Aung Thu Kha

Aung Thu Kha Great service, price and reliability are the chief articles in my pharmacy.

Nature Vit E ကဒ်ခွံလေးများလဲလှယ်ပေးနေပါပြီ…〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️Nature Vit E ၁၀လုံးပါကဒ်ခွံ ၉ခုကို ထီးလှလှလေး...
27/09/2023

Nature Vit E ကဒ်ခွံလေးများလဲလှယ်ပေးနေပါပြီ…
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

Nature Vit E ၁၀လုံးပါကဒ်ခွံ ၉ခုကို ထီးလှလှလေးတချောင်းနဲ့ ကျွန်တော်တို့ အာရောဂျံဆေးဆိုင်တွင် လဲလှယ်ပေးနေပါပြီနော်။

Promotion ကာလကတော့ 15.9.2023 မှ 15.11.2023 အထိပဲဖြစ်ပါတယ်။

ဆိုင်မှာ ပစ္စည်းကုန်တာမျိုးမဖြစ်ရလေအောင် ဖုန်းလေးကြိုဆက်ပြီးမှ လာရောက်လဲလှယ်ဖို့မေတ္တာရပ်ခဲပါတယ်ခင်ဗျာ…

အမှတ် ၁၆၀၉၊ ဝါဦးလမ်း၊ ဖော့ကန်၊ အင်းစိန်။

09769018634
095077978

Oramin-F ကဒ်ခွံ၁၅ကဒ်​ပေး🔁​ဟော့ဒီလို ဓါတ်ဗူး၁လုံးယူ အားလုံးပဲမင်္ဂလာပါ Oramin-Fကိုအစဥ်တစိုက်သုံးစွဲလာသူများအ​နေဖြင့် ကျွန...
02/01/2021

Oramin-F ကဒ်ခွံ၁၅ကဒ်​ပေး🔁​ဟော့ဒီလို ဓါတ်ဗူး၁လုံးယူ

အားလုံးပဲမင်္ဂလာပါ Oramin-Fကိုအစဥ်တစိုက်သုံးစွဲလာသူများအ​နေဖြင့် ကျွန်​တော်တို့ အာ​ရောဂျံ​ဆေးဆိုင်တွင် ကဒ်ခွံ ၁၅ကဒ်​ပေးရုံဖြင့် ဓါတ်ဘူးလှလှ​လေးတယူရယူနိုင်ပါပြီခင်ဗျာ။

⏳Promotionကာလ အကန့်အသတ်ရှိလို့ အမြန်ဆုံးလှမ်းလာခဲ့ဖို့ ဖိတ်​ခေါ်ပါတယ်ဗျာ့။ အားလုံးပဲ ကျန်းမာရွှင်လန်းကြပါ​စေ။

အာ​ရောဂျံ​ဆေးဆိုင်💊
🚏အမှတ်၁၆၀၉၊ ဝါဦးလမ်း(​ဖော့ကန်​ဈေးမှတ်တိုင်၊ သိန်းကမ္ဘာ​ဘေးလမ်းကြား)၊ ​ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ်။
☎️09769018634

29/10/2020

ကျွန်​တော်တို့ရဲ့ အာ​ရောဂျံ​ဆေးဆိုင်ကို ၁.၁၁. ၂၀၂၀ မှစ၍ဆိုင်ခန်း​ပြောင်း​ရွှေ့ဖွင့်လှစ်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ အခြားအခြား​သော promotion plan​တွေလည်းအများကြီးရှိလို့ ဒီ page​လေးကို likeလုပ်ပြီး ​စောင့်ကြည့်​ပေးကြဖို့ပဲ​ပြောချင်ပါတယ်ခင်ဗျာ့။

အပြင်​တွေမသွားရလို့စိတ်ညစ်​နေပြီလား?ဒါ​လေးကို​တော့ဖတ်ဖြစ်​အောင် ဖတ်လိုက်ပါ...〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️၁၉၀၀ ပြည့်နှစ်မ...
27/09/2020

အပြင်​တွေမသွားရလို့စိတ်ညစ်​နေပြီလား?
ဒါ​လေးကို​တော့ဖတ်ဖြစ်​အောင် ဖတ်လိုက်ပါ...

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

၁၉၀၀ ပြည့်နှစ်မှာ မွေးတဲ့လူလို့ ကိုယ့်ကိုယ်ကိုယ် စိတ်ကူးကြည့်လိုက်စမ်းပါ။

သင့်အသက် ၁၄နှစ်မှာပဲ ပထမကမ္ဘာစစ် စနေပြီ။ ပြီးတော့ သင့်အသက် ၁၈နှစ်ရောက်တဲ့အချိန်ကျမှ အဲဒီစစ်ကြီးက ပြီးသွားလိမ့်မယ်။ အဲဒီစစ်ပွဲအတွင်းမှာ
လူပေါင်း ၂၂သန်း အသက်ဆုံးရှုံးခဲ့ရပါတယ်။
အဲဒီနှစ် နှောင်းပိုင်းမှာပဲ တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားတဲ့ စပိန်တုပ်ကွေးကပ်ရောဂါကြီး ပေါ်ပေါက်ပြန်ပါတယ်။ သင့်အသက် ၂၀ ပြည့်တဲ့ အချိန်အထိပေါ့။
နှစ်နှစ်တာကာလ အတွင်းမှာပဲ လူပေါင်းသန်း ၅၀ အသက်ဆုံးရှုံးခဲ့ရတယ်။ဟုတ်ပါတယ်။ လူပေါင်း သန်း ၅၀ ရဲ့အသက်တွေဆုံးရှုံးခဲ့ရတာပါ။

သင့်အသက် ၂၉နှစ် ပြည့်တဲ့အခါမှာတော့ နယူးယောက် စတော့အိတ်ချိန်းကြီးပြိုပျက်မှုကစတင်တဲ့ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးနဲ့ ထပ်ကြုံရပြန်ပါတယ်။
ငွေကြေး ဖောင်းပွမှုတွေ၊ အလုပ်လက်မဲ့တွေ၊ငတ်မွတ်ခေါင်းပါးမှုတွေဖြစ်ပေါ်လာတယ်။

