမာရေးဝန်ဆောင်မှုများရယူနိုင်ခွင့်” ဖြစ်ပါသည်။
ယခုနှစ် ဆောင်ပုဒ်သည် မမျှော်လင့်ထားသည့် သဘာဝကပ်ဘေးအန္တရာယ်များနှင့် ဖြစ်ရပ်ဆိုးများ ကြောင့် ထိခိုက်ဆုံးရှုံးမှုများ များပြားခဲ့သည့် ၂၀၂၅ ခုနှစ်တွင် ကြုံတွေခံစားခဲ့ရကြသည့် ရှင်သန်ကျန်ရစ်ခဲ့သူများ (Survivors) ၏ စိတ်ကျန်းမာရေးကို သတိပြုကူညီနိုင်ကြစေရန် ရည်ရွယ်ပါသည်။
၂၀၂၅ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အစီအစဉ်မှ ပုံရိပ်များကို အမှတ်တရအဖြစ် ၂ ပိုင်းခွဲ၍ ပြန်လည်ဝေမျှလိုက်ပါသည်။


Address

Seminary Hill, Insein Yangon
Insein

Alerts

Be the first to know and let us send you an email when Care and Counseling project, MIT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Care and Counseling project, MIT:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram