Razadarit

Razadarit Arts of Mystic

ကံတွေနိမ့်နေလို့၊ လာဘ်တိတ်နေလို့၊ ငွေဝင်နည်းနေလို့ ဗေဒင်တွေ ယတြာတွေ လုပ်ဖို့ စဉ်းစားနေရပြီဆိုရင် တစ်ဖက်မှာ ကုန်ကျစရိတ်တွ...
14/01/2023

ကံတွေနိမ့်နေလို့၊ လာဘ်တိတ်နေလို့၊ ငွေဝင်နည်းနေလို့ ဗေဒင်တွေ ယတြာတွေ လုပ်ဖို့ စဉ်းစားနေရပြီဆိုရင် တစ်ဖက်မှာ ကုန်ကျစရိတ်တွေ ရှိလာနိုင်ပါတယ်။ ဗေဒင်တွေ ယတြာတွေက အထောက်အကူပြုတယ်ဆိုဦးသော်လည်း တချို့သော အမှားသေးသေးလေးတွေကြောင့် ထင်သလောက် ခရီးမရောက်တာတွေ ဖြစ်နေတတ်ပါတယ်။

အဲ့လိုမဖြစ်ရလေအောင် ကိုယ့်ရဲ့အိမ်မှာ လာဘတ်တိတ်နေတဲ့ အမူအကျင့်လေးတွေ ရှိနေရင် ပြင်ဆင်နိုင်ရန် ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ တဖက်ကလည်း အမှားလေးတွေပြင် တဖက်ကလည်း ယတြာလေးဘာလေးလုပ်ပြီးအောက်မှာ ဖော်ပြထားတဲ့ ကံမြင့်လမ်းညွှန်ချက်ကို ပြုလုပ်ခြင်းအားဖြင့် နိမ့်နေတဲ့ ကံတွေ၊ ဆိုးနေတဲ့ ကံတွေကို အဝေးကို ပို့လို့ရနိုင်ပါတယ်၊

၁။ ဘုရား ခန်း ၊ ဘုရားကျောင်းဆောင် တို့မှာ
ရှိနေသော ဖုံ ၊အမှိုက် တို့ကို သန့်ရှင်းအောင် ပြုလုပ်ခြင်း။

၂။ ဘုရားပန်း တို့ကိုညှိုးနွမ်းစ ပြုလာသည်နှင့် စွန့်ကာ
အသစ်လဲခြင်း။

၃။ ဘုရားသောက်တော်ရေ ခွက်တို့ကိုပြောင်လက်သန့်ရှင်းအောင် ပြုလုပ်၍ ကပ်ခြင်း။မပြောင်လက်တော့ပါက နှမြောမနေပဲ အသစ်လဲလှယ်ခြင်း။

၄။ ဘုရားပန်းအိုးထဲမှ ရေများ မပူပါစေနဲ့။သောက်တော်ရေကို သတိရတိုင်း ကပ်ပါ။

၅။ ဘုရား လျှပ်စစ်မီးသီးကျွမ်းခြင်း၊ပျက်ခြင်း ဖြစ်ပါကအမြန် အသစ် လဲလှယ်ခြင်း။

၆။ မအပ်စပ်သော အရာများကို ဘုရားကျောင်းဆောင်၊ ဘုရားစင်မှ ဖယ်ရှားခြင်း။

၇။ ဘုရားကျေင်းဆောင်တို့ကို အမွှေးနံ့သာတို့ဖြင့်သပ္ပါယ်အောင် ပြုပေးခြင်း

၈။ အိမ်အတွင်း၌ ရန်ဖြစ်ခြင်း။ ဆဲဆိုခြင်း၊ ကြိမ်းမောင်းခြင်း၊ ရိုက်နှက်ခြင်းတို့ကို ရှောင်ရှားခြင်း။

၉။ မိမိအိမ်သို့ ရောက်လာသော ခေတ္တလာလည်သော ဧည့်သည် ဖြစ်စေ…
ညအိပ် ဧည့်သည် ဖြစ်စေ…အစာ အာဟာရဒါန ပြုပေးခြင်း။

၁၀။ အိမ်အဝင် လမ်း( သို့မဟုတ် )အိမ်အဝင်ပေါက်ကို သန့်ရှင်းအောင်
အမြဲပြု၍မကောင်းပျက်စီးနေသည်များကိုအမြန်ပြုပြင်ခြင်း။

၁၁။ဘုရားရှိခိုးလျှင် အိမ်စောင့်နတ်ခြံစောင့်နတ်အိမ်ဝန်းအတွင်း မှီတင်းစောင့်ရှောက်နေထိုင်ကြသောနတ်မြတ် နတ်ကောင်းများမြင်အပ် မမြင်အပ် သတ္တဝါများ အားလုံးကိုမေတ္တာပို့ အမျှဝေပါ။

၁၂။အလွန် ကံညံ့ လာဘ်ပိတ်နေလျင်ညသန်းခေါင် ပရိတ်ရွတ်ပါ။

ည( 12 )နာရီနောက်ပိုင်းသည်နတ်မြတ်နတ်ကောင်းများ လူ့ပြည်သို့
လှည့်လည်ကြည့်ရှုချိန်ဖြစ်၍ညဘက် ပရိတ်ရွတ်ဖတ် ဆုတောင်းလျှင်
ပို၍ ဆုတောင်းပြည့်စေပါတယ်။

ကံညံ့နေတဲ့အချိန်မှာ တခြားသော ကိစ္စတွေထက် အခုဟာလေးတွေကို တစိုက်မတ်မတ် ပြုလုပ်ကြည့်ပါ သိသိသာသာ ကံမြင့်လာပါလိမ့်မယ်။

ကျေးဇူးတင်စွားဖြင့်

ကျွန်ုပ်တို့ ရာဇဓိရာဇ်အဖွဲ့မှ လောကီအကျိုးကို နိုင်သလောက်ထမ်းရင်းဖြင့် ခုနှစ်ရက်သားသမီးများကို ကယ်တင်နိုင်ရန် ကျိုးစားနေတ...
13/01/2023

ကျွန်ုပ်တို့ ရာဇဓိရာဇ်အဖွဲ့မှ လောကီအကျိုးကို နိုင်သလောက်ထမ်းရင်းဖြင့် ခုနှစ်ရက်သားသမီးများကို ကယ်တင်နိုင်ရန် ကျိုးစားနေတဲ့ လောကပါလရဲ့ ဣစာသရအဖွဲ့လေးပဲ ဖြစ်ပါတယ်။
ယခု ပေ့ချ်လေးမှ ခုနှစ်ရက်သားသမီးတို့ လာဘ်ပွင့်၊ ကံမြင့်၊ အန္တရာယ်ကင်း စေရန်အတွက် သင့်လျော်သော အဆောင်၊ လက်ဖွဲ့၊ အစီရင်များ၊ အင်းနှင့် စမ အသုံးအဆောင်များအပြင် ဗေဒင်ကဏ္ဍကိုပါ ဖန်တီးပေးမှာလည်း ဖြစ်ပါတယ်။



Address

Yangon
Insein
11011

Telephone

+959454015473

Website

Alerts

Be the first to know and let us send you an email when Razadarit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Razadarit:

Share