သင့်အသက် ၃၃ နှစ် ရောက်တဲ့အခါမှာတော့ နာဇီတွေအာဏာရလာပြီ။
သင့်အသက် ၃၉ နှစ် ရောက်တဲ့အခါမှာတော့ ဒုတိယကမ္ဘာစစ်ကြီးစတင်ပါပြီ။
သင့်အသက် ၄၅ နှစ်ရောက်မှ စစ်ပွဲကြီးအဆုံးသတ်ပြီး သန်း ၆၀ ကတော့အသက်ဆုံးရှုံးခဲ့ရပြီးပါပြီ။ နောက်ပြီး နာဇီတွေရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကြောင့် ဂျူးလူမျိုး ခြောက်သန်း သေဆုံးခဲ့ရပါတယ်။

သင့်အသက် ၅၂ နှစ်မှာတော့ ကိုရီးယားစစ်ပွဲ စတင်ပါတယ်။ အသက် ၆၄ နှစ် ရောက်တော့ ဗီယက်နမ်စစ်ပွဲစတင်ပြီး သင့်အသက် ၇၅ နှစ်ကျမှစစ်ပွဲဟာ အဆုံးသတ်သွားပါတယ်။

၁၉၈၅ ခုနှစ်မှာ မွေးတဲ့ကလေးများရဲ့ စိတ်ထဲမှာဘ၀ဆိုတာဘယ်လောက်ခက်ခဲတယ်ဆိုတဲ့အကြောင်း သူတို့အဘိုးအဘွားတွေ သိမှာ မဟုတ်ဘူးလို့ ထင်လိမ့်မယ်။တစ်ကယ်တော့ အဲဒီအဘိုးအဘွားတွေဟာ အထက်မှာပြောခဲ့တဲ့ စစ်ပွဲတွေ၊ ဘေးဒုက္ခအန္တရာယ်တွေ ရင်ဆိုင်ဖြတ်သန်းပြီးတော့ရှင်သန်ခဲ့ကြတာပါ။

ယနေ့ခေတ်မှာတော့ ကျွန်တော်တို့ဟာ ကပ်ရောဂါသစ်တစ်ခုနဲ့ ရင်ဆိုင်နေရတယ်ဆိုသော်ငြားလည်း ကျွန်တော်တို့မှာ ကမ္ဘာသစ်ရဲ့ သက်တောင့်သက်သာအရာများ ပြည့်စုံစွာရှိနေတာဖြစ်ပါတယ်။
ဒါတောင်မှ ပါးစပ်နှာခေါင်းစည်းလေးတပ်ရတာကို ကျွန်တော်တို့ညည်းညူနေကြတယ်။ အစားအသောက်၊ ရေ၊ လျှပ်စစ်မီးနဲ့ ဝိုင်ဖိုင်ရနေတဲ့ နေအိမ်ထဲမှာ နေနေကြပေမယ့် အပြင်မထွက်ရဘူးဆိုတဲ့အချက်ကလေးနဲ့တင် ညည်းညူနေကြပြန်တယ်။ ဟိုးအရင်ခေတ်တုန်းကဆိုရင် ဒါတွေမပြည့်စုံခဲ့ကြပါဘူး။ ဒါတောင်မှ လူသားတွေ
ဟာ ဘ၀ရဲ့ပျော်ရွှင်မှုတွေ အဆုံးရှုံးမခံဘဲ အသက်ရှင်နေထိုင်ခဲ့ကြတာပါ။

ကျွန်တော်တို့ရဲ့အမြင်လေး နည်းနည်းပြောင်းလဲကြည့်လိုက်ရုံနဲ့အံ့သြဖွယ်ရာတွေ တွေ့ရှိလာရနိုင်ပါတယ်။ တကယ်ဆိုတော့အသက်ရှင်နေသေးတယ်ဆိုတာသည်ပင်လျှင် ကျေးဇူးတင်စရာဖြစ်ပါတယ်။ ကျွန်တော်တို့တစ်တွေ တစ်ဦးအပေါ်တစ်ဦး ဖေးမကူညီမှုတွေ၊ အပြန်အလှန် ကာကွယ်စောင့်ရှောက်မှုတွေတတ်စွမ်းသမျှ ပြုလုပ်သင့်ကြပါတယ်။

မူရင်း။ Merin Joseph's Page
မြန်မာပြန်။ ကြေးမုံသတင်းစာ ၃-၈-၂၀၂၀

ABC wet Tissue အရွက် 100 ပါ တထုတ် 1300 ကျပ်ဒီ wet tissue ​လေးရဲ့ထူးခြားချက်က​တော့📦 ထုပ်ပိုးမှု့သပ်ရပ်ပြီး အဖုံး​လေးဖြင့်...
09/07/2020

ABC wet Tissue အရွက် 100 ပါ
တထုတ် 1300 ကျပ်

ဒီ wet tissue ​လေးရဲ့ထူးခြားချက်က​တော့

📦 ထုပ်ပိုးမှု့သပ်ရပ်ပြီး အဖုံး​လေးဖြင့် ဖွင့်/ပိတ် လုပ်လို့ရ​တာ​ကြောင့် ပြင်ပ ဖုန်/​ရောဂါပိုးမွှား ဝင်မှာမပူရ​တော့ဘူး​နော်

🌵 Vitamin E နဲ့ Aloevera ပါဝင်တဲ့အပြင်
Alcohol free မို့လို့ လသားအရွယ် baby လေးတွေက အစသုံးလို့ရပါတယ်နော်

👌👀 ရွက်ရေ 100ပါတာမို့တစ်ခါဝယ်ပြီး ခဏလေးနဲ့ကုန်သွားမှာ လည်းစိတ်မပူရပါဘူး

‍💆‍♀️🧖‍♀️ ကလေးများသာမက Makeup remover ​ဈေးကြီးလို့ ချိမတို့အတွက်လဲ မိတ်ကပ်ဖျက်ရန်နှင့် တခြားလိုအပ်သောနေရာများတွင် အသုံးပြုနိုင်ပါတယ်နော်

ကဲ တထုပ်ထဲဝယ် တအိမ်လုံးသုံးကြမယ်​နော်

မှာယူချင်တယ်ဆိုရင်​တော့
ဖုန်း📱 09769018634 ကိုအခုပဲ Hello လုပ်လိုက်လို့ရသလို ယခု page ရဲ့ messanger တွင်လည်းဆက်သွယ်မှာယူလို့ရပါတယ်။ ​နောက်ပြီး အမှတ်(၁၆၁၁)၊ ​အောက်မင်္ဂလာဒုံလမ်းမကြီး၊ ​ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ် မှာရှိတဲ့ကျွန်မတို့ရဲ့ ​အောင်သုခ​ဆေးဆိုင်ကိုလည်း လာ​ရောက်ဝယ်ယူနိုင်ပါ​ကြောင်း သတင်း​ကောင်းပါးလိုက်ပါ​တယ်နော်။

အားလုံးပဲ မင်္ဂလာရှိတဲ့​နေ့ရက်​လေး​တွေကို ပိုင်ဆိုင်နိုင်ကြပါ​စေရှင်🙏🏻

ရေမလိုလက်သန့်​ဆေးရည် (Clear Hand Gel) ​အောင်သု​ခ​ဆေးဆိုင်တွင် လက်လီလက်ကားဝယ်ယူရရှိပါပြီ။  #တခါသုံးနှာခေါင်းစည်း  #သားရေလ...
29/05/2020

ရေမလိုလက်သန့်​ဆေးရည် (Clear Hand Gel) ​အောင်သု​ခ​ဆေးဆိုင်တွင် လက်လီလက်ကားဝယ်ယူရရှိပါပြီ။

#တခါသုံးနှာခေါင်းစည်း

#သားရေလက်အိတ်

#အရက်ပြန်

#အင်္ဂလိပ်ဆေးမျိုးစုံ
#မြန်မာဆေးမျိုးစုံ
စသည်တို့ကို ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ။

အခြားအခြား​သော မိတ်​ဆွေများလည်းသိရှိနိုင်ရန် share ​ပေးကြပါရန်နှင့် ​နေ့စဥ်​နေ့တိုင်း​ဆေးဝါးဆိုင်ရာ ဗဟုသုတများ၊ promotion များကိုတင်​ပေးမှာဖြစ်တဲ့အတွက် ကျွန်​တော်တို့ရဲ့ page ​လေးကို like & follow လုပ်​ပေးဖို့ ​တောင်းဆို ပန်ကြားအပ်ပါသည်ခင်ဗျား။

​အောင်သုခ (ဆိုင်ခွဲ အာ​ရောဂျံ)
အမှတ်(၁၆၁၁)၊ ​အောက်မင်္ဂလာဒုံလမ်းမကြီး၊ ​ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ်။ (သိန်းကမ္ဘာအထည်ဆိုင်​ဘေး)
📱+9595077978 / +959769018634

မိဘပြည်သူများခင်ဗျားးးးးကျ​နော်တို့​အောင်သုခ​ဆေးဆိုင်တွင် 🔴T - T TOL ဘက်တီးရီးယား ပိုးမွှားသန့်စင်ရည် များ​ နှင့်🔴TTS အရ...
03/05/2020

မိဘပြည်သူများခင်ဗျားးးးး
ကျ​နော်တို့​အောင်သုခ​ဆေးဆိုင်တွင်
🔴T - T TOL ဘက်တီးရီးယား ပိုးမွှားသန့်စင်ရည် များ​ နှင့်
🔴TTS အရက်ပြန်များ
ရောက်ရှိပါ​ကြောင်း အသိ​ပေးလိုက်ပါပြီခင်ဗျားးးး

T - T TOL ဘက်တီးရီးယား ပိုးမွှားသန့်စင်ရည်
ဗူး​သေး ၁ဗူး(100ml)= ၈၀၀ ကျပ်နှုန်း
ဗူးကြီး ၁ဗူး(500ml)= ၂၇၀၀ ကျပ်နှုန်း

TTS အရက်ပြန်
ဗူး​သေး ၁ဗူး(100ml)= ၆၀၀ ကျပ်နှုန်း
ဗူးကြီး ၁ဗူး(500ml)= ၂၃၀၀ ကျပ်နှုန်း

ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ​ပေး​နေပါပြီခင်ဗျား။
အ​ရေအတွက်အနည်းငယ်ပဲရလို့ မြန်မြန်ဝယ်ထားမှစိတ်ချရမယ်​နော်။
အခြားသူများအတွက်လဲ ငဲ့ညှာပြီးဝယ်ယူ​ပေးကြပါရန်​မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျားးး။

​မှာယူချင်တယ်ဆိုရင်​တော့ ဖုန်း📱 095077978/ 09769018634 တို့ကိုအခုပဲ Hello လုပ်လိုက်လို့ရသလို ယခု page ရဲ့ messanger တွင်လည်းဆက်သွယ်မှာယူလို့ရပါတယ်ဆိုတဲ့အ​ကြောင်း သတင်း​ကောင်းပါးလိုက်ပါ​တယ်နော်။

အားလုံးပဲ မင်္ဂလာရှိတဲ့​နေ့ရက်​လေး​တွေကို ပိုင်ဆိုင်နိုင်ကြပါ​စေခင်ဗျာ...🙏🏻

N-95 Mask များအား ၁ခု ၇၀၀ ဖြင့်​ရောင်း​ချ​ပေး​နေပါပြီခင်ဗျာ။မှာယူချင်တယ်ဆိုရင်​တော့ ဖုန်း📱 095077978/ 09769018634 ကိုအခု...
02/05/2020

N-95 Mask များအား ၁ခု ၇၀၀ ဖြင့်​ရောင်း​ချ​ပေး​နေပါပြီခင်ဗျာ။

မှာယူချင်တယ်ဆိုရင်​တော့ ဖုန်း📱 095077978/ 09769018634 ကိုအခုပဲ Hello လုပ်လိုက်လို့ရသလို ယခု page ရဲ့ messanger တွင်လည်းဆက်သွယ်မှာယူလို့ရပါတယ်ဆိုတဲ့အ​ကြောင်း သတင်း​ကောင်းပါးလိုက်ပါ​တယ်နော်။

အားလုံးပဲ မင်္ဂလာရှိတဲ့​နေ့ရက်​လေး​တွေကို ပိုင်ဆိုင်နိုင်ကြပါ​စေခင်ဗျာ...🙏🏻

🙏🏻ကျေးဇူးရှင်customerကြီးများအားလုံးပဲ မင်္ဂလာပါ ခင်ဗျာအောက်​ဖော်ပြပါအချက်​တွေကို လုပ်​ဆောင်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်...
12/03/2020

🙏🏻ကျေးဇူးရှင်customerကြီးများအားလုံးပဲ မင်္ဂလာပါ ခင်ဗျာ

အောက်​ဖော်ပြပါအချက်​တွေကို လုပ်​ဆောင်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ့် (ဝူဟန်ဗိုင်းရပ်စ့်) ကိုအထိုက်အ​လျှောက် ကာကွယ်ပြီးသားဖြစ်မှာပါခင်ဗျာ့။

📌လူထူထပ်​သော​နေရာများ/ လူစုလူ​ဝေး​နေရာများကို တတ်နိုင်သမျှရှောင်ကြည်ပါ။
📌​မျက်စိ၊ နား၊ နှာ​ခေါင်း စသည်တို့ကို မသန့်ရှင်း​သောလက်ဖြင့်မထိမိစေရန် သတိပြုပါ။
📌​ချောင်းဆိုး/နှာ​ချေလျှင် လက်​မောင်း (သို့မဟုတ်) တံ​တောင်ဆစ်ကို အသုံးပြု၍အုပ်ဆိုးပါ။
📌လက်ကို မကြာခဏ​ဆေး​ကြောသန့်စင်ပါ။
📌လက်​ဆေးရန်ခက်ခဲ​သော​နေရာတွင်ဖြစ်ပါက Hand Gel, Wet Tissue စသည်တို့ကိုအသုံးပြုနိုင်ပါသည်။
📌လူထူထပ်​သော​နေရာသို့မဖြစ်မ​နေသွားရမည်ဆိုပါက Mask တပ်ပါ။
📌မိမိအသုံးပြုပီး​သော Maskများ, Wet Tissue များကို ​သေချာစွာထုပ်ပိုး၍ အမှိုက်​တောင်းထဲသို့ စွန့်ပြစ်​ပေးကြပါခင်ဗျာ။

ဝူဟန် virus အ​ကြောင်းအ​သေးစိတ်ကို​တော့ ​အောက်ပါ link တွင် ဝင်​ရောက်ဖတ်ရှု့နိုင်ပါတယ်ခင်ဗျာ့👇🏻
https://www.facebook.com/109077493926110/posts/125547315612461/

အခြားအခြား​သော မိတ်​ဆွေများလည်းသိရှိနိုင်ရန် share ​ပေးကြပါရန်နှင့် ​နေ့စဥ်​နေ့တိုင်း​ဆေးဝါးဆိုင်ရာ ဗဟုသုတများကိုတင်​ပေးမှာဖြစ်တဲ့အတွက် ကျွန်​တော်တို့ရဲ့ page ​လေးကို like & follow လုပ်​ပေးဖို့ ​တောင်းဆို ပန်ကြားအပ်ပါသည်ခင်ဗျား။

အားလုံးပဲ ကျန်းမာသုခနဲ့ပြည့်စုံ​သော ​ပျော်ရွှင်စရာ​နေ့ရက်​လေး​တွေကို ပိုင်ဆိုင်နိုင်ကြပါ​စေခင်ဗျာ။

အောင်သုခ (ဆိုင်ခွဲ အာ​ရောဂျံ)
အမှတ်(၁၆၁၁)၊ ​အောက်မင်္ဂလာဒုံလမ်းမကြီး၊ ​ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ်။ (သိန်းကမ္ဘာအထည်ဆိုင်​ဘေး)
📱+9595077978 / +959769018634

Ref; "Hello ဆရာဝန်" fb page & ​ဒေါက်တာခင်မိုးမိုး(Good Health Journal)

🔶️သင်ဟာ... အလုပ်/ရုံး ကိုသွား​နေ့စဥ်​နေ့တိုင်းသွားလာ​နေရတဲ့ သူတစ်​​ယောက်လား?🔸️ဘက်တီးရီးယား​တွေ ကင်းစင်​နေတဲ့ လက်တစ်စုံနဲ...
23/02/2020

🔶️သင်ဟာ... အလုပ်/ရုံး ကိုသွား​နေ့စဥ်​နေ့တိုင်းသွားလာ​နေရတဲ့ သူတစ်​​ယောက်လား?
🔸️ဘက်တီးရီးယား​တွေ ကင်းစင်​နေတဲ့ လက်တစ်စုံနဲ့ သင့်ရဲ့ လုပ်ငန်း/company အတွက် မ​ပေးဆပ်ချင်ဘူးလား?

🔶️သင်ဟာ... ​ကျောင်း ကိုသွား​နေ့စဥ်​နေ့တိုင်းသွားလာ​နေရတဲ့ သူတစ်​​ယောက်လား?
🔸️သင့်ရဲ့ ဖြူစင်တဲ့စာမျက်နှာ​လေး​📖တွေကို ညစ်​ပေ​နေတဲ့ လက်နဲ့ကိုင်မလို့လား😰

🔶️သင်ဟာ... ​Busကား🚌/ရထား🚆တို့ နဲ့ နေ့စဥ်​နေ့တိုင်းသွားလာ​နေရတဲ့ သူတစ်​​ယောက်လား?
🔸️ကားလက်တန်း​တွေ/ရထားလက်ကိုင်​တွေမှာ ဘက်တီးရီးယား​တွေမရှိပါဘူးလို့ သင်​ပြောနိုင်ပါသလား?

🔶️သင်ဟာ... ​နေ့စဥ်​နေ့တိုင်း​​ဈေးသွား​ဈေးပြန်နဲ့ မိသားစုတာဝန်​တွေကို ​ကျေပြွန်​အောင်ထမ်း​ဆောင်​နေတဲ့ အိမ်ရှင်မ​👩‍🍳 တစ်​​ယောက်လား?
🔸️ဝူဟန် virus က တရုတ်ပြည် ဝူဟန်မြို့ရဲ့ သားငါး​​ဈေး🦇🐒🐍က​နေတစ်ဆင့် တစ်ကမ္ဘာလုံးကို ရိုက်ခတ်သွားတယ်ဆိုတာကိုလည်း ​မေ့ထားလို့မရပါဘူး။

🔶️သင်ဟာ သင့်​ကောင်မ​လေးကို ကာကွယ်မှု့​တွေအမြဲ​ပေး​နေရတဲ့ အချစ်သူရဲ​ကောင်းတစ်​ယောင်လား?🤴
🔸️သင့်​ကောင်မ​လေးအတွက် သန့်ရှင်းဖြူစင်တဲ့ လက်တစ်စုံကို မပေးဆပ်ချင်ဘူးလား?💏

ဒါ​တွေအားလုံးကို​ဖြေရှင်းနိုင်ဖို့ 𝗖𝗹𝗲𝗮𝗿 𝗛𝗮𝗻𝗱 𝗚𝗲𝗹 လာပါပြီ...
လက်​တွေဟာ ပတ်ဝန်းကျင်နဲ့ထိ​တွေ့မှု့အများဆုံးဖြစ်ပါတယ်တစ်​နေ့တာလုံး လက်နဲ့ထိ​တွေ့ကိုင်​တွယ်​နေရတဲ့အရာ​တွေထဲမှာ virus ပိုး​တွေပါမလာနိုင်ဘူးလို့ မ​ပြောနိုင်ပါဘူး။❌ ဒါ့​ကြောင့် လက်ကိုအမြဲသန့်ရှင်းစင်ကြယ်​နေ​အောင်ထားဖို့က🤲🏼 အ​ရေးကြီးပါတယ်။

𝗖𝗹𝗲𝗮𝗿 𝗛𝗮𝗻𝗱 𝗚𝗲𝗹 ဟာဆိုရင် ​ရောဂါပိုးမွှားများကို ကာကွယ်​ပေးရုံသာမက သင့်ရဲ့လက်တစ်စုံကိုလည်း ​မွှေးရနဲ့ သင်းပျံ့​စေမှာပဲဖြစ်ပါတယ်။💐 ဘူးအရွယ်ကလည်း အလွယ်အတကူသယ်​ဆောင်နိုင်တဲ့ဆိုဒ်ဖြစ်တာ​ကြောင့် ရုံးသွားတဲ့ ဦးဦး​ဒေါ်​ဒေါ်​တွေပဲဖြစ်ဖြစ်👨၊ ​ကျောင်းသူ​ကျောင်းသား ညီ​လေးညီမ​လေး​တွေ👨‍💻👩‍💻ပဲဖြစ်ဖြစ်၊ Bus ကား​ပေါ်က ကိုကိုမမ​တွေ👨‍💼👩‍💼ပဲဖြစ်ဖြစ်၊ အချစ်သူရဲ​ကောင်းကြီး🤴ပဲဖြစ်ဖြစ် ​အိမ်ရှင်မ အန်တီ​တွေ👩‍🍳ပဲဖြစ်ဖြစ် ဆောင်ထားသင့်တယ်​နော်...

​အဲ့လိုမျိုး ကာကွယ်မှု့​တွေ​ပေးနိုင်မယ့် 𝗖𝗹𝗲𝗮𝗿 𝗛𝗮𝗻𝗱 𝗚𝗲𝗹 ကို မှာယူချင်တယ်ဆိုရင်​တော့ ဖုန်း📱 09408552298 ကိုအခုပဲ Hello လုပ်လိုက်လို့ရသလို ယခု page ရဲ့ messanger တွင်လည်းဆက်သွယ်မှာယူလို့ရပါတယ်ဆိုတဲ့အ​ကြောင်း သတင်း​ကောင်းပါးလိုက်ပါ​တယ်နော်။

အားလုံးပဲ မင်္ဂလာရှိတဲ့​နေ့ရက်​လေး​တွေကို ပိုင်ဆိုင်နိုင်ကြပါ​စေခင်ဗျာ...🙏🏻

🔶"ကောင်းထက်ကျော်" အမှတ်တံဆိပ် သမြားနီငန်းမန်းဆေးကြီးတွင် ပါဝင်ဖော်စပ်ထားသော တိုင်းရင်းဆေးအမယ်များဖြစ်သည့် သမြားနီ၊ နနွင်...
31/01/2020

🔶"ကောင်းထက်ကျော်" အမှတ်တံဆိပ် သမြားနီငန်းမန်းဆေးကြီးတွင် ပါဝင်ဖော်စပ်ထားသော တိုင်းရင်းဆေးအမယ်များဖြစ်သည့် သမြားနီ၊ နနွင်းခါး၊ တမာ၊ ကွမ်းရွက်၊ လေးညှင်း၊ ဇာပွင့်၊ ဇာသီး၊ ပိတ်ချင်းသီး၊ သစ်ကြံပိုး၊ နံ့သာဖြူ၊ ပျားရည် တို့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

🔶တိုင်းရင်းပရဆေး အမယ်ပေါင်းများစွာနဲ့ ဖော်စပ်ထားပြီး ချင်းတောင်တန်းမှ သမြားနီဆေးမြစ်ဟာ ဆေးတစ်မယ်အနေနဲ့သာ ပါဝင်ဖော်စပ်ထားသော တိုင်ရင်းဆေးစစ်စစ်ဖြစ်ကြောင်း ဝေဒနာရှင်အပေါင်းကို အသိပေးအပ်ပါတယ်။ စီမံဖော်စပ်ရာမှာလည်း chemical လုံးဝမပါဝင်ပဲ အဖိုးတန်အရည်အသွေး ကောင်းမွန်သောဆေး သစ်မြစ် သစ်ဥများ အဆီအနှစ်များအား သန့်ရှင်းလတ်ဆတ်ပြီး ဆေးစွမ်းထက်စေရန် ကိုယ်တိုင်စနစ်တကျ စီမံကြီးကြပ်ပြီး ဖော်စပ်ထားသော "ကောင်းထက်ကျော်" အမှတ်တံဆိပ် သမြားနီငန်းမန်းဆေးကြီးအား မြစ်ပွားနာ၊ အဖုအကျိတ်၊ သားအိမ် သွေးလုံး အသားလုံး၊ အဆစ်ရောင်ကိုက်ရောဂါ (လေးဘက်နာ)၊ ဂေါက်ရောဂါတို့အတွက် သောက်သုံးနိုင်ပါသည်။

သိပ္ပံအမည် Stemona curtisii Hook
မြန်မာအမည် သမြားပင်/ သမြားနီ
ထိုင်းအမည် Non Tai Yak

🔶သမြားနီသည် ကိုယ်တွင်း ကိုယ်ပရောဂါပိုးများကို ထိထိရောက်ရောက်နှိမ်နင်းပေးနိုင်ပြီး insecticide, antibacterial, antitussive နဲ့ anitifugal သတ္တိတွေရှိတာကြောင့် အသက်ရှူလမ်းကြောင်း၊ လည်းချောင်း အဆုတ်နဲ့ အရေပြားရောဂါများအတွက် အသုံးများကြပါတယ်။
China, Laos, Japan, Thailand နှင့် အခြားနိုင်ငံများတွင် သမြားနီတွင် ပါဝင်သော alkaloid compounds များကြောင့် သဘာဝပိုးသတ်ဆေး နှင့် ဆေးဝါးသုံးပိုးသတ်ဆေး အဖြစ်သုံးကြပါတယ်။
(Alkaloid ပါဝင်တာဖြစ်သောကြောင့် သုံးစွဲမှုပမာဏကို အထူးသတိပြုသင့်ပါတယ်။ “ကောင်းထက်ကျော်” အဖုအကျိတ်ကြေသမြားနီငန်းမန်းဆေးကြီးတွင် အခြားသောတိုင်းရင်းဆေးအမယ်များစွာဖြင့် အချိုးအစပ်သေချာတွဲစပ်ကာ ဖော်စပ်ပေးထားသောကြောင့် ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းပါးပါတယ်။)
သမြားနီတွင်ပါဝင်သော alkaloids များထဲမှာ အရေးကြီးဆုံးတစ်ခုမှာ ထူးခြားသော Bio-insecticide သတ္တိရှိတဲ့ Stemofoline ဆိုတဲ့ alkaloid ဖြစ်ပါတယ်။ Stemofoline ဟာ ကင်ဆာကုထုံးတွေရဲ့ ကြီးမားသော အနှောင့်အယှက်ဖြစ်တဲ့ ဆေးယဉ်ပါးမှုကို ထိန်းညှိပေးနိုင်မယ့် အဖြေဖြစ်နိုင်ကြောင်းကို American Association for Cancer Research က စမ်းသပ်တွေ့ရှိခဲ့သောကြောင့်ဖြစ်ပါတယ်။
ထို research အရ သမြားနီတွင် ပါဝင်သော Stemofoline မှာ ကင်ဆာဆဲလ်တွေရဲ့ ဆေးယဉ်ပါးမှုကို ထိန်းညှိပေးနိုင်ရုံမက ကင်ဆာဆဲလ်တွေရဲ့ ပြန့်ပွားမှုကိုလဲ ဟန့်တားထိန်းချုပ်နိုင်ကြောင်းကို တွေ့ရှိခဲ့ပြီး သုတေသနများဆက်လက်လုပ်ဆောင်ရှာဖွေလျှက်ရှိပါတယ်။

⏺ကိုးကား
Cancer Research. 2019. Abstract 952: Stemofoline is a potent natural product modulator of the multidrug resistance-linked P-glycoprotein (ABCB1). | Cancer Research. [ONLINE] Available at: https://cancerres.aacrjournals.org/content/73/8_Supplement/952. [Accessed 11 September 2019].

🔸နနွင်းခါး🔸
နနွင်းသည် ဥဏှတေဇောဓာတ်ကို လွန်စေ၍ သွေးကျဲပြီး သွေးကို အများဆုံး သန့်ရှင်းစေသည်။ အသွေးအသားကို တိုးပွား၍ ခိုင်မာစေသည်။ အာကာသရ၍ သွေးသားသန့်ရှင်းပြီး အသား၊ အသွေး၊ အရေတို့ကို စိုပြေစေသည်။ ဆီးလေတို့ကိုသက်စေ၍ ဝမ်းကိုမှန်စေသည်။ ဓာတ်ကို နိုင်စေသည်။ လေ၊ သလိပ်၊ သည်းခြေတို့ကို ဖြောင့်မှန်စေသည် ငြိမ်ဝပ်စေသည်။

🔸တမာ🔸
မှိုပိုးကို နိုင်၏။ ဘတ်တီးရီးယားကို နိုင်၏။ အေးသော သတ္တိရှိ၏။ ဖန်ချုပ်သော သတ္တိရှိ၏။ ငန်းမန်းကိုနိုင်၏။ အသားနုကို တက်စေ၍ အနာကိုကျက်စေ၏။ အဆိပ်ကိုပြေစေနိုင်၏။ အင်းဆက်ပိုးမွှားများကို သေစေ၏။ ဗိုင်းရပ်စ်ကို သေစေ၏။ တမာရွက်သည် အဆိပ်ကို ဖယ်ရှားနိုင်ပြီး သွေးကို သန့်စေ၏။ ဖရီးရက်ဒီကယ်များကြောင့် ပျက်စီးမှုများကို ကာကွယ်ပေးနိုင်သောကြောင့် ကင်ဆာကို ကာကွယ်နိုင်၏။ အသည်းရောင်ရောဂါများကိုလည်း ကာကွယ်နှိမ်နင်းနိုင်သည်။ တမာခေါက်တွင်ပါရှိသည့် သကြားဓာတ်ပေါင်း၊ အရွက်နှင့် အဆီများသည် ကင်ဆာအကျိတ်များကို လျော့နည်းစေပြီး ကြီးထွားမှုကို ရပ်တန့်စေ၏။ အစာအိမ်နှင့် အူတွင်ဖြစ်တတ်သည့် အနာများကို အမြန်ပျောက်ကင်းစေပြီး မဖြစ်ပွားရန်လည်း ကာကွယ်ပေးသည်။

🔸ကွမ်းရွက်🔸
ကွမ်းရွက်ဟာ ပူပွင့်၊ လေကြေ၊ သွေးသက်၊ အကာသဖြစ်စေပါတယ်။ ပူ၊ ခါး၊ စပ်၊ ဖန် အရသာရှိပြီး အအေးကို နိုင်ခြင်း၊ ရုပ်ပျော့ကို မာစေခြင်း၊ အကျိတ်အခဲကို ကြေစေခြင်း၊ အဖျားပျောက်စေခြင်း၊ အပွင့်အပေါက် အကာသရစေခြင်း၊ ခံတွင်းစင်ကြယ်စေခြင်း၊ သွေးလေလမ်းကို ဖွင့်ခြင်း၊ ချွေးထွက်စေခြင်း၊ လေသလိပ်ကို နိုင်ခြင်း၊ ဝမ်းဓာတ်ကို ပိတ်စေခြင်း၊ ညှော်ထွက်ခြင်း၊ ငန်းမန်းနိုင်ခြင်းဆိုတဲ့ သတ္တိတွေရှိပါတယ်။

🔸လေးညှင်း🔸
လေးညှင်းသည် ခံတွင်းရှင်း၍ ဝမ်းမီးကို တောက်စေသည်။ ဓာတ်မသက်ပါ။ လေကိုနိုင်သည်။ အထူးအားဖြင့် အာကာသရ၍ ချွေးထွက်စေပါသည်။ သွေးသားကို သန့်ရှင်းစေပြီး ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါသည်။ အကိုက်အခဲသက်သာစေခြင်း၊ ရောင်ရမ်းမှုလျော့ကျစေခြင်း၊ ပိုးသတ်အာနိသင်ရှိခြင်းစတဲ့ သတ္တိတွေရှိပါတယ်။

🔸ဇာပွင့်ဇာသီး🔸
ပူတဲ့သတ္တရှိပြီး ဝမ်းမီးတောက်စေ၍ အားတိုးစေပါသည်။ အဖုအကျိတ်တွေကို သက်သာစေပြီး အစာခြေစနစ်ကို ကောင်းမွန်စေသည်။ ရောင်ရမ်းမှုကို လျော့ပါးသက်သာစေ၍ အစာအိမ် အူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါသည်။ ဘတ်တီးရီးယားတွေကို ဟန့်တားစေနိုင်ပြီး သွေးလှည့်ပါတ်မှုကို ကောင်းမွန်စေတာကြောင့် အဆစ်နှင့် ကြွက်သားနာကျင်မှုအတွက် အသုံးပြုနိုင်ပါသည်။

🔸ပိတ်ချင်းသီး🔸
ပိတ်ချင်းသီးသည် ငရုတ်ကောင်းကဲ့သို့ အပူကိုလွန်စေ၍ လေသလိပ်ကိုနိုင်ပြီး အထူးပင် အာကာသကို ရစေသည်။ သွေးသားကို သန့်ရှင်းစေသည်။ ဝမ်းမီးကိုတောက်စေ၍ အစာကို ကြေလွယ်သည်။

🔸သစ်ကြံပိုး🔸
လူရဲ့ ကျန်းမာရေးနှင့် ခန္ဓာကိုယ်ဇီဝဖြစ်စဉ်တွေကို အထောက်အကူပြု ဓာတ်ပေါင်းများပါဝင်ပါသည်။ ဝမ်းမီးတောက်စေပြီး အစာကိုကြေစေနိုင်ပြီး ခန္ဓာကိုယ်ရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါသည်။
ခန္ဓာကိုယ်တွင်း ကိုလက်(စ်)ထရောဓာတ်ကို ထိန်းပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။ သွေးတွင်း သကြားဓာတ်ကိုလည်းထိန်းပေးပြီး ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားမှုနှုန်းကိုလည်း လျှော့ချနိုင်ပြီး အကျိတ်အခဲကို ကြေစေနိုင်ပါသည်။

🔸နံ့သာဖြူ🔸
နံ့သာဖြူသည် လေနိုင်သည်။ ပထဝီဖြစ် အာကာသရပြီး သွေးသားကို သန့်ရှင်းစေသည်။ ဂန္ဓပထဝီ အာကာသရစေ၍ အားတိုးပြီး သွေးသားကို သန့်ရှင်းစေသော ဆေးမယ်တစ်မျိုးဖြစ်သည်။ အဖျားအပူရှိန်လွန်ပါက သောက်နိုင် လိမ်းနိုင်သည်။

🔸ပျားရည်🔸
ပျားရည်တွင် အခြားသော ဆေးဝါးများအား အာနိသင်တိုးပွားစေခြင်း၊ ထိရောက်မှုပိုရှိစေခြင်း၊ တွဲဖက်စားသောက်သည့် ဆေးဝါးများ၏ အာနိသင်ကို ပိုလာစေခြင်းစသည့် အစွမ်းသတ္တိများရှိသည်။ ပျားရည်သည် အချိုဖြစ်သော်လည်း သတ်မှတ်ထားသည့် ပမာဏအတိုင်း ဆေးနှင့်ရောနှော စားသုံးပါက ဆီးချိုရောဂါသည်များ သို့မဟုတ် အဝလွန်သူများကိုပင် ဥပါဒ်မပေးနိုင်ပါ။ ပျားရည်နှင့် သစ်ကြံပိုးခေါက်မှုန့်ကို နေ့စဉ် စားသုံးပါက ကိုယ်ခံအားမြင့်မားပြီး ဘတ်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးမွှားများ၏ ရန်မှ ကာကွယ်နိုင်ပါသည်။ ပျားရည်ကို ပုံမှန်စားပါက သွေးထဲတွင် သွေးဖြူဥများအားကောင်းလာသဖြင့် ဘတ်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကို တိုက်ခိုက်နိုင်၏။

အ​​သေးစိတ်ကို ​အောက်​ဖော်ပြပါ link​ တွင်လည်းဝင်​ရောက် ကြည့်ရှု့နိုင်ပါသည်။👇🏻
https://www.facebook.com/284115698460268/posts/1207035522834943/

⏺source ​"ကောင်းထက်​ကျော် - သမြားနီငန်းမန်း​ဆေးကြီး" fb page

ဝူဟန် ဗိုင်းရပ်စ်အကြောင်း သိကောင်းစရာများVirus ပိုးမွှားအသစ်တစ်မျိုးကို ဒီဇင်ဘာ 2019 တရုတ်နိုင်ငံ Wuhan မြို့ မှာ တွေ့ရှ...
27/01/2020

ဝူဟန် ဗိုင်းရပ်စ်အကြောင်း သိကောင်းစရာများ

Virus ပိုးမွှားအသစ်တစ်မျိုးကို ဒီဇင်ဘာ 2019 တရုတ်နိုင်ငံ Wuhan မြို့ မှာ တွေ့ရှိခဲ့ပါတယ်။ ဒီ Virus ပိုးမွှားကူးစက်ခံရပြီး လူတွေအသေအပျောက်များလာတာကြောင့် လူများစိုးရိမ်ပူပန်နေကြပါတယ်။

ဘယ်ကနေစဖြစ်တာလဲ?
တရုတ်နိုင်ငံ Wuhan မြို့က ရေထွက်ပစ္စည်းတွေကနေ ဒီ Virus ပိုးမွှားရတယ်လို့ ကောက်ချက်ချထားပါတယ်။
ပင်လယ်စာတွေကို တင်ပို့ခံရတဲ့ အခြားနိုင်ငံများဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံတွေမှာပါ လူပေါင်းများစွာ ကူးစက်မှုခံနေရတယ်လို့ အာဏာပိုင်များက အတည်ပြုထားပါတယ်။

ရောဂါကူးစက်ခံရသူမှတဆင့် အခြားသူကို ကူးစက်နိုင်ပါသလား?
Virus ရှိတဲ့ပင်လယ်စာကိုစားမိရင် ရောဂါကူးစက်ခံရသလို၊ ထို ရောဂါကူးစက်ခံရသူမှတဆင့် အခြားသူကိုပါ ကူးစက်ခံရနိုင်ကြောင်းတွေ့ရှိထားပါတယ်။

ကုသရန်ဆေး (သို့) ကာကွယ်ဆေး ရှိလား?
Bacteria ပိုးမွှားမဟုတ်တာကြောင့် Antibiotics ပိုးသတ်ဆေးသောက်ရင် မပျောက်နိုင်ပါ။Antiviral drugs တွေတော့ စမ်းသပ်သုံးစွဲကြည့်နိုင်ပါတယ်။
Virus အသစ်ဖြစ်တာကြောင့် ကာကွယ်ဆေးမရှိသေးပါဘူး။ ❌

ဒီပိုးကိုအဓိကတိုက်ထုတ်ပေးနိုင်တာကတော့ ကိုယ်ခံအား ပဲ✅✅ ဖြစ်ပါတယ်။ သေဆုံးသူတွေဟာ ကိုယ်ခံအားနည်းသူများဖြစ်​ပြီး ရောဂါအခံတခုခု ဥပမာ- နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ စသည့်ရောဂါအခံများရှိနေသူတွေဖြစ်ကြပါတယ်။..................................................

ဝူဟန် ဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများ

Wuhan virus ဟာ Coronavirus family ဖြစ်ပြီး Coronavirus များဟာ ဖျားနာခြင်း၊ အဆုတ်ရောင်ရောဂါ၊ ပြင်းထန်အဆုတ်ယောင်ရောဂါ(ဆားစ်ရောဂါ) များဖြစ်စေပြီး အသက်အန္တရာယ်ထိခိုက်စေနိုင်ပါတယ်။

ယခုအချိန်ဟာ တရုတ်နှစ်သစ်ကူးအချိန်ဖြစ်တာမို့ တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်သူများအတွက် စိုးရိမ်စရာအခြေအနေ ဖြစ်နေပါတယ် ။

ဝူဟန်ဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများ မှာ
- ကိုယ်ပူခြင်း
- ချောင်းဆိုး နှာစေးခြင်း
- ချမ်းတုန်ခြင်း
- ခေါင်းကိုက်ခြင်း
- လည်ချောင်းနာခြင်း
- အသက်ရှုခက်ခြင်း တို့ဖြစ်ပါတယ်။

ဒါကြောင့်မို့ ခရီးသွားသူများအနေဖြင့် နေမကောင်းဖြစ်သူများကို အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ပါ။
မိမိသည်လည်း လက်မဆေးဘဲ မိမိမျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိမိခြင်းမှာရှောင်ပါ။ လက်ကို ဆပ်ပြာဖြင့်စင်ကြယ်စွာ ဆေးကြောပါ။

ကာကွယ်ဆေးလည်း မပေါ်ပေါက်သေးပါ။
မျက်နှာဖုံးစွပ်များသည်လည်း ရာနှုန်းပြည့်ကာကွယ်မှုမပေးနိုင်ပါ။ 😷

တရုတ်ပြည်မှ ခရီးသွားပြီး ပြန်လာသူများ အထက်ပါရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေး ဋ္ဌာနသို့ သတင်းပို့ပါ။

တရုတ်က တော့ ဝူဟန် ဗိုင်းရပ်စ်က လူလူ ချင်းကူးစက်ပါတယ်လို့ အတည်ပြုလိုက်ပါတယ်

ဖြစ်ကတည်းက အဲဒီပင်လယ်စာစျေးကို ပိတ်လိုက်ပေမဲ့ အခုဆို ကူးတာ လူ၂၀၀ကျော်သွားပြီ သေတာ ဒီနေ့အထိ ၃ယောက် ဆိုတော့ epidemiology အရ လူလူချင်းကူးတယ်လို့ပဲယူဆလိုက်ပုံရတယ်

IHR လို့ ခေါ်တဲ့ international health regulation ပရိုတိုကောလ်က အသက်ဝင်ပြီး တရုတ် ထိုင်း နဲ့ ဂျပန်က အထူးစောင့်ကြည်နေတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WPRO ဒါရိုက်တာ ဒေါက်တာ တာကဲရှီ ကပြောသွားပါတယ်

ဝူဟန်က သိုင်းသမားက ထိုင်းကိုလည်းထိုးဖောက်ဝင်ရောက်ပြီး ဂျပန်နောက်ပေါက် နဲ့ကပ်နေတဲ့ ရှန်ဟိုင်းအထိကို ရောက်နေပြီ

တရုတ်နှစ်ကူး နီးတော့ မြန်မာ့ ထိုင်း တရုတ် နယ်စပ် တွေလည်း သေချာ စောင့်ကြည့်ဖို့တော့ လိုလာပါပြီ

ကိုယ်တွေ လုပ်နိုင်တာကတော့ လက်သေချာဆေးပါ🙌 ကိုယ်ခံအားကောင်းအောင်နေပါ💪

လွတ်လပ်စွာရှယ်နိုင်ပါသည်


Healthcare Myanmar

Address

No. (1609), War Oo Road, Phawt Kan Ward
Insein

Opening Hours

Monday 06:00 - 22:00
Tuesday 06:00 - 22:00
Wednesday 06:00 - 22:00
Thursday 06:00 - 22:00
Friday 06:00 - 22:00
Saturday 06:00 - 22:00
Sunday 06:00 - 22:00

Telephone

095077978

Website

Alerts

Be the first to know and let us send you an email when Aung Thu Kha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share